← Chapters

အခန်း ၁၄၉၉

Vol. 100 Ch. 1499

အခန်း ၁၄၉၉

Vol. 100 Ch. 1499

အခန်း (၁၄၉၉) လေဟာနယ်ကိုယ်ပွားအနှစ်သာရ။

ယခုအချိန်တွင်၊ ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ကြီးမြတ်သောကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ကြောင်း အခြေခံအားဖြင့် သေချာနေပါသည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရား၏ စစ်မှန်သော အမွေနှစ်အဆင့်သည် အသုရာဘိုးဘေးနတ်ဘုရားနှင့် ဘိုးဘေး နတ်ဘုရာမချင်းယောင်တို့၏ အစစ်မှန် အမွေနှစ်ထက် တစ်ဆင့် ပိုမိုမြင့်မားပါသည်။ (ဤနေရာ၌ ဘိုးဘေးနတ်ဘုရားအဆင့်ကို ရှေးမှာတုန်းက သေးငယ်သော လျှို့ဝှက် ဆန်းကြယ်ကောင်းကင်ဘုံတာအို, ကြီးမားသော လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ တာအို, ပြည့်စုံခြင်း ကောင်းကင်ဘုံတာအိုဆိုပြီး ခွဲခြားပြခဲ့ပါသည်။ သို့သော် လက်ရှိ နောက်ပိုင်းတွင် ကြီးမြတ်သောကောင်းကင်ဘုံအဆင့်ဟူ၍သာ ပါပါတော့သည်။ ထို့နောက် နောက်ပိုင်းများတွင် အဆင်ပြေသလို ပြန်ဆိုသွားပါမည်။)။

အကယ်၍ လူတစ်ဦးသည် ကြီးမြတ်သောကောင်းကင်ဘုံအဆင့်ဘိုဘေးနတ်ဘုရား တစ်ပါး၏ အစစ်မှန်အမွေနှစ်ကို ရယူနိုင်ပါက၊ ထိုလူမသေသရွေ့၊ အနည်းဆုံး ထိုလူသည် အနာဂတ်တွင် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုဘေးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည် ဖြစ်သည်။

ထို့အပြင်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ ကြီးမြတ်သော ကောင်းကင်ဘုံ အဆင့် စစ်မှန်သော အဓိပ္ပါယ်သည် သာမန် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတို့၏ စစ်မှန်သော အဓိပ္ပါယ်မျိုး မဟုတ်ပေ။ ၎င်းသည် လေဟာနယ် အမျိုးအစား အစစ်အမှန် အမွေနှစ်ဆက်ခံမှု ဖြစ်သည်။

လေဟာနယ်နှင့်အချိန်၊ ပြန်လည်ဝင်စားခြင်းနှင့် အသက်တို့၏ စစ်မှန်သော အဓိပ္ပါယ် အမွေဆက်ခံမူများသည် အနှိုင်းမဲ့ အစွမ်းထက်သည်ဟု ဆိုနိုင်ပါသည်။ ဤအရာကြောင့် လည်း လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ထိုအချိန်တုန်းက ဘိုးဘေး နတ်ဘုရား တော်တော်များများကို သူ့တကိုယ်တည်း အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်း လည်း ဖြစ်ပါသည်။

"တပည့်၊ ငါ့ရဲ့ အစစ်မှန် အဓိပ္ပါယ်က လေဟာနယ်နဲ့ သက်ဆိုင်တယ်ဆိုတာ မင်းလည်း သိပြီးသားလို့ ငါ ယုံကြည်တယ်။ လေဟာနယ်ရဲ့ အစစ်မှန် အဓိပ္ပါယ်က ဘယ်လိုအမျိုးစား ဖြစ်မလဲဆိုတာ မင်း ခန့်မှန်းနိုင်လား။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက အပြုံးဖြင့် မေးသည်။

