← Chapters

အခန်း ၁၅၀၀

Vol. 100 Ch. 1500

အခန်း ၁၅၀၀

Vol. 100 Ch. 1500

အခန်း (၁၅၀၀) ဆရာကြီးနှင့် တပည့်ကြား နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ။

ချင်ယွင်သည် စစ်မှန်သော အဓိပ္ပါယ်၏ အမွေအနှစ်ကို လက်ခံပြီးနောက်တွင် ချွေးသီးများ ချွေးပေါက်ထွက်ကာ သူ့ခေါင်းလည်း မူးဝေဝေ ဖြစ်နေပါသည်။

တားမြစ်အမွေအနှစ်တွင် စစ်မှန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်များစွာ ပါဝင်နေသည်။ ၎င်းတွင် ဥပဒေသများကွင်းဆက်များစွာ ပါရှိနေပြီး ၎င်းသည် ယခင်စစ်မှန်သော အဓိပ္ပါယ်၏ အမွေဆက်ခံခြင်းထက် ပိုကြောက်စရာကောင်းသည်။

သို့သော် ချင်ယွင်သည်လည်း ဤလေဟာနယ်လျှို့ဝှက်ချက်ကြီးသုံးပါး၏ စွမ်းအားကို ခံစားနိုင်ပါသေးသည်။ ဤဥပဒေသကြိုးများဖြင့် ဖွဲ့စည်းထားသော အငွေ့အသက်သည် အလွန် ကြောက်စရာကောင်းသည်။

"ဆရာကြီး၊ ဒီလေဟာနယ်လျှို့ဝှက်ချက်ကြီးသုံးပါးက တကယ်ကို အစွမ်းထက်တယ်။ နတ်ဘုရားနန်းတော်ကြီးလေးခုကို ဟိုတုန်းက တစ်ယောက်နဲ့ ပြိုင်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်ဘူးပဲ။" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။

ဤအခိုက်အတန့်တွင်၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ခန္ဓာကိုယ်သည် လုံးဝ ထွင်းဖောက်မြင်နေရပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း အနှိုင်းမဲ့ အားနည်းလာသည်။

“ဟုတ်တယ်၊ အဲဒီတုန်းက မဟာလျှို့ဝှက်ချက်သုံးပါးနဲ့ နတ်ဘုရားနန်းတော်ကြီး လေးခုက ကြီးမြတ်သောကောင်းကင်ဘုံအဆင့်ဘိုဘေးနတ်ဘုရား ၃ ပါးကို သတ်ဖြတ်နိုင်ခဲ့တယ်။ “ဒါပေမယ့်၊ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားနန်းတော်ကြီးလေးခုကို မင်း လျှော့မတွက်နဲ့။ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားနန်းတော်ကြီးလေးခုအတွင်းမှာ အလွန်မင်း အစွမ်းထက် တဲ့ တည်ရှိမှုအချို့လည်း ရှိနေကြတယ်။ အထူးသဖြင့် ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီး လေးခုရဲ့ မဟာဧကရာဇ်လေးပါးပဲ။ သူတို့ရဲ့ခွန်အားက အလွန်ကြောက်စရာ ကောင်းလွန်း တယ်။ သူတို့က ဒီစကြဝဠာရဲ့ နတ်ဘုရားကမ္ဘာမှာ အမှန်တကယ် ထိပ်တန်း တည်ရှိမူတွေ ဖြစ်တယ်။ ဒါပေမယ့်, သူတို့က နတ်ဘုရားနန်းတော်ကြီး လေးခုရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေသရွေ့ အလွယ်တကူ တိုက်ခိုက်ကြမှာ မဟုတ်ဘူး။" လျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

ထိုစကားကိုကြားသောအခါ ချင်ယွင်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာသည်။

