အခန်း ၁၄၇၄
Vol. 99 Ch. 1474
အခန်း (၁၄၇၄) နှစ်ပေါင်းတစ်ဘီလီယံစာချုပ်။
ချင်ယွင်၏စကားကို ကြားသောအခါ ရွှမ်ဟန်၏စိတ်နှလုံးသည် တုန်ခါသွားခဲ့သည်။
ချင်ယွင်ပြောသော စကားသည် မှန်ကန်သည်ဟု သူ ယုံကြည်သည်၊ အဘယ်ကြောင့် ဆိုသော် ချင်ယွင်၏ ပြတ်သားသော အကြည့်က အမှားမဟုတ်နိုင်သောကြောင့် ဖြစ်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ?" ရွှမ်ဟန်က ချင်ယွင်ကို ကြည့်ကာ မေးသည်။
“ချင်ယွင်!" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
"ချင်ယွင်၊ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်နဲ့ ညီမျှတယ်လို့ ငါ ထင်တယ်။ မင်းက အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလား?" ရွှမ်ဟန်က ဆက်မေးသည်။
"မဟုတ်ဘူး၊ ငါ့ရဲ့ ကျင့်ကြံမှုက အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အစောပိုင်း ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီလေ။" ချင်ယွင်က ရှင်းပြသည်။
ရွှမ်ဟန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် သည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပါသလား။ ဤအရာက ကောင်းကင်ကို အံတုလွန်းနေသည် မဟုတ်လား?
တကယ်တော့ ချင်ယွင်က သူ့အစွမ်းအစကို ထုတ်မပြ၍ဖြစ်သည်။ အကယ်၍, သူသာ ထုတ်ဖော်ပြလိုက်မည်ဆိုလျှင်, ရွှမ်ဟန်သည် ပို၍ပင် အံ့သြသွားလိမ့်မည်။
ဟုတ်ပါသည်။ ရွှမ်ဟန်ကိုယ်တိုင်လည်း ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့်၊ သူသည် အနည်းငယ် အံ့သြရုံသာဖြစ်ပြီး သိပ်ပြီး မခံစားရပါဘူး။
"အရင်က မင်းပြောခဲ့သလိုဆို, မင်းက ဒီနေရာကိုရောက်ဖို့ နှစ်ပေါင်းတစ်ဘီလီယံလောက် ကြာအောင် လာခဲ့ရတယ်။ တကယ်လို့ ငါ မင်းကို ရှာချင်တယ်ဆိုရင် နှစ်ပေါင်း ဘီလီယံလောက် စောင့်ရမှာ မဟုတ်ဘူးလား" ရွှမ်ဟန် မျက်မှောင်ကြုတ်ကာ မေးလိုက် သည်။
သူသည် နှစ် ၁၀၀၀၀ မျှသာ ကျင့်ကြံခဲ့ပြီး နှစ်တစ်ဘီလီယံသည် သူ့အတွက် ရှည်လျား လွန်းသည်။
"မှန်တယ်၊ ပြီးတော့, ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆို နှစ်တစ်ဘီလီယံကြာပြီးနောက် ငါ့ကို ရှာဖွေခဲ့ရင်တောင် အခုချိန်မှာ ယာယာ ပြန်လည်ရှင်သန်ဖို့ မဖြစ်နိုင်သေးဘူး။ မင်း အချိန်အကြာကြီး စောင့်ရလိမ့်မယ်။" ချင်ယွင်က ရွှမ်ဟန်ကို ကြည့်ပြီး ပြောလိုက်သည်။
"ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ" ရွှမ်ဟန်က မျက်မှောင်ကြုတ်ကာ မေးလိုက် သည်။
"နောက်ထပ် အနှစ်သုံးထောင် စောင့်ပေးပါ" တခဏလောက် စဉ်းစားပြီးမှ ချင်ယွင်က ပြောလိုက်သည်။
သူကျင့်ကြံခဲ့သည်မှာ အခုအချိန်ထိ နှစ်တစ်ရာတောင် မပြည့်လောက်သေးပါဘူး။ နောက် အနှစ်သုံးထောင်အကြာမှာ သူ့ကနဦး စကြာဝဠာကို ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံ နိုင်မည်ဟု သူ ယုံကြည်သည်။ ထိုအချိန်တွင် သူသည် ယာယာကို ပြန်လည်ရှင်သန် ထမြောက်နိုင်ရန် စကြဝဠာဉပဒေသများကို အသုံးချနိုင်မည် ဖြစ်သည်။
"အနှစ်သုံးထောင်လား?" ရွှမ်ဟန်သည် ချက်ချင်းပင် စကားမပြောနိုင်တော့။ ချင်ယွင်က နောက်ထပ် နှစ်ဘီလီယံ ဒါမှမဟုတ် နှစ် ၁၀ ဘီလီယံလောက် စောင့်ခိုင်းဦးမည်ဟု သူ ထင်ခဲ့သည်။ နှစ်ပေါင်း ၃၀၀၀ သာ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အနှစ် ၃၀၀၀ အတွင်းမှာ, သူသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်မှ ကောင်းကင်ဘုံတန်ခိုးအဆင့် စွမ်းအားအထိ ပိုင်ဆိုင်နိုင်တော့မည်လား။
ရွှမ်ဟန်သည် ချင်ယွင်၏စကားများက အဓိပ္ပါယ်မဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသော် လည်း ချင်ယွင်၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာက တဖက်လူက မုသား ပြောနေခြင်း မဟုတ်ကြောင်း သူ့ကို ပြောပြနေသည်။
"ဒီအနှစ်သုံးထောင်က စောင့်ရတာ အဆင်ပြေမှာပါ။ ဒါပေမယ့် ငါတို့ဟာ အချိန်နဲ့ လေဟာနယ်ခြားနားမူအရ နှစ်ပေါင်းတစ်ဘီလီယံလောက် ခြားနေတော့ မင်း စောင့်ရတဲ့ အချိန်က မတိုလွန်းပါဘူး" ချင်ယွင်က ထပ်ပြောသည်။
နှစ်ပေါင်းတစ်ဘီလီယံနဲ့ ယှဉ်ရင် နှစ် ၃၀၀၀ သည် လုံးဝကို အသေးဖွဲ့လေး ဖြစ်သည်။ ရွှမ်ဟန်သည် နှစ်ပေါင်းတစ်ဘီလီယံ အမှန်တကယ် စောင့်ရလျှင်ပင် အရေးမကြီးပေ။
"ဟမ့်၊ ယာယာ အသက်ပြန်ရှင်နိုင်သမျှ နှစ်တစ်ဘီလီယံကို အသာထား။ ငါရွှမ်ဟန်က ၁၀ ဘီလီယံ ဒါမှမဟုတ် နှစ်ပေါင်း ဘီလီယံ ၁၀၀ ဆိုရင်တောင် စောင့်နိုင်တုန်းပဲ။ ဒါပေမယ့် မင်း ငါ့ကို လိမ်နေတာဆိုရင်တော့ ငါ မင်းကို ပြောခဲ့တဲ့အတိုင်း မင်းကို သေချာပေါက် သတ်ပစ်မယ်။" ရွှမ်ဟန်က ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ပြန်မဖြေ။
သူသည် ရွှမ်ဟန်၏ခံစားချက်ကို နားလည်နိုင်ပြီး သူ့ညီမကို အသက်ပြန်ရှင်လာစေရန် ဘာမဆိုလုပ်နိုင်ကြောင်း သူ သိထားသည်။
"မင်းရဲ့တာအိုနှလုံးသားက မတည်မငြိမ် ဖြစ်နေတယ်၊ မင်းရဲ့ကိုယ်ပိုင် ကျင့်ကြံမှုကို အာရုံစိုက်ရမယ်။ နောက်ဆုံးတော့ ငါ့တို့မျိုးဆက်ကြားမှာ မင်းနဲ့ပတ်သက်တဲ့ သတင်း အစနတောင် မရှိတော့ဘူး။ မင်းရဲ့လုပ်ရပ်တွေက ဒဏ္ဍာရီထဲမှာပဲ ရှိတော့တယ်။" ချင်ယွင်က ပြောသည်။
ရွှမ်ဟန်၏ လုံခြုံရေးအတွက် သူ အနည်းငယ် စိုးရိမ်နေမိသည်။ နောက်ဆုံးတွင်၊ နောက်မျိုးဆက်များတွင် ရွှမ်ဟန်နှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မရှိတော့ပါဘူး။ အကယ်၍, ရွှမ်ဟန် အမှန်တကယ် သေဆုံးသွားခဲ့မည်ဆိုလျှင်, နှမြောစရာပင်။
"စိတ်မပူပါနဲ့။ ငါ့ညီမလေး မရှင်သန်မထမြောက်နိုင်ခင် ငါက လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ ဒါကြောင့် မင်း ငါ့ကို စိတ်ပူစရာ မလိုဘူး။ ဒီနှစ်ပေါင်း တစ်ဘီလီယံအတွင်းမှာ ငါ မင်းဆီ အရောက်လာခဲ့မယ်။ အဲဒီအခါ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ ငါမျှော်လင့် တယ်။" ရွှမ်ဟန်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
ရွှမ်ဟန်သည်လည်း သူ့ပါရမီ အရည်အချင်းကို နက်ရှိုင်းစွာ နားလည်ထားသည်။ သူ၏ စွမ်းရည်ဖြင့် ထိုနေ့အထိ သူ သေချာပေါက် အသက်ရှင်နိုင်မည်ဟု ရွှမ်ဟန် ယုံကြည်ထား သည်။
သို့သော် ချင်ယွင်သည် ရွှမ်ဟန်ကို ပြန်တွေ့သောအခါ သူ မည်သည့်အဆင့်ထိ ရောက်ရှိနေမည်ကို သိချင်လာသည်။
"ငါသိချင်တာ တစ်ခုရှိတယ်။ ငါ့ရဲ့ဖြစ်တည်မှုကို မင်း ဘယ်လိုလုပ် ရှာဖွေတွေ့ရှိခဲ့တာလဲ။ ယုတ္တိနည်းအရပြောရရင် သံသရာသစ်ပင်ရဲ့ စွမ်းအားက တုနှိုင်းမရလောက်အောင် ကြီးမားတယ်။ မင်းရဲ့လက်ရှိခွန်အားနဲ့၊ မင်းငါ့ရဲ့ဖြစ်တည်မှုကို အမှန်တကယ် ရှာဖွေတွေ့ ရှိဖို့ မဖြစ်နိုင်ဘူး" ချင်ယွင်က သူ့စိတ်ထဲမှာ သံသယတွေကို ရှင်းထုတ်ရန် မဆုံးဖြတ်ခင် ခဏလောက် စဉ်းစားလိုက်သည်။
ပုံမှန်အားဖြင့်, သံသရာသစ်ပင်က ရွေးချယ်သူများသည် ၎င်းတို့၏ နှလုံးသားထဲတွင် ရှင်းထုတ်၍မရနိုင်သော ထုံးအဖွဲ့တစ်ခုရှိသည်ဟု တွေးကြည့်၍ရသည်။ သံသရာသစ်ပင် စမ်းသပ်မူတွင် ပါဝင်သူများသည် သူတို့၏အတွေ့ကြုံ ဗဟုသုတမရှိဘဲ သံသရာ သစ်ပင်နှင့် အတူ နှစ် ၁၀၀၀၀ ကုန်ဆုံးကြရမည် ဖြစ်ကာ၊ သံသရာသစ်ပင်၏ ခံစားချက် အားလုံးကို ခံစားရပြီး တူညီသောထုံးအဖွဲ့ကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။
နောက်ဆုံးတွင်, အကယ်၍, စမ်းသပ်သူသည် သံသရာသစ်ပင်၏ အထုံးအဖွဲ့မှ မလွတ်မြောက်နိုင်ပါက, ထိုလူသည် စမ်းသပ်ပွဲကို အောင်မြင်မည် မဟုတ်ပေ။ နောက်ဆုံး၌ စမ်းသပ်သူ၏ ခန္ဓာကိုယ်သည် သံသရာသစ်ပင်၏ အာဟာရအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏စိတ်ဝိညာဉ်သည် လေဟာနယ်နှင့် အချိန်တို့ကြား၌ လှည့်လည်သွားလာနေတော့ မည်။
