အခန်း ၄
Vol. 1 Ch. 4
အပိုင်း(၄)
၁၀ရက်ကြာပြီးနောက်....
ရွှင့်ချန်ဂိုဏ်း ဆေးပင်စိုက်ခင်း။
ဆေးစိုက်ခင်းထဲက ဝိညာဉ်စွမ်းအင်နဲ့ ကောင်းကင်ဘုံရဲ့အစွမ်းတွေက လျှို့ဝှက်နယ်မြေထဲက ဝိညာဉ်ဆေးပင်တွေရဲ့ ဝိညာဉ်စွမ်းအင်နဲ့ ကောင်းကင်တာအိုအစွမ်းထက် မလျော့တာကို စူးလီ ခံစားလိုက်ရပြီး ဇဝေဇဝါနဲ့ မျက်တောင်ခတ်မိနေတယ်။
ဒီနေရာက ဝိညာဉ်စွမ်းအားတွေက အရမ်းနည်းပါးပေမဲ့ ဒီနေရာက ဝိညာဉ်ဆေးဖော်တဲ့ ဆေးအာနိသင်တွေက ဘာလို့ အဲလောက်အစွမ်းထက်နေတာလဲ။
ဒီလိုနောက်ထပ်လျှို့ဝှက်နယ်မြေတချို့ ရှိနေသေးတာလား။
သူမ သံသယဖြစ်မိတာလဲ မဆန်းပါဘူးလေ။
“ ‘ကောင်းကင်ဘုံရဲ့ကံကြမ္မာ’ဆိုတဲ့စာလုံးနဲ့ ‘လမ်းရှာဖွေခြင်း’ ဆိုတဲ့စာလုံး နှစ်ခုပေါင်းလိုက်တော့ သွားချင်တဲ့နေရာကို ပို့ပေးတဲ့တံခါး ပွင့်လာပြီး သူမ ရောက်လာတဲ့နေရာကလဲ နှစ်တစ်ထောင်လျှို့ဝှက်နယ်မြေ မဟုတ်သလို ပင်မဝိညာဉ်အမြုတေရှိတဲ့နေရာလဲ မဟုတ်ဘူး။ သူမ သွားချင်တဲ့ ရွှင့်ချန်ဂိုဏ်းဖြစ်နေတာပဲ။
ဒီအချိန်မှာပဲ ဆေးခင်းရဲ့ဘေးကနေ ရုတ်တရက် ရန်ဖြစ်နေတဲ့အသံတစ်ခု ကြားလိုက်ရတယ်။ စူးလီရဲ့မျက်လုံးတွေ လင်းလက်သွားပြီး အသံလာရာဘက်ကို သွားမယ်လို့ ပြင်လိုက်တယ်။
တစ်ချိန်ထဲမှာ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်တာအိုစာအုပ်က ရုတ်တရက် နှစ်ကြိမ်လောက် လင်းလာပြီး သူမကို အပေါက်တွေ ချက်ချင်း ပြင်ခိုင်းနေတဲ့အတိုင်းပဲ။
“ဘာလို့ ငါ့ကို အဲလောက် အတင်းလောနေတာလဲ၊ ငါ ဆင်းလာပြီ မဟုတ်ဘူးလား” စူးလီက ပြီးခဲ့တဲ့လဝက်အတွင်းက သူမ သုံးနေကျ အီးရောပေါရော စကားကိုပဲ တွေဝေမနေဘဲ သုံးလိုက်တော့တယ်။
“ငါ ဒီဖရဲသီး စားပြီးတဲ့ စောင့်အုံး၊ ပြီးရင် အပေါက်သွားပြင်ပေးမယ်”
ကောင်းကင်စာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ငြိမ်သွားအောင် လုပ်ပြီး သူမက ဆေးစိုက်ခင်းအစွန်းနားအထိ သွားလိုက်တယ်။
နောက်တော့ အိတ်ကပ်ထဲ လက်ထည့်ပြီး ပွဲကြည့်တော့တာပဲ။
“ပိုင်ကျစ်ယွင် ငါ မင်းကို အရမ်းအလိုလိုက်ထားမိတာလား” ချီယွီက ပိုင်ကျစ်ယွမ်ရဲ့မေးစေ့ကို လက်တစ်ဖက်နဲ့ ဖျစ်ထားပြီး သူ့ချောမောတဲ့မျက်နှာကတော့ ညိုမည်းပြီး မုန်းတီးမှုအပြည့်ပဲ။
“မင်းကများ အတင့်ရဲလို့ အတွင်းဂိတ်ထဲ သွားရသလား၊ ငါ အရှက်ကွဲလို့ မလောက်မှာကို မင်း စိုးရိမ်နေတာလား”
“ကျွန်မက အတွင်းဂိတ်ကို ဝိညာဉ်ဆေး သွားပို့ပေးခဲ့ရုံပါ၊ ကျွန်မ အစ်ကို့ကို ...ရှာချင်လို့ မဟုတ်ရပါဘူး”
ပိုင်ကျစ်ယွင်ရဲ့ ပိန်ပိန်ပါးပါး ကိုယ်လုံးလေးက မသိမသာ တုန်ယင်နေပြီး သူမရဲ့မျက်နှာကလည်း ဖြူဆုတ်ပြီး စိတ်ညစ်နေတဲ့ပုံပဲ။
“ဆေးလုံးသွားပို့တာ ဟုတ်လား” ချီယွီရဲ့မျက်နှာက ပိုပြီး ဒေါသထွက်လာခဲ့တယ်။ သူက လက်တစ်ဖက်နဲ့ သူမရဲ့ဆံပင် ဆွဲဆောင့်လိုက်ပြီး သူမရဲ့ခေါင်းကို အတင်း ဆွဲပင့်လိုက်တယ်။ သူ့အသံက အရိုးစိမ့်မတတ် အေးစက်စက်နဲ့ရယ်။
“အပြင်စည်းဂိုဏ်းမှာ တခြားသူတွေ မရှိတော့လို့လား၊ မင်း သွားစရာဘာအကြောင်းရှိလို့လဲ”
“နောက်ပြီး မင်းစိုက်ထားတဲ့ ဝိညာဉ်ဆေးပင်တွေအားလုံးက ငါ့လက်ထဲမှာလေ၊ မင်းက ဘယ်သူ့ဝိညာဉ်ဆေးပင်တွေကို သွားပို့နေတာလဲ”
သူက သူမရဲ့မေးစေ့ကို ပင့်ထားတဲ့လက်ကို လွှတ်ပေးလိုက်ပြီး သူမရဲ့နှုတ်ခမ်းထောင့်က သွေးတွေကို ညင်ညင်သာသာနဲ့ သုတ်ပေးလိုက်ပြီးတော့...
