အခန်း ၁၄၈၉
Vol. 100 Ch. 1489
အခန်း (၁၄၈၉) မိစ္ဆာနတ်ဘုရား၏လေဟာနယ်။
ချင်ယွင်နှင့် လျှိုဘိုတို့ကြား စကားစမြည် ပြောဆိုမှု ပြီးဆုံးပြီးနောက်၊ လျှို့ဝှက် ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားက သူ့ကို ပြုံးပြနေသည်ကို တွေ့ရှိခဲ့သည်။ ချက်ချင်းပင် သူ့နှလုံးသားထဲတွင် ရှက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာသည်။ သူသည် မိစ္ဆာနတ်ဘုရား မျက်လုံးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို စဉ်းစားနေခဲ့ပြီး၊ သူ့ဘေးတွင် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား စိတ်ဝိညာဉ် အမှတ်အသားတစ်ခု ရှိနေသည်ကို သူ မေ့သွားခဲ့သည်။
ချင်ယွင်သည် လေးလေးနက်နက် တွေးတောဆင်ခြင်ရာမှ နိုးထလာသည်ကို မြင်တော့ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချက်ခြင်း ပြုံးပြီး ပြောသည် "မင်းရဲ့ အတွေးက ဘယ်လိုလဲ၊ သေချာရဲ့လား?"
ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းသည်။
လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏အဖြေကြောင့် မအံ့သြပေ။ သူက ပြုံးပြီး ပြောသေးသည် "ဒါဆို မင်းလက်လျှော့ဖို့ စီစဉ်နေတာလား"
"ကျွန်တော် စမ်းကြည့်ချင်ပါတယ်" ချင်ယွင်က လေးနက်စွာ ပြောသည်။
"သေချာလာ၊ ဒါပေမယ့် မိစ္ဆာနတ်ဘုရားမျက်လုံးထဲက အကြွင်းအကျန် စိတ်ဝိညာဉ် နိုးထ လာတဲ့အခါ မင်း ဘယ်တော့မှ ပြန်လာနိုင်စွမ်း မရှိဖို့များတယ်ဆိုတာ မင်း သိထားရမယ်။ အဲဒီအချိန်မှာ မင်း နောင်တရဖို့ အခွင့်အလမ်း မရှိတော့ဘူး။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ထပ်ပြီး သတိပေးသည်။
သူသည် ချင်ယွင်၏ စွမ်းဆောင်မှုကို ပိုပိုပြီး သဘောကျလာကာ၊ ချင်ယွင် မတော်တဆမှု တစ်ခုမှ မဖြစ်ပွားစေချင်သည့်အတွက် ချင်ယွင်က မည်သည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပါ စေ သူ မကန့်ကွက်ပါဘူး။
ချင်ယွင်က ခေါင်းကို လေးလေးနက်နက် ငြိမ့်ပြလိုက်ပြီး စကားရပ်လိုက်ပြီး မိစ္ဆာနတ်ဘုရား မျက်လုံး တည်ရှိရာလမ်းကြောင်းဆီကို လှမ်းကြည့်လိုက်သည်။
ဘန်း….။
ချင်ယွင်၏အကြည့်သည် မိစ္ဆာနတ်ဘုရားမျက်လုံးနှင့် တွေ့ဆုံသွားသည့် အခိုက်တွင် ချင်ယွင်သည် ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် ခန်းမသည် အဆက်မပြတ် တုန်ခါနေသည်။
ချင်ယွင်သည် တွေးခေါ်နိုင်စွမ်း မရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးဖြစ်သကဲ့သို့ ခေါင်းမူးဝေသွားသည်။
"နိုးထစမ်း" ချင်ယွင်၏ နှလုံးက တစ်ချက်ခုန်သွားပြီး သူ့လျှာကို တိုက်ရိုက် ကိုက်လိုက် သည်။
ချင်ယွင်၏လျှာသည် ချက်ခြင်း အကိုက်ခံလိုက်ရပြီး လတ်ဆတ်သော သွေးများ ထွက်ကျ လာသည်။ သို့သော်လည်း ဤပြင်းထန်သော နာကျင်ကိုက်ခဲမှုအပြီးတွင် ချင်ယွင်သည် လည်း မူးဝေနေသည့် အခြေအနေမှ လွတ်မြောက်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ချက်ချင်း သတိပြန်ဝင်လာသည်။
အနီးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ဤမြင်ကွင်းကိုမြင်ပြီး ချင်ယွင်ကို သူ့စိတ်ထဲတွင် ပို၍ပင် ချီးကျူးမိသည်။