လူဝင်စား ကျင့်ကြံသူများသည် ဤအရာအားလုံးကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသော်လည်း ယခု ရွှမ်ဟန်သည် ချင်ယွင်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်နှင့် လေဟာနယ်ကို ကျော်ဖြတ်ကာ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်နှင့်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူ မည်ကဲ့သို့ တွေ့ရှိသည်ကို အလွန်သိချင်နေခဲ့သည်။
"အစက၊ မင်းရဲ့တည်ရှိမှုကို ငါ သတိမထားမိပေမယ့်၊ သိပ်မကြာသေးခင်က ငါဟာ ငါ့စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မယ့် အချိန်မှာ ငါနဲ့မသက်ဆိုင်တဲ့ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားအတက်အကျလှိုင်းတစ်ခုကို ငါ ခံစားခဲ့ရတယ်။ ဒါကြောင့် တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ဖြစ်တည်မှုကို ငါ ရှာတွေ့ခဲ့တာပဲ" ရွှမ်ဟန်က ပြောသည်။
"ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်ဖို့လား?" ချင်ယွင် အံ့သြသွားသည်။
ရွှမ်ဟန်သည် အမှန်တကယ် သတ်သေချင်နေမည်ဟု သူ မမျှော်လင့်ထားပေ။ ယခင်က ရွှမ်ဟန်၏ စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသော်လည်း၊ ရွှမ်ဟန်သည် ဤမျှ ဆုံးဖြတ်ချက် ခိုင်မာပြီး ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် အမှန်တကယ်ပင် သူ ရွေးချယ်ခဲ့သည်။
"ဒါဆို ငါ့ရဲ့ထွက်ပေါ်လာမူက မင်းအသက်ကို ကယ်ခဲ့တာလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
အကယ်၍, ရွှမ်ဟန်သည် ချင်ယွင်၏တည်ရှိမှုကို မတွေ့ရှိခဲ့ပါက၊ သူသည် ယခုအချိန်တွင် ရေခဲအေးနေသော အလောင်းတစ်လောင်း ဖြစ်သွားပေလိမ့်မည်။
"မှန်ပါတယ်။ တကယ်လို့, မင်းအရင်ပြောခဲ့တာတွေက မှန်နေတယ်ဆိုရင် မင်းက ငါ့အသက်ကိုသာမက ငါ့ညီမယာယာကိုပါ ကယ်တင်ခဲ့တယ်ပေါ့။ ဒါက ငါ့ညီမကို မင်းက ထပ်ပြီး ကယ်တင်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ငါ့ကို မြင်တွေ့ခွင့်ပေးခဲ့တဲ့ လူပေါ့။ ဒါတွေအားလုံးက ကောင်းကင်ဘုံရဲ့ အလိုတော်တိုင်း ဖြစ်နိုင်တယ်။ ကောင်းကင်ဘုံက ငါ့ကို ကူညီပေးတယ်။" ရွှမ်ဟန်က ပြောသည်။
ချင်ယွင်က ပြုံးပြီး အလေးအနက် မထားတော့ပေ။
ဤအရာအားလုံးကို ကောင်းကင်ဘုံတန်ခိုးစွမ်အားက စီစဉ်ထားသည်ဟု သူ မထင်ပါဘူး။ ကံကြမ္မာအလိုတိုင်း ဖြစ်နေသည်ဟုသာ သူ ယုံကြည်သည်။
"အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ထက်မနည်းတဲ့ အချိန်တွင်းမှာ ငါ့ရဲ့မူလလေဟာနယ် နဲ့ အချိန်တွေဆီကို ငါ ပြန်သွားတော့မယ်။ မင်း ငါ့ကိုရှာတွေ့ချင်ရင် နှစ်တစ်ဘီလီယံ လောက် စောင့်ရနိုင်တယ်" ချင်ယွင်က ပြောသည်။
ရွှမ်ဟန်၏ခန္ဓာကိုယ်တွင် နှစ်ပေါင်း ၁၀၀၀၀ ကြာနေထိုင်ခဲ့ပြီး ချင်ယွင်သည် ရွှမ်ဟန်ကဲ့သို့ ပင် ခံစားခဲ့ရသည်။ သူသည် ရွှမ်ဟန်ကို အစ်ကိုတစ်ယောက်အဖြစ် နားမလည်နိုင်စွာ ဆက်ဆံမိနေခဲ့သည်ကို သူ တွေ့ရှိခဲ့ရသည်။ ဤသည်မှာ သူ၏ တစ်ဖက်သတ် အကြံအစည်သာ ဖြစ်သော်လည်း၊ သူသည် ရွှမ်ဟန်နှင့်ပတ်သက်ပြီး သူ မည်သည့် မတော်တဆမူမျိုးမှ မကြုံတွေ့စေရန် ဆန္ဒရှိသည်။
"အခုကနေ နောင်နှစ်ပေါင်း တစ်ဘီလီယံလောက်မှာ မင်းကို ငါ သေချာပေါက် ရှာတွေ့ပါ လိမ့်မယ်။ ငါ့ညီမကို မင်း မကယ်နိုင်ခင်အတွင်းမှာ ငါလည်း မင်းကို ကာကွယ်ပေးမယ်။ ငါ့ညီမကို မင်း မကယ်နိုင်သေးသရွေ့ ငါ့အသက်ကို ငါပိုင်တယ်။ ငါရွှမ်ဟန်က အရာအားလုံး ကို အမြဲတမ်း ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာ မင်း သိထားရမယ်။" ရွှမ်ဟန်က လေးနက်စွာ ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ရွှမ်ဟန်သည် အမှန်ပင် သူ့ကတိကို လိုက်နာသူ ဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀၀ အတွင်း ရွှမ်ဟန်သည် အပေါင်းအဖော် သို့မဟုတ် ညီအစ်ကိုများ မရှိဘဲ လွတ်လပ်စွာ နေထိုင်ခဲ့သည်။ သူသည် အလွန်အထီးကျန်ဆန်သော ဘဝဖြင့် ရှင်သန်နေထိုင်ခဲ့သည်။ ဤအရာအားလုံး၏ အကြောင်းရင်းကတော့ ရွှမ်ယာ အတွက် သူ့ကိုယ်သူ အပြစ်တင်ပြီး သူ့ပတ်ဝန်းကျင်က လူတွေအပေါ် ဒုက္ခပေးမိမှာကို ကြောက်ရွှံ့၍ ဖြစ်သည်။
ဘန်း…။
အမွှေးတိုင်တစ်ချောင်းထွန်းညှိချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားကာ ကောင်းကင်၌ မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပေါ်လာသည်။
ထိုစွမ်းအင်အတက်အကျလှိုင်းကို ချင်ယွင်ကသာ ခံစားနိုင်သော်လည်း ရွှမ်ဟန်က နားမလည်နိုင်ပေ။
"ကောင်းပြီ၊ အချိန်စေ့သွားပြီ။ နှစ်ပေါင်းတစ်ဘီလီယံအတွင်းမှာ ငါတို့ ပြန်တွေ့ကြစို့။" ချင်ယွင်က ရွှမ်ဟန်ကို နှုတ်ဆက်ပြီး၊ အချိန်ဝဲဂယက်ထဲသို့ စုပ်ယူခံလိုက်ရသည်။
ရွှမ်ဟန်သည် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက် သည်။ သူသည် တိတ်ဆိတ်နေသော်လည်း သူ့မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။