အခန်း ၁၄၇၈
Vol. 99 Ch. 1478
အခန်း (၁၄၇၈) ရုတ်တရက် အပြောင်းလဲ။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှင်းနဂါးကြီးသည် ထိုးဖောက်ခံလိုက်ရသည်။
နှင်းနဂါးကြီးသည် လုံးဝ ပေါက်ကွဲသွားသည် မရေမတွက်နိုင်သော ရေခဲအပိုင်းအစ များသည် ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ မြေပြင်ပေါ်ကို အဆက်မပြတ် ရိုက်ခတ်သွားသည်။
နှင်းနဂါးကြီးကို ဓားဖြင့် ထိုးဖောက်ခဲ့သော ဝေဖန်းသည် သူ့ခန္ဓာကိုယ်ကို မရပ်တန့်ခဲ့ပေ။ ယင်းအစား သူသည် သူ့ဓားကို မြှောက်ပြီး ချင်ယွင်ကို ဆက်လက် တိုက်ခိုက်သည်။
အစိမ်းရောင်ဝတ်ရုံသည် တဖျပ်ဖျပ်ရိုက်ခတ်နေသည်။ ၎င်း၏ကိုယ်ဟန်အနေအထားမှာ ခံ့ညားပြီး ကြီးစိုးနေသဖြင့် တန်ခိုးကြီးသော ဘုန်းအာနုဘော်ကို ပေါ်လွင်စေသည်။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်ပြီး မောက်မာကာ၊ သူ့လက်ထဲမှ မြူနှင်းချောက် နက်ဓားသည်လည်း အေးစက်နေသည်။ သူ၏နတ်ဘုရားတန်ခိုး စွမ်းအားသည် ပျံ့နှံ့သွား ပြီး ပြင်းထန်သော အေးစက်မှုကို ထုတ်လွှတ်လိုက်သည်။
"ဘုန်း.."
သို့သော် သူတို့နှစ်ဦးသည် ထပ်မံ တိုက်ခိုက်ခါနီးတွင် သူတို့ခြေဖဝါးအောက် မြေပြင်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်တွင်၊ အောက်ရှိ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် စတင်လှုပ်ခါလာ ပြီး သူ၏ခြေရင်းအောက်ရှိ စင်မြင့်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
"ဘာတွေဖြစ်နေတာလဲ?" အားလုံးက စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြ သည်။
ဤစင်မြင့်အား ဤမျှအင်အားကြီးသော အစီအရင်ဝင်္ကပါဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းသည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါပြီး စင်မြင့်ကိုတောင် ဖြိုခွဲပစ်နိုင်သည်လား။
သာမာန်အားဖြင့်၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှု သည် စင်မြင့်တစ်ခုလုံးကို အက်ကြောင်းဖြစ်စေရန်အသာထား၊ ဤစင်မြင့်ကို ဖြိုခွဲနိုင်မည် မဟုတ်ပေ။
ချင်ယွင်နှင့် ဝေဖန်းတို့သည် ကျယ်လောင်သော ဆူညံသံများကြားမှ တိုက်ပွဲများ ရပ်သွားပြီး၊ အံ့အားသင့်နေသော မျက်နှာကိုယ်စီဖြင့် အောက်သို့ ငုံ့ကြည့်နေကြသည်။
သူတို့သည် စင်မြင့်ထိပ်တွင် ရပ်နေကာ စင်မြင့်တစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွယ်တကူ မြင်နိုင်သည်။
ဤအခိုက်အတန့်တွင် သူတို့၏မျက်လုံးများကို ဖမ်းစားလိုက်သည်မှာ အနှိုင်းမဲ့ကြီးမား သော ချောက်နက်ကြီးတစ်ခုဖြစ်ပြီး၊ ၎င်းသည် စင်မြင်တစ်ခုလုံးကို နှစ်ပိုင်းခွဲထားသည်။
ထိုမျှသာမကဘဲ, အက်ကွဲကြောင်း၏အလယ်နှင့် အထက်ပိုင်းတွင်ရှိနေသော နဝမအဆင့် ကောင်းကင်ဘုံနန်းတော်သည် ပထမအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားသည်ကို သူတို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။ ပထမထပ်တွင်ရှိသော ကောင်းကင်ဘုံအုပ်စိုးခြင်း ခန်းမပင်လျှင် တစ်ဝက်စီ ကွဲသွားခဲ့သည်။