ထိုကဲ့သို့သော ဧကရာဇ်ဧကရာဇ်လေးပါး၏ တည်ရှိသည်ဆိုသည့် စကားမျိုးကို သူသည် ပထမဆုံးအကြိမ် ကြားသိလိုက်ရခြင်း ဖြစ်သည်။ သူသည် မူလက နတ်ဘုရားနန်းတော် ကြီး၏လေးခု၏ အုပ်ချုပ်သူများသည် မည်သည့်ခွန်အားမျိုး ပိုင်ဆိုင်ထားမည်နည်းဟု အမြဲတမ်း မှန်းဆနေခဲ့သည်။ အခု လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ပြောစကားအရဆို, သူတို့၏ စွမ်းအားသည် ပြီးပြည့်စုံသောကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားများသာ ဖြစ်နိုင်ချေရှိပါတော့သည်။

"ချင်ယွင်၊ ငါ မင်းအတွက် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွက်အထိပ် ကျွမ်းကျင်သူ ဆယ်ယောက်ကို ချိတ်ပိတ်ထားပြီးသား။ လောလောဆယ်တော့ ငါ သူတို့ကို မင်းနောက်ကို လိုက်ပါခွင့် မပြုနိုင်ဘူး။ တကယ်လို့, သူတို့တိုက်ခိုက်ကြမည်ဆိုလျှင်, နတ်ဘုရားနန်းတော် ကြီးသုံးခုက မင်းကို ကျိန်းသေပေါက် တိုက်ခိုက်ကြလိမ့်မယ်။ မင်းရဲ့နယ်ပယ်က ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပြီးတာနဲ့ မင်းက သူတို့ရဲ့ တံဆိပ်တွေကို ဖယ်ရှားနိုင်လိမ့်မယ်" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပါသည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက ဤအရာကို သူ့အကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ကိုလည်း သူ နားလည်ပါသည်။

"စကားမစပ် ဆရာ၊ လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်မှာ အချိန်ဘိုးဘေး နတ်ဘုရားလို့ခေါ်တဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေပါသလား" ချင်ယွင်က ရုတ်တရက် မေးလိုက်ပါသည်။

သူသည် အချိန်ဘိုးဘေးနတ်ဘုရားကို ရှာဖွေရန် လေဟာနယ်နှင့်အချိန်နတ်ဘုရား နန်းတော်သို့ အမြဲသွားချင်ခဲ့ပြီး၊ သူ့ပါးစပ်မှထွက်ပေါ်လာမည့် သူ့မိဘများ၏ တည်နေရာ ကို ရှာဖွေနေခဲ့သည်။ ၎င်းသည် သူ ကြိုးကြိုးစားစား အလုပ်လုပ်နေရသည့် အကြောင်းအရင်း ဖြစ်သည်။

“ရှိတယ်။ အဲဒီအချိန်တုန်းက ဒီဘိုးဘေးနတ်ဘုရားက အရမ်းတန်ခိုးကြီးတယ်။ သူလည်း ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုဘေးနတ်ဘုရားတစ်ပါး ဖြစ်တယ်။ အဲဒီတုန်းက ငါ သူနဲ့ တိုက်ခိုက်ဖူးတယ်။ သူက ပြီးပြည့်စုံသောကောင်းကင်ဘုံအဆင့်ကို ဖြတ်ကျော်ဖို့ နီးစပ်နေပါပြီ။ အခုဆို နှစ်ဘီလီယံကျော်သွားပြီဆိုတော့ သူလည်း အဆင့်ဖြတ်ကျော် သွားပြီလားဆိုတာ ငါ သိချင်မိတယ်။ တကယ်လို့, သူသာ အမှန်တကယ် ဖြတ်ကျော် သွားခဲ့ရင်တော့၊ ငါ့အစစ်အမှန်ခန္ဓာကိုယ် အသက်ရှင်နေသေးတယ်ရင်တောင် သူ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်တော့ဘူး။ မင်း သူ့ကို တစ်ခုခုမေးစရာရှိလို့ ရှာနေတာလား။” လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ခံစားချက်တစွန်းတစပါဝင်နေသည့်လေသံဖြင့် မေးသည်။

