← Chapters

အခန်း ၁၄၈၈

Vol. 100 Ch. 1488

အခန်း ၁၄၈၈

Vol. 100 Ch. 1488

အခန်း (၁၄၈၈) အခြေအနေတစ်ခုအား ကိုင်တွယ်ဖြေရှင်းရန် တိုင်းတာခြင်း။

ကျင့်ကြံခြင်းသည် မူလကတည်းက ကောင်းကင်ဘုံနှင့် ဆန့်ကျင်ဖြစ်ပြီး အန္တရာယ်များ ကြားတွင် အခွင့်အလမ်းများကို ပြိုင်ဆိုင်ကြရသည်။

ချင်ယွင်၏ စွမ်းအားသည် မိစ္ဆာနတ်ဘုရားမျက်လုံးကို ဖျက်ဆီးရန် မလုံလောက်ဟု ခံစားမိ သော်လည်း၊ ချင်ယွင်သည် အံ့ဖွယ်အမှုများ ဖန်တီးနိုင်သည်ဟု သူ ယောင်ဝါးဝါး ခံစားမိ သည်။

ထိုခံစားချက်က မည်သည့်နေရာက လာမှန်း သူ မသိပေ။ ဤလူငယ်၏ ယခင်စွမ်းဆောင်မှု သည် သူ့မျှော်လင့်ချက်ထက် အကြိမ်ဖန်များစွာ ကျော်လွန်နေသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူ နောက်ဆုံးပြသခဲ့သည့် စွမ်းဆောင်ရည်က လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားပင် အံ့သြသွားခဲ့ရသည်။ နောက်ဆုံးတွင်၊ သူ့မျိုးဆက်မှာ သူ့ကို အံ့သြအောင်လုပ်နိုင်ရန် မဆိုထားနှင့်၊ သူ့မျက်လုံးထဲသို့ ဝင်ရောက်နိုင်သည့် လူငယ်များ ပင် အလွန်နည်းပါးပါသည်။

ချင်ယွင်သည် သိပ်ပြီး မစဉ်းစားပေ။ သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးဝါ အပိုင်းအစကို အမှန်တကယ် ရယူချင်ခဲ့သည်။

ဤကြေးဝါအပိုင်းအစသည် အလွန်အရေးကြီးသည်ဟု လျှိုဘိုက ပြောခဲ့ဖူးသည်။ ၎င်းမှာ ဘိုးဘေးနတ်ဘုရားတွေတောင် မခန့်မှန်းနိုင်သည့် တန်ခိုးအစွမ်း ရှိနေသည်။ ထို့အပြင်, ထိုကြေးဝါအပိုင်းအစသည် တစ်ခုထက်မက ရှိနေခဲ့သည်။ အကယ်၍, သူသာ အားလုံးကို စုဆောင်းနိုင်ခဲ့လျှင်, နောင်အနာဂတ်မှာ သူ့အတွက် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မည်။

ယခု ချင်ယွင်သည် ကြေးဝါအပိုင်းအစတစ်ခုကို ရရှိပြီးနောက်၊ ဤဒုတိယမြောက် ကြေးဝါ အပိုင်းအစသည် သူ့ရှေ့တွင် ရှိနေသည်။ ချင်ယွင်သည် ၎င်းကို မည်သို့ လွယ်လွယ်ဖြင့် စွန့်လွှတ်နိုင်မည်နည်း။ သူသည် သေချာပေါက် စမ်းသပ်ကြည့်ချင်သည်။

မိစ္ဆာနတ်ဘုရားမျက်လုံးသည် ကြောက်မက်ဖွယ်ကောင်းပြီး၊ သူသည် ထိုဘေးဆိုးကြီးက နေ ဘယ်သောအခါမှ ပြန်လည်မလွတ်မြောက်နိုင်တော့သည်မှာလည်း အလွန်ပင် ဖြစ်နိုင် ဖွယ်ရှိသည်။ သို့သော် ချင်ယွင်သည် သူ့ရှေ့မှောက်တွင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လုံးဝ လက်မလွှတ်လိုပါ။

