← Chapters

အခန်း ၁၄၈၁

Vol. 99 Ch. 1481

အခန်း ၁၄၈၁

Vol. 99 Ch. 1481

အခန်း (၁၄၈၁) လျှိုဘို၏ အစီအစဉ်။

ဝေဖန်း၏ ခန္ဓာကိုယ်သည် စင်မြင့်အစွန်းရှိ ကျောက်တိုင်တစ်ခုသို့ ပြင်းထန်စွာ ရိုက်ခတ် သွားခဲ့ပြီး ထိုကျောက်တိုင်ကို နှစ်ပိုင်းကွဲသည်အထိ ပစ်ရိုက်သွားရာ ကျောက်တိုင် တစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့သည်။

"အော့...”

ဝေဖန်းသည် သူ့ပါးစပ်ထဲမှ သွေးတွေကို အန်ထုတ်လိုက်သည်။ သူ့မျက်နှာမှာ အနှိုင်းမဲ့ ဖြူဖျော့နေသော်လည်း သူ့မျက်လုံးထဲတွင် ပြင်းထန်သော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။

သူသည် သူ့ရင်ဘတ်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ယခုအချိန်တွင် သူ့ရင်ဘတ်မှာ လက်ငါးချောင်း အမှတ်အသားတစ်ခု ရှိနေသည်။

လက်ဗွေရာငါးခုသည် ဆယ်လက်မအပြည့် နစ်မြုပ်သွားပြီး သူ့ရင်ဘတ်တစ်ခုလုံး ထိုဖောက်လုမတတ် ဖြစ်သွားသည်။ ထိုအချိန်တွင် သူ၏ အတွင်းအင်္ဂါများသည် သွေးအလုံးနှင့် အသားစိုင်းခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

နောက်ဆုံး အရေးကြီးသော အခိုက်အတန့်တွင် သူသည် ထိုပညာရှင်၏ လက်ဖဝါးမှ စွမ်းအားအများစုကို ဖယ်ထုတ်ပစ်ဖို့ သူ့ကိုယ်ပိုင် အသက်ကယ်နည်းများကို အသုံးပြုခဲ့ခြင်း ကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်လျှင်, ယခုအချိန်မှာ သူသည် သွေးစွန်းနေသော အမှုန်အမွှားအဖြစ်သို့ ပြောင်းသွားလောက်ပြီ မဟုတ်ပါလား။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကြီးလဲ။ အဲဒီအချိန်တုန်းက သူ ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရပါဘူး။" ဝေဖန်းက သူ့ကိုယ်သူ ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူသည် အထွက်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦးကို ထပ်မံ ကြည့်ရှုလိုက်သောအခါတွင် သူ၏ အကြည့်များက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေတော့သည်။

ထိုအခိုက်အတန့်တွင်၊ ၎င်းသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၁၀ ဦးထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်။ လုံးဝ လှုပ်ရှားခြင်းမပြုသော အခြား ကျွမ်းကျင်ပညာရှင် ကိုးဦးလည်း ရှိနေသေးသည်။

သို့သော်၊ သင်သည် နဝမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ဖြတ်ကျော် ဝင်ရောက် ချင်သည်နှင့်, ဤအထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ ၁၀ ဦး သည် တစ်ချိန်တည်းတွင် တိုက်ခိုက်ကြလိမ့်မည်။ ထိုအချိန်ရောက်လျှင်, သင်သည် ထွက်ပြေးချင်သည်ဆိုလျှင်ပင်, အလွန်ခက်ခဲလိမ့်မည်။

"ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတယ်။ ကောင်းကင် နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူဆယ်ယောက်ကို ဖြတ်ကျော်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။" ကျိုးယွမ်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ကျိုးလင်နှင့် ကျိုးဟုန်ရွှဲ့တို့သည် ချင်ယွင်ကို အမှတ်တမဲ့ စိုက်ကြည့်ရင်း လေးနက်သော မျက်နှာဖြင့် မျက်မှောင်ကြုတ်နေကြသည်။

ထိုအချိန်တွင်၊ ချင်ယွင်သည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင် သူ ၁၀ ဦးကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။

