← Chapters

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း ၁၄၆၄

Vol. 98 Ch. 1464

အခန်း (၁၄၆၄) ကမ္ဘာကိုတုန်လှုပ်စေသောလျှို့ဝှက်ချက်။

ဟေးယွမ်သည် ပြောစရာစကား မဲ့သွားရသည်။ ချင်ယွင်က သူ့ကို ယခုလိုအဖြေမျိုး ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

ဒီရှေးခေတ် ကြေးအိုးကြီးထဲမှာရှိနေတဲ့အရာက ဘာလဲ။ ဘိုးဘေးနတ်ဘုရားတောင်မှ ဘာမှ လုပ်လို့မရတဲ့ သားရဲတစ်ကောင် ဖြစ်သည်။

ဟုတ်ပါသည်။ သူကိုယ်တိုင်လည်း မလိုချင်ပါဘူး။ အကယ်၍, ထိုနတ်ဆိုးသားရဲသည် တစ်နေ့မှာ ရှေးခေတ် ကြေးအိုးကြီးထဲမှ ဖောက်ထွက်လာပါက, သူ မည်သို့မည်ပုံ သေသွားမှန်းတောင် မသိနိုင်လောက်ပေ။

ချင်ယွင်သည် ထိုရှေးခေတ် ကြေးအိုးကြီးကို အဘယ်ကြောင့် သိမ်းဆည်းထားရသည်ကို အမှန်ပင် သူ မသိနိုင်ပေ။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်ဘူး လား? ဘိုးဘေးနတ်ဘုရားတောင်မှ မထိန်းချုပ်နိုင်သည့် ထိုနတ်ဆိုးသားရဲကို သူက ထိန်းချုပ်ချင်သေးတာလား။

ဘိုင်ဟန်နှင့် ဝေဖန်းတို့လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင်က အဘယ့်ကြောင့် ယခုလိုလုပ်ရသည်ကို သူတို့ မသိနိုင်ကြောင့်သော သူတို့လည်း ဆက်မမေးတော့ပါဘူး။

ချင်ယွင်သည် လုပ်ကြံသတ်ဖြတ်သူသုံးဦးကို ကြည့်လိုက်စဉ်, သူတို့ နောက်ထပ် မမေးတော့သည်ကို မြင်သောအခါ, သူ့မျက်နှာပေါ်တွင် ပေါ့ပါးသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဤရှေးခေတ် ကြေးအိုးကြီးကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းရခြင်း၏ အကြောင်းရင်း မှာ သူသည် နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ကို သဘာဝအတိုင်း ဖုံးကွယ်ထားလို၍ ဖြစ်သည်။

အကယ်၍, သူသည် နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ် တစ်ကိုတည်းကို သိမ်းဆည်လိုက်မည် ဆိုပါက၊ ၎င်းလုပ်ရပ်သည် လုပ်ကြံသတ်ဖြတ်သူသုံးဦး၏ သံသယများကို နှိုးဆွပေးနိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်, သူ ရှင်းပြချင်လျှင်ပင် ရှင်းပြရတာ ခက်ခဲလိမ့်မည်။

ယခုအချိန်တွင် လူတိုင်း၏အာရုံစူးစိုက်မှုသည် ရှေးခေတ်ကြေးအိုးကြီးပေါ်တွင် ရှိနေခဲ့ သည်။ ချင်ယွင်သည် ရှေးခေတ်ကြေးအိုးကြီးနှင့် နတ်ဘုရားဘုရင်ရုပ်ခန္ဓာကိုယ်ကို အတူတကွ သိမ်းဆည်းခဲ့သည်။ ထိုလူများသည် ရှေးခေတ် ကြေးအိုးကြီးကိုသာ အာရုံ စိုက်ကြလိမ့်မည်။ သူတို့သည် ချင်ယွင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို မြင်တွေ့နိုင်ရန် အလွန်ခက်ခဲပါသည်။

