← Chapters

အခန်း ၁၄၇၅

Vol. 99 Ch. 1475

အခန်း ၁၄၇၅

Vol. 99 Ch. 1475

အခန်း (၁၄၇၅) ဝေဖန်း၏ပြောင်းလဲမှု။

ချင်ယွင်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီးနောက်, သူ၏ရုပ်အသွင်သည် သံသရာသစ်ပင်အောက်တွင် ပေါ်လာသည်။

"အင်း ငါပြန်လာပြီလား" ချင်ယွင်သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ကောင်းကင်ဘုံနန်းတော်၏ သတ္တမအဆင့်ကို အခြားကမ္ဘာတစ်ခုကဲ့သို့ ကြည့်လိုက်ရင်း သူ့မျက်နှာသည် ရှုပ်ထွေးနေသည့်အလား ပေါ်လွင်နေသည်။

ပြင်ပကမ္ဘာတွင် တစ်ရက်သာ ကုန်ဆုံးခဲ့သော်လည်း ချင်ယွင်သည် နှစ်ပေါင်း ၁၀၀၀၀ တစ်လျှောက်လုံး ကြုံတွေ့နေခဲ့ရသည်။ ထို့ကြောင့်၊ ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်း၏ မြင်ကွင်းသည် သူနှင့်ရင်းနှီးသော်လည်း မရင်းနှီးပုံပေါက်သည်။

အချိန်နှင့် လေဟာနယ်ဖြတ်သန်းမူနှင့်အတူ ချင်ယွင်၏ စိတ်ဝိညာဉ်သည် ပရမ်းပတာ ဖြစ်နေသေးသည်။

"ခင်ပွန်း၊ ရှင် ပြန်ထွက်လာခဲ့ပြီ။" ချင်ယွင်သည် သူ့အာရုံတွေ အပြည့်အဝ ပြန်မရနိုင်ခင်မှာ ကျိုးလင်က ​​အဝေးကနေ ပြေးသွားပြီး ချင်ယွင်၏ ရင်ခွင်ထဲကို တိုက်ရိုက် ပစ်ဝင်သွားကာ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပါသည်။

ကျိုးလင်၏ ခန္ဓာကိုယ်မှ ထွက်လာသော အပူချိန်က ချင်ယွင်ကို လုံးဝ နိုးကြားစေခဲ့သည်။

"ရှန်းယု ငါပြန်လာပြီ" ချင်ယွင်သည် ကျိုးလင်၏ခါးကို ပွေ့ဖက်ကာ ညင်သာစွာ ပြောလိုက်သည်။

အနှစ်တစ်သောင်းကြာပြီးနောက်၊ ချင်ယွင်၏ ကျိုးလင်အပေါ် တမ်းတစိတ်က သူ့နှလုံးသားထဲသို့ အပြည့်ဝင်လာပြီး၊ သူသည် မထိန်းနိုင်ဘဲ ကျိုးလင်ကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

ကျိုးလင်သည် ချင်ယွင်၏ စိတ်ခံစားမှုကြောင့် လှုံ့ဆော်ခံရပြီး သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ကျိုးလင်ကို ပွေ့ဖက်ထားသော်လည်း သူ့နှလုံးသားထဲတွင် ရောထွေး နေသော စိတ်ခံစားချက်များ ပြည့်နှက်နေသေးသည်။ ရွှမ်ဟန် ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံးက သူ့ကို အမှန်တရားတစ်ခုကို နားလည်စေခဲ့သည်။ ​​ဆိုလိုတာက သူ့ပတ်ဝန်းကျင်က လူတွေကို မြတ်နိုးတန်ဖိုးထားရန် အကောင်းဆုံး ကြိုးစားပြီး၊ သူတို့ကို ဆုံးရှုံးသွားမှ နောင်တမရစေရန် ဖြစ်သည်။

