← Chapters

အခန်း ၁၄၆၉

Vol. 98 Ch. 1469

အခန်း ၁၄၆၉

Vol. 98 Ch. 1469

အခန်း (၁၄၆၉) ရွှမ်ဟန်၏ဒဏ္ဍာရီ

ချင်ယွင်သည် ဖြည်းညှင်းစွာ ထွက်သွားသော ဟေးယွမ်ကို လှမ်းကြည့်လိုက်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

ဤဟေးယွမ်သည် လူဝင်စားကျင့်ကြံသူအဖြစ် ဝေဖန်း၏ထူးခြားသော အဆင့်အတန်းကို လက်မခံနိုင် ဖြစ်နေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ သက်သေပြနိုင်ရန် မစောင့်နိုင် တော့ပေ။

သူသည် မည်သို့သော လူဝင်စား ကျင့်ကြံသူကို ရွေးချယ်နိုင်မည်ကို မသိသေးပေ။

ဟေးယွမ်သည် မောက်မာသော အမူအရာဖြင့် လူဝင်စားသစ်ပင်၏ ဦးတည်ရာဆီသို့ လျှောက်သွားသည်။ သူရွေးချယ်မည့် လူဝင်စားကျင့်ကြံသူသည် မြေကမ္ဘာနတ်ဘုရား အစောပိုင်းတွင်ရှိနေသည့် ချန်ယူမင်ကဲ့သို့ပင် ကောင်းမွန်မည် မဟုတ်ကြောင်း ချင်ယွင်က ယခင်က ပြောကြားခဲ့သည်။ ထိုစကားက သူ့ကို အလွန်မင်း စိတ်မချမ်းမသာ ဖြစ်စေခဲ့ သည်။ ယခု၊ သူရွေးချယ်မည့် လူဝင်စား ကျင့်ကြံသူသည် ချန်ယူမင်ထက် မဆိုးကြောင်း ချင်ယွင်အား သက်သေပြလိုခဲ့သည်။

လူဝင်စားသစ်ပင်ဆီသို့ လျှောက်သွားစဉ် ဟေးယွမ်သည် အနက်ရောင်ဝတ်ရုံထဲမှ သွယ်လျသောလက်ကို ဆန့်ထုတ်လိုက်ပြီး လူဝင်စားသစ်ပင်ကို ဖိနှိပ်လိုက်သည်။

ဘန်း..။

ဟေးယွမ်၏ လက်ဖဝါးက လူဝင်စားသစ်ပင်ပေါ်သို့ ဖိချလိုက်သောအခါတွင် ပြင်းထန်သော လူဝင်စားခြင်းလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ သံသရာသစ်ပင် သည် ယခင်ကအတိုင်း ထွန်းလင်းလာခဲ့သည်။

ထိုအလင်းတန်းသည် အသေးငယ်ဆုံးသော အကိုင်းအခက်တစ်ခုသို့ ရောက်သည်အထိ အလင်းသည် ဆက်လက် တောက်ပနေခဲ့သည်။ ထိုအကိုင်းခက်၏အဆုံးတွင်၊ လူဝင်စား ခြင်း ကျောက်စိမ်းတံဆိပ်ပြားတစ်ခုလည်း ရှိနေခဲ့သည်။

လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားသည် ဤအလင်းရောင်ကြောင့် တိုက်ရိုက် လင်းလက်ပြီး စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။

"ချာတိတ်လေး, သေချာကြည့်ထားစမ်း။ လူဝင်စားခြင်း ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ငါ့ရဲ့အဆင့်အတန်းက မင်းရဲ့စီနီယာ အစ်ကိုကြီးထက် သေချာပေါက် မြင့်မားရမယ်" ဟေးယွမ်က အေးစက်စွာ အော်ပြောလိုက်သည်။

"ငါ စောင့်ကြည့်နေမယ်။" ချင်ယွင်က ပြုံးပြီး မကျေမနပ်အသံဖြင့် ပြောလိုက်သည်။

ချင်ယွင်၏အမူအရာကို မြင်သောအခါ ဟေးယွမ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဘန်း..။

ထိုအချိန်တွင်၊ လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားသည် လင်းလက်လာခဲ့ပြီး၊ ကျောက်စိမ်းတံဆိပ်ပြားမှ စာလုံးသုံးလုံး ထွက်ပေါ်လာသည်။

"လီဂူဒန်!"

