အခန်း ၁၄၇၂
Vol. 99 Ch. 1472
အခန်း (၁၄၇၂) ရွှီဟန်၏ဘဝ
ဟန်မြို့အပြင်ဘက် ချင်းလန်တောင်ပေါ်တွင်, ရွှမ်ဟန်သည် ဖရိုဖရဲဖြစ်နေသော ချင်းလန် တောင်၏ အုတ်ဂူရှေ့တွင် မှုန်မှိုင်းသော အမူအရာဖြင့် ဒူးထောက်လိုက်သည်။
သူသည် ဤနေရာတွင် ဒူးထောက်နေသည်မှာ သုံးနာရီလောက် ရှိသွားခဲ့ပြီ။ ဟန်မြို့ လမ်းတွေမှာ လှုပ်ရှားသက်ဝင်လာပြီးနောက်, သူသည် ဟန်မိသားစု၏ အလောင်းတွေကို စွန့်ပစ်ခဲ့သည့်နေရာကို မြို့သူမြို့သားတွေဆီမှ သိခဲ့ရသည်။
ပုံမှန်အတိုင်း၊ ဟန်မိသားစုသည် သူတို့၏သေဆုံးနေသော ကျွန်များနှင့် အိမ်ဖော်များကို ဤရှုပ်ထွေးသော သင်္ချိုင်းထဲသို့ ပစ်ချလေ့ရှိသည်။
ရွှမ်ဟန်သည် ဤနေရာကို ရောက်သည့်အခါ ကောင်းကင်ယံမှာ မိုးသည်းထန်စွာ ရွာသွန်းနေသည်။ သို့သော်လည်း သူက လျစ်လျူရှုပြီး ရှုပ်ထွေးနေသော ဤသင်္ချိုင်းတွင် ရွှမ်ယာ၏အလောင်းကို ရှာဖွေနေခဲ့သည်။
သို့သော်, အချိန်က တစ်လကျော်သွားခဲ့ပြီ။ ဤနေရာ၌ အလောင်းများကို တောရိုင်း တိရစ္ဆာန်များက စားသောက်ခဲ့သည်မှာ ကြာမြင့်ပါပြီ။ ရှုပ်ထွေးနေသော ဤသင်္ချိုင်းတွင် အဖြူရောင် အရိုးစုပုံတွေမျှသာ ရှိပါတော့သည်။
သို့သော်လည်း ရွှမ်ဟန်သည် မြေတွင်းတစ်ခုထဲမှ လက်ကောက်တစ်ကွင်းကို တွေ့ရှိခဲ့ရပါ သေးသည်။ ထိုလက်ကောက်သည် သူတို့မောင်နှမနှစ်ယောက်အတွက် သူ့မိခင် ချန်ထား ပေးခဲ့သောအရာ ဖြစ်သည်။ သူတို့နှစ်ယောက်စီမှာ လက်ကောက်တစ်ကွင်းစီ ရှိကြသည်။
ရွှမ်ဟန်သည် လက်ကောက်ကို ကောက်ကိုင်လိုက်ပြီး ရှုပ်ပွနေသော အုတ်ဂူမှာ ဒူးထောက် ကာ ငိုကြွေးနေလေရဲ့။ သူ၏ယခင်ပြင်းထန်သော ဒဏ်ရာများမှာ မျက်ရည်များ၊ မိုးရေများနှင့် သွေးများပါ ရောထွေးနေပြီး ရွှမ်ဟန်၏ခန္ဓာကိုယ်သည် သားငါးအနံ့ကဲ့သို့ ဖြစ်နေကာ စိတ်ပျက်အားငယ်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်၏စိတ်ဝိညာဉ်သည် ရွှမ်ဟန်၏ ခန္ဓာကိုယ်အတွင်း၌ ပိတ်မိနေပြီး ရွှမ်ဟန်၏ နာကျင်မှုကို သူ ခံစားရသည်။ ထိုဝမ်းနည်းဖွယ် စိတ်ခံစားမှုသည် သူ၏ တန်ခိုးကြီးသော စိတ်ဝိညာဉ်ပင် ပြိုလဲသွားသည့် အရိပ်အယောင်ကို ပြသခဲ့သည်။ (ပြိုလဲဟူသည်မှာ ပျက်ဆီးသွားခြင်း မဟုတ်ဘဲ၊ စိတ်မခိုင်ခြင်းကို ရည်ညွှန်းဟန်တူပါသည်။)
ဤအခိုက်အတန့်တွင် ချင်ယွင်သည် မစောင့်နိုင်တော့ဘဲ မတ်တပ်ရပ်ကာ ရွှမ်ဟန်ကို ပါးရိုက်ပစ်ချင်မိသည်။ သို့သော် ၎င်းနှင့်ပတ်သက်ပြီး သူ ဘာမှမလုပ်နိုင်ခဲ့ပါ။ သူ လုပ်နိုင်သမျှကတော့ ရွှမ်ဟန်၏နာကျင်မှု အားလုံးကို တိတ်တဆိတ် ခံနိုင်ရည်ရှိအောင် ကြိုးစားရန်ပင် ဖြစ်ပါသည်။ ထိုမှသာ, သူသည် ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းပြီး ထိုနာကျင်မှုထဲ ပျောက်ကွယ်မသွားအောင် ထိန်းထားနိုင်ပါလိမ့်မည်။
ချင်ယွင်သည် ရွှမ်ဟန်၏နာကျင်ထဲ အမှန်တကယ် ပျောက်ဆုံးသွားသည်နှင့်, သူသည် ထိုရွှမ်ဟန်၏ မှတ်ဉာဏ်ထဲတွင် ပိတ်မိနေပြီး ဘယ်သောအခါမှ ပြန်ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။ သူ့စိတ်ဝိညာဉ်သည် ရွှမ်ဟန်၏မှတ်ဉာဏ်များနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပေလိမ့်မည်။