တစ်နည်းဆိုရသော်၊ ယခုအခါ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းတစ်ခုလုံးသည် နှစ်ပိုင်းခွဲခြမ်းသွားသည်။
ချင်ယွင်နှင့် ဝေဖန်းတို့သည် ဤမြင်ကွင်းကို မြင်သောအခါ နှစ်ယောက်လုံး အလွန်မင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ဖော်ပြလာကြသည်။
သူတို့သည် အဖြစ်ပျက်တွေကို အတိအကျ မသိခဲ့ကြပါဘူး။ ယခုလို ခမ်းနားထည်ဝါသော ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် ရုတ်တရက် မည်သို့ နှစ်ခြမ်းကွဲသွားရသ နည်း။
ချင်ယွင်သည် ခွေးဝါကြီးကို အမှတ်တမဲ့ ကြည့်လိုက်သည်။ နောက်ဆုံးတွင်, ခွေးဝါကြီး သည် သူ၏ခြေသည်းများကို လူသားဆန်စွာ ဆန့်ထုတ်ကာ သူ၏လက်များကို ဆန့်ထုတ်သည့် အမူအရာမျိုး လုပ်ပြသည်။ ဖြစ်ပျက်ခဲ့သည့်ကို သူ နားမလည်ခဲ့ဘူးဆို သည်မှာ သိသာပါသည်။
ကံကောင်းထောက်မစွာ၊ အက်ကွဲကြောင်းပေါ်လာပြီးနောက်၊ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းသည် တုန်လှုပ်ခြင်းမရှိဘဲ အရာအားလုံးသည် မူလကအတိုင်း ငြိမ်သက်သွားခဲ့သည်။
သို့သော်၊ လူတိုင်းသည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းတွင် တစ်စုံတစ်ခု ဖြစ်ပျက် သွားသည်ဟု ခံစားမိကြသည်။ မဟုတ်ရင်, အကြောင်းပြချက် လုံးဝမရှိဘဲ ယခုလို ကြီးမားသည့် အက်ကွဲကြောင်းကြီး သေချာပေါက် ဖြစ်ပေါ်လာမည် မဟုတ်ပေ။
"မင်း တိုက်ချင်သေးလား" ချင်ယွင်က ဝေဖန်းကို လှည့်ကြည့်ပြီး မေးသည်။
ထို့နောက် အေးစက်စွာ နှာခေါင်းရှုံ့ပြီး စင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ချင်ယွင်သည် ဝေဖန်း၏ ဆိုလိုရင်းကို သဘောပေါက်သည်။ ထင်ရှားသည်မှာ၊ တဖက်လူ သည် ဆက်လက်တိုက်ပွဲဝင်လိုစိတ် မရှိတော့ပါ။
ဤရုတ်တရက် ပြောင်းလဲမှုက သူတို့ကို နားမလည်နိုင်အောင် ဖြစ်စေသည်။ အကယ်၍, တိုက်ပွဲသာ ဆက်ဖြစ်နေခဲ့လျှင်, နောက်ထပ် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို သူတို့ မသိပေ။ ထို့အပြင်, အစောပိုင်းက တိုက်ပွဲမှတဆင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု အနည်းအကျဉ်း ရရှိခဲ့ကြသည်။ သူတို့သည် တခဏတွင်း တစ်ယောက်ကို တစ်ယောက် ဘာမှလုပ်နိုင်စွမ်း မရှိသည်ကို နားလည်ထားကြသည်။ ထို့ကြောင့် ဆက်ပြီး တိုက်ပွဲဝင် နေစရာ မလိုတော့ပါဘူး။
ဝှီး…။
ချင်ယွင်သည် လေပြည်အဖြစ်သို့ ပြောင်းလဲသွားကာ ကျိုးယွမ်နှင့် အခြားလူများ အနားသို့ ရောက်ရှိသွားခဲ့သည်။
"ခင်ပွန်း၊ ရှင် အဆင်ပြေရဲ့လား" ကျိုးလင်သည် ချင်ယွင်ပြန်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ သူက ခွေးဝါကြီးကို ကြည့်ပြီး "ခွေးဝါကြီး၊ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းအောက်မှာ စည်းတံဆိပ်ခတ်ထားတဲ့ အရာတစ်ခုခု ရှိနေသလား" ဟု မေးသည်။
"ဟင့်အင်း! ဒီပျောက်ကွယ်နေသော နတ်ဘုရားကျွန်းမှာ တံဆိပ်ခတ်ထားတဲ့အရာကို ငါ ဘာမှ မကြားမိဘူး။" ခွေးဝါကြီးသည် ခေါင်းယမ်းလိုက်သည်။