ဒုတိယချက်အနေဖြင့် ချင်ယွင်သည် ရှေးခေတ်ကြေးအိုးကြီးကို သိမ်းဆည်းရသည့် အကြောင်းရင်းမှာ, သူကိုယ်တိုင်လည်း ရှေးခေတ်ကြေးအိုးကြီးထဲက သားရဲအကြောင်းကို သိချင်နေမိသည်။ ရှေးခေတ်ကြေးအိုးကြီးထဲမှ ဘိုးဘေးနတ်ဘုရားပင် ဘာမှမလုပ်နိုင်ဘဲ စည်းတံဆိပ်ခတ်ထားရသည့် ထိုသားရဲအမျိုးအစားကို သူ တွေ့မြင်ချင်မိသည်။

"ခင်ပွန်း၊ ရှင် ဒီရှေးခေတ် ကြေးအိုးကြီးကို ဘာအတွက် လိုချင်နေတာလဲ။" မျှော်လင့်ထား သည့်အတိုင်းပင်၊ လုပ်ကြံသတ်ဖြတ်သူသုံးဦးသည် မေးခွန်းများ ဆက်မထုတ်ကြသော် လည်း ကျိုးလင်သည် သူ့အား မေးမြန်းရန် အသံထုတ်လွှင့်ကာ ပေးပို့လာခဲ့သည်။

ချင်ယွင်အတွက် သူမ စိုးရိမ်နေသည်မှာ ထင်ရှားသည်။ ထိုနတ်ဆိုးသားရဲသည် စည်းတံဆိပ်ကို ချိုးဖြတ်၍ ချင်ယွင်ကို အန္တရာယ်ပြုမည်ကို သူမ စိုးရိမ်နေခဲ့သည်။

"ငါတို့ ထွက်သွားပြီးရင်, ငါ မင်းကို ရှင်းပြမယ်။ မင်းခင်ပွန်းကို ယုံကြည်စမ်းပါ။ ဒီနတ်ဆိုးသားရဲက စည်းတံဆိပ်ကို ချိုးဖြတ်နိုင်ရင်တောင် သူ မင်းခင်ပွန်းကို ဒုက္ခပေးနိုင် မှာ မဟုတ်ပါဘူး။" ချင်ယွင်က သူမကို အသံထုတ်လွှင့်မှုမှတစ်ဆင့် နှစ်သိမ့်ပေးလိုက် သည်။

"ကောင်းပြီ!" ကျိုးလင်က အသံထုတ်လွှင့်မှုမှတစ်ဆင့် ပြန်ကြားခဲ့သည်။

သူမသည် ချင်ယွင်၏စကားကို သဘာဝအတိုင်း ယုံကြည်ခဲ့ပါသည်။ ချင်ယွင်က မည်သည့် ပြဿနာမှ မရှိဟု ပြောဆိုလာသည့်အတွက် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဆက်မမေးတော့ပါဘူး။

"ကောင်စုတ်လေး၊ မင်းရဲ့ ကနဦးစကြာဝဠာက ဒီနတ်ဆိုးသားရဲကို ပိတ်လှောင်ထားနိုင် မယ်လို့ မင်း တကယ်ထင်နေတာလား။ မင်း အဲဒီအကောင်ကို လွှတ်မပေးဖို့ ငါ အကြံပေးလိုက်မယ်။ မဟုတ်ရင် မင်းရဲ့ကနဦးစကြာဝဠာ ပျက်ဆီးသွားလိမ့်မယ်။ မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။" လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

သေချာသည်မှာ, သူသည် ချင်ယွင်၏ အတွေးများကို နားလည်သည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် ချင်ယွင်ကို သတိပေးခြင်း ဖြစ်သည်။

ချင်ယွင်သည် ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။ သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြု၍ ရှေးခေတ် ကြေးအိုးကြီးပေါ်ရှိ စည်းတံဆိပ်တုံးကို ချိုးဖျက်လိုခဲ့ သည်။ ယခုတော့ သူသည် ဤအရာကို လုပ်နိုင်တော့မည့်ပုံမပေါ်ပေ။ ထိုနတ်ဆိုးသားရဲ သည် သူထင်ထားတာထက် အများကြီး ပိုအစွမ်းထက်နေသည်။

"ဒီကောင်က ဒီလောက်တောင် ကြောက်စရာကောင်းလား။ ငါ့ရဲ့ ကနဦးစကြာဝဠာက တောင်မှ အဲဒါကို ချည်နှောင်လို့ မရဘူးလား" ချင်ယွင်က အတွေးတစ်ချက်ရပြီး မေးလိုက် သည်။