ထိုအချိန်တွင် သူသည်လည်း ရွှမ်ဟန်ဖြစ်လာမည် ဖြစ်သည်။
"စိတ်အေးအေးထားပါ၊ စိတ်အေးအေးထားပါ" ချင်ယွင်သည် စိတ်နှလုံးထဲတွင် တိတ်တဆိတ် ရေရွတ်ကာ ဝမ်းနည်းပူဆွေးသော စိတ်ခံစားချက်ကို မျိုမချမိအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။
ရွှမ်ဟန်သည် ဤကဲ့သို့ ဖရိုဖရဲဖြစ်နေသော အုတ်ဂူရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းနေရင်း သူ့ကိုယ်ပေါ်သို့ သွန်းလောင်းခွင့် ပြုထားသည်။
ထိုညသည် မူလကတည်းက အေးစက်နေပြီး မိုးရွာသွန်းမှုနှင့်အတူ ရွှမ်ဟန်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။ သို့သော်လည်း သူသည် ထွက်ခွာသွားရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူ့နှလုံးသားသည် အပြင်ဘက်မှ အေးစိမ့်ခြင်းထက်ပင် အေးစက်နေ၏။
ချင်ယွင်သည် ဤအရာအားလုံးကို တိတ်တဆိတ် သည်းခံနေခဲ့သည်။ ဤအရာအားလုံးက သူ့အတွက် အဆုံးမဲ့ ဒုက္ခတွေချည်း ဖြစ်နေသည်။
ထိုကဲ့သို့ပင်၊ ရွှမ်ဟန်သည် မိုးလင်းသည်အထိ ဒူးထောက်နေခဲ့ပြီး မိုးက စဲသွားခဲ့ပြီ။
ရွှမ်ဟန်၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည်အလင်းက လင်းလက်နေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို လင်းထိန်သွားစေသည်။ အထူးသဖြင့် သူ့ဆံပင်တွေပေါ် လင်းထိန်း သွားသည့်အခါ ဆံပင်တွေက တောက်ပြောင်စွာ ထွက်ပေါ်လာခဲ့သည်။
ရွှမ်ဟန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ဆံပင်များကို ကြည့်လိုက်သည်။ ထိုအချိန်မှပင် သူ့ဆံပင်စွန်းများ လုံးဝ ဖြူသွားပြီဖြစ်ကြောင်းကို သူ သဘောပေါက်ခဲ့သည်။
လူငယ်တစ်ဦး၏ ဦးခေါင်းသည် တစ်ညအတွင်း လုံးဝ ဖြူသွားခဲ့သည်။
ချင်ယွင်လည်း အလွန်အံ့သြသွားသည်။
သူသည် ငယ်စဉ်အခါက သစ္စာဖောက်ခြင်းကို တွေ့ကြုံခဲ့ရပြီး သူ့ဖခင်က သူ့ကို သေမျိုး ကမ္ဘာသို့ ပစ်ချခဲ့ကာ၊ သူ့မှတ်ဉာဏ်များကို ခြောက်နှစ်ကြာအောင် စည်းတံဆိပ်ခတ်ထားခဲ့ သည်။ မူလက သူသည် အတော်လေး စိတ်ဆင်းရဲဖွယ် ဖြစ်ခဲ့ရပြီ ထင်နေခဲ့သည်။
သို့သော် အခုအချိန်မှာတော့ ရွှမ်ဟန်သည် သူ့ထက်ပင် ပို၍နာကျင်နေသည်ကို သိလိုက်ရ လျှင်, သူ့ညီမငယ်ကို ဆုံးရှုံးလိုက်ရသဖြင့် သူ့ကိုယ်သူ အပြစ်တင်ပြီး သူ့ဘဝတစ်ခုလုံးကို ယခုလိုပုံစံမျိုးဖြင့် တစ်သက်လုံး လုံးလုံးလျားလျား ဖြတ်သန်းသွားရတော့မည်။
မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် အပြစ်ပေးခြင်းမျိုးသည် မူလအမုန်းတရားထက် ပိုနာကျင်စေပါသည်။
ရွှမ်ဟန်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ့အကြည့်များက အနှိုင်းမဲ့ အေးစက် တင်းမာလာသည်။
ချင်ယွင်သည် ရွှမ်ဟန် တွေးနေသည့် စိတ်နှလုံးကို ခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် ရွှမ်ဟန်၏နှလုံးသားထဲတွင် အတွေးတစ်ခုသာရှိတော့သည်... လက်စားချေခြင်း!
