အခန်း ၁၄၇၉
Vol. 99 Ch. 1479
အခန်း (၁၄၇၉) မှန်ကန်နေသော ဒဏ္ဍာရီ။
"သူတို့အားလုံးက အသက်ရှင်နေတာလား" ကျိုးဟုန်ရွှဲ့သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ အံ့အားတသင့် ပြောလိုက်သည်။ သေချာသည်မှာ, သူမသည် သူမရှေ့တွင် ဖြစ်ပျက်နေသည့် အရာများကို မယုံရဲပေ။
"အသက်ရှင်နေတယ်။" ကျိုးယွမ်က ပြတ်ပြတ်သားသား ဖြေလိုက်သော်လည်း သူ့မျက်နှာ ပေါ် ထိတ်လန့်တုန်လှုပ်မူ ရှိနေခဲ့သည်။
ချင်ယွင်၏ မျက်လုံးများမှာလည်း ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ သူ့ရှေ့က မြင်ကွင်းကို ကြည့်လိုက်ရင်း သူ့ရင်ထဲမှာ လှိုင်းလုံးကြီးတွေ လှုပ်ခတ်နေသလို ခံစားရ သည်။
ဤအခိုက်အတန့်တွင် သူတို့ရှေ့မှာ စင်မြင့်ကြီးတစ်ခု ရှိနေခဲ့သည်။ ဤစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူဆယ်ယောက် ရှိနေပါသည်။
ဤလူဆယ်ယောက်သည် ပန်းပုရုပ်များကဲ့သို့ မလှုပ်မယှက်ဖြစ်နေပြီး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကြသည်။
ထို့အပြင် ဤထိတ်လန့်မူသည် လူတစ်ဦးစီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလွန်မင်း အစွမ်းထက်သော အငွေ့အသက်ကြောင့် ဖြစ်ပါသည်။ လူတစ်ဦးစီမှ ထွက်ပေါ်လာသော အငွေ့အသက်သည် ချင်ယွင်နှင့် အခြားလူများ ပေါင်းစပ်ထားသည့် အငွေ့အသက်ထက်ပင် ပြင်းထန်လှသည်။
ထင်ရှားသည်မှာ, ဤလူများသည် အလွန်မင်း တန်ခိုးကြီးသူများ ဖြစ်သည်။ အကယ်၍, ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ဤလူများ အားလုံးသည် ယခင်က အထွက်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြလိမ့်မည်။
အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင် ဆယ်ဦးသည် ၎င်းတို့ရှေ့တွင် ရောက်ရှိနေသောကြောင့် သူတို့သည် မည်သို့ မတုန်လှုပ်ဘဲ ရှိမည်နည်း။
"ဒဏ္ဍာရီအရတော့ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က သူ မသေဆုံးခင်မှာ ဂိုဏ်းထဲက ကျွမ်းကျင်ပညာရှင် အုပ်စုတစ်ခုကို စည်းတံဆိပ် ခတ်ထားခဲ့တယ်။ တစ်ယောက်ယောက်က လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို ရယူပြီးတာနဲ့ ဒီကျွမ်းကျင်ပညာရှင်တွေဟာ နိုးထလာပြီး အဲဒီအမွေနှစ်ဆက်ခံသူ နောက်ကို လိုက်ကြ လိမ့်မယ်။ သူတို့ ဂိုဏ်းထဲကို ဝင်လာပြီးတဲ့နောက် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မှ မတွေ့ခဲ့ရပါဘူး။ ဒဏ္ဍာရီတွေထဲက အစစ်မှန် မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ အခုတော့, ဒဏ္ဍာရီတွေက အစစ်အမှန်တွေ ဖြစ်နေပုံရတယ်။ ဒဏ္ဍာရီတွေက ကျွမ်းကျင်ပညာရှင် အုပ်စုဖြစ်တဲ့ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်က ရှေ့မှာရှိနေတဲ့လူတွေ ဖြစ်နိုင်တယ်” ကျိုးယွမ်က ပြောသည်။
