အခန်း ၁၄၈၃
Vol. 99 Ch. 1483
အခန်း (၁၄၈၃) ရှေးဟောင်းဓားစွမ်းအား
"မင်း အံ့သြနေဖို့ မလိုပါဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ရှေးဟောင်းဓားစွမ်းအားကို ငါ ခံစားမိပြီးသား။ မီတာ ၁၀၀၀ ရှည်လျားတဲ့ လေဟာနယ်လမ်းကြောင်းကို ဖွင့်ချင်ရင် မင်းရဲ့ စွမ်းအားကို ငှားရမယ်။" ချင်ယွင်က ဆက်ပြီး လှည့်စားလိုက်ကာ၊ သူ့အမူအရာက အစအဆုံး အေးစက်နေခဲ့သည်။
ဝေဖန်းသည် ချင်ယွင်၏မျက်နှာမှာ သဲလွန်စအချို့ကို မြင်လိုဟန်ဖြင့်, သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လျက် မျက်မှောင်ကြုတ်လိုက်သည်။
သို့သော်လည်း, သူသည် အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် ချင်ယွင်သည် ဘာမှမထူးခြားသည့် အမူအရာ ပေါ်လွင်နေသည်။ သူ့မျက်လုံးများသည် နှိမ့်ချရန် ရည်ရွယ်ချက်မရှိဘဲ ဝင့်ကြွားပြီး မောက်မာမူအပြည့် ရှိနေသည်။ သူက လက်ရှိဟန်ပန် အမူအရာက "တကယ်လို့, မင်းဆန္ဒရှိရင် ကျေကျေနပ်နပ် ပူးပေါင်းကြတာပေါ့။ မင်း ဆန္ဒမရှိရင်လည်း ငါက တောင်းပန်မှာ မဟုတ်ဘူး" ဟု ပြောနေသယောင်ပင်။
ချင်ယွင်၏အမူအရာကိုမြင်တော့ ဝေဖန်း၏ သံသယများသည် ယိမ်းယိုင်လာသည်။
အကယ်၍, ချင်ယွင်သည် သူ့အား အချိန်အတော်ကြာအောင် တောင်းပန်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြခဲ့မည်ဆိုလျှင်, သူသည် ချင်ယွင်၏ ပင်ကိုယ်စရိုက်ကို နားလည် ထားသောကြောင့် မဆိုင်းမတွ ငြင်းဆိုမည်မှာ သေချာသည်။ ချင်ယွင်က သူ့ကို တောင်းဆို လာခဲ့လျှင်, ဤအရာက သေချာပေါက် ထောင်ချောက်တစ်ခု ရှိ၍ ဖြစ်ပါလိမ့်မည်။
ယခုအချိန်တွင် ချင်ယွင်၏ အေးစက်ပြီး မာနကြီးသောအမူအရာက သူ့ကို အလွန် လုံခြုံစေသည်ဟု ခံစားရသည်။
"မင်းမှာ ဒီစွမ်းရည်မျိုးရှိတာကို ငါ ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။ မင်းဖွင့်ထားတဲ့ လမ်းကြောင်းက ငါတို့ကို ဒီစက်ဝိုင်းပတ်ပတ်လည် ဧရိယာကို ဖြတ်ကျော်ဖို့ မလုံလောက် ဘူးဆိုရင် မင်းနဲ့အတူ ငါပါ သေရမှာမဟုတ်ဘူးလား" ဝေဖန်းက အေးစက်စွာ မေးသည်။
"ယုံချင်ယုံ မယုံချင်နေ, ငါ မင်းကို မသေစေချင်ဘူး" ချင်ယွင်က အေးစက်စွာ ပြောသည်။
ဝေဖန်းသည် ထိုစကားကိုကြားသောအခါ သူ့စိတ်ထဲတွင် သံသယများ အနည်းငယ် ပျောက်ကွယ်သွားသည်။ သူက ချင်ယွင်ကိုကြည့်ပြီး ပြောသည် "မင်းမှာ ဒီလေဟာနယ် လျှို့ဝှက်ပညာရှိတယ်လို့ မင်းပြောလာမှတော့ မင်း ငါ့ကို တစ်ချက်လောက် ကြည့်ခွင့် ပေးသင့်တယ် မဟုတ်လား?"
