← Chapters

အခန်း ၁၄၉၀

Vol. 100 Ch. 1490

အခန်း ၁၄၉၀

Vol. 100 Ch. 1490

အခန်း (၁၄၉၀) နတ်ဘုရားစိတ်ဝိညာဉ်တိုက်ပွဲ

မင်းနဲ့မထိုက်တန်ဘူး။

ဤစကားလုံးသုံးလုံးသည် မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီး၏ အမျက်ဒေါသကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။ အလွန်မင်း ဒေါသအမျက်ထွက်နေသည့် အမူအရာ သည် မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာပေါ်တွင် ပေါ်လာပြီး သူ၏ ကြီးမားလှသော မျက်လုံးကြီးတစ်စုံက ချင်ယွင်ကို စိုက်ကြည့်နေသည်။

"လူသား၊ မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ။ မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ငါ ဖြိုခွဲပြီး၊ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဒီမိစ္ဆာနတ်ဘုရား လေဟာနယ်အတွက် အာဟာရအဖြစ် ပြောင်းလဲပေးနိုင်တယ်ဆို မင်း ယုံလား။" မိစ္ဆာနတ်ဘုရားသည် ဒေါသတကြီး ဟစ်အော်လိုက်သည်။ ကြောက်မက်ဖွယ်ရာ ဟစ်ကြွေးသံက မိစ္ဆာနတ်ဘုရား လေဟာနယ်၌ ပြင်းထန်သော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား မုန်တိုင်းကို ဖြစ်ပေါ်စေခဲ့ သည်။

'"ယုံပါတယ်။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက တကယ်ကို ပြင်းထန်ပါတယ်။ ဒီမိစ္ဆာ နတ်ဘုရားလေဟာနယ်ထဲမှာတော့ ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါပေမယ့် မင်း ငါ့ကို ဒူးထောက်စေချင်ရင်တော့ မင်းနဲ့ မထိုက်တန်ဘူးလို့ ငါပြောထားပြီးသား။" ချင်ယွင်က မောက်မာစွာ ပြောသည်။

သူသည် စကြဝဠာ၏ ကောင်းကင်ဘုံအလိုဆန္ဒကို ပိုင်ဆိုင်ထားပြီး သူ၏ စိတ်နှလုံးထဲမှ မာန်မာနသည် ဘိုးဘေးနတ်ဘုရားများထက် များစွာ သာလွန်သည်။ ဘိုးဘေးနတ်ဘုရား များသည် အခြားသူများ၏အမြင်တွင် အမြင့်မြတ်ဆုံးတည်ရှိမူ ဖြစ်ကောင်းဖြစ်နိုင်သော် လည်း ချင်ယွင်၏အမြင်တွင်၊ ဘိုးဘေးနတ်ဘုရားသည် သူ၏ ကျင့်ကြံမှုလုပ်ငန်းစဉ်တွင် အတော်လေး မြင့်မားသော အဆင့်တစ်ခုသာ ဖြစ်သည်။

သူသည် ကောင်းကင်ဘုံကိုတောင် ဒူးမထောက်ခဲ့ပေ။ ဘိုးဘေးနတ်ဘုရားထံ၌ မည်သို့ ဒူးထောက်နိုင်မည်နည်း။

"ဟမ့်၊ မျက်ရည်မပါတဲ့ ခေါင်းတလားဆိုတာ မရှိဘူး။ မင်းပါးစပ်ကို ဘယ်လောက်ကြာကြာ ဆက်ပိတ်ထားနိုင်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" မိစ္ဆာနတ်ဘုရား၏ မျက်နှာကြီးသည် ကောင်းကင်ထက်မှ အေးစက်စွာ နှာခေါင်းရှုံ့သည်။ ထိုသို့ပြောပြီးနောက် ဧရာမ မျက်နှာကြီးထံမှ တုနှိုင်းမရနိုင်သော ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်, အရပ်ရပ်မှ ကြောက်စရာကောင်းသော အင်အားတစ်ခု ရောက်ရှိလာပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိအားပေးလိုက်သည်။