"ကြည့်ရတာ, ငါ အင်မော်တယ်ကမ္ဘာကို ပြန်သွားပြီး ရန်ယုနဲ့ တခြားသူတွေကို တွေ့ဖို့ လိုနေပုံရပြီ။ အခု ဖိုးအာက ဆယ်နှစ်လောက် ရှိပြီထင်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထိုအခိုက်တန့်တွင်, အမျိုးသမီးလေးဦးနှင့် သားဖြစ်သူ ချင်ဖိုးတို့အပေါ် သူ၏ တောင့်တမှု က ပို၍ပင် ပြင်းထန်လာသည်။

"ဟေး၊ မင်း သူမကို ပွေ့ဖက်ပြီး ဘယ်အချိန်ထိ စကားပြောနေဦးမှာလဲ။" သို့သော် ချင်ယွင်နှင့် ကျိုးလင်တို့ လွမ်းဆွတ်တမ်းတမူထဲ နစ်မြောနေချိန်မှာ တစ်ဖက်မှ မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် ခေါင်းကို လှည့်ကြည့်လိုက်လျှင်, လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ထဲက နှစ်ယောက် ပြန်ထွက်လာပြီဆိုသည်ကို တွေ့လိုက်ရပြီး အခုနက စကားပြောခဲ့သည့် လူကတော့ ဟေးယွမ်ဖြစ်ပါသည်။

သို့သော် ချင်ယွင်သည် ဟေးယွမ်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာတွင် အံ့အားသင့်မှု တစ်ခု ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော်, ယခုအချိန်မှာ ဟေးယွမ်သည် သူ့ပေါင်တွေကို ခြေချိတ်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသောကြောင့် ဖြစ်ပါသည်။ သူ့ပုံစံက အရူးတစ်ယောက်လို ပင်။ သူသည် အရင်ကအတိုင်း မာနကြီးနေနိုင်သေးသည်လား?။

"ကြည့်ရတာ သူ့အပေါ် လီဂူဒန်ရဲ့ လွှမ်းမိုးမှုက တကယ့်ကို ကြီးမားပုံပဲ။" ချင်ယွင်က စိတ်ထဲတွင် ရယ်မောလိုက်သည်။

ဤဟေးယွမ်သည် လူဝင်စားခြင်း စမ်းသပ်မှုမှ အသက်ရှင်လျက် ထွက်လာနိုင်သော်လည်း သူ၏ပင်ကိုယ်စရိုက် လုံးဝ ပြောင်းလဲသွားခဲ့သည်။ ချင်ယွင်သည် ဤဟေးယွမ် ဖြတ်သန်းခဲ့ ရသည့်အရာကို ယုံကြည်ဖို့ပင် ခက်ခဲနေခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဝေဖန်သည် အသက်ရှင်လျှက် ကျန်ရစ်ခဲ့သည်။ ယခုအချိန်တွင် ဝေဖန်သည် ယခင်ကဲ့သို့ မထူးခြားဟန်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူသည် ယခင်ထက်ပင် အေးစက်နေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ကြီးမြတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

"သူ့ကို ဧကရာဇ်ယွမ်က လွှမ်းမိုးထားပုံရတယ်။ အနည်းနဲ့အများတော့ သူလည်း ပြောင်းလဲသွားပြီ။" ချင်ယွင်က သူ့စိတ်နှလုံးထဲမှာ အခိုင်အမာ ပြောလိုက်သည်။

ထို့နောက် ချင်ယွင်သည် လှည့်ကြည့်လိုက်သော်လည်း ဘိုင်ဟင် သို့မဟုတ် နေသာ ဧကရာဇ်ကို မတွေ့ခဲ့ရပေ။

