အခန်း ၁၄၇၃
Vol. 99 Ch. 1473
အခန်း (၁၄၇၃) လေဟာနယ်နှင့်အချိန်ကို ဖြတ်သန်း၍ စကားပြောဆိုခြင်း။
ကောင်းကင်ဘုံအမှတ်အသားများတောင်တန်း၊ ကောင်းကင်ဘုံအမှတ်အသား ချောက်နက် ကြီး။
ရွှမ်ဟန်သည် ချောက်ကမ်းပါးအစွန်းတွင် ရပ်နေကာ ပြင်းထန်သော လေပြင်းတွေက သူ့မျက်နှာကို တဟူးဟူး တိုက်ခတ်နေပြီး သူ့ဝတ်ရုံတွေက တဖျပ်ဖျပ် ခတ်နေသည်။
ပြင်းထန်သော လေပြင်းများသည် သူ့ခန္ဓာကိုယ်ကို ဓားတစ်ချောင်းကဲ့သို့ တိုက်ခတ်နေ သည်။
သို့သော်လည်း ယခုအချိန်တွင် ထို ဝိညာဉ်လေပြင်းများသည် ရွှမ်ဟန်အပေါ် လုံးဝ မသက်ရောက်ခဲ့ပေ။ ဝိညာဉ်လေပြင်းများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်နေသော် လည်း၊ သူသည် မထူးခြားသလို ရပ်နေခဲ့သည်။
အနှစ်တစ်သောင်း အချိန်ကုန်လွန်ခဲ့ပြီ။ ချင်ယွင်သည် ရွှမ်ဟန်၏ ခန္ဓာကိုယ်တွင် အမြဲ နေထိုင်ခဲ့သည်။ သူသည် ရွှမ်ဟန်၏ မှတ်ဉာဏ်များအားလုံးကို ခံစားခဲ့ရပြီး ရွှမ်ဟန် ကြုံတွေ့ခဲ့ရသမျှကို ခံစားခဲ့ရသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ရွှမ်ဟန်၏မှတ်ဉာဏ်များထဲမှ ထွက်ခွာပြီး နာရီအနည်းငယ် ကြားသွားပြီ။
ယုတ္တိကျကျပြောရလျှင် ချင်ယွင်သည် အပြည့်အဝ မနိုးထသေးသောကြောင့် ရွှမ်ဟန်၏ မှတ်ဉာဏ်များနှင့် ခံစားချက်များကို ဆက်လက်ခံစားနိုင်မည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူသည် ရွှမ်ဟန်၏ခံစားချက်များကို လုံး၀ နားမလည်နိုင်ခဲ့ပေ။
"မင်း ငါ့ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာ နေထိုင်ခဲ့တာလဲ"
ချင်ယွင်သည် သက်ဝင်လှုပ်ရှားလာပြီး စိတ်ထဲ ရှုပ်ထွေးနေစဉ်မှာ အသံတစ်ခုက သူ့စိတ်ထဲ မှာ ထွက်ပေါ်လာသည်။
အသံပိုင်ရှင်မှာ ရွှမ်ဟန်ဖြစ်သည်ကို သိသောကြောင့် ချင်ယွင် အံ့အားသင့်သွားသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့မှာ မှတ်ဥာဏ်တစ်ခုပဲ ရှိနေသင့်တယ်လေ။ သူက ငါ့ဖြစ်တည်မှုကို ဘယ်လိုလုပ် ခံစားနိုင်မှာလဲ" ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွား သည်။
"ဘန်း…"
သို့သော်လည်း ချင်ယွင် အံ့သြနေစဉ်မှာ ရွှမ်ဟန်က သူ့ရင်ဘတ်သူ ရုတ်တရက် ရိုက်ချလိုက်သည်။
ချင်ယွင်သည် သူ့စိတ်ဝိညာဉ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ချက်ခြင်း ခံစားလိုက်ရပြီး၊ ပြင်းထန်လှသော ဤစွမ်းအားကြောင့် သူသည် ရွှမ်ဟန်၏ ခန္ဓာကိုယ်မှ ဆုတ်ခွာသွားခဲ့ရသည်။
ရွှမ်ဟန်က ပြန်လှည့်ပြီး ချင်ယွင်ကို အေးစက်စွာ ကြည့်နေသည်။
ချင်ယွင်လည်း ရွှမ်ဟန်ကို ထိတ်လန့်စွာကြည့်ကာ သူ့နှလုံးသားထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
"ပြောစမ်းပါဦး။ မင်း ငါ့ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာ နေထိုင်ပြီးပြီလဲ" ရွှမ်ဟန် သည် ချင်ယွင်ကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။
