← Chapters

အခန်း ၁၄၈၂

Vol. 99 Ch. 1482

အခန်း ၁၄၈၂

Vol. 99 Ch. 1482

အခန်း (၁၄၈၂) သွေးဆောင်ခြင်း။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့ပြီး သူ့မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

အကယ်၍, လျှိုဘိုပြောသည့် စကားအတိုင်း အမှန်တကယ် ဖြစ်ခဲ့ရင်, သူသည် ဝေဖန်းနှင့် ရင်ဆိုင်ပြီး အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှုကို ကျော်ဖြတ်ခြင်းက ပြီးပြည့်စုံသည့် နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မည်။

သို့သော် ချင်ယွင်သည် ဤပြဿနာနှစ်ခုကို တစ်ချိန်တည်းတွင် မည်သို့ဖြေရှင်းရမည်ကို မသိနိုင်ပေ။

"ပြောပြပါ၊ နည်းလမ်းက ဘာလဲ" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

"ကောင်စုတ်လေး၊ မင်းက တကယ်ကို မိုက်မဲတာပဲ။ ဝေဖန်းဘာလိုချင်လဲဆိုတာ မင်း သိလား။ သူက အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်ကို ဖြတ်ကျော်ပြီး နဝမမြောက် ကောင်းကင်ဘုံနန်းတော်ကို တက်ချင်တယ်ဆိုရင်တော့ သူလည်း မင်းဆန္ဒအတိုင်း လိုက်လုပ်ရမှာပဲ မဟုတ်လား။ လျှိုဘို၏ အသံက ဆက်၍ ထွက်ပေါ်လာသည်။

"ငါ့ဆန္ဒအတိုင်း, မင်း ဘာကိုဆိုလိုတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"သူက သေချာပေါက် မင်းနဲ့ပူးပေါင်းပြီး မင်းနဲ့အတူ အဋ္ဌမမြောက် ကောင်းကင်ဘုံ နန်းတော် စမ်းသပ်မူကို ဖြတ်ကျော်ရမှာပေါ့" လျှိုဘိုက ပြောသည်။

"ဒါပဲလား?" ချင်ယွင်သည် ဆွံ့အသွားရသည်။

"သေချာတာပေါ့။ ငါတို့က သူ့ကိုအသုံးချပြီး လှည့်စားဖို့ ကြိုးစားရမယ်လေ" လျှိုဘိုက ဆက်ပြောသည်။

ချင်ယွင်သည် ဆွံ့အသွားရပြန်သည်။ လျှိုဘို၏စကားတွေက ဘာမှ မပြောပြသည်နှင့် အတူတူပင်။

"သောက်ရမ်းကောင်ကိုလား?။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဝေဖန်းက အရမ်းလိမ္မာပါးနပ် ပြီး ရက်စက်တယ်။ ဒီသောက်ရမ်းကောင်က လှည့်စားဖို့ လွယ်မယ့်ပုံမပေါ်ဘူး။" ချင်ယွင်က လေးနက်သော အမူအရာဖြင့် ပြောသည်။

"ကောင်စုတ်လေး၊ မင်း ဘယ်လောက်တောင် တုံးအလိုက်လဲ။ ဝေဖန်းက ဒီစမ်းသပ်မှုကို မအောင်မြင်ချင်ဘူးလား။ ဆိုတော့, မင်းက သူ့ကို လိမ်ညာပြီး သူနဲ့အတူ အလုပ်တွဲလုပ် ပေါ့။ မင်းမှာ အစွမ်းထက်တဲ့ လေဟာနယ်လျှို့ဝှက်ပညာရပ် တစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒီပညာရပ်နဲ့ လူတွေကို မီတာတစ်ထောင်အကွာအဝေးဆီ ပို့ဆောင်ပေးနိုင်ပေမယ့် မင်းမှာ စွမ်းအားမလုံလောက်ခဲ့ရင် သူ့ခန္ဓာကိုယ်ထဲက ရှေးဟောင်း ဓားစွမ်းအားကို ငှားဖို့ပြောပေါ့။ ဒါမှပဲ မင်းက လေဟာနယ်လမ်းကြောင်းကို ဖြတ်ကျော်နိုင်မယ်ပေါ့။ အဲဒီအခါ, မင်းက ဒီအခွင့်ရေးကို အသုံးချပြီး သူ့ကို စင်မြင့်အလယ်ကို ပို့ဆောင်ပေးလိုက်။ တကယ်လို့, အဲဒီအချိန်မှာ မင်းရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ရင်, မင်းက နဝမ မြောက် ကောင်းကင်ဘုံနန်းတော်ကို ရောက်နိုင်စွမ်း ရှိလိမ့်မယ်။ သူကတော့ အထွက်အထိပ် ကောင်းကင်နတ်ဘုရားဆယ်ပါးရဲ့ သုတ်သင်ချေမှုန်းခြင်းကို ရင်ဆိုင်ရလိမ့် မည်။ သူက အထွက်အထိပ် ကောင်းကင်နတ်ဘုရားဆယ်ပါးရဲ့ လက်ထဲကနေ အသက်ရှင် လျက် လွတ်မြောက်နိုင်မယ်လို့ မင်းထင်လား”။ လျှိုဘို၏အသံက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။

