အခန်း ၁၄၉၄
Vol. 100 Ch. 1494
အခန်း (၁၄၉၄) ကနဦးစကြဝဠာပျက်စီးခြင်း။
"ဘုန်း…!"
ကနဦးစကြာဝဠာတစ်ခုလုံး တုန်ခါနေပြီး တစ်ချိန်က ပေါင်းစည်းထားသည့် ကြယ်များ, ဂြိုလ်ကမ္ဘာများနှင့် တိုက်ကြီးများသည် ယခုအခိုက်အတန့်တွင် ပြိုကျပျက်စီးနေပါသည်။ နောက်ဆုံးတွင် ၎င်းတို့သည် လုံးဝ ကြေမွသွားပေလိမ့်သည်။
လေဟာနယ်အက်ကြောင်းများသည် နဂါးများကဲ့ ကနဦးစကြဝဠာကို လှည့်ပတ်နေကာ၊ စကြဝဠာတစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်စေခဲ့သည်။
နဝမမြောက် ကောင်းကင်ဘုံနန်းတော်၏ ခန်းမအတွင်းမှာ, ချင်ယွင်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ရပ်နေ၏။ သို့သော် သူ့မျက်နှာသည် သူ့ဒွါရခုနစ်ပေါက်မှ သွေးစများ ထွက်စပြုနေပြီး သူ့မျက်နှာသည် ချက်ချင်းပင် အလွန်မင်း ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပြိုကျလုနီးပါး ဖြစ်နေပုံရသည်။
အနီးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ဤမြင်ကွင်းကို မြင်သော အခါ ပထမဆုံး ထိတ်လန့်သွားပြီး၊ ထို့နောက်တွင် သူသည် အားကိုးရာမဲ့သော အမူအရာ တစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
"ရှေးဟောင်းမိစ္ဆာနတ်ဘုရားနဲ့ ရင်ဆိုင်ရတာ တော်တော်လေး ခက်ခဲတာပဲ။ အဆုံးမှာတော့ ငါ မင်းကို ဒုက္ခပေးမိလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ငါ အကြာကြီး စောင့်ခဲ့ရတယ်။ နောက်ဆုံး ငါကျေနပ်လောက်တဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ နောက်ဆုံးတော့ ဝါးခြင်းတောင်းနဲ့ တိုက်ခိုက်ရပြီး အသုံးမဝင်ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ဒွါရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်နေသော ချင်ယွင်ကို ကြည့်ကာ ကူကယ်ရာမဲ့ ခေါင်းယမ်းသည်။
ချင်ယွင် ဖြစ်ပျက်နေသည့်အရာကို သူမသိသော်လည်း ချင်ယွင်သည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး သေလုဆဲဆဲတွင် ရှိနေကြောင်း သူသိသည်။
သူသည် ချင်ယွင်ကို ကယ်တင်ချင်သော်လည်း သူ ဘာမှ မတတ်နိုင်ပေ။
သူသည် နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သားတစ်ခုမျှသာ ဖြစ်သည်။ သူသည် အစွမ်းထက် သည့် မည်သည့်ခွန်အားကိုမျှ မပိုင်ဆိုင်နိုင်တော့သလို တန်ခိုးကြီးသော နတ်ဘုရား စိတ်ဝိညာဉ်ကိုလည်း မပိုင်ဆိုင်နိုင်တော့ပေ။ သူသည် ဤကမ္ဘာကြီးတွင် ကြီးမားသော အစီအရင်ဝင်္ကပါကို ထိန်းသိမ်းရန် သူ့ခွန်အား အားလုံးကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ချင်ယွင်သည် သေခြင်းတရားနှင့် ရင်ဆိုင်ရသည်ကို သူမြင်သောအခါတွင် ရွေးချယ်စရာ မရှိပေ။
"ငါ မကျေနပ်ဘူး။ ငါဒီလို မသေချင်ဘူး။" ချင်ယွင်သည် မိစ္ဆာနတ်ဘုရားလေဟာနယ်ထဲ တွင် အပြင်းအထန် ရုန်းကန်နေခဲ့သည်။ သူသည် အံတင်းတင်းကြိတ်ပြီး မြေကြီးပေါ်မှ ထချင်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများက ပို၍ ကြောက်စရာကောင်းလာကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
"ဟား…၊ ဟား…၊ ရုန်းကန်မနေပါနဲ့၊ ရှေးဟောင်းမိစ္ဆာနတ်ဘုရား မျက်လုံးနဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ကြေးဝါအပိုင်းအစရဲ့ တန်ခိုးက ဘာအရာကမှ ဆန့်ကျင်ဖို့ မလုံလောက်ဘူး။ အဲဒီအချိန်တုန်းက ငါဟာ နေရာအနှံ့က လူတိုင်းကို သတ်ဖြတ်ဖို့အတွက် ဒီရတနာနှစ်ပါးရဲ့ စွမ်းအားကို ငှားရမ်းခဲ့တယ်။ ကြီးမြတ်သော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံတာအို အဆင့် ဘိုးဘေးနတ်ဘုရားတောင်မှ ငါ့လက်ထဲမှာ သေဆုံးခဲ့ရတယ်။၊ ကောင်းကင် နတ်ဘုရားနယ်ပယ်တောင် မရောက်သေးတဲ့ မင်းလို ပုရွက်ဆိတ်တစ်ကောင်ဆို စကားထဲ တောင် ထည့်ပြောစရာမလိုဘူး။" ရှေးဟောင်းမိစ္ဆာ နတ်ဘုရားသည် မြေပြင်ပေါ်တွင် တွားသွားနေသော ချင်ယွင်ကို ကြည့်ကာ ရယ်မောပြီး လှောင်ပြောင်နေသည်။
သူသည် ဤနေရာတွင် နှစ်တစ်ဘီလီယံလောက် နေခဲ့ပြီး လုံလောက်အောင် နေခဲ့ပြီးသွား ပြီ။ သူသည် ဤနေရာမှ ထွက်ခွာကာ လွတ်လပ်မှုအပြည့်ရယူပြီး သူ၏ ယခင် အထွတ်အထိပ်သို့ ပြန်သွားချင်ခဲ့သည်။
ချင်ယွင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရယ်မောနေသော ရှေးဟောင်းမိစ္ဆာ နတ်ဘုရားကို ကြည့်ကာ သူ့မျက်လုံးများက လွန်စွာမှ မလိုလားသည့် အမူအရာ ပေါ်လွင်နေသည်။
သူ့မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။ သူသည် ဤနေရာတွင် လွယ်လွယ်နှင့် မည်သို့ အသေခံနိုင်မည်နည်း?။
သူ့မိဘတွေကို သူ လိုက်ရှာရဦးမည်။ သူသည် သူ့အမျိုးသမီးလေးဦးနှင့် သားဖြစ်သူ ချင်ဖိုး တို့ကို မတွေ့ဖူးသေးပေ။ သူ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ကျေကျေနပ်နပ်နှင့် သေနိုင်မည်နည်း။
သို့သော်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော စွမ်းအားများက သူ့ကို လုံးဝ မလှုပ်ရှားနိုင် တော့ဘဲ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးပင် ပေါက်ကွဲတော့မည် ဖြစ်သည်။
"ငါ မကျေနပ်ဘူး" ချင်ယွင်က အရူးအမူး ဟစ်အော်လိုက်သည်။ သို့ရာတွင်၊ ရှေးဟောင်း မိစ္ဆာနတ်ဘုရားမျက်လုံး၏ တန်ခိုးသည် ပြင်းထန်လွန်းသဖြင့် ၎င်းကို ဆန့်ကျင်တိုက်ခိုက် ရန် အမှန်တကယ် မတတ်နိုင်ခဲ့ပေ။
ယခုအချိန်တွင် ချင်ယွင်၏ ကနဦးစကြာဝဠာသည်လည်း လုံးဝ ပြိုကျစပြုနေပြီ ဖြစ်သည်။ ပတ်ဝန်းကျင် နေရာတိုင်းသည် အဆက်မပြတ် ပြိုကျလာသည်။ စွမ်းအင်မုန်တိုင်းများသည် တဟုန်းဟုန်း တောက်လောင်နေကာ ကြယ်များသည် ဆက်တိုက်ပေါက်ကွဲကာ အလွန်ကြီးမားသော စွမ်းအင်ရောင်ခြည်တန်းများ ဖြစ်ပေါ်နေသည်။
နတ်ဆိုးနတ်ဘုရားအမြုတေရှိ နတ်ဆိုးနတ်ဘုရား စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာ၏ ဗဟိုတွင် ရပ်နေပြီး၊ ပြိုကျနေသော ကနဦးစကြာဝဠာကို ၎င်း၏မျက်နှာပေါ်တွင် အကူအညီမဲ့သည့် အမူအရာဖြင့် ကြည့်နေသည်။
ကနဦးစကြာဝဠာကြီးသည် ပြိုကျနေပြီး၊ ၎င်းသည် သူ တားဆီးနိုင်သည့်အရာ မဟုတ်ပါဘူး။
သူ့ရှေ့မှ ကြေးဝါအပိုင်းအစက လုံးဝ မတုံ့ပြန်ပါဘူး။ ချင်ယွင်သည် အရာအားလုံးကို ကြိုးစားခဲ့သော်လည်း ကြေးဝါအပိုင်းအစသည် ထိုနေရာတွင် မလှုပ်မယှက် လဲလျောင်း နေဆဲ ဖြစ်သည်။
"ဘန်း..!"
