← Chapters

အခန်း ၁၄၈၄

Vol. 99 Ch. 1484

အခန်း ၁၄၈၄

Vol. 99 Ch. 1484

အခန်း (၁၄၈၄) မီးချီလင်။

ဝေဖန်း၏ နှလုံးသားသည် ပြင်းထန်သော သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ သူနှင့်အတူ ယခုလေးတင် ရပ်နေခဲ့သည့် ချင်ယွင်သည် တခဏအတွင်းမှာ အဘယ့်ကြောင့် တခြားနေရာတွင် ပေါ်လာခဲ့သည်ကို သူ နားမလည်နိုင်ပါဘူး။

ထို့အပြင် ချင်ယွင် ရပ်နေသည့်နေရာက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။ ထိုနေရာသည် နဝမမြောက် ကောင်းကင်ဘုံနန်းတော်သို့ ဦးတည်သော လှေကားထစ်ဖြစ်သည်မှာ ထင်ရှားပါသည်။

"လှည့်စားမှု၊ ဒါတွေအားလုံးက လှည့်စားမှုပဲ!" ဝေဖန်းသည် ချက်ချင်း အသိဝင်လာပြီး သူ့နှလုံးသားထဲမှာ ပြင်းထန်သော အမျက်ဒေါသတွေ ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ၏ဒေါသသည် သူ့ခေါင်းထက်သို့ အပြည့်ဝမတက်နိုင်ခင်မှာ ခုခံနိုင်စွမ်းကင်းမဲ့ သည့် စွမ်းအားတစ်ခုက သူ့ရင်ဘတ်မှ ထွက်ပေါ်လာခဲ့သည်။

"ဒိုင်း!"

ဝေဖန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်း ပေါက်ကွဲသွားပြီး၊ သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၁၀ ယောက်၏ တိုက်ခိုက်မှုများသည် သူဆန့်ကျင်နိုင်သော အရာမဟုတ်ပေ။ သူ့ခန္ဓာကိုယ်ရှိ ရှေးဟောင်း ဓားချီသည် ချင်ယွင်၏ ယခင်က လိမ်ညာလှည့်ဖျားမှုများကြောင့် သုံးစွဲခဲ့ရပြီးဖြစ်သည်။ သူသည် ထိုအထွက်အထိပ်ကို ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်၏ စွမ်းအားအပြည့် တိုက်ခိုက်လာသော လက်သီးချက်ကို ခုခံနိုင်စွမ်း မရှိတော့ပါဘူး။

ဝေဖန်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့်အခိုက်တွင် သူ၏နတ်ဘုရားစိတ်ဝိညာဉ် သည် ချင်ယွင်ထံသို့ မျှော်ကြည့်ကာ ဟစ်ကြွေးလိုက်သည် "မကျေနပ်ဘူး။ ငါ မင်းကို သတ်ပစ်မယ်..."

သို့သော် သူ့အသံကို မကြားရသေးခင်မှာ သူ၏နတ်ဘုရားစိတ်ဝိညာဉ်ထံသို့ လျင်မြန်သော လက်သီးတစ်ချက်က ချက်ချင်းဆိုသလိုပင် ကျရောက်သွားပြီး သူ၏နတ်ဘုရား စိတ်ဝိညာဉ်သည် တိုက်ရိုက် ပေါက်ကွဲသွားလေသည်။

နတ်ဘုရားစိတ်ဝိညာဉ်သည် ပေါက်ကွဲပြီး လေထဲသို့ လွင့်စင်သွားကာ ရင်ပြင်တစ်ခုလုံး တွင် အနှိုင်းမဲ့ အားကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ခပ်လှမ်းလှမ်းတွင်၊ ကျိုးလင်နှင့် အခြားသူများသည် အလွန်အံ့အားသင့်သော အမူအရာများ ကို ထုတ်ဖော်ပြသနေကြသည်။ သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွား သော ဝေဖန်းကို တွေ့လိုက်သောအခါတွင် သူတို့၏ မျက်လုံးများသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ပေါ်လာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူ့ပါးစပ်ထောင့်စွန်းမှ အပြုံးမပျက် ပေါ်လာသည်။

ဤအစီအစဥ်သည် မမျှော်လင့်ဘဲ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။ အဆုံးမှာတော့ ဝေဖန်းသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားဆယ်ပါး၏လက်ထဲမှာ သေဆုံး သွားခဲ့ပါသည်။

ဘန်း…

ရုတ်တရက်ဆိုသလို ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ဆယ်ဦးသည် ရုတ်တရက် ခေါင်းလှည့်လာပြီး သူတို့၏အကြည့်များအားလုံးက ချင်ယွင်အပေါ်သို့ ကျရောက်သွားကြသည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို နတ်တောင်ကြီးဆယ်တောင်ဖြင့် ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရကာ ချက်ချင်းပင် မလှုပ်ရှားနိုင်တော့ပေ။