သူသည် ထိုစကားကို ပြောနေစဉ်မှာ သူ၏စိတ်နှလုံးထဲက အရူးအမူး ခုန်နေခဲ့သည်။
အထွက်အထိပ်အဆင့် ကောင်းကင်နတ်ဘုရားနောက်လိုက်နောက်ပါ ၁၀ ယောက်။ ဤအရာက မည်သည့်စွမ်းအားမျိုး ဖြစ်သနည်း။
နတ်ဘုရားနန်းတော်ကြီးလေးခုထဲမှာတောင် အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်ပညာရှင် ၁၅ ဦးထက် မပိုနိုင်ပေ။ အခြားစကားဖြင့် ပြောရလျှင်, ဤအထွက်အထိပ်အဆင့် ကောင်းကင်နတ်ဘုရား နောက်လိုက်နောက်ပါ ၁၀ ယောက်ကို ပိုင်ဆိုင်ထားသူ မည်သူမဆို နတ်ဘုရားနန်းတော်ကြီးလေးခုနှင့် ဆန့်ကျင်တိုက်ခိုက်နိုင် လိမ့်မည်။ သေချာသည်မှာ, ဤအရာက ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် များကိုယ်တိုင် မလှုပ်ရှားသည့် အခြေအနေမျိုးမှ ဖြစ်ပါလိမ့်မည်။
ချင်ယွင်သည်လည်း အလွန်မင်း အံ့အားသင့်သွားရသည်။ သူသည် အဝေးမှာ အိပ်မောကျ နေသည့် ကောင်းကင်နတ်ဘုရားဆယ်ပါးကို ကြည့်ရင်း သူ့စိတ်နှလုံးထဲတွင် နားမလည်နိုင် သော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နောက်လိုက်နောက်ပါ ဆယ်ယောက်သည် အနှိုင်းမဲ့ ကြီးမားသော စွမ်းအင်များ ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုမဆို ဆွဲဆောင်နိုင် သည်။
သေချာသည်မှာ, ချင်ယွင်အပြင် ဝေဖန်း၏ မျက်လုံးများသည်လည်း အလွန်မင်း ပူလောင်နေပါသည်။ သူသည် အစိမ်းရောင်ဝတ်ရုံလက်မောင်းကြားမှာ သူ့လက်သီးကို တင်းတင်းကြပ်ကြပ် မဆုတ်ထားဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွင်၏ အနားရှိ ခွေးဝါကြီးနှင့် လိပ်နက်နတ်ဘုရားသားရဲတို့သည် ၎င်းတို့၏ မျက်လုံး များတွင် ရိုသေလေးစားမှုဖြင့် ကောင်းကင်နတ်ဘုရားဆယ်ပါးကို ကြည့်လိုက်ကြသည်။
၎င်းတို့အားလုံးကို လျှို့ဝှက်နတ်ဘုရားဂိုဏ်း၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နိုင်ပြီး ၎င်းတို့သည် ကောင်းကင်နတ်ဘုရားဆယ်ပါးနှင့် အလွန်ရင်းနှီးကြသည်။ ထို့ကြောင့်၊ ထိုမျက်နှာတွေကို မြင်လိုက်ရတော့ သူတို့ နှလုံးသားတွေ ကြေမွသွားပြန်သည်။
"သခင်, ဒီဝေဖန်းကို ဘိုးဘေးနတ်ဘုရားရဲ့ အမွေနှစ်ကို ရမသွားစေနဲ့။ ဘိုးဘေးနတ်ဘုရား ရဲ့ ကြိုးစားအားထုတ်မှုကို ဒီလိုလူကြောင့် မဖျက်ဆီးစေချင်ဘူး။" ခွေးဝါကြီးက ချင်ယွင် ထံသို့ အသံဖြင့် ပို့လွှတ်လိုက်သည်၊ သူ့အသံမှာ တောင်းပန်မှုနှင့် လေးနက်မှုတို့ကို သယ်ဆောင်လာသည်။