"လျှိုဘို၊ မင်း မိစ္ဆာနတ်ဘုရားမျက်လုံးထဲက ကြွင်းကျန်စိတ်ဝိညာဉ်ကို ဖျက်ဆီး နိုင်ပါ့မ လား" ချင်ယွင်က လျှိုဘိုကို စိတ်ထဲကနေ အသံလွှင့်ပြီး မေးလိုက်ပါသည်။

သူ့ကိုယ်ပိုင်ခွန်အားဖြင့်၊ သူသည် မိစ္ဆာနတ်ဘုရားမျက်လုံးထဲမှ မိစ္ဆာနတ်ဘုရား၏ အကြွင်းအကျန် စိတ်ဝိညာဉ်ကို ခုခံနိုင်စွမ်းရှိမည် မဟုတ်ကြောင်း သူ သိသည်။ ဘိုးဘေး နတ်ဘုရားနယ်ပယ်၏ တန်ခိုးတော်သည် သူ့စိတ်ကူးထက် ကျော်လွန်နေပါသည်။ အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခုကတောင်မှ သူ့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။ ထို့အပြင်၊ ၎င်းသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့ တန်ခိုးကြီးသော ရှေးဟောင်းမိစ္ဆာနတ်ဘုရား ဖြစ်နေသည်။ ထို့ကြောင့်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အကြွင်းအကျန် စိတ်ဝိညာဉ်အကြောင်း ပြောသောအခါ၊ ချင်ယွင်သည် အနည်းငယ်မျှပင် စိတ်သက်သာရာရခြင်း မရှိပေ။

ယခုအချိန်တွင်၊ ချင်ယွင် အားကိုးနိုင်သမျှမှာ ကနဦးစကြဝဠာ၏စွမ်းအားနှင့် လျှိုဘို၏ စွမ်းအား ဖြစ်သည်။

"ကောင်စုတ်လေး၊ ငါပြောပြီးပါပြီ။ မင်းရဲ့ခွန်အားနဲ့ဆို မင်းက မိစ္ဆာနတ်ဘုရားမျက်လုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်း လက်လျှော့လိုက်ပါ" လျှိုဘိုက ဒေါသတကြီး ပြောသည်။

ချင်ယွင်သည် ပြုံးလိုက်ပြီး သူသည် လျှိုဘို၏အဖြေကြောင့် မအံ့ဩပေ။

"ငါ့မှာ မင်းရှိနေသေးတယ် မဟုတ်လား။ မင်းက ငါ မြင်ဖူးသမျှ တန်ခိုးအကြီးဆုံး ရတနာ တစ်ခုပဲ။ မင်းမှာ မိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု သေချာပေါက် ရှိနေတယ် မဟုတ်လား" ချင်ယွင် မြောက်ပင့်ပြောလိုက်သည်။

"ကောင်စုတ်လေး.၊ ငါ့ကို မြှောက်ပင့်ပြောမနေနဲ့။ မင်း ငါ့ကို မြှောက်ပင့်ပြောရင်တောင် အသုံးမဝင်ဘူး။ ငါ့ရဲ့ခွန်အားက မင်းရဲ့ခန္ဓာကိုယ်ကို အဓိကအနေနဲ့ အသုံးပြုနေရတာ။ မိစ္ဆာနတ်ဘုရားမျက်လုံးရဲ့တန်ခိုးက ငါ့စိတ်ဝိညာဉ်ကို ဦးတည်နေတာ သိသာပါတယ်။ ဒါကြောင့် ငါမင်းကို ကူညီချင်ရင်တောင် မကူညီနိုင်ဘူး။ ကောင်စုတ်လေး, ဒီအတွေးကို မင်းစိတ်နှလုံးသားထဲမှာ မြုပ်နှံလိုက်ပါတော့။" လျှိုဘို၏ စကားများသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး ချက်ချင်းပင် သူ့ကို အလွန်စိတ်ပျက်သွားစေသည်။

"ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းကိုတောင် အမှိုက်လို့ မင်း ပြောခဲ့တယ် မဟုတ်ဘူး လား။ ဒါတောင် မင်းက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ ကြွင်းကျန်နေတဲ့ စိတ်ဝိညာဉ် လေးကိုတောင် မကိုင်တွယ်နိုင်ဘူးလား။" ချင်ယွင်က ဒေါသတကြီး ပြန်ဖြေသည်။

လျှိုဘိုက ဒေါသတကြီး အသံဖြင့် “ကောင်စုတ်…, မင်းက…”

ချင်ယွင်သည် သူ့ကို အဆက်မပြတ် ချီးမွမ်းနေသော်လည်း အခုတစ်ကြိမ်မှာတော့ သူသည် သူ့ကို တိုက်ရိုက် လှောင်ပြောင်လိုက်ပါသည်။ ဤအရာက စာအုပ်လှန်ခြင်းထက်ပင် ပိုမို မြန်ဆန်သည်။ လျှိုဘိုသည် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

"ငါက အမှန်တိုင်းပြောနေတာ။ အမှန်အတိုင်းပြောရရင် ဒီမိစ္ဆာနတ်ဘုရားမျက်လုံးက ဘိုးဘေးနတ်ဘုရားအဆင့်ရှိတဲ့ ပစ္စည်းတစ်ခုပဲ။ မင်းရဲ့အဆင့်က ဘိုးဘေးနတ်ဘုရား အဆင့်ထက် ကျော်လွန်နေတယ်လို့ မင်း ပြောခဲ့တယ်။ သဘာဝအတိုင်း, မင်းက ဘိုးဘေး နတ်ဘုရားထက် အဆင့်မြင့်မားတဲ့ အဆင့်တစ်ခုပဲလေ။ အခု မင်းက ဘိုးဘေး နတ်ဘုရား တစ်ပါးရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်ကိုတောင် မကိုင်တွယ်နိုင်တော့ဘူး၊ မင်းကိုယ်မင်း ဘိုးဘေးနတ်ဘုရားပစ္စည်းထက်မြင့်တယ်လို့ ဘယ်လိုလုပ် ပြောဝံ့လဲ။ ချင်ယွင်က ဆက်လက်လှောင်ပြောင်နေခဲ့ပြီး သူ ပြောသည့်အချိန်တွင် သူ့မျက်လုံးများက စဉ်းလဲ ကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု ရှိနေသည်။

လျှိုဘို၏စိတ်နေစိတ်ထားသည် မာကျောပြီး ပျော့ပျောင်းခြင်း မရှိကြောင်း သူ သိသည်။ ထို့ကြောင့် သူ၏စစ်မှန်သော စွမ်းရည်ကို မပြသမီတွင် ပြင်းထန်စွာ လှုံ့ဆော်ပေးရမည် ဖြစ်သည်။

"ကောင်စုတ်၊ မင်းက တော်တော် ရက်စက်တဲ့ကောင်ပဲကွ" ဟုတ်ပါသည်။ ချင်ယွင်၏ စကားကြောင့် လျှိုဘိုသည် ဒေါသထွက်လွန်းသဖြင့် သူ့သွားများပင် ယားယံလာသည်။

ချင်ယွင်က လိမ္မာပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး လျှိုဘိုက ပြောပြရန် နည်းလမ်းတစ်ခု ရှိနေသည်ကို သေချာပေါက် သူ သိသည်။

"ပြောပြပါ၊ မိစ္ဆာနတ်ဘုရားမျက်လုံးကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းက အတိအကျ ဘာလဲ" ချင်ယွင်က တိုက်တွန်းခဲ့သည်။

လျှိုဘိုက စိတ်ပျက်လက်ပျက်အသံဖြင့် ပြောသည် "တကယ်တော့ မိစ္ဆာနတ်ဘုရား မျက်လုံးကို ကိုင်တွယ်ဖြေရှင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မင်း မိစ္ဆာနတ်ဘုရား မျက်လုံးကို ဖယ်ရှားချင်ရင်တော့ သူ့ရဲ့ စွမ်းအားအရင်းအမြစ်နဲ့ စတင်ရမှာပဲ"

