← Chapters

အခန်း ၁၆၇

Vol. 11 Ch. 167 - End

အခန်း ၁၆၇

Vol. 11 Ch. 167 - End

အပိုင်း (၁၆၇) အချပ်ပို ပြီး

ဒီလောကငယ်လေးထဲမှာ စူးလီရဲ့ဘဝက ကျင့်ကြံရေးလောကထဲကဘဝနဲ့ မကွာခြားလေဘူး။

ကွာခြားချက်တစ်ခု ရှိရမယ်ဆိုရင်တော့ လူသားဖက်လုံးက သာမန်ဖက်လုံးထက် အများကြီးပိုပြီး ဇိမ်ရှိနေတာပဲ။

စူးလီက ရှဲ့ချီယွမ်ရဲ့ပေါင်ပေါ်မှာ လဲလျောင်းနေပြီး ကောင်းကင်ပေါ်က ကြီးမားတဲ့တိမ်လွှာကြေးမုံကို ပျင်းရိလေးတွဲစွာ ကြည့်နေတယ်။

ကောင်းကင်ထဲက တိမ်လွှာကြေးမုံထဲမှာ ချင်းယင်းနဲ့ နတ်ဆိုးသခင်ကြီး၂ယောက်တို့ရဲ့ပုံရိပ်က သိသိသာသာ ထင်ရှားလို့နေတယ်။

ချင်းယင်းက နတ်ဆိုးနယ်မြေထဲမှာ သူ့အတွက် နေထိုင်လို့ရနိုင်မဲ့ မှော်အစီအရင်တစ်ခုကို အစောကြီးကတည်းက ပြုလုပ်ပြီးခဲ့ပေမဲ့လည်း သူက နောက်ဆုံးတော့ ကျင့်ကြံသူတစ်ယောက်ပဲလေ။ ကျင့်ကြံရေးလောကက သူ့အတွက်အသင့်တော်ဆုံး နေရာတစ်ခုပေါ့။ နတ်ဆိုးနယ်မြေထဲမှာ နေထိုင်တာက နောက်ဆုံးတော့ သူ့အတွက် ဆုံးရှုံးမှုတစ်ခုပဲ။

ဒါပေမဲ့လည်း နတ်ဆိုးနယ်မြေထဲမှာ လတစ်ဝက်လောက်နေလာခဲ့ပြီးတဲ့နောက်မှာတော့ မော့ချင်းနဲ့ အန်းမြန့်တို့ရဲ့ နားချစကားအောက်မှာ သူက ကျင့်ကြံရေးလောကထဲကို ပြန်လာခဲ့တယ်။

နတ်ဆိုးသခင်ကြီးတွေဖြစ်ကြတဲ့ မော့ချင်းနဲ့ အန်းမြန့်တို့ကလည်း ချင်းယင်းရဲ့အစီအရင်နဲ့ပတ်သက်ပြီး အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်။ သူတို့တွေက ကျင့်ကြံရေးလောကထဲမှာ နည်းနည်းလေး သက်တောင့်သက်သာမရှိလှဘူးလို့ ခံစားရပေမဲ့လည်း ဒီလိုမသက်မသာခံစားချက်က သူတို့အတွက်တော့ ထုတ်ပြောစရာတောင်မဟုတ်ပါဘူး။

ချင်းယင်းက ဝိညာဉ်စွမ်းအင်တွေပြည့်နှက်နေတဲ့ ဝါးတောကြီးကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်မိတယ်။

သူက ခေါင်းကိုလှည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း စိုးရိမ်မှုတွေပြည့်နှက်နေခဲ့တယ်။ "ချင်းအာ၊ မြန့်အာ ငါတို့တွေ ကျင့်ကြံရေးလောကထဲကို ရောက်လာခဲ့တာ တော်တော်လေးကြာနေပြီ။ ငါတို့တွေ နတ်ဆိုးနယ်မြေထဲကို ပြန်ဖို့ အချိန်တန်ပြီပဲ။ ဟုတ်တယ်မလား"

သူ့စကားကို ကြားလိုက်တဲ့အခါ မော့ချင်းက ရှေ့ကို၂လှမ်းလောက် မြန်မြန်လျှောက်လာလိုက်ပြီး လေးစားကြည်ညိုတဲ့အငွေ့အသက်နဲ့ ချင်းယင်းကို ပြောလိုက်တယ်။

"အဖေ ဒီနေရာက ရှုခင်းတွေကို ကြည့်လို့၀သွားပြီလား။ ကျွန်တော်တို့တွေ တခြားနေရာမှာ တစ်ချက်လောက် သွားကြည့်ရအောင်လေ"

အန်းမြန့်ကတော့ ဒီအချိန်မှာ မော့ချင်းနဲ့လိုက်ပြီး အချစ်ခံရမှာကို ယှဉ်ပြိုင်နေဖို့ ဂရုမစိုက်တော့ဘဲ ရှေ့ကို မြန်မြန်တက်လာလိုက်ကာ ပြောလိုက်တော့တယ်။ "ကျွန်တော်လည်း အဖေကြည့်ချင်တဲ့ တခြားရှုမျှော်ခင်းတွေကို ထပ်ပြီးတော့ကြည့်ချင်သေးတယ်"

ချင်းယင်းက သူတို့ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားခဲ့တယ်။ "ဒါပေမဲ့ မင်းတို့ရဲ့ခန္ဓာကိုယ်တွေက..."

မော့ချင်းနဲ့ အန်းမြန့်တို့က မြန်မြန်ခေါင်းခါလိုက်ပြီး "အဖေ ကျွန်တော်တို့တွေ ကျန်းမာရေးကောင်းကြပါတယ်"

"တကယ်လို့ အဖေ ကျွန်တော်တို့ကို မယုံဘူးဆိုရင် အဖေစိတ်ချရအောင် အခုချက်ချင်းပဲ ဒုတိယညီလေးနဲ့ လက်ရည်ချင်းယှဉ်ပြပါ့မယ်” အန်းမြန့်ရဲ့မျက်လုံးတွေက တစ်ဖက်ကိုရောက်သွားပြီး သူ့ရင်ဘတ်ကိုပုတ်လိုက်ကာ ချင်းယင်းကိုကတိပေးလိုက်တယ်။

သူတို့အဖြေကို ကြားလိုက်ရတဲ့အခါ ချင်းယင်းက သူတို့ရဲ့အမူအရာတွေကို ဂရုတစိုက် အကဲခတ်လိုက်ပြီး နောက်ဆုံးတော့ နည်းနည်းလေးစိတ်အေးသွားခဲ့တယ်။

"မင်းတို့ရဲ့ ကျန်းမာရေးကောင်းနေတယ်ဆိုရင် ဟုတ်ပါပြီ"

သူတို့ကိုကြည့်လိုက်ပြီး သူက နတ်ဆိုးနယ်မြေထဲမှာကျန်ရစ်ခဲ့တဲ့ယိုမင်ကို မနေနိုင်ဘဲ စဉ်းစားမိသွားပြီး သူ့အသံကလည်း အနည်းငယ် လွမ်းဆွတ်တမ်းတဟန် ဖြစ်သွားတော့တယ်။ "အခုအချိန်မှာ မင်းတို့ရဲ့အစ်ကိုကြီး ဘယ်လိုနေနေလဲမသိဘူးနော်"

ဒီအကြောင်းကို သေသေချာချာ စဉ်းစားမိလိုက်တော့ သူ ယိုမင်နဲ့မတွေ့ရတာ လပေါင်းတော်တော်ကြာနေပြီပဲ။

သူ့စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ မော့ချင်းနဲ့ အန်းမြန့်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့တစ်ယောက်ချင်းစီရဲ့မျက်လုံးထဲမှာ ရန်သူကို မုန်းတီးတဲ့ပုန်းကွယ်နေတဲ့ ခံစားချက်တစ်ခုရှိနေခဲ့တယ်။

သူတို့တွေက ပြီးခဲ့တဲ့လဝက်တုန်းက မရေမတွက်နိုင်အောင် ယိုမင်ရဲ့စကားနဲ့ တိုက်ခိုက်ခံရတာတွေကို တွေ့ကြုံခဲ့ရပြီးပြီလေ။ သူတို့တွေရဲ့ လက်ရှိအခြေအနေကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့တွေက ယှဉ်ပြိုင်နိုင်ဖို့ ဒီအတိုင်း မတတ်နိုင်တာပဲ။