ဟန်မိသားစု၏ အိမ်တော်ထိန်းသည် သေရမည်။ ဟန်မိသားစု၏ ဒုတိယသခင်လေးလည်း သေရမည်။ ထိုဧည့်သည်လည်း သေရပေမည်။ ရွှမ်ယာကို ထိခိုက်စေသည့် လူတိုင်း သေရမည်။
သို့သော် သူသည် လက်စားချေလိုလျှင် ပို၍ကြီးမားသော ခွန်အားကို ရယူရမည် ဖြစ်သည်။
ချင်ယွင်သည် ရွှမ်ဟန်ကို ကျင့်ကြံနိုင်ရန် သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ပေးနိုင်ရန် ဆန္ဒရှိသော်လည်း ရွှမ်ဟန်၏ ခန္ဓာကိုယ်သည် သူ့ဆန္ဒအတိုင်း လုံးဝ သက်ရောက်မူ မရှိပေ။
ရွှမ်ဟန်သည် ချင်းလန်တောင်မှ ထွက်သွားသော်လည်း ဟန်မြို့သို့ မပြန်ခဲ့ပေ။ ယင်းအစား သူသည် အဝေးက ကျောက်စိမ်းဓားဂိုဏ်းဆီ ဦးတည်သွားခဲ့သည်။
အခုအချိန်မှာ, သူသည် အကယ်၍, စွမ်းအားကို ပိုင်ဆိုင်ချင်သည်ဆိုလျှင်, ကျင့်ကြံခြင်း စနစ်တွေကို သူ ရယူရမည်ဖြစ်သည်။ သို့သော်လည်း ဟန်မျိုးနွယ်စုတစ်ခုတည်းသာ ဟန်မျိုးနွယ်စုမြို့တွင် ကျင့်ကြံခြင်း နည်းစနစ်များ ရှိပြီး ၎င်းတို့သည် မည်သည့်အခါမှ အပြင်သို့ ပြန့်ပွားစေခြင်း မရှိပေ။ ထို့ကြောင့် ရွှမ်ဟန်သည် ဟန်မျိုးနွယ်စုမြို့သို့ ပြန်သွား လျှင်ပင် ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိနိုင်မည် မဟုတ်ပေ။ ဟန်မျိုးနွယ်စုက သူ့ကို သတ်ပစ်ဖို့ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် အနီးနားရှိ ကျောက်စိမ်းဓားဂိုဏ်းသို့ ခရီးရှည်ထွက်ခွာရန် ရွေးချယ်ခဲ့ သည်။
ကျောက်စိမ်းဓားဂိုဏ်းသည် ဟန်မျိုးနွယ်စုမြို့မှ မိုင်ရာဂဏန်းမျှသာ ဝေးသော်လည်း ရွှမ်ဟန်သည် ငါးရက်နီးပါး လမ်းလျှောက်ခဲ့သည်။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိနေခဲ့ပြီး ဖြစ်ကာ၊ ခရီးရှည်ကြီးကြာပြီးနောက် သူ့ခန္ဓာကိုယ်က သူ့ကို လုံး၀ မထောက်ပံ့နိုင်တော့ပေ။ သို့သော် သူ့ဆန္ဒက ပြင်းထန်လွန်း သည်။ သူ့ကိုယ်တိုင် လက်စားချေနိုင်ရန်အတွက် ကျောက်စိမ်းဓားဂိုဏ်းသို့ မရောက်ရှိမီ မိုင်သုံးဆယ်ကျော် တက်လှမ်းခဲ့သည်။
သူ့ကံက မဆိုးပါဘူး။ ကျောက်စိမ်းဓားဂိုဏ်းက သူ့ကို ဝင်ခွင့်ပြုလိုက်သည်။ နောက်ဆုံးမှာ တော့ ကျောက်စိမ်းဓားဂိုဏ်းက သူ့ဆီမှာ အကြီးမြတ်ဆုံးဓားခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ သည့် အတွက် သူ့ကို ပြင်းပြင်းထန်ထန် ပြုစုပျိုးထောင်ပေးခဲ့သည်။