“ဒါမှမဟုတ် မင်းဟာမင်း ဝိညာဉ်ဆေးပင်တွေကို ဝှက်ထားတာလား”
“မလုပ်ထားပါဘူး” ပိုင်ကျစ်ယွင်က မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ခေါင်းခါပြလိုက်တယ်။
“တလောတုန်းက ဝိညာဉ်ဆေးပင် တစ်သုတ် ရင့်နေပြီဆိုလို့ ကျွန်မ သူတို့ကို သွားကူပေးခဲ့တာ၊ နောက်ပြီး အတွင်းဂိတ်ကို သွားပို့ပေးဖို့ တာဝန်ပေးလိုက်လို့ပါ”
သူမက ချီယွီရဲ့ သူအပေါ် ဆက်ဆံပုံကို ကျင့်သားရနေပြီးသားဆိုပေမဲ့ သူ သူမကို ဒီလို သံသယဝင်တဲ့အချိန်ဆိုရင် သူရဲ့အထင်လွဲတဲ့စကားတွေကြောင့် သူမရဲ့နှလုံးသား နာကျင်ရတုန်းပဲ။
ချီယွီက နောက်မှ သတိရသွားခဲ့တယ်။ အပြင်စည်းတပည့်တွေအားလုံးကို ပိုင်ကျစ်ယွင်ကို ကောင်းကောင်းဆက်ဆံဖို့ ပြောထားခဲ့တာပဲ။ ဒါကြောင့် ဒီတစ်ခါ သူမရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ဆေးပင်တွေကို သွားခူးခိုင်းခဲ့တာပဲ။ ဒါက သက်သေပဲ။
သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျန်နေတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားမိလိုက်တော့ သူမရဲ့ဆံပင်ကို ဆွဲထားတဲ့ သူ့လက်ကို နည်းနည်းလျှော့ပေးလိုက်ပြီး သူမရဲ့ဆံပင် အသာအယာ သပ်ပေးလိုက်တယ်။
“ယွင်အာ မင်း သိပါတယ်၊ အစ်ကိုက အတွင်းစည်းဂိုဏ်းမှာ ဘာအာဏာမှ ရှိတာမဟုတ်ဘူး၊ နောက်ပြီး ရှေ့ဆက်ဖို့ ခက်နေတယ်၊ အစ်ကို့အားနည်းချက်ကို ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်ဘူး”
“မင်းက ကျင့်ကြံရေးအဆင့်နိမ့်ပြီး ဆက်ဆံရေးလည်း ကောင်းတာမဟုတ်ဘူး၊ မင်းကို အစ်ကို့ရန်သူတွေ ဖမ်းသွားကြရင် ဘယ်သူမှ သတိထားမိလိုက်မှာ မဟုတ်ဘူး”
“အစ်ကိုက မင်းကို မထိခိုက်စေချင်လို့ပါ”
“ကျွန်မ သိပါတယ်” ချီယွီရဲ့နူးညံ့တဲ့စကားကို ခံစားမိလိုက်အပြီးမှာ ဝမ်းနည်းနေခဲ့တဲ့ ပိုင်ကျစ်ယွင်ရဲ့ မျက်လုံးတွေက ကိုယ့်ကိုယ်ကို အပြစ်စိတ်နဲ့ ပြည့်သွားပြန်တယ်။
“ကျွန်မ အမှားပါ၊ ကျွန်မက အတွင်းဂိတ်ကို မသွားခဲ့သင့်ပါဘူး”
သူမရဲ့ကျင့်ကြံရေးအဆင့်က အရမ်းနိမ့်လို့ သူမက ဂိုဏ်းတူအစ်ကိုချီနဲ့ မတန်ပါဘူး။
သူက အရမ်း ပင်ပန်းနေတာတောင် သူမကို နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားပေးသေးတယ်။ သူ သူမကို စိတ်ဆိုးတာလဲ ကျိုးကြောင်းသင့်ပါတယ်လေ။
သူမရဲ့အဖြေကို ကြားလိုက်တော့ ချီယွီက သူ့နှုတ်ခမ်းထောင့်ကို မသိမသာ ပင့်ထားလိုက်ပြီး
“ဒီတစ်ခါတော့ မင်း အမှားမဟုတ်ပါဘူး၊ မင်းကို အတွင်းဂိတ်သွားခိုင်းမှတော့ မင်းလည်း ငြင်းလို့မရဘူးလေ”
ပိုင်ကျစ်ယွင်ရဲ့ဘေးက တပည့်တွေကို ကျဥ်ခိုင်းထားပြီး သူ့ကို အနိုင်ကျင့်ခိုင်းပြီး တစ်ယောက်ထဲ ဖြစ်အောင် လုပ်ခိုင်းထားတာ တန်သွားပြီ။ သူက ပိုင်ကျစ်ယွင်ကို အချိန်အကြာကြီး ဖိနှိပ်ပြီး ချော့ထားခဲ့ရတာ။
အခုတော့ သူ ဘာပဲလုပ်လုပ် သူမက ကျေးဇူးတင်စိတ်နဲ့ လက်ခံလိုက်ဖို့ပဲ ရှိတော့တယ်။
