အခန်း ၁၄၇၇
Vol. 99 Ch. 1477
အခန်း (၁၄၇၇)အံ့မခန်းတိုက်ပွဲ။
ဝေဖန်းသည် နတ်ဘုရားဓားကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ဝတ်ရုံများက အဆက်မပြတ် လွင့်တက်လာသည်။ သူ့တစ်ကိုယ်လုံးသည် ဂုဏ်သိက္ခာကြီးမားသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ပင်။ ချင်ယွင်ကို စိုက်ကြည့်နေသည့် သူ့အကြည့်များတွင် လေးနက်သော အမူအရာကို သယ်ဆောင်လာသည်။
ချင်ယွင်သည့် သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးများက အေးစက်သွားကာ ဝင့်ကြွားပြီး မောက်မာသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။
ဝှီး....။
ဝေဖန်းနှင့် ချင်ယွင်တို့သည် တစ်ချိန်တည်းတွင် ပျံထွက်သွားကြပြီး မြှားပျံများကဲ့သို့ နှစ်ယောက်သား တိုက်မိကြသည်။
ချွင်…။
နတ်ဘုရားဓားနှစ်ချောင်းသည် အချင်းချင်း အပြင်းအထန် တိုက်မိပြီး အလွန်ပြတ်သားပြီး တုန်ခါသောအသံကို ထုတ်လွှတ်သည်။
ဓားစွမ်းအား အမျှင်တန်းနှစ်ခုလည်း ပေါက်ကွဲပြီး ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဝေးက သံသရာသစ်ပင်တောင်မှ ကြောက်မက်ဖွယ် ဓားစွမ်းအားကြောင့် တုန်ခါသွားသည်။
ချင်ယွင်၏လက်ထဲက နတ်ဘုရားဓားသည် ထောင်ပေါင်းများစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး တခဏချင်းမှာပင် ဓားချက်ပေါင်း ရာပေါင်းများစွာကို ခုတ်ထစ်ပစ်လိုက်
သော်လည်း ဝေဖန်းသည်လည်း နောက်ကျကျရစ်ခြင်း မရှိပေ. သူ့လက်ထဲမှ နတ်ဘုရား ဓားသည် မိုးရေများအဖြစ်သို့ ပြောင်းလဲသွားသည်။ အမှန်တကယ်လည်း သူသည် ချင်ယွင်၏ ဓားချက်များကို တစ်ချက်မှ ဖြတ်ကျော်လာခြင်းမရှိအောင် တားဆီးနိုင်ခဲ့သည်။
ဓားစွမ်းအားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
ချင်ယွင်၏ဓားဆန္ဒမှာ အေးစက်ပြီး မောက်မာကာ သူ့ဓားအငွေ့အသက်က အလွန်မင်း ထက်မြက်နေချိန်တွင် ဝေဖန်း၏ဓားသည် လွန်စွာရက်စက် ကြမ်းကြုတ်နေပြီး သူ့ဓား စွမ်းအားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားစဉ်တွင် ကျယ်လောင်စွာ ပွင့်ထွက်ပြီး ပိတ်ဆို့သည်။
"ချွင်..! ချွင်…"
သူတို့နှစ်ယောက်သည် ချက်ခြင်းဆိုသလို အကြိမ်ပေါင်း တစ်ရာကျော် တိုက်ခိုက် ပြီးသွား ပြီ။ သူတို့၏လက်ထဲမှ နတ်ဘုရားဓားများသည် အဆက်မပြတ် ရောယှက်နေခဲ့သည်။ ရံဖန်ရံခါ ကောင်းကင်ယံ၌ တိုက်ခိုက်ကြသည်။ ရံဖန်ရံခါတွင်၊ ၎င်းတို့၏ရုပ်အသွင်များ သည် စင်မြင့်ပေါ်တွင် ပေါ်လာပြီး တစ်ယောက်နှင့်တစ်ယောက် ရောထွေး တိုက်ခိုက်နေ သည်။
တခဏအတွင်း ရင်ပြင်တစ်ခုလုံး ဓားရိပ်တွေနှင့် ပြည့်နေခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်သည် ပြင်းထန်သော လေပြင်းတိုက်ခတ်မူနှင့် ရွာသွန်းလာသည့် မိုးရေစက်များနှင့်တူပြီး ဖြန်းခနဲ လွင့်ထွက်လာကာ လူတိုင်း၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှု ကို ဖြစ်ပေါ်စေသည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်နှင့် ဝေဖန်းတို့၏ ဓားစွမ်းအားသည် အချင်းချင်း တိုက်မိပြီး ပေါက်ကွဲသွားကာ ပြင်းထန်သော ဓားစွမ်းအင် မုန်တိုင်းကြီး ဖြစ်ပေါ်လာပြီး သူတို့ နှစ်ယောက် နောက်ပြန်ဆုတ်သွားခဲ့သည်။