“ကျွန်တော် ကျွန်တော့် မိဘတွေကို ရှာဖွေနေတာ” ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“ဟုတ်တယ်၊ အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှ ကာလပတ်လုံး အချိန်ဘိုးဘေးနတ်ဘုရားက အဲဒါကို အခြေခံအားဖြင့် သိနိုင်တယ်။ ဒါပေမယ့် မင်းမိဘတွေရဲ့ တည်နေရာကို ခြေရာခံရန်ဖို့အတွက် သူ့ကိုကူညီတောင်းခံဖို့က လွယ်ကူတဲ့အရာ မဟုတ်ဘူး။ မင်းအနေနဲ့, ဒီအဘိုးကြီးကို ပေးချေဖို့ ကြီးကြီးမားမား ပြင်ဆင်ထားရမယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

"ကျွန်တော့် မိဘတွေကို ရှာတွေ့နိုင်သရွေ့ ကျွန်တော် ဘယ်တန်ဖိုးကိုမဆို ကျေကျေ နပ်နပ်ကြီး ပေးမှာပါ" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူ့မိဘတွေ ပျောက်ဆုံးသွားခြင်းက သူ့စိတ်ထဲမှာ ကု၍မရသည့် ပြင်းထန်သော ရောဂါတစ်ခုလို ဖြစ်နေခဲ့သည်။ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်မှာ တိုက်ရိုက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ရှိသော်လည်း, ထိုအဖွဲ့အစည်းက အသုံးမဝင်ဟု ချင်ယွင် ခံစားမိသည်။ ဟိုတချိန်တုန်းက သူ့မိဘတွေနှင့် ပတ်သက်သည့် အဖြစ်ပျက်တွေ, သူတို့ အဘယ့်ကြောင့် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားလဲဆိုသည်ကို သူသည် တကယ်ကို သိချင်နေခဲ့သည်။

“အချိန်ဘိုးဘေးနတ်ဘုရားရဲ့ စိတ်သဘောထားက အရမ်းထူးဆန်းတယ်။ သာမာန်အားဖြင့် တော့ မင်းကူညီတောင်းဖို့အတွက် သူ့ကိုရှာတွေ့ဖို့က ခက်ခဲလိမ့်မယ်။ ဒါပေမယ့် အခု အချိန်မှာတော့ မင်းမှာ အခွင့်အရေးတစ်ခု ရှိနေတယ်။ တကယ်လို့, မင်းသာ ဒီအခွင့်ရေးကို ဆုပ်ကိုင်နိုင်ရင် မင်းရဲ့တောင်းဆိုမှုကို အချိန်ဘိုးဘေး နတ်ဘုရားက ဖြည့်ဆည်းပေးလိမ့် မယ်လို့ ငါယုံကြည်တယ်။" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

"ဘာအခွင့်အရေးလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်တယ်။

"နတ်ဘုရားကပ်ဘေးဒုက္ခ!" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြန်ဖြေသည်။

"နတ်ဘုရားကပ်ဘေးဒုက္ခလား?" ချင်ယွင်က အံ့သြသည့်အမူအရာကို ဖော်ပြရင်း "ဆရာ၊ ဒီနတ်ဘုရား ကပ်ဘေးဒုက္ခဆိုတာ အတိအကျ ဘာလဲ? ဘိုးဘေးနတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူတွေတောင် ဒီနတ်ဘုရားကပ်ဘေးဒုက္ခကို ဘာလို့ အလေးပေးနေကြတာလဲ။”

ချင်ယွင်၏ စကားကိုကြားတော့ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက တွေးတော ဆင်ခြင်နေသည့် အမူအရာကို ထုတ်ဖော်ပြသခဲ့ပြီး၊ သူ့အမူအရာက လေးနက်ခဲ့ လာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ပို၍ပင် တုန်လှုပ်သွားလေသည်။