ဒီတော့ သူတို့တွေက ယိုမင်ကို တိုက်ခိုက်ဖို့ စည်းလုံးမှပဲဖြစ်မယ်။ အဲဒီနောက်မှာတော့ သူတို့တွေက သူတို့ရဲ့အဖေကို ကျင့်ကြံရေးလောကထဲကိုလာဖို့ နားချခဲ့တော့တာပဲ။

ဒါကိုစဉ်းစားလိုက်ပြီး မော့ချင်းက ရှေ့ကိုအရင်ဆုံးထွက်လာလိုက်ကာ မျက်နှာပေါ်မှာလည်း ညီအကိုအပေါ် ချစ်ခြင်းတရားအပြည့်နဲ့ ပြောခဲ့လိုက်တယ်။ "အဖေ စိတ်မပူပါနဲ့။ နတ်ဆိုးဘုရင်တစ်ပါးအနေနဲ့ ကျွန်တော်တို့ အကြီးဆုံးအစ်ကိုက နတ်ဆိုးလောကရဲ့ အကြီးမားဆုံး ဂုဏ်သိက္ခာပါပဲ။ သူက ဘာအန္တရာယ်မှ တွေ့ကြုံရမှာ မဟုတ်ပါဘူး"

"ဒုတိယအစ်ကို ပြောတာမှန်ပါတယ်" အန်းမြန့်ကလည်း ထောက်ခံလိုက်တယ်။

"အစ်ကိုကြီးက အဖေနဲ့ဒီလောက် အချိန်အကြာကြီး မဆက်သွယ်ခဲ့ဘူးဆိုတော့ ဖြစ်နိုင်တာကတော့ သူက နတ်ဆိုးဘုရင်လုပ်နေရလို့ အရမ်းအလုပ်များနေတာပဲ ဖြစ်ရမယ်။ အဖေအများကြီး စိတ်ပူနေစရာ မလိုပါဘူး"

ဒီအချိန်မှာတော့ သူက ခေါင်းငုံ့ထားလိုက်ပြီး သူ့အသံထဲမှာလည်း သိမ်ငယ်တဲ့အရိပ်အယောင်တစ်ခုနဲ့ သတိလေးနဲ့ပြောလိုက်တယ်။ "အဖေ ကျွန်တော်တို့အစ်ကိုအကြီးဆုံးက အခုဆိုရင် နတ်ဆိုးဘုရင် ဖြစ်သွားပြီ။ သာလွန်တဲ့စွမ်းအားမှာရော၊ အဆင့်အတန်းမှာပါ ကျွန်တော်နဲ့ဒုတိယအစ်ကိုတို့က ဒီအတိုင်း သေးငယ်လှတဲ့ နတ်ဆိုးသခင်လေးတွေပါပဲ..."

သူက ခေါင်းမော့လိုက်ပြီး ချင်းယင်းကိုဂရုတစိုက်နဲ့ ကြည့်လိုက်တယ်။ "ကျွန်‌တော်တို့တွေက... အစ်ကိုကြီးလောက် မတော်ဘူးလို့ အဖေက ထင်လို့များလား"

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ချင်းယင်းက အန်းမြန့်ရဲ့စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ခေါင်းလေးကို မြန်မြန်လေး သပ်ပေးလိုက်တယ်။ "မင်းနဲ့မော့ချင်းတို့က ငါ့ရဲ့ဂုဏ်အယူရဆုံး ကလေး၂ယောက်ပါပဲ"

"ဒီအပြင် မင်းတို့တွေကပဲ မင်းတို့အကိုကြီးကို လမ်းတစ်ခုပေးခဲ့ပြီး နတ်ဆိုးဘုရင် ဖြစ်လာမဲ့အခွင့်အရေးကို လက်လျှော့ပေးခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ မင်းတို့တွေက မင်အာလောက် မတော်ဘူးလို့ အဖေက စဉ်းစားနိုင်မှာလဲ"

ဒီအချိန်မှာတော့ မော့ချင်းက အလျင်အမြန်ရောက်လာပြီး အမ်းမြန့်ဘေးကို တိတ်တိတ်လေး တိုးသွားလိုက်ကာ သူ့ရဲ့ခေါင်းကို ချင်းယင်းရဲ့လက်ပေါ်ကို တင်ထားလိုက်တယ်။