လျှိုဘိုက ပိုပြောလေ၊ ပို၍ ကျိုးကြောင်းဆီလျော်သလို ခံစားလာရသော်လည်း, တစ်ချိန် တည်းမှာပင် သူ့မှာ မေးခွန်းအနည်းငယ် ရှိလာခဲ့ပါသည်။

"တကယ်လို့, ဝေဖန်းက သဘောမတူရင်, သူက ငါ့ကို မယုံဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ငါ့ရဲ့ လေဟာနယ်ဖြတ်သန်းသွားမူက စင်မြင့်ပေါ်ကို တက်ရောက်ပြီးတာနဲ့ ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူတစ်ယောက်ကို ဆွဲဆောင်မိသွားမှာ စိုးရတယ်။ ဒါဆို, ဝေဖန်းကို ငါနဲ့အတူ ခေါ်သွားဖို့ အသာထား၊ စင်မြင့်အလယ်ရောက်ဖို့တောင် ငါ့အတွက် မဖြစ်နိုင်ဘူးလေ” ချင်ယွင်က သူ့သံသယတွေကို ထုတ်ဖော်လိုက်ပါသည်။

"ကောင်စုတ်လေး, မင်းရဲ့ ဒီလေဟာနယ်ဖြတ်သန်းသွားမူက ဒီကောင်းကင်နတ်ဘုရား တွေ ရှေ့မှာ နည်းနည်းလေးမှ အလုပ်မဖြစ်ဘူး။ ဒါပေမယ့် မင်းမှာ ကနဦးစကြဝဠာ ရှိနေဆဲ ဆိုတာ မမေ့နဲ့လေ" ငါ မင်းမြင်သာအောင် ကူညီပြီးသွားပြီ။ ကနဦးစကြဝဠာနဲ့ပတ်သက်ပြီး မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ဆို, မီတာ ၅၀၀ အကွာဝေးမှာ လေဟာနယ် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ဖို့အတွက် ပြဿနာမရှိလောက်ပါဘူး။ သူ့ကို လှည့်ဖြားဖို့နဲ့ သူ့ခန္ဓာကိုယ်က ကြွင်းကျန်နေတဲ့ ရှေးဟောင်းဓားစွမ်းအားအမျှင်တန်းတွေ ထုတ်ဖော်လာ အောင် လှည့်စားဖို့အတွက် ကနဦးစကြဝဠာထဲက လေဟာနယ်လမ်းကြောင်းကို အသုံးပြု ပါ။ မင်း သူ့ကို ယုံကြည်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ မင်းရဲ့ကိုယ်ပိုင် အရည်အချင်းပေါ်မှာပဲ မူတည်တယ်။" လျှိုဘိုက ထပ်ရှင်းပြသည်။

ချင်ယွင်သည် နောက်ဆုံးတွင် လျှိုဘို ပြောလိုသည်ကို နားလည်သွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။

မှန်ပါသည်။ သူ၏ကနဦးစကြဝဠာသည် လေဟာနယ် လမ်းကြောင်းတွေကို ဖွင့်ပေးနိုင် သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားပါသည်။ ၎င်းကို အရင်တုန်းက သူ အင်မော်တယ်ကမ္ဘာမှာ ရှိစဉ်တုန်းက အသုံးပြုခဲ့သော်လည်း သူရောက်ရှိနိုင်သည့် အကွာအဝေးက အလွန် တိုတောင်းပြီး မီတာအနည်းငယ်သာ ရှိပါလိမ့်မည်။ နောက်ပိုင်း သူသည် ထိုစွမ်းရည်က အသုံးမဝင်ဟုပင် ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် ၎င်းကို ပစ်ပယ်ထားခဲ့သည်။ အခု သူ မျှော်လင့်မထားသည်မှာ သူသည် ကောင်းကင်ယံမှ မီတာငါးရာအကွာဝေးထိ ရောက်ရှိနိုင် လိမ့်မည်။

