အခန်း ၉၄
Vol. 7 Ch. 94
အပိုင်း (၉၄)
ရွှင့်ချန်ဂိုဏ်းရဲ့ အဆင့်၉အကြီးအကဲကျန်းမြန်က ရုတ်တရက် ခေါင်းထောင်လာပြီး သူ့မျက်လုံးထဲမှာ လူသတ်လိုတဲ့ပြင်းပြစိတ် အပြည့်ဖြစ်သွားတယ်။ ဟိုးတုန်းက သူ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူတွေက တကယ်တမ်းကျတော့ ရှဲ့မိသားစုတွေတဲ့။
သူ့အင်္ကျီလက်အနားမှာ အနီရောင်မြွေသေးသေးလေးက သူ့လက်ကောက်ဝတ်ကို ပွတ်သပ်နေပြီး သူ့ကို ဆင်ခြင်ဉာဏ် ပြန်ရလာအောင် အကူအညီပေးလို့နေတယ်။
အပြင်လောကကလာတဲ့အသံက ဆက်ပြောတယ်။
[သူတို့တွေက အစစ်လား အတုလားတောင် သေချာမသိတဲ့ နဉ်ဓားဂိုဏ်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တယ်။ ရှဲ့မိသားစုကတော့ တကယ်တမ်း...]
ရှဲ့မိသားစုက ကျူးလွန်ထားတဲ့ မရေမတွက်နိုင်တဲ့ ပြစ်မှုတွေအကြောင်းကို ကြားလိုက်ရတဲ့အခါ ရှဲ့မိသားစုကို ရောက်လာကြတဲ့ ကျင့်ကြံသူတွေအားလုံးမှာ မျက်လုံးတွေ နီရဲသွားကြတော့တယ်။ သူတို့တွေက ရှေ့ကိုတစ်လှမ်းချင်းတိုးလာပြီး ရှဲ့မိသားစုက လူတွေအားလုံးကို ဝိုင်းထားလိုက်ကြတယ်။ ဒီအချိန်မှာပဲ ရှဲ့မိသားစုရဲ့ အကြီးအကဲတွေကလည်း သတင်းကိုလက်ခံရရှိခဲ့ပြီး အားလုံးကဒီနေရာမှာ ပေါ်လာခဲ့တယ်။
အခိုက်တန့်အတွင်းမှာပဲ ပတ်ဝန်းကျင်က လေထုအငွေ့အသက်က တင်းမာလာပြီး နှစ်ဖက်က အချိန်မရွေး တိုက်ခိုက်တော့မဲ့ပုံ ဖြစ်သွားတော့တယ်။
ရှဲ့ယွင်ပေါ်က လက်ရှိအခြေအနေကို အကဲခတ်လိုက်ပြီး သူ့ရင်ထဲမှာ အေးစိမ့်စိမ့်ခံစားချက်တစ်ခု ဖြစ်သွားတယ်။
ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ရှဲ့မိသားစုက မကြုံစဖူး အထိနာမှာသေချာတယ် ဆိုတာ သိလိုက်တယ်။
ရှဲ့မိသားစုရဲ့ မဟာယနပညာရှင် အများအပြားထဲမှာ တစ်ယောက်တည်းကပဲ ရှဲ့မိသားစုရဲ့ သွေးသား ဖြစ်ပြီး ကျန်တဲ့သူတွေက ရှဲ့မိသားစုကနေ စွမ်းအင်ရတနာတွေနဲ့ ဆွဲဆောင်ထားရတဲ့ အကြီးအကဲတွေပဲ။ တကယ်လို့ များရှဲ့မိသားစုက သေရေးရှင်ရေး အကြပ်အတည်းနဲ့ ရင်ဆိုင်လာရမယ်ဆိုရင် သူတို့တွေအားလုံးက အားကုန်သုံးပြီး တိုက်ခိုက်ပေးကြမှာ မဟုတ်ဘူး။
ဒါက ရှဲ့မိသားစုဖြစ်ပြီးတော့ နောက်ခံအနေနဲ့ ရှဲ့မိသားစုဝင်တွေ မရေမတွက်နိုင်အောင် ရှိနေပေမဲ့လည်း ရှဲ့မိသားစုဝင်အများစုက ဂိုဏ်းအများစုရဲ့ တစ်ဝက်လောက်ကိုပဲ ခုခံနိုင်လိမ့်မယ်။ ကျန်တဲ့ဂိုဏ်းတွေနဲ့ မိသားစုတွေကိုတော့...
