← Chapters

အခန်း ၁၆၅

Vol. 11 Ch. 165

အခန်း ၁၆၅

Vol. 11 Ch. 165

အပိုင်း (၁၆၅) အချပ်ပို ၁

အန္တိမ ဝိညာဥ်ချောက်နက် တိုက်ပွဲပြီးသွားကတည်းက ကျင့်ကြံရေးလောကက နှစ်ပေါင်းထောင်ချီအတွင်း ရှားပါတဲ့ အေးချမ်းတဲ့အခြေအနေတစ်ခုကို ပြန်လည်ကြိုဆိုနိုင်ခဲ့တယ်။

ကျင့်ကြံရေးလောကထဲမှာလည်း ဝိညာဥ်စွမ်းအင်တွေက အများအပြား တိုးတက်လာခဲ့ပြီး ကံကောင်းခြင်းတွေကလည်း ကျဆင်းနေရာမှ တစ်ဖန်ပေါများကြွယ်ဝလာကာ ထူးခြားတဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေလည်း ပေါ်ထွက်လာခဲ့တယ်။

အပြောင်းအလဲပေါင်းများစွာကလည်း ဂိုဏ်းကြီးခြောက်ခုထဲမှာ ဖြစ်ပျက်သွားခဲ့တယ်။

ကျန့်ရွှမ်ရဲ့အကူအညီနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက တစ်ချိန်က အချမ်းသာဆုံး ရွှင့်ချန်ဂိုဏ်းထက်သာလွန်သွားပြီး ကျင့်ကြံရေးလောကထဲမှာ အချမ်းသာဆုံး ဂိုဏ်းတစ်ခု ဖြစ်လာခဲ့တယ်။

ဂိုဏ်းထဲမှာလည်း ထူးခြားတဲ့ကံကြမ္မာတွေပိုင်ဆိုင်ထားတဲ့ မရေမတွက်နိုင်တဲ့တပည့်တွေရှိလာခဲ့တယ်။ ဂိုဏ်းက ပေါများကြွယ်ဝလာခဲ့ပြီး အရင်တုန်းကလို အကြွေးထူထပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ လုံးဝမတူတော့ဘူး။

ရွှင်ချန်ဂိုဏ်းကတော့ ပိုင်ကျစ်ယွမ်လို့ ဧည်အကြီးအကဲရဲ့ အရည်အချင်းတွေကို မှီခိုအာထားပြီး ကျင့်ကြံရေးလောကထဲမှာ မျိုးတုန်းပျောက်ကွယ်သွားတာ ကြာခဲ့ပြီဖြစ်တဲ့ မရေမတွက်နိုင်တဲ့ ဝိညာဥ်ဆေးပင်တွေကို သုတေသနလုပ်ခဲ့ပြီး သက်ဆိုင်ရာဆေးလုံးတွေကိူ ဖော်စပ်နိုင်ခဲ့ကာ ဂိုဏ်းတိုးတက်ဖို့အတွက် လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။

ဝမ့်ကျန့်ဂိုဏ်းအတွက်တော့ ဂိုဏ်းက ကျင့်ကြံသူတွေရဲ့ မပင်မပန်း ဝီရိယရှိရှိနဲ့ ကိုယ်ဟာကိုသင်းကွပ်ခြင်း နည်းလမ်းကျေးဇူးကြောင့် သူတို့ရဲ့ကြိုးစားအားထုတ်မှုကလည်း အကျိုးဖြစ်ထွန်းလာခဲ့ပြီး နောက်ဆုံးတော့ မွေးချင်းဓားပေါင်းများစွာကလည်း ဓားဝိညာဥ်တွေကို မွေးဖွားပေးခဲ့တယ်။ အမျိုးသားကျင့်ကြံသူနဲ့ အမျိုးသမီးကျင့်ကြံသူတွေ အပါအဝင်ပဲ... ဒါပေမဲ့ အခုတော့ ကျင့်ကြံရေးလောကထဲက မကောင်းတဲ့လူတွေက အန္တရာယ်ကျရောက်လာခဲ့ပြီး သူတို့တွေက မျက်လုံးနီနီနဲ့ အမျိုးသမီးဓားသိုင်းကျင့်ကြံသူတွေရဲ့ ပစ်မှတ်ထားခံရမှာ ကြောက်ရွံ့နေရတော့တယ်။

ထျန်းကျီးဂိုဏ်းကတော့ အန္တိမဝိညာဥ်ချောက်နက်ကြီးထဲမှာ ကောင်းကင်အစွမ်းကို နက်နက်နဲနဲ ပိုပြီးနားလည်ခဲ့ပြီး ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်နိုင်မဲ့ ကျင့်ကြံသူတစ်ယောက်ချင်းစီရဲ့ အရည်အချင်းကလည်း တိုးတက်လာပြီး တိကျလာခဲ့တယ်။ ကျင့်ကြံသူအများအပြားကလည်း ဆက်ပြီးတော့ တွက်ချက်မှုတွေ ပြုလုပ်ပေးခဲ့ကြတယ်... ဒါပေမဲ့လည်း ကြီးမြတ်သူချင်းဖုန်းက ဘယ်လိုပဲ ကတိပေးနေပါစေ ဘယ်သူကမှ သူ့ရှေ့ကို မလာရဲကြဘူး။

