အခန်း ၁၄၆၅
Vol. 98 Ch. 1465
အခန်း (၁၄၆၅) ပြန်လည်ဝင်စားခြင်းသစ်ပင်။
"ငါ့ကိုယ်ငါ အရင်ဆုံး မိတ်ဆက်ပေးမယ်။ ငါ့နာမည်က ဘိုင်ဟန်ပါ။ ငါက ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ အလင်းလေခန်းမကပါ။ ငါက အလင်းလေခန်းမ ရဲ့ ကြယ်ပွင့်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးပဲ။ မင်းကိုလိုက်ရှာဖို့ ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ မင်းက ကြယ်အလင်းနတ်ဘုရားမြို့တော်မှာ ကောင်းကင် နတ်ဘုရားရှစ်ပါးထဲက ကောင်းကင်နတ်ဘုရားနှစ်ပါးရဲ့သားတွေကို သတ်ဖြတ်ခဲ့တဲ့ အတွက်ကြောင့်ပဲ။ အဲဒီကောင်းကင်နတ်ဘုရားတွေက မင်းကို အကြီးအကျယ် ဒေါသထွက်ခဲ့တယ်။ ဒါကြောင့် သူတို့က ငါတို့ရဲ့ အလင်းလေခန်းမကနေ မင်းရဲ့ခေါင်းကို ရယူဖို့အတွက် ငွေကြေးအများကြီး အကုန်ခံခဲ့တယ်။" ဘိုင်ဟန်က ချင်ယွင်ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
ချင်ယွင်သည် ဘိုင်ဟန်၏စကားကို သံသယမဝင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်နောက်မှ ကောင်းကင်နတ်ဘုရား ရှစ်ပါးထဲက နှစ်ပါးသည် သူနှင့်ရန်ငြိုးဖွဲ့ထားသည်မှာ အမှန်ပင်။ ထို့ကြောင့် ၎င်းတို့သာ ဖြစ်နိုင်ပါသည်။
"သူတို့ကရော?" ချင်ယွင်က ဆက်မေးသည်။
ချင်ယွင်၏မေးခွန်းကို ကြားသောအခါ ဘိုင်ဟန်က ပြုံးလိုက်သည်။ သူက ဝေဖန်းကို လက်ညှိုးထိုးပြပြီး ပြောသည် "သူ့နာမည်က ဝေဖန်း။ သူက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းဖြစ်တဲ့ သွေးမိုးလေဟုန်အဖွဲ့ရဲ့ ကြယ်ပွင့်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးပဲ။ သူ့ဖောက်သည်ကတော့ ကောင်းကင်ဘုံ ထွဋ်မြို့တော်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ တင်းဟွန်ချန်ပဲ။ မင်းက သူ့သားနှစ်ယောက်ကို သတ်ပစ်ခဲ့တော့, သူက အိပ်မက်ထဲမှာတောင် မင်းကို သတ်ပစ်ချင်နေတာ။ ဒါ့အပြင်, မင်း ဒီကို ရောက်လာလိမ့်မယ်ဆိုတဲ့သတင်းကိုလည်း သူ့ဆီကနေ ရလာခဲ့တာ။"
ချင်ယွင်က မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။
တင်းဟွန်ချန်သည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင်ဖြစ်သည်ဟု ကျိုးလင် ပြောဖူးသည့်အတွက် ချင်ယွင်က ကြားဖူးသည်။
ချင်ယွင်သည် တင်းဟွန်ချန်၏ သားများဖြစ်ကြသော တင်းချန်နှင့် တင်းထန်တို့ကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် တင်းဟွန်ချန်က သူ့သားတွေအတွက် သူ့ကို လက်စားချေ ချင်သည်ကို သူ မအံ့သြမိပါဘူး။