ချင်ယွင်နှင့်ဝေဖန်းတို့ နှစ်ယောက်စလုံးသည် ဓားရှည်များကို လက်ထဲတွင် ကိုင်ဆောင်ကာ သူတို့မျက်လုံးက တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပြောင်နေသည်။
သူတို့နှစ်ယောက်ကြားက တိုက်ပွဲက လုံးဝ လက်ရည်တူနေခဲ့သည်။
"ဧကရာဇ်ဓား၊ နတ်ဘုရားသတ်ခုတ်ချက်"
ဝေဖန်းက ကျယ်လောင်စွာ ဟစ်အော်ပြီး သူ့ဓားနှင့် ခုတ်ပစ်လိုက်သည်။
ဘန်း…။
ကောင်းကင်ကြီး စုတ်ပြဲသွားအလား ကြီးမားပြင်းထန်သော စွမ်းအင်ဓားကြီးတစ်ချောင်း ထွက်ပေါ်လာသည်။ ဤစွမ်းအင်ဓားကြီးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် ပေတစ်ရာ ရှည်သည်။ ကြီးမားသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ဝက်ကို လွှမ်းခြုံထားသည်။ ၎င်းသည် ဧရာမ တောင်ကြီးတစ်ခုကဲ့သို့ ချင်ယွင်အပေါ် ပြင်းပြင်းထန်ထန် ဖိစီးနေချိန်တွင် ၎င်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ သယ်ဆောင်လာသည်။
ချင်ယွင်သည် သူ့ဆီသို့ ပျံသန်းနေသော ကြီးမားလှသော ဓားအလင်းတန်းကို ကြည့်လိုက် ရင်း သူ့မျက်လုံးများက အလွန်ထက်မြက်သော အမူအရာတစ်ခုကို ပေါ်လွင်စေသည်။
ဘန်း…။
သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားက အဆက်မပြတ် တိုးမြင့်လာပြီး သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားပေါ်တွင် စုစည်းသွားသည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် နတ်ဘုရားအလင်းအလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး၊ အထူးသဖြင့် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် အေးခဲနေသော အေးစက်စက် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ကျဉ်းမြောင်းသွားပြီး အေးခဲနေသော ဓားဆန္ဒက သူ့ခန္ဓာကိုယ်ထဲမှ စူးရှစွာ ထွက်ပေါ်လာသည်။
"ငါ့မှာ ကမ္ဘာပေါ်က အရာအားလုံးကို သတ်ဖြတ်နိုင်တဲ့ ဓားတစ်လက် ရှိတယ်။ ငါ့မှာ ကမ္ဘာပေါ်က သက်ရှိအားလုံးကို ဖျက်ဆီးနိုင်တဲ့ ဓားတစ်လက်ရှိတယ်..."
ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ နက်ရှိုင်းပြီး သူ့မျက်လုံးများက အေးစက်ကာ အရိုးထိတိုင် ထိုးဖောက်သွားနိုင်သည်။
ယခုအခိုက်တန့်မှာ, ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် တစ်ခုသာရှိပြီး၊ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည်။
ဒါကတော့ ရွှမ်ဟန်၏ ဓားဆန္ဒဖြစ်သည့် ရေခဲနှလုံးသားဖြစ်ပါသည်။
ဘန်း…။
ချင်ယွင်သည် ရှေ့သို့ တက်လှမ်းသွားပြီး သူ့ရုပ်အသွင်က နောက်ကွယ်မှ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူသည် ရှောင်တိမ်းမည့်အစား ကြီးမားလှသော ဓားအလင်းတန်းကို ရင်ဆိုင်လိုက်ရသည်။
စိတ်ကူးယဉ်ဆန်ခြင်းမရှိ ဓားပုံစံမရှိ၊ ခမ်းနားထည်ဝါသော ဓားချီမရှိ၊ ရေခဲကဲ့သို့ ထူထပ်သော ဓားအငွေ့အသက်တစ်ခုသာ ရှိသည်။
"ချိုးဖျက်လိုက်စမ်း.."
ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှင့် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
ချင်ယွင်၏ လက်ထဲက မြူနှင်းချောက်နက်ဓားနှင့် ကြီးမားလှတဲ့ ဓားအလင်းတန်းတို့သည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားသောကြောင့် ဓားအလင်းကနေ တုနှိုင်းမရ အောင် ကြောက်စရာ ကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို သူ ချက်ချင်း ခံစားလိုက်ရသည်။
ဓားရောင်ခြည်သည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိပြီး ၎င်း၏ စွမ်းအားသည် ပို၍ပင် စုတ်ဖြဲနိုင်စွမ်း ကြီးမားသည်။
ချင်ယွင်၏လက်မှ နတ်ဘုရားဓားသည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါနေသည့်အလား အလွန်မင်း သေးငယ်နေပုံရပြီး၊ ဓားရောင်ခြည်အလင်းကို ပြင်းပြင်း ထန်ထန် လှုပ်ခါနေသည်။
"အား…"
ချင်ယွင်သည် ခပ်တိုးတိုး ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်စဉ် သူ့လက်ထဲက မြူနှင်း ချောက်နက်ဓားက တောက်ပသထက် တောက်ပလာသည်။
ချင်ယွင်၏လက်ထဲက မြူနှင်းချောက်နက်ဓားကြောင့် ကြောက်စရာကောင်းတဲ့ ဓားအလင်းသည် ချက်ချင်း ကွဲထွက်သွားပါသည်။ အလွန်ကြီးမားသော စွမ်းအင်ဓားကို အလယ်မှ နှစ်ပိုင်းခွဲဖြတ်ပြီး မရေမတွက်နိုင်သော ဓားချီကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဘုန်း…။"
ဓားအလင်းသည် ကွဲအက်သွားပြီး မရေမတွက်နိုင်သော ဓားစွမ်းအင်အမျှင်တန်းများသည် ပြိုလဲသွားခဲ့သည်။
ချင်ယွင်၏ဓားသည် ဓားအလင်းကို ဆုတ်ဖြဲလိုက်ပြီး ဝေဖန်းဆီသို့ ဦးတည်သွားခဲ့သည်။
ဝေဖန်းက သူ့ဓားစွမ်းအင်က ချင်ယွင်ကို ခုခံဖို့ မလုံလောက်ဘူးလို့ ခန့်မှန်းထားပုံရပြီး သူ့လက်ထဲက နတ်ဘုရားဓားကို ပစ်လွှတ်ဖို့ အသင့်ဖြစ်နေပါပြီ။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီသည် တိမ်များကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေသော်လည်း ဧကရာဇ်မင်းကဲ့သို့ အငွေ့အသက်တစ်ခု ထွက်လာသည်။
"ဧကရာဇ်ဓား၊ ဓားသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လေ"
ဝေဖန်းက အေးစက်စွာ အော်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ နတ်ဘုရားဓားသည် ကွဲသွားကာ ရာနှင့်ချီသော ဓားရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဓားရိပ်တစ်ခုစီသည် အနှိုင်းမဲ့လွှမ်းမိုးနိုင်လောက်သော ဓားချီကို ထုတ်လွှတ်လိုက်ပြီး မှိတ်တုတ်မှိတ်တုတ် ဓားအစွန်းသည် နှလုံးသားကို တုန်လှုပ်စေသော အတက်အကျကို ထုတ်လွှတ်သည်။
ဘန်း…။
ဝေဖန်းသည် ကမ္ဘာကို ငုံ့ကြည့်နေသော ဧကရာဇ်တစ်ပါးကဲ့သို့ ဓားရိပ်တစ်ထောင်၏ နောက်တွင် ရပ်နေသည်။
"သွား!"
ဝေဖန်းက အော်ဟစ်လိုက်ပြီး သူ့ရှေ့မှာ မျောနေတဲ့ နတ်ဘုရားဓားတစ်ထောင် ချက်ခြင်း ထွက်လာတယ်။ သူတို့သည် ပြင်းထန်သော ဓားအော်သံနှင့် ဓားစွမ်းအားဖြင့် ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်စဉ် ၎င်းတို့သည် ကောင်းကင်မှကျလာသော မိုးရေစက်များကဲ့သို့ပင်။
ချင်ယွင်သည် ထူထပ်သော ဓားအလင်းကို ကြည့်ကာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ သူ့လက်ထဲက မြူနှင်းချောက်နက်ဓားထဲကို ချက်ချင်း အေးခဲနေတဲ့ ဓားဆန္ဒနဲ့ ဖုံးလွှမ်းသွားသည်။
"ကောင်းကင်ဘုံ၏ဘုရားအပေါင်းတို့၊ လက်မြှောက်ကြလော့။ တံဆိပ်ခတ်လော့။"