ထိုစကားကိုကြားတော့ ချင်ယွင်သည် တခြားဘာမှ ပြန်မပြောတော့ပေ။ သူသည် ချက်ချင်း ပင် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ သူ့ရုပ်အသွင်က ဖျတ်ခနဲ့ လင်းလက်သွားခဲ့ သည်။ သူပြန်ပေါ်လာသောအခါ မီတာငါးရာအကွာတွင် ရှိနေပြီဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် အလွန်တိုတောင်းပါသည်။ တခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့သည်။ ထို့ကြောင့်, ဝေဖန်းသည် ချင်ယွင် လေဟာနယ်ကို မည်သို့ဖြတ်သန်းသွားသည်ကို ရှင်းရှင်း လင်းလင်း မမြင်နိုင်ခဲ့ပါဘူး။
သို့သော် သူသည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ချင်ယွင်သည် ဤလျှို့ဝှက်နည်းကို အမှန်တကယ် ဖုံးကွယ်ထားမည်ဟု သူ မထင်ခဲ့ပေ။ ဤလေဟာနယ်ခရီးအကွာအဝေး သည် အနည်းငယ် တိုတောင်းသော်လည်း၊ သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်, ၎င်းတို့ကို တားဆီးနိုင်မည် မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။
ဝေဖန်း၏ မျက်လုံးများထဲသို့ သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ပျံ့နှံ့လာခဲ့သည်။ ထိုကဲ့သို့ လျှို့ဝှက်နည်းပညာကို ပိုင်ဆိုင်ထားသည့် ချင်ယွင်သည် သူ့ကို ပို၍ပင် ခြိမ်းခြောက်မူကို ခံစားရစေသည်။
"ဒီကောင့်ကို ရှင်သန်ခွင့်ပေးလို့မရဘူး။ တကယ်လို့ သူသာ ငါနဲ့အတူ ဒီနဝမမြောက် ကောင်းကင်ဘုံနန်းတော်ကို အမှန်တကယ် တက်ရောက်နိုင်ခဲ့ရင်၊ သူက လျှို့ဝှက် နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို လုယူသွားလိမ့်မယ်၊ ငါ သူ့ကို သတ်ဖို့ နည်းလမ်းရှာရ မယ်။" ဝေဖန်းသည် ချင်ယွင်ကိုသတ်ဖြတ်ရန် ဤအခွင့်အရေးကို မည်သို့ အသုံးပြုရမလဲ ဆိုသည်ကို စဉ်းစားရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
လေဟာနယ်လမ်းကြောင်းနှင့် ပတ်သတ်ပြီး ချင်ယွင်ပြောသည့်စကားကို အခြေခံအားဖြင့် သူ ယုံကြည်ခဲ့ပါသည်။
"ကောင်းပြီလေ၊ ငါ မင်းအတွက် လေဟာနယ်လမ်းကြောင်း တစ်ခုဖွင့်ဖို့ ရှေးဟောင်း ဓားစွမ်းအားကို အသုံးပြုပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့်, မင်း အခြေအနေတစ်ခု တော့ သဘောတူမှရမယ်။" ဝေဖန်းက အေးစက်စွာ ပြောသည်။
"ဘယ်လိုအခြေအနေလဲ။" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သော်လည်း သူ့စိတ်ထဲတွင် ပျော်ရွှင်မှုက တိုးလာခဲ့သည်။
ဝေဖန်းသည် ဤမျှ လှည့်စားရန် လွယ်ကူလိမ့်မည်ဟု သူ မမျှော်လင့်ထားသောကြောင့် သူ သဘောတူလိုက်သည်။
တကယ်တော့ ဝေဖန်းက လှည့်စား၍ လွယ်ကူနေခြင်း မဟုတ်ပေ။ သူ့သရုပ်ဆောင် စွမ်းရည်က အရမ်းကို ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။ ကျိုးလင်နှင့် တခြားသူများ ပင် ချင်ယွင်က သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် ဝေဖန်းကို စိတ်ရင်းမှန်ဖြင့် သွားရှာ သည်ဟု ခံစားခဲ့ရသည်။
"မင်း လေဟာနယ်လမ်းကြောင်း လမ်းဖွင့်ပြီးရင်, ငါ့ကို ရှေ့ကနေ လျှောက်လှမ်းခွင့်ပြုပါ" ဝေဖန်းက ပြောသည်။
ချင်ယွင်သည် ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် သူက တုန့်ပြန်လိုက်ပါသည် "ကောင်းပြီလေ!"