ခွေးဝါကြီး၏ အဖြေကိုကြားတော့ ချင်ယွင်သည် စဉ်းစားတွေးတော့သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
ယခုလေးတင် ကြောက်စရာကောင်းသည့် တုန်လှုပ်မှုက မြေပြင်ကနေ အရာတစ်ခုခု ထွက်လာသကဲ့သို့ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ခွေးဝါကြီးကတော့ မြေအောက် မှာ စည်းတံဆိပ်ပိတ်ထားသည့်အရာ ဘာမှမရှိဘူးဟု ပြောဆိုနေသည့်အတွက် ချင်ယွင် သည် အရမ်းထူးဆန်းနေသည်ဟု ခံစားရသည်။
"ဒါက အတိအကျ ဘာ့ကြောင့်များဖြစ်မလဲ" ချင်ယွင်က သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက် သည်။
"ခင်ပွန်း၊ ငါ့အမြင်အရဆို၊ ဒီရုတ်တရက် ပြောင်းလဲမှုက ရှစ်ခုမြောက် ကောင်းကင်ဘုံ နန်းတော်နဲ့ ပတ်သတ်ပြီး တစ်ခုခုဖြစ်နိုင်တယ်။ ကျိုးလင်က ပြောသည် "စောစောက, ရှင်က ကောင်းကင်ယံမှာ တိုက်ခိုက်နေတော့ သတိမထားမိပေမယ့်၊ ငါတို့က ဒီစင်မြင့်မှာ တစ်ချိန်လုံး ရပ်နေကြတာပဲ။ ထွက်ပေါ်လာတဲ့ တုန်ခါမှုက နဝမမြောက် ကောင်းကင်ဘုံ နန်းတော်ရဲ့ ဦးတည်ရာကနေ ထွက်ပေါ်လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး၊ အက်ကွဲကြောင်းတွေကလည်း အပေါ်ကနေ ပျံ့နှံ့လာခဲ့တာ။ ဒါပေမယ့် ဒီဖြစ်စဉ်က အရမ်းကို တိုတောင်းတဲ့အတွက် သတိပြုမိဖို့ အရမ်းခက်တယ်။"
"ဟုတ်တယ်၊ ငါလည်း ခံစားရတယ်။" ကျိုးယွမ်က ခေါင်းညိတ်ပြသည်။
"အိုး။ နဝမမြောက် ကောင်းကင်ဘုံနန်းတော်လား။ နဝမမြောက် ကောင်းကင်ဘုံ နန်းတော် မှာ တစ်ခုခုဖြစ်သွားနိုင်မလား" ချင်ယွင်၏နှလုံးသားသည် အံ့အားသင့်သွားခဲ့သည်။
သို့သော် ကောင်းကင်ဘုံနန်းတော်၏ ကိုးထပ်မြောက်တွင် မည်သည့်အရာ ဖြစ်ပျက်သွား သည်ကို သူ စိတ်ကူးမယဉ်နိုင်ပေ။
ကောင်းကင်ဘုံနန်းတော်၏ ကိုးထပ်မြောက်သည် ပျောက်ကွယ်နေသော နတ်ဘုရား ကျွန်းကို ချိတ်ဆက်ထားသော်လည်း အစီအရင်ဝင်္ကပါကြောင့် ၎င်းတို့သည် အတော်လေး မှီခိုကင်းကြသည်။ ကန့်သတ်ချက်များ၏ စမ်းသပ်မူများကို ကျော်ဖြတ်ခြင်းဖြင့်သာ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်နိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်, သင်သည် နောက်ထပ် ကောင်းကင်ဘုံနန်းတော်ဆီ ပျံသန်းနိုင်စွမ်းရှိမည် မဟုတ်ပေ။
“တကယ်လို့, မင်းတို့အနေနဲ့ ဖြစ်ပျက်ခဲ့တာကို သိချင်ရင် မြန်မြန် သွားကြည့်လိုက်ကြလေ။ ဒီမှာ မှန်းဆနေလို့ ဘာမှ မရနိုင်ဘူး။" ကြီးမားသောအက်ကွဲကြောင်းကြီး၏ ရှေ့တွင် ရပ်နေသော ဝေဖန်းက ပြောသည်။
သူသည် ပျံသန်းသွားပြီး အက်ကွဲကြောင်းကြီးရှိရာဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူသည် အောက်ကို ငုံ့ကြည့်လိုက်သောအခါတွင် မည်သည့်သဲလွန်စတစ်ခုမျှ မတွေ့ခဲ့ရ ပေ။ အောက်ဘက်တွင် မည်းမှောင်နေပါသည်။ သူ၏စိတ်ဝိညာဉ်သည် အက်ကွဲကြောင်း အတွင်းသို့ဝင်ရောက်ရန် ကြီးကြီးမားမား ပိတ်ဆို့ခံထားရပုံရပြီး စုံစမ်းရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် အက်ကွဲကြောင်းအောက်ရှိ အရာကို မမြင်နိုင်ပေ။
