← Chapters

အခန်း ၁၄၈၇

Vol. 100 Ch. 1487

အခန်း ၁၄၈၇

Vol. 100 Ch. 1487

အခန်း (၁၄၈၇) အိုဟောင်းနေသော လိမ်လည်မှု။

ချင်ယွင်၏စိတ်နှလုံးသည် တုန်လှုပ်သွားသည်။

ပြန်လည် လွတ်မြောက်နိုင်ဖို့ ကျော်လွန်နေတဲ့အရာ။

အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော် စမ်းသပ်မှု၏ အခက်အခဲထက် ဆယ်ဆ။

ချင်ယွင်သည် မတတ်တာဘဲ အသက်ပြင်းပြင်း ရှူသွင်းရင်း၊ သူ့စိတ်နှလုံးထဲတွင် ပြင်းပြင်း ထန်ထန် ထိတ်လန့်တုန်လှုပ်သွားသည်။

အဋ္ဌမအဆင့် ကောင်းကင်ဘုံနန်းတော် စမ်းသပ်မှု၏ အခက်အခဲသည် ငရဲအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူဖြတ်သန်းနိုင်ခဲ့ခြင်းက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။ ယခု၊ နဝမအဆင့် ကောင်းကင်ဘုံနန်းတော်၏ စမ်းသပ်မှုသည် အဋ္ဌမအဆင့် ကောင်းကင်ဘုံ နန်းတော်၏ စမ်းသပ်မှုထက် ဆယ်ဆ ပိုခက်ခဲနေသည်။

"ဘယ်လို စမ်းသပ်မှုမျိုးလဲ။ အခက်အခဲက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

သူသည် မကြောက်ဘူးဟု ပြောပါက အတုယောင် ဖြစ်ပေလိမ့်မည်။ သို့သော်, သူသည် ဤနေရာအထိ ရောက်ရှိနေခဲ့ပြီ။ သူမည်မျှပင် ကြောက်ရွှံ့နေပါစေ သူ ဆက်လက် လျှောက်လှမ်းနေရဦးမည်။

ချင်ယွင်၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်လိုက်ရတော့ အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြန်ဖြေသည်။ သူက နံရံပေါ်သို့ လှည့်ကြည့်ကာ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးကို ညွှန်ပြပြီး "ဒီရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးရဲ့ မူလအစကို မင်း သိရှိပြီး ဖြစ်မယ်လို့ ငါ ယုံကြည်တယ်" ဟု ပြောလိုက်ပါသည်။

ချင်ယွင်သည် အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ချောင်းအတိုင်း ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "နဝမမြောက် ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မှု က ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ပတ်သက်မှု ရှိနေနိုင်သလား" ဟု အံ့သြစွာ မေးလိုက်ပါသည်။

ချင်ယွင်သည် ထိုကဲ့သို့မေးလိုက်စဉ်မှာ သူ့စိတ်ထဲမှာ ပြင်းထန်သော ကြိုတင် သတိပေး ချက်တစ်ခု ရှိနေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်, အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ ပြောသည် "မှန်တယ်၊ နောက်ဆုံး ကောင်းကင်ဘုံနန်းတော်ရဲ့ စမ်းသပ်မှု က ဒီမိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ပတ်သက်နေတယ်"။

ချင်ယွင်သည် ချက်ချင်းပင် အေးစက်စက် လေကို ရှုရှိုက်လိုက်မိသည်။ ရှေးဟောင်း မိစ္ဆာနတ်ဘုရားမျက်လုံးသည် မည်မျှ ကြောက်စရာကောင်းသည်ကို သူ မြင်ဖူးသည်။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးကို လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက စုဆောင်းထားပြီး ဤခန်းမထဲတွင် ထားရှိထားသည်ဟု မူလက သူ ထင်ခဲ့သော်လည်း၊ နဝမမြောက် ကောင်းကင်နန်းတော်၏ စမ်းသပ်မှုသည် ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးနှင့် အမှန်တကယ် ဆက်စပ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ယခုအချိန်တွင်၊ သူသည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ပြောခဲ့သည့် စကားကို လုံးလုံး ယုံကြည်သွားခဲ့သည်။ ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးနှင့် ပတ်သက်နေသမျှ ထိုစမ်းသပ်မှု၏ အခက်အခဲသည် အဋ္ဌမမြောက် ကောင်းကင်ဘုံနန်းတော်ထက် ဆယ်ဆ ဖြစ်နိုင်ပါသည်။ ၎င်းသည် အလွန်လွယ်ကူသော စမ်းသပ်မူမျိုး မဖြစ်နိုင်ပေ။

နောက်ဆုံးတွင်၊ ဤရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးသည် ဘိုးဘွားဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများပင် ကြောက်ရွှံ့ရသည့် နတ်ဆိုးဖြစ်သည်။