ရွှမ်ဟန်သည် ကလဲ့စားချေရန် အာရုံစိုက်နေသောကြောင့် သူသည် အလွန်ပင် စိုက်ထုတ်ခဲ့ သည်။ အဆုံးတွင် သူ၏ ကျင့်ကြံမှုသည် ကြီးစွာသော အောင်မြင်မှုကို ရရှိခဲ့သည်။ သူသည် လူတစ်ဦးနှင့် ဓားတစ်ချောင်းကို အသုံးပြုကာ ဟန်မြို့သို့ ပြန်သွားခဲ့ပြီး၊ ဟန်မျိုးနွယ်စု တစ်ခုလုံးကို တိုက်ရိုက် သတ်ပစ်ခဲ့သည်။ ထို့နောက် သူသည် ထိုဧည့်သည်ကို ရှာဖွေပြီး ရွှမ်ယာကိုသတ်သော ထိုဧည့်သည်ကိုလည်း သတ်ပစ်လိုက်သည်။
ထိုနောက်မှာတော့ ရွှမ်ဟန်သည် နောက်ထပ် ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပြီး, နောက်ဆုံးမှာ ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ကာ အင်မော်တယ်ကမ္ဘာအထိ တက်လှမ်းနိုင်ခဲ့ သည်။
သူသည် အင်မော်တယ်ကမ္ဘာတွင် နောက်ထပ် ရှည်လျားသော ကျင့်ကြံခြင်းကာလကြီးကို ဖြတ်သန်းခဲ့သည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားကမ္ဘာသို့ တက်လှမ်းနိုင်ရန် နှစ်ရာနှင့်ချီပြီး အချိန်ယူခဲ့ရသည်။
ရွှမ်ဟန်၏ ကျင့်ကြံမှုလမ်းကြောင်းကို ပံ့ပိုးပေးသည့် သူ့ယုံကြည်ချက်မှာ, သူသည် အထွက်အထိပ် နယ်ပယ်သို့ ရောက်ရှိပြီး သူ့ညီမရွှမ်ယာကို ပြန်လည်ရှင်သန် ထမြောက် စေရန် ဖြစ်သည်။
သူ၏ခံယူချက်သည်လည်း ချင်ယွင်၏ခံယူချက်နှင့် အတူတူပင် ဖြစ်သည်။ ရွှမ်ဟန်သည် အထွက်အထိပ်နယ်ပယ်သို့ ရောက်ရှိပြီး နောက်ဆုံးတွင် သူ့ညီမကို ပြန်လည် အသက်သွင်း နိုင်မည်လားဆိုသည်ကို သူ သိချင်နေမိသည်။
နတ်ဘုရားကမ္ဘာတွင် နောက်ထပ် နှစ်ပေါင်း ၅၀၀၀ ကြာပြီးနောက်၊ ရွှမ်ဟန်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့သည်။
ယခုအချိန်တွင်၊ သူသည် အနှိုင်းမဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်ကာ၊ ဘိုးဘေးနတ်ဘုရားတစ်ပါးပင်လျှင် သူ၏ဓားအောက်တွင် သေဆုံးသွားခဲ့ရသည်။
ချင်ယွင်သည် ရွှမ်ဟန်တိုက်ခိုက်နေချိန်မှာ ရွှမ်ဟန်၏ စိတ်ဓာတ်အပါအဝင် ဤအရာ အားလုံးကို အပြည့်အဝ ခံစားခဲ့ရသည်။ သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မှတ်ဉာဏ်များ နှင့် ပတ်သက်၍မူ ပြောစရာပင် မလိုတော့ပါချေ။
သို့သော် ထိုဘိုးဘေးနတ်ဘုရား မသေဆုံးခင်မှာ, သူသည် ရွှမ်ဟန်ကို လုံးဝ ပြိုလဲသွားစေ မည့် တစ်စုံတစ်ခုကိုလည်း ပြောသွားခဲ့သည်။ ယင်းကတော့ ပြီးပြည့်စုံခြင်း ဘိုးဘေး နတ်ဘုရားအဆင့်သည်ပင် သေနေသည့်လူတစ်ယောက်ကို ပြန်လည်ရှင်သန်အောင် မစွမ်းဆောင်နိုင်ဟူ၍ ဖြစ်သည်။ ထိုဘိုးဘေးနတ်ဘုရားသည် သူ့ကို ထိုစိတ်နှလုံးဖြင့် သေဆုံးစေလိုသည့်အတွက် ရွှမ်ဟန်ကို ပြောပြခဲ့ခြင်း ဖြစ်ပါသည်။