တခဏလောက် စဉ်းစားပြီးနောက် ချင်ယွင်က ခေါင်းခါလိုက်သည်။

စစ်မှန်သော အဓိပ္ပါယ်တွေ အများကြီး ရှိပါသည်။ လေဟာနယ်နှင့် သက်ဆိုင်သော အစစ်မှန် အဓိပ္ပါယ်များပင် အမျိုးစားမျိုးစုံဖြင့် လွှမ်းခြုံထားသည်။ ထို့ကြောင့်၊ ဘိုးဘေး နတ်ဘုရားများသည်ပင် တူညီသော အစစ်မှန် အဓိပ္ပါယ်ကို နားမလည်ကြပေ။ လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ခန့်မှန်းခိုင်းသည်။ ဆိုတော့ ချင်ယွင်က မည်သို့ ခန့်မှန်းနိုင်မည်နည်း။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်က ခန့်မှန်းနိုင်မည်ဟုလည်း မျှော်လင့်ထားပုံမပေါ်ပါ။ သူက ဆက်ပြောပြသည် “ငါ နားလည်ထားတဲ့ လေဟာနယ် အနှစ်သာရက လေဟာနယ်ကိုယ်ပွားအနှစ်သာရပဲ” လို့ ဆိုနိုင်တယ်။

"လေဟာနယ်ကိုယ်ပွားလား?" ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိ သည်။

"မှန်တယ်၊ လေဟာနယ်ကိုယ်ပွားရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ပဲ။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ခေါင်းညိတ်ပြီး ပြောသည် "လေဟာနယ်ကိုယ်ပွားရဲ့ စစ်မှန်သော အဓိပ္ပါယ်ဆိုတာက လေဟာနယ်ကြေးမှုန်ဉပဒေသကို အသုံးပြုပြီး ကိုယ်ပွားတွေကို သိပ်သည်းဖို့ပဲ။ အဲဒါက သောင်းချီ သန်းချီတဲ့ကိုယ်ပွားတွေကို ချက်ချင်း ထုတ်ပေးနိုင် တယ်။ အုပ်စုလိုက်တိုက်ပွဲတွေမှာ ဖြစ်စေ, တစ်ကိုယ်တည်း တိုက်ပွဲတွေမှာ ဖြစ်စေ, လေဟာနယ်ကိုယ်ပွားရဲ့ စစ်မှန်သော အဓိပ္ပာယ်က ထူးထူးခြားခြား အစွမ်းထက်တယ်။"

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား မိန့်ဆိုသည်ကို ကြားပြီး နောက်၊ လေဟာနယ်ကိုယ်ပွား၏ စစ်မှန်သော အဓိပ္ပါယ်ကို အကြမ်းဖျင်း သဘောပေါက် သွားခဲ့သည်။

သန်းပေါင်းများစွာသော ကိုယ်ပွားများ။ ဤအရာက သေချာပေါက် ကြောက်စရာ ကောင်းတဲ့ စွမ်းရည်တစ်ခုဖြစ်သည်။ အကယ်၍, အစွမ်းထက်သော နတ်ဘုရားစွမ်းရည် တစ်ခုနှင့်ပါ ပေါင်းစပ်လိုက်လျှင်, ၎င်း၏ ချက်ခြင်း ပေါက်ကွဲထွက်နိုင်စွမ်းက အလွန်မင်း ကြောက်စရာကောင်းပေလိမ့်မည်။

ကိုယ်ပွားတစ်ခုသည် လူတစ်ယောက်မှာ ခွန်အားနှစ်ဆတိုးမြင့်လာသည်နှင့် ညီမျှသည်။ ကိုယ်ပွားဆယ်ခုသည် လူတစ်ဦး၏ခွန်အားကို ဆယ်ဆတိုးစေခြင်းနှင့် ညီမျှသည်။ ကိုယ်ပွားဆယ်သန်းသည် လူတစ်ဦး၏ ခွန်အားကို ဆယ်သန်း တိုးမြင့်လာခြင်းနှင့် ညီမျှပါ သည်။ လူတစ်ယောက်၏ခွန်အားသည် အဆဆယ်သန်း တိုးမြင့်လာခြင်း၊ ဒီစွမ်းရည်က မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။ ထို့အတွက်ကြောင့်လည်း လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် ထိုအချိန်တုန်းက သူ့ကိုယ်ပိုင် အစွမ်းဖြင့် ဘိုးဘေးနတ်ဘုရားပေါင်းများစွာကို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