ဘိုင်ဟင်သည် သံသရာသစ်ပင်ကနေ ထွက်မလာခဲ့ပါဘူး။ ချင်ယွင်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းသည် သူ့အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ သို့သော် နေသာဧကရာဇ်ကတော့ ကွဲပြားပါသည်။ နောက်ဆုံးတွင် သူသည် သူ၏ စီနီယာ အစ်ကိုဖြစ်သည်။ ချင်ယွင်က ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မည်နည်း?။

"အယ်? စီနီယာအစ်ကိုချန်က မထွက်သေးဘူးလား။" ချင်ယွင်က ကျိုးလင်ကို ပွေ့ချီပြီး မေးသည်။

"မလာသေးဘူး!" ကျိုးလင်က ခေါင်းခါပြလိုက်သည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် တွန့်သွားကာ ရှုပ်ထွေးသော အမူအရာတစ်ခု သူ့မျက်လုံးများတွင် ပေါ်လာသည်။

နေသာဧကရာဇ်သည် လူဝင်စားခြင်း စမ်းသပ်မူကို ပထမဆုံးဝင်ရောက်သူ ဖြစ်သည်။ အကယ်၍ သူသည် စမ်းသပ်မှုကို အောင်မြင်ပါက၊ သံသရာသစ်ပင်မှ ပထမဆုံး ပေါ်ထွက်လာသူ ဖြစ်ရပေမည်။ အခုအချိန်အထိ သူ ပေါ်မလာသေးပါဘူး။ ဆိုလိုသည်မှာ သူသည် သံသရာသစ်ပင်ထဲတွင် ပိတ်မိနေသည်ဟုသာ ဆိုနိုင်ပါသည်။

"ဟင်း...၊ ဟိုတုန်းကတည်းက ငါ သူ့ကို တားသင့်တယ်" ချင်ယွင်က သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်မိပါသည်။

သူနှင့် နေသာဧကရာဇ်တို့ကြားမှ ဆက်ဆံရေးသည် နက်ရှိုင်းခြင်း မရှိသော်လည်း၊ နောက်ဆုံးတွင်၊ သူနှင့် သူ့စီနီယာအစ်ကိုကြားမှာ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ ယခုအခါ နေသာဧကရာဇ်သည် သံသရာသစ်ပင်၌ ကွယ်လွန်သွားသဖြင့် ချင်ယွင်သည် အနည်းငယ် စိတ်မသက်မသာ ခံစားရပေမည်။

"သခင်၊ အရမ်းဝမ်းနည်းနေဖို့ မလိုပါဘူး။ ချန်ယူမင်က သူ့အစစ်မှန်ကိုယ် မဟုတ်ဘဲ​​ သူ့ရဲ့ ကိုယ်ပွားတစ်ခုအဖြစ် ရှိနေလို့သာ, သူက လူဝင်စားခြင်း သစ်ပင်ထဲကို ဝင်ရောက်ခဲ့ပါတာ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူ့ကိုယ်ပွားတစ်ခုပဲ ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့ နောက်ထပ် ကိုယ်ပွားတစ်ခု အသက်ရှင်နေသေးပြီး အဆင်ပြေနေပါသေးတယ်။" ခွေးဝါကြီးက ချင်ယွင်၏ ကိုယ့်ကိုယ်ကို အပြစ်တင်နေသည့် အမူအရာကို မြင်ပြီး သူ့ကို စတင်ဆွဲဆောင်လိုက်သည်။ (ဤနေရာ၌ သိပ်မရှင်းလင်းသော်လည်း ပါသည့်အတိုင်း ပြန်ဆိုလိုက်ခြင်း ဖြစ်ပါသည်။) ("Master, you don't have to be too sad. Chen Youming entered the Reincarnation Tree only because of his avatar, not his true self. Therefore, he only lost one avatar this time. His other avatar is still alive and well." Big Yellow saw Qin Yun's self-blaming expression and began to persuade him.)။

ထိုစကားကြားတော့ ချင်ယွင်သည် ခဏလောက် မှင်သက်သွားပြီး သူ့မျက်လုံးတွေက အလင်းရောင်တွေ တောက်ပလာသည်။