လျှိုဘိုသည် မေးခွန်းများကို ငြီးငွေ့လာပုံရသည်။ သူက တိုက်ရိုက် ပြောလိုက်တော့သည် "ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်။ ဒီနတ်ဆိုးသားရဲက မင်းတိုရဲ့ စကြဝဠာထဲက မဟုတ်ဘူး။ မင်းတိုစကြာဝဠာရဲံ အပြင်ဘက်ကနေ လာတာ။ ဒါကြောင့် သူ့ကိုမထိဖို့ ငါက မင်းကို အကြံပေးခဲ့တာ။ သူက ယခုမှ နို့စို့အရွယ်သာသာ ရှိသေးတယ်။ တကယ်လို့, သူသာ အရွယ်ရောက်လာခဲ့ရင်, လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကို မဆိုထားနဲ့၊ မင်းတို့ရဲ့ စကြာဝဠာကြီးတစ်ခုလုံးတောင် သူ့ကြောင့် ပျက်စီးသွားနိုင်တယ်။ ကောင်းပြီ၊ ငါ မင်းကို ပြောစရာရှိတာ အကုန်ပြောပြီးပြီ။ ကျန်တာကိုတော့ မင်းကိုယ်တိုင် စဉ်းစားနိုင်ပါ တယ်။ မူလက ဒီအကြောင်းကို ငါမပြောပြချင်ပေမယ့် မင်းကို နည်းနည်းပါးပါး ပြောပြသင့်တယ်ထင်လို့"။

ထိုအချိန်တွင်, ချင်ယွင်သည် လျှိုဘို၏စကားပါ အကြောင်းအရာတွေကြောင့် ထိတ်လန့် ပြီး မှင်သက်သွားခဲ့ရသည်။

ဤနတ်ဆိုးသားရဲသည် ဤစကြဝဠာ၏ ပြင်ပက ရောက်လာတာလား။ ထို့အပြင်, သူက အခုမှ နို့စို့အရွယ်ပဲ ရှိသေးသည်။ အရွယ်ရောက်လာသည့်အခါ စကြဝဠာတစ်ခုလုံးကို တောင် ဖျက်ဆီးပစ်နိုင်တာလား။

ချင်ယွင်သည် လျှိုဘို၏ စကားလုံးတွေကို သူ့စိတ်ထဲမှာ ပြန်လည်အမှတ်ရနေသည်။

ဖြစ်နိုင်တာက, ဒီစကြဝဠာရဲ့ အပြင်ဘက်မှာ ပိုပြီးကျယ်ပြောလှတဲ့ ကမ္ဘာတစ်ခု ရှိနေသလား?။

ချင်ယွင်သည် သူ့စိတ်ထဲမှာ မတွေးဘဲမနေနိုင်ခဲ့ပေ။ သူပို၍ တွေးတောလေ, ထိတ်လန့်မူကို ပိုခံစားရလေဖြစ်သည်။

"ဟေး လျှိုဘို၊ ဒီစကြဝဠာကြီးရဲ့ အပြင်ဘက်မှာ ဘယ်လိုကမ္ဘာမျိုး ရှိနေလဲ" ချင်ယွင်က ဆက်မမေးဘဲ မနေနိုင်တော့ပေ။

“အခု ဘာမှ မေးနေစရာမလိုဘူး။ မင်းရဲ့ကနဦးစကြဝဠာနယ်ပယ် လုံလောက်တဲ့အခါ ငါ အရာအားလုံးကို သဘာဝအတိုင်း ပြောပြပေးမယ်။ မင်း အခုလုပ်ရမယ့် အရေးကြီးဆုံး အရာက မင်းရဲ့ကနဦးစကြဝဠာကျင့်ကြံမူကို တိုးတက်လာအောင် လုပ်ဖို့ပဲ။" လျှိုဘို၏ အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

လျှိုဘို၏စကားကိုကြားတော့ ချင်ယွင်သည် နောင်တရသွားသည့် အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

လျှိုဘိုက ဘာမှပြန်မပြောချင်တော့ဘူးဆိုသည်ကို သူ သိပါသည်။ သူ မည်မျှပင် မေးမြန်းနေပါစေ လျှိုဘိုသည် မည်သည့်အရာကိုမှ ပြန်မပြောတော့သည့်အတွက် သူ့စိတ်ထဲမှ သံသယတွေကို ထိန်းချုပ်ထားရုံသာ တတ်နိုင်ခဲ့ပါသည်။