"စွမ်းအားအရင်းမြစ်။ မင်းက ကြေးဝါအပိုင်းအစကို ဆိုလိုတာလား။" ချင်ယွင်သည် တခဏမျှ အံ့အားသင့် သွားပြီး အသံဖြင့် ထုတ်လွှင့်ကာ မေးလိုက်သည်။

“မှန်တယ်၊ ဒီအဘိုးအိုက အရင်က ပြောခဲ့တယ်လေ။ သူ့အနေနဲ့ အချိန်အကြာကြီး ရှေ့မတိုးတာဘဲ အကြွင်းအကျန် စိတ်ဝိညာဉ်ကို မရှင်းထုတ်နိုင်တဲ့ အကြောင်းရင်းက မိစ္ဆာနတ်ဘုရားရဲ့မျက်လုံးကြောင့်ပဲ။ “ဒီစိဝိညာဉ် အကြွင်းအကျန်က အဲဒီကြေးဝါ အပိုင်းအစရဲ့ စွမ်းအားကို အားကိုးနေတယ်။ ဒီကြေးဝါအပိုင်းအစရဲ့ တန်ခိုးကို ဆုံးရှုံးလိုက် တဲ့အခါ၊ မိစ္ဆာနတ်ဘုရားမျက်လုံးထဲက အကြွင်းအကျန် စိတ်ဝိညာဉ်လည်း အလွယ်တကူ ပျက်စီးသွားလိမ့်မယ်။ နောက်ဆုံးတော့၊ မင်းရဲ့ ကောင်းကင်ဘုံတန်ခိုး စွမ်းအားနဲ့ဆို, သူ့ကို သတ်ပစ်ဖို့ ဖြစ်နိုင်သေးတယ်။ ဒါကြောင့် အခုလုပ်ရမှာက မျက်လုံးကိုဖြတ်ပြီး ဆုလာဘ် တစ်ခု ပေးနိုင်ဖို့ပဲ”။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူ၏ ကောင်းကင်ဘုံအလိုဆန္ဒသည် ယခင်ကထက် များစွာ အားကောင်းလာခဲ့သည်။ ဘိုးဘေးနတ်ဘုရား၏ စစ်မှန်သော အလိုဆန္ဒကို သူ မခုခံနိုင်သော်လည်း နှစ်ပေါင်းဘီလီယံနှင့်ချီ၍ တန်ခိုးကြီးခဲ့သော ဘိုးဘေးနတ်ဘုရား တစ်ပါး၏ ကြွင်းကျန်နေသော စိတ်ဝိညာဉ်ကိုတော့ ကိုင်တွယ်ဖြေရှင်းနိုင်ပါသေးသည်။ ၎င်းသည် ထိုထက်ပိုပြီး အားကောင်းမလာနိုင်ပါဘူး။

"ဒါပေမယ့် ဒီကြေးဝါအစိတ်အပိုင်းကို မိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ဘယ်လို ခွဲထုတ်နိုင်မလဲ။ ရှေးဟောင်းမိစ္ဆာနတ်ဘုရားရဲ့ မျက်လုံးက ကြေးဝါအပိုင်းအစတွေနဲ့ ရောနှောပြီးသွားပြီ။ အဲဒါတွေကို လွယ်လွယ်ကူကူ ခွဲထုတ်နိုင်ရင်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက လုပ်ဆောင်ပြီး ဖြစ်နေမှာတောင် ငါကြောက်မိတယ်။ အခုအချိန်အထိ စောင့်ဖို့ မဖြစ်နိုင်ဘူး။" ချင်ယွင်က ဆက်မေးသည်။

"တခြားလူတွေ မတတ်နိုင်ပေမယ့် မင်းကတော့ တတ်နိုင်တယ်" လျှိုဘိုက ဆက်ပြော သည်။

ဤစကားကိုကြားသောအခါ ချင်ယွင် အနည်းငယ် အံ့အားသင့်သွားသည်။ သူက ချက်ချင်းပဲ တုံ့ပြန်လိုက်ပြီး "ငါရဲ့ကနဦးစကြဝဠာထဲက ကြေးဝါအပိုင်းအစကို အားကိုးဖို့ ဆိုလိုတာလား။"