အခုတော့ ရှဲ့ယွင်ပေါ်က သူစိတ်ထဲမှာ အတွေးတစ်ခုတည်းသာ ကျန်တော့တယ်။ ဒါကို လုပ်လို့မဖြစ်ဘူး။
“ကျုပ်တို့ဂိုဏ်းချုပ်ရောင်းရင်းနဲ့ မိသားစုသခင်ကြီးတို့ ကျုပ်တို့ရှဲ့မိသားစုက အမြဲတမ်း စေတနာ ထားလာခဲ့တာ။ ခင်ဗျားတို့တွေက ဒီလူဆိုးတွေရဲ့လှုံ့ ဆော်တဲ့စကားကို လုံးဝနားထောင်လို့ မဖြစ်ဘူး”
ဒီအချိန်မှာတော့ ငြင်းပယ်ဖို့ရန်သာ ရွေးချယ်ဖို့ပဲရှိတော့တယ်။
“တကယ်လို့ရှဲ့မိသားစုက တကယ်ပဲ တစ်ခုခုကို လုပ်ခဲ့တယ်ဆိုရင် ဘယ်သူကမှ ဘာသက်သေမှ ရှာမတွေ့အောင် ပိပိရိရိ လုပ်ခဲ့မှာ မဟုတ်ဘူးလား”
သူရဲ့တစ်ပတ်ရိုက်နေတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်းကျူးက ရုတ်တရက် တစ်ခုခုကို တွေးမိသွားတဲ့ပုံပဲ သေသေချာချာလေး ပြောလိုက်တော့တယ်။
“ရှဲ့ယွင်နဉ်ရဲ့လက်ထဲမှာ အဆင့်၆ သခွပ်ပင်တစ်ပင်ရှိတာ ကျွန် မမှတ်မိနေတယ်။ သူက သခွပ်ပင်ရနံ့ကို အရမ်း သဘောကျတာလေ။ အဲ့ဒီအချိန်တုန်းက ကျွန်မ မသဲမကွဲ ကြားလိုက်ပါသေးတယ်။ ရှဲ့မိသားစုက ရွှင့်ချန်ဂိုဏ်းနားက နေရာတစ်ခုက နေရလာခဲ့တာတဲ့”
သူ့စကားဆုံးသွားတာနဲ့ချက်ချင်း ကျန်းမြန်က ရုတ်တရက် ခေါင်းထောင်လိုက်ပြီး သူရဲ့ညာဘက်လက်ကို ပြတ်ရှအောင် လုပ်လိုက်တဲ့အခါ ကျန်းမိသားစုရဲ့သွေးသားကို သယ်ဆောင်ထားတဲ့ သွေးတွေက ရှဲ့ယွင်နဉ်ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး နောက်ဆုံးတော့ သူ့ခါးပေါ်က အိတ်လေးနားမှာ ရပ်တန့်သွားတော့တယ်။
အဲဒီနောက်မှာတော့ သွေးရောင်သခွပ်ပင်တစ်ပင်က အိတ်ထဲကနေ လျှောထွက်လာပြီး အားလုံးရဲ့ရှေ့မှာ ပေါ်ပေါက်လာခဲ့တယ်။
ကျန်းမြန်ရဲ့အသံက နှစ်ပေါင်းရာချီအောင် မျိုသိပ်ထားရတဲ့ ဒေါသတွေနဲ့ ပြည့်နှက်သွားတော့တယ်။
“ဒါက ကျုပ်မိသားစုရဲ့ သခွပ်ပန်းပင်ပဲ”
“ဒီဝိညာဥ်အပင်အတွက် ကျန်းမိသားစုက လူတွေအားလုံးကို သတ်ခဲ့တာ ရှဲ့မိသားစုပဲ”
ကျန်းကျူးက ရှဲ့မိသားစုက သူမကို ပါဝင်ခွင့် မပြုထားတဲ့ တချို့ကိစ္စတွေထဲက သဲလွန်စကို ကြိုးစားပြန်စဥ်းစားလိုက်ပြီး အဲ့ဒီထဲက သဲလွန်စတချို့ကို ကြိုးစားရှာဖွေလိုက်တယ်။
“ဓားသိုင်းကျမ်းတစ်ခုလည်း ရှိသေးတယ်။ အဲ့ဒါက ရှဲ့မိသားစုဂိုထောင်ထဲမှာ၊ ဓားသိုင်းကြမ်းက အင်မတန်မှ လျှို့ဝှက်နက်နဲတယ် ကျွန်မတောင်မှ တစ်ခါမှ...”