ချင်ယွင်တောင်မှ ကောင်းကင်နတ်ဘုရားဆယ်ပါး၏ ဖိအားကို တစ်ချိန်တည်းမှာ ခံနိုင်ရည် မရှိခဲ့ပါဘူး။ အကယ်၍ သူ့နေရာမှာ အခြားသူတစ်ဦးသာ ပြောင်းလဲသွားပါက၊ ဤအငွေ့အသက်တစ်ခုတည်းကပင် ထိုသူ့ကို မြေပြင်ပေါ်သို့ ဖိချေပစ်ရန် လုံလောက်ပေ လိမ့်မည်။

ယခုအချိန်တွင် ချင်ယွင်သည် မတ်တပ်ရပ်နေသော်လည်း သူ့ခန္ဓာကိုယ်မှာ အေးခဲနေပုံရ သည်။ သူသည် ဤကြောက်မက်ဖွယ်ဖိအားကို ဖယ်ရှားရန် ကနဦးစကြဝဠာ ကောင်းကင်ဘုံအလိုဆန္ဒ၏ တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။

ကံကောင်းထောက်မစွာ၊ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူဆယ်ဦးသည် ချင်ယွင်ကို မတိုက်ခိုက်ခဲ့ပေ။ မဟုတ်ပါက၊ ချင်ယွင်၏နတ်ဘုရားစိတ်ဝိညာဉ်သည် မပျက်စီးနိုင်သော်လည်း၊ သူ၏ရုပ်ခန္ဓာကိုယ်သည် ယနေ့ ဤနေရာတွင် ရှင်းပစ်ခံရနိုင်သေး ဖြစ်သည်။

"ဝှီး....၊ ဝှီး.. ဝှီး....”။

ကောင်းကင်နတ်ဘုရားဆယ်ပါးသည် ၎င်းတို့၏ မူလနေရာသို့ ပြန်သွားကာ ၎င်းတို့၏ မျက်လုံးများကို နောက်တစ်ကြိမ် ပြန်ပိတ်လိုက်သည်။ ကောင်းကင်ဘုံနန်းတော်၏ အဋ္ဌမအဆင့် တစ်ခုလုံးသည်လည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း ဝေဖန်းသေဆုံးမှု၏ သွေးရနံ့သည် လေထဲတွင် စိမ့်ဝင်နေသေးသည်။

"ခင်ပွန်း၊ ရှင် အဆင်ပြေရဲ့လား" ကျိုးလင်သည် စင်မြင့်၏ အခြားတစ်ဖက်တွင် ရပ်လိုက် ပြီး ချင်ယွင်ထံသို့ အသံတစ်ခု ပေးပို့လိုက်သည်။ ချင်ယွင်ကိုကြည့်ရင်း သူမမျက်လုံးထဲတွင် စိုးရိမ်သောက အရိပ်အယောင်များ ရှိနေသည်။

"ငါ အဆင်ပြေပါတယ်၊ ငါ ဒဏ်ရာမရဘူး၊ ဒါပေမယ့် မင်းတို့ကို ဒီနေရာကို မခေါ်လာနိုင်ခဲ့ ဘူး၊ ဒါကြောင့် မင်းတို့တွေက ငါ့ကို ကောင်းကင်ဘုံနန်းတော်ရဲ့ အဋ္ဌမအဆင့်မှာပဲ စောင့်နေကြ။" ချင်ယွင်က ကျိုးလင်ကို အသံဖြင့် ထုတ်လွှင့်ကာ ပေးပို့လိုက်သည်။

"ကောင်းပြီ၊ ငါတို့ ရှင့်ကို ဒီမှာစောင့်နေမယ်။ ဒါပေမယ့် ရှင်သတိထားရမယ်။ အဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မှုကတောင် အရမ်းအန္တရာယ်များတယ်။ ဒီနဝမအဆင့် ကောင်းကင်ဘုံနန်းတော်က သေချာပေါက် မရိုးရှင်းဘူး။" ကျိုးလင်က အသံဖြင့် ထုတ်လွှင့် သည်။

ချင်ယွင်က ကျိုးလင်ကိုကြည့်ကာ ခေါင်းညိတ်ပြသည်။ သူ အသံတိုးတိုးလေးဖြင့် ပြုံးပြီး ပြောလိုက်သည် "စိတ်မပူပါနဲ့၊ မင်းယောက်ျားက သေချာပေါက် အဆင်ပြေပါတယ်။ ငါ မင်းနဲ့အတူ ဝဝတုတ်တုတ် ကလေးတစ်ယောက်ရဖို့ မျှော်လင့်နေတုန်းပဲလေ"