"အယ်?" ချင်ယွင် အနည်းငယ် မှင်သက်သွားပြီး ခွေးဝါကြီးကို လှည့်ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ခွေးဝါကြီး၏ အမူအရာမှာ လေးနက်တည်ကြည်နေပြီး သူ့မျက်လုံး များတွင် ဝမ်းနည်းမှုတစ်ခု ရှိနေသည်။
ခွေးဝါကြီး ယခုလိုအမူအရာမျိုး ထုတ်ဖေါ်ပြသည်ကို ချင်ယွင်သည် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ယခင်က သူသည် စျေးပေါလွန်းပြီး သေခြင်းတရားကို အမြဲတမ်း ကြောက်ရွှံ့နေခဲ့သော်လည်း ယခုအခါ သူ၏အမူအရာသည် သူ့တိုင်းပြည်ကို စောင့်ကြပ် နေသည့် စစ်သားတစ်ယောက်လို ဖြစ်နေသည်။ သူ့ပုံစံက အရမ်းကို လေးနက်နေပုံရသည်။
"ကောင်းပြီ ငါကတိပေးတယ်။" ချင်ယွင်က အသံဖြင့် ပြန်ကြားခဲ့သည်။
"ကျေးဇူးတင်ပါတယ်" ခွေးဝါကြီးက လေးလေးနက်နက် ပြောသည်။
ချင်ယွင်က အနည်းငယ် ပြုံးလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ခွေးဝါကြီး၏ အမူအရာဖြင့် တကယ်ကို အသားမကျပေ။ သို့သော်၊ ခွေးဝါကြီးသည် လျှို့ဝှက်နတ်ဘုရား ဂိုဏ်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကို မနှိုင်းယှဉ်နိုင်လောက်အောင် နက်ရှိုင်းစွာ ချစ်မြတ်နိုးကြောင်းကို သူ နားလည်ခဲ့ပြီး၊ ဤကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအတွက် သဘာဝအတိုင်း သူ့ကို သတိပေးခြင်း ဖြစ်သည်။
ချင်ယွင်၏ စိတ်ခံစားမှုများသည် ခွေးဝါကြီးကြောင့် ထိခိုက်သွားပုံရပြီး၊ ကောင်းကင် နတ်ဘုရားဆယ်ပါးကိုကြည်သည့် သူ၏အကြည့်များက လေးနက်လာခဲ့သည်။
နားမလည်နိုင်သော စိတ်ခံစားချက်တစ်မျိုးသည် သူ့နှလုံးသားထဲသို့ တိုးဝင်လာကာ၊ ၎င်းက စိတ်ဆန္ဒတစ်မျိုးမျိုးကို သယ်ဆောင်လာသလိုပင်။
"ကြည့်စမ်း၊ အဲဒါ နဝမမြောက် ကောင်းကင်ဘုံနန်းတော်ရဲ့ လမ်းကြောင်းပဲ။" ထိုအချိန်မှာ ကျိုးဟုန်ရွှဲ့က ရုတ်တရက် အော်ပြောလိုက်သည်။
ဤစကားကို လူတိုင်းကြားသောအခါ အားလုံးက ကျိုးဟုန်ရွှဲ့ ညွှန်ပြနေသည့် ဘက်ကို လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်နတ်ဘုရားဆယ်ပါး နောက်တွင်၊ ရှည်လျားသော လှေခါးထစ်တစ်ခုရှိနေကာ၊ ဤလှေကား၏ အဆုံးတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော နဝမမြောက် ကောင်းကင်ဘုံနန်းတော် ရှိနေခဲ့သည်။
ဘေးမှာရပ်နေသည့် ဝေဖန်းသည် လှေကားထစ်ကို လှမ်းကြည့်ရန် သူ့ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူ့မျက်လုံးထဲတွင် မထင်မှတ်ထားသည့် လောင်ကျွမ်းမူများ ရှိနေသည်။
လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်…။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို အမိန့်ပေးနိုင်ခြင်း။
ထို့အပြင်, ထိုအရာအားလုံးသည် အထိုလှေကားနောက်မှာ ရှိနေခဲ့သည်။
"လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ အမွေနှစ်ကို ငါ ရအောင်ယူရမယ်။ ဘယ်သူ့ကိုမှ လုယူခွင့်မပြုနိုင်ဘူး။" ဝေဖန်းက သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အတိတ်ကို ပြန်ပြောင်းကြည့်မည်ဆိုလျှင်၊ သူသည် ယခုလို ပြင်းထန်သော ရည်မှန်းချက် များ ရှိမည်မဟုတ်သည်မှာ သေချာပါသည်။ သို့သော် ယွမ်ဧကရာဇ်၏ မှတ်ဉာဏ်များကို တွေ့ကြုံခံစားခဲ့ရပြီးကတည်းက သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ရည်မှန်းချက်များသည် လုံးလုံးလျားလျား လှုံ့ဆော်ခံခဲ့ရသည်။
သူသည် သွေးမိုးလေဟုန်ခန်းမမှ ထွက်သွားချင်ခဲ့သည်။ သူသည် နောက်ထပ် လုပ်ကြံ သတ်ဖြတ်သူဖြစ်ရန် ဆန္ဒမရှိတော့ပေ။ သူသည် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ချင်လာခဲ့သည်။ သူသည် တန်ခိုးကြီးမားသော ဘိုးဘေးနတ်ဘုရားတစ်ပါး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။ သူသည် ကြီးကျယ်မြင့်မြတ်သော နတ်ဘုရားနန်းတော်ကြီး လေးခုကိုပင် အုပ်ချုပ်လိုစိတ် မရှိခဲ့ပေ။ သူ၏ရည်မှန်းချက်များ အောင်မြင်ရန် အကောင်းဆုံးနည်းလမ်းမှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်ကို ရယူရန် ဖြစ်သည်။
ဤနည်းအားဖြင့်၊ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ရန် လုံလောက်သည့် အနှိုင်းမဲ့ တန်ခိုးကြီးမားသော စွမ်းအားကို ချက်ချင်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများက တဟုန်ထိုး ထွက်ပေါ်လာသည်။ သူသည် နဝမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ရောက်ရှိရန်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်ကို ရယူရန် စမ်းသပ်မှုတွေကို အလွန်ကြာရှည်စွာ ဖြတ်ကျော်ခဲ့ရသည်။
ဤနည်းအားဖြင့်၊ သူသည် နတ်ဘုရားကမ္ဘာတွင် ခြေကုပ်ယူနိုင်မည် ဖြစ်ပြီး တစ်ချိန်တည်း တွင် သူ၏မိဘများကိုရှာလိုသော သူ့ဆန္ဒကို ပို၍လျင်မြန်စွာ အကောင်အထည် ဖော်နိုင် မည် ဖြစ်သည်။
ဤအရာအားလုံးသည် ဤလှေကား၏ နောက်ကွယ်မှာ ရှိနေခဲ့သည်။ ထိုလှေကားထစ်ကို ဖြတ်ကျော်နိုင်သမျှ, သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေအနှစ်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။