“ကျန်းကျူး”
ရှဲ့ယွင်ပေါ်ရဲ့အသံက ကွဲထွက်လာခဲ့တယ်။ သူက သူမကို ရက်စက်တဲ့ အကြည့်တစ်ခုနဲ့ ကြည်နေလိုက်ပြီး သူ့အသံထဲမှာ ပျာယာခတ်သွားတော့တယ်။
“ရက်စက်လိုက်တဲ့မိန်းမ။ ဘယ်လိုစိတ်စေတနာနဲ့များ မင်းက ရှဲ့မိသားစုကို ဖျက်ဆီးနေရတာလဲ”
“မမေ့နဲ့၊ ရှဲ့ရှောက်ချင်းက ငါရဲ့သား၊ သူက ရှဲ့မိသားစုရဲ့ နောက်ဆက်ဆံသူပဲ”
“အဖေ အဖေနဲ့အမေက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဖြောင့်မတ်မှန်ကန်ပြီး ကိုယ့်ဟာကို ထိန်းသိမ်းဖို့အတွက် သင်ကြားပေးခဲ့တယ်”
ပြီးခဲ့တဲ့နှစ်ရာချီအတွင်းမှာ ရှဲ့ရှောက်ချင်းက ဒီလိုအပြောင်းအလဲမျိုးကို တစ်ခါမှ ရင်မဆိုင်ခဲ့ရဖူးဘူး။ သူ့စိတ်အခြေအနေက ကွဲအက်သွားသော်ငြားလည်း သူက ကျန်းကျူးနားကို တစ်လှမ်းချင်း လျှောက်သွားလိုက်သေးတယ်။
“အမေက ဘာအမှားမှ မလုပ်ထားခဲ့တာပဲ”
“ရှဲ့မိသားစုရဲ့ သခင်လေးဆိုတဲ့ ရာထူးကလည်း ကျွန်တော် လက်လှမ်းမမှီနိုင်တဲ့နေရာပါ”
ကျန်းကျူးရဲ့မျက်လုံးတွေက စိတ်အေးသွားပြီး ဖျတ်ခနဲ လက်သွားတယ်။ သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမရဲ့မှတ်ဉာဏ်ထဲက သံသယဖြစ်နေတဲ့ အကြောင်းအရာတွေကို ဆက်ပြီးပြောလိုက်တယ်။
“ရှဲ့မိသားစုမှာ လျှို့ဝှက်အစောင့်တစ်ယောက် ရှိသေးတယ်။ ရှဲ့မိသားစုသခင်ကြီးကလွဲပြီး ဘယ်သူကမှ ဒါကို သုံးလို့မရဘူး။ ကျွန်မ ခပ်ရေးရေးလေး မှတ်မိနေသေးတယ်”
“ကျန်းကျူး တော်တော့”
ကျန်းကျူးက ဒါကိုအလွတ်ပေးဖို့ ဆန္ဒမရှိဘူးဆိုတာ သိလိုက်တဲ့အခါ သူ့ရဲ့မျက်လုံးတွေက အေးစက်သွားခဲ့တယ်။ အခုတော့ သူက ဒီလူတွေရဲ့ပါးစပ်ကို ပိတ်ဖို့ ရှေးဟောင်းရတနာကိုပဲ သုံးမှ ရတော့မယ်။ အခု သူကတော့ ဒီရတနာကို အသုံးပြုရခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဂရုမစိုက်နိုင်တော့ဘူး။
“ဧကရာဇ်ခေါင်းလောင်းကို ယူလာခဲ့”
ဂိုဏ်းကလူတွေနဲ့ မိသားစုကလူတွေ အားလုံးရဲ့အမူအရာက တည်ကြည်လာပြီး သူတို့လက်ထဲမှာ စုစည်းထားတဲ့ ဝိညာဥ်စွမ်းအားတွေက အရင်ကထက်ပိုပြီး ပြင်းထန်လာခဲ့တယ်။
မှော်လက်နက်ကို ထုတ်လွှတ်လိုက်တာနဲ့ မရေမတွက်နိုင်တဲ့ ထိခိုက်ပျက်စီးမှုတွေက ရှောင်လွဲလို့ရမှာ မဟုတ်တာသေချာတယ်။
စူးလီက ပွဲကိုကြည့်လာလိုက်တယ်။ သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက သိချင်စိတ်လေး နည်းနည်းဖြစ်သွားပြီး ကောင်းကင်စာအုပ်ကို လှန်လှော်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့အမူအရာက ထူးထူးခြားခြား ထူးဆန်းသွားတော့တယ်။
