← Chapters

အခန်း ၁၄၇၁

Vol. 99 Ch. 1471

အခန်း ၁၄၇၁

Vol. 99 Ch. 1471

အဓိပတိအင်မော်တယ်သခင် စာစဉ် (၉၉)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၄၇၁) ကျေကြွဲဖွယ် ရွှမ်ယာ

"အစ်ကို၊ ဟန်မျိုးနွယ်စုက ညီမလေးကို အိမ်အကူအဖြစ် လက်ခံဖို့ ဆန္ဒရှိနေတယ်။ အနာဂတ်မှာ, ညီမတို့တွေ လမ်းတွေပေါ်မှာ တောင်းစားနေစရာ မလိုတော့ဘူး။ ညီမတို့ ဆာလောင်မှုနဲ့ နာကျင်မှုတွေ ခံစားရတယ်။ တခြားသူတွေရဲ့ အထင်အမြင်သေးမှုကိုလည်း ခံခဲ့ရတယ်။" ရွှမ်ယာက ချင်ယွင်၏အနားကို စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"ဟန်မျိုးနွယ်စုက ညီမလေးကို ဘာလို့ အိမ်ဖော်ဖြစ်စေချင်တာလဲ။" ချင်ယွင်က သံသယ စိတ်ဖြင့် မေးလိုက်သည်။

သူ့မှာ ရွှမ်ဟန်၏ မှတ်ဉာဏ်များ ရှိပြီးသားဖြစ်သည်။ ဤမြို့၌ နှစ်နှစ်ကြာ နေထိုင်ခဲ့သည့် အချက်ကိုပါ ထပ်လောင်းပြောခြင်းဖြင့် ချင်ယွင်သည် ဤမြို့အကြောင်းကို သူ့လက်ဖမိုး ကဲ့သို့ သိပါသည်။

သူတို့နေထိုင်သည့် မြို့သည် ဟန်မျိုးနွယ်စုမြို့ဟုခေါ်သည့် မြို့ငယ်လေးတစ်ခု ဖြစ်ပါ သည်။ မှန်ပါသည်, မြို့ကိုပင် ဟန်မျိုးရိုးနာမည် ပေးထားသည်။ ထို့ကြောင့်, ဟန်မျိုးနွယ်စု သည် မြို့ထဲမှာ အကြီးဆုံး မျိုးနွယ်စုဖြစ်သည်။

ထိုမြို့ငယ်လေးတွင် ဟန်မျိုးနွယ်စုသည် အထက်ကောင်းကင်ဘုံ ဖြစ်ပြီး၊ အမြို့ငယ်လေး မှာရှိသည့် လူတိုင်း၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ထိန်းချုပ်ထားသည်။ ဤမြို့ငယ်လေးတွင် ဟန်မျိုးနွယ်စု၏ တပည့်တွေသာ ကျင့်ကြံနိုင်ကြသည်။

ထို့ကြောင့် သာမန်နေထိုင်သူများ၏အမြင်တွင် ဟန်မျိုးနွယ်စု၏ အဆင့်အတန်းသည် မြင့်မားလှသည်။ အစေခံဖြစ်လျှင်ပင် ၎င်းတို့၏ အဆင့်အတန်းသည် သာမန် မြို့နေနေထိုင် သူများထက် များစွာမြင့်မားပြီး၊ အနိမ့်ဆုံးအဆင့်တွင် နေထိုင်သော သူတို့လိုသူတောင်းစား များဆိုလျှင် စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။

"သခင်အိမ်တော်ထိန်း ဖြစ်တယ်။ သူက ညီမကို သနားလို့ ထင်တယ်။ သူက ညီမကို အစေခံတစ်ယောက် ဖြစ်စေချင်တယ်လို့ ပြောခဲ့တယ်။ သူက ပြောသေးတယ်။ တကယ်လို့, ညီမအဆင်ပြေရင် နောင်မှာ အစ်ကိုအတွက် အလုပ်တစ်ခု စီစဉ်ပေးနိုင်ပြီး၊ အစ်ကို့ကို လည်း ဟန်မျိုးနွယ်ထဲမှာ အလုပ်ခွင့်ပေးမယ်တဲ့" ရွှမ်ယာက စိတ်လှုပ်ရှားစွာ ရှင်းပြသည်။