ဝေဖန်း၏စကားကိုကြားတော့ ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သို့သော် သူ့စိတ်ထဲတွင်တော့ ဝေဖန်း၏စကားများက မမှားကြောင်း သူခံစားမိသည်။ ဤနေရာတွင် သူသည် မည်သည့်အရာကိုမှ မခန့်မှန်းနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ အကယ်၍, သူသည် ဖြစ်ပျက်ခဲ့သမျှကို သိရှိလိုသည်ဆိုလျှင်, ကိုးခုမြောက် ကောင်းကင်ဘုံ နန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းရပေမည်။
"အတူတူ သွားကြည့်ရအောင်။" ချင်ယွင်က ကျိုးလင်နှင့် တခြားသူတွေကို ပြောလိုက် သည်။
ကျိုးလင်နှင့် ကျိုးယွမ်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်ကြပြီး သူတို့အနားရှိ ကျိုးဟုန်ရွှဲ့ လည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
ခွေးဝါကြီးနှင့် လိပ်နက်နတ်သားရဲများအတွက်၊ ၎င်းတို့အားလုံးသည် ချင်ယွင်၏ နတ်ဘုရားသားရဲများ ဖြစ်သည်။ ထုံးစံအတိုင်း၊ သူတို့သည် ချင်ယွင် သွားလေရာရာ ချင်ယွင်နောက်သို့ လိုက်သွားကြသည်။
ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် အဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်ဆီသို့ ဦးစွာ လျှောက်လှမ်းခဲ့ကြသည်။ ဝေဖန်းသည် ချင်ယွင်ကို ထိုစကားတွေ ပြောပြီးချိန်မှာ တော့ သူသည် အပေါ်ကို လှမ်းတက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများ လှေကားထစ်ဝက်သို့ ရောက်သောအခါ ဝေဖန်းသည် အဋ္ဌမအဆင့် ကောင်းကင်ဘုံ နန်းတော်သို့ တက်လှမ်းနေပြီ ဖြစ်သည်။
သို့သော် ချင်ယွင်နှင့် အခြားသူများသည် အံ့သြသွားသည်မှာ ဝေဖန်းသည် ကောင်းကင်ဘုံ နန်းတော်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိပြီးနောက် မယုံနိုင်စရာ တစ်စုံတစ်ရာကို တွေ့ရှိ လိုက်သကဲ့သို့ သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။
ချင်ယွင်၊ ကျိုးလင်နှင့် အခြားသူများသည် အချင်းချင်း တစ်ချက်ကြည့်ကာ သူတို့၏ အမူအရာတွေကလည်း အံ့ဩခြင်းမျာဖြင့် ပြည့်နှက်နေပါသည်။ ချက်ခြင်းပင် သူတို့သည် အဋ္ဌမမြောက် ကောင်းကင်ဘုံ နန်းတော်အကြောင်းကို ပို၍ပင် သိချင်လာသဖြင့် အဋ္ဌမ မြောက် ကောင်းကင်ဘုံ နန်းတော်ဆီသို့ လျှောက်သွားကြသည်။
သို့သော် သူတို့သည် အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိပြီးနောက် အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်ဆီသို့ မျှော်ကြည့်လိုက်သောအခါတွင် သူတို့ အားလုံးသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဝေဖန်းသည် အဘယ်ကြောင့် ရုတ်တရက် မလှုပ်မယှက် မတ်တပ်ရပ်နေရသည်ကို သူတို့ ချက်ခြင်း နားလည်သွားခဲ့ကြသည်။
အဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်၏ မြင်ကွင်းသည် ၎င်းတို့အား မယုံနိုင်လောက် အောင် ခံစားရစေသောကြောင့် ဖြစ်သည်။
ထိုအခိုက်တွင် ချင်ယွင်လည်း အံ့သြသွားသည်။ သူ့ရှေ့က အရာအားလုံးကို စိုက်ကြည့်ရင်း သူ့နှလုံးသားက အချိန်အတော်ကြာအောင် မတည်မငြိမ် ဖြစ်သွားခဲ့သည်။