ဝေဖန်းကို လွင့်ထွက်အောင် တိုက်ခိုက်ခဲ့သော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူသည် ၎င်း၏ မူလနေရာသို့ ပြန်ရောက်သွားခဲ့ပြီ။ သူသည် သူ့မျက်လုံးတွေကို လုံးဝ မလှုပ်ရှားခဲ့သည့်အလား ယခင်ကအတိုင်း တင်းတင်း ကြပ်ကြပ် မှိတ်ထားသည်။

"တကယ်လို့ ငါ့ရဲ့ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်က ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားမယ်ဆိုရင် ငါ ဖြတ်ကျော်နိုင်မလားဆိုတာ ငါ သိချင်မိတယ်။ ဒါ့အပြင်၊ တကယ်လို့, ငါသာ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်မှာ သေးငယ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့မယ်ဆိုရင်, ငါ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူဆယ်ယောက်ရဲ့ ကန့်သတ်ချက်ကို ဖြတ်ကျော်နိုင်မလား။" ချင်ယွင်က သူ့စိတ်နှလုံးထဲမှာ ချိန်ဆလိုက်သည်။

သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည် ၉၉ ရာခိုင်နှုန်း၏ အထွတ် အထိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ပြီးပြည့်စုံခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ရန် ခြေတစ်လှမ်း သာ ကွာဝေးတော့သည်။

လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်အတွက်မူ၊ ၎င်းသည် ကနဦးလေဟာနယ်ဖြတ်သန်း နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကာ၊ သေးငယ်သော ပြီးပြည့်စုံခြင်း အဆင့်သည် နောက်တစ်ဆင့် ဖြစ်သည်။

ယခုအချိန်တွင်၊ လေဟာနယ်ဖြတ်သန်းသွားခြင်း အားကိုးရုံဖြင့် ချင်ယွင်၏ရုပ်အသွင်ကို ဖမ်းမိရန် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများအတွက်ပင် အလွန်ခက်ခဲပါသည်။ အကယ်၍ သူသာ သေးငယ်သော ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသွားပါက၊ ချင်ယွင်သည် အလယ်လတ်အဆင့် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ၏ ဝန်းရံမှုမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်သော်လည်း၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိပေ။

ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို ပြီးပြည့်စုံစေသည့်တိုင်၊ သူသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ အဟန့်အတားကိုသာ ရှောင်တိမ်းနိုင်လောက်သည်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဝိုင်းရံထားသည့် အခြေအနေမှ ထွက်ပြေးလွတ်မြောက်ရန် သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

တစ်နည်းဆိုရသော် ချင်ယွင်၏ နတ်ဘုရားစွမ်းရည် နှစ်ခုစလုံးသည် အဆင့်တစ်ခုတည်းကို ဖြတ်ကျော်သွားရုံဖြင့် ဤကန့်သတ်ချက်ကို ကျော်လွှားရန် မဖြစ်နိုင်ပေ။

"ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်က ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိပြီး ငါ့ရဲ့လေဟာနယ်ဖြတ်သန်းခြင်း စွမ်းရည်က ကြီးမားသော ပြီးပြည့်စုံခြင်း နယ်ပယ်သို့ မရောက်ရှိခဲ့ဘူးဆိုရင်, ဒီအထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦး၏ အတားအဆီးကို ကျော်ဖြတ်ဖို့ ငါ့အတွက် မဖြစ်နိုင်ဘူး။" ချင်ယွင် သည် အချိန်အကြာကြီး တွေးတောပြီးနောက် ခေါင်းယမ်းလိုက်သည်။

သူ၏နတ်ဘုရားစွမ်းရည်နှစ်ခုအတွက်မူ, ဤအဆင့်နှစ်ဆင့်ကို တစ်ကြိမ်တည်း ဖြတ်ကျော် နိုင်ရန် အသာထား၊ စွမ်းရည်တစ်ခုကို တစ်ကြိမ် ကျော်ဖြတ်ဖို့ပင် သူ့အတွက် အလွန် ခက်ခဲနေပါပြီ။ အချိန်တိုအတွင်း ဖြတ်ကျော်နိုင်ရန် အမှန်တကယ် မဖြစ်နိုင်ပေ။

'"ငရဲအဆင့်အခက်အခဲက တကယ်ကို မရိုးရှင်းဘူး။ ဒါက နောက်ဆုံး အတားအဆီး မဟုတ်သေးမှာကို ငါ ကြောက်မိတယ်။ အထက် ကိုးခုမြောက် ကောင်းကင်ဘုံနန်းတော်ထဲ မှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ စမ်းသပ်မှုတစ်ခု ရှိနေလောက်သေး တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှုသည် ဤမျှခက်ခဲနေခဲ့ပြီ။ ထို့ကြောင့် နဝမအဆင့် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှုသည် မည်မျှ ခက်ခဲမည်နည်း။

ချင်ယွင် စိတ်မကူးနိုင်သလို စိတ်လည်း မကူးချင်တော့ပေ။ အခုအချိန်မှာ အရေးကြီးဆုံးက အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန် နည်းလမ်းကို စဉ်းစားဖို့ဖြစ်သည်။

"လျှိုဘို၊ မင်းမှာအကြံရှိလား" ချင်ယွင်က လျှိုဘိုကို အသံထုတ်လွှင့်မှုဖြင့် မေးသည်။

လျှိုဘိုသည် ဗဟုသုတအတွေ့ကြုံကြွယ်ဝပြီး တတ်ကျွမ်းသူ ဖြစ်သည်။ သူ မဖြေရှင်းနိုင် အရာ ရှိကောင်းမှရှိလိမ့်မည်။ ထို့ကြောင့်, ချင်ယွင်သည် သူမဖြတ်ကျော်နိုင်သည့် အခက်အခဲတစ်ခုကို ရင်ဆိုင်ရတိုင်း သူသည် လျှိုဘို၏ထင်မြင်ယူဆချက်ကို မေးလေ့ရှိ သည်။

"အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဆယ်ပါး။ မင်းရဲ့နယ်ပယ်နဲ့ သူတို့ရဲ့နယ်ပယ် ခြားနားချက်က တကယ်ကို ကြီးမားလွန်းတယ်။ မီတာတစ်ထောင်ကို ဖြတ်ကျော်ဖို့ အသာထား။ လှေကားထစ်ပေါ် တက်လိုက်တာနဲ့ မင်း လွင့်ပျံသွားလိမ့်မယ်။" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်း စိတ်ပျက်သွားကာ "ဟင်း...၊ ကြည့်ရ တာ, မင်းမှာ တခြားရွေးချယ်စရာ မရှိတော့ဘူးထင်တယ်။ တကယ်ပဲ လက်လျှော့စေချင် တာလား”။

"မင်းရဲ့ ခွန်အားနဲ့ သူတို့ရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့က တကယ်ကို ခက်ခဲပါ တယ်။ ဒါပေမယ့် ဒါက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး" လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ချင်ယွင်သည် ပြောစရာစကားမဲ့ပြီး မကျိန်ဆဲပင် မနေနိုင်ခဲ့ပေ “ဒါကို တစ်ခါတည်း ပြောလို့ မပြီးနိုင်ဘူးလား။ အချိန်တိုင်း၊ ဘာလို့ တလှည့်စီ ပြောနေတာလဲ”။

"ကောင်စုတ်လေး၊ မင်း ကြားချင်လား၊ မကြားချင်ဘူးလား၊ မင်း မကြားချင်ရင်, ငါ အိပ်တော့မယ်။" လျှိုဘိုက စိတ်မရှည်စွာ ပြောသည်။

"ကြားချင်တယ်၊ ကြားချင်ပါတယ်၊ ဆက်ပြောပါ, ဆက်ပြောပါ" ချင်ယွင်က ကမန်းကတန်း ပြောသော်လည်း သူ့နှလုံးသားက စကားမဲ့နေသည်။

ဤလျှိုဘိုသည် သူ၏ ပစ္စည်းဝိညာဉ် မဟုတ်ပေ။ သူသည် တကယ်ကို သူ့ဦးလေး တစ်ယောက် ဖြစ်သည်။ သူသည် သူ့ကို စော်ကားရန် လုံးဝ မတတ်နိုင်တာသည်မို့ သူ့ဆန္ဒအတိုင်းသာ လိုက်နိုင်ပါတော့သည်။

လျှိုဘိုသည် ချင်ယွင်၏သဘောထားကို အလွန်ကျေနပ်ပုံရသည်။ "တကယ်တော့၊ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ရဲ့ ပိတ်ဆို့ တားဆီးမှုကို ဖြတ်ကျော်ဖို့ တခြားသူတွေအတွက် အရမ်း ခက်ခဲနိုင်ပေမယ့် မင်းလုပ်နိုင် တယ်။ မမေ့နဲ့ဦး၊ မင်းက အချိန်ရပ်တန့်ခြင်း မွေးရာပါနတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထား တယ်လေ”။

"မှန်တယ် ငါ ဘာလို့ ဒါကို မေ့နေတာလဲ" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။

သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် တစ်စက္ကန့်မျှ ကြာမည် ဖြစ်ပြီး ဤတစ်စက္ကန့်သည် မီတာ ၁၀၀၀ အကွာအဝေးကို ဖြတ်ကျော်ရန် လုံလောက်သည်။

"ကောင်စုတ်လေး၊ ငါ့စကား မဆုံးသေးဘူး။ မင်းရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်က အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ဆယ်ယောက် အပေါ်မှာ သုံးလိုက်တာနဲ့ မင်းရဲ့ မွေးရာပါ စွမ်းရည်က တစ်စက္ကန့်လောက် ကြာနိုင်ဦးမယ် လို့ မင်း တကယ်ထင်နေတာလား။ နောက်ပြီး၊ အဲဒါက အထွတ်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ရှိနေတဲ့အချိန်နော်။ အဲဒါက တစ်စက္ကန့်ရဲ့ အပုံတစ်ရာအထိတောင် တည်ရှိနိုင်စွမ်းမရှိမှာ ငါ ကြောက်မိတယ်။" ချင်ယွင် စိတ်လှုပ်ရှားနေချိန်တွင် လျှိုဘို၏အသံက ချင်ယွင်၏ခန္ဓာကိုယ်ပေါ်သို့ ရေအေးအင်တုံဖြင့် ချက်ချင်း သွန်းလောင်းချလိုက်သည့်အလား ချင်ယွင်၏ စိတ်လှုပ်ရှားနေသော မီးတောက် များကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။

မီတာတစ်ထောင်အကွာဝေးကို ကျော်ဖြတ်ဖို့ တစ်စက္ကန့်အချိန်၏ တစ်ရာခိုင်နှုန်းက မလုံလောက်ပါဘူး။

"ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ကောင်စုတ်လေး၊ ဒီမှာ အထောက်အကူတစ်ယောက် ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ မင်းရဲ့မိန်းမနဲ့ တခြားသူတွေကို နဝမမြောက် ကောင်းကင်ဘုံနန်းတော်ဆီ ခေါ်ဆောင် လာဖို့ကိုလည်း မမေ့နဲ့ဦး။ သူတို့ကို ရှစ်ခုမြောက် ကောင်းကင်ဘုံနန်းတော်မှာ ဝေဖန်နဲ့ အတူ ပစ်ထားခဲ့ရင် မစိုးရိမ်ရဘူးလား" လျှိုဘိုက မေးသည်။

"သေချာပေါက် မထားခဲ့ဘူး။" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

ဝေဖန်းသည် မျက်တောင်တစ်ချက်မခတ်သည့် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် သံသရာသစ်ပင်၏ စမ်းသပ်မှုကို အောင်မြင်ပြီးနောက်၊ သူ၏စိတ်နေ သဘောထားထည်း အလွန်ပြောင်းလဲသွားခဲ့သည်။ အကယ်၍, ကျိုးလင်ကို ဤနေရာတွင် ထားခဲ့ပါက, ဝေဖန်းသည် သူတို့အတွက် လုံးဝ အန္တရာယ်ကြီး ဖြစ်သွားလိမ့်မည်။ ကျိုးလင်နှင့် အခြားသူများ၏ အင်အားဖြင့် ဝေဖန်းကို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် နဝမမြောက် ကောင်းကင်နန်းတော်သို့ မတက်မီ ဝေဖန်း၏ ဘေးဆိုးကြီးကို လုံးဝ ချေမှုန်းပစ်ရမည် ဖြစ်သည်။

"ဒါဆို လုံလောက်ပါပြီ။ မင်း ဝေဖန်းကို ဖယ်ရှားနိုင်ပြီး ဒီကန့်သတ်ချက်ကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာ ရှိပါတယ်။" လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး၊ သူ့လေသံက ကောက်ကျစ်စဉ်းလဲသော အငွေ့အသက်ကို သယ်ဆောင်လာသည်။

All Chapters