"ဘုန်း…"

ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်သည် ဤကြောက်မက် ဖွယ်ကောင်းသော စွမ်းအားကြောင့် ချက်ချင်း လွင့်ပျံသွားပြီး သူ့နောက်ကွယ်မှ မမြင်နိုင် သော တံတိုင်းတစ်ခုကို ပြင်းထန်စွာ ရိုက်ချိုးလိုက်လေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တခဏတာ ဗလာနတ္ထိဖြစ်သွားပြီး၊ သူ့စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်သည် ချက်ချင်းပင် မှုန်ဝါးဝါး ဖြစ်လာသည်။ အလွန်နာကျင် သော အမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

"တကယ်ကို တန်ခိုးကြီးတဲ့ နတ်ဘုရားစိတ်ဝိညာဉ် တိုက်ခိုက်မှုကြီးပဲ။ တကယ်လို့, ငါ့မှာ သာ ငါ့ကိုထောက်ပံ့ဖို့နဲ့ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ခန္ဓာကိုယ် အနှိုင်းမဲ့ ခိုင်ခံ့အောင်လုပ်ဖို့ ကောင်းကင်ဘုံအလိုဆန္ဒကို ပိုင်ဆိုင်မထားဘူးဆိုရင်၊ ဒီပြင်းထန်တဲ့ တိုက်ခိုက်မူက ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖြိုခွဲပစ်ဖို့ လုံလောက်နေမှာတောင် ငါ ကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

မိစ္ဆာနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားသည် အမှန်တကယ်ပင် သူထင်ထားသည်ထက် အားကောင်းနေခဲ့သည်။ အစောပိုင်းက ထိုစိတ်ဝိညာဉ် တိုက်ခိုက်မှုသည် သာမန် အထွက်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး၏ စိတ်ဝိညာဉ်တိုက်ခိုက်မူထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။

"အယ်..တကယ်ကို မသေသေးဘူးပဲ!" ဤအခိုက်အတန့်တွင်၊ မိစ္ဆာနတ်ဘုရား၏ ဧရာမ မျက်နှာကြီးသည်လည်း အံ့အားသင့်ဖွယ် အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့သည်။

သူ၏အမြင်အရဆို, ထိုနတ်ဘုရား စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သူ့ရှေ့တွင်ရှိသော ထိုလူသား၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖြိုခွဲရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ၊ သူ့ရှေ့ရှိ လူသား၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အနည်းငယ် ဒဏ်ရာရခဲ့ သော်လည်း ထိခိုက်ခြင်းမျိုး မရှိပေ။ ဤအရာက သူ့ကို အနှိုင်းမဲ့ အံ့သြစေသည်။

"လူသားလေး၊ မင်းရဲ့စိတ်ဝိညာဉ်က ငါ့ရဲ့တိုက်ခိုက်မှုကို ပြိုကွဲခြင်းမရှိဘဲ ခံနိုင်ရည်ရှိတယ်။ မင်းရဲ့စိတ်ဝိညာဉ်က မရိုးရှင်းဘူး ထင်တယ်။ ဒါပေမယ့် ဒါလည်း ကောင်းပါတယ်။ မင်းရဲ့ စိတ်ဝိညာဉ်က ပိုအားကောင်းလေလေ ငါ့အတွက် ပိုအကျိုးရှိလေပဲလေ" မိစ္ဆာနတ်ဘုရား က ချင်ယွင်ကိုကြည့်ကာ သစ္စာမဲ့သော အကြည့်ဖြင့် ပြောလိုက်သည်။

"မင်း ငါ့ကို ဝါးမျိုနိုင်မယ်လို့​ တကယ်​ကို ယုံကြည်ချက်ရှိနေလား" ချင်ယွင်က အေးစက်စွာ ဟစ်အော်ကာ မေးလိုက်သည်။