ဟယ်ဟွမ်းဂိုဏ်းကတော့ မရေမတွက်နိုင်ရဲ့ အမျိုးသမီးကျင့်ကြံသူတွေ နားခိုရာနေရာတစ်ခု ဖြစ်လာခဲ့တယ်။ အခုဆိုရင် ပတ်ဝန်းကျင်ကမြို့တွေထဲမှာ ဆယ်လနဲ့ကိုယ်ဝန်ဆောင်ကြတဲ့ အမျိုးသားကျင့်ကြံသူတွေ အများကြီးရှိလာခဲ့တယ်။ ဟယ်ဟွမ်ဂိုဏ်းမှာ အတိဒုက္ခ ကျော်ဖြတ်ခြင်းကျင့်ကြံသူ နောက်တစ်ယောက်နဲ့ မဟာယနကျင့်ကြံခြင်းအဆင့် ကြီးမြတ်သူ အများအပြား ရှိလာခဲ့တယ်။ မျိုးဆက်နဲ့ အနာဂတ်အတွက် ထပ်ပြီးစိုးရိမ်ပူပန်စရာမလိုတော့ဘူး။ အနာဂတ်က လှပလို့နေတယ်။

ချန်ဖူဂိုဏ်းရဲ့ ချန်ဖူဂိုဏ်းသားတွေကတော့ ကျင့်ကြံသူတွေကို ပြောင်းလဲဖို့အတွက် အရင်တုန်းကထက် ပိုများတဲ့နည်းလမ်းတွေကို လတ်တလောမှ အသုံးချလာခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်မှာ အချိန်အကြာကြီးပိတ်ဆို့နေခဲ့တဲ့ ဟွိုက်ချင်းကလည်း ကျင့်ကြံသူပေါင်းများစွာကို အောင်အောင်မြင်မြင် ပြောင်းလဲပေးနိုင်ခဲ့ပြီး နောက်ဆုံးတော့ မဟာယန ကျင့်ကြံသူအဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ ကျင့်ကြံရေးလောကထဲမှာ နာမည်ကြီးတဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တယ်။

အသစ်ရွေးချယ်ထားခဲ့တဲ့ ခုနှစ်ခုမြောက်ဂိုဏ်းကြီးကတော့ ဝိညာဥ်ဝါးမျိုခြင်း ကြီးမြတ်သူနဲ့ တာအိုဆရာကြီးကူမင်တို့အပါအဝင် ကျင့်ကြံသူပေါင်းများစွာ တည်ထောင်ထားခဲ့တဲ့ ရှီဟွမ်ဂိုဏ်းဖြစ်လာခဲ့တယ်။ သူတို့ပုံမှန်လုပ်နေတဲ့အရာကတော့ အငြင်းပွားနေတဲ့နေရာတွေကို သွားကြပြီး အငြင်းပွားကြတဲ့ ကျင့်ကြံသူတွေကို တည်ငြိမ်သွားအောင် ကူညီပေးခဲ့တာပဲ။

ဒီဂိုဏ်းကြီးခုနှစ်ခု တည်ရှိနေတဲ့အတွက် ကျင့်ကြံရေးလောကက အခုဆိုရင် အေးချမ်းပြီး ညီညွှတ်မျှတနေပြီလို့ ပြောလို့ရတယ်။ ဂိုဏ်းတွေအားလုံးကြားက ဆက်ဆံရေးကလည်း ညီညွှတ်မျှတပြီး ရင်းနှီးဖော်ရွေကြတယ်။

အငြင်းပွားဖွယ်ရာ သေးသေးလေးမှ မရှိခဲ့လေဘူး။ ဒါပေမဲ့လည်း...

အန္တိမ ဝိညာဥ်ချောက်နက်ကြီး တိုက်ပွဲပြီးသွားကတည်းက ဘယ်ကျင့်ကြံသူကမှ အပြင်လောကက လာတဲ့အသံကို မကြားရကြတော့ဘူး။

နောက်ပြီး စူး... ကောင်းကင်တာအိုကလည်း သူတို့ရဲ့ရှေ့မှာ ဘယ်တော့မှထပ်ပြီး ပေါ်မလာတော့ဘူး။

ဒီအချိန်မှာတော့ ကျင့်ကြံရေးလောကထဲမှာ ကောင်းကင်တာအို ပေါ်ပေါက်လာရခြင်းက အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အကူအညီပေးဖို့ပဲဆိုတာကို သဘောပေါက်သွားကြတော့တယ်။