ထိုသို့သော အခြေအနေများအောက်တွင် လူအနည်းငယ်လောက်သာ မိစ္ဆာ နတ်ဘုရား မျက်လုံးထံမှ လွတ်မြောက်နိုင်ခဲ့ကြပြီး၊ လွတ်မြောက်ရန်အတွက် ကိုယ့်ကိုယ်ကို နာကျင်မှု ကို အသုံးပြုခြင်းက တိုက်ရိုက်ကျဆုံးနှင့် အထိရောက်ဆုံးနည်းလမ်း ဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန် စဉ်းစားနိုင်သူ အလွန်နည်းပါးသည်။
ဘန်း…။
ချင်ယွင်သည် သတိပြန်ဝင်လာသည်နှင့် သူ့စိတ်ဝိညာဉ်အပေါ် သက်ရောက်နေသည့် ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ့စိတ်ဝိညာဉ်သည် မူးဝေသွားမည့် လက္ခဏာတွေ ထပ်မံ ပြသလာခဲ့ပါသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်က သူ့စိတ်ဝိညာဉ်ကို ထောက်ပံ့ဖို့ ကောင်းကင်ဘုံအလိုဆန္ဒကို ချက်ချင်း စည်းရုံးလိုက်ရသည်။ ထိုမှသာ သူသည် သတိလစ် မေ့မြောသွားခြင်းမရှိဘဲ ပြင်းထန်လှသော မကောင်းသော စွမ်းအင်ကို ဖယ်ထုတ်နိုင်ခဲ့ သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ စွမ်းအား လဲ။ ဒါက မိစ္ဆာနတ်ဘုရားမျက်လုံးရဲ့ မကောင်းဆိုးဝါး စွမ်းအားပဲ။ တကယ်လို့ အဲဒါကို ဘိုးဘေးနတ်ဘုရားရဲ့ တိကျသေချာတဲ့ တန်းခိုတော်နဲ့ အသက်သွင်းလိုက်ရင်, ၎င်းရဲ့ တန်ခိုးအစွမ်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလိမ့်မလဲလို့ ငါ သိချင်မိတယ်။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
မိစ္ဆာနတ်ဘုရားမျက်လုံးသည် သူထင်ထားသည်ထက် ပို၍ပင် တန်ခိုးကြီးနေသည်။ ၎င်းသည် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သည်။
"မင်း မိစ္ဆာနတ်ဘုရားမျက်လုံးထဲက အကြွင်းကျန် စိတ်ဝိညာဉ်ကို ဖျက်ဆီးချင်တယ်ဆိုရင် မိစ္ဆာနတ်ဘုရားမျက်လုံးရဲ့ မိစ္ဆာနတ်ဘုရားလေဟာနယ်ထဲကို မ၀င်ရောက်ဘဲ ပြင်ပ ကမ္ဘာမှာ မဖြစ်နိုင်ဘူး။ တကယ်လို့, မင်းအနေနဲ့ မိစ္ဆာနတ်ဘုရားလေဟာနယ်ထဲ ဝင်ရောက် ပြီးတာနဲ့ ရလာဒ်က နှစ်ခုပဲရှိတယ်။ မင်းရဲ့ စိတ်ဝိညာဉ်ကို ရှေးဟောင်းမိစ္ဆာနတ်ဘုရားက ဝါးမျိုသွားမယ်။ ဒါမှမဟုတ်၊ မင်းက မိစ္ဆာနတ်ဘုရားရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်မယ်။ ဒီလိုမှမဟုတ်ရင်၊ မင်းဟာ မိစ္ဆာနတ်ဘုရား လေဟာနယ်ထဲကနေ လုံးဝ ထွက်လာနိုင်မှာ မဟုတ်ဘူး” ဟု လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။
"မိစ္ဆာနတ်ဘုရား လေဟာနယ်လား?" ချင်ယွင်က အံ့အားသင့်စွာ မေးလိုက်သည်။
“မိစ္ဆာနတ်ဘုရား လေဟာနယ်ဆိုတာက သူရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး မိစ္ဆာနတ်ဘုရားမှ ဖန်ဆင်းထားသော စိတ်ဝိညာဉ်ဆိုင်ရာ နေရာတစ်ခု ဖြစ်တယ်။ သူ့စိတ်ဝိညာဉ်ရဲ့ စွမ်းအားကသာ အဲဒီထဲကို ဝင်ရောက်နိုင်တယ်။ ဒီမိစ္ဆာနတ်ဘုရားရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်က အဲဒီမိစ္ဆာနတ်ဘုရားလေဟာနယ်ထဲမှာ ပုန်းနေခဲ့တယ်။ မင်း သူ့စိတ်ဝိညာဉ်ကို သတ်ချင်ရင်၊ မိစ္ဆာနတ်ဘုရား လေဟာနယ်ထဲကို အရင်ဝင်ရမယ်။ မဟုတ်ရင် သူ့စိတ်ဝိညာဉ်ကို လုံးဝ ထိခိုက်စေမှာ မဟုတ်ဘူး။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ရှင်းပြသည်။
ချင်ယွင်က ရုတ်တရက် သဘောပေါက်သွားသည်။