ကျိုးလင်သည် ချင်ယွင်၏အသံကို ကြားလိုက်သောအခါ သူမ၏မျက်နှာသည် ချက်ချင်း နီရဲသွားသည်။ သို့သော်လည်း သူမသည် ချင်ယွင်ကို ကြည့်ကာ "ကောင်းပြီ၊ ဒီလျှို့ဝှက် နတ်ဘုရားဂိုဏ်းရဲ့ ဒီခရီးစဉ်ပြီးရင် ငါ့ကိုယ်ငါ ရှင့်လက်ထဲအပ်နှင်းပြီး ရှင့်အတွက် သားတစ်ယောက် မွေးမယ်" ဟု ပြောလိုက်ပါသည်။

ကျိုးလင်၏ စကားကိုကြားတော့ ချင်ယွင်သည် အနှိုင်းမဲ့ တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။

သူနှင့် ကျိုးလင်တို့ တွဲနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း သူသည် ကျိုးလင်နှင့်အတူ အမှန်တကယ် မအိပ်ဖူးသေးပါဘူး။ ရှရှန်းယုဖြစ်စေ, ကျိုးလင်ဖြစ်စေ, သူသည် သူမတို့ကို လေးလေး နက်နက် ချစ်နေပြီလေ။

"မှတ်ထားပါ။ ဒီနေရာမှာ ငါမရှိတဲ့အချိန်မှာ အန္တရာယ်တစ်ခုခုကြုံလာရင် မင်းကိုပေးခဲ့တဲ့ ကျောက်စိမ်းတံဆိပ်ကို ချေမွပစ်လိုက်ပါ။ အရေးကြီးတဲ့အခိုက်အတန့်မှာ မင်းအသက်ကို ကာကွယ်နိုင်တယ်" ချင်ယွင်သည် ကျိုးလင်အား အသံထုတ်လွှင့်မှုမှတစ်ဆင့် ပြောခဲ့ပြီး သူ့အမူအရာက လေးနက်လာသည်။

ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းရှိ လုပ်ကြံသတ်ဖြတ်သူ သုံးဦးစလုံး သေဆုံးနေပြီ ဖြစ်သော်လည်း၊ ဤနေရာသည် လုံခြုံသည်ဟု မဆိုလိုပါ။ နောက်ဆုံးတွင်၊ နတ်ဘုရား နန်းတော်ကြီးသုံးခုသည် ဤသတင်းကို လက်ခံရရှိပြီးဖြစ်ကာ မကြာမီတွင် သူတို့လူများကို ထပ်မံစေလွှတ်နိုင်ဖွယ် ရှိနေသည်။

ကျိုးလင်နှင့် တခြားသူများသည် ဤနေရာမှာ သိပ်မလုံခြုံပါဘူး။

ယခင်က ဝေဖန်းနှင့်အတူ၊ ချင်ယွင်သည် ၎င်းတို့အား ကနဦးစကြဝဠာထဲသို့ မခေါ်ဆောင်ခဲ့ ပေ။ ထို့အပြင် ချင်ယွင်သည် နဝမမြောက် ကောင်းကင်ဘုံနန်းတော်တွင် မည်သို့သော အန္တရာယ်များ ရှိနေသည်ကို မသိထားခဲ့ပေ။ ကျိုးလင်နှင့် အခြားသူများကို သူနှင့်အတူ အန္တရာယ် မကြုံတွေ့စေချင်ပေ။

ချင်ယွင်၏ စကားကိုကြားတော့ ကျိုးလင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် တခြားဘာမှ မပြောဘဲ လှည့်လိုက်ပြီး ကိုးခုမြောက် ကောင်းကင်ဘုံနန်းတော်ဆီ ဦးတည်သွားရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ့စိတ်ထဲတွင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံပိုင်ရှင်သည် ခွေးဝါကြီးမှလွဲ၍ အခြားသူမဟုတ်ပေ။

"သခင်၊ အဲဒီနဝမအဆင့် ကောင်းကင်ဘုံနန်းတော်က လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရား၏ အိပ်ဆောင်ပဲ။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ချန်ထားခဲ့တဲ့ အမွေနှစ်တွေလည်း ရှိနေတယ်။ ဒါပေမယ့် အတွင်းစစ်ဆေးမှုတွေက အလွန့်ကို အန္တရာယ်များတယ်။ သတိထားရမယ်နော်။" ခွေးဝါကြီးက အသံဖြင့် ထုတ်လွှင့်၍ ပြောသည်။