ကျိုးဟုန်ရွှဲ့ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင်သည်လည်း ဟေးယွမ်ကို အပြုံးမျက်နှာဖြင့် ကြည့်နေသည်။ ဟေးယွမ်၏ မျက်နှာ သည် အနှိုင်းမဲ့ ပြာနှမ်းသွားသည်။

"လီဂူဒန်, ဒါက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ နာမည်ပဲ ဖြစ်ရမယ်။ အစ်ကို ဟေးယွမ်၊ ဒီတစ်ခါ မင်း ကံကောင်းလိုက်တာ။" ချင်ယွင်က ပြောသည်။

"ဖူး..." ချင်ယွင်၏စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် ရယ်မောလိုစိတ်က နောက်တစ် ကြိမ် ကျိုးပေါက်သွားပြန်သည်။

ချင်ယွင်၏စကားကိုကြားတော့ ဟေးယွမ်၏ မူလက ဒေါသထွက်နေသော မျက်နှာသည် အစိမ်းရောင်မှ အနက်ရောင်သို့ ချက်ချင်း ပြောင်းသွားပြီး တိမ်မည်းများကဲ့သို့ အုံ့မှိုင်းသွား ခဲ့သည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ လူဝင်စားခြင်းသစ်ပင်သည်လည်း ပြင်းထန်သော စွမ်းအင် ရောင်ခြည်အလင်းတန်းကို ထုတ်လွှတ်ပြီး၊ ကျောက်စိမ်းတံဆိပ်ပြားမှ ထွက်လာသော အလင်းတန်းထံသို့ စီးမျောသွားသည်။

"ကံကောင်းပါစေ။" ချင်ယွင်က ဟေးယွမ်ကို ပြုံးပြလိုက်သည်။

ဟေးယွမ်သည် ဒေါသအမျက်ထွက်နေရင်း ထိုနေရာကနေ ပျောက်သွားခဲ့သည်။ သူသည် လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားထဲသို့ စုပ်ယူခံရပြီး လူဝင်စားခြင်း စမ်းသပ်မှုကို ခံယူလိုက်ရသည်။

ကွင်းပြင်ပေါ်ရှိ ရယ်မောသံသည်လည်း ဟေးယွမ် ပျောက်ဆုံးသွားသဖြင့် ပြီးဆုံးသွားသည်။

ချင်ယွင်လှည့်ကြည့်လိုက်တော့ ဘိုင်ဟန်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပြုံးပြပြီး၊ သံသရာသစ်ပင်ဆီသို့ တစ်ပြိုင်နက် လျှောက်သွားကြသည်။

သူတို့သည် မည်သူ့ကိုမျှ မယုံကြည်ခဲ့ကြပေ။ သူတို့အနက်မှ တစ်ဦးသည် လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားသို့ ဝင်ရောက်သွားပြီးနောက် ကျန်တစ်ယောက်သည် လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားသို့ မ၀င်ရောက်ခဲ့ပါက၊ ရလာဒ်ကို သဘာဝ အတိုင်း ခန့်မှန်းကြည့်နိုင်သည်။ ထို့ကြောင့် သူတို့သည် အချင်းချင်း၏ အတွေးများကို နားလည်ကြ သည်။ သူတို့သည် လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားထဲသို့ တစ်ချိန်တည်းတွင် ဝင်ရောက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

ဘန်း…။

ဘိုင်ဟန်နှင့် ချင်ယွင်တို့သည် လူဝင်စားသစ်ပင်၏ ပင်စည်ပေါ်တွင် လက်များကို တစ်ယောက်ပြီး တစ်ယောက် တင်လိုက်ကြသည်။ သံသရာသစ်ပင်သည် ချက်ချင်းပင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

ကျောက်စိမ်းအလင်းသည် လှည့်ပတ်သွားကာ လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားကို ဦးစွာ ထွန်းညှိလိုက်သည်။

ဘိုင်ဟန်သည် ချင်ယွင်ထက်အရင် သံသရာသစ်ပင်ပေါ်မှာ သူ့လက်ကို တင်ထားခဲ့သည်။ ထို့ကြောင့်, ဘိုင်ဟန်ကိုင်ထားသည့် ပထမဆုံး လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားက အရင်လင်းလက်လာသည်။

ပြိုးပြိုးပြက်ပြက် လင်းလက်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူဝင်စားခြင်း ကျောက်စိမ်းတံဆိပ်ပြားမှ စာလုံးနှစ်လုံးသည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာသည်။

"လင်းယု!"