ဒီမိစ္ဆာနတ်ဘုရားလေဟာနယ်က ဒီလိုမျိုးလား။ ချင်ယွင်သည် သူ့စိတ်ဝိညာဉ် စွမ်းအား သက်သက်ဖြင့် ဖန်တီးထားသော လေဟာနယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သို့သော်, ထိုအရာသည် မိစ္ဆာနတ်ဘုရား ဖန်တီးထားသည့် လေဟာနယ်တစ်ခုဆိုကတည်း က ၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်မြေတစ်ခုနှင့် ညီမျှပါသည်။ မိစ္ဆာနတ်ဘုရား၏ နယ်မြေထဲတွင် မိစ္ဆာနတ်ဘုရား၏အကြွင်းအကျန် စိတ်ဝိညာဉ်ကို သတ်ဖြတ်ခြင်းက ချင်ယွင်အတွက် မဖြစ်နိုင်သလောက်ပင်။ ၎င်းတွင် ဤကြေးဝါအပိုင်းအစပါ တည်ရှိ နေခြင်းကြောင့် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ၎င်းအား မည်သို့မျှ မစွမ်းဆောင်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
“တကယ်လို့, မင်းအနေနဲ့ မိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ရင်ဆိုင်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင် လည်း ဒီအကြောင်းကို မေ့လိုက်ပါ။ မင်းက ထိပ်တန်း ကောင်းကင်ဘုံနန်းတော်ရှစ်ခုရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီးသွားပြီ။ မင်းက ငါ့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီးသား ဖြစ်တယ်။ ငါ မင်းကို လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ အမွေနှစ်ကို လွှဲပြောင်းပေးပါ့မယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။
သူတောင် မဖြေရှင်းနိုင်သည့် ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးနဲ့ ရင်ဆိုင်ဖို့ ဂျူနီယာ တစ်ယောက်ကို လိုချင်တာက အတော်လေး ခက်ခဲပါသည်။
ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးပြီး ဘာမှ ပြန်မပြေပေ။
သူ လက်မလျှော့သေးပါဘူး၊ အဆုံးတွင်, အကယ်၍, သူသာ ယခုလိုမျိုး လက်လျှော့လိုက် ရမည်ဆိုလျှင်, သူသည် ဤအကြောင်းကို အလွန်မင်း လက်သင့်ခံနိုင်မည် မဟုတ်ပေ။
ဘန်း.....။
သို့သော်, ထိုအခိုက်အတန့်တွင် မိစ္ဆာနတ်ဘုရားမျက်လုံးသည် အနှိုင်းမဲ့ နတ်ဆိုးဆန်သည့် စိမ်းပြာရောင် နတ်ဆိုးအလင်းတန်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ မူလက ရုပ်ထုနှင့်တူနေသည့် အကြည့်များသည် ရုတ်တရက် အသက်ဝင်သွားပုံရသည်။ ထိုအခိုက်တန့်တွင်, အစိမ့်ရင့်ရောင် သူငယ်အိမ်များသည် ချင်ယွင်ကို စိုက်ကြည့်နေပြီး၊ စိမ်းပြာရောင်အလင်းတန်းတစ်ခုက ချင်ယွင်ဆီသို့ ပစ်လွှင့်လာသည်။
“မကောင်းတော့ဘူး”။
လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဤထူးဆန်းသော စိမ်းပြာရောင်အလင်းကို တားဆီးလိုဟန်ဖြင့် တန်ခိုးကြီးသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ တဟုန်ထိုး ပျံ့နှံ့တက်လာခဲ့သည်။ သို့သော် သူသည် ခြေတစ်လှမ်း နောက်ကျနေသေးသည်။
ဤစိမ်းပြာရောင်အလင်းသည် လျင်မြန်လွန်းလှသည်။ လျင်မြန်လွန်းသည့်အတွက် ချင်ယွင်သည် ဖြစ်ပျက်သွားသည်ကိုပင် နားမလည်နိုင်ခဲ့ပေ။ သူ့မျက်လုံးတွေက မည်းမှောင်သွားသလို ခံစားလိုက်ရပြီး သတိလစ်သွားခဲ့သည်။
ချင်ယွင် နိုးထလာသောအခါတွင် ပြင်းထန်သော စိမ်းပြာရောင် စိတ်ဝိညာဉ် စွမ်းအားများ ဖြင့် ဝန်းရံထားသည့် အချည်းနှီးသော ကမ္ဘာတစ်ခုတွင် ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။