ချင်ယွင်သည် သူ့လက်ထဲရှိ နတ်ဘုရားဓားကို ဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားတန်ခိုးသည် ဓားကို ထိုးဖောက်ဝင်ရောက်ကာ ချက်ချင်းဆိုသလို သူ့ရှေ့တွင် အားကောင်းသော ဓားကို အကာအကွယ်အဖြစ် ပုံဖော်လိုက်သည်။
“ဘန်း.. ဘန်း..…”
မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် ဓားစွမ်းအား၏ ခုခံမှုနှင့်အတူ ပြင်းထန်စွာ တိုက်မိသွားသည်။ ကျောက်ခဲတွေက ရေအိုင်ကို ထိသလိုပဲ။ ဓားစွမ်းအား၏ ပိတ်ဆို့ခြင်းကို ခံရသောအခါ သူတို့သည် ချင်ယွင်ရှေ့တွင် အဆက်မပြတ် တုန်လှုပ်သွားကြသည်။
သို့သော်၊ ဓားစွမ်းအားသည် ရှေ့သို့ ဆက်လက်တိုးလာသည်နှင့်အမျှ ချင်ယွင်၏ ကိုယ်ပိုင် ဓားစွမ်းအားသည် အနည်းငယ် သည်းမခံနိုင်တော့ပေ။ ထို့အပြင်၊ ဓားစွမ်းအား၏ သက်ရောက်မှုသည် ချင်ယွင်ခံနိုင်ရည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘန်း…
ထိုအခိုက်အတန့်တွင် အဝေးမှ ဓားသွားသံ နောက်တစ်ခု ထွက်ပေါ်လာသည်။
ဝေဖန်းသည် သူ့လက်ထဲမှ နတ်ဘုရားဓားကို ချင်ယွင်ဆီသို့ အနှိုင်းမဲ့ အစွမ်းထက်သော ဓားအငွေ့အသက်ဖြင့် ထိုးလိုက်သည်။
ဝေဖန်းကို ဓားဖြင့်ထိုးရန် ခွင့်ပြုလိုက်ရင် ချင်ယွင်၏ ဓားစွမ်းအင် အကာကွယ်သည် လုံးဝ အက်ကွဲသွားတော့မှာ သေချာပါသည်။ ထိုအချိန်တွင် ဝေဖန်း၏ဓားဖြင့်ထိုးမှုကြောင့် သူသေချာပေါက် ဒဏ်ရာရသွားမည် ဖြစ်သည်။
ချင်ယွင်သည် သူ့ပါးစပ်ထောင့်တွင် မထီမဲ့မြင် လှောင်ပြောင်နေသည့် ဝေဖန်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။
ချင်ယွင်၏ နှလုံးသားထဲတွင် မောက်မာမှုသည် ချက်ချင်းထကြွလာပြီး သူ၏ဓားအရှိန် သည် ကောင်းကင်သို့ ချက်ချင်းတက်သွားသည်။
"ဘုန်…."
ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေသော ကြောက်မက်ဖွယ် ဓားစွမ်းအင်ကို ချက်ခြင်း ကွဲအက်သွားသည်။
ချင်ယွင်၏ အနက်ရောင်ဆံပင်များက ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ့မျက်လုံးများက ပို၍ပင် အေးစက်သွားသည် ။
မြူနှင်းချောက်နက်ဓားထက်တွင် ရေခဲအေးသော နှင်းခဲအလွှာသည် အမှန်တကယ် မြင့်တက်လာခဲ့ပြီး သူ့ပတ်ဝန်းကျင်မှ အပူချိန်လည်း အလွန်ကျဆင်းသွားသည်။
"မြူနှင်းသခင်ဓားသိုင်း၊ ပထမဓားကွက်၊ မြူနှင်းဓား ကောင်းကင်ဘုံနဂါးခုတ်ပိုင်းခြင်း။" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ဓားစွမ်းအားသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားက လျင်မြန်စွာ ကျဆင်းသွားသည်။ ကြောက်စရာကောင်းသော ဓားစွမ်းအားသည် အမှန်တကယ်ပင် ဝေဖန်းထံသို့ တည့်တည့်သွားကာ အနှိုင်းမဲ့ ကြီးမားသော နှင်းခဲနဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။
"အောင်း..."
ဝေဖန်းဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားစဉ် နှင်းနဂါကြီးသည် အားပြင်းသော ရေခဲမုန်တိုင်း တစ်ခု သယ်ဆောင်လာခဲ့သည်။
ကျိုးယွမ်နှင့် အခြားသူများသည် ဤမြင်ကွင်းကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။
ယခုလိုတိုက်ပွဲမျိုးက သူတို့ထက် သာနေလွန်သည်။ အကယ်၍ သူတို့သာ ဝင်ပါခဲ့မည်ဆို လျှင်, ထိုဓားစွမ်းအားသည် သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။
သို့သော် ဝေဖန်သည် လုံးဝ မကြောက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်သည် ရပ်တန့်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိခဲ့ဘဲ နှင်းနဂါးကြီးနှင့် အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။