စကြဝဠာ၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ စတင်ပေါ်လာသည်။ စကြဝဠာကြီး တစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီး၏စည်းမျဥ်းများသည် ၎င်း၏ဟန်ချက်ညီမှုကို လုံးလုံး လျားလျား ဆုံးရှုံးသွားခဲ့ပြီး အရာအားလုံးသည် လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"ငါ ဒီလိုပုံစံနဲ့ သေရတော့မှာလား" ချင်ယွင်၏စိတ်ဝိညာဉ်သည် ပြိုကျနေသော စကြာဝဠာ ကြီးကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက စိတ်ပျက်အားငယ်မှု အပြည့်ရှိနေသည်။
အကယ်၍, ကနဦးစကြဝဠာသည် ပြိုကျသွားမည်ဆိုလျှင်, အရာအားလုံးသည် လုံးဝ ပျက်စီးသွားလိမ့်မည်။ ယခုအခါ သူသည် ကနဦးစကြဝဠာကို ထိန်းချုပ်မှု ဆုံးရှုံးသွားသဖြင့် သူ၏ နတ်ဆိုးနတ်ဘုရားအမြုတေသည် ဤနေရာမှ ထွက်ခွာလိုလျှင်ပင်၊ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။
နဝမမြောက် ကောင်းကင်ဘုံနန်းတော်၏ ခန်းမအတွင်းမှာ, ချင်ယွင်၏ ခန္ဓာကိုယ်သည် လည်း ပြိုကျစ ပြုနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ သေးငယ်သည့် အက်ကွဲကြောင်းတွေ ရှိလာနေသလိုပဲ။ ဤအက်ကွဲကြောင်းများသည် အဆက်မပြတ် ပျံ့နှံ့နေခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် နေနှင့်ကြာရှည်စွာ ထိတွေ့နေရသော ကျောက်တုံး လူသားနှင့် တူနေသည်။ သူသည် အချိန်မရွေး ထုံးကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး လေနှင့် အတူ လွင့်စင်သွားနိုင်သည်။
အနီးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ဤမြင်ကွင်းကို မြင်သော အခါ အားကိုးရာမဲ့ပြီး ဝမ်းနည်းဟန် အမူအရာတစ်ခုကို ဖော်ပြလာခဲ့သည်။ သူ့ရှေ့က ချင်ယွင်သည် လုံးဝ ပျက်သုဉ်းတော့မည်ဆိုသည်ကို သူသိသော်လည်း ဤအရာနှင့် ပတ်သက်ပြီး သူလည်း ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
မိစ္ဆာနတ်ဘုရားလေဟာနယ်အတွင်းမှာ, ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် အက်ကွဲစ ပြုနေပြီးဖြစ်သော ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ခန္ဓာကို ကြည့်ကာ ရိုင်းစိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ဟား…၊ ဟား…၊ ချာတိတ်လေး၊ မင်း အေးအေးဆေးဆေး သွားလို့ရပြီ။ မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကတော့ ဒီကမ္ဘာကြီးရဲ့ အာဟာရတွေ ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ ငါ ဒီနေရာ ကို ထွက်သွားနိုင်ပြီ။ အနာဂတ်မှာ ငါ နတ်ဘုရားကမ္ဘာကြီးကို ပေါင်းစည်းလိုက်တဲ့အခါ မင်းကို ငါ့ရဲ့ မှတ်တမ်းတင်စာအုပ်ထဲမှာ ရေးထိုးထားမယ်လို့ ငါ အာမခံတယ်ကွာ။" ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် အောင်ပွဲခံရန် လုံးဝ ယုံကြည်ထားသကဲ့သို့ ကျယ်လောင် စွာ ရယ်မောနေခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည်လည်း လုံးဝ စိတ်ပျက်အားငယ်နေခဲ့ပြီး သူ့မျက်လုံးများက မှေးမှိန်သွားခဲ့သည်။
"မေမေ တောင်းပန်ပါတယ်၊ သား အမေ့ကို မရှာနိုင်တော့ဘူး!" ချင်ယွင်က စိတ်ပျက် လက်ပျက် ရေရွတ်လိုက်ပြီး ဝမ်းနည်းသည့် ခံစားချက်က လုံးလုံးလျားလျား ပျံ့နှံ့သွား သည်။