"တကယ်လား?" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ် အစ်ကို၊ နောင်မှာ ထပ်ပြီး ဒုက္ခခံစရာ မလိုတော့ဘူးပေါ့။ နောင်အနာဂတ်မှာ အစ်ကိုကို ယာယာက စောင့်ရှောက်ပေးပါ့မယ်။" ရွှမ်ယာက စိတ်လှုပ်ရှားစွာ ပြောသည်။

ရွှမ်ယာ၏ရွှင်မြူးသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ချင်ယွင်သည်လည်း ပျော်ရွှင်သည့် အပြုံးကို ဖော်ပြလိုက်သည်။

သို့သော် သူ၏ ကျိုးကြောင်းဆင်ခြင်မူအရ, ဤထဲမှာ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေရမည် ဟု ပြောနေခဲ့သည်။

သို့သော်၊ ဤအကြောင်းပြချက်သည် ရွှမ်ဟန်၏မှတ်ဉာဏ်များထဲမှ မဟုတ်ဘဲ တကယ့် ချင်ယွင်ထံမှ လာခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် ရွှမ်ဟန်သည် အသက်ဆယ့်လေးနှစ်သာ ရှိသေးသည်။ ချင်ယွင်သည် အစပိုင်းတွင် ရွှမ်ဟန်ထံမှ သံသယအရိပ်အယောင်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သော် လည်း တစ်လလျှင် ငွေတုံးနှစ်တုံးဆိုသည့် သွေးဆောင်မှုကြောင့် ထိုသံသယသည် လျင်မြန်စွာ ဖုံးကွယ်သွားခဲ့သည်။ ထို့အပြင်၊ သူ့အသက်ဆယ့်လေးနှစ် အရွယ်ရှိ ကောင်လေးတစ်ယောက်၏ စိတ်နေစိတ်ထားဖြင့် ၎င်းတို့အတွင်း၌ မည်သို့သော ဆိုးယုတ်မှုမျိုး ရှိနေသည်ကို အမှန်တကယ်ပင် စိတ်မကူးနိုင်ပေ။

ချင်ယွင် သိသော်လည်း၊ သူ တားဆီးနိုင်တာ ဘာမှမရှိပေ။ အဘယ့်ကြောင့်သော် ယခုအချိန်တွင်, သူသည် ရွှမ်ဟန်၏မှတ်ဉာဏ်များတွင် နေထိုင်နေသောကြောင့် ဖြစ်ပါသည်။ အရာအားလုံးသည် သတ်မှတ်ထားပြီးသား ဖြစ်ပြီး၊ သူ လုံးဝ မပြောင်းလဲနိုင် ပါဘူး။

သူသည် ရွှမ်ယာနှင့်ပတ်သက်ပြီး သူမမျှော်လင့်ထားသော အရာများ ဖြစ်မလာရန်သာ မျှော်လင့်နိုင်ခဲ့ပါသည်။ နောက်ဆုံးတွင်၊ သူသည် ရွှမ်ယာကို သူ့ညီမကဲ့သို့ နှလုံးသား အောက်ခြေမှ ဆက်ဆံခဲ့ပြီး ဖြစ်သည်။

...

ထို့နောက် ချင်ယွင်သည် ရွှမ်ဟန်၏မှတ်ဉာဏ်များနောက်သို့ လိုက်ပါကာ ဤကျဉ်းမြောင်း သော အိမ်လေးတွင် နေထိုင်ခဲ့သည်။

ရွှမ်ယာသည် တစ်လတစ်ကြိမ် ပြန်လာလေ့ရှိပြီး သူမပြန်လာတိုင်း ချင်ယွင်ကို ငွေတုံး နှစ်တုံး ပေးသည်။

