အခန်း ၁၄၈၅
Vol. 99 Ch. 1485
အခန်း (၁၄၈၅) မိစ္ဆာနတ်ဘုရားမျက်လုံး။
ချင်ယွင်သည် လှေကားထစ်ပေါ်တက်သွားပြီး မကြာမီ နဝမမြောက် ကောင်းကင် ဘုံနန်းတော်သို့ ရောက်ရှိလာခဲ့သည်။
ယခုတစ်ခါမှာတော့ သူ့ရှေ့မှာ ကြီးမားပြီး မြင့်မြတ်လှသည့် နန်းတော်တစ်ခု ရှိနေသည်။ ဤနန်းတော်သည် လုံးဝ အနက်ရောင်ဖြစ်ပြီး နက်နဲပြီး ဂုဏ်သိက္ခာရှိသော ရောင်ဝါကို ထုတ်လွှတ်သည်။ နန်းတော်ရှေ့တွင် ရပ်လိုက်ရုံဖြင့် သ့းအား အလွန်သေးငယ်သော ခံစားချက်ကို ပေးစွမ်းသည်။
"ဘိုးဘေးနတ်ဘုရားရဲ့ အိပ်ဆောင်က မျှော်လင့်ထားသလိုပဲ။ ဒီဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်က လူတွေကို ဒူးထောက်ချင်အောင်လုပ်ဖို့ လုံလောက်တယ်။" ချင်ယွင်သည် ဘိုးဘေးနတ်ဘုရား၏ အိပ်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း သူ့ကိုယ်သူ အသံထွက်ပြောလိုက်သည်။
ချင်ယွင်သည် ရှေ့သို့ ဆက်လက် ရွေ့လျားလာသည်နှင့်အမျှ ဖိအားများ ပိုမိုပြင်းထန်လာ သည်။ နောက်ပိုင်းအဆင့်သို့ ရောက်သောအခါ၊ နတ်တောင်ဆယ်တောင်က ဖိနှိပ်လာသည့် အတိုင်းပင်။ သူ့ခြေလှမ်းတိုင်းက အလွန်မင်း လေးလံလာသည်။
အကယ်၍, ချင်ယွင်သည် ၎င်းကိုဆန့်ကျင်ရန် သူ၏ ကောင်းကင်ဘုံအလိုဆန္ဒကို အသုံးပြု ထားခြင်း မဟုတ်ပါက၊ သူသည် နတ်ဘုရားခန်းမ အဝင်ပေါက်သို့ပင် မရောက်ရှိနိုင် လောက်ပေ။
သို့သော် ချင်ယွင်သည် နတ်ဘုရားခန်းမအဝင်ဝသို့ လျှောက်သွားသောအခါတွင် ပြင်းထန် သော ဖိအားများက ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ သူ့ရှေ့က ခမ်းနားထည်ဝါသော နန်းတော် တံခါးကြီးကို ကြည့်ပြီး တွန်းမဖွင့်ခင် ခဏလောက် တုံ့ဆိုင်းနေသည်။
ဤနန်းတော်တံခါးသည် အလွန်လေးလံပြီး အနည်းဆုံး ဂျင်သန်းပေါင်းများစွာ ရှိသည်။ သို့သော် ဤအလေးချိန်သည် ချင်ယွင်အတွက် ဘာမှမဟုတ်သောကြောင့် ချင်ယွင်သည် နန်းတော်တံခါးကို အလွယ်တကူ တွန်းဖွင့်လိုက်သည်။
"ဂျိမ်း..!"