ဒီအချိန်မှာတော့ ကောင်းကင်တာအိုရဲ့အသံက ပေါ်လာစရာအကြောင်းမရှိတော့သလို ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ချက်နဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိတော့ဘူးလေ။ ဒါပေမဲ့ အခုဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ ကောင်းကင်တာအိုပြောခဲ့တဲ့ စကားလုံးတိုင်းက ဒီကိစ္စရဲ့နောက်ကွယ်ကလူတွေ ပြုလုပ်ထားခဲ့တဲ့ ထောင်ချောက်တွေကိုချိုးဖောက်ပြီး ပူပေါင်းကြံစည်မှုတွေကို သိရှိလာရအောင် ကူညီပေးခဲ့တာပဲ။

ကျင့်ကြံရေးလောက တည်ငြိမ်နေဖို့အတွက် ကောင်းကင်တာအိုက လောကကြီးထဲကို ဝင်ရောက်လာဖို့ တွန့်ဆုတ်မနေခဲ့ဘဲ ဖရိုဖရဲဖြစ်နေတဲ့ ကာလအတွင်းတောင်မှ သူတို့တွေကို နိုးထလာဖို့အတွက် စိတ်အသုံးချတဲ့ဘာသာစကားကို အသုံးချလာခဲ့တယ်။

ဘုရားသခင်က တကယ့်ကို ကောင်းမွန်တဲ့ ရည်ရွက်ချက်တစ်ခု ထားရှိပါပေတယ်။

ဒီလောကငယ်လေးထဲမှာ ကောင်းမွန်တဲ့စိတ်ရည်ရွယ်ချက်တစ်ခု ထားရှိခဲ့တယ်ဆိုတဲ့ စူးလီကတော့ စိတ်ပျက်ပျက်နဲ့ သူမရှေ့ကလူကို ကြည့်နေလေရဲ့။ သူမရဲ့အသံကလည်း အနည်းငယ် တုန်ယင်လို့နေတယ်။

"ရှင်ပြောချင်တာက... ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေက ကျွန်မ စဥ်းစားနေတဲ့ အကြောင်းအရာတွေကို ကြားနိုင်တယ်ပေါ့ ဟုတ်လား"

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

သူမက ကောင်းကင်တာအိုပဲလေ။

ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ သူမရဲ့အတွင်းစိတ်က အသံကို ကြားနိုင်မှာလဲ။

သူမကမှ တခြားသူတွေရဲ့သဘောထားတွေကို နားထောင်သင့်တဲ့လူ မဟုတ်လား။

ဒီအချိန်မှာတော့ စူးလီက အစောပိုင်းက ကျင့်ကြံရေးလောကထဲက မြောက်များစွာသော အပေါက်တွေကို ရုတ်တရက် စဥ်းစားမိသွားခဲ့တယ်...

အဲ့ဒီအပေါက်တွေရှိနေမှတော့ တစ်ယောက်ယောက်က သူမရဲ့အတွေးကို တကယ်ပဲကြားနိုင်မှာပဲ။

ဒီလိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့ပါးစပ်ထဲက ပဒုမ္မာကြာပန်းသကြားလုံးက အရသာမရှိတော့သလို ခံစားလိုက်ရတော့တယ်။

ရှဲ့ချီယွမ်က သူမရဲ့သကြားလုံးကို တကြွပ်ကြွပ်ဝါးနေတဲ့အသံကို နားထောင်လိုက်ပြီး ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ ချီတုံ့ချတုံ့နဲ့ သူမကို နှစ်သိမ့်စကား ပြောလိုက်တော့တယ်။

"ကျင့်ကြံသူအားလုံးကတော့ ကြားရတာမဟုတ်ပါဘူး..."

စူးလီက ရုတ်တရက်ဆိုသလို သူ့မမျက်လုံးထဲမှာ မျှော်လင့်ချက်အရိပ်အယောင်တစ်ခုနဲ့ ခေါင်းမော့လိုက်တယ်။

ရှဲ့ချီယွမ်က သူမရဲ့စူးရှတဲ့အကြည့်ကို ခံစားလိုက်ရတဲ့အခါ လက်တစ်ဖက်ကိုဆန့်လိုက်ပြီး သူနှာခေါင်းဖျားကို ပွတ်သပ်လိုက်ပြီး သူ့အသံကလည်း အရင်တုန်းကထက်ပိုပြိး တိုးညင်းသွားတော့တယ်။

"ရွှေအမြုတေ ကျင့်ကြံခြင်းနဲ့အထက် ကျင်ကြံသူတွေပဲ ကြားနိုင်တာပါ"

စူးလီရဲ့မျက်လုံးထဲက ခပ်ဖျော့ဖျော့အလင်းရောင်က မှိန်ပျသွားပြီး သူမကအားနည်းချိနဲ့စွာနဲ့ ပြောလိုက်တော့တယ်။

