← Chapters

အခန်း ၁၄၉၃

Vol. 100 Ch. 1493

အခန်း ၁၄၉၃

Vol. 100 Ch. 1493

အခန်း (၁၄၉၃) မိစ္ဆာနတ်ဘုရားမျက်လုံး၏တန်ခိုး။

ရှေးဟောင်းမိစ္ဆာနတ်ဘုရား၏ကိုယ်ခန္ဓာမှ တုနှိုင်းမရလောက်အောင် အားကြီးသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဤအားကောင်းသော စွမ်းအားသည် မိစ္ဆာနတ်ဘုရားလေဟာနယ်တစ်ခုလုံးကို ပြည့်စေခဲ့သည်။

ဘန်း..။

တုန်ခါအသံနှင့်အတူ၊ အနှိုင်းမဲ့ကြီးမားသော အစိမ်းပြာရောင် ဒေါင်လိုက်မျက်လုံးသည် ရှေးဟောင်းမိစ္ဆာနတ်ဘုရား၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။

အစိမ်းပြာရောင် ဒေါင်လိုက် သူငယ်အိမ်များသည် အစိမ်းရင့်ရောင် ဖြစ်ပေါ်နေပြီး ၎င်းတို့ အပေါ်တွင် အစိမ်းရောင် နတ်ဘုရားအလင်းတန်းတစ်ခု စီးဆင်းနေသဖြင့် ၎င်းတို့အား အလွန်တရာ နတ်ဆိုးအသွင် ဖြစ်ပေါ်စေသည်။

"မိစ္ဆာနတ်ဘုရားမျက်လုံး!" ချင်ယွင်သည် မိစ္ဆာနတ်ဘုရား၏အထက်တွင် ပေါ်လာသော ကြီးမားသော သူငယ်အိမ်များကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်တွင် သတိထားသည့် အရိပ်အယောင် ပေါ်လာသည်။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးဝါအပိုင်းအစ တန်ခိုးကို အသုံးပြု၍ သူ့အား ကိုင်တွယ်ဖြေရှင်းရန် မိစ္ဆာနတ်ဘုရားမျက်လုံးကို အသက်သွင်းလိမ့်မည်ဟု ကာလအတန်ကြာကတည်းက သူ ခန့်မှန်းထားသော်လည်း ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သော နည်းလမ်းကို သူ မစဉ်းစားနိုင်သေးပေ။

ထို့ကြောင့် ဤရှေးဟောင်းမိစ္ဆာနတ်ဘုရားအား ဒေါသအမျက် ထွက်လာစေရန် ဆုံးဖြတ် ချက်သည် လုံးဝ အပူတပြင်း ဖြစ်ခဲ့သည်။ နောက်ဆက်တွဲ မည်သည့်အရာများ ဖြစ်ပျက် လာမလဲဆိုသည်ကို ချင်ယွင် မသိခဲ့ပါဘူး။ ဤမိစ္ဆာနတ်ဘုရားမျက်လုံးက သူ၏ စိတ်ဝိညာဉ်ကို သုတ်သင်နိုင်ဖွယ်ပင် ရှိနေသည်။

သို့သော် ဤကဲ့သို့ အချိန်ဆွဲခြင်းနည်းလမ်းသည် သူသွားရမည့်လမ်း မဟုတ်သောကြောင့် သူသည် ဤအစွန်းရောက် နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့ပါသည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် မိစ္ဆာနတ်ဘုရားမျက်လုံးကို တည်ဆောက်မှု ပြီးစီးသွားပုံရပြီးဦ လေဟာနယ်တစ်ခုလုံးကို အနှိုင်းမဲ့ အင်အား ကြီးမား သော ကြေးဝါအပိုင်းအစများဖြင့် ပြည့်နှက်နေပုံရသည်။

ဧရာမသူငယ်အိမ်များသည် ချင်ယွင်ကို အေးတိအေးစက် မျက်လုံးများဖြင့် စိုက်ကြည့် နေကြသည်။

"လူသား ကောင်စုတ်လေး၊ ဒီနေ့တော့ မိစ္ဆာနတ်ဘုရားဆိုတဲ့ ငါ့နာမတော်ဟာ တကယ် ထိုက်တန်မူရှိမရှိ ငါ ပြောပြပေးမယ်။" ရှေးဟောင်းမိစ္ဆာနတ်ဘုရားက ချင်ယွင်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ အစိမ်းပြာရောင်အလင်းတန်းများသည် သူ၏ မိစ္ဆာ နတ်ဘုရားမျက်လုံးတစ်ဝိုက်တွင် တဝဲလည်လည် ရှိနေကာ၊ နတ်ဆိုးဖြစ်နေပြီဖြစ်သည့် သူ့မိစ္ဆာနတ်ဘုရားမျက်လုံးကို အနှိုင်မဲ့ နတ်ဆိုးဆန်လာစေသည်။