သူက ဝမ်းသာသွားတဲ့ပုံနဲ့ လက်တစ်ဖက်ကို သူမရဲ့ခါးပေါ်တင်ထားလိုက်တယ်။ - သူ စိုက်ထားတဲ့ ဆေးပင်တွေရဲ့ကျေးဇူးနဲ့ သူ ယောင်တန်းတောင်ထွတ်သခင်ရဲ့ မျက်လုံးထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ပြီး သူ့တစ်ဦးတည်းသောတပည့် ဖြစ်လာခဲ့တာလေ။
သူမ ဖော်ထားတဲ့ ဆေးလုံးတွေကလည်း အရမ်းအသုံးဝင်တယ်။ သူမကို သူ့ထိန်းချုပ်မှုအောက်ကနေ လွှတ်ပေးလိုက်လို့မဖြစ်ဘူးလေ။
ဒါကို စဉ်းစားမိလိုက်တော့ သူ့မျက်လုံးတွေက မည်းမှောင်သွားပေမဲ့ သူ့လက်တွေကတော့ သိမ်မွေ့နေတုန်းပဲ။
“ဒါပေမဲ့ ယွင်အာ နောက်တစ်ခါ တစ်ယောက်ယောက်က မင်းကို အပြင်စည်းက ထွက်လုပ်ရမဲ့ တာဝန်ပေးလာခဲ့ရင် အစ်ကိုကလည်း အတွင်းစည်းမှာ လုပ်စရာရှိနေတော့ အစ်ကိုတို့တွေ အရမ်းဝေးသွားလိမ့်မယ်”
“ယွင်အာ အစ်ကို့ဆီမှာ ဝိညာဉ်ချည်နှောင်သံတစ်ခု ရှိတယ်၊ ဒါကို မင်းရဲ့ သိစိတ်နယ်ပယ်ထဲမှာ စိုက်ထားသရွေ့ မင်းကို အပြင်စည်းဂိုဏ်းထဲမှာပဲ ရှိနေအောင် ထိန်းထားလို့ရတယ်”
“ဒီလိုဆိုရင် နောက်ပိုင်း ဘယ်သူကမှ မင်းကို ဒီနေရာက ထွက်သွားခိုင်းဖို့ ဘာအကြောင်းမှ မရှိတော့ဘူး”
“သူ့စကားကို ကြားလိုက်တော့ ပိုင်ကျစ်ယွင်က တအံ့တဩနဲ့ ခေါင်းမော့လိုက်ပြီး အလန့်တကြားနဲ့ သူ့ကို ကြည့်လိုက်တယ်။
“ဒါကို သိစိတ်ပင်လယ်ထဲမှာ စိုက်ထားရမယ်ဟုတ်လား”
သူမ ကြောက်လန့်လန့်နဲ့ ခေါင်းခါရင်း သူ့ကို အသနားခံတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“အစ်ကိုချီ တခြားနည်းလမ်းတစ်ခုတော့ ရှိမှာပါ၊ နော်”
သိစိတ်ပင်လယ်ဆိုတာ ကျင့်ကြံသူတစ်ယောက်အတွက် အရမ်းအရေးကြီးတာ။ သိစိတ်ပင်လယ်ထဲမှာ တစ်ခုခု လုပ်လိုက်ပြီး သူမရဲ့ကျင့်ကြံရေးအဆင့်ကလည်း ဘယ်တော့မှ အဆင့် တက်လာတော့မှာမဟုတ်ဘူး။
“ယွင်အာ”
ချီယွီက သူမရဲ့လက်ကို ကိုင်ထားလိုက်ပြီး ဖြည်းဖြည်းချင်း အားထည့်ရင်းကနေ သူ့အသံထဲမှာ ဖိနှိပ်တဲ့အရိပ်အယောင်တွေ ပါလာခဲ့တယ်။
“မင်းရဲ့ကျင့်ကြံရေးအဆင့်က ချီလေ့ကျင့်ရေးအဆင့်-၄မှာပဲ ရပ်နေတာ ၁၀နှစ်ကျော်နေပြီ၊ ရှေ့ဆက်တိုးတက်အောင် လုပ်ဖို့ ခက်သွားပြီ၊ ဝိညာဉ်ချည်နှောင်သံချောင်းကို စိုက်တာကလဲ ဘာမှ ထိခိုက်တာ ရှိလာမှာမဟုတ်ဘူး”
အစ်ကို့ကို ကူညီတယ်လို့ပဲ သဘောထားလိုက်ပါကွာ၊ ဒါမှ နောက်ပိုင်းကျရင် အစ်ကို မင်းကို စိတ်ပူစရာမလိုတော့မှာ၊ ဟုတ်ပြီလား” ချီယွီက လက်တစ်ဖက်မှာ ဝိညာဉ်ချည်နှောင်သံချောင်းကို ဆော့ကစားနေပြီး သူမကို ညင်ညင်သာသာနဲ့ ချော့ပြောနေလိုက်တယ်။
ပိုင်ကျစ်ယွင်က ချစ်စိတ်မွှန်တဲ့အကြည့်နဲ့ သူ့ကို ကြည့်နေမိတယ်။ သူမက သူရဲ့မဆုံးနိုင်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးတာနဲ့ နေသားကျနေခဲ့တာ ကြာပြီပဲ။
သူမရဲ့ကျင့်ကြံရေးအဆင့်ကလည်း အချိန်ကြာလာတဲ့အထိ ပြောင်းလဲမသွားခဲ့ဘူး။ ဒါက သူ သူမကို စိတ်ပူနေတာ လျှော့ချပေးနိုင်မယ်ဆိုရင်...