[ဧကရာဇ်ခေါင်းလောင်း ဟုတ်လား။ ဟိုအတုအယောင် ရှေးဟောင်းပစ္စည်းကြီးကို ပြောနေတာလား]
[ဒါက အဆင့်အနိမ့်ဆုံး အတုအယောင် ရှေးဟောင်းပစ္စည်းကြီးတစ်ခုပဲ သူ့မှာဝိညာဥ်စွမ်းအင်တွေ သိုလှောင်ထားတာကလွဲရင် တခြားလုပ်နိုင်တာ မရှိဘူး]
[ဟွမ်ထျန်ခေါင်းလောင်းထဲက လက်ရှိဝိညာဥ်စွမ်းအင်တွေကတော့ -ဟားဟားဟား ရှင်တို့ရဲ့ မဟာဘိုးဘေးကြီးရဲ့ အလောင်းက သုံးလိုက်လို့ ကုန်သွားပြီ]
[လက်ရှိဟွမ်ထျန်ခေါင်းလောင်းက ပထမအဆင့်မှော်လက်နက်နဲ့ လုံးဝမခြားတော့ဘူး]
ရှဲ့ယွင်ပေါ်ရဲ့မျက်နှာပေါ်က ပြတ်သားတဲ့မျက်နှာအမူအရာက ရုတ်ရက်ဆိုသလို အေးခဲသွားတော့တယ်။ ဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စတွေ ပြီးသွားရင်တော့ သူ အပြင်လောကကလာတဲ့စကားသံတွေကို ဆက်ပြီး သံသယ ဝင်ရဲတော့မှာ မဟုတ်ဘူး။
သူက နေရာမှာတင် ငေးကြောင်ကြောင်နဲ့ရပ်နေပြီး အခိုက်တန့်အတွင်းမှာ တခြားဖြေရှင်းချက်ကို စဥ်းစားမတတ်အောင် ဖြစ်သွားပြီးအားလုံးက သူ့ကိုဝိုင်းထားတဲ့ကြားက ငေးငေးငူငူနဲ့ နေရာမှာတင် ထိုင်ချလိုက်တော့တယ်။
စူးလီက လူအုပ်ကြီးရဲ့ အမူအရာတွေကို မကြည့်လိုက်မိဘူး။ သူကကောင်းကင်စာအုပ်ကို တွေးတွေးဆဆနဲ့ ကြည့်လိုက်ပြီး ရှဲ့မိသားစုမှာ ဒီလောက်ကြီးမားတဲ့ အပေါက်ကြီး ရှိနေရတဲ့အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားတော့တယ်။
[ရှဲ့မိသားစုရဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကြီးမြတ်သူနှစ်ယောက်ကလည်း မရှိတော့ဘူး]
[ရှေးဟောင်းမှော်ပစ္စည်းကလည်း အတုကြီး]
[ရန်သူတွေ သူ့တို့အားလုံးကလည်း ဒီကိုရောက်နေပြီ]
[ကျွတ်ကျွတ် ရှဲ့မိသားစုက အချိန်မရွေး မျိုးဖြုတ်ခံရမဲ့ ပုံပေါက်နေတာလည်း မဆန်းတော့ပါဘူး]
ဒီအခိုက်အတန့်မှာ သူမက တစ်ခုခုကိုစဥ်းစားမိသွားတဲ့ပုံနဲ့ သူမရဲ့အသံက ရုတ်တရက်ပိုပြီး သိချင်စိတ်တွေ ဖြစ်သွားတော့တယ်။
[ငါ မှတ်မိပြီ၊ ရှဲ့မိသားစုမှာ မှော်ရှေးဟောင်းပစ္စည်းလက်နက် နှစ်ခုရှိတယ်လို့ ပြောထားတာ မဟုတ်လား။ အခုရှဲ့မိသားစုသခင်ကြီးက နောက်ထပ်မှော် ရှေးဟောင်းလက်နက်ကို ထုတ်ဖို့အချိန်တန်ပြီလေ ဟုတ်တယ်မလား]
[အဲ့ဒီရှေးဟောင်းပစ္စည်းကို နှစ်ပေါင်းထောင်ချီအောင် လက်ဆင့်ကမ်းလာကြတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ကျင့်ကြံရေးလောကထဲက ဘယ်သူကမှ ဒီအကြောင်းကို မသိကြဘူးတဲ့]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး သူမရဲ့အသံက ရုတ်တရက် ရပ်တန့်သွားတော့တယ်။