"ဒါက ဒီလောက်ပဲကြားတာနဲ့ အားလုံးကြားတာနဲ့ ဘာကွာသေးလို့လဲ"

သူမပတ်ဝန်းကျင်က ကျင့်ကြံသူအများစုက ရွှေအမြုတေကျင့်ကြံခြင်းအဆင့်နဲ့အထက် ရှိကြတဲ့သူတွေကြီးပဲလေ။

ဒီလိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့မျက်လုံးတွေကို ဖြည်းညင်းစွာ ပိတ်ထားလိုက်ကာ အသက်မပါတော့ဘဲ ပြောလိုက်တော့တယ်။

"ဒီတော့ ရှင်ကလည်း ကျွန်မစဥ်းစားနေတဲ့ အရာအားလုံးကို ကြားရတယ်ပေါ့"

ရှဲ့ချီယွမ်က သူမရဲ့အမူအရာကို ကြည့်လိုက်ပြီး ဝမ်းနည်းစိတ်ပျက်မှုအပြည့်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ သူမရဲ့လက်ထဲကို အစိမ်းရောင် သကြားလုံးတစ်ခုကို ဂရုတစိုက်နဲ့ လှမ်းထည့်ပေးလိုက်တယ်။

"တခြားကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ချက်ကို... ဖော်ထုတ်တဲ့အချိန်ကျမှသာ မင်းရဲ့အတွင်းစိတ်ကို ကြားရတာပါ"

ဒီစကားကို ကြားလိုက်ရတဲ့အခါ စူးလီရဲ့နဂိုက စိတ်ဓာတ်ကျသွားတဲ့အမူအရာက ရုတ်တရက်ဆိုသလို ပိုပြီးအသက်ဝင်လာတော့တယ်။

"ဒါဆိုရင် ရှင်က ကျွန်မဖရဲသီးစားတဲ့အချိန်ကျမှ ကျွန်မရဲ့အတွင်းစိတ်ကို ကြားရတာပေါ့ ဟုတ်လား"

သူမက ဖရဲသီးစားတဲ့အခါတိုင်း အမြဲတမ်းသုံးနေတတ်တဲ့ ကောင်းကင်စာအုပ်နဲ့ တိမ်လွှာကြေးမုံကို ရုတ်တရက် သတိရသွားပြီး အချိန်နောက်ကျမှပဲ ခေါင်းကို မော့ကြည့်လိုက်တော့တယ်။

"ကျွန်မ ဖရဲသီးစားနေကြတဲ့အချိန်တိုင်း အဲ့ဒီတုံးအ,လှတဲ့ကျင့်ကြံသူတွေက ရုတ်တရက်ကြီး သူတို့အရင်က တစ်ခါမှ ရှာမတွေခဲ့တဲ့ သံသယဖြစ်စရာအချက်တွေကို ရှာတွေ့သွားပါလားလို့ စဥ်းစားနေခဲ့မိတာ ကောင်းကင်တာအိုရဲ့ဖြစ်တဲ့ကျွန်မက သူတို့ရဲ့ရှေ့မှာ သူတို့ရဲ့စိတ်ကို ကြည်လင်အောင် လုပ်ပေးခဲ့တာကြောင့်ပဲ ဖြစ်မယ်လို့ထင်ထားခဲ့တာ"

"ဒီတော့ သူတို့ကို အချက်အလက်တွေ ထောက်ပြနေတဲ့သူက ကျွန်မ ဖြစ်နေတာကိုး"

ဖရဲသီးစားတဲ့အချိန်ကျမှသာ သူမရဲ့အတွေးကို ကြားနိုင်တယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက် စူးလီရဲ့စိတ်အခြေအနေက အရင်တုန်းကထက်တောင် အများကြီး ပိုကောင်းလာခဲ့တယ်။

နောက်ဆုံး အရှက်ကွဲရတာက သူမတစ်ယောက်ထဲမှ မဟုတ်ပဲ။

စူးလီက ဒီအကြောင်း စဥ်းစားလိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ သကြားလုံးအခွံ့ကို ခွာလိုက်တယ်။

ဒါပေမဲ့ သူမက ဒီအကြောင်းအရာတွေကို စဥ်းစားနေတဲ့သူပါလို့ လူတွေက မသိကြဘူးတဲ့လား။

ဘယ်လိုလုပ်ပြီး ဘယ်သူကမှ သူမကို သတိမပေးကြပါလိမ့်။

ရုတ်တရက်ဆိုသလို သူမက တစ်ခုခုကို သတိရသွားသယောင် တုံ့ဆိုင်းသွားခဲ့တယ်။

ရှဲ့ချီယွမ်က သူမနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ သူရဲ့အတွင်းစိတ်အကြောင်းကို အကြိမ်ပေါင်းများစွာ အရိပ်အမြွက် ပြောခဲ့တာကို သတိရသွားခဲ့တယ်။