"ရန်ယွင်၊ မန်ရှီ စီချီ ရွှန်ရှင်း၊ ရှန်းယုနဲ့ ငါ့သားလေး ဖိုးအာ၊ နှုတ်ဆက်ခဲ့ပါတယ်။" ချင်ယွင်က သူ့နှလုံးသားထဲမှာ နှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင်၊ ကနဦးစကြာဝဠာသည် လုံးဝ ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ နောက် တစက္ကန့်မှာ လုံးလုံးပေါက်ကွဲပြီး အရာအားလုံး မျိုးသုဉ်းဖို့ ဦးတည်သွားနေပြီ။
ဘန်း…။
သို့သော်လည်း ဤနောက်ဆုံး အရေးကြီးသော အခိုက်အတန့်တွင် မလှုပ်မယှက် ဖြစ်နေ သော ကြေးဝါအပိုင်းအစသည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။
ကြေးဝါအပိုင်းအစသည် အနှိုင်းမဲ့ တောက်ပသော မိုးပြာရောင်အလင်းကို ထုတ်လွှတ် သည်။ ထို့နောက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော မိုးပြာရောင်စွမ်းအင်သည် ကြေးဝါ အပိုင်းအစကို ဗဟိုပြုကာ ကနဦးစကြဝဠာ၏ ပတ်ဝန်းကျင်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွား သည်။
ထိုစွမ်းအင်တွေ ဖြတ်သန်းသွားသည့်နေရာတိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သော ပြင်းထန်သည့် စွမ်းအင်များသည် ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ အလွန်လျင်မြန်စွာ၊ ကနဦးစကြဝဠာတစ်ခုလုံး၏ ဖွဲ့စည်းပုံစနစ်သည် ဟန်ချက်ညီသွားပါသည်။
ကနဦးစကြာဝဠာ တည်ငြိမ်သွားသောအခါ၊ ချင်ယွင်၏ စိတ်ဝိညာဉ်သည် သဘာဝအတိုင်း ပြိုပျက်သွားမည် မဟုတ်တော့ပေ။
ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးဝါအပိုင်းအစသည် ချင်ယွင်၏ ကနဦးစကြာဝဠာကို လုံးဝ အေးခဲသွားစေသည့် နတ်ဆေးထိုးအပ်တစ်ချောင်းနှင့် တူနေသည်။
နဝမမြောက် ကောင်းကင်ဘုံနန်းတော်၏ ပင်မခန်းမဆောင်အတွင်းမှာ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ပြန်လည်ရှင်သန်လာခဲ့သည်။ ထိုအချိန်တွင် သူ၏ မူလက ကွဲအက်နေသော ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လာပြီး အက်ကွဲကြောင်းများလည်း ပျောက်ကွယ်သွားတော့သည်။
"အယ်?" အနီးနားရှိ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်ပြသခဲ့ပြီး သူ့မျက်လုံးများသည် စိတ်အားတက်ကြွလာသည့် အရိပ်မြွက်ကို ရုတ်တရက် ဖော်ထုတ်လာသည်။
ဟုတ်ပါသည်၊ တုန်လှုပ်ခြောက်ခြားဆုံးလူကတော့ ရှေးဟောင်း မိစ္ဆာနတ်ဘုရားပါ။ သူ၏ သတ်ဖြတ်ခြင်း ခံရတော့မည့် ချင်ယွင်ထံမှ မထင်မှတ်ပဲ နတ်ဘုရား အလင်းရောင်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ပြိုကျသွားသည့် အရိပ်အယောင်များ ပျောက်ကွယ်သွားရုံသာ မက၊ သူ၏ ရှေးဟောင်းမိစ္ဆာနတ်ဘုရားမျက်လုံး အလင်းရောင်ကြောင့် ကွဲအက်သွားသည့် သူ့လက်မောင်းနှင့် ပေါင်များပင် ယခုအချိန်တွင် ပြန်လည် ပေါက်ထွက်လာခဲ့သည်။
"မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း သေတော့မယ်ဆိုတာ ရှင်းနေတာပဲ။ ဒီလို အင်အားကြီးမားတဲ့ စွမ်းအားက ရုတ်တရက် ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ" ရှေးဟောင်းမိစ္ဆာနတ်ဘုရားသည် တန်ခိုးကြီးသော အငွေ့အသက်ကို ထုတ်လွှတ်သော ချင်ယွင်ကို ကြည့်ကာ သူ့မျက်လုံးများသည် အလွန်တုန်လှုပ်ခြောက်ခြားဖွယ် အသွင်အပြင် ကို ထင်ရှားစေသည်။