ဟုတ်ပါသည်။ နေသာဧကရာဇ်သည် သူ ဒီနေရာကို မလာခင်မှာ သူက ဒီတစ်ကြိမ်မှာ ကိုယ်ပွားတစ်ခုကိုပဲ စေလွှတ်လိုက်သည်ဟု ပြောခဲ့ဖူးသည်။ သူ့မှာ ကြယ်အလင်းမြို့တော် တွင် ကိုယ်ပွားတစ်ခု ရှိနေသေးသည်။

ထိုကိုယ်ပွား၏ကျင့်ကြံမှုမှာ အလွန်နည်းသော်လည်း ၎င်း၏အသက်ကို ထိန်းသိမ်းထား နိုင်လျှင် နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံနိုင်ပါသေးသည်။

နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံပြီးနောက်၊ ကိုယ်ပွားများကို အဓိကနှင့် သာမညဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။ ထို့ကြောင့် မည်သည့်ကိုယ်ပွားမဆို သူ၏ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်လာနိုင်သည်။ နေသာဧကရာဇ် ဆုံးရှုံးသွားသောအရာမှာ သူ၏ ကျင့်ကြံမှု အခြေခံသာ ဖြစ်သည်။

ထိုအကြောင်းကို တွေးတောမိပြီး၊ ချင်ယွင်သည် ပိုသက်တောင့်သက်သာ ရှိလာပါသည်။ နေသာဧကရာဇ်အတွက် ဒါဟာ မကောင်းသည့်အရာ မဟုတ်ဘူးဟု သူ ခံစားရတယ်။

"ဟေး, မင်းတို့ စကားများနေတုန်းလား။ အခုထိ ဇိမ်ဆွဲနေသေးတယ်။ ငါ့ကိုလည်း ပြောခွင့်ပေးဦး။ ငါလီဂူဒန် ပြောချင်တာက....၊ ဟို.. မဟုတ်သေးဘူး။ ငါဟေးယွမ်က အလျင်လိုနေတယ်ကွ။ ယုံချင်ယုံ မယုံချင်နေ ငါ မင်းတို့ကို အခုချက်ချင်း သတ်မယ်။" ဟေးယွမ်သည် မြေပြင်မှ ခုန်ထလာပြီး ချင်ယွင်ကို မောက်မာစွာ ကြည့်လိုက်သည်။ သူ၏ မူလက တောက်ပြောင်သည့် အနက်ရောင်၀တ်စုံနှင့်ဆိုပါက သူ့ပုံစံက ခပ်မိုက်မိုက် အမူအရာဖြစ်နေသည်။

ချင်ယွင်နှင့် ကျိုးလင်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး ကူကယ်ရာမဲ့ အပြုံးကိုယ်စီ ပေါ်လာသည်။

ဤဟေးယွမ်သည် ယခင်အတိုင်း မောက်မာပြီး ဘဝင်မြင့်သော ဟေးယွမ်နှင့် နှိုင်းယှဥ်နိုင် သော်လည်း၊ ချင်ယွင်နှင့် အခြားလူများကမူ သူတို့ရှေ့ရှိ ဤဟေးယွမ်က ပို၍ ချစ်စရာ ကောင်းသည်ဟု ခံစားလာရသည်။ ဟုတ်ပါသည်။ ခွေးများသည် သူတို့၏ မစင်ကို မပြောင်းလဲနိုင်ဆိုသည့် နိယာမကိုတော့ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ဤဟေးယွမ်သည် လုံးဝ ခြားနားသွားသော်လည်း၊ သူသည် ချင်ယွင်ကို သတ်ချင်နေသေး သလို, ချင်ယွင်ကလည်း နောက်ဆုံးတွင် သူကို အလွတ်ပေးမည် မဟုတ်ပေ။

"ရွှပ်..!"