ထိုနောက်မှာတော့ ရွှမ်ဟန်သည် သူ့တာအိုနှလုံးသား အပြင်းအထန် ထိခိုက်သွားခဲ့သည်။ ထို့ကြောင့် သူ့ကျင့်ကြံမှုအခြေခံက ရပ်တန့်သွားပါသည်။
ချင်ယွင်သည် ရွှမ်ဟန်၏ စိတ်ရှုပ်ထွေးမှုနှင့် စိတ်ပျက်အားငယ်မှုကို ခံစားနိုင်သည်။ သူ့ညီမကို ပြန်လည်ရှင်သန်ထမြောက်နိုင်ရန် နည်းလမ်းအားလုံးကို အသုံးပြုပြီး၊ ကျင့်ကြံခဲ့သော်လည်း ယခုအခါ, ပြီးပြည့်စုံခြင်း ဘိုးဘေးနတ်ဘုရားအဆင်မှာပင် ထိုသို့ မလုပ်ဆောင်နိုင်ကြောင်း ပြောလာခဲ့သည်။
ထိုအချိန်မှစပြီး တွန်းလှန်၍မရနိုင်သော ရွှမ်ဟန်၏ တာအိုနှလုံးသားသည် ပြိုလဲသွားခဲ့ သည်။ သူ၏ကျင့်ကြံမှု ရပ်တန့်သွားရုံသာမကဘဲ သူသည် နောက်သို့ပင် ပြန်ဆုတ်သွားခဲ့ သည်။ နောက်ပိုင်းအဆင့်များတွင် သူ့စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ပျက်သုဉ်းသွား မည့် လက္ခဏာများပင် ရှိလာခဲ့သည်။
ဤအရာအားလုံးကို ချင်ယွင် ခံစားလိုက်ရသောအခါတွင်၊ သူသည် ရွှမ်ဟန်အတွက် စိုးရိမ်ပြီး ရွှမ်ဟန်အတွက် အကူအညီမဲ့မူကို ခံစားခဲ့ရသည်။
သို့သော် ချင်ယွင်သည် စိတ်ရှုပ်ထွေးမှု မရှိခဲ့ပေ။ အကယ်၍, သူသာ ကနဦးစကြဝဠာကို မပိုင်ဆိုင်နိုင်ခဲ့ပါက၊ သူသည် ရွှမ်ဟန်နောက်သို့ လိုက်ပါသွားကာ လုံးဝ စိတ်ရှုပ်ထွေးသွား မည် ဖြစ်သည်။
သူတို့ ပြန်လည်ရှင်သန် ထမြောက်ချင်သည့်လူတွေကိုတောင် ပြန်လည်ရှင်သန် ထမြောက်နိုင်စွမ်း မရှိဘူးလား။ ထိုသို့ဆိုလျှင်, သူတို့အနေဖြင့် အတိအကျ ဘာအတွက် ကျင့်ကြံနေကြသနည်း?။
သို့သော်၊ ချင်ယွင်သည် ဘိုးဘွားနတ်ဘုရားနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်သည် အထွတ်အထိပ်သို့ မရောက်ရှိသေးကြောင်းကို သူ နားလည်သောကြောင့် ချင်ယွင်အနေ ဖြင့် အမြင်ကွဲပြားပါသည်။ ဘိုးဘေးနတ်ဘုရားနယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်သည် တစ်စုံတစ်ရာကိုမှ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့်၊ ရွှမ်ဟန်၏ စိတ်ရှုပ်ထွေးမှုသည် ယခုအချိန်တွင် ချင်ယွင်ကို မထိခိုက်စေနိုင်ခဲ့ပေ။
ဒီလိုနှင့် အချိန်တွေက အလျင်မြန် ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်၏ အသက်သည် နှစ် ၁၀၀၀၀ အထိ ရောက်ရှိလာခဲ့ပြီး သူသည်လည်း ဤစမ်းသပ်မှုမှ ထွက်ခွာသွားတော့မည် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်တော့ မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်သွားခဲ့ပါ သည်။