အဲ့ဒီတုန်းကတော့ ဒီစကားလုံးတွေက ထူးဆန်းပြီး ကိုယ်ဟာကိုယ်တောင် တစ်ခါမှ မစဥ်းစားမိဖူးဘူးလို့ပဲ ထင်ထားခဲ့တာ။

အခုတော့ကြည့်ရတာ အဲ့ဒီအချိန်တုန်းက ရှဲ့ချီယွမ်က သူမကို သတိပေးခဲ့ပြီးပြီပဲ ဒီလိုစဥ်းစားလိုက်ပြီး စူးလီက မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။

ရှဲ့ချီယွမ်က စိတ်ထဲက အကြောင်းအရာနဲ့ ပတ်သတ်တဲ့ကိစ္စကို ထုတ်ပြောလိုက်ပြီးတဲ့နောက်မှာ သူရဲ့ပျောက်ကင်းလုနီးပါးဖြစ်နေတဲ့ ဒဏ်ရာတွေက ရုတ်တရက် ပိုဆိုးရွားသွားတာကို ရုတ်တရက် သတိရသွားခဲ့တယ်...

ဒါဆိုရင် သူတို့တွေပြောလို့မရတဲ့ တစ်ခုခုရှိနေတာပေါ့ ဟုတ်လား။

သူမကို သတိမပေးစေချင်တဲ့ ကိစ္စနဲ့ ကြီးမားတဲ့အင်အားတစ်ခု ရှိနေတာဆိုတော့ ဒါက ကောင်းကင်ရဲ့ စည်းမျဥ်းများလား။

စူးလီက ခေါင်းကိုမော့လိုက်ပြီး ရှဲ့ချီယွမ်ကို တလေးတနက်နဲ့ ကြည့် လိုက်တယ်။

"ဒီတော့ ရှင် ဒဏ်ရာရသွားခဲ့တာက ရှင့်စိတ်ထဲက အကြောင်းအရာကို ကျွန်မကို ပြောပြချင်လို့ ဖြစ်သွားခဲ့တာလား"

"အဲ့ဒီတုန်းက ရှင်ဒဏ်ရာက ပျောက်ကင်းခါစပဲ ရှိသေးတယ်လေ..."

စူးလီက လုံးဝကို မသိသာတဲ့ အပြစ်ရှိစိတ်နဲ့ စိုးရိမ်စိတ်ရောနှောနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ သူမရဲ့မျက်လုံးထဲမှာ ရှုပ်ထွေးသွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ အသံတိုးတိုးလေးပြောလိုက်တယ်။

"လူတွေကို ထိခိုက်နာကျင်အောင် လုပ်နိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေက... သေချာပေါက်အရမ်းကို နာကျင်ရလိမ့်မယ် ဟုတ်တယ်မလား"

ဒီအချိန်မှာတော့ သူမကသက်ပြင်းချလိုက်ပြီး

"အဲဒီ ဝိညာဥ်ဆေးပင်တွေက ရှင်ရဲ့ဒဏ်ရာတွေကို ပြန်ပြီးကုသဖို့ လုံလောက်ပါမလားတောင် မသိတော့ပါဘူး"

သူမသာ စောစောစီးစီး သိခဲ့မယ်ဆိုရင် ဝိညာဥ်ဆေးပင်တွေကို အများကြီး ပိုယူလာခဲ့ပါသေးတယ်။

သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က ရုတ်တရက်ဆိုသလို သူ့လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်တယ်။

စူးလီက စိတ်ထဲက အကြောင်းတွေကို ကြားနိုင်တဲ့အကြောင်း သိသွားပြီးတဲ့နောက်မှာ သူရဲ့ဖုံးကွယ်ထားတဲ့အတွက် ဒေါသထွက်လိမ့်မယ်လို့ ထင်ထားခဲ့တာလေ။ ဒါမှမဟုတ်လည်း အသံတစ်ချက်မှ မထွက်ဘဲ သူနဲ့ ခပ်ကင်းကင်းနေတော့မယ်လို့ ထင်ထားခဲ့တာ။

နောက်ဆုံးတော့ သူတစ်ယောက်ရဲ့ အတွင်းစိတ်ကို တခြားသူတွေက ကြားနိုင်ပြီး ဒါကို ဆက်ပြီးလျှို့ဝှက်ထားခဲ့တာက ဘယ်သူပဲသိသိပါ သူတို့တွေကသေချာပေါက် ဒေါသထွက်ကြမှာပဲလေ။

သူက အကြောင်းအရာတွေကို အများကြီး စဥ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူမက ဒီလို တုံ့ပြန်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။

သူမက ... သူနဲ့ပတ်သက်ပြီးတော့တောင်မှာ ဂရုစိုက်ပေးနေသေးတယ်။

သူက မသိမသာ မျက်လွှာချထားလိုက်ပြီး မျက်လုံးထဲမှာလည်း ဘာမှမတတ်နိုင်တော့တဲ့အပြုံးတစ်ခု ဖြစ်သွားခဲ့တယ်။