၎င်းသည် အလွန်သာမန်ဆန်သည့် အမည်တစ်ခုဖြစ်ပြီး၊ မည်သည့်အချက်အလက်ကိုမျှ မမြင်နိုင်ပေ။ ထို့အပြင်, ဤလူဝင်စားခြင်း ကျင့်ကြံသူများကို ၎င်းတို့၏အမည်ဖြင့် သတ်မှတ်ရန် မဖြစ်နိုင်ပေ။

ဘိုင်ဟန်က ပြုံးပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူသည် ဤနာမည်နှင့် ပတ်သက်ပြီး သိပ်စဉ်းစားပုံမပေါ်ပေ။

ဘန်း…။

အလင်းတန်းတစ်ခုသည် အကိုင်းအခက်တစ်ခုဆီသို့ ပျံ့နှံ့သွားပြန်သည်။

ခပ်လှမ်းလှမ်းတွင်၊ ကျိုးလင်နှင့် အခြားလူများသည် အလင်းရောင်ဆီသို့ လှမ်းကြည့်ကြပြီး သူတို့၏ မျက်လုံးများက စိုးရိမ်မှုအရိပ်မြွက် ပေါ်လွင်နေသည်။ ချင်ယွင် ရွေးချယ်မည့် လူဝင်စားခြင်းပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်လက်ကို သူတို့ အမှန်တကယ် သိချင်နေကြ သည်။

ဘန်း…။

အလင်းသည် အဆုံးထိတိုင် ကူးခတ်သွားပြီး လူဝင်းစားခြင်းကျောက်စိမ်းတံဆိပ်ပြားထဲသို့ ဝင်ရောက်သွားသည်။ ဤအခိုက်အတန့်တွင်၊ လူဝင်းစားခြင်း ကျောက်စိမ်းတံဆိပ်ပြား သည်လည်း တောက်ပလာပါသည်။

ဤအခိုက်အတန့်တွင် စလုံးများ တောက်ပလာကာ လူတိုင်း၏ အမြင်အာရုံထဲတွင် စာလုံးနှစ်လုံး ပေါ်လာသည်။

" ရွှမ်ဟန်!"

လူတိုင်း ရေရွတ်ကြသည်။

ပထမတစ်ချက်တွင် ရွှမ်ဟန်ဟူသော အမည်သည် အလွန်ရိုးရှင်းသော်လည်း ဘိုင်ဟန်အပါ အဝင် လူတိုင်း၏မျက်နှာက လုံးဝပြောင်းလဲသွားခဲ့ကြသည်။

သူတို့အားလုံး ကြားသိခဲ့ဖူးသည့် ဒဏ္ဍာရီတစ်ခုက သူတို့စိတ်ထဲမှာ ပေါ်လာပါသည်။

ရွှမ်ဟန်၏အမည်ကို နတ်ဘုရားကမ္ဘာထဲမှာ တစ်ယောက်ယောက်ကို မေးမြန်းရင်တောင်မှ သူ့အကြောင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြပါလိမ့်မည်။

"အဲဒီတုန်းက နတ်ဘုရားကမ္ဘာမှာ နံပါတ်တစ်ဓားနတ်ဘုရားလို့ လူသိများတဲ့ အဲဒီရွှမ်ဟန် များ တကယ် ဖြစ်နေမလား" ဘိုင်ဟန်သည် သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ့မျက်နှာမှာ ဖုံးကွယ်မထားသည့် ထိတ်လန့်တကြား အမူအရာ ပေါ်လာသည်။

ချင်ယွင်လည်း အနည်းငယ် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်မိသည်။ ရှင်းပါသည်။ သူ့လူဝင်စားခြင်းပုဂ္ဂိုလ်သည် ထိုရွှမ်ဟန် ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ရွှမ်ဟန်၏အမည်ကို အနည်းငယ် သိသည်။ သူသည် အများကြီးမသိသော် လည်း ဤလူသည် နတ်ဘုရားကမ္ဘာ၏သမိုင်းမှာ ဒဏ္ဍာရီဆန်ဆန် တည်ရှိမူတစ်ခု ဖြစ်ခဲ့သည်ကို သူ သိရှိထားသည်။ သူသည် နတ်ဘုရားကမ္ဘာ၏သမိုင်းတွင် အရည်အချင်း ရှိဆုံး ပါရမီရှင်တစ်ဦးအဖြစ် တစ်ချိန်က ချီးကျူးခြင်း ခံခဲ့ရသည်။ သူသည် အလွန်မင်း အစွမ်းထက်သည်။ သူကောင်းကင်နတ်ဘုရား နယ်ပယ်၌ ရှိနေစဉ်မှာပင် ဘိုးဘေး နတ်ဘုရားတစ်ပါးကို သတ်ပစ်ခဲ့သည်ဟု ဆိုကြသည်။

ဤကိစ္စသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ကောင်းကင်နတ်ဘုရား တစ်ပါးသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးကို သတ်ပစ်ခဲ့သည်။ ဤသူသည် နတ်ဘုရားကမ္ဘာ၏သမိုင်းတွင် တစ်ဦးတည်းသော လူဖြစ်ခဲ့သောကြောင့် ဤလူသည် နတ်ဘုရားကမ္ဘာတွင် အမြဲတမ်း ဒဏ္ဍာရီဖြစ်နေခဲ့သည်။