"ဒါဆို ဒီစမ်းသပ်မှုရဲ့ တာဝန်က ဘာလဲ။" ချင်ယွင် အသက်ပြင်းပြင်း ရှူပြီး ထပ်မေးသည်။

အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောသည် "ရှေးဟောင်းမိစ္ဆာ နတ်ဘုရားမျက်လုံးထဲက ရှေးဟောင်းမိစ္ဆာနတ်ဘုရားရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ် အမျှင်တန်းကို ဖျက်ဆီးပစ်ရုံပါပဲ"။

ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်လုံးတွေက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

ဟုတ်ပါသည်၊ သူထင်ထားသည့်အတိုင်းပင်၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးထဲမှာ အကြွင်းကျန် စိတ်ဝိညာဉ်တစ်ခု ရှိနေခဲ့ပြီး၊ သူ၏တာဝန်မှာ ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးထဲရှိ ထိုအကြွင်းကျန် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ဖြစ်နေသည်။

“ဒီရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးက မိစ္ဆာနတ်ဘုရားရဲ့ စိတ်ဝိညာဉ် အမျှင်တန်းကို ထိန်းသိမ်းထားပေးတယ်။ ငါ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးကို ရရှိခဲ့စဉ်က၊ မိစ္ဆာနတ်ဘုရားရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းများစွာနဲ့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့်, ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးက ငါ့ရဲ့စိတ်ဝိညာဉ်ကို ကာကွယ်ဖို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးဝါအပိုင်းအစတစ်ခုကို မှီခိုအားနေခဲ့ တယ်။ ငါတောင်မှ မတတ်တာပဲ သူ့စိတ်ဝိညာဉ် စွမ်းအားကို ဖြည်းညှင်းစွာနဲ့ ထိတွေ့ဖို့ဘဲ တတ်နိုင်ခဲ့တယ်" အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်ပါသည်။

ချင်ယွင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားပြီး သူ့စိတ်နှလုံးထဲမှာ ရှိုက်ကြီးတငင် ပြုံးလိုက်မိပါသည်။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးထဲမှ အကြွင်းအကျန် စိတ်ဝိညာဉ်ကို လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားလို တန်ခိုးကြီးပုဂ္ဂိုလ်ကတောင် မဖျက်ဆီးနိုင်ဟု သူ မထင်ထားခဲ့ပေ။ သူ မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။

ထို့အပြင်, သူသည် ဘိုးဘေးနတ်ဘုရားတစ်ပါးတောင် မပြီးမြောက်နိုင်သည့် စမ်းသပ်မူနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးမိလိုက်ချိန်မှာ, သူ့စိတ်နှလုံးက မြေရေပြင်နှင့် သမုဒ္ဒရာကိုပင် လှန်မှောက်ပြီး ခါးသီးဖွယ်ရေလှိုင်းများ စီးမျှောသွားသည့်အတိုင်းပင်။

ဤလျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အမှန်တကယ် အလွဲသုံးစား လုပ်နေသူတစ်ဦးဟု သူ ခံစားမိသည်။ ထိုသို့မဟုတ်လျှင်, သူသည် ယခုလို အမွေနှစ် စမ်းသပ်မူမျိုး မည်သို့ ချမှတ်ထားနိုင်ရနသည်း။ လူဘယ်လောက်များများကရော ယခုလို စမ်းသပ်မူမျိုး ပြီးမြောက်စေနိုင်မည်နည်း။

“ဒါဆို အဲဒီအဖြစ်ပျက် နောက်ပိုင်းရော” ချင်ယွင်က မေးသည်။

“အဲဒီနောက်မှာတော့, မိစ္ဆာနတ်ဘုရားမျက်လုံးက ငါ့စိတ်ဝိညာဉ်စွမ်းအားရဲ့ ထိတွေ့ပြီး ထိုးခွဲမူအောက်မှာ ဖြည်းဖြည်းချင်း အားနည်းလာခဲ့တယ်။ အခု ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ထိန်းသိမ်းနိုင်ဖို့ ငါလည်း နက်နက်ရှိုက်ရှိုက် အိပ်စက်မူကို အားကိုးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးတွေက အနည်းငယ် တောက်ပသွားပြီး နောက်ဆုံးတွင် သူသည် သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။

သို့သော် သူ အပြည့်အဝ မပျော်နိုင်ခင်မှာ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ့ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည့် အေးစက်စက်ရေတစ်ပုံးကို ထပ်မံ လောင်းချလိုက်ပါသည်။