ချင်ယွင်၏စကားကိုကြားတော့ ဝေဖန်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးအရပ်မှာ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
အကြောင်းပြချက်မရှိဘဲ သူသည် လေဟာနယ်လမ်းကြောင်းထဲသို့ အရင်ဦးစွာ ဝင်လိုမည် မဟုတ်ပေ။ သူသည် လေဟာနယ်လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ထိုစက်ဝိုင်း ဘက်ခြမ်း ဧရိယာထဲသို့ နောက်ပြန်လှည့်ပြီး ချင်ယွင်ကို တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ သည်။
ဤနည်းအားဖြင့်၊ သူသည် ချင်ယွင်ကို သတ်ဖြတ်ရန်အတွက် ထိုအထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဆယ်ဦး၏ လက်ကို ငှားရမ်းနိုင်မည် ဖြစ်သည်။
"မင်း ဆုံးဖြတ်ပြီးပြီဆိုတော့ အချိန်မဖြုန်းနဲ့တော့။ အခုပဲစလိုက်ရင် ပိုကောင်းလိမ့်မယ်" ချင်ယွင်က ဝေဖန်းကို ပြောသည်။ သူပြောပြီးသည်နှင့် သူသည် စက်ဝိုင်းပုံစံစင်မြင့်၏ အစွန်းဘက်သို့ လျှောက်သွားကာ လေဟာနယ်စွမ်းအားကို စုစည်းပြီး၊ လေဟာနယ် လမ်းကြောင်းတစ်ခုကို တည်ဆောက်နေဟန်ဖြင့် စတင်ခဲ့သည်။
ဘန်း…
လေဟာနယ်စီးကြောင်းတစ်ခုသည် ချင်ယွင်၏ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့ပြီး၊ အခြား တစ်ဖက်တွင်မူ ကွက်လပ်တစ်ခု ဖြစ်နေသည်။
"မြန်မြန်၊ လမ်းကြောင်းကို ဖွင့်လှစ်ဖို့ ရှေးဟောင်းဓားစွမ်းအားကို အမြန်အသုံးပြုလိုက်ပါ။" ချင်ယွင်က ဝေဖန်းကို အေးစက်စွာ အော်လိုက်သည်။
ဘေးမှာရပ်နေသော ဝေဖန်းသည် ရှေးဟောင်းဓားစွမ်းအား၏ နောက်ဆုံးလက်ကျန် အမျှင်တန်းကို စုစည်းပြီး လေဟာနယ်ရေကြောင်းထဲကို ပြေးဝင်ရန် ပြင်ဆင်နေပါပြီ။
ရှေးဟောင်းဓားစွမ်းအားသည် မမြင်နိုင်သော လေဟာနယ်ကြီးထဲသို့ ပစ်လွှတ်လိုက်ကာ လေဟာနယ်၏ နက်ရှိုင်းသော နေရာက အမှန်တကယ် ဖြိုခွဲလိုက်သကဲ့သို့ ဖြစ်နေသည်။
"မြန်မြန်သွား၊ မြန်မြန် ဝင်လိုက်ပါ။ နောက်ကျသွားလိမ့်မယ်။" ချင်ယွင်က ဝေဖန်းကို အမြန်ပြောလိုက်သည်။
ဝေဖန်း၏ မျက်လုံးများသည် ခဏတာ ရုန်းကန်နေပြီး သူ့ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွား သည်။ သူသည် ဤအဆင့်ထိ ရောက်ရှိနေပြီဖြစ်သောကြောင့် ယုံကြည်ရန်သာ ရွေးချယ်နိုင်တော့သည်။
ချင်ယွင်သည် ဝေဖန်းတစ်ယောက် လေဟာနယ်ဝဲဂယက်အတွင်းသို့ လွင့်မျောသွားသည် ကို မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ သူ့ပုံရိပ်သည် လေဟာနယ် ဝဲဂယက်အတွင်းသို့ ခုန်ဆင်းသွားစဉ်မှာ, ထိုအပြုံးသည် သနားစဖွယ် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ဝဲဂယက်ထဲသို့ ရောက်ရှိသွားသောအခါ၊ လေဟာနယ်ဝဲဂယက် သည် လေဟာနယ်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်နှင့် ဝေဖန်းတို့သည် နောက်တစ်ကြိမ် ပြန်ပေါ်လာစဉ်မှာ သူတို့၏ပုံရိပ်များသည် စက်ဝိုင်းပုံစံစင်မြင့်၏ အလယ်တွင် ပေါ်လာခဲ့သည်။
"ငရဲကိုသွားလိုက်တော့!" ဝေဖန်းသည် ပြင်ပကမ္ဘာတွင် ပေါ်လာပြီးသည်နှင့် သူသည် မစဉ်းစားဘဲ ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်သောအခါတွင် သူ့ပါးစပ်ထောင့်မှ အပြုံးမပျက် ပေါ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဝေဖန်း၏နောက်ကွယ်ရှိ ကောင်းကင် နတ်ဘုရားဆယ်ပါးသည် တပြိုင်နက်တည်း သူတို့မျက်လုံးတွေ ပွင့်လာသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက် တစ်ခုစီက ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက် သူတို့ဆီသို့ အပြေးအလွှား ရောက်ရှိလာ တော့မည် ဖြစ်သည်။