[ရှဲ့မိသားစုရဲ့ တခြားမှော်လက်နက်က လူသားတစ်ယောက်တဲ့လား]
ရှဲ့ယွင်ပေါ်ရဲ့မျက်လုံးတွေက ရုတ်တရက် ရူးသွပ်လာတော့တယ်။
နှစ်ပေါင်းတစ်ထောင်ချီကြာအောင် ရှဲ့မိသားစုကို လက်ဆင့်ကမ်းလာတဲ့ ဒီလျှို့ဝှက်ချက်ကို ဘယ်သူ တစ်ဦးတစ်ယောက်မှ သိလို့မဖြစ်ဘူးလေ။
“မျိုးနွယ်စုအကာအကွယ် အစီအရင်ကို အသက်သွင်းပြီး ဒီလူတွေအားလုံး မောင်းထုတ်ပစ်လိုက်”
အပြင်လောကကလာတဲ့အသံကလည်းဘဲ သူနဲ့ တစ်ချိန်တည်း ထွက်ပေါ်လာခဲ့တယ်။
[ဒီလူက လင်းယွမ် အမတကြီးမြတ်သူပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်တုန်းက ကျင့်ကြံရေး လောကထဲမှာ အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ခဲ့တဲ့ ရှဲ့ချီယွမ်ပဲ။ နှစ်သက်တမ်း တစ်ထောင်မပြည့်ခင်မှာဘဲ သူရဲ့ကျင့်ကြံရေးအဆင့်က လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီ အဲ့ဒီအချိန်တုန်းက သူက ကျင့်ကြံရေးလောကထဲမှာ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မဲ့ အခွင့်အလမ်းအရှိဆုံး ကျင့်ကြံသူပဲ]
[အဲ့ဒီအချိန်တုန်းက ရှဲ့မိသားစုရဲ ကျန်းမျိုးနွယ် ရှေးဟောင်းမှော်ပစ္စည်းက သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေပြီ။ ရှဲ့မိသားစုရဲ့ နှစ်ထောင်ချီတဲ့ အမွေအနှစ်တွေကလည်း အချိန်မရွေး ပြိုလဲသွားနိုင်တယ်။ ဒါပေမဲ့လည်း ရှဲ့မိသားစုရဲ့ပါရမီရှင်က အချိန်မရွေး ကောင်းကင်ဘုံကို တက်လှမ်းနိုင်တဲ့အတွက် ရှဲ့မိသားစုကို ဆက်ပြီး ကာကွယ်ပေးလို့ မရနိုင်တော့ဘူး]
[လူ့နှလုံးသားက....]
[လေဟာနယ်ဖြိုခွင်းခြင်းကျင့်ကြံခြင်းအဆင့် နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ သူက မသေမျိုးတစ်ဝက် ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။ ဒါကြောင့်မလို့ ဒါကဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ မြင့်မြတ်လက်နက်တစ်ခုထက် အများကြီး ပိုအသုံးဝင်ပြီး အဆင်ပြေတာက သဘာဝပဲပေါ့]
[ရှဲ့မိသားစုက ရှဲချီယွမ်ရဲ့ဝိညာဥ်ကို ထိန်းချုပ်ထားဖို့ သူတို့ရဲ့ခွန်အားတွေ အားလုံးကိုသုံးပြီး သူ့ကို သွေးအိုင်ထဲမှာ ပိတ်ဆို့ထားပြီး ရှဲ့မိသားစုကို နှစ်ပေါင်း နှစ်ထောင်ချီတိုင်အောင် ဝိညာဥ်စွမ်းအင်တွေနဲ့ ကံကောင်းခြင်းတွေကို အထောက်အပံ့ ပေးလာခဲ့တာ ]
ဒါကိုမြင်လိုက်တဲ့အခါ စူးလီက အရမ်းကို ပါးလျတဲ့သက်ပြင်းတစ်ခု မှုတ်ထုတ်မိတေ့တယ်။
[အင်းပေါ့လေ ဘယ်သူက သူတို့ရဲ့လူတွေကို စိုးရိမ်မှာလဲ]
