အခန်း ၁၄၆၇
Vol. 98 Ch. 1467
အခန်း (၁၄၆၇) ရွေးချယ်မှု။
လူတိုင်းသည် ဆိတ်ဆိတ်နေပြီး မျက်မှောင်ကြုတ်နေကြသည်။
သံသရာသစ်ပင်၏ စမ်းသပ်မှုသည် အလွန်ရက်စက်သည်။ အကယ်၍, လူတစ်ယောက် သည် သတိမထားမိလျှင်, ထိုအထဲမှာ ပျောက်ကွယ်သွားလိမ့်မည်။ ထို့အပြင်၊ ကျရှုံးနိုင်ခြေ သည် အလွန်မင်း မြင့်မားသော်လည်း အကျိုးကျေးဇူးများစွာလည်း ရှိနေပါသည်။
လူဝင်စားခြင်း အောင်မြင်ပြီးသည်နှင့် အနှစ်တစ်သောင်း ဉာဏ်အလင်းနှင့် အနှစ်တစ်သောင်း အတွေ့အကြုံများကို ရရှိမည် ဖြစ်သည်။ ဤအရာက ကြီးမားသည့် ကံကြမ္မာကြီးတစ်ခု ဖြစ်ပါသည်။
ထို့အပြင်၊ အကယ်၍, သူတို့ ကံကောင်းပါက၊ သူတို့သည် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ လူဝင်စားခြင်းကိုပင် တွေ့ကြုံနိုင်သည်။ ထိုအချိန်တွင်၊ သူတို့သည် ထိုလူ၏ ကျင့်ကြံခြင်း နည်းစနစ်များ၊ နတ်ဘုရားစွမ်းရည်များ၊ ကျင့်ကြံခြင်းအတွေ့အကြုံများနှင့် စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းအပါအဝင် ထိုကျွမ်းကျင်ပညာရှင်၏ မှတ်ဉာဏ် အားလုံးကို ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဤသံသရာသစ်ပင်သည် သတ်ဖြတ်ခြင်း နတ်ဆိုးသစ်ပင်ဖြစ်ရုံသာမက ကြီးမား သော ရတနာသိုက်ကြီးတစ်ခုလည်း ဖြစ်နေသည်။ အရာအားလုံးက သူတို့၏ စိတ်နေစိတ်ထားနှင့် ကံတရားပေါ်မှာ မူတည်နေပါသည်။
"ဒီလူဝင်စားခြင်း စမ်းသပ်မှုမှာ ငါပါဝင်ဖို့ ဒီကို ရောက်နေခဲ့တာ။" သို့သော် ထိုအချိန်တွင် ကျယ်လောင်ပြီး ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
အားလုံးက အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ ဝေဖန်းသည် ပြတ်သားသော မျက်နှာ အမူအရာဖြင့် ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကိုမြင်တော့ နေသာဧကရာဇ်နှင့် တခြားသူများသည် အံ့အားသင့်ဟန် အရိပ်မြွက်ကို ထုတ်ဖော်ပြသကြသည်။
အမြဲတမ်း တိတ်ဆိတ်နေသော ဝေဖန်းသည် အမှန်တကယ် ရှေ့ထွက် လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"အစ်ကိုဝေက သွေးမိုးလေဟုန်ခန်းမရဲ့ ကြယ်အဆင့် နံပါတ်တစ် လုပ်ကြံသတ်ဖြတ်သူ ဖြစ်ထိုက်ပါတယ်။ ဒီသတ္တိတစ်ခုတည်းကတင် တကယ်ကို လေးစားစရာကောင်းနေပါပြီ။ ကောင်းပြီ၊ ဒီလိုဆိုမှတော့ ငါတို့ခေါင်းလောင်း လေနတ်ဘုရားနန်းတော်ကလည်း သဘာဝ အတိုင်း အားနည်းချက်ကို ထုတ်ပြလို့မရဘူး။ အစ်ကိုဝေနဲ့အတူ ငါလည်း ဒီစမ်းသပ်မှုကို ခံယူမယ်။" ဘိုင်ဟန်လည်း ရှေ့တစ်လှမ်းတိုးပြီး ဝေဖန်းကို ပြုံးပြသည်။
သူ့မျက်နှာပေါ်ရှိ အပြုံးသည် သိမ်ငယ်နေသော်လည်း သူ့မျက်လုံးများတွင် အနှိုင်းမဲ့ ခိုင်မာသော အကြည့်တစ်ခု ရှိနေသည်။
ဘိုင်ဟန်၏ စကားကို တုံ့ပြန်သည့်အနေဖြင့် ဝေဖန်းက ပြုံးလိုက်သည်။