ချင်ယွင်သည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူက ရွှမ်ဟန်ကို ကြည့်လိုက်ပြီး ပြောသည် "မင်းအသက် ဆယ့်နှစ်နှစ်ကတည်းက, ငါ မင်းရဲ့ခန္ဓာကိုယ်ထဲ မှာ ရှိနေခဲ့တယ်။ ဆိုတော့ မင်းရဲ့စိတ်ခံစားချက်တွေ အပါအဝင် မင်းခံစားခဲ့ရသမျှကို ငါ သိတယ်"။
ရွှမ်ဟန်သည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ပြလိုက်သည်။ သေချာသည်မှာ, ချင်ယွင်၏စကားများကို သူ မယုံဝံ့ပေ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?။ မင်း ငါ့ခန္ဓာကိုယ်ထဲမှာနေတာ ဒီလောက်ကြာနေပြီ။ ငါ ဘယ်လိုလုပ် မသိရတာလဲ" ရွှမ်ဟန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လူဝင်စားခြင်း သစ်ပင်ကြောင့်ပဲ" ချင်ယွင်က ရှင်းပြသည်။
"လူဝင်စားခြင်း သစ်ပင်လား?" ရွှမ်ဟန်က အံ့ဩနေဆဲပင်။
"တကယ်တော့ ငါက အခု နှစ်ပေါင်းတစ်ဘီယံအထိ ကျင့်ကြံထားတဲ့ နတ်ဘုရားကမ္ဘာက သာမာန်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ငါက အခု ရှေးဟောင်းနယ်မြေ တစ်ခုထဲ ချိုးဖျက်ဝင်ရောက်ပြီး “သံသရာသစ်ပင်”လို့ခေါ်တဲ့ နတ်ဘုရားသစ်ပင်တစ်ပင်ကို တွေ့ခဲ့တယ်။ ဒီသစ်ပင်က သတ္တဝါထောင်ပေါင်းများစွာရဲ့ နှစ်ပေါင်း တစ်သောင်းအတွင်း အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတယ်။ သံသရာသစ်ပင်ရဲ့ စမ်းသပ်မှုကို ခံယူကြတဲ့လူတိုင်းဟာ လူဝင်စားတစ်ယောက်ကို ရွေးချယ်ကြရမှာ ဖြစ်တယ်။ ပြီးတော့ မင်းက ငါရွေးထားတဲ့ လူဝင်စားပဲ။ ဒါကြောင့် ငါက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နေထိုင်နိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက မင်း တွေ့ကြုံခံစားခဲ့ရပြီး မင်းရဲ့ ခံစားချက်အားလုံးကို ငါ ခံစားခဲ့ရတာပါ။" ချင်ယွင်က ရှင်းပြပါသည်။
တကယ်တော့ သူကြုံတွေ့သမျှ အရာအားလုံးသည် ရွှမ်ဟန်၏မှတ်ဉာဏ်တွေသာ ဖြစ်သည်ဟု သူ အမြဲထင်နေခဲ့သော်လည်း အခုတော့ ချင်ယွင်သည် သူ မှားယွင်းနေမှန်း သိသွားခဲ့ပါပြီ။
ထိုသံသရာသစ်ပင်သည် လူတစ်ယောက်၏ မှတ်ဉာဏ်များကို မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါဘူး။ သူ့စိတ်ဝိညာဉ်ကို ရွှမ်ဟန်၏ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပေါင်းစပ်လိုက်သော ကြောင့် သူ့ရှေ့မှ အရာအားလုံးသည် အတုယောင် မဟုတ်ခဲ့ပေ။ တစ်နည်းအားဖြင့် သံသရာသစ်ပင်သည် ချင်ယွင်၏စိတ်ဝိညာဉ်ကို ရွှမ်ဟန်ဆီသို့ ဖြတ်ကျော်ခွင့်ပြုပြီး အနှစ် ၁၀၀၀၀ တစ်လျှောက်လုံး သူ့နောက်ကို လိုက်ပါနေခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်ခံလူတွေကို တော့ လူဝင်စားခံသူများဟု ခေါ်သည်။
ပုံမှန်အားဖြင့်, လူဝင်စားခံကျင့်ကြံသူများသည် လူဝင်စားစမ်းသပ်မူကို ခံယူကြသည့် လူများကို ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် အကြောင်းအရာအချို့လည်း ရှိနိုင်ပါသည်။ ရွှမ်ဟန်သည် ချင်ယွင်၏ နောက်ဆုံးအခိုက်အတန့်တွင် ချင်ယွင်၏ တည်ရှိမှုကို ရှာတွေ့သွားခဲ့သည်။ ချင်ယွင်သည်လည်း ထိုအကြောင်းကို အလွန် သိချင်နေမိ သည်။