"အခု မင်း ငါ့လေဟာနယ်ကိုယ်ပွားရဲ့ စစ်မှန်တဲ့ အဓိပ္ပာက ဘယ်လောက် ကြောက်ဖို့ ကောင်းလဲဆိုတာ မင်းနားလည်သွားပြီ။ ကောင်းပြီ၊ ငါ ဘာမှ ထပ်မပြောတော့ဘူး။ အခု မင်းကို ဒီလေဟာနယ်ကိုယ်ပွားရဲ့ တိုက်ပွဲဆန္ဒကို ငါ လက်ဆင့် ကမ်းပေးလိုက်မယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက မိန့်သည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ အစွမ်းထက်သော လေဟာနယ် အနှစ်သာရတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက ချက်ချင်းဆိုသလို လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ နေရာကို တိုက်ရိုက်ညွှန်လိုက်သည်။

ချင်ယွင်သည် ချက်ချင်းပင် သူ့စိတ်များ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး သူ့စိတ်စဉ် တစ်ခုလုံး ထူးဆန်းသော အခြေအနေသို့ ကျရောက်သွားခဲ့သည်။

ဘန်း….။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း၏ နတ်ဘုရား ခန်းမထဲမှ ရုတ်တရက် ထွက်ခွာသွားပြီး အံ့သြဖွယ်မမြင်နိုင်သော လေဟာနယ်ထဲတွင် ရှိနေသကဲ့သို့ ခံစားရသည်။

ဤလေဟာနယ်ထဲ၌ မရေမတွက်နိုင်သော မှန်များ ရှိနေခဲ့သည်။ ၎င်းတို့အားလုံးသည် ချင်ယွင်၏ပုံရိပ်ကို ရောင်ပြန်ဟပ်နေသည်။

"ဒါက လေဟာနယ်ကြေးမှုန် ရုပ်အသွင်ရဲ့ အစစ်မှန် အဓိပ္ပါယ်ပဲလား။" ချင်ယွင်သည် သူ့မျက်နှာပေါ် တွင် အံ့သြတကြီး မျက်နှာထားဖြင့် သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများကို ကြည့်နေသည်။

အမှန်တကယ်ဆို, သူ့ပတ်ဝန်းကျင်မှာ မည်သည့်မှန်တွေမှ မရှိပါဘူး။ ဤရောင်ပြန်ဟပ်မှု များသည် ချင်ယွင်၏ လေဟာနယ်ကြေးမှုန်ပုံရိပ်များဖြင့် လုံးလုံးလျားလျား ဖန်တီးထား ခြင်းဖြစ်ပါသည်။ သို့သော်, ချင်ယွင်သည် အဆိုပါ လေဟာနယ်ကြေးမှုန်များ မည်သို့ အလုပ်လုပ်သည်ကို မသိရှိသေးပါ။

နဝမမြောက် ကောင်းကင်ဘုံနန်းတော်၏ ခန်းမဆောင်တွင် ချင်ယွင်သည် လေထဲတွင် လုံးဝ လွင့်မျောနေပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လေဟာနယ်ဉပဒေသကြိုးများသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပတ်ချာလည်နေပြီး အဆက်မပြတ် လည်ပတ်ပြီး စုစည်းနေ ကာ သူ့တစ်ကိုယ်လုံးကို လုံးလုံးပတ်ရစ်နေကာ ချင်ယွင်၏ စိတ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ထွက်လာသည်။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ စိတ်ဝိညာဉ်အမှတ်သား၏ ရုပ်အသွင် သည် ရုတ်တရက် ပို၍ ဝေဝေဝါးဝါး ဖြစ်လာခဲ့သည်။ မူလက နှိုင်းယှဉ်၍မရသော အာရုံ စူးစိုက်မှုပုံစံသည်လည်း ယခုအချိန်တွင် အနည်းငယ် ပွင့်လင်းလာသည်။