ဘိုင်ဟန်အတည်ပြုပေးခဲ့သည် တင်းဟွန်ချန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့လျှင်ပင် ချင်ယွင်က ဂရုမစိုက်ပါဘူး။ သူ၏ လက်ရှိအင်အားသည် သာမန် အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်နေပြီဖြစ်သည်။ ထို့ကြောင့်, သူသည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင်ကိုပင် သူ့မျက်လုံးထဲ ထည့်မထားတော့ပေ။
"ဒါဆို သူက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ အကြွင်းမဲ့သတ်ဖြတ်ခြင်း အဖွဲ့အစည်းကလား?" ချင်ယွင်က ဟေးယွမ်ကို လက်ညှိုးထိုးပြပြီး မေးသည်။
"ဟုတ်တယ်၊ သူက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ အကြွင်းမဲ့ သတ်ဖြတ်ခြင်း ခန်းမကပဲ။ သူလည်း ကြယ်ပွင့်အဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးပဲ။ သူ့ရဲ့ တာဝန်က ကောင်းကင်ဘုံမြို့တော်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ ရှောင်ဟန်ရှန်အတွက် အဆင်ပြေအောင် လုပ်ပေးဖို့ပေါ့။ ရှောင်ဟန်ရှန်လည်း မင်း ဒီနေရာကို သွားနေတယ်ဆို တာ သတင်းရထားတယ်လေ။" ဘိုင်ဟန် ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်သည် သူ့စိတ်ထဲမှာ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဤဘိုင်ဟန်က သူ့ကို မလိမ်ခဲ့ပါဘူး။
သေဆုံးသွားသော မြို့တော်သခင် (လင်းထန်ဘ)နှင့် ထွက်ပြေးသွားသော အရှေ့ပိုင်းမြစ် ဘိုးဘေးမှလွဲ၍, ၎င်းတို့အားလုံးသည် နတ်ဘုရားကမ္ဘာအတွင်းရှိ သူ၏ရန်သူအားလုံးနီးပါး ဖြစ်သည်။ ထိုအထဲမှာ ရှောင်ဟန်ရှန်နှင့် တင်းဟွန်ချန်တို့သည် သူတို့သားသမီးတွေ ဆုံးရှုံးခဲ့ရပြီး သူ့ကို အမြန်သတ်ပစ်ချင်ကြသည်။ ထို့ကြောင့် ဘိုင်ဟန်ပြောသည့် စကားများ သည် မှန်သည်ဟု သူ ယုံကြည်သည်။
သို့သော် နတ်ဘုရားနန်းတော်ကြီးသုံးခုရှိ လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့များအား သူ့ကို တစ်ချိန်တည်း တိုက်ခိုက်ရန် အမိန့်ပေးထားပုံကို စဉ်းစားကြည့်သောအခါတွင် သူသည် ဂုဏ်ယူရမည်လာလား ဝမ်းနည်းရမည်လား မသိတော့ပေ။ နတ်ဘုရားကမ္ဘာတွင် ဤကဲ့သို့ အဖြစ်ပျက်မျိုးကို လူအနည်းငယ်လောက်သာ လုပ်ဆောင်နိုင်လိမ့်မည်။
ချင်ယွင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အချိန်ဖြုန်းမနေတော့ပေ။ ယင်းအစား သူက ဘိုင်ဟန်ကို ကြည့်ပြီး ပြောသည် "ငါ အရမ်းကို သိချင်နေမိတယ်။ မင်းတို့ လုပ်ကြံ သတ်ဖြတ်ခြင်းခန်းမတွေက ကိုယ့်ဖောက်သည်ရဲ့ အချက်အလက်ကို သစ္စာမဖောက်ရဘူး လို့ ပြောနေကြတယ် မဟုတ်ဘူးလား။ ဒါကို မင်းဘာလို့ ပြောဖို့ သဘောတူခဲ့တာလဲ"