ရွှမ်ဟန်သည် ချင်ယွင်၏စကားတွေကို စဉ်စားနေသည့်အလား မျက်မှောင်ကြုတ်လိုက် သည်။ သူသည် ချင်ယွင် မည်သည့်အရာဆိုလိုသည်ကို အကြမ်းဖျင်း နားလည်ထားသည်။
သူ့ဘဝကို ချောင်းကြည့်ခံနေရသည့်အချက်က သူ့အား လက်မခံနိုင်သည့် ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားရစေသည်။
လူများသည် တခြားသူတွေကို သူတို့၏ အတွေးအမြင်တွေကို မျှဝေချင်ကြသော်လည်း, သူတို့နှင့်ပတ်သက်သမျှ အရာအားလုံးကို တခြားသူများအား ထုတ်ဖော်ပြသရန် ငြင်းဆန် ကြမည်သာ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် သူ့အဝတ်အစားများကို ချွတ်ကာ လျှို့ဝှက်ချက် တစ်စုံတစ်ရာမှ မရှိတော့ဘဲ ချင်ယွင်၏ရှေ့တွင် ရပ်နေပုံရသည်။
"မင်းကို မသတ်ဖို့အတွက် ငါ့ကို အကြောင်းပြချက် ပေးပါ" ရွှမ်ဟန်က အေးစက်စွာ ပြောသည်။ ချင်ယွင်၏ပုံရိပ် ထွက်ပေါ်လာသည့်နှင့် သူ့မျက်လုံးများတွင် ပြင်းထန်သော အေးစက်မှုတစ်ခု ပေါ်လာပြီး သူ၏လက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည် ကို ချင်ယွင် မြင်လိုက်ရသည်။
ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ ယခုအချိန်တွင်၊ သူသည် ရွှမ်ဟန်ကို ခုခံနိုင်စွမ်း မရှိသည့် နတ်ဘုရား စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုမျှသာ ဖြစ်သည်။ ရွှမ်ဟန်က သူ့ကို သတ်ချင်သည်ဆိုလျှင်, သူ့မှာ လက်တုံ့ပြန်နိုင်သည့် စွမ်းအား မရှိတော့ပါဘူး။
"မင်း မင်းညီမကို အမြဲတမ်း အသက်ပြန်ရှင်စေချင်နေတာ မဟုတ်ဘူးလား။ ငါ့မှာ နည်းလမ်းရှိတယ်" ချင်ယွင်က ပြောသည်။
မူလကတော့, ရွှမ်ဟန်သည် ချင်ယွင်က သူ့အား မည်သည့်အကြောင်းပြချက် ပေးသည် ဖြစ်စေ ချင်ယွင်၏စိတ်ဝိညာဉ်ကို သုတ်သင်ပစ်မည်ဟု စိတ်ထဲတွင် ကြိုတွေးထားပြီး ဖြစ်သည်။ ယခုမူ သူ လုံးဝ အံ့အားသင့်သွားကာ ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေမိ သည်။
"မင်း... မင်း ဘာပြောလိုက်တာလဲ။ မင်းက ငါ့ညီမကို အသက်ပြန်ရှင်အောင် လုပ်နိုင်တာ လား" ရွှမ်ဟန်က စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး သူ့နှုတ်ခမ်းတွေ တုန်ယင်နေသည် ။
"ဟုတ်တယ်၊ ငါ့မှာ နည်းလမ်းရှိတယ်။" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး။ မင်း ငါ့ကို လိမ်နေတာ။ ဘိုးဘေးနတ်ဘုရားတွေတောင် ဘာမှ လုပ်လို့မရဘူး။ မင်းက ဘယ်လိုလုပ် နိုင်မှာလဲ” ရွှမ်ဟန်က တစ်ခုခုကို တွေးနေပုံရပြီး ဒေါသတကြီး ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သူ့လက်ထဲမှ နတ်ဘုရား ဓားကို ဝှေ့ယမ်းကာ ချင်ယွင်ကို လုံးလုံးလျားလျား ဖြိုခွဲပစ်တော့မည်။