"အင်း!" ချင်ယွင်သည် ခွေးဝါကြီးကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူက ဆက်ပြီး အသံပို့လွှတ်ကာ “မင်းပြောချင်တာ ဒီစကား မဟုတ်မှာ ငါကြောက်မိတယ်။ ဟုတ်တယ် မဟုတ်လား” ဟု မေးလိုက်သည်။

ချင်ယွင်၏အသံကို ကြားလိုက်သောအခါ ခွေးဝါကြီးသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူက ဆက်ပြောသည် “ဒီကိစ္စအတွက် ကျွန်တော် တကယ် မလုပ်နိုင်လို့ပါ။ သခင်ကို တစ်ခုခု ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”

"အဲဒါဘာလဲ?" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

"လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ အိပ်ခန်းထဲမှာ လက်ဖဝါးအရွယ် အနီရောင်ကျောက်တုံး တစ်တုံးရှိတယ်။ သခင်က ကျွန်တော့်အတွက် အဲဒါကို ကူယူပေး ပါလား။ ခွေးဝါကြီးက တောင်းပန်သံဖြင့် ပြောသည်။

"အနီရောင်ကျောက်တုံးလား?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါ သည်။

"မှန်ပါတယ်၊ အဲဒါက အနီရောင်ကျောက်တုံးပါ။ ဒီအနီရောင်ကျောက်တုံးပေါ်မှာ ထူးဆန်း တဲ့ ပုံစံတွေလည်း ရှိနေပါတယ်။ အဲဒါက ရှေးဟောင်း မီးချီလင်နတ်ဘုရားသားရဲရဲ့ နတ်ဘုရား အမြုတေ ဖြစ်ပြီး၊ ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။"

"မီးချီလင်နတ်ဘုရားသားရဲရဲ့ အမြုတေလား?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ဤမီးချီလင်နတ်ဘုရားသားရဲသည် မူလကတည်းက ရှေးဟောင်းနတ်ဘုရားသားရဲ ဖြစ်ပြီး၊ ၎င်းတို့သည် မျိုးသုဉ်းသွားပြီ ဖြစ်သည်။ နတ်ဘုရားကမ္ဘာ တစ်ခုလုံးမှာတောင် မီးချီလင် နတ်ဘုရားသားရဲတွေ မရှိတော့ပါဘူး။ ဤကိုးခုမြောက် ကောင်းကင်ဘုံနန်းတော်တွင် မီးချီလင်နတ်ဘုရားသားရဲ၏ နတ်ဘုရားအမြုတေ ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒါဆို, အဲဒီမီးချီလင်နတ်ဘုရားသားရဲက ဘယ်အဆင့်လဲ မင်းသိလား" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

ချင်ယွင်၏စကားကိုကြားသောအခါ ခွေးဝါကြီးသည် သွားများကို တင်းတင်းကြိတ်ကာ တုန့်ပြန်လိုက်ရသည် "ဘိုးဘေးနတ်ဘုရား!"

ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားသည်။ ဘိုးဘေးနတ်ဘုရား အဆင့် မီးချီလင်နတ်ဘုရားသားရဲ အမြုတေသည် မြင့်မြတ်သော ရတနာများအဖြစ် တည်ရှိနေပါသည်။ ဤခွေးဝါကြီးသည် အမှန်တကယ်ပင် လောဘကြီးလွန်းသည်။

သို့သော် ချင်ယွင်သည် ထိုမျှလောက် မယုတ်မာပေ။ မီးချီလင်နတ်ဘုရားသားရဲသည် သူ၏ ပစ်မှတ်လှိုင်းလုံးကြီးမဟုတ်ကြောင်း စစ်ဆေးကြည့်သည်။

"ကောင်းပြီ၊ ငါ ကတိပေးတယ်။ ငါတွေ့တာနဲ့ ဒီနတ်ဘုရားအမြုတေကို မင်းအတွက် ယူခဲ့ဖို့ သေချာပေါက် ကူညီပေးမယ်။" ချင်ယွင်က အသံဖြင့် ထုတ်လွှင့်ကာ ပြောလိုက်သည်။

"ကောင်းလိုက်တာ။ ကျေးဇူးတင်ပါတယ်သခင်" ခွေးဝါကြီးသည် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူ၏ခွေးအမြီးသည် ဆက်၍လှုပ်နေသည်။ သူသည် သူ့ရှေ့မှာ ခြေထောက်နှစ်ချောင်းကို ထောင်ပြီး လူတစ်ယောက်လို မတ်မတ်ထပြီး မတ်တပ်ရပ် နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ထို့နောက် လူအုပ်ကြီး၏ အကြည့်များအောက်တွင် သူသည် ကောင်းကင်ဘုံနန်းတော်၏ ကိုးထပ် မြောက်အဆင့်သို့ လျှောက်လှမ်းသွားခဲ့သည်။

All Chapters