၅၀၀ မီတာအကွာအဝေးသည် အလွန်တိုတောင်းသော်လည်း ဤလေဟာနယ် လမ်းကြောင်းသည် မည်သည့်နတ်ဘုရားတန်ခိုးအပေါ်မှ သက်ရောက်မူမရှိနိုင်ချေ။ အခြား စကားဖြင့် ပြောရလျှင်, သူသည် ဤလေဟာနယ်ဖြတ်သန်းခြင်းကို အသုံးပြု၍ ကန့်သတ်ချက်များနှင့် အစီအရင်ဝင်္ကပါတွေမှ လွတ်မြောက်ရန် စွမ်းဆောင်နိုင်သည်။ ထို့အပြင်, အထွက်အထိပ် ကောင်းကင်နတ်ဘုရား ၁၀ ပါးတောင် သူဖြတ်သန်းသွားစဉ်မှာ သူ့ကို တွေ့ရှိရန် မဖြစ်နိုင်လောက်ပေ။

ထို့အပြင်, သူတို့ လေဟာနယ်လမ်းကြောင်းကနေ ထွက်လာသည်နှင့်, ကောင်းကင် နတ်ဘုရားဆယ်ပါးသည် သူ့တို့ကို ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။ ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်နတ်ဘုရားများ၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် အချိန် ရပ်တန့်ခြင်းနတ်ဘုရားစွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်သည်။ ဝေဖန်းအနေနှင့်မူ, သူသည် ကောင်းကင်နတ်ဘုရား ဆယ်ပါး၏ တိုက်ရိုက်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။ သူရှင်သန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"သေချာပါတယ်၊ ဒါက အကြံကောင်းတစ်ခုပဲ။ ဒါပေမယ့် ဝေဖန်းက ဒါကို ယုံကြည်အောင် လုပ်ဖို့ လွယ်မှာမဟုတ်ပါဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သို့သော် သူ့တွင် နည်းလမ်းတစ်ခု ရှိလာပြီဖြစ်သောကြောင့် သူသည် ကြိုးစားရန် လိုပါသည်။ ဝေဖန်းက သဘောတူကောင်း တူသွားနိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် သူ့စိတ်ကို ချုပ်တည်းကာ ဝေဖန်းဘက်သို့ လှည့်ကြည့်လိုက် သည်။

ယခင်က ဝေဖန်းသည် သူ၏ဒဏ်ရာများကို ပြန်လည်ကုစားနေခဲ့သော်လည်း ယခုအခါ သူ၏ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ချင်ယွင်က သူ့ဆီ လျှောက်လာနေသည်ကို မြင်လိုက်ရတော့ သူက ချက်ခြင်း ထရပ်လိုက်သည်။

"စိတ်အေးအေးထားပါ၊ ငါ မင်းနဲ့ မတိုက်ခိုက်ချင်ဘူး။ ငါ မင်းနဲ့ပူးပေါင်းဖို့အတွက် ဆွေးနွေးရန် ဒီကို လာခဲ့တာ" ချင်ယွင်က လေးနက်သော အမူအရာဖြင့် ပြောသည်။

"ပူးပေါင်းဆောင်ရွက်ဖို့လား?" ဝေဖန်းသည် ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်နေသော်လည်း သူ့မျက်လုံးများတွင် သတိထားမှုမှာ လျော့မသွားခဲ့ပေ။

"မှန်တယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ပဲ။ မင်းကိုယ်တိုင်လည်း ခံစားပြီးသွားပြီ။ မင်းရဲ့ ခွန်အားနဲ့ မင်းက ဒီ အထွက်အထိထပ် ကောင်းကင်နတ်ဘုရားဆယ်ပါးရဲ့ ခုခံမူတွေကို ကျော်ဖြတ်ပြီး နဝမမြောက် ကောင်းကင်ဘုံနန်းတော်ကို ဦးတည်နေတဲ့ လှေကားထစ်ကို တက်လှမ်းနိုင် စွမ်း မရှိခဲ့ဘူး။ ငါ့မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မင်းနဲ့ ပူးပေါင်းဖို့လိုတယ်။" ချင်ယွင်က လေးနက်သော အမူအရာဖြင့်ပြောလိုက်သော်လည်း သူ့အမူအရာက အေးစက်နေဆဲ ဖြစ်သည်။

အကယ်၍, သူပြုံးလိုက်လျှင် ဝေဖန်းသည် သူ့ရည်ရွယ်ချက်အတွက် သေချာပေါက် သံသယရှိမည်ကို သူသိသည်။ ထို့ကြောင့် သူပို၍ ဂရုမစိုက်ပြလေ, ဝေဖန်းက သူ့စကားများ ကို ယုံကြည်နိုင်လေ ဖြစ်သည်။

"မင်းမှာ အစီအစဉ်ရှိတာလား" ဝေဖန်းသည် အံ့အားသွားဟန် အရိပ်အယောင်ကို ထုတ်ဖော်လိုက်သော်လည်း သူ့မျက်လုံးများတွင် သတိထားကြီးစွာထားမူက အနည်းငယ် မျှပင် လျော့နည်းသွားခြင်း မရှိပေ။

"ဟုတ်တယ်၊ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်။ ငါက အစွမ်းထက်တဲ့ လေဟာနယ်လျှို့ဝှက် ပညာရပ်တစ်ခုကို ကျွမ်းကျင်ထားတယ်။ ချင်ယွင်က ဆက်ပြောသည် "ဘာအတားအဆီးမှ မရှိဘူးဆိုရင် လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ပေမယ့်, အခုလိုအစွမ်းထက်တဲ့ လေဟာနယ်ဖြတ်သန်းမူတစ်ခု ဖန်တီးဖို့အတွက်ကျ အနှိုင်းမဲ့ စွမ်းအားတွေ လိုအပ်တယ်။ ဒီအထွတ်အထိပ် ကောင်းကင်နတ်ဘုရား ဆယ်ပါးက ငါတို့ရဲ့တည်ရှိမှုကို လုံးဝ ရှာဖွေတွေ့ရှိမှာ မဟုတ်ဘူး ငါ အာမခံနိုင်တယ်။ ဒါပေမယ့်, ငါ့ရဲ့စွမ်းအားအရ၊ လေဟာနယ် ဖြတ်သန်းသွားခြင်းဖို့က မီတာတစ်ထောင် အကွာအဝေးအထိ ရောက်ရှိဖို့ မလုံလောက်ဘူး။"

ဝေဖန်းသည် ချင်ယွင်၏စကားကို ကြားသောအခါ, သိသိသာသာပင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူသည် ချင်ယွင်၏စကားများကို မယုံပေ။ ထို့အပြင် ချင်ယွင်၏ စကားများသည် တစ်စုံတစ်ခုဖြစ်နိုင်ကြောင်း သူ ခံစားမိနေသေးသည်။

မင်းပြောတာ အမှန်တွေပါလို့ ငါက ဘာလို့ယုံရမှာလဲ။ သူတို့အစား မင်းက ငါ့ကို ဘာလို့ ရွေးခဲ့တာလဲ" ဝေဖန်းက ကျိုးယွမ်နှင့် ခပ်ဝေးဝေးက တခြားသူတွေကို ညွှန်ပြသည်။

အကယ်၍, ချင်ယွင်သာ စွမ်းအားလိုအပ်သည်ဆိုလျှင်, သူသည် သူ့ရန်သူဖြစ်သည့် သူ့ဆီမှ ငှားရမ်းမည့်အစာ ကျိုးယွမ်နှင့် တခြားသူတွေဆီမှ ငှားရမ်းနိုင်သည်။ သိသာပါသည်။ ဤအရာအားလုံးက သာမန်သဘောမျိုး မဟုတ်နိုင်ပါဘူး။

ချင်ယွင်က အေးစက်စွာ ပြုံးပြသည်။ သူသည် ဤအကြောင်းကို ယခင်ကတည်းက တွေးထားပြီး ဖြစ်သည်။ ထို့ကြောင့်, သူက ပြောလိုက်သည် "သူတို့ရဲ့ ခွန်အားက ငါ့အတွက် လေဟာနယ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ဖို့ မလုံလောက်ဘူး။ ငါ မင်းကိုလာရှာရတဲ့ အကြောင်းရင်းက မင်းခန္ဓာကိုယ်ထဲက ရှေးဟောင်းဓားစွမ်းအားကြောင့်ပဲ။"

"ရှေးဟောင်းဓားစွမ်းအား? မင်းဘယ်လိုသိတာလဲ?" ဝေဖန်း၏မျက်လုံးများသည် ရုတ်တရက် ထူးထူးခြားခြား စူးရှလာခဲ့သည်။ ရှေးဟောင်းဓားစွမ်းအားသည် အမြဲလိုလို သူ့ဝှက်ဖဲဖြစ်ပြီး သူ မတော်တဆ ရရှိခဲ့သည့်အရာတစ်ခု ဖြစ်သည်။

၎င်းသည် မူလက စုစုပေါင်း အမျှင်တန်းသုံးခု ရှိသည်။ တစ်ခုကို အကြပ်အတည်း ကာလတွင် သူအသုံးပြုခဲ့ပြီး၊ ကျန်နှစ်ခုအနက် တစ်ခုကို အစောပိုင်းက ထိုကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်၏ လက်ဖဝါးကို ပိတ်ဆို့ရန်အတွက် သူ အသုံးပြုခဲ့ ရသည်။ ယခုအခါ, သူ့မှာ ဓားစွမ်းအား၏ နောက်ဆုံးအမျှင်တန်းတစ်ခုသာ ကျန်ရှိတော့ သည်။

ထိုရှေးဟောင်းဓားစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထား ပြီး သူ၏နောက်ဆုံးဝှက်ဖဲဖြစ်သည်။ ယုတ္တိကျကျပြောရလျှင် ထိုအကြောင်းကို မည်သူမျှ မသိသင့်သော်လည်း ယခုမူ ချင်ယွင်သည် သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ သည်။

All Chapters