သူစကားပြောပြီးသည်နှင့် တုနှိုင်းမရအောင် စွမ်းအားကြီးမားသော အစိမ်းရောင် အလင်းတန်းတစ်ခုသည် ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးမှ ထွက်ပေါ်လာသည်။ ဤအစိမ်းရောင်အလင်းတန်းတွင် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအင်များ ပါရှိပြီး ထူးထူးခြားခြား လျင်မြန်သော အရှိန်ဖြင့် ရောက်ရှိလာခဲ့သည်။

"ဘုန်း…"

ချင်ယွင် ရှောင်မပြေးနိုင်ခင်မှာ အစိမ်းရောင်အလင်းတန်းသည် ချက်ချင်းဆိုသလို သူ့ကို ထိမှန်သွားခဲ့သည်။

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ် ခန္ဓာကိုယ်သို့ ဤအစိမ်းရောင်အလင်းက ထိုးဖောက်ဝင်ရောက်သွားသည်။

ဤကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်အလင်းတန်းကြောင့် ချင်ယွင်၏ လက်တစ်ဘက်လုံး ကွဲကြေသွားပြီး၊ သူ၏ နတ်ဘုရားတန်ခိုးသည် လေထဲတွင် ဘာမှမရှိသ လို ပျောက်ကွယ်သွားသည်။

"မြန်လိုက်တာ။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှု မျိုးလဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးဝါအပိုင်းအစတန်ခိုးနဲ့ ပေါင်းစပ်ထားတဲ့ မိစ္ဆာနတ်ဘုရားမျက်လုံးက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် အစိမ်းရောင်အလင်းတန်းကြောင့် ပေါက်ကွဲသွားသော သူ့ လက်မောင်းသည် တဖန်ပြန်လည် ကြီးထွားနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ တစ်နည်း ဆိုရသော်၊ စောစောက အစိမ်းရောင်အလင်းတန်းကြောင့် ပျက်စီးဆုံးရှုံးမှုသည် ဆိုးဆိုး ရွားရွားဖြစ်ပြီး အမှန်တကယ် ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။

"ဟား…၊ ဟား…၊ လူသားကောင်စုတ်လေး, ငါ ဘယ်လောက် အစွမ်းထက်လဲ မင်း မြင်ပြီ မဟုတ်လား။ ဟမ့်၊ ဒါပေမယ့်, ဒါက အခုမှ အစပဲရှိသေးတဘ်။ နောက်ပိုင်း ငါ မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး နာကျင်စွာသေဆုံးရတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ နားလည်အောင် ပြပေးမယ်” ရှေးဟောင်းမိစ္ဆာနတ်ဘုရားက အူလှိုက်သည်းလှိုက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် လေးနက်သော အမူအရာ ပေါ်လာသည်။

မိစ္ဆာနတ်ဘုရားမျက်လုံး၏ တန်ခိုးသည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့ပြီး၊ ပျက်စီးသွားသော ပျက်စီးမှုများကိုပင် ပြန်လည်ပြုပြင်ရ မရရှိနိုင်ခဲ့ပေ။ ဤအရာက ချင်ယွင်ကို တကယ်ကို အံ့သြစေသည်။

ဘန်း…။

ချင်ယွင်သည် မိစ္ဆာနတ်ဘုရားမျက်လုံးနှင့်ပတ်သက်ပြီး ခေါင်းကိုက်နေစဉ်မှာ, ရှေးဟောင်း မိစ္ဆာနတ်ဘုရား၏ ဦးခေါင်းထက်တွင် လွင့်မျောနေသော မိစ္ဆာနတ်ဘုရား မျက်လုံးသည် တစ်ဖန် အစိမ်းရောင်အလင်းတစ်ခု လင်းလက်လာ ပြန်သည်။

အစိမ်းရောင်အလင်းတန်းသည် နတ်ဘုရားစိတ်ဝိညာဉ်တန်ခိုး၏ မှုန်ဝါးနေသော တိမ်တိုက် များကို ထိုးဖောက်ဖြတ်သန်းကာ ချင်ယွင်ဆီသို့ အပြင်းအထန် ပစ်ခတ်သည်။ ၎င်း၏ အရှိန်သည် အလွန်တရာမှ မြန်ဆန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ချင်ယွင်ရှေ့ကို ရောက်နေပြီ။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး ဘေးနားသို့ အမြန် ရှောင်ထွက်သွားသည်။

"ဘုန်း.."

သို့သော် သူ့အမြန်နှုန်းက နှေးကွေးနေသေးသည်။ အစိမ်းရောင်အလင်းသည် သူ့ပေါင်ကို ထိမှန်ပြီး ပေါင်တစ်ခုလုံး ပြိုကျသွားသည်။

ချင်ယွင်သည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ ဤအခိုက်အတန့်တွင်၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ခန္ဓာကိုယ်ပေါ်တွင် ခြေတစ်ချောင်းသာ ကျန်တော့ပြီး၊ ပြန့်ကျဲနေသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားများသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။

"ဟား…၊ ဟား..၊ လူသားကောင်စုတ်လေး၊ မင်းတော့ ဒီနေ့ သေပြီပဲ။ မင်း ဘယ်ကို ထွက်ပြေးနိုင်မလဲ ကြည့်ရအောင်။" ရှေးဟောင်းမိစ္ဆာနတ်ဘုရားက ကျယ်လောင်စွာ ရယ်မောကာ သူ့မျက်လုံးများတွင် မာနကြီးပြီး မောက်မာမူများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည် သူ့မျက်လုံးများတွင် အေးစက်ပြီး မာနကြီးသော အမူအရာဖြင့် ရှေးဟောင်း မိစ္ဆာနတ်ဘုရားကို အေးစက်စွာကြည့်နေသည်။

"ငါ့ရဲ့ ဒီနတ်ဘုရားစိတ်ဝိညာဉ် အမျှင်တန်းကို မင်း ရှင်းပစ်နိုင်ခဲ့ရင်တောင် ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အနှစ်သာရက ရှိနေတုန်းပဲ။ နောက်ဆုံးတော့ မင်း ငါ့ကို မသတ်နိုင်သေးပါဘူး၊ ဒါကြောင့် မင်းရဲ့ မိစ္ဆာနတ်ဘုရားနာမည်က ထင်သလောက် အစွမ်းမထက်သေးဘူး။" ချင်ယွင်က သရော်လိုက်သည်။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူ၏ ပါးစပ်ထောင့် သည် အနည်းငယ် ကွေးသွားသည်။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး "မင်းရဲ့ စိတ်ဝိညာဉ် အရင်းမြစ်ကို ငါ ရှာမတွေ့တာနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီး သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားကို နှိုးဆော်ရာတွင် သူ စည်းမဲ့ကမ်းမဲ့ ပြုလုပ်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏ ကနဦးစကြာဝဠာသည် တည်ရှိနေပြီး သူ့စိတ်ဝိညာဉ်သည် ၎င်းအထဲတွင် အမြဲတမ်း တည်ရှိနေသောကြောင့် ဖြစ်သည်။ သို့သော်၊ သူသည် ရှေးဟောင်း မိစ္ဆာနတ်ဘုရား၏စကားကို ကြားလိုက်ရသောအခါ၊ ကြီးကြီးမားမား အရာကြီးတစ်ခု ဖြစ်ပျက်တော့မည်ကို သူ ယောင်ဝါးဝါး ခံစားလိုက်ရသည်။

မျှော်လင့်ထားသလိုပဲ၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရားက ထပ်ပြောပြန်သည်။

"ငါ့ရဲ့မိစ္ဆာနတ်ဘုရားမျက်လုံးက ထူးခြားတဲ့ နတ်ဘုရားစိတ်ဝိညာဥ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ပညာတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာကို မင်း မသိသေးမှာ ငါ စိုးရိမ်မိတယ်။ ဆိုလိုတာက, စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်က တစ်စုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ် စွမ်းအား မှတဆင့် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အရင်းမြစ်ကို တိုက်ခိုက်နိုင်တယ်။ နတ်ဘုရား စိတ်ဝိညာဥ်စွမ်းအားနဲ့ ပတ်သက်တဲ့ ဘယ်တည်ရှိမူမျိုးမဆို နတ်ဘုရားစိတ်ဝိညာဉ် အရင်းမြစ်နှင့် ဆက်စပ်မှု ရှိနေလိမ့်မယ်။ အဲဒီလူရဲ့ နတ်ဘုရားစိတ်ဝိညာဉ်ကို ငါ တိုက်ခိုက် နေသမျှ၊ သူ့ရဲ့စိတ်ဝိညာဉ်အရင်းမြစ်လည်း ကျိန်းသေပေါက် ဒဏ်ရာရလိမ့်မယ်။ ဒါ့ကြောင့်၊ မင်းရဲ့နတ်ဘုရား စိတ်ဝိညာဉ် အရင်းမြစ် ဘယ်မှာ ရှိနေလဲဆိုတာ ငါ ရှာဖွေနေဖို့ မလိုအပ်ဘူး။ ငါ မင်းကို ဒီကမ္ဘာကြီးကနေ အပြီးတိုင် ဖျက်ပစ်နိုင်တယ်”။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားက လှောင်ပြောင်ပြီး သူ့မျက်လုံးတွေက ပြင်းထန်သည့် မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာမှာလည်း တိမ်မည်းအလွှာတွေနှင့် ဖုံးလွှမ်း နေပုံရသည်။