ခေါင်းပေါ်မှာ ပွတ်သပ်ခံရတဲ့ခံစားချက်ကို အကြိမ်အနည်းငယ်လောက် ခံစားလိုက်ပြီးတဲ့အခါမှာတော့ မော့ချင်းက ခေါင်းကိုမော့ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

"အဖေ ကျင့်ကြံရေးလောကထဲက ရှု့မျှော်ခင်းတွေက အရမ်းလှတာပဲနော်။ ကျွန်တော် ထပ်ပြီးတော့ တွေ့ချင်သေးတယ်"

ချင်းယင်းက အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ချင်းအာ ပြောခဲ့တယ် မဟုတ်လား။ သူက ကျင့်ကြံရေးလောကထဲက လော့ထန်းပန်းကို ကြည့်ချင်တယ်ဆို"

"ယွင်ကျင်းမြို့ကို သွားပြီးတော့ သွားကြည့်ရအောင်"

အန်းမြန့်က မော့ချင်းကို ခပ်ကြမ်းကြမ်းကြည့်လိုက်ပြီးတဲ့နောက် တစ်ဖက်ကို လှည့်လိုက်ကာ ရိုးသားတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ "အဖေ ဘယ်ကိုပဲသွားသွား ကျွန်တော်က လိုက်ခဲ့မှာပါ"

မော့ချင်းက အန်းမြန့်ရဲ့အမူအရာကို စိတ်ထဲမှာ လုံးဝမထားလေဘူး။ သူက လက်တစ်ဖက်နဲ့ ချင်းယင်းကိုတွဲလိုက်ပြီး သူ့အသံထဲမှာလည်း ယိုမင်အတွက် လေးစားအားကျမှုအပြည့် ဖြစ်နေခဲ့တယ်။

"အဖေ အစ်ကိုအကြီးဆုံး လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်တော့်ကို ပြောခဲ့သေးတယ်။ သူက နတ်ဆိုးနယ်မြေကို ကောင်းကောင်း တည်ထောင်ချင်ပြီး နောက်ထပ်ကျင့်ကြံရေးလောကတစ်ခုကို ပြောင်းလဲချင်တယ်တဲ့။ ဒါမှ အဖေလည်းအဲဒီမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်မှာတဲ့"

"ဟုတ်တယ်။ အဖေ နတ်ဆိုးနယ်မြေကို ပြန်လာတဲ့အခါ နတ်ဆိုးနယ်မြေထဲမှာ လော့ထန်းပန်းကို မြင်နေရလောက်တယ်"

စူးလီက မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ တိမ်လွှာကြေးမုံကို ကြည့်နေမိတယ်။

တကယ် အံ့သြစရာကောင်းတာပဲ...

စကားလုံး နည်းနည်းပါးပါးနဲ့ပဲ မော့ချင်းနဲ့ အန်းမြန့်တို့က ချင်းယင်းကို နတ်ဆိုးနယ်မြေထဲ ပြန်မဲ့အကြောင်းကို တိုင်ပင်ဆွေးနွေးနိုင်ခဲ့တယ်။

ချင်းယင်းရဲ့ အပြစ်ရှိနေတဲ့ခံစားချက်ကို ပြုလုပ်ရင်း သူက ယိုမင်ကိုလည်း နတ်ဆိုးလောက တည်ထောင်ဖို့ လေးလံတဲ့တာဝန်တွေကိုတောင်မှ ပေးလိုက်သေးတယ်...

နတ်ဆိုးလောကကို ဒုတိယကျင့်ကြံရေးလောကဖြစ်အောင် တည်ဆောက်မယ်တဲ့... ရဲရင့်လိုက်တဲ့ စကားလုံးပဲ။

စူးလီက သူမရဲ့နှုတ်ခမ်းပေါ် တင်ပေးလိုက်တဲ့ အသီးခြောက်လေးကို ကြည့်လိုက်ပြီး အမှတ်တမဲ့ တစ်ကိုက်ကိုက်လိုက်ကာ သူမရဲ့ပါးစပ်ထဲမှာ ချိုမြိန်မှုကို ခံစားလိုက်ရတယ်။ သူမက ရှဲ့ချီယွမ်ကို သက်ပြင်းချပြီး ပြောလိုက်တယ်။