သူမက မျက်လုံးတွေကို ဖြည်းဖြည်းမှိတ်လိုက်ပြီး မျက်ရည်တစ်စက်က တိတ်တိတ်လေး ကျဆင်းသွားခဲ့တယ်။
“ကောင်းပါပြီ”
စူးလီက ပီတိဖြာပြီး လှုပ်ရှားတော့မဲ့ ချီယွီကို ကြည့်လိုက်ပြီး အားနည်းကူကယ်ရမဲ့ပြီး အချစ်အတွက် အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတဲ့ ပိုင်ကျစ်ယွင်ကို လှမ်းကြည့်လိုက်တယ်။ သူမရဲ့စိတ်ထဲမှာတော့ သံသယ ရှုပ်ထွေးမှုတွေ အပြည့်ပဲ။
ငါ တစ်ခုခုများ မှားနေတာလား။
အပြင်လောကက အန္တရာယ်ရှိလို့ လူတွေကို ဝိညာဉ်ချည်နှောင်သံချောင်း စိုက်မယ်လို့ ဒီလူက ဘာလို့ ပြောနေတာလဲ။
နောက်ပြီး အမျိုးသမီးကလည်း မငြင်းချင်ဘူးတဲ့လား။
ဒီကိစ္စမှာ တစ်ခုခုလွဲနေတယ်လို့ သူ မစဉ်းစားမိဘူးလား။
စူးလီက လက်တစ်ဖက်နဲ့ မေးထောက်လိုက်ပြီး စိတ်ရင်းနဲ့ ပိုင်ကျစ်ယွင်ကို မေးလိုက်တော့တယ်။
“နင် အခု... တကယ်ပဲ သဘောတူတော့မလို့လား”
ရုတ်တရက်ပေါ်လာတဲ့အသံက သစ်ပင်နားမှာရှိတဲ့ လူနှစ်ယောက်ကို အထိတ်တလန့် ဖြစ်သွားစေခဲ့တယ်။
ချီယွီက ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမက ကြည်လင်လှပတဲ့ရုပ်သွင်တစ်ခု ပိုင်ဆိုင်ထားပေမဲ့ သူမရဲ့မျက်ဝန်းထဲမှာတော့ ထင်ရှားတဲ့ သံသယစိတ်တစ်ခု ပေါ်လွင်နေတယ်။ သိမ်မွေ့ပြီး သဘောထားကြီးတဲ့ သူမရဲ့ကိုယ်နေဟန်ထားက အမှတ်တမဲ့ လူတွေကို သဘောကျသွားစေနိုင်တယ်။
သူမ ဒီနေရာမှာ ဘယ်လောက်ကြာကြာရပ်ခဲ့မှန်း ဘယ်သူမှ မသိလိုက်ဘူး။
သူက သူမရဲ့ကျင့်ကြံရေးအဆင့်ကို အာရုံခံကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က လန့်သွားတဲ့အမူအရာက ဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့တယ်။ သူမက ချီလေ့ကျင့်ခြင်းအဆင့်-၃ တပည့်တစ်ယောက် ဖြစ်နေတာကိုး။
သူ ပိုင်ကျစ်ယွင်ကို လှည့်စားဖို့ ပြောလိုက်တဲ့ စကားတွေ သူမ ကြားသွားရင်တောင် ဘာဖြစ်လဲ။ သူမက သူ့ကို အခြေတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို မေးခွန်းထုတ်ရဲမှာလား။
“ငါ ဂိုဏ်းတူညီမလေးပိုင်နဲ့ ဂိုဏ်းကိစ္စတိုင်ပင်နေတာ မင်း မတွေ့ဘူးလား” ချီယွီက မျက်နှာပေါ်မှာ သိက္ခာရှိတဲ့ရုပ်သွင်နဲ့ လက်ယမ်းပြလိုက်ပြီး
“မြန်မြန်...”
သူ့ စကားမဆုံးခင်မှာပဲ သူမက ရှေ့နှစ်လမ်းတိုးလာတာ မြင်လိုက်ရတယ်။ သူမရဲ့ခြေလှမ်းတွေက အေးဆေးနေပေမဲ့ ရှင်းမပြတတ်တဲ့ ဖိနှိပ်ခြင်းအာရုံတစ်ခုကို ခံစားမိလိုက်တယ်။
ချီယွီက အမှတ်တမဲ့ နောက်ဆုတ်လိုက်ပြီး နောက်ဆုံးတော့ ‘ထွက်သွား’ဆိုတဲ့ စကားကို လုံးဝ မပြောလိုက်ရဘူး။
စူးလီက သူ့ကိုတောင် မကြည့်ပါဘူး။ သူမရဲ့အာရုံက မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ချီယွီကို တမ်းတမ်းတတ ကြည့်နေတဲ့ ပိုင်ကျစ်ယွင်ဆီမှာပဲ။
သူမက ချီယွီကို လှည့်တောင်မကြည့်ဘဲ ဖြတ်သွားလိုက်ပြီး လေးစားမှုအပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ ပိုင်ကျစ်ယွင်ဆီကို လာခဲ့လိုက်တယ်။
စူးလီက သူမကို ကြည့်လိုက်ပြီး စိတ်ရင်းနဲ့ ပြောလိုက်တယ်။
“ဒါကို သည်းခံနိုင်ဖို့ နင့်ခံနိုင်ရည်အားက ဘယ်လောက်ကောင်းလို့လဲ...”
သူမက သိပ်မဝေးတဲ့နေရာမှာ ရှိနေတဲ့ ချီယွီကို လှည့်လိုက်ပြီး ယဉ်ကျေးတဲ့ စကားလုံးတစ်ခုကို ရွေးစဉ်းစားပြီး ပြောလိုက်တယ်။
“ဆန်ကုန်မြေလေး”
သူမရဲ့အသံကို ကြားလိုက်တော့ ပိုင်ကျစ်ယွင်က တအံ့တဩလှည့်လိုက်ပြီး သူမရဲ့အလွန်ကို ရိုးသားတဲ့အကြည့်နဲ့ အကြည့်ချင်းဆုံသွားခဲ့တယ်။ သူမက ချီယွီကိုယ်စား အမှတ်တမဲ့ ဆင်ခြေပေးလိုက်သေးတယ်။
“ရောင်းရင်း ရှင် အထင်လွဲနေတာပါ၊ ဂိုဏ်းတူအစ်ကိုချီက လူဆိုးတစ်ယောက်မဟုတ်ပါဘူး”
“ဒီနေ့ သူက ကျွန်မကို စိုးရိမ်သွားလို့ပါ ဒါကြောင့် သူ....”