သို့သော် ချင်ယွင်က လုံးဝ မကြောက်ခဲ့ပေ။ သူက ရယ်မောနေဆဲပင်။ သူသည် ရွှမ်ဟန်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်း ၁၀၀၀၀ ကြာ နေထိုင်ပြီးနောက် ရွှမ်ဟန်၏နှလုံးသားထဲမှ အတွေးများကို ခံစားနိုင်ခဲ့သည်။ သူ့ညီမကို ကယ်တင်နိုင်သရွေ့ ရွှမ်ဟန်သည် မျှော်လင့်ချက် တစ်စက်လေးမှပင် စွန့်လွှတ်မည် မဟုတ်ပေ။
ဘန်း….။
ရွှမ်ဟန်၏ နတ်ဘုရားဓားသည် ချင်ယွင်၏ မျက်ခုံးများကြားတွင် ရပ်သွားခဲ့သည်။ နတ်ဘုရားဓားကို ကိုင်ဆောင်ထားသည့် ရွှမ်ဟန်၏လက်က တုန်နေခဲ့သည်။ အဆုံးတွင် သူသည် မခုတ်ပိုင်းခဲ့ပေ။ သူ ထိုဓားနှင့် ခုတ်ပစ်လိုက်မည်ဆိုလျှင်, သူ့ညီမကို ကယ်တင်ဖို့ မျှော်လင့်ချက် တကယ်ပျက်သုဉ်းသွားမှာကို သူ ကြောက်နေမိပါသည်။
"ငါ့ကို ပြောပါ။ ငါ့ညီမကို ငါ ဘယ်လိုကယ်တင်ရမလဲ။ မင်း ငါ့ကိုလိမ်နေတာ ရှာတွေ့ရင် မင်းကို မဆိုင်းမတွ သေချာပေါက် ချက်ချင်း သတ်ပစ်မယ်" ရွှမ်ဟန်က အေးစက်စွာ ပြောသည်။
ချင်ယွင်က ညင်သာစွာ ပြုံးပြီး ပြောသည် "အဲဒီဘိုးဘေးနတ်ဘုရားပြေတာ မှန်တယ်။ ပြီးပြည့်စုံခြင်း ဘိုးဘေးနတ်ဘုရားတွေက သေလွန်သူတွေကို အသက်ပြန်ရှင်အောင် မစွမ်းဆောင်နိုင်ပေမယ့် ဒီပြီးပြည့်စုံခြင်းအဆင့် ဘိုးနတ်ဘုရားနယ်ပယ်က ငါတို့ ကျင့်ကြံမှု လမ်းစဉ်ရဲ့ အဆုံးသတ်လို့ မင်း ထင်နေတာလား။ ဒါဆို ငါတို့ ဘယ်က လာကြတာလဲ။ ငါတို့အသက်ကို ဘယ်သူက ပေးခဲ့တာလဲ။"
ရွှမ်ဟန်သည် အစပိုင်းတွင် ထိုစကားကို မတွေးမိခဲ့ပေ။ သို့သော် ချင်ယွင် ဆက်ပြော နေချိန်မှာ သူသည် လုံးဝ မှင်သက်သွားခဲ့သည်။
"မင်းက ကောင်းကင်ဘုံတန်ခိုး စွမ်းအားကို ဆိုလိုတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ။ ငါတို့က ကောင်းကင်ဘုံတန်ခိုး စွမ်းအားအဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ" ရွှမ်ဟန်က ဆောလျင်စွာ ခေါင်းယမ်းပြီး ပြောလိုက်သည်။
ကောင်းကင်ဘုံတန်ခိုး စွမ်းအားသည် သက်ရှိအားလုံးကို ဖန်ဆင်းထားသောကြောင့်၊ သူ့ညီမ အသက်ကို သဘာဝအတိုင်း ပြန်၍ ပေးနိုင်ပါသည်။ သို့သော်၊ သူတို့သည် ကောင်းကင်ဘုံတန်ခိုးစွမ်းအားအဆင့်သို့ မည်သို့ ရောက်ရှိနိုင်မည်နည်း။
"တခြားလူတွေ မတတ်နိုင်ပေမယ့် ငါ လုပ်နိုင်တယ်" ချင်ယွင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ပါသည်။
ရွှမ်ဟန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားသည်။ သူသည် ချင်ယွင်ကို မယုံကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ချင်ယွင်၏ စကားများသည် အနည်းငယ်မျှ အဓိပ္ပါယ်မဲ့သည်ဟု သူ၏ဆင်ခြင်တုံတရားက သူ့ကို ပြောပြသော်လည်း ချင်ယွင်၏ ပြတ်သားသော အကြည့်က သူ့ရှေ့မှ လူငယ်သည် သူ့ကို လိမ်ညာခြင်း မဟုတ်ကြောင်း ခံစားရစေသည်။
ဟုတ်ပါသည်။ ချင်ယွင်၏စကားကို သူယုံကြည်ရသည့် အကြောင်းရင်းက ချင်ယွင်၏ နောက်စကားကြောင့် ဖြစ်ပါသည်။
"ရွှမ်ယာလည်း ငါ့ညီမပါပဲ။ ငါ့မှာလည်း မင်းခံစားချက်တွေ ရှိနေတယ်။ ဒါကြောင့် မင်းရဲ့ ယုံကြည်ချက်ကလည်း ငါ့ယုံကြည်ချက်ပါပဲ။" ချင်ယွင်က ရွှမ်ဟန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။