"ဟမ့်၊ ဒါ ကလူဝင်စားခြင်း စမ်းသပ်မှုတစ်ခုပဲ မဟုတ်လား?။ ငါဟေးယွမ်က မွေးကတည်း ကနေ ဘာမှ မကြောက်ခဲ့ဘူး။ ဒီလူဝင်စားခြင်း စမ်းသပ်မှုက ဒီအဖေကို ချေမှုန်းပစ်နိုင် တယ်ဆိုတာ ငါ မယုံဘူး။" ဟေးယွမ်လည်း အေးစက်စွာ နှာခေါင်းရှုံ့ပြီး ရှေ့ထွက်ရပ်ကာ လူဝင်စားသစ်ပင်ကို ဂုဏ်ယူသော အကြည့်ဖြင့် ကြည့်နေလေသည်။
ကျိုးယွမ်နှင့် တခြားသူတွေက ဘာမှ မပြောပါဘူး။ သူတို့သည် ထိုလူသုံးယောက်ကို တိတ်တဆိတ် ကြည့်နေကြသော်လည်း စိတ်ထဲတွင် အံ့သြနေကြသည်။
မူလက ဤလုပ်ကြံသတ်ဖြတ်သူများသည် တစ်ယောက်ကိုတစ်ယောက် လမ်းလွှဲချပေးပြီး စမ်းသပ်မူကို ကိုယ်တိုင်လက်ခံကြမည် မဟုတ်ဟု သူတို့ ထင်ခဲ့ကြသည်။ အခုတော့ သူတို့ မှားယွင်းသွားသလိုပင်။ ဤလုပ်ကြံသတ်ဖြတ်သူများသည် သူတို့ထင်ထားသည်ထက် အများကြီး ပိုသတ္တိရှိနေသည်။ အနည်းဆုံး၊ သူတို့သည် ဤလူဝင်စားခြင်းကို စိန်ခေါ်ရန် သတ္တိမရှိခဲ့ပေ။
ချင်ယွင်သည် သူတို့သုံးယောက်၏ စကားကြောင့် သိပ်ပြီး အံ့ဩလှခြင်း မရှိပေ။
နောက်ဆုံးတွင်၊ နတ်ဘုရားနန်းတော်ခန်းမ၌ လုပ်ကြံသတ်ဖြတ်သူ အများစုသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းများကို အကြိမ်ဖန်များစွာ မြင်တွေ့ဖူးကြသည်။ ဒီအဆင့်ကို ရောက်ပြီး ကြယ်ပွင့်အဆင့် လုပ်ကြံသတ်ဖြတ်သူနယ်ပယ်ကို ရောက်ရှိနိုင်ရန်မှာ သူတို့သည် သူတို့၏ခွန်အားကို အားကိုးရုံသာမက သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပြောင်မြောက်လှသည့် စိတ်နေစိတ်ထားကိုပါ အားကိုးကြရသည်။
ထိုလုပ်ကြံသတ်ဖြတ်သူများ၏ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်က သိပ်သည်း လွန်းသည်။ သူတို့ထဲတွင် မည်သူကရော အလောင်းတွေကြားမှ တွားတွားမတက်လာဖူးသူ ရှိမည်နည်း?။ ဤအခိုက်အတန့်တွင် ကြီးမားသော အခွင့်အရေးကြီးသည် သူတို့ရှေ့တွင် ရှိနေခဲ့သည်။ သူတို့သည် အသက်ဆုံးရှုံးမှာကို ကြောက်ရွှံ့သည့်အတွက် ထိုအခွင့်ရေးကြီး ကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
သူကိုယ်တိုင်ကရော။
ချင်ယွင်သည် သူ့မျက်နှာကို ပြုံးကာ သံသရာသစ်ပင်ဆီသို့ ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်ပါသည်။
"ခင်ပွန်း၊ ရှင် ဒီလူဝင်စားခြင်း စမ်းသပ်မှုမှာ ပါဝင်မှာလား။" ချင်ယွင်၏မျက်နှာပေါ်ရှိ အပြုံးကိုမြင်တော့ ကျိုးလင်သည် ချင်ယွင်၏ အတွေးအမြင်ကို ချက်ချင်း နားလည်ပြီး တိုက်ရိုက် မေးလိုက်သည်။
"ဟုတ်တယ်၊ ငါ ဒီလူဝင်စားခြင်း စမ်းသပ်မူကို ကြိုးစားကြည့်ချင်တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
ကျိုးလင်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောသည် "ကောင်းပြီ, ဒါဆို, ငါလည်း ရှင်နဲ့လိုက်ခဲ့မယ်!"