ချီယွီရဲ့မျက်နှာက အလန့်တကြား သုန်မှုန်သွားခဲ့တယ်။ သူ အတွင်းစည်းဂိုဏ်းကို ဝင်လာပြီး ခေါင်းဆောင်ရဲ့ တစ်ဦးသောတပည့် ဖြစ်လာပြီးကတည်းက ဘယ်သူမှ သူ့ရှေ့မှာ သူ့ကို ဒီလို မလှောင်ပြောင်ရဲဘူးလေ။
သူက စူးလီ သူ့ကို ဘေးချိတ်ထားပြီး ပိုင်ကျစ်ယွင်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောတာကို တွေ့လိုက်တော့ သူ ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ သူမကို သင်ခန်းစာပေးရမယ်ဆိုပြီး သူ့လက်ထဲက ဝိညာဉ်စွမ်းအင် လှိုင်းကို သူမကို အရှိန်နဲ့ ပစ်သွင်းလိုက်တော့တယ်။
သူက စူးလီနဲ့ လက်ဝါးတစ်ခုစာ အကွာအဝေး ရောက်လာတဲ့အချိန်မှာပဲ ရုတ်တရက် တောင်ကြီးတစ်လုံးက သူ့အပေါ် ဖိထားသလို ခံစားလိုက်ရပြီး မြေကြီးပေါ် လဲကျသွားပြီးတော့ မလှုပ်နိုင်အောင် ဖြစ်သွားခဲ့တယ်။
စူးလီက သူ့လုပ်ရှားမှုတွေကို သတိမထားမိတဲ့ပုံပဲ။ သိချင်စိတ်တွေနဲ့ ပိုင်ကျစ်ယွစ်ကိုပဲ ကြည့်နေလိုက်ပြီး “သူက နင့်ကို စိတ်ပူနေတာလို့ ပြောလိုက်တာလား”
ပိုင်ကျစ်ယွင်ရဲ့အာရုံက လဲကျသွားတဲ့ ချီယွီဆီ လုံးဝရောက်သွားခဲ့တယ်။ သူက ကပျာကယာနဲ့ ရှေ့ကို နှစ်လှမ်းလောက် လှမ်းလိုက်ပြီး သူ့ကို တွဲထူပေးဖို့ ကြိုးစားလိုက်တယ်။
စူးလီက အပြုံးတစ်ခုနဲ့ ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူမရဲ့မြင်ကွင်းကို ကွယ်ထားလိုက်ပြီး လေသံထဲမှာ သံသယဖြစ်နေတဲ့အရိပ်အယောင်နဲ့ ပြောလိုက်တော့တယ်။
“သူက နင့်ဆီမှာ ဝိညာဉ်ချည်နှောင်သံချောင်း စိုက်တာက နင့်ကို စိတ်ပူလို့လို့ နင်က ထင်နေတာလား”
ပိုင်ကျစ်ယွင်က တွေဝေမနေဘဲ ခေါင်းညိတ်လိုက်ပြီး “အင်းပေါ့”
“ကျွန်မရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်တယ်လေ၊ ကျွန် အပြင်ဘက်ကို ထွက်ရင် အန္တရာယ် တွေ့နိုင်တယ်၊ ဒီနေရာမှာ နေတာကအလုံခြုံဆုံးပဲ”
“အစ်ကိုချီက ကျွန်မကောင်းဖို့အတွက် ဒီလို လုပ်တာပါ”
“ဟုတ်တယ်၊ ငါက သူကောင်းဖို့အတွက် လုပ်ခဲ့တာ” မြေကြီးပေါ်မှာ လဲကျနေတဲ့ ချီယွီက ခေါင်းကို မဝံ့မရဲ မော့လိုက်ပြီး သူ့ကိုယ်သူ ဆင်ခြေပေးဖို့ ပိုင်ကျစ်ယွင်ရဲ့စကားကို ထောက်ခံလိုက်တယ်။ “ငါက သူ့ကို ကာကွယ်ပေးချင်ရုံသက်သက်ပါ”
“ငါ နားလည်ပြီ” သူတို့ရဲ့အဖြေကို ကြားလိုက်ရပြီးနောက်တော့ စူးလီက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
သူမက ချီယွီရှိတဲ့ဘက်ကို လှည့်လျှောက်လာပြီး “ငါ ထင်တာမမှားရင် နင့်ကျင့်ကြံရေးအဆင့်က အခြေတည် ကနဦးအဆင့်ပဲ ရှိပါသေးတယ်”
“ဒီကျင့်ကြံရေးအဆင့်နဲ့ဆိုရင် နင် ဂိုဏ်းထဲက ထွက်တာနဲ့ သေချာပေါက် အန္တရာယ် ကြုံရမှာပဲ”
ဒီအရမ်းကို ရင်းနှီးတဲ့ စကားလုံးတွေကို ကြားလိုက်ရတော့ ချီယွီ ရုတ်တရက် တောင့်တင်းသွားပြီး သူ့မျက်လုံးတွေလဲ ကြောက်စိတ်အပြည့် ဖြစ်သွားခဲ့တယ်။
စူးလီက ဆက်ပြောတယ်။
“ဒါက ရှင့်ကို ချစ်တဲ့လူတွေကို စိုးရိမ်စရာဖြစ်စေမှာပဲလေ”
သူမက ချီယွီရဲ့ဘယ်ဖက်ခြမ်းကို လျှောက်သွားလိုက်ပြီး သူ့လက်ထဲက ဝိညာဉ်ချည်နှောင်သံချောင်းကို အသာလေး ဆွဲယူလိုက်ပြီး “ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဝိညာဉ်ချည်နှောင်သံချောင်းကို စိုက်ထားသရွေ့ ပြဿနာအားလုံးကို ဖြေရှင်းပြီးသွားလိမ့်မယ်”
“မလုပ်...” ကြောက်စိတ်ကြောင့် ပေါက်ထွက်လာတဲ့ ချီယွီရဲ့အသံ။
“မလုပ်___”ပိုင်ကျစ်ယွင်က မျက်နှာပေါ်မှာ စိတ်လှုပ်ရှားပြီး စိုးရိမ်နေတဲ့အကြည့်နဲ့ ပြောလိုက်တယ်။
သူတို့နှစ်ယောက်လုံး တပြိုင်ထဲ တားလိုက်သံကို ကြားလိုက်တော့ စူးလီက ဇဝေဇဝါနဲ့ ကြည့်လိုက်ပြီး
“ဝိညာဉ်ချည်နှောင်သံချောင်း စိုက်တာက ကောင်းတဲ့ကိစ္စပဲလို့ နင်တို့နှစ်ယောက်လုံး ပြောခဲ့တယ်မလား”
“ဘာလို့ ကောင်းတဲ့ကိစ္စကို တွန်းထုတ်နေကြသေးတာလဲ”
ပိုင်ကျစ်ယွင်က ခဏလောက် တုံ့ဆိုင်းသွားပြီး ချီယွီအတွက် ခုခံပေးချင်သွားတယ်။
ချီယွီကတော့ စူးလီရဲ့လက်ထဲက ဝိညာဉ်ချည်နှောင်သံချောင်းက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေပြီလို့ ခံစားလိုက်ရပြီး ပိုင်ကျစ်ယွင် စကားမစောင့်ဘဲ သူ့အမှားကို ဝန်ခံလိုက်ပြီး စဉ်းစားမနေတော့ဘဲ အသနားခံတော့တယ်။
“ငါ မှားသွားပါတယ်၊ ဒီမကောင်းတဲ့ပစ္စည်းကို ယွင်အာဆီမှာ မသုံးခဲ့သင့်တာပါ”
“ငါ နောက် မလုပ်တော့ပါဘူး”
သူက မျက်ရည်လည်ရွဲနဲ့ တောင်းပန်ရင်း သူ့ဆရာ သူ့ကို ပေးထားတဲ့ အသက်ကယ်အဆောင်ကို ချေဖျက်ဖို့ ဝိညာဉ်စွမ်းအင်တွေအားလုံးကို ခိုးသုံးလိုက်တယ်။
အသက်ကယ်အဆောင်က ထွက်လာတဲ့ ဝိညာဉ်စွမ်းအင်ကို မြင်လိုက်တော့ ခေါင်းထောင်ဖို့ ရုန်းကန်လိုက်ပြီး ဆိုးညစ်တဲ့အကြည့်နဲ့ စူးလီကို ကြည့်လိုက်တယ်။
“ငါ့ဆရာ ဘယ်သူလဲ မင်း သိလား”
“ခဏနေ သူငါ့ကို လာကယ်တော့မှာ၊ မင်း ငါ့ကို အခုလွှတ်ပေးရင် မင်းအသက်ကို ချမ်းသာပေးဖို့ ငါ့ဆရာကို တောင်းဆိုပေးလို့ရတယ်၊ မဟုတ်ရင်တော့...”
“ရှင့်ဆရာက...” စူးလီက သိစိတ်ပင်လယ်ထဲ ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ စိတ်အာရုံကို စုစည်းလိုက်ပြီး ပြန်ဖြေလိုက်တယ်။
“ယောင်တန်းတောင်ထွတ်ရဲ့ အတွင်းစည်းဂိုဏ်းချုပ် လျန်ချန်းကျုံ့ လား”
သူမ စကားဆုံးသွားတာနဲ့ လျန်ချန်ကျုံ့ရဲ့ ထည်ဝါလှတဲ့ပုံရိပ်က သူတို့သုံးယောက်ရှေ့မှာ ပေါ်လာခဲ့တယ်။
“ ဆရာ၊ ဆရာ နောက်ဆုံးတော့ ရောက်လာပြီ” ချီယွီက လျန်ချန်းကျုံ့ကို မြင်တော့ ဝမ်သာသွားပြီး ရုန်းကန်ရင်း အော်ဟစ်တော့တယ်။
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါအုံး၊ ဒီစုန်းမ ကျွန်တော့်ကို သ-တ်ချင်နေတာ”
လျန်ချန်းကျုံ့က မြေကြီးပေါ်မှာ လဲကျနေတဲ့ တပည့်ကို ကြည့်လိုက်ပြီး သူ့ဘေးမှာ ရပ်နေတဲ့ စူးလီကို ကြည့်လိုက်တယ်။ သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး သူမရှိတဲ့ဘက်ကို ရွှေဆေးလုံးတွေနဲ့ လှမ်းပစ်လိုက်တယ်။
“ရွှင့်ချန်ဂိုဏ်းက ငါ့တပည့်တွေကို ဘယ်သူ အနိုင်ကျင့်ရဲတာလဲ”
စူးလီက လေပြေလေး ဖြတ်တိုက်သွားသလိုပဲ ခံစားလိုက်ရပြီး ဘာမှ မခံစားလိုက်ရဘူး။
သူမက ကောင်းကင်စာအုပ်ထဲက ဖရဲသီးကို ကြည့်လိုက်ပြီး ဘာအမူအရာ လုပ်ရမယ်မှန်းတာင် လုံးဝမသိတော့ဘူး။
[ချီယွီက မိန်းမတွေအများကြီးနဲ့ ပရောပရီလုပ်ပြီး သီလရှင်တွေကိုလဲ လှည့်စားခဲ့တာ လျန်ချန်းကျုံ့က သိရဲ့လား]
အပြင်လောကရဲ့အသံ။
လျန်ချန်းကျုံ့က အပြင်လောကရဲ့အသံ ထူးထူးဆန်းဆန်း ပေါ်လာတာကို ကျင့်သားရနေပြီးသားဆိုပေမဲ့ ဒီတခါ ဖရဲသီးက သူ့တပည့်အကြောင်း ဖြစ်လိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။
ဒါက ယောကျ်ားနဲ့မိန်းမတွေကြားက စိတ်ကူးချစ်မှုရေးရာတွေပဲ။ တစ်ယောက် ဆန္ဒရှိမှာတော့ ကျန်တဲ့တစ်ယောက်ကလည်း လိုလိုလားလား အနိုင်ကျင့်ခံမှာပေါ့။
ဒါက လူအများကြီးကို လှည့်စားနိုင်တဲ့ သူ့တပည့်ရဲ့အရည်အချင်းပဲ။
အခုချိန်မှာ အရေးအကြီးဆုံးက ချီယွီကို ကယ်ဖို့ပဲ။
သူက ရွှေဆေးလုံးရဲ့ သက်ရောက်မှု လုံးဝ မခံစားလိုက်ရတဲ့ စူးလီကို ကြည့်လိုက်ပြီး သူ့အမူအရာက နည်းနည်းပိုပြီး ပြင်းထန်လာခဲ့တယ်။
ကြည့်ရတာ ဒီလူမှာ အကာကွယ်မှော်လက်နက်တစ်ခု ရှိတဲ့ပုံပဲ။
ဒါပေမဲ့.... မှော်လက်နက်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေအုံးတော့ သူက ချီလေ့ကျင့်ခြင်းအဆင့် တပည့်တစ်ယောက်ပဲ။ သူ လုပ်ချင်ရင် သူ သူမကို အချိန်မရွေး နင်းခြေလိုက်လို့ရတယ်။
စူးလီက သူ့စဉ်းစားနေသည့်ကိစ္စကို ဂရုမစိုက်ချေ။ သူမက မျက်တောင်လေး ခတ်ကာ ခုနက ချီယွီရဲ့အပြုအမူကို သုံးသပ်နေလိုက်တယ်။
“ရှင့်တပည့်က သူ့ကိုချစ်တဲ့ တခြားတပည့်ဆီမှာ ဝိညာဉ်ချည်နှောင်သံချောင်း စိုက်ချင်နေတာ ရှင် သိလား’
“ဒါက နောက်လိုက်တပည့်တွေကို အန္တရာယ်ဖြစ်စေတဲ့ပုံပဲ ဟုတ်တယ်မလား”
လျန်ချန်းကျုံ့က သူ့ကြောင့် အထိတ်တလန့်ဖြစ်ပြီး နေရာမှာ ကြောင်တောင်တောင်နဲ့ ရပ်နေတဲ့ ပိုင်ကျစ်ယွင်ကို လှမ်းကြည့်လိုက်ပြီး သူမက အဆင့်-၄ ချီလေ့ကျင့်ခြင်းအဆင့်မှန်း ခံစားလိုက်ရတယ်။ သူ့မျက်လုံးထဲတွင် အထင်သေးတဲ့အရိပ်တစ်ယောက် ဖျတ်ခနဲ ဖြစ်သွားခဲ့တယ်။
သူက မျက်နှာပေါ်မှာ သဘောမကျတဲ့အကြည့်နဲ့ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်တယ်။
“ဒီလို ကိစ္စမျိုးက နှစ်ဦးနှစ်ဖက်ကျေနပ်လို့ လုပ်တဲ့ကိစ္စပဲ”
“ဆရာတစ်ယောက်အနေနဲ့ သူတို့ရဲ့စိတ်ကို ပြောင်းလဲဖို့ ငါ့အရှိန်အဝါကို သုံးပြီး ဖိအားပေးလို့ရမှာလဲ”
“မင်းမှာလဲ မင်းအကြောင်းနဲ့ဆိုတော့ ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်” လျန်ချန်းကျုံ့က စူးလီကို ကြည့်လိုက်ပြီး သူ့ကိုယ်ပေါ်မှာ ဘယ်ဂိုဏ်း၊ ဘယ်မိသားစုရဲ့ ဝိညာဉ်အမှတ်အသားမှ မရပါတာကို ခံစားမိလိုက်တယ်။ သူက စဉ်းစဉ်းစားစားနဲ့ သူ့နှုတ်ခမ်းထောင့်ကို ပင့်ထားလိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ။ အခုတလော သူ့မိန်းမက ရွှေဆေးလုံးရဲ့ တိုက်ခိုက်ခံရတာကနေ ကာကွယ်နိုင်တဲ့ မှော်လက်နက်တစ်ခု လိုချင်နေတာ။
သူ့လက်ထဲမှာ စုစည်းထားတဲ့ ဝိညာဉ်စွမ်းအင်းတွေနဲ့ သူက ပြောလိုက်တယ်။
“မင်း အခုနေ အကာအကွယ်လက်နက်ကို လွှဲပေးလိုက်ရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်၊ မဟုတ်လို့ကတော့...”
စူးလီက သူ့ပြန်ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတော့ ကောင်းကင်စာအုပ်ထဲက အစိမ်းရောင်နဲ့ ရေးထားတဲ့ စာလုံးတွေကို ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားလိုက်တယ်။
[ကျင့်ကြံရေးလောကမှာ နှစ်ယောက်လုံးက ဆန္ဒရှိရင် ဒီလိုကိစ္စမျိုး လုပ်လို့ရတာကိုး]
[ကြည့်ရတာ လျန်ချန်းကျုံ့က သူ့မိန်းမနဲ့ ချီယွီတို့ နောက်ကွယ်မှာ ရှုပ်နေကြတာ သိရင်တောင် သူ ဂရုစိုက်မှာ မဟုတ်ဘူးပေါ့]
[နောက်ဆုံးက ဒါက လူနှစ်ဦးကြားက အပြန်အလှန်သဘောတူညီမှုတစ်ခုဆိုတော့]
လျန်ချန်းကျုံ့က ငြိမ်ပြီးရပ်နေမိပြီး သူ့လက်က စုစည်းထားတဲ့ ဝိညာဉ်စွမ်းအင်တွေကလည်း ရုတ်ခြည်းဆိုသလို အစအနမကျန်အောင် ပျောက်သွားခဲ့တယ်။
သူ့တပည့်နဲ့ သူ့မိန်းမ ဟုတ်လား။
မဖြစ်နိုင်ဘူး။
သူက မျက်နှာကို ရှုံ့မဲ့လိုက်တယ်။ သူ့မိန်းမနဲ့ သူးတပည့်ကိုတော့ လုံးဝ သံသယဖြစ်စရာ မရှိပါဘူး။
သူ့မိန်းမက သိမ်မွေ့လှပပြီး အရမ်းကို သိုသိုသိပ်သိပ်နေတတ်တာ။ သူတို့တွေကို နက်နက်ရှိုင်းရှိုင်း ချစ်ကြတာပဲ။ သူ့တပည့်တွေက သူ့ကို အဖေလို့ သဘောထားပြီး သူတို့ရဲ့ဆရာကို လေးစားတယ်။ သူ့အပေါ်လဲ အရမ်းကို လိမ္မာသိတတ်တာပဲ။
သူတို့နှစ်ယောက်ဆိုတာ လုံးဝမဖြစ်နိုင်ခြေ မရှိဘူး။
စူးလီက ဖရဲသီးစားနေရတာကို အရမ်းစိတ်ဝင်စားသွားပြီး သူမရဲ့မျက်လုံးတွေက လှုပ်ရှားလာခဲ့တယ်။ သူ့မှာ တခြားကိစ္စတွေကို စိတ်ဝင်စားနေဖို့ အချိန်မရှိတော့ဘူး။
[လျန်ကတော်က ချီယွီအပေါ် တကယ်ကောင်းတာပဲ၊ သူက လျန်ချန်းကျုံ့ သူကို ပေးထားတဲ့ နှစ်တစ်ထောင်ချည်လုံးကို သုံးပြီး ချီယွီရဲ့အဝတ်အစားတွေကို ပြင်တယ်တဲ့]
[ဝိုး~ လျန်ကတော်က ကိုယ်တိုင်လဲ အင်္ကျီချုပ်ပေးသေးတယ်]
[သူတို့တွေက အချင်းချင်း မချစ်ကြဘဲနဲ့ ဒီလို လိုလိုလားလား လုပ်ပေးတာလို့ပြောရင် ဘယ်သူက ယုံမှာလဲ]
လျန်ချန်းကျုံ့က ရုတ်တရက်လှည့်ပြီး ချီယွီကို ကြည့်လိုက်တယ်။
သူက အဆက်မပြတ် ရုန်းကန်လိုက်ပြီးနောက်မှ ပေါ်လာတဲ့ ချီယွီရဲ့အတွင်းအင်္ကျီပေါ်က ပိုးချည်ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့တယ်။
နှစ်တစ်ထောင်ပိုးချည်တွေက အင်မတန်မှ မာကြောပြီး ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး စွမ်းအင်တွေရှိလို့ အရမ်းကို ရှားပါးတဲ့ပစ္စည်း။
ယောင်တန်းတောင်ထွတ်သခင်အနေနဲ့ မမျှော်လင့်ဘဲ ရထားခဲ့တဲ့ဟာကို သူ့မိန်းမကို ပေးလိုက်တာလေ။
ဘယ်လိုဖြစ်ပြီး ဒါက သူ့တပည့်ဆီမှာ ရောက်နေတာလဲ။
သူတို့တွေ တကယ်ပဲ...
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
သူ့မိန်မးက ဒီလိုအဆင့်နိမ့် မျက်နှာများပြီး စိတ်ကောင်းမရှိတဲ့ကောင်ကို စိတ်ဝင်စားနိုင်မှာလဲ။
ကောင်းကင်ရဲ့အပြင်က အသံက သူ့မေးခွန်းတွေကို ပြန်ဖြေပေးနေတဲ့အတိုင်းပဲ။
[ပြောပါတယ် လျန်ကတော်က စွမ်းအားကြီးပြီး အဲလောက်လှတာ၊ သူက ဘယ်လိုလုပ်ပြီး ချီယွီကို စိတ်ဝင်စားနိုင်မှာလဲ]
[ဪ ... သူ့ကြောင့်ကိုး_____]
[သူမက အိပ်ရာထဲမှာ အရမ်းကောင်းတာတဲ့ဟဲ့]
ဒီသတင်းက သူ့ခေါင်းကို ပေါင်တူနဲ့ ထုလိုက်သလိုပဲ သူ့သိစိတ်ပင်လယ်က တုန်ခါသွားပြီး ပါးစပ်အပြည့် သွေးတွေ အန်ထွက်လာပြီး မထိန်းနိုင်တော့ဘဲ ခြေနှစ်လှမ်းလောက် ယိုင်သွားခဲ့တယ်။
သူမက အရမ်းကို စင်ကြယ်တာလေ။ ဘယ်လိုလုပ်ပြီး သူက...
သူ့မိန်းမကို ပြုစားခဲ့တာ ဒီကောင်ချီယွီပဲ ဖြစ်ရမယ်။ သူက ချီယွီကို သုန်မှုန်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်နေလိုက် လူသေတစ်ယောက်ကို ကြည့်နေတဲ့အတိုင်းပဲ။
ကောင်းကင်ရဲ့အသံက ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့တယ်။
[ကျွတ် ကျွတ်... ချီယွီက မနေ့က အိပ်ရာထဲကမှာ သူ့ဆရာရဲ့မိန်းမကို မေးလိုက်သေးတယ်ဟဲ့... ဘယ်သူက ပိုကောင်းလဲ သူလား သူ့ဆရာလားတဲ့~ ~]
[ဆရာ့မိန်းမရဲ့အဖြေက_____]
[နင်က အရမ်းကောင်းတာပဲတဲ့၊ နင့်ဆရာက နင့်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲတဲ့ ဟား ဟား ဟားဟားဟား]
“ဝေါ့--“
လျန်ချန်းကျုံ့ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးအန်သွားတော့တယ်။
...