ကျိုးလင်နှင့် အခြားသူများသည် ဖြစ်ပျက်နေသည်ကို မမြင်နိုင်ခဲ့ပေ။ ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့သည်။
ဘန်း…
သို့သော် ထိုအချိန်တွင် ချင်ယွင်၏မျက်လုံးများမှ ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
ခရမ်းရောင်အလင်းတန်းများ လင်းလက်သွားသည့်အခိုက်တွင်၊ အနှိုင်းမဲ့အားကောင်းပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက ပျံ့နှံ့သွားကာ ကမ္ဘာကြီးက အေးခဲသွားပုံရသည်။
အချိန်က အေးခဲသွားသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံနန်းတော်၏ အဋ္ဌမအဆင့်ရှိ အရာအားလုံးသည် ချက်ချင်းပင် ရပ်တန့်သွားသည်။
ဝေဖန်း၏လက်သီးချက်သည် တန်ခိုးကြီးသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများနှင့်အတူ တဟုန်ထိုး တိုးဝင်လာကာ ချင်ယွင်၏ရင်ဘတ်ရှေ့တွင် သုံးလက်မ အကွာမှာ တုန့်ဆိုင်းသွားခဲ့သည်။ အသီးသီး တန်ခိုးကြီးသော အငွေ့အသက်ကိုယ်စီဖြင့် တဟုန်ထိုး ပြေးဝင်လာကြသည့် ကောင်းကင်နတ်ဘုရား ဆယ်ပါးစလုံးသည် ဝေဖန်း၏ နောက် သုံးမီတာအောက် အကွာဝေး၌ လေထဲတွင် ပျံဝဲရင်း တုန့်ဆိုင်းသွားကြသည်။
"ဘယ်လောက်တောင် မြန်လိုက်လဲ!" ချင်ယွင်စိတ်ထဲမှာ ထိုအတွေးတစ်ခုသာ ရှိနေသည်။
ယခုလေးတင်၊ သူသည် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့သည်။ ဤအထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင် ပညာရှင်များသည် မီတာ ရာပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်ပြီး ၎င်းတို့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအရာက အမှန်တကယ် ကြောက်စရာကောင်းလွန်းသည်။
ဝှီး...။
အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် ကနဦးစကြဝဠာ၏ လေဟာနယ် လမ်းကြောင်းကို တစ်ဖန် တိုက်ရိုက် အသုံးပြုခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် လေဟာနယ် လမ်းကြောင်းအဖြစ် ပြောင်းလဲကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်၏ရုပ်အသွင်သည် လေဟာနယ် လမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင်၊ သူ၏ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်သည် ပျက်ပြယ်သွားပြီ ဖြစ်သည်။ တစ်စက္ကန့်၏ သုံးရာပုံတစ်ပုံ, ၎င်းသည် သူထင်သည်ထက် ပိုတိုတောင်းနေ သည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်၏ရုပ်အသွင်သည် ကိုးခုမြောက် ကောင်းကင်ဘုံ နန်းတော်သို့ ဦးတည်သော လှေကားထစ်တွင် ပေါ်လာပြီး ဖြစ်သည်။
သို့သော် ဝေဖန်း၏ လက်သီးထိုးချက်မှာ ဗလာကြီး ဖြစ်နေသည်။ ဝေဖန်းသည် အလွန် တုန်လှုပ်သွားသည်။ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ နားမလည်ခဲ့ပါ။ တစ်ခုခုမှားနေပြီဆိုသည်ကို ရုတ်တရက် သိလိုက်ရပြီး သူသည် ရုတ်တရက် ခေါင်းကို ပြန်လှည့်လိုက်သည်။
သို့သော် သူ လှည့်ကြည့်လိုက်စဉ်မှာ လက်သီးတစ်ချက်က သူ့ရင်ဘတ်ပေါ် ပြင်းထန်စွာ ကျရောက်လာသည်။
ဝေဖန်းသည် ပုဇွန်တစ်ကောင်ကဲ့သို့ ချက်ခြင်း ကွေးညွှတ်သွားကာ၊ အဝေးမှာ ပြုံးနေသော ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း သူ့မျက်လုံးများက ပြူးကျယ်သွားလေသည်။