အားလုံးက အပြင်လောကကလာတဲ့အသံ ပြောစကားကြောင့် အထိတ်တလန့် ဖြစ်နေဆဲမှာပဲ ရှဲ့မိသားစုရဲ့ အကာအကွယ် အစီအရင်ကို အသက်သွင်းပြီးသား ဖြစ်သွားတယ်။ ပေါက်ထွက်လာတဲ့ ရွှေရောင်အလင်းတန်း တစ်ခုအောက်မှာ ရှဲ့မိသားစု အသိအမှတ် မပြုထားတဲ့လူတွေ အားလုံးက ရက်ရက်စက်စက် တိုက်ခိုက်ခံနေရသယောင်ပါပဲ။ သူတို့ရဲ့သွေးတွေနဲ့ ချီတွေက ပြောင်းပြန် စီးဆင်းသွားပြီး နောက်ဆုံးမှာတော့ သူတို့တွေက ရွှေရောင်အလင်းတန်းရဲ့ မောင်းထုတ်ခြင်းခံရတာကို ခွင့်ပြုလိုက်ရတော့တယ်။
ကျန်းကျူးက ရှဲ့ယွင်ပေါ်ရဲ့မျိုးနွယ် အကာအကွယ်အစီအရင်ကို အသက်သွင်းဖို့ ကြားလိုက်တဲ့အချိန်မှာပဲ ရှဲ့ယိုနဲ့ ရှဲ့ရှောက်ထင်းတို့ကို တင်းနေအောင် ချည်နှောင်ထားလိုက်တယ်။ သူတို့တွေက ရှဲ့အိမ်တော်ထဲမှာ ဆက်နေမယ်ဆိုရင် သေချာပေါက် အသက်ဘေးကနေ အန္တရာယ်ရှိလာနိုင်တယ်။
ရှဲ့ယွင်ပေါ်က သူတို့ကို သေချာပေါက် အလွတ်ပေးလိမ့်မှာ မဟုတ်ဘူး။
မကြာခင်မှာပဲ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေက ရှဲ့မိသားစုရဲ့ အပေါ်ဘက်မှာ ထွက်ပေါ်လာခဲ့တယ်။ ကျန်းမြန်က နီရဲနေတဲ့မျက်လုံးတွေနဲ့ ရှဲ့မိသားစုကို ငုံကြည့်လိုက်တယ်။ သူ့လက်တွေကတော့ တဆတ်ဆတ် တုန်လှုပ်နေဆဲပဲ။
သူက ရှဲ့မိသားစုကို ဒီလိုမျိုးလုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။
ကျန်းကျူးက မျက်မှောင်ကျုံ့လိုက်ပြီး အားလုံးကိုရှင်းပြလိုက်တယ်။
“ရှဲ့မိသားစုရဲ့အကာအကွယ်အစီအရင်က ရှဲ့မိသားစုရဲ့ နောက်ဆုံးခံတပ်ပဲ။ သူ့ကို လုံးဝမလိုအပ်ဘဲနဲ့ အလွယ်တကူ ဖွင့်လိုက်လို့ မရဘူး”
“မှော်စက်ဝိုင်းကို အသက်သွင်းလိုက်ပြီဆိုတာနဲ့ သူက ဆယ်နှစ်ပဲ ခံတယ်။ ဒီဆယ်နှစ်အတွင်းမှာ ဘယ်သူကမှ ရှဲ့မိသားစုကို ဝင်မလာနိုင်ဘူး။ ရှဲ့မိသားစုထဲက ဘယ်သူကမှလည်း ထွက်သွားလို့မရဘူး”
“အတိဒုက္ခဖြတ်ကျော်ပြီးသွားတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီကိုရောက်လာမယ်ဆိုရင်တောင် တခြားနည်းလမ်းရှိမှာ မဟုတ်ဘူး”
သူ့စကားမဆုံးခင်မှာပဲ အပြင်လောကကလာတဲ့အသံက သူမ ပြောမဲ့စကားကို ဆက်ပြီး ပြောလိုက်တယ်။
[ရှဲ့ချီယွမ်က နှစ်ပေါင်းနှစ်ထောင်လောက် ချုပ်နှောင်ခံထားရတာ သူက အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရတဲ့ သူ့ဝိညာဥ်ရဲ့နာကျင်မှုကို သည်းခံထားရတဲ့အတွက် ရှဲ့မိသားစုကို မရေမတွက်နိုင်တဲ့ အကြပ်အတည်းတွေ ပေးနေတာ။ အခုတော့ သူက အချိန်မရွေး လှုပ်ရှားနိုင်ပြီး ရှဲ့မိသားစုကို ဖျက်ဆီးနိုင်ပြီလေ]