"လူသားလေး၊ မင်း နောက်နေတာလား။ မင်းရဲ့စိတ်ဝိညာဉ်က နည်းနည်းထူးခြားပါတယ်။ ဒါပေမယ့် မင်းရဲ့နတ်ဘုရား စိတ်ဝိညာဉ်အဆင့်က တကယ့်ကို နိမ့်ကျလွန်းတယ်။ အဲဒါက ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ငါ့ခွန်အားက ဟိုတုန်းကထက် အဆတစ်ထောင်မက အားနည်းသွားခဲ့ရင်တောင် မင်းကိုသတ်ဖို့က အလွယ်လေးပါ။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ငါ ဝါးမျိုနိုင်တာနဲ့ ငါရဲ့ခွန်အားကိုလည်း အနည်းနဲ့အများ စုဆောင်းမိလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်းကို ဖွင့်ပြီး ဒီနေရာကနေ ထွက်သွားဖို့အတွက် လျှို့ဝှက်နည်းလမ်းကို နောက်တကြိမ် ငါ အသက်သွင်းနိုင်လိမ့်မယ်”။ မိစ္ဆာနတ်ဘုရားက ပြင်းပြင်းထန်ထန် ရယ်မောကာ၊ သူ့မျက်လုံးတွေက ပြတ်သာသည့် လှောင်ပြောင်မူများဖြင့် ပြည့်နှက်နေ သည်။

သူပြောပြီးသည်နှင့်၊ ပတ်ဝန်းကျင်ရှိ စိမ်ပြာရောင် စိတ်ဝိညာဉ်စွမ်းအားသည် အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းသည် ပြင်းထန်လှသော လှိုင်းလုံးကြီးတစ်ခု လှုပ်ခတ်လာပြီး၊ ချင်ယွင်ထံသို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ လှိမ့်ဝင်လာနေ သကဲ့သို့ပင်။ ထိုပျံ့နှံ့လာသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးထံမှ အနှိုင်းမဲ့ ကြောက်စ ရာကောင်းသည့် ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။လှိုင်းလုးလှတဟုန်ထိုး

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန် လာပြီး သူ့နှလုံးသားထဲမှ ခိုင်မာသော အေးစိမ့်မူက တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။

"မင်း ငါ့ကို မျိုချဖို့ ဒီလောက် လွယ်မှာမဟုတ်ဘူး"။ ထိုအခိုက်အတန့်မှာပင် ချင်ယွင်၏ ကနဦးစကြာဝဠာ၏ ကောင်းကင်ဘုံ အလိုဆန္ဒသည် သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာသည်။ ယင်းကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် အနှိုင်းမဲ့တောက်ပသော အလင်းတန်များ ပွင့်လန်းလာခဲ့သည်။

ထိုအခိုက်တန့်တွင်, ချင်ယွင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားသည် လိမ့်တက်နေ သော လှိုင်းလုံးကြီးအောက် လုံးဝ အောက်ကျခြင်း မရှိတော့ပေ။

“ချိုးဖျက်လိုက်စမ်း”။

ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့လက်ဖဝါးကို တိုက်ရိုက် ဆန့်ထုတ်ပြီး၊ နတ်ဘုရားစိတ်ဝိညာဉ် လှိုင်းလုံးကြီးဆီသို့ ရိုက်ချလိုက်သည်။

"ဘုန်း…။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ နတ်ဘုရား စိတ်ဝိညာဉ်လှိုင်းလုံးကြီးသည် ချင်ယွင်၏လှိုင်းလုံးကြီးကြောင့် တိုက်ရိုက် လွင့်စင်သွားကာ လေထဲတွင် လွင့်ပျယ်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စိတ်ဝိညာဉ်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲ သွားသည်။

"အယ်၊ မင်း တကယ်ပဲ ငါ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မူကို တားဆီးလိုက်တာလား။" ကောင်းကင်ယံရှိ မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးပေါ်တွင် အလွန်အံ့အားသင့်ဟန် အမူအရာတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် သူ့ရှေ့ ကောင်းကင်ယံတွင် လွင့်မျောနေသော မိစ္ဆာနတ်ဘုရား၏ ဧရာမ မျက်နှာကြီးကို ကြည့်လိုက်စဉ် သူ့နှုတ်ခမ်းထောင့်စွန်းက အပေါ်ဘက်သို့ ကွေးသွားခဲ့ သည်။ သူက အေးစက်စွာ ပြောသည် "ငါ မင်းရဲ့စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ချိုးဖျက်ပစ်ရုံ တင်မကဘူး မင်းရဲ့စိတ်ဝိညာဉ် အနှစ်သာရကိုလည်း ရှင်းလင်းပစ်မယ်။”

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ကောင်းကင်ယံမှ မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီး ကို တစ်ဖန် ရိုက်ချလိုက်သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများသည် သူ့လက်ဖဝါးမှ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။

ဘန်း….။

ချင်ယွင်သည် သူ့လက်ဖဝါးကို လေထဲသို့ ရိုက်ချလိုက်စဉ် ၎င်းသည် ချက်ချင်းပင် နတ်ဘုရားတန်ခိုး လက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာနတ်ဘုရား၏ ဧရာမ မျက်နှာကြီးကို ပြင်းပြင်းထန်ထန် ကျရောက်သွားလေသည်။

"ဟမ့်၊ ဒီမိစ္ဆာနတ်ဘုရားကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်း တကယ် ထင်နေတာလား။ ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့ ဒီမိစ္ဆာနတ်ဘုရားက ဒီနေ့ မင်းဆန္ဒအတိုင်း လိုက်ပို့ပေးမယ်။" ကောင်းကင်ယံရှိ မိစ္ဆာနတ်ဘုရားသည် အေးစက်သော နှာခေါင်းရှုံ့လိုက် သည်။ ချက်ချင်းပင် မိစ္ဆာနတ်ဘုရားမျက်လုံးနှစ်လုံးမှ ပြင်းထန်သော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

ဘန်း…။

ကြီးမားသော နတ်ဘုရား စိတ်ဝိညာဉ် ဝဲဂယက်ကြီးသည် သူ့ရှေ့တွင် ပေါ်လာပြီး ချင်ယွင် ၏ နတ်ဘုရား စိတ်ဝိညာဉ် လက်ဖဝါးကြီးသည် ထိုနတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်နှင့် ထိတွေ့ပြီး ချက်ခြင်း လွင့်စင်သွားသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဖြိုခွဲပစ်လာသည့် ထိုနတ်ဘုရား စိတ်ဝိညာဉ် ဝဲဂယက်၏ စွမ်းအားသည် ထူးထူးခြားခြား ပြင်းထန်လှသည်။ ကောင်းကင်ဘုံ အလိုဆန္ဒဖြင့်ပင် သူ၏ကြီးမားလှသော နတ်ဘုရား စိတ်ဝိညာဉ် လက်ဖဝါးကြီးသည် ပြိုကွဲ သွားခဲ့သည်။ ထိုနတ်ဘုရား စိတ်ဝိညာဉ် ဝဲဂယက်၏ စွမ်းအားသည် အလွန်အားကောင်း သည်ကို တွေ့မြင်နိုင်သည်။

သို့သော် ချင်ယွင်သည် အလွန်အမင်း တွေးတောနိုင်ခြင်း မရှိခင် ပြင်းထန်သော ဝဲဂယက် တစ်ခုက သူ့အနားမှ ထွက်ပေါ်လာသည်။

ယခုလေးတင်၊ ကောင်းကင်ယံရှိ ရှေးဟောင်းမိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးသည် ထိုနတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်ကို တစ်ဖန်ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်ပုံရ သည်။ ယခုတစ်ကြိမ် ပေါ်လာသောနေရာသည် ချင်ယွင် အနီးတွင် ရှိသည်။

"ဟား…၊ ဟား…၊ ဒီနတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်u အစွမ်းထက်တဲ့ စုတ်ဖြဲခြင်း စွမ်းအား ကို ပိုင်ဆိုင်ထားတယ်။ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားက ဒီနတ်ဘုရား စိတ်ဝိညာဉ် ဝဲဂယက်ကနေ လွတ်မြောက်ဖို့ မလုံလောက်သေးဘူး။ မင်း အသာတကြည် စောင့်ဆိုင်းပြီး ထိုနတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်ရဲ့ အပိုင်းပိုင်းစုတ်ဖြဲခြင်းကို ခံယူလိုက် တော့” ကောင်းကင်ယံရှိ ရှေးဟောင်းမိစ္ဆာနတ်ဘုရားက ကျယ်လောင်စွာ ရယ်မောလိုက် သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်ခုံးတွေက တွန့်သွားခဲ့သည်။

ယခုအချိန်တွင်၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အနှစ်သာရမှ ပေါင်းစပ်ထားသော ခန္ဓာကိုယ် သည် ကြောက်မက်ဖွယ်အဆင့်အထိ လှည့်ပတ်နေပြီ ဖြစ်သည်။ ထိုနတ်ဘုရား စိတ်ဝိညာဉ် ဝဲဂယက်ပေါ်ရှိ ကြောက်မက်ဖွယ် စုတ်ဖြဲခြင်း စွမ်းအားက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဆုတ်ဖြဲနေသဖြင့် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် နောက်အခိုက်အတန့်တွင် နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ခန္ဓာကိုယ်သည် လွန်ကဲစွာ လည်ပတ်နေသည်။

"ဟမ့်၊ ငါ့ကို စုတ်ဖြဲဖို့က ဒီလောက် မလွယ်ဘူး။ ဒီနတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်ရဲ့ စွမ်းအားက မလုံလောက်သေးဘူး။ ဖိနှိပ်လိုက်စမ်း" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် စွမ်းအားကြီးမားသော ကောင်းကင်ဘုံအလိုဆန္ဒသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။

"ဘုန်း.."

ချင်ယွင်၏ ကောင်းကင်ဘုံအလိုဆန္ဒက ကြီးမားသော ဓားကြီးတစ်စင်းအဖြစ် ပေါင်းစပ် သွားခဲ့သည်။ ဧရာမဓားကြီး ပေါ်လာသည်နှင့်၊ နတ်ဘုရား စိတ်ဝိညာဉ်ဝဲဂယက်သည် ချက်ခြင်း ပြိုကွဲသွားခဲ့သည်။

တစ်ဖက်တွင် ချင်ယွင်သည် ကောင်းကင်ဘုံအလိုဆန္ဒနှင့် ပေါင်းစပ်သိပ်သည်းထားသည့် နတ်ဘုရား စိတ်ဝိညာဉ်ဓားကြီးကို ကိုင်ဆောင်ထားသည်။ သူ့ရုပ်အသွင်သည် မျောက်ဝံ ကဲ့သို့ လေထဲသို့ ခုန်တက်ကာ သူ့လက်ထဲတွင် ဧရာမဓားကြီးကို ကိုင်ဆောင်ထားရင်း မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

"မင်းက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ရင်ရော ဘာဖြစ်လဲ။ ဒီနေ့ မင်းကို ငါ ဖျက်ဆီးပစ် နိုင်တုန်းပဲ" သူ့လက်ထဲမှ နတ်ဘုရား စိတ်ဝိညာဥ်ဓား ဆင်းသက်လာစဉ် ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ဧရာမတောင်ကြီး ပြိုဆင်းသွားအတိုင်း မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးကို တိုက်ရိုက် ထိမှန်သွားသည်။

“မဖြစ်နိုင်ဘူး…”

မိစ္ဆာနတ်ဘုရား၏ ဧရာမမျက်နှာကြီးသည် ခုတ်လှဲလိုက်သော ဧရာမဓားကြီးကို ကြည့်ကာ အလွန်အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သို့သော်လည်း ချင်ယွင်၏ နတ်ဘုရား စိတ်ဝိညာဥ်ဓားသည် အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်ပြီး သူ၏ ဧရာမမျက်နှာကြီးကို ထက်ဝက်မှ တိုက်ရိုက် လှီးဖြတ်လိုက်သည်။

All Chapters