သူက ဒါကို ဘယ်လိုလုပ်ပြီး လက်လွှတ်ရက်တော့မှာလဲ။

ရှဲ့ချီယွမ်က သူ့လက်ကိုလွှတ်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း နူးညံ့သိမ်မွေ့မှုအပြည့် ဖြစ်သွားခဲ့တယ်။

"ကျွန်တော်က အဲ့လောက်အထိ အပြင်းထန်ဒဏ်ရာမရခဲ့ပါဘူး"

သူရဲ့အစောပိုင်းကရခဲ့တဲ့ ဒဏ်ရာတွေနဲ့ပတ်သတ်ပြီး စူးလီကို မစိုးရိမ်စေချင်တဲ့အတွက် ခပ်တိုးတိုး ရယ်မောပြီး စကားပြောလိုက်တော့တယ်။

"အဲ့ဒီတုန်းက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေက စိတ်အတွင်းပိုင်းထဲက ပြောနေတဲ့သူရဲ့ အသံပိုင်ရှင်ကို မသိကြပါဘူး၊ စူးစူးက နတ်ဆိုးလောကထဲမှာ နတ်ဆိုးသခင်သုံးယောက် တိုက်ခိုက်နေတဲ့ကြားမှာ ဝင်မရပ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ ဘယ်သူကမှ ဒါကို သိအုံးမယ်လို့မထင်ဘူး..."

"ဘာဖြစ်လို့လဲ"

စူးလီက ခေါင်းကိုမော့လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ရှုပ်ထွေးသွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ သူကိုကြားဖြတ်ပြီး မေးလိုက်တယ်။

ရှဲ့ချီယွမ်က ပြောနေတဲ့စကားကို ရပ်ထားလိုက်ပြီး နားမလည်နိုင်စွာ ပြန်မေးလိုက်တယ်။

"ဘာကိုလဲ"

စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး သူမအရင်တုန်းက တစ်ခါမှဂရုမစိုက်ဖူးခဲ့တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။

"ရှင် ဘာဖြစ်လို့ ကျွန်မအပေါ်အရမ်းကောင်းခဲ့တာလဲ"

"ရှင်က ကျင့်ကြံရေးလောကထဲက တစ်ဦးတည်းသော မသေမျိုးကျင့်ကြံသူတစ်ယောက်လေ၊ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်က နှစ်ယောက်မရှိသလို အားလုံးရဲ့အထက်မှာ ရှိနေတာပဲ၊ ရှင် ဘာဖြစ်လို့ ကျွန်မရဲ့ရှေ့ကို အပြေးရောက်လာတာလဲ"

"ရှင်က ဝိညာဥ်စွမ်းအင်အစားအသောက်တွေကို လုပ်ပေးပြီး ဝိညာဥ်စွမ်းအင်လက်ဖက်ရည်ကိုလည်း နှပ်ပေးခဲ့တယ်။ ခြံဝန်းထဲကိုအလှဆင်တဲ့ အသေးအဖွဲ့ကိစ္စတွေကိုတောင်မှာ လုပ်ပေးခဲ့တယ်လေ"

"တစ်စုံတစ်ယောက်ရဲ့အသက်ကို စွန့်လွတ်ရတာတောင်မှ တခြားသူတွေရဲ့ ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ပေးဖို့ ရှင်က စည်းမျဥ်းစည်းကမ်တွေနောက်ကိုတောင်မှ လိုက်ခဲ့သေးတယ်"

"မသေမျိုးကျင့်ကြံသူတစ်ယောက်အနေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရတာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ ရှင်မသိလို့လား"

သူမက အရင်တုန်းက ဒီပြဿနာကို ဝိုးတဝါးတော့ ခံစားမိပါသေးတယ်။ အဲ့ဒီအချိန်တုန်းက သူတို့တွေက အနှေးနဲ့အမြန်ပဲ လမ်းခွဲကြရမယ်လို့ ခံစားခဲ့ရတာလေ။ ဒါကြောင့်မလို့ သူမက ဒါကိုစိတ်ထဲက တစ်ခါမှ မထည့်ခဲ့ဖူးဘူးပေါ့။

စူးလီ မျက်တောင်ခတ်လိုက်ပြီး သူမရဲ့အသံထဲမှာလည်း သူမကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တစ်ခုကို သယ်ဆောင်ထားခဲ့တယ်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ရှင့်ကို ကယ်တင်ပေးခဲ့လို့လား"

ရှဲ့ချီယွမ်က သူမရဲ့မေးခွန်းကို ကြားလိုက်တဲ့အခါ ခေါင်းခါပြလိုက်တယ်။

"မဟုတ်ပါဘူး "

"ကျွန်တော် ဒါကို လုပ်ပေးတယ်ဆိုတာက ..."