[ဒါပေမဲ့ နှစ်ပေါင်းနှစ်ထောင်လောက် ထိခိုက်ဒဏ်ရာ ရပြီးတဲ့နောက်မှာတော့ ရှဲ့မိသားစုကို လက်စားချေပြီးတဲ့နောက်မှာ သူ့အတွက်တော့ သေပြီးရင် ကောင်းကင်ဘုံကို တက်လှမ်းရမဲ့ အချိန်ရောက်တော့မယ်]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးက ရှဲ့ချီယွမ်အတွက် စိတ်မကောင်း ဖြစ်သွားကြပေမဲ့ စိတ်အေးရသလို သက်ပြင်းချလိုက်ကြတယ်။ ရှဲ့ချီယွမ်က ရှဲ့မိသားစုကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး။ သူက ရှဲ့မိသားစုဟာ ကျင့်ကြံရေးလောကထဲမှာ ဘယ်တော့မှ ဆက်ပြီး တည်ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းရတယ်။
ရှဲ့မိသားလို မိသားစုတစ်ခုက ကျင့်ကြံရေးလောကထဲမှာ ဆက်ရှိနေမယ်ဆိုရင် ကျင့်ကြံသူတွေ ဘယ်လောက်များပြားအောင် ဖျက်ဆီးခံလိုက်ရမယ်ဆိုတာ ဘယ်သူသိမှာလဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ချောင်းဟန့်လိုက်ပြီး ပြောလိုက်တော့တယ်။
“မျိုးနွယ်စု အကာအကွယ်အစီအရင်က ဆယ်နှစ်ကြာပြီးမှ ပိတ်သွားနိုင်တာဆိုတော့ ဆယ်နှစ်ကြာပြီး နောက်မှပဲ တစ်ခါ ပြန်ပြီးလာကြည့်ကြတာပေါ့”
ပြောလို့မရဘူးလေ။ အဲ့ဒီအချိန်ကျရင် သူတို့တွေက သူတို့မျက်လုံးနဲ့ ရှဲ့မိသားစု ပျက်စီးသွားမှာကို မြင်ရမှာပေါ့။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း ခေါင်းညိတ် သဘောတူလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးချီပြောတာ မှန်တယ်”
ဖရဲသီးစားပြီးသွားတဲ့နောက်မှာတော့ စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ ပိတ်ချလိုက်တယ်။ သူမက အောက်မှာရှိနေတဲ့ ရှဲ့မိသားစုရဲ့မြင်ကွင်းအပြည့်အစုံကို လှမ်းကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အင်မတန်မှ ရှင်းလင်းလို့နေတယ်။ အဲ့ဒီနောက်မှာတော့ သူမက ဘာမှမဖြစ်သလို အကြည့်လွှဲထားလိုက်တော့တယ်။
“ကောင်းမှုလုပ်ရင် ကောင်းတာရမယ်။ မကောင်းမှုလုပ်ရင်တော့ မကောင်းမှုအတိုင်း အပြစ်ပေးခံရမယ်လို့ မှတ်လို့ရမယ်လေ”
သူမက ရှဲ့မိသားစုရဲ့အရေးကိစ္စတွေကို ဆက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး။ ရှဲ့မိသားစု မရှိတော့တာနဲ့ ဒီအပေါက်ကြီးကလည်း အလိုလို ပျောက်ကွယ်သွားမယ်ထင်တယ်။
ဒီနေရာမှာ ဖရဲသီးကလည်း စားလို့ပြီးသွားပြီဆိုတော့ ပြန်ဖို့အချိန်တန်ပြီလေ။
တကယ်လို့များ သူမက ကျင့်ကြံရေးလောကထဲကို အခုမှ ရောက်လာခဲ့တာဆိုရင်တော့ ရှဲ့ချီယွမ်က အရမ်းကို သနားစရာကောင်းတယ်ဆိုပြီး သက်ပြင်းချရရုံလေးပဲလုပ်ပြီး လှည့်ထွက်သွားမိမှာပဲ။ ဒါပေမဲ့ အခုကျတော့...