သို့သော် ဤရွှမ်ဟန်သည် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူ မည်သည့်နေရာ ရောက်သွားမှန်း မည်သူမှ မသိကြပေ။ လူအချို့က သူသည် နတ်ဘုရား ကမ္ဘာတွင် နေထိုင်ရခြင်းကို ငြီးငွေ့ပြီး လုံးဝ တံခါးပိတ်ကျင့်ကြံနေသည်ဟု ဆိုကြသည်။

သူသည် ဘိုးဘေးနတ်ဘုရားများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည့်အတွက် ဘိုးဘေး နတ်ဘုရား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု လူအချို့ကလည်း ပြောကြပြန်သည်။

မည်သို့ပင်ဖြစ်စေ, သီအိုရီတွေက အမျိုးမျိုးရှိနိုင်ပြီး မည်သည့်အရာက အမှန်လဲဆိုတာ သူ မသိပါဘူး။

ထိုအချိန်မှစ၍ ရွမ်ဟန်ဟူသောအမည်သည် နတ်ဘုရားကမ္ဘာ၏ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ သည်။

ချင်ယွင်သည် သူ၏ လူဝင်စားခြင်း ကျင့်ကြံသူသည် ရွှမ်ဟန်ဟုလည်း မမျှော်လင့်ခဲ့ပေ။ သူတို့က အတူတူပင်ဖြစ်မည်လား သူ မသိပေ။ တကယ်တော့ စကြဝဠာကြီးတစ်ခုလုံးမှာ ထိုနာမည်နှင့် ရွှမ်ဟန်ဟုခေါ်သည့်လူတွေ မရေမတွက်နိုင်အောင် အများကြီးရှိနေပါသည်။

ဘန်း…။

ဘေးတဘက်ရှိ ပြန်လည်ဝင်စားခြင်းသစ်ပင်မှ ကျောက်စိမ်းတံဆိပ်ပြားကို လွှမ်းခြုံထား သည့် လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်သည်။ ထို့နောက်တွင် ဘိုင်ဟန်၏ပုံရိပ်သည် ထိနေရာ မှ ပျောက်ကွယ်သွားခဲ့သည်။

ဘိုင်ဟန် ပျောက်ကွယ်သွားသည်ကို မြင်တော့ ချင်ယွင်သည် လူဝင်စားခြင်း စမ်းသပ်မှုထဲ သို့ သူ ဝင်ရတော့မည်ကို သိလိုက်ရသည်။

"ခင်ပွန်း၊ ရှင် ဒီလူဝင်စားခြင်း စမ်းသပ်မှုကို သေချာပေါက် အောင်မြင်ရမယ်။" ကျိုးလင်က ချင်ယွင်ကို လှမ်းအော်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါကတိပေးရင် ငါကတိကို ဖျက်မှာ မဟုတ်ဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

ကျိုးလင်က ပြင်းထန်စွာ ခေါင်းညိတ်သည်။ သူမမျက်လုံးတွေမှာ မျက်ရည်စတွေ ပြည့်နေခဲ့ပြီ။

ချင်ယွင်လည်း အလွန်ပင် ရင်ထဲထိသွားခဲ့သည်။ သူသည် သူ့ယုံကြည်ချက်ကို သေချာစွာ ကာကွယ်မည်ဖြစ်ပြီး၊ ထိုလူဝင်စားပုဂ္ဂိုလ်၏ မှတ်ဉာဏ်ထဲမှာ သေချာပေါက် ကိုယ့်ကိုယ်ကို အဆုံးရှုံးခံမည် မဟုတ်ကြောင့် သူ့နှလုံးသားထဲတွင် ကျိန်ဆိုလိုက်သည်။

ဘန်း..။

ချင်ယွင်သည် တိတ်တဆိတ် တွေးတောနေစဉ် လူဝင်စားခြင်း ကျောက်စိမ်း တံဆိပ်ပြား သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ချင်ယွင်သည် ဤကျောက်စိမ်းအလင်းတန်းဖြင့် ဖုံးလွှမ်းသွားကာ လူတိုင်း၏မျက်မှောက်မှ ပျောက်ကွယ် သွားခဲ့သည်။

ကျိုးလင်သည် ချင်ယွင် ပျောက်ကွယ်သွားသည်ကို အကြာကြီး ရပ်ကြည့်နေခဲ့သည်။ သူမသည် စိတ်ထဲကနေ တိတ်တိတ်လေး ရေရွတ်လိုက်သည် "ခင်ပွန်း၊ ကျွန်မ ရှင့်ကို ယုံကြည်တယ်။ ရှင် စမ်းသပ်မူကို သေချာပေါက် အောင်မြင်လိမ့်မယ်"။

ထို့နောက်, သူမသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားခဲ့ သည်။

All Chapters