ခန်းမတံခါးပွင့်လာသည်နှင့်အမျှ သူ့မျက်နှာပေါ်တွင် ရှေးကျသော အငွေ့အသက်တစ်ခု ကျရောက်လာသည်။
ချင်ယွင်ကို အံ့အားသင့်စေသည်မှာ, ဤခန်းမအတွင်းရှိ ပရိဘောဂများသည် သူစိတ်ကူး ထားသလို လှပခြင်းမရှိသည့်အပြင် သာမန်အဖြစ်လောက်သာ ဖော်ပြနိုင်သည်။
မူလက ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားတစ်ပါး နေထိုင်ရာ နေရာသည် အနည်းဆုံး အငွေ့အသက်နှင့် နတ်ဘုရားအလင်းတန်းများနှင့်အတူ တည်ရှိနေသည်ဟု ထင်မြင်ခဲ့ သည်။ ယခု ဤနေရာတွင် ပရိဘောဂများသည် သာမန်လူများ၏ ပရိဘောဂများနှင့် အားလုံးနီးပါးတူသည်ဟု ထင်ရသည်။ တစ်ခုတည်းသော ခြားနားချက်မှာ အဆိုပါ အဆောက်အအုံများတွင် အသုံးပြုသည့် သစ်ပင်များသည် ဆွေးမြေ့ခြင်းမရှိပဲ နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ ၎င်းတို့၏ မူလအခြေအနေကို ထိန်းသိမ်းထားနိုင်သည့် နတ်ဘုရားကမ္ဘာရှိ အလွန်ရှားပါးသော နတ်ဘုရားသစ်ပင်များ ဖြစ်သည်။
ချင်ယွင်သည် ရှေးဟောင်းနတ်ဘုရားခန်းမကို ကြည့်ကာ ပင်မခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ဤခန်းမတွင် အစီရင်ဝင်္ကပါများ မရှိသလို ပြင်းထန်သော ကန့်သတ်ချက် စွမ်းအင် အတက်အကျလှိုင်းများလည်း မရှိခဲ့ပါ။ အရာအားလုံးက သာမာန်ဖြစ်ပုံရသည်။
သို့သော်လည်း ဤအရာများက ပို၍သာမန်ပုံစံပေါက်လေ၊ ချင်ယွင်သည် ပို၍ သတိကြီးလာ လေ ဖြစ်သည်။ အန္တရာယ်မရှိဟု ထင်ရသော ဘက်ခြမ်း၏ နောက်ကွယ်တွင် အဆုံးမရှိ သတ်ဖြတ်လိုသည့်ဆန္ဒများ အမြဲရှိနေတတ်သည်။
နတ်ဘုရားခန်း၏ မြေပြင်တွင် အက်ကွဲကြောင်းတစ်ခု ရှိနေသည်။ ထိုအက်ကွဲကြောင်း သည် နတ်ဘုရားခန်းမအတွင်းမှ အောက်ကောင်းကင်ဘုံနန်းတော် ရှစ်ခုအထိ ဆက်လက် ကျယ်ပြန့်သွားသည်။ ထို့အပြင် အောက်သို့ ကျဆင်းလာသည်နှင့်အမျှ အက်ကြောင်းများ က ကြီးမားလာသည်။
ယခင်က ချင်ယွင်သည် အက်ကွဲကြောင်းများသည် ကောင်းကင်နန်းတော်၏ ပထမအဆင့် အထိ တိုးလာသောအခါ၊ ၎င်းသည် တစ်မီတာကျယ်ပြီး အလွန်ကြောက်စရာကောင်း နေပြီဟု ယခင်က ထင်မြင်ဖူးသည်။ ကံကောင်းထောက်မစွာ၊ ကောင်းကင်ဘုံနန်းတော်၏ ကိုးထပ်ဆောင်ရှိ အက်ကွဲကြောင်းမှာ သေးငယ်သော အက်ကွဲကြောင်းတစ်ခု ဖြစ်သည်။
ချင်ယွင်သည် ဤအက်ကွဲကြောင်း မည်ကဲ့သို့ ပေါ်လာသည်ကို သိချင်နေခဲ့သည်။ ကျိုးလင်သည် ဤအက်ကွဲကြောင်းက နဝမမြောက် ကောင်းကင်ဘုံနန်းတော်၏ ဦးတည်ရာအရပ်မှ ထွက်ပေါ်လာသည်ဟု မကြာမီက ပြောခဲ့ဖူးသည်။ ယခု အက်ကွဲရာ၏ အရင်းအမြစ်ကို သူမြင်လိုက်ရပြီး၊ ၎င်းသည် နန်းတော်၏ နက်ရှိုင်းရာအရပ်မှ ဖြစ်သည်။
ချင်ယွင်သည် အက်ကွဲရာဆီသို့ လျောက်လှမ်းကြည့်သော်လည်း သူ့မျက်လုံးရှေ့မှ မြင်ကွင်းက သူ့နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
အက်ကွဲကြောင်းသည် သူ့ရှေ့ရှိ နံရံဆီမှတဆင့် မြေပြင်သိ့ ပြန့်ကျဲလာခြင်း ဖြစ်သည်။ အက်ကွဲကြောင်း၏အဆုံးတွင်၊ ကြေးဝါအပိုင်းအစတစ်ခု ရှိနေသည်။ ကြေးဝါအပိုင်းအစ၏ ထိပ်တွင် မျက်လုံးတစ်လုံး ရှိသည်။
ထိုမျက်လုံး၏သူငယ်အိမ်များသည် အစိမ်းရင့်ရောင်ဖြစ်ကာ အလွန်ထူးဆန်းနေပုံရသည်။ အရေးအကြီးဆုံးအချက်က မျက်လုံးသည် အမှန်တကယ် အသက်ရှင်နေခြင်း ဖြစ်သည်။ ၎င်းသည် ချင်ယွင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် မကောင်းဆိုးဝါးနှင့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုရှိနေပုံရပြီး ချင်ယွင်ကို ကြောက်စရာကောင်းသည့် ခံစားချက်ကို ဖြစ်စေသည်။
"ကြေးဝါအပိုင်းအစလား?"