"မင်းကြည့်ရတာ အဲလောက်လဲ မမိုက်မဲပါဘူး။ မှန်တယ်။ မင်း မိစ္ဆာနတ်ဘုရားမျက်လုံး မျက်လုံးနဲ့ ရင်ဆိုင်ချင်ရင် မင်းခန္ဓာကိုယ်မှာရှိတဲ့ ကြေးဝါအပိုင်းအစကိုပဲ အားကိုးလို့ ရတယ်။ ဒါက မင်းရဲ့ တစ်ခုတည်းသော အားသာချက်ပဲ။" လျှိုဘိုကို စိတ်ပိုင်းဆိုင်ရာ ပို့လိုက်ပါသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် သူ့မျက်နှာပေါ်တွင် အနည်းငယ်မျှပင် စိတ်လှုပ်ရှားမှု မရှိခဲ့ပေ။ သူသည် ကြေးဝါအပိုင်းအစကိုပင် အသက်သွင်းနိုင်ခြင်းမရှိဘဲ မိစ္ဆာနတ်ဘုရားမျက်လုံးနှင့် ရင်ဆိုင်ရာတွင် ၎င်းကို အသုံးပြုမှုက နည်းပါးသည်။

ထို့အပြင်, အစမှစတင်၍ သူ ဝင်ရောက်လာချိန်အထိ၊ ကြေးဝါအပိုင်းအစသည် အနည်းငယ် မျှသာ တုံ့ပြန်မှု ရှိခဲ့သည်။ ၎င်းသည် တခဏလောက်သာ လှုပ်ခါသွားပြီးတော့ နောက်ပိုင်း လှုပ်ရှားမှု လုံးဝ မရှိတော့ပေ။ ဤကြေးဝါအပိုင်းအစကို မိစ္ဆာနတ်ဘုရား၏မျက်လုံးနှင့် ရင်ဆိုင်ခိုင်းခြင်းက လက်တွေ့မကျပါ။

"ကောင်စုတ်လေး၊ ငါပြောစရာရှိတာကို ပြောပြီးပြီ။ ဒီကြေးဝါအပိုင်းအစကို မင်း ဘယ်လို အသက်သွင်းမလဲဆိုတာ မင်း ဒီအကြောင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စဉ်းစားနိုင်တယ်။ အဲဒါကို ငါဂရုမစိုက်ဘူး။ မင်း ကံကောင်းခဲ့ရင်, ဒီကြေးဝါအပိုင်းအစက သဘာဝအတိုင်း တုံ့ပြန်ပြီး အဲဒီကြေးဝါအပိုင်းအစထဲက နတ်ဘုရားစိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့ မင်းကို ကူညီ ပေးလိမ့်မယ်။" လျှိုဘို၏အသံက ချင်ယွင်၏ ကံဆိုးမူကြောင့် ပျော်ရွှင်အရိပ်ယောင်ကို သယ်ဆောင်ထားသည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ ဤလျှိုဘိုသည် အမှန်တကယ်ပင် အားကိုး၍ မရပေ။ အချိန်အတော်ကြာအောင် ပြောပြီးနောက်တွင် ခိုင်မာသော အကြံဉာဏ် ကို မပေးခဲ့ပေ။ အရာအားလုံးက သူ့အပေါ်မှာပင် မူတည်နေသည်။

ဟုတ်ပါသည်။ လျှိုဘို၏စကားတွေက လုံးဝ အသုံးမကျခြင်းတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့၊ သူ့စကားတွေက ချင်ယွင်ကို ဦးတည်ချက်တစ်ခု ပေးခဲ့ပြီး မိစ္ဆာနတ်ဘုရား မျက်လုံးနှင့် မည်သို့ ရင်ဆိုင်ရမည်ကို နားလည်နိုင်စေခဲ့သည်။

ချင်ယွင်နှင့် လျှိုဘိုတို့သည် မိစ္ဆာနတ်ဘုရားမျက်လုံးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးနေကြစဉ်၊ အနီးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချင်ယွင် ကို စပ်စုသော အပြုံးဖြင့် တိတ်တဆိတ် ကြည့်နေသည်။

All Chapters