သူက သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး သူ့နားဖျားတွေအပြင် သူရဲ့မျက်နှာတစ်ခြမ်းကလည်း အနည်းငယ် နီရဲလာခဲ့တယ်။

ဒါပေမဲ့ အဲ့လိုဆိုရင်တောင် သူက စူးလီကို တလေးတနက်နဲ့ ကြည့်နေဆဲပဲ။ သူရဲ့မျက်လုံးထဲမှာလည်း ရိုးသားပြီး ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့် ဖြစ်နေခဲ့တယ်။

"ဘာဖြစ်လို့လဲဆိုတော့ ကိုယ် မင်းကို ချစ်လို့ပါ"

စူးလီမှာ နေရာမှာတင် ရုတ်တရက် အေးခဲသွားတော့တယ်။ အခိုက်အတန့်အတွင်းမှာပဲ ရုတ်တရက် မြန်ဆန်လှတဲ့ သူမရဲ့ကိုယ်ပိုင်နှလုံးခုန်သံကိုတောင် ကြားနေရတယ်။

သူမက ပြန်မဖြေတာကို မြင်လိုက်တဲ့အခါ ရှဲ့ချီယွမ်က မျက်လွှာချထားပြီး ဆက်ပြောလိုက်တယ်။

"ကျွန်တော် မင်းရဲ့ခန္ဓာကိုယ်ကို လွှဲပြောင်းယူဖို့ စည်းမျဥ်းစည်းကမ်းနောက် လိုက်ခဲ့တယ်ဆိုတာကလည်း ဒီနည်းလမ်းတစ်ခုတည်းကသာ ကျွန်တော် မင်းနဲ့အတူ ထာဝရ နေနိုင်မှာမလို့ပါ"

"ဒါက ကျွန်တော့်ရဲ့အတ္တဆန်ဆန် လိုအင်ဆန္ဒတစ်ခုပါပဲ"

သူက ထရပ်လိုက်ပြီး စူးလီဆီကို တစ်လှမ်းချင်းလျှောက်လာခဲ့တယ်။

သူက စည်းမျဥ်းစည်းကမ်း အမြုတေကို ထုတ်ယူလိုက်ပြီး စည်းမျဥ်းစည်းကမ်း နှလုံးသားကို လည်ဆွဲအဖြစ် ပြောင်းလဲလိုက်ကာ စူးလီကို လှမ်းပေးလိုက်တယ်။

ရှဲ့ချီယွမ်က အနည်းငယ် စိုးရိမ်နေတဲ့ရုပ်ပေါ်နေပြီး သူ့အသံကလည်း အရင်တုန်းကထက် အများကြီး တင်းကြပ်နေခဲ့တယ်။

"စူးစူး ကျွန်တော် မင်းနဲ့ တစ်သက်လုံး အတူတူနေချင်ပါတယ်။ ရမလား"

ဒါက သူလုပ်နိုင်တာ မဟုတ်ဘူးလေ။ သူ လုပ်ချင်တာပါ။

သူက စူးလီကို ရွေးချယ်စရာအားလုံး ပေးထားခဲ့တယ်။ စူးလီက သူမနဲ့အရမ်းကိုနီးကပ်လာတဲ့ ရှဲ့ချီယွမ်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမရဲ့နှလုံးခုန်သံကလည်း ပိုပိုပြီးမြန်ဆန်လာသလို ခံစားလိုက်ရတယ်။

ရှဲ့ချီယွမ်က အစောကြီးကတည်းက သူမအတွက် ထူးခြားတဲ့လူတစ်ယောက် ဖြစ်နေတယ်ဆိုတာကို အချိန်နှောင်းသွားမှပဲ သဘောပေါက်ခဲ့တယ်။

သူက သူမရဲ့ကမ္ဘာငယ်လေးထဲကို တစ်စတစ်စ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး သူမ သတိဝင်လာတဲ့အချိန်ကျမှ သူမပတ်ဝန်းကျင်က အရာအားလုံးမှာ သူရဲ့အရိပ်အယောင်တွေ ပြည့်နှက်နေတယ်ဆိုတာကို ရုတ်တရက် သဘောပေါက်လာခဲ့တယ်။

သူရဲ့တည်ရှိမှုကြောင့် သူမက ရုတ်တရက်ဆိုသလို ကျင့်ကြံရေးလောကထဲမှာနေဖို့ နေရာတစ်ခုရလာသလိုပဲ။

သူမက သူမဘေးမှာ သူရှိနေတဲ့အနာဂတ်ကို စတင်ပြီးမျှော်မှန်းတတ်လာတယ်။

ရှဲ့ချီယွမ်က အချိန်အကြာကြီး နှုတ်ဆိတ်နေတဲ့စူးလီကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကလည်း တင်းနေအောင် စေ့သွားခဲ့တယ်။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့အသံထဲမှာလည်း ကြောက်စိတ်ဝင်သွားတဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားခဲ့တယ်။

"စူးစူး မင်း..."