မူလက သူသည် ဤနတ်ဘုရားကပ်ဘေးဒုက္ခက ဤမျှ ကြောက်စရာမကောင်းဟု တွေးထားခဲ့သည်။ သို့သော်, အခု လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားသည် နတ်ဘုရားကပ်ဘေးဒုက္ခဆိုသည့်အသံကို ကြားရသောအခါ, သူသည် အလွန် လေးနက်လာခဲ့သည်။ ချင်ယွင်သည် နတ်ဘုရားကပ်ဘေးဒုက္ခကို ပို၍ပင် သိချင်လာပါ သည်။

“ငါ မင်းကို ပြောပြမယ်။ ဒီနတ်ဘုရားကပ်ဘေးဒုက္ခက နတ်ဘုရားကမ္ဘာမှာရှိတဲ့ လူတိုင်း ရှောင်လွှဲလို့ မရနိုင်ဘူး။ ဒါပေမယ့်, လူတစ်ယောက်ဟာ ပိုသန်မာလေ, သူတို့တောင့်ခံရ မယ့် အန္တရာကလည်း ပိုပြီးကြီးမားလေပဲ။ ဥပမာ၊ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ မဟာဧကရာဇ်လေးပါးတို့ဆို သေချာပေါက် ကြီးမားတဲ့အန္တရာယ်ကြီးကို ရင်ဆိုင်ရလိမ့် မယ်။ ဒါကြောင့်၊ ဒီနတ်ဘုရားကပ်ဘေးဒုက္ခအတွင်းမှာ သူတို့ဟာ သေကြေပျက်ဆီးနိုင်ချေ ပိုများတယ်။ ဒါကြောင့်, သူတို့ဟာ ဒီနတ်ဘုရားကပ်ဘေးဒုက္ခအတွင်းမှာ သတိကြီးစွာနဲ့ တစ်လှမ်းချင်းသာ လှမ်းနိုင်ကြတယ်။” လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အလွန်မင်း အံ့သြသွားရသည်။

မဟာဧကရာဇ်လေးပါးတောင် ပျက်ဆီးသွားနိုင်သည်။ မဟာဧကရာဇ်လေးပါးတို့သည် နတ်ဘုရားကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများဖြစ်သည်။ သူတို့၏ ခွန်အား သည် ကောင်းကင်ဘုံဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြားမည်သည့်အရာက ထိခိုက်စေ နိုင်ပါသနည်း။

"ဖြစ်နိုင်တာက, အဲဒါက ကောင်းကင်ဘုံတန်ခိုးအစွမ်းများ ဖြစ်နိုင်မလား" ချင်ယွင်သည် ဖြစ်နိုင်ချေတစ်ခုကို အမြန်စဉ်းစားလိုက်သည်။ သူသည် ထိုအကြောင်းကို တွေးတောလေ, ဖြစ်နိုင်ချေ ပိုများလေလေ ဖြစ်သည်။

နတ်တောင်ကြီးများကဲ့သို့ နတ်ဘုရားကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသော မဟာဧကရာဇ်လေးပါးကဲ့သို့ လူများသည် ကောင်းကင်ဘုံတန်ခိုးအစွမ်းဖြင့်သာ သတ်ပစ် နိုင်သည်။ ထိုသို့မဟုတ်လျှင်, သူတို့ကို ထိခိုက်အောင်လုပ်နိုင်ဖို့က အရမ်းခက်ခဲလိမ့်မည်။

“ဆရာ၊ နတ်ဘုရားကပ်ဘေးဒုက္ခက အတိအကျ ဘာလို့ဖြစ်ပေါ်လာတာလဲ? ချင်ယွင်က ဆက်မေးသည်။

လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက နတ်ဘုရားကမ္ဘာထဲမှ လူတစ်ယောက် ဖြစ်နေသရွေ့, လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဟု ပြောခဲ့သည်. ထိုအခြေအနေမျိုးတွင်၊ သူကိုယ်တိုင်လည်း နတ်ဘုရားကပ်ဘေးဒုက္ခဆင်းရဲကို တွေ့ကြုံခံစားရလိမ့်မည်။ ထို့ကြောင့် သူသည် သူဖြစ်ပျက်ခဲ့သည်ကို အမှန်တကယ် သိချင်မိသည်။