ချင်ယွင်က ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ပြောသည် "ငါက ငါ့မိန်းမကို တခြားသူတွေရဲ့ ဘဝနဲ့ မတွေ့ကြုံစေချင်ဘူး"
လူဝင်စားခြင်း စမ်းသပ်မှုတွင် ပါဝင်ပါက, သူတို့သည် အခြားသူများ၏ ဘဝကို တွေ့ကြုံ ခံစားရလိမ့်မည်။ အခြားသူများ၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမူထဲသို့ ကျရောက်သွားနိုင်သည်၊ ၎င်းစမ်းသပ်မူသည် အခြားသူများ တွေ့ကြုံဖူးသောအရာများကို တွေ့ကြုံရန် လိုအပ်သည်။
"ဒါပေမယ့်" ကျိုးလင်က တစ်ခုခုပြောချင်နေသော်လည်း ချင်ယွင်က ကြားဖြတ်ပြောလိုက် သည်။
"တခြားဘာမှ ပြောနေစရာ မလိုဘူး။ မင်း စိတ်မပူပါနဲ့။ ငါ အဆင်ပြေမှာပါ။ မင်းတို့ ဘေးကင်းနေမှ ငါလည်း စမ်းသပ်မူကို အာရုံစိုက်နိုင်မှာ" ချင်ယွင်က ကျိုးလင်ကို ညင်သာစွာ ပြုံးပြလိုက်သည်။
ကျိုးလင်က ခေါင်းညိတ်လိုက်ပြီး တခြားဘာမှ ပြန်မပြောတော့ပေ။
ချင်ယွင်က သူမကို တခြားသူများ၏ဘဝတွေကို မခံစားစေချင်ဘူးဆိုသည့် ယခင် စကားနှင့် ပတ်သတ်၍မူ, ယင်းက သူ့အပေါ်ထားသည့် သူမ၏ခံစားချက်တွေအပေါ် သက်ရောက်မူရှိသွားမည်ကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ သူမဘေးကင်းရေးကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။
ကျိုးလင်က သဘောတူလက်ခံကို မြင်လျှင်, ချင်ယွင်က ကျေနပ်သည့်အပြုံးကို ထုတ်ဖော် လိုက်ပါသည်။
သူ့အချစ်က ကျိုးလင်၏ ကြီးထွားမှုကို ကန့်သတ်ထားသလိုဖြစ်ပြီး တစ်ကိုယ်ကောင်း အနည်းဆန်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း, ထိုအရာနှင့်ယှဉ်လျှင်, သူသည် ကျိုးလင်ကို အဆုံးရှုံးမခံချင်ပေ။ ထို့ကြောင့်, သူသည် ကျိုးလင်ကို စွန့်စားစေလိုစိတ် မရှိခဲ့ပါဘူး။ ယခု ကျိုးလင် ဆုံးရှုံးသွားသော အရာများအတွက်မူ ချင်ယွင်သည် သူမအား နောင်အနာဂတ်တွင် ဖြည်းညှင်းစွာ ကူညီပေးသွားမည် ဖြစ်သည်။
ကျိုးလင်သည်လည်း ချင်ယွင်၏သဘောကို နားလည်သည်။ သန်မာခြင်းနှင့် ယှဉ်လျှင် ချင်ယွင်နှင့် အတူရှိနေခြင်းသည် သူမ၏ အကြီးမားဆုံး ဆန္ဒဖြစ်သည်။ ထို့ကြောင့် သူမသည် ချင်ယွင်အတွက် မလိုအပ်သော အန္တရာယ်များကို စွန့်လွှတ်ရန် ဆန္ဒရှိခဲ့သည်။
ချင်ယွင်သည် ကျိုးလင်၏ နူးညံ့သောပါးပြင်များကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ကျိုးယွမ်နှင့် အခြားသူတို့၏ ယူဆချက်များကို တောင်းဆိုနေသည့်အလား သူတို့ထံသို့ လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင်, ဤအရာက ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိကြသည်။ ချင်ယွင်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ နောက်ဆုံးရလာဒ်ကတော့ ကိုယ့်ကံကြမ္မာအပေါ် မူတည်ပါသည်။
"ဒီလူဝင်စားခြင်းစမ်းသပ်မှုကို ငါပါဝင်မှာ မဟုတ်ဘူး။ အနှစ်တစ်သောင်း၊ တခြားသူတွေရဲ့ ဘဝတွေကို တွေ့ကြုံခံစားဖို့။ တကယ်လို့, ငါသာ ယောင်္ကျားတစ်ယောက် လူပြန်ဝင်စားရ ရင် လုံးဝ သည်းမခံနိုင်ဘူး။" ကျိုးဟုန်ရွှဲ့က စက်ဆုပ်သော အကြည့်ဖြင့် ပြောလိုက်သည်။
ချင်ယွင်က ပြုံးလိုက်သည်။ ကျိုးဟုန်ရွှဲ့ပြောသည့် စကားတွေက အမှန်ဖြစ်ကြောင်း သူ သိသည်။ ထို့အပြင် ကျိုးဟုန်ရွှဲ့သည် ဘိုးဘေးနတ်ဘုရားမ ချင်းယောင်၏အမွေကို ရရှိထားပြီး ဖြစ်သည်။ သူမ ဖြည်းဖြည်းချင်း ကျင့်ကြံနေသရွေ့ သူမသည် အနာဂတ်မှာ ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မှာ သေချာပါသည်။ သူမသည် စွန့်စားရန် မလိုအပ်တော့ပါ။
"ကျွန်တော်လည်း မသွားဘူး။ သခင်မကျိုးရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဒီမှာနေမယ်။" လိပ်နက်က ရိုးရှင်းပြီး ရိုးသားသည့် အမူအရာဖြင့် ပြောလိုက်ပါသည်။
ချင်ယွင်က ပြုံးပြီး သဘောတူလိုက်သည်။
"အသက်ရှည်ရှည်နေရရင် ကျန်တာ ငါ ဘာမှ စိတ်မ၀င်စားဘူး။ ငါက လုံလောက်အောင် အသက်ရှည်ရှည် မနေရသေးဘူး" ခွေးဝါကြီးက မကျေမနပ်အသံဖြင့် ပြောသည်။
ဤစမ်းသပ်မူသည် အမှန်တကယ် သေသွားနိုင်သည်။ အမှန်တကယ်ဆို၊ ချင်ယွင်သည် ဤလူဝင်စားခြင်း စမ်းသပ်မှုမှာ ပါဝင်ချင်နေခဲ့ပြီး၊ ယင်းကြောင့်ပင်, သူသည် စိတ်မပျော် မရွှင်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင်, အကယ်၍, ချင်ယွင်သာ အမှန်တကယ် သေဆုံးသွား ခဲ့လျှင်, သူနှင့်အတူ သူပါ သေဆုံးရလိမ့်မည်။ သို့သော် ချင်ယွင်သည် သူ့သခင်ဖြစ်နေသော ကြောင့် ချင်ယွင်၏ ဆုံးဖြတ်ချက်တွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ ချင်ယွင် အံ့သြအရာမျိုး မကြုံတွေ့ရန်သာ တိတ်တဆိတ် ဆုတောင်းနေနိုင်သည်။
ခွေးဝါကြီး၏ စကားကြောင့် ချင်ယွင်က မအံ့သြပေ။ ခွေးဝါကြီးသည် သေခြင်းကို ကြောက်ရွှံ့ကြောင်း သူသိသည်။ ထို့ကြောင့် သူ ဤစမ်းသပ်မှုတွင် ပါဝင်မည်ဟု ချင်ယွင်က အစကတည်းက မထင်ထားခဲ့ပေ။
"အစ်ကိုကြီး ကျိုးကရော ဘယ်လိုလဲ။" ချင်ယွင်က ကျိုးယွမ်ကို ကြည့်ရင်း မေးမြန်းလိုက် သည်။
"ငါမလုပ်နိုင်ဘူး။ ငါက မြို့တော်တစ်မြို့ရဲ့ သခင်တစ်ယောက် ဖြစ်ပေမဲ့ ငါ့ရဲ့ စိတ်နေ စိတ်ထားက နည်းနည်းတော့ အားနည်းတယ်။ ဒါကြောင့် ဒီစမ်းသပ်မှုကို ငါစွန့်လွှတ်လိုက် တာ ပိုကောင်းပါတယ်။" ကျိုးယွမ်က လေးနက်စွာ ပြန်ဖြေသည်။
တစ်ချို့အရာတွေကို တွေးတောပြီးနောက် သူ ယခုလိုအဖြေမျိုး ထွက်လာခဲ့ခြင်း ဖြစ်မည်မှာ ထင်ရှားပါသည်။
"စီနီယာ အစ်ကိုကြီးကော ဘယ်လိုလဲ။" ချင်ယွင်သည် စဉ်းစားဆင်ခြင်နေဟန်ရှိသော နေသာဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။
နေသာဧကရာဇ်သည် အစကတည်းက စဉ်းစားတွေးတောနေသည့် အမူအရာ ရှိနေခဲ့သည်။ သူ တုံ့ဆိုင်းနေမှန်း သိသာပါသည်။ ယခုအခါ ချင်ယွင်၏အမေးကို ကြားလိုက်ရတော့ သူ့မျက်နှာက ခက်ထန်လာသည်။
ချင်ယွင်က ဘာမှပြန်မပြောသလို ဘာအကြံဉာဏ်မှလည်း မပေးပါဘူး။ ယခုလိုကိစ္စမျိုးက နေသာဧကရာဇ် ကိုယ်တိုင်က ဆုံးဖြတ်ရမှာ။ အကယ်၍ နေသာဧကရာဇ်ကိုယ်တိုင်က သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစွာ မဆောင်ရွက်နိုင်ဘူးဆိုလျှင်, သူသည် ဤစမ်းသပ်မှုကို လက်ခံခဲ့သော်ငြားလည်း ဤလူဝင်စားခြင်းစမ်းသပ်မှုမှ ထွက်လာနိုင်မည် မဟုတ်ပေ။
"ငါချန်ယူမင်ဟာ နတ်ဘုရားကမ္ဘာကို ရောက်လာပြီးနောက်၊ ငါဟာ သူရဲဘောကြောင် သွားခဲ့ပြီ။ ငါ ဟိုတချိန်တုန်းက သတ္တိမျိုးတွေ ပျောက်ဆုံးနေခဲ့ပြီ။ ဒီနေ့၊ ငါချန်ယူမင်က သေတဲ့အထိ တိုက်ခိုက်မယ်။ အနည်းဆုံး ငါသေသွားရုံပေါ့။" နေသာဧကရာဇ်သည် ရုတ်တရက် ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် လောင်ကျွမ်းသည့် အမူအရာ ဖြစ်ပေါ်လာသည်။
နေသာဧကရာဇ်၏ လောင်ကျွမ်းနေသော မျက်လုံးများကို မြင်လိုက်ရသဖြင့် ချင်ယွင်က ပြုံးကာ သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
အဝေးမှ ဘိုင်ဟန်နှင့် ဝေဖန်းတို့သည် အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်လာကြ ခဲ့ပြီး ဟေးယွမ်သည် သူ့မျက်နှာတွင် အထင်အမြင်သေးပြီး သရော်လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်နေသည်။