"အနာဂတ်မှာ, မင်းအနေနဲ့ ဒီလေဟာနယ်ကိုယ်ပွားရဲ့ တကယ့်အနှစ်သာရကို ရှေ့ဆက် လှမ်းနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ တကယ်လို့, မင်းသာ နောက်ထပ် တစ်လှမ်းလှမ်းနိုင် ပြီး အဆုံးမဲ့လေဟာနယ်ရဲ့ အစစ်မှန် အနှစ်သာရကို ရောက်ရှိနိုင်ခဲ့ရင် ငါလျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားလည်း ဒီတစ်သက်မှာ နောင်တရစရာ မရှိတော့ပါ ဘူး။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်ဉပဒေသကြိုးများ ချည်နှောင်ခံထားရသော ချင်ယွင်ကို ကြည့်ရှုပြီး သူ့ကိုယ်သူ သူ့စိတ်နှလုံးထဲတွင် မျှော်လင့်လျက် ပြောလိုက်သည်။

…

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးအား သူ လေဟာနယ်အမွေနှစ်ဆက်ခံမူကို မပြီးဆုံးခင်, လေလေဟာနယ်ဥပဒေသကြိုးတွေက လေးနာရီနီးပါးကြာ သွန်းလောင်းနေခဲ့ကြသည်။

ဘန်း…။

ချင်ယွင်သည် စမ်းရေကဲ့သို့ ကြည်လင်နေသည့် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

လေဟာနယ်ကိုယ်ပွား၏ ဥပဒေသကြိုးများသည် သူ့စိတ်ထဲတွင် ပေါင်းစည်းသွားခဲ့ပြီး ချင်ယွင်က ၎င်းတို့ကို ဖြည်းညှင်းစွာ ဆင်ခြင်နားလည်ရန်သာ လိုအပ်ပါသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကို လှည့်ကြည့်သည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အသွင်အပြင်သည် ပို၍အားနည်းလာ သည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား စိတ်ဝိညာဉ် အမှတ်သားသည် အားနည်းလာသည်နှင့်အမျှ ပျောက်ကွယ်နေသော နတ်ဘုရားကျွန်း ပတ်လည်ရှိ အစီအရင် ဝင်္ကပါမှာလည်း အလွန်မင်း အားနည်းလာခဲ့သည်။

“ဆရာကြီး၊ ကျွန်တော်…” ချင်ယွင်က တစ်ခုခုပြောချင်သော်လည်း လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ကြားဖြတ်ပြောလိုက်သည်။

'"မင်း ပြောချင်တာကို ငါသိတယ်။ ဒါက ဘာမှမဟုတ်ဘူး။ ငါက နဂိုကတည်းက ရုပ်ခန္ဓာကိုယ် အစစ်မဟုတ်ဘဲ နတ်ဘုရား စိတ်ဝိညာဉ် အမှတ်အသားတစ်ခုပဲလေ။ ငါ့ရဲ့ ရည်ရွယ်ချက်က သင့်တော်တဲ့ ဆက်ခံသူကို ရှာဖွေပြီး အမွေဆက်ခံပေးဖို့ပဲ။ မင်းလို ဆက်ခံမယ့်သူကို ရှာတွေ့နိုင်တာ ငါ့ရဲ့ အကြီးမားဆုံး ကံကြမ္မာဖြစ်နေပါပြီ။" လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ဆိုသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် တခြားဘာမှ ပြန်မပြောနိုင်တော့ပေ။

"ကောင်းပြီ၊ အခု ငါ လျှို့ဝှက်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အမွေနှစ်ကို မင်းလက်ထဲ အပ်ပြီးသွားပြီ၊ တားမြစ်အမွေနှစ်လည်း အပ်နှင်းရဦးမယ်။ တားမြစ်အမွေနှစ် လွှဲပြောင်းပြီးတာနဲ့ ငါ့ရဲ့တာဝန်က ပြီးသွားလိမ့်မယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြုံးလျက် ပြောသည်။

ချင်ယွင်သည် အနည်းငယ် ဝမ်းနည်းသွားသည်။ ဤတားမြစ်အမွေနှစ် ဆက်ခံမှု ပြီးဆုံးသည်နှင့် တပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ နတ်ဘုရား စိတ်ဝိညာဉ် အမှတ်အသားသည် လုံးဝ ပျောက်ကွယ်သွားမည်ကို သူသိသည်။