သူမက သူမဘေးမှာ အမြဲတမ်းရှိနေတဲ့ ပိုင်ကျစ်ယွင်နဲ့ ရှန့်ချန်ဟန်ကို စဥ်းစားမိလိုက်တယ်။ တကယ်လို့များ သူမက သူတို့တွေကို စိတ်မဝင်စားခဲ့ဘူး။ သူတို့တွေကို စကားမပြောခဲ့ဘူးဆိုရင် အခုချိန်မှာ သူတို့တွေ ဘယ်လိုများဖြစ်နေမှာပါလိမ့်။
သူမက သိပ်မဝေးလှတဲ့နေရာမှာ ရှိနေပြီး အေးစက်တဲ့ ပုံစံပေါက်နေပေမဲ့လည်း မျက်လုံးထဲမှာ အမြဲတမ်း သူမပဲ ရှိနေတဲ့ ရှန့်ချန်ဟန်ကို လှမ်းကြည်လိုက်မိတယ်။ သူမရဲ့မျက်လုံးထဲက အကြည့်တွေက အင်မတန်မှ ရှုပ်ထွေးသွားတော့တယ်။
ခဏအကြာမှာတော့ စူးလီက ဘာမှမတတ်နိုင်တော့သလို ခေါင်းခါလိုက်မိတော့တယ်။ ထားလိုက်ပါလေ။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ရောက်လာပြီးပြီပဲ။
လမ်းကြုံတယ်ဆိုတော့ သူ့ကို ကယ်လိုက်တာပေါ့။
ရှဲ့မိသားစုသွေးရေအိုင်။
ဒါက သွေးရေအိုင်ဆိုတဲ့အတိုင်း အရမ်းကိုပျစ်ခဲနေတာ မဲနက်နေတဲ့အတိုင်းပဲ။ ရေကန်ထဲမှာ လှိုင်းကြွနေတဲ့ ဝိညာဥ်စွမ်းအင်တွေက ထက်ရှတဲ့လက်နက်တစ်ခုလိုပဲ။ လေကို ဖောက်ခွင်းနိုင်တဲ့ တဝီဝီမြည်သံတွေ ထွက်နေတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို သွေးရေအိုင်ရဲ့ အာဟာရ ဖြစ်သွားအောင် အချိန်မရွေး ပြောင်းလဲပစ်နိုင်တယ်။
သွေးရေအိုင်ရဲ့ အနက်ဆုံးအပိုင်းထဲမှာတော့ လူတစ်ယောက်ကို ဟန်နင်တောင်မှာ ချုပ်ထားပြီး သူရဲ့နောက်မှာတော့ သံကြိုးကြီးတွေက သူ့ပခုံးကို ထိုးဖောက်ထားတယ်။
တစ်နာရီကြာတဲ့အခါတိုင်းမှာ သွေးတစ်စက်က သူ့ပခုံးကနေ စီးဆင်းလာတယ်။ သွေးရေအိုင်နဲ့ ပေါင်းစပ်သွားပြီးတဲ့နောက်မှာတော့ ဒါက ရှဲ့မိသားစုတစ်ခုလုံးအတွက် အထောက်အပံ့အာဟာရ ဖြစ်လာခဲ့တယ်။
တကယ်လို့ တစ်စုံတစ်ယောက်ကများ ဝိညာဥ်စွမ်းအင်အာရုံကိုသုံးပြီး လေ့လာလိုက်မယ်ဆိုရင်တော့ ဟန်နင်တောင်ပေါ်မှာ မမြင်ရတဲ့ သံကြိုးတွေကို တွေ့ရလိမ့်မယ်။ အဲ့ဒီသံကြိုးတွေက လူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်ကို ထိုးဖောက်ထားပြီး မရေမတွက်နိုင်တဲ့ အပိုင်းအစတွေ ဖြစ်သွားအောင် ခွဲထုတ်ထားတယ်။
စိတ်ဝိညာဥ်တစ်ခုထဲမှာ ဒီလိုပြင်းထန်တဲ့ နာကျင်မှုမျိုးက ဘယ်သူကိုမဆို ရူးသွားအောင်လုပ်ဖို့ လုံလောက်တယ်။
ဘယ်သူကမှ နှစ်ထောင်ချီကြာတဲ့အထိ ခြေမချခဲ့တဲ့အတွက်ကြောင့် သွေးရေအိုင်က ထူးထူးခြားခြားကို တိတ်ဆိတ်ငြိမ်သက်နေတယ်။
ဒီအချိန်မှာပဲ ပေါ့ပါးပေမဲ့ လျစ်လျူရှုထားလို့မရနိုင်တဲ့ ခြေသံတွေက ရုတ်တရက် ထွက်လာခဲ့တယ်။
သွေးရေအိုင်ရဲ့ အစွန်းတစ်ဖက်မှာတော့ အေးအေးလူလူရှိလှတဲ့ ပုံရိပ်တစ်ခုက တစ်လှမ်းချင်း ဖြည်းဖြည်းချင်းဆီ လျှောက်လှမ်းလာတော့တယ်။
...