ချင်ယွင်သည် တစ်လလျှင် ငွေတုံးတစ်လုံးကိုသာ သုံးစွဲမည်ဖြစ်ပြီး၊ ကျန်တစ်တုံးကို ရွှမ်ယာ အား အခြားမိသားစုတစ်ခုဆီ ပေးအပ်ရသောအခါ ခန်းဝင်ပစ္စည်းအဖြစ် အသုံးပြုရန် သိမ်းဆည်းထားမည်ဟု ပြောခဲ့သည်။

ဒီလိုနှင့်၊ အချိန်နှစ်နှစ်တာသည် မျက်စိမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤနှစ်နှစ်အတွင်းတွင် ရွှမ်ယာပြန်လာသည့် အကြိမ်အရေအတွက်သည် အစပိုင်းတွင် တစ်လတစ်ကြိမ်မှ နှစ်လတစ်ကြိမ်၊ အဆုံးတွင် သုံးလေးလတစ်ကြိမ်အထိ လျော့နည်းသွား ခဲ့သည်။

ထို့အပြင် ရွှမ်ယာပြန်ရောက်သောအခါ သူမ၏ အပြုံးသည် သိသိသာသာ လက်တွေ့ မဆန်တော့ဘဲ သူမမျက်နှာပေါ်ရှိ အပြုံးသည် လုံးဝ ဟန်ဆောင်အပြုံး ဖြစ်နေခဲ့သည်။

ရွှမ်ဟန်သည် ဤအရာများကို မပြောနိုင်သော်လည်း အတွေ့အကြုံများစွာ ရှိခဲ့သော ချင်ယွင်သည် သဘာဝအတိုင်း ပြောနိုင်သည်။ သို့သော် သူသည် အကူအညီမဲ့နေခဲ့သည်။ ရွှမ်ယာသည် အခက်အခဲတွေ စတင်ရင်ဆိုင်နေပြီဆိုသည်ကို သူသိသော်လည်း၊ သူမ အစ်ကိုဖြစ်သူကို မသိစေချင်သောကြောင့်, သူမသည် သူမအစ်ကိုဖြစ်သူရှေ့မှာ အေးဆေး တည်ငြိမ်စွာ ဟန်ဆောင်ခဲ့ပါသည်။

ထို့နောက်တွင်, ရွှမ်ယာသည် တစ်နှစ်ခွဲကြာသည်အထိ ပြန်မလာသေးပေ။ ရွှမ်ဟန်၏ စိတ်သည် ရိုးရှင်းသော်လည်း အချိန်အတော်ကြာပြီးနောက် တစ်ခုခုမှားနေပြီဟု သူ ခံစားမိဆဲဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ညီမကိုရှာရန် ဟန်အိမ်တော်ဆီသို့ သွားခဲ့သည်။

အရင်တုန်းက, သူသည် ရွှမ်ယာကို ရှာဖွေရန် ဟန်အိမ်တော်ကို မသွားခဲ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော်, ရွှမ်ယာက ရွှမ်ဟန်ကို မသွားခိုင်းသောကြောင့် ဖြစ်ပါသည်။ သူမက ဟန်အိမ်တော်သည် ကျွန်များနှင့်ပတ်သက်လျှင်, တင်းကြပ်ပြီး, အကယ်၍, သူမကို သွားရှာရင် သူမ အပြစ်ပေးခံရလိမ့်မည်ဟု ဆိုသည်။

ထို့ကြောင့် ရွှမ်ဟန်သည် ဟန်အိမ်တော်ကို မသွားဝံ့ဘဲ ဟန်အိမ်တော်၏ မီတာတစ်ရာ အတွင်း ခြေတစ်လှမ်းမှ တစ်ဝက်တောင် မလှမ်းဝံ့ခဲ့ပေ။ သူ့ထွက်ပေါ်လာမူကြောင့် သူ့ညီမ အပြစ်ပေးခံရမှာကို အလွန်ကြောက်နေမိသည်။

သို့သော် ယခုတစ်ကြိမ်တွင် သူ့ညီမ ပြန်မလာသည်မှာ တစ်နှစ်ခွဲရှိပြီဖြစ်သောကြောင့် ဟန်အိမ်တော်သို့ လိုက်ရှာရန် သတ္တိကို စုဆောင်းခဲ့သည်။