“ကနဦးစကြဝဠာ ကြီးထွားခြင်းနဲ့ စပ်လျဉ်းပြီးတော့, အရင်ဆုံး ငါ့ကိုယ်ပိုင် ခွန်အားကို တိုးတက်အောင် အရင်ကြိုးစားရမယ်။ ကနဦးစကြဝဠာ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကိုတော့, အရင်ဆုံး ငါ့မိဘတွေကို ရှာတွေ့ပြီးတာနဲ့ ငါ အစွမ်းကုန် ကြိုးစားမယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးတောလိုက်သည်။

သူသည် ယခုစကြာဝဠာကြီးတွင် နေထိုင်နေရသည့်အတွက် သူ့ကိုယ်ပိုင် ခွန်အားကို လိုအပ်နေပါသည်။ ကနဦးစကြဝဠာ၏ အရင်းမြစ်စွမ်းအားသည်လည်း ကောင်းကင်ဘုံ တန်ခိုး၏ စွမ်းအားပင် ဖြစ်သောကြောင့် ၎င်းတန်ခိုးစွမ်းအားကို သူစိတ်ထဲတွင် အလိုရှိ သလို အသုံးချ၍ မရနိုင်ပေ။ ထို့ကြောင့်၊ သူသည် သူ့ကိုယ်ပိုင်ခွန်အားကို အဆက်မပြတ် မြှင့်တင်နေရုံသာတတ်နိုင်ပါသည်။

ကနဦးစကြဝဠာ ကျင့်ကြံမူကိုတော့ ဖြည်းညှင်းစွာသာ ကျင့်ကြံနိုင်ပါသည်။ သေချာသည် မှာ, ကနဦးစကြာဝဠာသည် သူ့အလိုလို အဆက်မပြတ် တိုးတက်နေသော်လည်း၊ ဤလုပ်ငန်းစဉ်သည် အလွန်မင်း ရှည်လျားလွန်းလှသည်။

"ချင်ယွင်၊ မင်းရဲ့ နတ်ဘုရားမွေးတိရစ္ဆာန်နှစ်ကောင်ကို မင်းနဲ့အတူ ခုနစ်ခုမြောက် ကောင်းကင်ဘုံနန်းတော်ဆီ ခေါ်ဆောင်ခဲ့ပါ။" လျှိုဘို၏စကားကြောင့် ချင်ယွင်သည် အံ့သြသွားနေစဉ်မှာ ဟေးယွမ်၏အသံက အဝေးက ထွက်ပေါ်လာသည်။

ချင်ယွင်သည် မော့ကြည့်လိုက်တော့ လုပ်ကြံသတ်ဖြတ်သူ သုံးယောက်က သူ့ကို အေးစက်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရပါသည်။

"ဘာလို့ မင်း စကားကို ငါ နားထောင်ရမှာလဲ" ချင်ယွင်က ရယ်ပြီး မေးလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူ သုံးဦးသည် သူ့ကို သူတို့နှင့်အတူ သတ္တမမြောက် ကောင်းကင်ဘုံ နန်းတော်သို့ လိုက်ပါခိုင်းပြီး၊ လိပ်နက်နတ်သားရဲနှင့် ခွေးဝါကြီးတို့ကိုပါ တပါတည်း ခေါ်ဆောင်ခိုင်းရခြင်း၏ အကြောင်းအရင်းမှာ ထုံးစံအတိုင်း သူတို့သည် ခွေးဝါကြီးနှင့် လိပ်နက်တို့ကို လမ်းပြပေးစေလို၍ဖြစ်ကြောင်း ထင်ရှားပါသည်။

"မင်း နားမထောင်ဖို့ ရွေးချယ်နိုင်တယ်။ ဒါပေမယ့် ဒီနေ့ မင်းမိန်းမနဲ့ သူတို့ သုံးယောက်ကို ဒီမှာ သေစေချင်ရင်ပေါ့။ မင်း ငါတို့ သုံးယောက်ကို မင်းတစ်ယောက်တည်း တားနိုင်မယ် ထင်လား။" ဟေးယွမ်က သရော်သံဖြင့် ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူ့ဘဝမှာ အမုန်းဆုံးအရာက တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်မှု သို့မဟုတ် သူ့မိသားစုဖြင့် သူ့ကို ခြိမ်းခြောက်ခြင်း ဖြစ်သည်။