"ဆရာကြီး၊ ဒီအမွေအနှစ်တွေက အတိအကျ ဘာလဲ" ချင်ယွင်က လေးနက်သည့်အသံဖြင့် မေးလိုက်သည်။

"တကယ်တော့ ဒီတားမြစ်အမွေအနှစ်တွေက ငါနားလည်ထားတဲ့ လေဟာနယ် လျှို့ဝှက် ချက်ကြီးသုံးပါးပဲ။ အဲဒါတွေက လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို အခြေခံထားတာပါ။ မင်းအနေနဲ့ လျှို့ဝှက်နတ်ဘုရားကျမ်းစာအုပ်ကို သေသေချာချာ နားလည်ပြီးမှပဲ ဒီလေဟာနယ်လျှို့ဝှက်ချက်ကြီးသုံးပါးကို လေ့ကျင့်နိုင်လိမ့်မယ်။ ဒီလေဟာနယ် လျှို့ဝှက်ချက်ကြီးသုံးပါးရဲ့ စွမ်းအားက အလွန်မင်း ကြောက်စရာ ကောင်းလွန်းတယ်။ တကယ်လို့, မင်းသာ အဲဒါတွေကို ကောင်းကောင်း မဆုပ်ကိုင်နိုင်ဘူးဆိုရင်, မင်းအသက် တောင် ဆုံးရှုံးသွားနိုင်တယ်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

"အရမ်းကို ကြောက်စရာကောင်းတာလား?" ချင်ယွင်က အံ့သြသည့်အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

"ဟုတ်တယ်၊ ဒီလေဟာနယ်လျှို့ဝှက်ချက်ကြီးသုံးပါးရဲ့ အစွမ်းက အရမ်းကို အန္တရာယ်များ ပေမယ့်၊ သူတို့ရဲ့ စွမ်းအားကလည်း အရမ်းကို ကြီးမားတယ်။ အဲဒါတွေကို အသုံးပြုပြီးတာနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မူတစ်ခု ဖြစ်သွားလိမ့်မယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက ဂုဏ်ယူစွာဖြင့် ပြောသည်။

ချင်ယွင်၏မျက်နှာသည်လည်း အပြုံးတစ်ခုပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားပြောခဲ့သည့် စကားသည် ပုံကြီးချဲ့ခြင်းမဟုတ်ကြောင်း သူ့ကို ယုံကြည်စေ သည်။

"ကောင်းပြီ၊ အခု စိတ်တည်တည်ငြိမ်ထားပြီး အာရုံစိုက်လိုက်ပါ။ ဒီတားမြစ်အမွေနှစ်ကို ငါ သင်ပေးတော့မယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူစကားဆုံးအခါတွင်၊ သူသည် သူ၏ အစွမ်းထက် သော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို တစ်ဖန်စုစည်းပြီး လျှို့ဝှက်ပညာရပ်ကို အသုံးပြုသည့် နည်းလမ်းကို ချင်ယွင်၏ စိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

ချင်ယွင်သည် ကြီးမားကျယ်ပြန့်သော သတင်းအချက်လက် လှိုင်းလုံးကြီးတစ်ခုသည် မြစ်တစ်စင်းနှင့် ပင်လယ်ကြီးကဲ့သို့ သူ့စိတ်ထဲသို့ တွန်းဝင်လာသလို ခံစားလိုက်ရသည်။

ချင်ယွင်၏စိတ်ဝိညာဉ်သည်ပင် ကြီးမားသော သတင်းအချက်အလက်များ စီးဆင်းမှုကို မခံနိုင်သောကြောင့် နာကျင်သော အမူအရာ ဖြစ်ပေါ်နေသည်။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ဤတစ်ကြိမ်၊ တားမြစ်အမွေနှစ် ဆက်ခံမူသည် ခြောက်နာရီလုံးလုံး ကြာခဲ့သည်။ ယခင်က စစ်မှန်သော အဓိပ္ပာယ်ကို အမွေဆက်ခံမှုထက် နှစ်နာရီပိုကြာသည်။ ဤတားမြစ်နတ်ဘုရားစွမ်းရည်တွင်ပါရှိသော စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။

All Chapters