"ငါ မသိဘူး၊ လူတိုင်းရဲ့ နတ်ဘုရားကပ်ဘေးဒုက္ခတွေက မတူကြဘူး။ တူညီတဲ့ လူတစ်ယောက်ရဲ့ နတ်ဘုရားကပ်ဘေးဒုက္ခကလည်း ကျရောက်လာတဲ့ အချိန်တိုင်း တကြိမ်နဲ့တကြိမ် မတူပြန်ဘူး။ ဒီနတ်ဘုရားကပ်ဘေးဒုက္ခက ဘယ်အချိန် ရောက်လာ မယ်ဆိုတာလည်း ဘယ်သူမှ မသိကြဘူး။ နတ်ဘုရားကပ်ဘေးဒုက္ခစတင်တာနဲ့ အနှစ် တစ်ထောင်အတွင်းမှာ ဖြစ်ပေါ်လာချေ အများဆုံးပဲ။ ခွန်အားနိမ့်ကျတဲ့လူတွေဆို, သူတို့ နတ်ဘုရားကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးကြောင်းကိုတောင် သတိမပြုမိကြဘူး။ တကယ်လို့, သူတို့ လွတ်မြောက်နိုင်ရင် အသက်ရှင်မယ်။ မတတ်နိုင်ရင်တော့ သေမှာပဲ။ ဒါကြောင့်လည်း၊ လူတစ်စုကတော့ နှစ်တစ်သန်းကြာတိုင်း ဖြစ်ပေါ်လာတဲ့ နတ်ဘုရား ကပ်ဘေးဒုက္ခထဲမှာ သေကြလိမ့်ရမယ်။ ဒါဟာ ကောင်းကင်ဘုံက နတ်ဘုရားကမ္ဘာကြီးကို သုတ်သင်ရှင်းလင်းခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်” လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက ပြောကြားသည်။

“ဒါဆို, ဆရာကိုယ်တိုင်ရော ဟိုတချိန်တုန်းက နတ်ဘုရားကမ္ဘာမှာ တွေ့ကြုံခဲ့ဖူးလား” ချင်ယွင်က မေးလိုက်ပါသည်။

“ဟုတ်တယ်၊ အတိအကျ ကြုံဖူးတာပေါ့။ ငါလည်း ငါ့ရဲ့နတ်ဘုရားကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်လို့ ငါ့အစစ်အမှန်ကိုယ်တိုင် ပျောက်သွားခဲ့ရတယ်။ ငါ့အစစ်အမှန် ခန္ဓာကိုယ်က အသက်မရှိတော့ဘူးလို့ ခန့်မှန်းမိတယ်" လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက ပြုံးပြုံးလေး ပြောသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာက ရှင်ခြင်းတရားနှင့် သေခြင်းတရားကို လုံးဝ ဂရုမစိုက်သည့်အလား အလွန်ပွင့်လင်းလှသည်။

"ဆရာ၊ ဆရာရဲ့အစစ်မှန်ကိုယ် တွေ့နိုင်ဖို့ ကျွန်တော် ကူညီပေးမယ်။ အဲဒီအချိန်တုန်းက ဆရာက အခက်ခဲအချို့ကို ကြုံတွေ့ခဲ့ရပြီး တကယ် မသေသေးတာလဲ ဖြစ်နိုင်ပါတယ်" ချင်ယွင်က လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားကို နှစ်သိမ့်ပေးလိုက်သည်။

"ဒါက မင်းအတွက် လုံလောက်ပါပြီ။ မင်း ငါ့အတွက် အချိန်မဖြုန်းပါနဲ့။" လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက ချင်ယွင်၏စကားကြောင့် လွန်စွာကျေနပ်ပြီး အားရစွာ ပြုံးလိုက်သည်။

ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသည့်အမူအရာဖြင့် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ သူ့အစစ်မှန်ကိုယ်ကို ရှာဖွေတွေ့ရှိရန် သေချာပေါက် ကူညီပေးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။

စာစဉ် (၁၀၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters