စူးလီတစ်ယောက် အချိန်ခရီး သွားပြီးတဲ့နောက် ကျင့်ကြံခြင်းလောကရဲ့ ကောင်းကင်တာအို ဖြစ်လာခဲ့တယ်။ စူးလီ စဉ်းစားထားတာက ကောင်ကင်းတာအိုဆိုတာ လူတိုင်းရဲ့အထက်မှာရှိပြီး သူ လုပ်ချင်တာ လုပ်နိုင်တဲ့သူပေါ့လေ။ တကယ်တမ်းကျတော့ ကောင်းကင်တာအို က အပေါက်အပြဲအပြည့်နဲ့ သူ့ရုံးခန်းကို စူးလီဆီ လွှဲပေးခဲ့ပြီး ထွက်ပြေးသွားပါလေရော။ စူးလီတစ်ယောက် ပြင်ဆင်စရာအပြည့်ဖြစ်နေတဲ့ ကျင့်ကြံခြင်းလောကကြီးရဲ့များပြားလှတဲ့ ယိုပေါက်တွေကို ကြည့်ပြီး ဆွံ့မိတော့တယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ ကျင့်ကြံခြင်းလောကကြီး ပျက်စီးဖို့ကလဲ နှစ်တစ်ထောင်ကျော်လောက် လိုသေးတာပဲ။ အရင်ဆုံး ဖရဲသီးလေးနည်းနည်းလောက် ထိုင်စားကြတာပေါ့။ တစ်နေ့မှာတော့ ကျင့်ကြံခြင်းလောကကလူတိုင်းက ရုတ်တရက်ကြီး ကောင်းကင်တာအိုရဲ့ အသံကို ကြားလိုက်ကြတယ်။ [ကျွတ် ကျွတ်... ကျင့်ကြံသူမိသားစုက ကိုးကွယ်ကြတဲ့ ကြမ္မာသမီးတော်က အတုကြီးဖြစ်နေတာကိုး၊ နောက်ဆုံးမှာ မိသားစုတွေ သုတ်သင်ခံလိုက်ရတာလဲ မထူးဆန်းဘူး] မိသားစုဝင်အားလုံး : !!! စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဘက်လိုက်တတ်တဲ့ မိဘတွေက ညီအစ်မနှစ်ယောက်ရဲ့ ကံကြမ္မာကို လဲပြီး သူတို့ကို လှည့်စားခဲ့တာ ဖြစ်နေမှန်း သိလိုက်ကြရတယ်။ သူတို့ကို ဥပဒေအတိုင်း အပြစ်ပေးလိုက်ပြီးတော့ ကြမ္မာသမီးတော်အစစ်ကို ကြိုဆိုလိုက်ကြတယ်။ တစ်ဖက်လူကလည်း မျိုးနွယ်ရဲ့အထွတ်အမြတ်ထားတဲ့ပစ္စည်းတွေကို နိုးထစေပြီး မျိုးနွယ်ကို ကြွယ်ဝချမ်းသာအောင် လုပ်ပေးလိုက်တယ်။ မိသားစုဝင်အားလုံး : ကောင်းကင်တာအိုက ငါတို့ကို တကယ်ပဲ မျက်နှာသာပေးတာပဲ။ - [အမလေး... ဓားသိုင်းကျင့်ကြံသူက သူ့ရဲ့ မွေးရာပါဓားကို သုံးပြီး မဖွယ်မရာ လုပ်သတဲ့၊ နောက်တော့ အဲဒီကနေ မွေးဖွားလာခါစ ဓားဝိညာဥ်က အရမ်းကို စိတ်ဆိုးလို့ ‘အဲဒီဟာ’ကို ချက်ချင်း ဖြတ်ပစ်လိုက်တာတဲ့လား] အားလုံး : !! ဓားသိုင်းကျင့်ကြံသူ : ဓားဝိညာဉ်ကို ဒီလိုလုပ်ယူရတာကိုး၊ ကောင်းကင်တာအိုရဲ့ သင်ကြားပြသပေးခြင်းအတွက် ကျေးဇူးတင်ပါတယ် အဲဒီအချိန်ကစပြီး ဓားသိုင်းကျင့်ကြံသူတွေအကြောင်း ဟာသတစ်ပုဒ်က အမတကျင့်စဉ်လောက်မှာ ပျံ့နှံ့သွားခဲ့တယ်။ တစ်ခါတုန်းက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရှိသတဲ့.... နောက်တော့ ဘာဖြစ်သွားလဲ... ဒါပဲလေ။ နောက်ပိုင်းကျတော့- လူယုတ်မာတစ်ယောက်ရဲ့ အသုံးချတာ ခံရပြီး သေတော့မဲ့ အပြင်စည်းတပည့်က ရုတ်တရက်ကြီး ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီးတော့ စူးလီကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်တော့တယ်။ မိဘတွေရဲ့ ဘက်လိုက်မှုကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့ သမီးကြီးက ကံကြမ္မာပြောင်းလဲသွားပြီး ကောင်းကင်တာအိုဆီက လက်ဆောင်တစ်ခု ရခဲ့ပြီးတော့ ဓားဝိညာဉ်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီး ကောင်းကင်တာအိုရဲ့ သစ္စာအရှိဆုံး နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့တယ်။ လူဆိုးတစ်ယောက်ရဲ့ ချောက်ချခံရပြီး ဂိုဏ်းထဲက ထုတ်ပယ်ခံလိုက်ရတဲ့ အကြီးဆုံးအစ်ကိုကလည်း သူ့ရန်ငြိုးကို ရှင်းလင်းပြီးတဲ့နောက်မှာ သမာသမတ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ဒါပေမဲ့ သူလဲ စူးလီရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့တာပဲတဲ့။ .... စူးလီက ဖရဲသီးစားပြီးလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့- ဝိုး... ထူးထူးဆန်းဆန်း ယိုပေါက်တွေကို ပြင်ပြီးသားဖြစ်နေပါလား။ ဝိုး..အဓိကဂိုဏ်းကြီးတွေနဲ့ မိသားစုကြီးတွေက တကယ်တော့ ကောင်းကင်တာအိုရဲ့ မျက်နှာသာအပေးခံရဆုံးလူနေရာတွက် ရန်ဖြစ်နေကြတာလား။ ဝိုး... ဘာကြောင့်များ အမတကျင့်ကြံသူတိုင်းမှာ လရောင်ဖြူတစ်ယောက်တော့ ရှိနေပုံ ပေါ်ရတာလဲ။ ဝိုး... အဲဒီလရောင်ဖြူက တကယ်တော့ ငါ ဖြစ်နေတာပဲ။