သို့သော် ထိုအချိန်တွင် ခန္ဓာကိုယ်ကို ဓားဖြင့်ထိုးဖောက်သည့် အသံတစ်ချက် ထွက်ပေါ် လာသည်။

ဝေဖန်းသည် ဟေးယွမ်၏ နောက်သို့ ရောက်ရှိနေရုံသာမက သူ့လက်ထဲမှ နတ်ဘုရား ဓားက ဟေးယွမ်၏ခေါင်းကို ထိုးဖောက်သွားခဲ့သည်။

"မင်း" ဟေးယွမ်သည် မယုံကြည်နိုင်သည့် အမူအရာကို ထုတ်ဖော်လိုက်ပြီး သူ့တစ်ကိုယ် လုံး တည့်မတ်သွားခဲ့သည်။

ဝေဖန်း၏ဓားသည် ဟေးယွမ်၏ ခေါင်းကို ထိုးဖောက်ဝင်ရောက်သွားရုံသာမက သူ့ နတ်ဘုရားစိတ်ဝိညာဉ်ကိုပါ ထိုးဖောက်သွားခဲ့သည့်အတွက် ဟေးယွမ်သည် တစ်ချက် တည်းဖြင့် လုံးလုံးလျားလျား သေဆုံးသွားခဲ့ပါသည်။

ကျိုးလင်၊ ကျိုးယွမ်နှင့် အခြားသူများသည် မယုံကြည်နိုင်စွာဖြင့် အဝေးမှာ လဲကျသွားသည့် ဟေးယွမ်နှင့် ဝေဖန်းကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။

ချင်ယွင်၏ မျက်ခုံးများက ပင့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ဝေဖန်း၏ အေးစက်စက် စိတ်နေစိတ်နေထားကို သူ ခံစားနိုင်သည်။ ဤစိတ်နေစိတ်ထားက လူတွေ၏စိတ်နှလုံးကို အေးစိမ့်သွားစေခဲ့သည်။

ယခင် ဝေဖန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိ ဝေဖန်းသည် ပို၍ပင် ကြောက်စရာကောင်းသည်။ သူသည် သူ့သတ်ဖြတ်လိုသည့်ဆန္ဒကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်သောကြောင့် သူသည် လုပ်ကြံသတ်သူတစ်ဦးနှင့် ပိုတူလာသည်။ အရင်ဝေဖန်းက ဤခံစားချက်မျိုးကို သေချာပေါက် မလုပ်နိုင်ပါဘူး။

"သူက သေချာပေါက် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ပဲ။ တကယ်လို့ သူသာ အမှန်တကယ် လှုပ်ရှားလာခဲ့ရင် အနိုင်အရှုံးကို ပြောဆိုဖို့ ခက်ခဲလိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

မူလက သူသည် ရွှမ်ဟန်၏ မှတ်ဉာဏ်များကို ရရှိခဲ့ပြီး သူ၏ ဓားရေးစွမ်းရည်နှင့် ခွန်အားက အဆမတန် တိုးမြင့်လာသည်ဟု ထင်ခဲ့သော်လည်း ယခုအခါ ဝေဖန်းသည် လည်း ပို၍ပင် ကြောက်စရာကောင်းလာပုံရသည်။

ချင်ယွင်၏စိတ်နှလုံးက လေးလံနေစဉ်မှာ ဝေဖန်းသည် ချင်ယွင်ကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ပြောသည် "အဋ္ဌမထပ်ကို သွားကြစို့" သူက အေးစက်စက် ပြောလိုက်ပြီး မထီမဲ့မြင်ပြုသော အကြည့်များဖြင့်ကြည့်ရင်း သူ့မျက်လုံးများက အထင်သေး ရှုံ့ချသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။

ထိုသို့ပြောပြီးနောက် သူသည် ဦးဆောင်ကာ အဋ္ဌမထပ်သို့ ဦးတည်သွားခဲ့လေသည်။

All Chapters