သူက မျက်မှောင်ကြုတ်ပြီး ပြောသည် "မူလကတော့၊ ငါက ဒီပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကြီး ဖြစ်လာစေဖို့အတွက် အစီအရင်ဝင်္ကပါရဲ့ စွမ်းအားကို အသက်သွင်း ပြီး အဲဒီရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော ကြေးဝါ အပိုင်းအစတို့ကို ထောင်ချောက်ဆင်ခဲ့တယ်။ မမျှော်လင့်ဘဲ, အချိန်ကြာလကြာမြင့်မှု ကြောင့် ဒီအစီအရင်ဝင်္ကပါရဲ့ စွမ်းအားက ပြေလျော့သွားခဲပြီ။ ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးကလည်း ငါ လျှို့ဝှက်နတ်ဘုရားဂိုဏ်းမှာ မရှိတော့ဘူးဆိုတာ အချိန်အတော်ကြာ ကတည်းက သိသွားပုံရပြီး၊ သူ့ကိုထောင်ဖမ်းထားတဲ့ အစီအရင်ဝင်္ကပါရဲ့စွမ်းအားကို လုံးလုံးလျားလျား ဖြိုခွင်းဖို့အတွက် အဲဒီကြေးဝါအပိုင်းအစကို အသက်သွင်းခဲ့တယ်။ အခု သူက ဒုတိယမြောက် စွမ်းအင်လှိုင်းနဲ့ ဆက်တိုက် တိုက်ခိုက်လိမ့်မယ်။ တကယ်လို့, သူသာ စွမ်းအားထပ်မံစုဆည်းလို့ အောင်မြင်သွားပါက, သူက ဒီအစီအရင်ဝင်္ကပါမှ ဖောက်ထွက် ပြီး၊ ကောင်းကင်ဘုံနန်းတော်မှ လွတ်မြောက်သွားနိုင်တယ်။ မိစ္ဆာနတ်ဘုရား လွတ်မြောက် သွားတာနဲ့ နတ်ဘုရားကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်”။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စကားများကို ကြားလိုက် ရသောအခါတွင် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မူက အနှိုင်းမဲ့ အဆင့်သို့ ရောက်ရှိသွား ခဲ့သည်။ ယခုတော့ သူသည် ဤကျွန်းပေါ်တွင် အက်ကြောင်းတစ်ခု ရုတ်တရက် အဘယ်ကြောင့် ပေါ်လာသည်ကို နောက်ဆုံး နားလည်သွားခဲ့ပြီ။

ထို့အပြင်, ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးသည် ဤအရာအားလုံး၏ အကြောင်းရင်း ဖြစ်သည်ကို သူ သိမြင်လာခဲ့သည်။

သို့သော်၊ ဤအရာက ချင်ယွင်အား ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံး၏ အစွမ်းကို နားလည်စေခဲ့သည်။ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ ကြီးမားသော အစီအရင် ဝင်္ကပါကြီးကို ဖြိုခွဲစေနိုင်ခြင်း၊ ယင်းကပင် သူ့ခွန်အားသည် သူ၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"အရှင်ဘိုးဘေးနတ်ဘုရား၊ အရှင်ဘိုးဘေးနတ်ဘုရားတောင် ဒီမိစ္ဆာနတ်ဘုရားမျက်လုံးကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီစမ်းသပ်မှုအပေါ် အခုလို ဆုံးဖြတ်တာက နည်းနည်းတော့ ရယ်စရာကြီး မဟုတ်လား။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ဒေါသထွက်ရန် အနည်းငယ်မျှပင် ရည်ရွယ်ချက် မရှိပေ။ သူက ရယ်ပြီး ပြောသည် "မင်းပြောတာ မှန်ပါတယ်။ တကယ်တော့ ဒီစမ်းသပ်မှုကို ငါလုပ်တဲ့အခါ မျှော်လင့်ချက် နည်းနည်းလေးမှ မရှိပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ငါ့စိတ်ထဲမှာ အံ့သြစရာတစ်ခုခု ကြုံတွေ့လာနိုင်မယ်လို့ ထင်ခဲ့မိလို့ပါ။ အဲဒါကြောင့် ဒီနဝမမြောက် ကောင်းကင်ဘုံနန်းတော် စမ်းသပ်မှုကို ငါ သတ်မှတ်လိုက် တာ။"

ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ့ကို ပြင်းပြင်းထန်ထန် ပါးရိုက်ပစ်ချင်စိတ်ကိုပင် ချက်ချင်း ခံစားလိုက်ရသည်။

အံ့ဖွယ်လား! အံ့ဖွယ်လား..၊ မင်းဦးလေး အံ့ဖွယ်လား။ မင်း ဒီလိုကစားရင် လူတွေ သေမယ် ဆိုတာ မင်း မသိဘူးလား။