"မင်း မငြင်းဘူးနော်... ဒါကို မင်းက သဘောတူတယ်လို့ ကျွန်တော် မှတ်ယူလို့ရလား"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက သတိပြန်ဝင်လာပြီး ပြုံးပြလိုက်တယ်။

"ဒါကို ဘယ်လိုလုပ်ပြီး အရောင်းအဝယ်လုပ်သလို ဖိအားပေးလို့ရမှာလဲ"

"ဒါပေမဲ့..."

သူမက ခေါင်းကိုမော့လိုက်ပြီး ရိုးသားတဲ့အပြုံးတွေက သူမရဲ့မျက်လုံးတွေထဲမှာ ပြည့်နှက်နေခဲ့တယ်။

"ဒါက ပုံသေသဘောတရားတော့ မဟုတ်ပါဘူး"

"ဟုတ်ပါတယ်..."

"ကောင်းပြီလေ"

ရှဲ့ချီယွမ်ရဲ့ မျက်လုံးထဲက ကြောက်စိတ်ဝင်နေတဲ့ခံစားချက်က ပျောက်ကွယ်မသွားသေးလေဘူး။ သူက ငေးငေးလေးနဲ့ စူးလီကို ကြည့်လိုက်ပြီး စည်းမျဥ်းစည်းကမ်းနှလုံးသားကို ကိုင်ထားတဲ့သူရဲ့ ညာဖက်လက်က မသိမသာ တုန်ယင်သွားခဲ့တယ်။

စူးလီ ပြောလိုက်တဲ့စကားကို သဘောပေါက်သွားပြီးမှပဲ သူ့အသက်ရှူသံတွေက ရုတ်တရက် မြန်ဆန်လာတော့တယ်။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကိုယ်တိုင်က ထိန်းချုပ်မထားနိုင်တော့ဘဲ သူ့ရှေ့က လူရဲ့လည်ပင်းပေါ်မှာ စည်းမျဥ်းစည်းကမ်းနှလုံးသားကို ဂရုတစိုက်နဲ့ ဆွဲပေးလိုက်တော့တယ်။

စူးလီက ရှဲ့ချီယွမ်ရဲ့နှလုံးခုန်သံက သူမထက်တောင်ပိုပြီး မြန်ဆန်နေတာကို ခံစားလိုက်ရတဲ့အခါ ညှင်ညှင်သာသာလေး မျက်တောင်ခတ်မိတယ်။

"ရှင်က ကျွန်မ စဥ်းစားနေတဲ့အရာကို ကြားနိုင်တယ်ဆိုတော့..."

"ကျွန်မရဲ့စိတ်ထဲမှာ ရှင်ရဲ့ချောမောလှပတဲ့အကြောင်းကို ချီးမွမ်းခဲ့တာကိုလည်း ရှင် ကြားခဲ့မှာပေါ့"

ရှဲ့ချီယွမ်က နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ပြီး သူမရဲ့ရင်ဘတ်ပေါ်က စည်းမျဥ်းစည်းကမ်းနှလုံးသားကို ကြည့်လိုက်တယ်။

သူရဲ့အနည်းငယ်တင်းကြပ်နေတဲ့ လက်ချောင်းဖျားတွေက နောက်ဆုံးတော့ ပြေလျော့သွားခဲ့တယ်။

သူရဲ့ထူထဲလှတဲ့ မျက်တောင်တွေက မသိမသာ တုန်ယင်သွားပြီး သူ့အသံကလည်း ရယ်ချင်တဲ့ အရိပ်အယောင်တစ်ခုကို ဆောင်ထားသလိုပဲ။

"ဒါနဲ့ပတ်သတ်ပြီးတော့ ခိုးနားထောင်စရာမလိုပါဘူး"

"မင်းရဲ့မျက်လုံးတွေက ကျွန်တော့်ကို ပြောပြထားပြီးသားပါ"

စူးလီက သူမရဲ့ခေါင်းလေးကို အနည်းငယ် စောင်းထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း ပြုံးရိပ်အပြည့်ဖြစ်သွားခဲ့တယ်။

"ဒါဆိုရင် အခုချိန်ကစပြီး အတူတူဆက်သွားကြရအောင်"

"ကျင့်ကြံရေးလောကထဲက လှပတဲ့မြင်ကွင်းတွေကို အတူတူသွားရောက်ကြည့်ရှုပြီး ကျင့်ကြံရေးလောကထဲက ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို အတူတူနားထောင်ပြီး ရှည်လျားတဲ့အနာဂတ်ကို အတူတူဖြတ်သန်းကြမယ်"

ရှဲ့ချီယွမ်က တလေးတနက်နဲ့ ပြောလိုက်တယ်။

"နောက်မှ မဟုတ်ပါဘူး၊ အမြဲတမ်းပါပဲ"

"ဟုတ်တယ်"

"အမြဲတမ်းပဲ"

…

All Chapters