သူ့အထက်တွင် ကြီးမားသော မျက်နှာကြီးတစ်ခု ရှိနေခဲ့သည်။ ထိုမျက်နှာကြီးသည် နတ်ဘုရားစိတ်ဝိညာဉ်တန်ခိုးဖြင့် လုံးလုံးလျားလျား သိပ်သည်ထားပုံရပြီး၊ မှုန်ဝါးဝါး ပုံသဏ္ဌာန်တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ချင်ယွင်သည် ဤမျက်နှာကြီးသည် ပြုံးနေပြီး, ဆိုးဝါးသော လှောင်ပြောင်မှုတစ်ခု ဖြစ်သည်ဟု ပြောနိုင်သေးသည်။
"ရှေးဟောင်းမိစ္ဆာနတ်ဘုရား?" ချင်ယွင်သည် ချက်ချင်းပင် ကောက်ချက်ချလိုက်ကာ၊ သူ ယခုရောက်နေသော နေရာကို နားလည်လိုက်သည်။
ယခု သူရောက်ရှိနေသည့် နေရာသည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား မိန့်ဆိုခဲ့သည့် မိစ္ဆာနတ်ဘုရားလေဟာနယ် ဖြစ်ပြီး၊ သူ၏ လက်ရှိခန္ဓာကိုယ်သည် ရုပ်ခန္ဓာကိုယ် မဟုတ်ဘဲ သူ့စိတ်ဝိညာဉ်သာ ဖြစ်ပါသည်။
"စိတ်ဝိညာဉ်ကို စုပ်ယူနိုင်ခြင်း”။ ဘယ်လောင်တောင် အစွမ်းထက်လိုက်တဲ့ စိတ်ဝိညာဉ် စုပ်ယူခြင်း စွမ်းရည်လဲ။ ငါတောင် နည်းနည်းလေးမှ မခံနိုင်ခဲ့ဘဲ၊ ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဒီမှာမှာ ဖမ်းချုပ်ထားနိုင်တယ်။" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။
သူ့စိတ်ဝိညာဉ်သည် အစွမ်းထက်လွန်းနေပြီဟု ယူဆ၍မရသေးသော်လည်း ၎င်းသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်၌ ရှိနေဆဲ ဖြစ်သည်။ ကနဦးစကြာဝဠာ၏ အလိုဆန္ဒပါ ထည့်သွင်းခြင်းဖြင့်, သာမန် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် မှ ကျွမ်းကျင်သူများ၏ စိတ်ဝိညာဉ်များပင်လျှင် သူ့လောက် အစွမ်းမထက်နိုင်ပေ။ ယခုအခါ၊ မိစ္ဆာနတ်ဘုရားသည် သာမန် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စိတ်ဝိညာဉ်ကို ဖမ်းယူလိုက်ပြီ။ မိစ္ဆာနတ်ဘုရား၏ စွမ်းအားသည် သူထင်ထားသည်ထက် များစွာ ကြီးမားသည်ကို တွေ့မြင်နိုင်သည်။
"လူသား၊ မင်း ငါ့ကိုတွေ့တာတောင် တကယ် မကြောက်ဘူးပဲ။ ငါ ဘယ်သူလဲဆိုတာ မင်း မသိဘူးလို့ မပြောနဲ့နော်" ထိုမျက်နှာကြီးက ချင်ယွင်ကိုကြည့်ကာ ပြောလိုက်သည်။
သူ့အသံသည် အကန့်အသတ်မဲ့ ဘုန်းအာနုဘော်နှင့် ပြည့်နေခဲ့ပြီး သူ၏ ကျယ်လောင်သော အသံသည် မိစ္ဆာနတ်ဘုရားလေဟာနယ်တစ်လျှောက် ပဲ့တင်ထပ်နေသည်။
"မင်း ဘယ်သူလဲဆိုတာ သေချာပေါက် ငါ သိတာပေါ။ မင်းက ရှေးဟောင်းမိစ္ဆာနတ်ဘုရား မဟုတ်လား။ မင်းရဲ့ဒဏ္ဍာရီက နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့နေတယ်။ ငါ ဘယ်လို လုပ် မင်းကို မသိဘဲနေမလဲ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
သူ့စိတ်ဝိညာဉ်သည် ဤနေရာသို့ ဆွဲခေါ်ခံရပြီးဖြစ်သောကြောင့်, သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။
"မင်း သိပြီဆိုမှတော့ ဒူးမထောက်သေးဘူးလား။" မိစ္ဆာနတ်ဘုရားသည် ပြင်းထန်စွာ ဟစ်အော်လိုက်ခဲ့ပြီး၊ သူ့ဟိန်းဟောက်သံက ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စိတ်ဝိညာဉ် ဖိအားကို သယ်ဆောင်လာသည်။
ချင်ယွင်သည် ထိုစွမ်းအားကြောင့် မတတ်တာဘဲ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ သူက မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း ခက်ထန်စွာ ပြောလိုက်သည် "မင်းနဲ့မထိုက်တန်ဘူး”။