သို့သော် သူ့ရှေ့မှ လူလတ်ပိုင်းလူရွယ် အမျိုးသားသည် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နေ သောကြောင့် သူသည် ထိုကဲ့သို့ မပြောဆိုဝံ့ပေ။ ၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သား၏ အမျှင်တန်းတစ်ခုမျှသာ ဖြစ်သော်လည်း၊ တစ်ဖက်လူက သူ့ကိုသတ်ရန် လွယ်ကူသောအလုပ် ဖြစ်နေပါသေးသည်။ ထိုကဲ့သို့ လုပ်ရလောက်အောင် သူ မိုက်မဲနေမှာ မဟုတ်ပါဘူး။ ထိုစကားတွေကို သူ့နှလုံးသားထဲမှာသာ တွေးတောနိုင်ခဲ့ပါသည်။

"တကယ်တော့၊ မင်းရဲ့အမြင်တွေကို ပြောင်းလဲလိုက်ရင်လည်း မမှားပါဘူး။ တကယ်လို့, မင်းသာ ဒီစမ်းသပ်မှုကို အမှန်တကယ် ပြီးမြောက်အောင်မြင်ခဲ့ရင်, မင်းမှာ ကြီးကျယ် ခမ်းနားတဲ့ နောက်ထပ် ရတနာနှစ်ပါးဖြစ်တဲ့ မိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ဒီလျှို့ဝှက်ဆန်း ကြယ်တဲ့ ကြေးဝါအပိုင်းအစကို မင်း ရရှိနိုင်လိမ့်မယ်လေ။ ဒီမိစ္ဆာနတ်ဘုရားမျက်လုံးမှာ မိစ္ဆာနတ်ဘုရားရဲ့ အစွမ်းထက်ဆုံး နတ်ဘုရား တန်ခိုးစွမ်းအားတွေ ပါ၀င်နေတယ်။ ဒါက ဘိုးဘေးနတ်ဘုရားတွေတောင် လိုချင်နေတဲ့အရာပဲ။ ၎င်းရဲ့ဇာစ်မြစ်ကို ငါ မသိပေမယ့် ဘိုးဘေးနတ်ဘုရားတွေတောင် မခန့်မှန်းနိုင်တဲ့ တန်ခိုးစွမ်းအားတွေ ပါဝင်နေကြောင်းကို ငါ သိထားတယ်။ တကယ်လို့, မင်းသာ ဒီမျက်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ရင်၊ ဘိုးဘေး နတ်ဘုရားတွေထက် သာလွန်တဲ့ လျှို့ဝှက်ချက်ကြီးကို မင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး လား" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည်။

သို့သော် ချင်ယွင်၏ မျက်လုံးများတွင်မူ, သူ့အမူအရာက နတ်ဘုရားလှံတစ်ချောင်းနှင့် တူနေသည်။

မှန်ပါသည်။ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော ကြေးဝါ အပိုင်းအစများသည် အနှိုင်းမဲ့ အစွမ်းထက်လှပါသည်။ ၎င်းတို့သည် အလွန်မင်း ထူးခြားလှပါသည်။ ၎င်းတို့ကို ကံကောင်းမှသာ သိမ်းပိုက်နိုင်ပါလိမ့်မည်။ သူ့အသက် မရှိတော့ရင်, ထိုရတနာများသည် မည်မျှပင် ထူးထူးခြားခြား အစွမ်းထက်နေပါစေ အသုံးမဝင်ပါဘူး။

“ကောင်လေး, တကယ်လို့, မင်း လက်လျှော့လိုက်ရင်လည်း မင်းကို လျှို့ဝှက်နတ်ဘုရား ဂိုဏ်းရဲ့ အမွေနှစ်ကို ငါပေးမှာပါ။ ဒါပေမယ့် မင်း ကြိုးစားကြည့်ပါက, မိစ္ဆာနတ်ဘုရား မျက်လုံးနှင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးဝါအပိုင်းအစကိုပါ မင်း ရရှိနိုင်တယ်နော်။ ဒါဆို မင်းရဲ့ရိတ်သိမ်းမူက ပိုပြီး ကြီးမားလိမ့်မယ်။ ဘယ်လိုလဲ? မင်း စမ်းကြည့်ချင်လား?" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက အပြုံးဖြင့် မေးသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စကားတွေကို ကြားရလျှင်, ကူကယ်ရာမဲ့ အပြုံးက သူ့မျက်နှာမှာ ချက်ချင်း ပေါ်လာသည်။ သို့သော် ထိုကူကယ်ရာမဲ့ အပြုံးက မြန်မြန်ဆန်ဆန် ဖြစ်သွားခဲ့သည်။ သူက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားကို ကြည့်ပြီး ပြုံးကာ မေးသည် "ဘာလို့ မကြိုးစားကြည့်ရမှာလဲ"

ချင်ယွင်၏စကားကိုကြားတော့ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အနှိုင်းမဲ့ တောက်ပသည့်အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ထုတ်ဖော်လိုက်ပြီး၊ ချင်ယွင်ကို ကြည့်နေသည့် သူ့အကြည့်တွေက ပို၍ပင် ကျေနပ်လာပါသည်။

All Chapters