အကယ်၍, ရှေးဟောင်းမိစ္ဆာနတ်ဘုရား ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ရင် သူ၏ကနဦးစကြာဝဠာသည် ဒုက္ခရောက်ပေလိမ့်မည်။

ရှေးဟာင်းမိစ္ဆာနတ်ဘုရားမျက်လုံးတန်ခိုးကို လျှို့ဝှက်ဆန်းကြယ်သော ကြေးဝါအပိုင်းအစ တန်ခိုးနှင့် တွဲဖက်လိုက်ခြင်းက သူ့ ကနဦးစကြာဝဠာကို အစိပ်စိပ်မွှာမွှာ ဖြိုခွဲပစ်ဖို့ လုံလောက်ပါသည်။

ကနဦးစကြာဝဠာကြီး ပြိုလဲသွားသည်နှင့် ချင်ယွင်လည်း လုံးလုံး ပျက်စီးသွားလိမ့်မည်။

“ဟား..၊ ဟား…၊ စိတ်မပူပါနဲ့ကွ၊ ပွဲကောင်းတစ်ပွဲက ရှေ့ကို ရောက်နေပါပြီ။ အခု မင်းကို အကြောက်တရားရဲ့ အဓိပ္ပါယ်ကို ငါ ခံစားခွင့်ပြုလိုက်မယ်။" ရှေးဟောင်းမိစ္ဆာနတ်ဘုရား သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ထိုစကားပြောပြီးနောက် သူသည် မိစ္ဆာနတ်ဘုရားမျက်လုံး၏စွမ်းအားကို တစ်ဖန်ပြန်လည် အသက်သွင်းကာ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးကို ဝင်းလက်စွာ တောက်ပစေလိုက် သည်။

ဘန်း…။

ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံးသည် အနှိုင်းမဲ့တန်ခိုးကြီးသော စိမ်းပြာရောင် အလင်းတန်းကို ထုတ်လွှတ်လိုက်ပါသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း သည် ကြောက်မက်ဖွယ်ကောင်းပြီး လေဟာနယ်တစ်ခုလုံးကို အဆက်မပြတ် တုန်လှုပ် ချောက်ချားစေသည်။ ၎င်းသည် မိစ္ဆာနတ်ဘုရားလေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ မိစ္ဆာနတ်ဘုရား လေဟာနယ် စိမ်းပြာရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘုန်း…။

စိမ်းပြာရောင်အလင်းတန်း ကျရောက်လာသည့်အခိုက်မှာ, ချင်ယွင်သည် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီး၊ ချက်ချင်းဆိုသလို သူ့တကိုယ်လုံးသည် မြေပြင်ပေါ်သို့ ညွှတ်ကျသွားခဲ့သည်။

ထိုစွမ်းအားသည် ဧရာမ နတ်တောင်ကြီးတစ်သောင်းက ချင်ယွင်အပေါ်သို့ အပြင်းအထန် ဖိနှိပ်ထားသည့်အလား သူ့ကို တွန်းလှန်နိုင်စွမ်း ကင်းမဲ့စေသည်။

ချင်ယွင်သည် နာကျင်သောအမူအရာကို ထုတ်ဖော်ရင်း အပြင်းအထန် ဟစ်ကြွေးလိုက်ပါ သည်။

ထိုပြင်းထန်သော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားသည် ၎င်းကို ဆန့်ကျင်ဖို့အတွက် သူ့ကို ခွန်အားမဲ့သည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။ ထိုပြင်းထန်သော စွမ်းအားက သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အပိုင်းပိုင်းဖြစ်အောင် လုံးလုံးလျားလျား ချေမွပစ်တော့မည့် အတိုင်း အဆက်မပြတ် ညှစ်နေသကဲ့သို့ ခံစားရသည်။

ထိုမျှတင်မကဘဲ ချင်ယွင်၏ ကနဦးစကြာဝဠာလည်း အခုအခိုက်အတန့်မှာ ဆိုးရွားသည့် ထိုးနှက်ချက် ခံခဲ့ရပုံရသည်။ ၎င်းသည် အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားလာခဲ့သည်။ ကနဦးစကြာဝဠာအထက် လေဟာနယ်သည် အက်ကွဲစပင် ပြုလာသည်။ ကနဦး စကြဝဠာ တစ်ခုလုံးသည် ပျက်ဆီးမည့်အနေထာားသို့ ဝင်ရောက်သွားပုံရသည်။

All Chapters