ချင်ယွင်သည် သူ့မျက်လုံးခွံအောက်ရှိ ကြေးဝါအပိုင်းအစကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသည်။ ကြေးဝါအပိုင်းအစကို သူမြင်လိုက်သည်နှင့် ကနဦးစကြာဝဠာ၏ အလယ်ဗဟိုရှိ ကြေးဝါအပိုင်းအစသည် လှုပ်ခါသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ သူနှင့် ပဲ့တင်ထပ်နေပုံရသည်။
"လျှိုဘို၊ ကြည့်စမ်း၊ ငါ့ခန္ဓာကိုယ်ထဲက ကြေးဝါအပိုင်းအစနဲ့ အတူတူပဲလား။" ချင်ယွင်က လျှိုဘိုသို့ အသံပို့လွှတ်ပြီး မေးလိုက်သည်။
"မှန်တယ်၊ အဲဒါက အတူတူပဲ။ ဒါပေမယ့် ကောင်စုတ်လေး၊ အဲဒါကိုရဖို့ မင်းအတွက် မလွယ်ဘူး။ ငါ မင်းကို စွန့်လွှတ်ဖို့ အကြံပေးချင်တယ်" လျှိုဘို၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"ဘာလို့လဲ၊ ဒီနတ်ဆိုးမျက်လုံးကြောင့်လား။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
“မှန်တယ်၊ ဒီမျက်လုံးကြောင့်ပဲ၊” ဒီမျက်လုံးက ဒီကြေးဝါအပိုင်းအစနဲ့ လုံးလုံး ပေါင်းစပ်နေ ပြီ။ တကယ်လို့, မင်းအနေနဲ့ ကြေးဝါအပိုင်းအစကို ဖယ်ထုတ်ချင်တယ်ဆိုရင် ဒီနတ်ဘုရား မျက်လုံးနဲ့ ရင်ဆိုင်ရမယ်။ မင်းရဲ့လက်ရှိခွန်အားဖြင့်၊ ဒီနတ်ဘုရားမျက်လုံးကို ရင်ဆိုင်ခြင်း က သေခြင်းတရားဆီ ဦးတည်လိမ့်မယ်။ မင်းရဲ့ ကနဦးစကြာဝဠာတောင် ပြိုကျသွားလိမ့် မယ်။ အဲဒီအချိန်မှာ မင်းလည်း ဒီကမ္ဘာကြီးကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်" လျှိုဘိုက သတိပေးသည့် အရိပ်အမြွက်ဖြင့် ပြန်ကြားလိုက်သည်။
"ဒီလောင်တောင် ကြောက်စရာကောင်းလား?" ချင်ယွင်က အံ့အားသင့်သွားပြီး ထိုထူးဆန်း သော မျက်လုံးကို ကြည့်၍ မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
ထိုနတ်ဆိုးမျက်လုံး၏ နောက်ကွယ်တွင် ကြေးရောင်ကြိုးမျှင်များစွာ ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ ဤကြိုးမျှင်များသည် ကြေးဝါအပိုင်းအစထဲသို့ ရောနှောသွားခဲ့ပြီ ဖြစ်သည်။
ချင်ယွင်သည် ကြေးဝါအပိုင်းအစ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသည်။ သူသည် ဤကြေးဝါအပိုင်းအစကို မသိသေးသော်လည်း ဤကြေးဝါအပိုင်းအစသည် အနှိုင်းမဲ့တန်ခိုးအစွမ်းကို ပိုင်ဆိုင်ထားကြောင်း သူသိသည်။ အခုမူ, ထိုထူးဆန်းသော မျက်လုံးနှင့် ကြေးဝါအပိုင်းအစတို့သည် အတူတကွ ပေါင်းစပ်နေကြသည်။ ထိုမျက်လုံး သည် သာမန်မျက်လုံးတစ်လုံး ဖြစ်နေလျှင်ပင်, ၎င်းသည် သာမန်ထက် ထူးခြားလာနိုင်ပါ သည်။ ထို့အပြင်, လျှိုဘိုထံမှလေသံအရ, ဤမျက်လုံးသည် သာမန်ထက် ထူးခြားနေနိုင် သည်။
ချင်ယွင်သည် အစိမ်းရောင် သူငယ်အိမ်များဆီသို့ အမှတ်တမဲ့ ကြည့်လိုက်သည်။ ၎င်းကို ကြည့်လိုက်သည်နှင့် သူသည် ချက်ချင်း မူးဝေသွားပြီး ကမ္ဘာကြီးက ချာချာလည်သွားသည်။
ချင်ယွင်သည် စိတ်ကို ထိန်းထားပြီး မျက်လုံးများကို မှိတ်ထားသည်။ အချိန်အတော်ကြာ ပြီးနောက်မှ မူးဝေသည့်ခံစားချက်ကို ဖယ်ရှားပစ်နိုင်သည်။
"လျှိုဘို၊ ဒီအစိမ်းရောင် မျက်လုံးက အတိအကျ ဘာလဲ။ ဒါက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
သူသည် သူငယ်အိမ်စိမ်းများနှင့် အကြည့်ချင်း ဖလှယ်ရုံဖြင့် မူးလဲလုနီးပါး ဖြစ်ခဲ့သည်။ အချိန်အနည်းငယ်ကြာအောင် ကြည့်မိလျှင် ဘာဖြစ်မည်မှန်း သူမသိနိုင်ပေ။
"ကောင်စုတ်လေ၊ ဒီကြေးဝါအပိုင်းအစကို မစဉ်းစားဖို့ ငါ ပြောခဲ့တယ်လေ။ ဒီအစိမ်းရောင် မျက်လုံးက မင်းရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ အခု သူက ငြိမ်ငြိမ်လေးပဲ နေနေခဲ့တာ။ တကယ်လို့, သူ နိုးထလာခဲ့ရင်, အချိန်မှာ မင်း အလောင်းဖြစ်သွားမှာတောင် ငါ ကြောက်မိ တယ်။" အသံထုတ်လွှင့်မှုမှတစ်ဆင့် လျှိုဘိုက ပြောသည်။
"ဟင်, လခွမ်း, ဒီလောက်ကြောက်စရာကောင်းလို့လား" ချင်ယွင်က ထိတ်လန့်တကြား ပြောပြီး သူ့မျက်လုံးတွေမှာ ရှုပ်ယှက်ခတ်မှုတွေ ပြည့်နှက်နေသည်။
"ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးကို မင်း ကြားဖူးလားလို့ ငါ သိချင်မိတယ်။" လျှိုဘိုက အသံဖြင့် တုန့်ပြန်သည်။
"ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးလား။ ဒီအစိမ်းရောင်မျက်လုံးဟာ ရှေးဟောင်း မိစ္ဆာနတ်ဘုရားရဲ့ မျက်လုံးလို့ မင်း ပြောလိုက်တာလား။" ချင်ယွင်က အံ့အားသင့်စွာဖြင့် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အလွန်တုန်လှုပ်နေသော အမူအရာတစ်ခုကို ထုတ်ဖော် လိုက်မိပါသည်။
အတိတ်တုန်းကဆို, ချင်ယွင်သည် ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးအကြောင်းကို မသိနိုင်သော်လည်း ရွှမ်ဟန်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ပြီးနောက် ချင်ယွင်သည် ဒီရှေးဟောင်းမိစ္ဆာနတ်ဘုရားက မည်သူလဲဆိုတာ သိလာခဲ့သည်။
ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် အလွန်အစွမ်းထက်သော ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သည်။ သူသည် တစ်ချိန်က ဘိုးဘေးနတ်ဘုရားပေါင်း နှစ်ဆယ်နီးပါးကို သူတစ်ဦး တည်း၏ ခွန်အားဖြင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုခေတ်က ဘိုးဘေးနတ်ဘုရား အားလုံးကို သတ်လုနီးပါးပင်။ သူ့အတွက် အစွမ်းထက်ဆုံးအရာက သူ့မျက်လုံးများ ဖြစ်သည်။ သူသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော တန်ခိုးကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်း မိစ္ဆာနတ်ဘုရားမျက်လုံး ဖြစ်လာရန် ရည်မှန်းထားသည်။
ဤအရာအားလုံးသည် ရွှမ်ဟန်၏ ခန္ဓာကိုယ်ထဲမှာ ရှိစဉ်တုန်းက သူ လေ့လာဆည်းပူးခဲ့ရ သည့် အကြောင်းအရာတွေ ဖြစ်ပါသည်။ ထိုရှေးခေတ်သည် ရွှမ်ဟန်ထက် အများကြီး ပိုရှေးကျသည်။ ထိုအချိန်တွင်၊ ရွှမ်ဟန်သည် ဤရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် ဒဏ္ဍာရီ တစ်ခုမျှသာဟု ထင်ခဲ့သည်။ ဤအရာတွေ အားလုံးက အမှန်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ ပေ။ ချင်ယွင်ဆို ကိုယ်တိုင်ပင် ကြုံတွေ့နေရပြီ။
စာစဉ် (၉၉) ပြီးပြီ။
ဘာသာပြန်သူ နေဇင်။