ရလာဒ်အနေဖြင့် တံခါးဝသို့ပင် မဝင်မီတွင် သူသည် ဆွဲထုတ်ခံရကြောင်း သဘာဝကျကျ တွေးကြည့်နိုင်ပါသည်။

နောက်ပိုင်း လမ်းသွားလမ်းလာများသည် သူ့ကို သနားပြီး၊ တံခါးနားမှာ စောင့်နေရန် ပြောခဲ့သည်။ ညနေတိုင်း၊ ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးသည် ဤနေရာမှ ထွက်လာ ပြီး အနီရောင်ယစ်မူး အဆောက်အဦးဆီသို့ ဦးတည်သွားတတ်သည်။ ထိုအချိန်တွင် သူသည် ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးကို တားဆီးပြီး မေးမြန်းကြည့်သရွေ့ သူ လိုချင်သောအဖြေကို ရရှိနိုင်လိမ့်မည်။

ရွှမ်ဟန်သည် လမ်းသွားလမ်းလာ၏ စကားကိုကြားပြီးနောက် သူတို့ ပြောသည့်အတိုင်း လုပ်လိုက်သည်။ သူသည် ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးကို ညနေပိုင်းတွင် အမှန်တကယ် တားဆီးခဲ့သည်။

"ဒုတိယသခင်လေး၊ ကျွန်တော့်ညီမ သခင်လေးရဲ့အိမ်ကြီးမှာ အစေအပါးအဖြစ် လုပ်ကိုင် နေတယ်။ ကျွန်တော့်ညီမကို တွေ့ခွင့်ပေးနိုင်မလား၊ ကျွန်တော်တို့ မတွေ့ကြတာ တစ်နှစ်ခွဲ ရှိပြီ။" ရွှမ်ဟန်သည် ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေး၏ခြေရင်း၌ ဒူးထောက်ကာ ရိုးရိုးသားသား ပြောသည်။

ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးသည် ဒီနေ့ စိတ်ကောင်းဝင်နေပုံရပြီး၊ သူက ရွှမ်ဟန်ကို ကြည့်ပြီး ပြောလိုက်သည် "အိုး၊ မင်းညီမနာမည် ဘယ်လိုခေါ်လဲ?"

"သူ့နာမည်က ရွှမ်ယာ၊ သူမရဲ့ နာမည်ပြောင်က ယာယာပါ!" ရွှမ်ဟန်က ကမန်းကတန်း ပြောလိုက်သည်။

"သူမလား!" ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွား သည်။ "မင်းညီမလေးက တကယ်ကို ကြည့်ကောင်းပြီး၊ ရုပ်ရည်လည်း ချောမောတယ်။ သူက ငါ့ကို တစ်နှစ်လောက် ပြုစုခဲ့တယ်။ ကျွတ်..၊ ကျွတ်.. ငါက များသောအားဖြင့် မိန်းမတွေကို တစ်လနှစ်လလောက်ဆို ငြီးငွေ့သွားတယ်။ မင်းညီမက ငါ့ကို တစ်နှစ်လောက် စိတ်ဝင်စားအောင် လုပ်နိုင်တာ တကယ်ကို မလွယ်ဘူး။"

ရွှမ်ဟန်သည် မိုးခြိမ်းသလို ခံစားလိုက်ရသည်။

ဘာလဲ?