သို့သော်လည်း ဟေးယွမ်ပြောသည်မှာ မှန်ပါသည်။ သူသည် သူတို့သုံးယောက်ကို သူတစ်ယောက်တည်းဖြင့် မတားဆီးနိုင်ပါဘူး။

ထို့အပြင်၊ အကယ်၍, သူတို့ထဲမှ တစ်ဦးတစ်ယောက် အသတ်ခံပါက, ရလာဒ်က သူ့အတွက် သည်းမခံနိုင်စရာ ဖြစ်လာနိုင်သည်။ ထို့ကြောင့်, သူသည် လောင်းကြေးထပ်ဝံ့ ခြင်း မရှိခဲ့ပေ။

"ကောင်းပြီလေ၊ မင်းတိုနဲ့အတူ လိုက်ပါဖို့ ငါ ကတိပေးနိုင်တယ်။ ဒါပေမယ့် မင်းတို့ ငါ့ကို အခြေအနေတစ်ခုကို ကတိပေးရမယ်။" ချင်ယွင်က ပြောသည်။

"မင်းမှာ ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး" ဟေးယွမ်က ချက်ချင်း ငြင်းလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ရုတ်တရက် လောင်ကျွမ်းသွားသည်။

ဘိုင်ဟန်သည် ထိုမြင်ကွင်းကို မြင်လျှင် သူက ပြုံးပြီး ပြောသည် "ကောင်းပြီ၊ အဲဒီအခြေအနေကို ငါ့ကို ပြောပြပါဦး။ အရမ်းအလွန်ကြီးမဟုတ်ရင် ငါတို့က သဘောတူလို့ ရပါတယ်။"

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ၏သတ်ဖြတ်လိုစိတ်ကို အနည်းငယ် ထိန်းထားပြီး ဟေးယွမ်နှင့် အခြားလူများကို ကြည့်ရင်း ပြောလိုက်သည် "ငါ့ကို ပြောပြ စေချင်တယ။ ငါ့ကိုသတ်ဖို့ ဘယ်သူက စေခိုင်းတာလဲ"

ဤလုပ်ကြံသတ်ဖြတ်သူသည် အကြောင်းပြချက်မရှိဘဲ သူ့ထံသို့ မရောက်နိုင်ကြောင်း ချင်ယွင် သိသည်။ သူတို့သည် မစ်ရှင်ပြီးမြောက်ရန်အတွက် ဤနေရာ၌ ပေါ်ထွက်လာခြင်း ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့၏ မစ်ရှင်ပစ်မှတ်မှာ သူဖြစ်ကြောင်း သိသာထင်ရှားသည်။

ချင်ယွင်သည် သူ့အား သတ်ဖြတ်ရန်အမိန့်ကို မည်သူထုတ်ပြန်သည်ကို အကြမ်းဖျင်း ခန့်မှန်းထားသော်လည်း ၎င်းကို အတည်ပြုချင်သေးသည်။

"ဟမ်၊ လုပ်ကြံသတ်ဖြတ်သူတွေအနေနဲ့ ငါတို့က မင်းနောက်ကိုလိုက်ဖို့ အမိန့်ထုတ်သူရဲ့ ကိုယ်ရေးအချက်လက်ကို ဘယ်လိုလုပ် ဖော်ထုတ်နိုင်မှာလဲ" ဟေးယွမ်က အေးစက်စွာ ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အေးစက်သော အပြုံးတစ်ခုက သူ့ပါးစပ်ထောင့် တွင် ချက်ချင်း ပေါ်လာသည်။ ထို့နောက် သူ့လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာသည်။

ဘိုင်ဟန်သည် ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်တော့ သူက ချက်ချင်း ပြုံးပြီး ပြောသည် "မင်းကို ဘယ်သူသတ်ချင်လဲဆိုတာ ငါ ပြောပြနိုင်ပါတယ်”။

All Chapters