ဘိုင်ဟန်က ပြုံးပြီး မရှင်းပြပါဘူး။ သူ့ဘေးမှာ ရပ်နေသော ဟေးယွမ်က လှောင်ပြောင်ပြီး ပြောသည် "ဒီကိစ္စကို သေရမယ့်လူတစ်ယောက်က သိသွားတော့ရော ဘာဖြစ်လဲ"
ထိုစကားကိုကြားတော့ ချင်ယွင်သည် လုပ်ကြံသတ်ဖြတ်သုံးယောက်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
သူတို့သုံးယောက်သည် ချင်ယွင်ကို သေလူဟူ၍ ယုံကြည်သောကြောင့် ဤအရာအားလုံး ကို ပြောပြခဲ့ခြင်း ဖြစ်သည်။
"မင်းတို့ကောင်တွေ ငါ့ကို စားနိုင်ပြီလို့ တကယ်ထင်နေခဲ့တာပဲ။ မင်းတို့နဲ့ ရင်ဆိုင်တွေ့တဲ့ အခါ, မင်းတို့ ငါ့ကို သတ်ပစ်နိုင်မလားဆိုတာ ငါ မြင်ချင်မိတယ်" ချင်ယွင်သည် သူ့စိတ်ထဲ မှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့်အတူ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"သွားကြစို့။ မေးခွန်းတွေလည်း ဖြေပြီးသွားပြီ။ သတ္တမမြောက် ကောင်းကင်ဘုံနန်းတော်ဆီ သွားရမယ့်အချိန်ပဲ။" ဘိုင်ဟန်က ချင်ယွင်ကို အပြုံးလေးနှင့် ပြောလိုက်သော်လည်း, ထိုအပြုံးက လူတွေကို အမြဲထာဝရ အုံ့မှိုင်းသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ချင်ယွင်သည် မငြင်းပယ်ခဲ့ပေ။ ယင်းအစား သူသည် ဘိုင်ဟန်နှင့် အခြားသူများနောက်သို့ လိုက်ပါသွားခဲ့သည်။
"ကောင်စုတ်လေး၊ နတ်ဘုရားဘုရင်ဆေးလုံးကို ထုတ်ယူပြီး နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို ပေးလိုက်ပါ။" လျှိုဘို၏ အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မင်း နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်နဲ့ ဘာအတွက် လိုချင်တာလဲ။ ဖြစ်နိုင်တာက မင်းက အဲဒါကို ကြယ်ကျွန်အဖြစ် သန့်စင်မလို့လား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"မှန်တယ်။ နတ်ဘုရင်ရုပ်ခန္ဓာကိုယ်ရဲ့ မူလအရင်းမမြစ်က မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က အလွန်အစွမ်းထက်တယ်။ ကြယ်ကျွန်အဖြစ် သန့်စင်ဖို့ ကောင်းတဲ့ ပစ္စည်း တစ်ခုပဲ။ ဒါကို အနိမ့်ဆုံဂ ကြယ်လေးပွင့် ကြယ်ကျွန်အဖြစ် သန့်စင်ပေးနိုင်တယ်။ ကံကောင်းရင် ကြယ်ငါးပွင့်ကျွန်အဖြစ်တောင် သန့်စင်ပေးနိုင်တယ်။" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ကြယ်ငါးပွင့်ကျွန်လား။ အဲဒါက အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်နဲ့ ညီမျှတယ် မဟုတ်လား?" ချင်ယွင် အံ့သြသွားသည်။