တစ်နှစ်တာ ပြုစုခဲ့တာလား။

သူ ဘယ်လောက်ပင် မိုက်မဲနေပါစေ ထိုပြုစုခြင်း၏ အဓိပ္ပါယ်ကိုတော့ သူ သိပါသည်။ တစ်နည်းဆိုရသော် သူ့ညီမသည် ဤဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေး၏ ရှေ့မှောက် တွင် ကစားစရာအဖြစ် အသုံးတော်ခံနေရသည်ကို သူ လုံးဝ မသိခဲ့ပေ။

ရွှမ်ဟန်သည် သူ့လက်သည်းများ အသားထဲစိမ့်ဝင်သွားပြီး သွေးများ စီးကျလာသည်အထိ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။

သူ့မျက်လုံးများက နီမြန်းလာပြီး သူ့နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသများ ထွက်ပေါ် လာသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး စိတ်နှလုံးက နာကျင်နေမိသည်။ သူသည် ရွှမ်ယာက ဟန်အိမ်တော်သို့ အိမ်အကူလုပ်ရန် သွားမည့်အကြောင်းကို ပြောခဲ့စဉ်က မတားမြစ်မိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း လုံးဝမသိဘဲ ဖြစ်နေသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။

ချင်ယွင်လည်း ရွှမ်ဟန်၏ ခံစားချက်တွေကို အလားတူ ခံစားခဲ့ရပါသည်။ ထို့အပြင် သူ့ရင်ထဲတွင် ရွှမ်ယာနှင့်ပတ်သက်ပြီး နာကျင်ခံစားရသည့် ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ ခံစားချက်နှစ်ခုက အပြန်အလှန် ရောယှက်နေပြီး ချင်ယွင် သည်းခံရ သည့် ဒေါသနှင့် စိတ်နှလုံးကြေကွဲမူက ရွှမ်ဟန်ထက်ပင် ကြီးမားသည်။

"အခု ငါ့ညီမ ဘယ်လိုလဲ" ရွှမ်ဟန်သည် သူ့သွားများကြားမှ စကားတစ်ခွန်းကို ညှစ်ထုတ် မေးလိုက်သည်။

"သူမ သေပြီ။ မင်း နောက်ကျသွားပြီ။ လွန်ခဲ့တဲ့တစ်လလောက်က ငါ သူမကို ဧည့်သည်တစ်ယောက်နဲ့ လိုက်သွားဖို့ တောင်းဆိုခဲ့တယ်။ သူမက ငြင်းဆန်ခဲ့တော့, အဲဒီဧည့်သည်က သေတဲ့အထိ ရိုက်ပစ်လိုက်တယ်။ ရိုးရိုးသားသားပြောရရင် ငါလည်း သူမနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေတုန်းပဲ။ အခု မင်းညီမဟာ ငါမြင်ဖူးသမျှထဲမှာ အလှပဆုံး အမျိုးသမီးပဲ" ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးက လှောင်ပြောင် ပြောလိုက် ပြီး ရွှီဟန်ကို ကျော်ဖြတ်ဖို့ ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ရွှီဟန်သည် လုံးဝ မှိန်းမောသွားခဲ့သည်။ ဟန်မျိုးနွယ်စု၏ ဒုတိယ သခင်လေး၏ စကားများတွေက သူ့စိတ်ထဲတွင် အဆက်မပြတ် ကြားယောင်နေခဲ့သည်။ ပြင်းထန်သော အမျက်ဒေါသက သူ့နှလုံးသားထဲသို့ တိုးဝင်လာပြီး သူ့မျက်လုံးများကို ချက်ချင်း နီမြန်းသွားစေသည်။

ရွှမ်ဟန်သည် အရူးတစ်ယောက်ကဲ့သို့ ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေးဆီသို့ ပြေးသွားခဲ့ သည်။ သို့သော် သူသည် ကျင့်ကြံခြင်းအခြေခံ လုံးဝ မရှိသူတစ်ဦး ဖြစ်သည်။ သူ့ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း?။ ပြောစရာပင် မလိုပါချေ။ ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေး မှာလည်း သူ့ဘေးမှာ အစောင့်တွေ ရှိနေပါသည်။

ထို့ကြောင့် ရွှမ်ဟန်သည် ဟန်မျိုးနွယ်စု၏ ဒုတိယသခင်လေး၏ အဝတ်ထောင့်စွန်းကိုပင် မထိနိုင်ဘဲ အစောင့်များကြောင့် လွင့်ထွက်သွားခဲ့သည်။ သူက သွေးအန်ပြီး မူးမေ့သွားခဲ့ သည်။

All Chapters