"အပျော်မစောကြနဲ့ဦး။ အဋ္ဌမမြောက် ကောင်းကင်နန်းတော်ရဲ့ စမ်းသပ်မှုက ထူးထူး ခြားခြား ခက်ခဲလိမ့်မယ်။ ရှင်သန်ခြင်းမရှိ သေဆုံးခြင်းဆယ်ပါးပဲ ရှိနေတယ်လို့တောင် ပြောနိုင်တယ်”။
သို့သော် ဤအခိုက်အတန့်တွင် ခွေးဝါကြီးသည် ရုတ်တရက် ပြောလိုက်သည်။
သူ့စကားများသည် ချင်ယွင်နှင့် အခြားသူများ၏ ခေါင်းပေါ်သို့ ရုတ်တရက် ရေအေးတစ်ပုံး လောင်းချလိုက်သည့်အလား ချင်ယွင်နှင့် ဝေဖန်းတို့သည် ချက်ချင်း နိုးထလာခဲ့ကြသည်။
မှန်ပါသည်။ ဒီအဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်မှ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင် ကျော်ဖြတ်ရန် လိုအပ်နေပါသေးသည်။ ထို့အပြင်၊ သူတို့ အမွေဆက်ခံရန် နီးကပ်လာလေ၊ စမ်းသပ်မှုက ပို၍ခက်ခဲလေလေ ဖြစ်သည်။
သို့သော် ဤစမ်းသပ်မူတွင် ရှင်သန်ခြင်းမရှိ သေဆုံးခြင်းဆယ်ပါးသာရှိသည်ဟု ခွေးဝါကြီး က ဆိုသည်။ ဤအရာက ချဲ့ကားလွန်းနေသည် မဟုတ်ဘူးလား။
"မင်း ငါတို့ကို ကြောက်လှန်ဖို့ ကြိုးစားနေတာလား။" ဝေဖန်းသည် ခွေးဝါကြီး၏ စကားကို မယုံပေ။ ခွေးဝါကြီးက သူ့ကို တမင်တကာ ခြောက်လှန့်နေပြီး သူ ရှေ့ဆက်မတိုးဘဲ နေအောင် လုပ်ဆောင်နေသည်ဟု သူထင်နေခဲ့သည်။
"ငါ မင်းကို ခြောက်လှန့်ဖို့ ကြိုးစားနေစရာလား။ မင်း ရှေ့ဆက်ပြီး ကြိုးစားကြည့်စမ်းပါ။ ဒါပေမယ့် မင်း သေသွားရင် မင်းအလောင်းကို ဘယ်သူမှ မကောက်ယူနိုင်ဘူးဆိုတာ ငါ မင်းကို သတိပေးလိုက်မယ်" ခွေးဝါကြီးက အေးစက်သော အပြုံးဖြင့် ပြန်ပြောကာ ပျက်ရယ်ပြုဟန်ဖြင့် ဝေဖန်းကို ငေးကြည့်နေသည်။
"မင်းက သေချင်နေတာဘဲ!" ဝေဖန်းသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ် မှ ပြင်းထန်သော အငွေ့အသက်များ ထွက်လာသည်။
ခွေးဝါကြီးသည် အမှန်တကယ်ပင် ကြောက်လန့်မရှိပေ။ သူက ဝေဖန်းအတွက် ပြိုင်ဘက် မဟုတ်နိုင်သော်လည်း, သူသည် ဝေဖန်းကို ကြောက်သည့်အထိတော့ မဖြစ်ခဲ့ပါဘူး။ အမှန်လည်း သူသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် တိုက်ခိုက်မူမှာ မကျွမ်းကျင်သော်လည်း သူ၏အင်အားကို လျှော့တွက် ၍ မရပေ။
ခွေးဝါကြီးသည် သူ့အငွေ့အသက်ကို မကြောက်ရွှံ့သည်ကို မြင်လိုက်ရလျှင်, ဝေဖန်းသည် သူ့မျက်လုံးများကို ကျဉ်းမြောင်းကာ သူ့အငွေ့အသက်ကို ထိန်းထားရန် သူ့ဝတ်စုံ လက်မောင်းကို ပြင်းထန်စွာ လှုပ်ယမ်းလိုက်သည်။
ခွေးဝါကြီးကို သတ်ဖြတ်ပြီးနောက်တွင်, သူတို့ကို ဘယ်သူမျှ သတင်းမပေးနိုင်တော့သည် ကို သူ သိပါသည်။