ယခုအခါ, သူ့ခွန်အားတွေ တိုးမြင့်လာခဲ့ပြီး၊ ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် ကြယ်ကျွန်များ သည် မည်သည့်အခန်းကဏ္ဍမှ မပါနိုင်တော့ပါဘူး။ ကြယ်လေးပွင့် ကြယ်ကျွန်ပင် သိပ်အသုံးမဝင်တော့ပေ။ သို့သော်, ကြယ်ငါးပွင့်ကြယ်ကျွန်ကို အောင်အောင်မြင်မြင် လေ့ကျင့်ထားမယ်ဆိုရင် ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အတော်လေး တိုးမြင့်လာမည်မှာ သေချာပါသည်။
"ကောင်းပြီ ငါ မင်းကို ချက်ချင်းပေးမယ်။" ချင်ယွင်သည် စကားပြီးသောအခါတွင်၊ သူသည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ထဲမှ နတ်ဘုရားဘုရင်ဆေးလုံးကို ထုတ်ယူရန် ကနဦး စကြဝဠာ၏ အလိုဆန္ဒကို အသုံးပြုခဲ့သည်။ ထို့အပြင် သူသည် နတ်ဘုရားဘုရင် ရုပ်ခန္ဓာကိုယ်ကို လျှိုဘိုအား ပေးအပ်ခဲ့သည်။
ဤအရာအားလုံးသည် ကနဦးစကြဝဠာထဲတွင် ဖြစ်ပျက်ခဲ့သောကြောင့် ချင်ယွင်၏ လှုပ်ရှားမှုများကို အပြင်တွင် မည်သူမျှ သတိမပြုမိကြပေ။
ထို့နောက် ချင်ယွင်နှင့် သူ့အဖွဲ့သည် လုပ်ကြံသတ်ဖြတ်သူ သုံးဦးနောက်မှ ကောင်းကင်ဘုံ နန်းတော်၏ ခုနစ်ထပ်မြောက်သို့ လိုက်ပါသွားခဲ့သည်။ နတ်ဘုရားဘုရင်ဆေးလုံးနှင့် ပတ်သက်၍မူ သောက်သုံးရန် အချိန် မရောက်ရှိသေးပါ။ ၎င်းကို သန့်စင်ပြီးသည်နှင့် တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေမည်မှာ သေချာပါသည်။ ထို့အပြင်၊ သူ၏ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။ ထို့ကြောင့် ထိုဆေးကို မသောက်သုံးမီ ကောင်းကင်ကပ်ဘေးဒုက္ခကြီး ပြီးဆုံးသည့်တိုင်အောင် စောင့်ခြင်းဆိုင်းက အကောင်းဆုံး ဖြစ်သည်။
…
ဤကျွန်း၏ အဆင့်တိုင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ အထပ်တိုင်းတွင် မည်သည့် စမ်းသပ်မှုမျိုး ရှိနေလဲဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်ကြပါဘူး။ ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူ သုံးဦးပင်လျှင် လက်လွတ်စပယ် မပြုဝံ့ကြပေ။
သေချာသည်မှာ၊ ကောင်းကင်ဘုံနန်းတော်၏ အဆင့်တိုင်းသည် အလွန်အန္တရာယ်များသော် လည်း အခွင့်အလမ်းကောင်းများလည်း အတူပါလာခဲ့ပါသည်။ ချင်ယွင်နှင့် အခြားသူများ သည် ဤလမ်းတစ်လျှောက်တွင် များစွာမရရှိခဲ့သည်မှာ သေချာပါသည်။
အထပ်တိုင်းရှိ ကြွယ်ဝမူများသည် ပြင်ပကမ္ဘာတွင် နတ်ဘုရားကမ္ဘာရှိ တည်ရှိမှုတိုင်းကို ထိတ်လန့်သွားစေလောက်ပါသည်။ ထို့ကြောင့် လူပေါင်းများစွာသည် လျှို့ဝှက်နတ်ဘုရား ဂိုဏ်း၏ အမွေနှစ်နှင့်ပတ်သက်ပြီး အမြဲ ရှာဖွေနေခဲ့ကြသည်။
အလွန်လျင်မြန်စွာ၊ ချင်ယွင်နှင့် သူ့အဖွဲ့သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ကောင်းကင်ဘုံနန်းတော်၏ ခုနစ်ထပ်မြောက်သို့ တက်လှမ်းခဲ့ကြသည်။ သို့သော် အားလုံးသည် သူတို့ရှေ့မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
သူတို့သည် သတ္တမထပ် ကောင်းကင်ဘုံနန်းတော်၏ မြင်ကွင်းများစွာကို စိတ်ကူးယဉ်ခဲ့ ကြသော်လည်း သတ္တမထပ် ကောင်းကင်ဘုံနန်းတော်သည် ဤကဲ့သို့ ဖြစ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
သတ္တမထပ် ကောင်းကင်ဘုံနန်းတော်သည် ကြီးမားသော စတုရန်းစင်မြင့်ကြီး မဟုတ်တော့ဘဲ မြေပြန့်ကြီး ဖြစ်နေသည်။ ထိုမြေပေါ်တွင် ရှေးကျသော သစ်ပင်တစ်ပင်မျှ သာ ရှိပါသည်။
ဤရှေးဟောင်းသစ်ပင်သည် အမြင့်ကြီး မဟုတ်ပေ။ အမြင့်ပေနှစ်ဆယ်သာရှိပြီး သေမျိုး ကမ္ဘာရှိ ရှေးဟောင်းသစ်ပင်များထက်ပင် နိမ့်ပါးသည်။
သို့သော် ဤရှေးဟောင်းသစ်ပင်၏ ရှင်သန်မှုသည် အလွန်သန်စွမ်းသည်။ သစ်ရွက်များ သည် အရွက်မဟုတ်သော်လည်း ကျောက်စိမ်းများကဲ့သို့ပင် အရွက်များအားလုံးသည် ကျောက်စိမ်းရောင်ရှိသည်။
ထို့အပြင်, နတ်ဘုရားသစ်ပင်၌ တစ်ခုပြီး တစ်ခု ချိတ်ဆွဲထားသည့် ကျောက်စိမ်း တံဆိပ်ပြားများလည်း ရှိနေသည်။ ထိုကျောက်စိမ်း တံဆိပ်ပြားတိုင်းတွင် စာလုံးများ ပါရှိ နေပုံရပြီး ဤကျောက်စိမ်းတံဆိပ်ပြားအမျိုးအစားသည် အလွန်များပြားသည်။ စုစုပေါင်း ကျောက်စိမ်းတံဆိပ်ပြားအလုံးရေ တစ်သောင်းကျော် ရှိနေခဲ့သည်။ လေတိုက်သည်နှင့် ဤကျောက်စိမ်း တံဆိပ်ပြားများသည် အဆက်မပြတ် တုန်ခါနေပါသည်။
"ဒါက ဘာလဲ?" လူအုပ်ထဲမှ တစ်ယောက်ယောက်က ဝေခွဲမရဖြစ်ပြီး မေးသည်။
သူ့ရှေ့မှာ ဤမြင်ကွင်းက သူ့ကို အံ့အားသင့်စေခဲ့သည်မှဦ ထင်ရှားသည်။
ဤစကားကို လူတိုင်း ကြားလိုက်ရသောအခါ၊ သူတို့သည် ခွေးဝါကြီးဆီကို အမှတ်တမဲ့ လှည့်ကြည့်ကြသည်။
ခွေးဝါကြီးသည် မျက်တောင်မခတ်ဘဲ ရှေးဟောင်းသစ်ပင်ကို ကြည့်နေသည်။ အတိအကျ ပြောရလျှင် ရှေးဟောင်းသစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ကျောက်စိမ်းတံဆိပ်ပြားများ ကို သူ့မျက်လုံးများတွင် ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေခြင်း ဖြစ်သည်။
"ဒါက ပြန်လည်ဝင်စားခြင်း သစ်ပင်ပဲ။ ဒီသစ်ပင်ဟာ နတ်ဘုရားတွေနဲ့ တစ္ဆေသရဲတွေ တောင် နားမလည်နိုင်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော သစ်ပင်ပဲ" ခွေးဝါကြီးသည် အလွန်လေးနက်သော လေသံဖြင့် ပြောသည်။
"သံသရာသစ်ပင်?" လူတိုင်းသည် ဤမရင်းနှီးသော စကားလုံးကို ရေရွတ်လိုက်ကြပြီး သူတို့၏မျက်နှာများတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
ထင်ရှားသည်မှာ, သူတို့အနေဖြင့် ဤအမည်ကို ပထမဆုံးအကြိမ် ကြားသိရခြင်းပင်။