"နတ်ဆိုးတစ္ဆေမြက်ကို လက်ဖက်ရည် လုပ်သောက်လို့ရရင် ကောင်းမှာပဲ"

သူမက ထထိုင်လိုက်ပြီး ရှဲ့ချီယွမ်ကို ဆားငံလက်ဖက်မုန့်တစ်ခု လှမ်းပေးလိုက်ကာ စကားရဲ့ ကျန်နေတဲ့တစ်ဝက်ကို တိုးတိုးလေး ထပ်ပြောလိုက်တယ်။

"ဒီနတ်ဆိုးသခင်ကြီး၂ယောက်ဆီက လက်ဖက်နံ့က မွှေးပျံနေတာမှ ဒီဘက်ထိတောင်ရောက်နေတာပဲ"

ရှဲ့ချီယွမ်က လက်ဖက်ကိတ်ကို တစ်ကိုက်လောက် ကိုက်လိုက်တယ်။ ဒါပေမဲ့လည်း သူက ဘာမှမပြောရသေးခင်မှာဘဲ သူ့ဘေးကလူက တစ်ခုခုကို စဉ်းစားနေတဲ့ပုံဖြစ်နေတာကို တွေ့လိုက်ရပြီး ခေါင်းကို လှည့်လိုက်ကာ ဝမ်းသာအားရနဲ့ တိမ်လွှာကြေးမုံကို ကြည့်လိုက်တယ်။

"လက်ဖက်နှပ်တယ်လို့ ပြောလို့ ရှောင်ပိုင်က အခုတလော လက်ဖက်ရွက်အသစ်ကို သုတေသန လုပ်နေတဲ့ပုံပဲ"

တိမ်လွှာကြေးမုံထဲက မြင်ကွင်းက ပြောင်းလဲသွားခဲ့တယ်။

ပိုင်ကျစ်ယွင်က သူမရဲ့မျက်နှာပေါ်က လေးနက်တဲ့အကြည့်တစ်ခုနဲ့ သူမရဲ့လက်ထဲက အဆင့်၇ပန်းပွင့် လက်ဖက်ခြောက်၂ခုကို သေသေချာချာလေး ယှဉ်ကြည့်နေခဲ့တယ်။

"ဒီအပင်ရဲ့အရွက်တွေက နည်းနည်းလေး ချွန်ထက်နေတယ်။ ဒီတော့ အနံ့ကလည်း သေချာပေါက် ပြင်းရလိမ့်မယ်။ ဒီအပင်ရဲ့ပွင့်ဖက်ကတော့ ပိုပြီးတော့ နူးညံ့တယ်။ ဒီတော့ ပန်းရနံ့က ပိုပြီးတော့ ပြင်းထန်မယ်ထင်တယ်"

"တကယ်လို့ ဒါကို အနံ့ပြင်းအောင် လုပ်နိုင်မယ်ဆိုရင်..."

တစ်ဖက်မှာတော့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ နစ်နာနေရပါပြီဆိုတဲ့ ရုပ်တစ်ခုနဲ့ ရပ်နေပြီး ပိုင်ကျစ်ယွင်ကို နှောက်ယှက်မိမှာစိုးတဲ့အတွက် စကားတစ်ခွန်းမှ မပြောရဲဘဲ ဖြစ်နေခဲ့တယ်။

ကျင့်ကြံရေးလောကက ငြိမ်းချမ်းပြီးကတည်းက ရွှင့်ချန်ဂိုဏ်းရဲ့ အဖိုးတန်ရွှေတုံးလေးဖြစ်တဲ့ အကြီးအကဲပိုင်ကျစ်ယွင်က ကောင်းကင်တာအို ဒီနေရာမှာရှိနေတုန်းကအတိုင်းပဲ ဝိညာဉ်အစားအသောက်တွေနဲ့ ဝိညာဉ်စွမ်းအင်လက်ဖက်တွေကို ကြိုးကြိုးစားစား သုတေသနပြုလာခဲ့တယ်။

မဟုတ်သေးပါဘူး။ ကောင်းကင်တာအိုက ဒီပတ်ဝန်းကျင်မှာ ရှိနေတုန်းပါပဲ။ အဲဒီတုန်းက ကျင့်ကြံရေးလောကထဲမှာ ဖရိုဖရဲဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ပိုင်ကျစ်ယွင်ကလည်း သူ့အချိန်တွေကို ဝိညာဉ်စွမ်းအင်ဆေးပင်တွေနဲ့ ဆေးလုံးတွေကို ပြုလုပ်ရင်း သုံးခဲ့ရတယ်။ သူအားတဲ့အချိန်ကျမှသာ ဝိညာဉ်စွမ်းအင်အစားအသောက်တွေနဲ့ လက်ဖက်ရည်တချို့ကို ပြုလုပ်နိုင်ခဲ့တာ။

ဒါပေမဲ့ အခုကျတော့ ကျင့်ကြံရေးလောကက အေးချမ်းသွားပြီလေ။ ပိုင်ကျစ်ယွင်ကလည်း သူ့ရဲ့အစားအသောက်နဲ့ ပတ်သက်တဲ့ ကျင့်ကြံခြင်း အသက်မွေးဝမ်းကျောင်းအလုပ်ကို အာရုံစိုက်လာနိုင်ခဲ့ပြီ။

သူက ဝိညာဉ်စွမ်းအင်ဆေးပင်တွေမှာ ပြီးပြည့်စုံနေအောင် ကျွမ်းကျင်တတ်မြောက်လာပြီး ကျင့်ကြံရေးလောကထဲမှာ ရှိနှင့်နေပြီးသားပစ္စည်းတွေကို လေ့လာရုံနဲ့တင်ကို မကျေနပ်နိုင်ခဲ့ဘူး။ အဲဒီအစား သူမက ကျင့်ကြံရေးလောကထဲမှာ အစောကြီးကတည်းက မျိုးသုဥ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အပင်တွေကို လေ့လာဖို့ သူမရဲ့အရည်အချင်းတွေကို အပြည့်အဝ အသုံးချခဲ့သေးတယ်။

သူမရဲ့မျက်လုံးထဲက အလင်းရောင်တွေကို အကဲခတ် ကြည့်မယ်ဆိုရင် သူက ဒါကိုတစ်စုံတစ်ယောက်ကို ကျေနပ်နှစ်သိမ့်စေချင်လို့ လုပ်တာမဟုတ်ဘဲ သူမရဲ့စိတ်ထဲမှာ ဒါကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့်ကို လုပ်နေတာပဲ။

ဒီလိုနဲ့ ပိုင်ကျစ်ယွင်ရဲ့မနားမနေ ကြိုးစားအားထုတ်မှုတွေကို မှီခိုလာခဲ့ရတယ်။

ဒီနေ့ခေတ်မှာတော့ ရွှင့်ချန်ဂိုဏ်းက ကျင့်ကြံရေးလောကထဲမှာ အချမ်းသာဆုံးဂိုဏ်းတစ်ခုကနေ... ကျင့်ကြံရေးလောကထဲမှာ အကြီးမားဆုံး အစားအသောက်တွေကို ထောက်ပံ့ပေးတဲ့သူ ဖြစ်လာခဲ့တယ်။

စူးလီက ပိုင်ကျစ်ယွင်ရဲ့ဆုံးဖြတ်ချက် ပြတ်သားပြီး လေးနက်နေတဲ့အမူအရာကို တိမ်လွှာကြေးမုံထဲမှာ မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေထဲမှာလည်း စစ်မှန်တဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။

သူမက ခပ်တိုးတိုးရယ်လိုက်ပြီး သက်ပြင်းချမိလိုက်တယ်။ "ဂိုဏ်းကို ပေါများကြွယ်ဝအောင် လုပ်နိုင်ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို အထင်ကြီးလေးစားအောင်ပြုလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုက အခုကျတော့ အစားအသောက် ပါဝင်ပစ္စည်းတွေကို လေ့လာတဲ့နေရာမှာ သုံးနေသတဲ့"

အခုအခါမှာတော့ အစားအသောက်နဲ့ ပတ်သက်တဲ့ပါဝင်ပစ္စည်းတွေကို လေ့လာနေတာကို မပြောသေးနဲ့ဦး ပိုင်ကျစ်ယွင်က သူ့ရဲ့အရည်အချင်းတွေကို စွန့်လွှတ်ပြီး သူ့ရဲ့အလုပ်အကိုင်ကို ပြောင်းလိုက်မယ်ဆိုရင်တောင် လူအများစုက စကားနည်းနည်းပါးပါးနဲ့ပဲ နှမြောစရာကောင်းတယ်ဆိုတဲ့ အကြောင်းကို ထုတ်ပြောကြလိမ့်မယ်။

အေးချမ်းပြီး တည်ငြိမ်တဲ့ကျင့်ကြံရေးလောကတစ်ခုက ပိုင်ကျစ်ယွင်အတွက်တော့ သူလုပ်ချင်တဲ့အရာကို လုပ်ဖို့လုံလောက်နေပြီလေ။

သူမက ပျင်းရိလေးတွဲစွာနဲ့ မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ "ကောင်းလိုက်တာ"

ဒီအချိန်မှာပဲ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ အထိတ်တလန့် ဖြစ်သွားတဲ့အသံက တိမ်လွှာကြေးမုံထဲကနေ ရုတ်တရက် ထွက်လာခဲ့တယ်။

"၀မ့်ကျန့်ဂိုဏ်းရဲ့ ဘိုးဘေးဆရာကြီး ရှန်ချန်းဟန်က မသေမျိုးဓားသိုင်းပညာတစ်စုံကို တကယ်ပဲ ဖော်ထုတ်နိုင်ခဲ့တယ်တဲ့"

ဟွားရိုလက်ဖက်ကို စိတ်ဝင်တစားနဲ့လေ့လာနေတဲ့ ပိုင်ကျစ်ယွင်က ခေါင်းမော့လိုက်ပြီး အထိတ်တလန့် အမူအရာတစ်ခုနဲ့ ကျန့်ရွှမ်ကို ကြည့်နေတဲ့လူကို သိလိုစိတ်နဲ့ လှမ်းကြည့်လိုက်တယ်။

"မသေမျိုးဓားသိုင်းကွက်ဟုတ်လား"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့လက်ဖဝါးပေါ်မှာ ဝိညာဉ်စွမ်းအင်တချို့ကို ထည့်သွင်းလိုက်ပြီး ခဏကြာတဲ့အခါမှာတော့ ပါးလျတဲ့အလင်းရောင် ခန်းစီးလေးက သူတို့၂ယောက်ကြားမှာ ပေါ်လာခဲ့တယ်။

ဒီအလင်းရောင်ခန်းစီးလေးထဲမှာ ရှန်းချန်းဟန်က လက်ထဲမှာ သူ့ရဲ့မွေးချင်းဓါးကို ကိုင်ထားပြီး ဝှေ့ရမ်းကာမရေမတွက်နိုင်တဲ့ ဖျတ်လတ်တဲ့ ဓားသိုင်းအလင်းရောင်တွေက အတူတူယှက်ဖြာနေခဲ့တယ်။

တခြားဓားပိုင်ကျင့်ကြံသူတွေရဲ့ အနိုင်မခံအရှုံးမပေးဘဲ အင်မတန်မှ ထက်ရှလှတဲ့ ဓားစွမ်းအင်နဲ့မတူဘဲ ရှန်ချန်းဟန်ရဲ့ဓားစွမ်းအင်တွေက အင်မတန်မှ ကြီးမားပြီးပျော့ပျောင်းလှတဲ့ မရေမတွက်နိုင်တဲ့ ဓားအလင်းရောင်တွေက သိပ်သည်းကြီးမားလှတဲ့ ကွန်ယက်တစ်ခုထဲမှာ ယှက်ဖြာနေပြီး ဒါကရန်သူတွေအားလုံးကို ပိတ်ဆို့ထားသယောင်ပဲ။

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက လေးစားမှုအပြည့်ဖြစ်နေတဲ့အချိန်မှာ အလင်းရောင်ခန်းစီးထဲက ရှန်ချန်းဟန်က သူ့ရဲ့မွေးချင်းဓါးကို သိမ်းလိုက်ပြီး အေးစက်စက်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ဒီတိုင်းကွက်ကို မင်ဝေဖေးကျန်းဓားသိုင်းကွက်လို့ ခေါ်တယ်"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က လေးစားအားကျမှုတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။ သူက တစ်ခုခုကို သဘောပေါက်သွားသယောင်ပဲ။ သူ့မျက်လုံးထဲမှာလည်း နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။

မင်ဝေဖေးကျန်းဓားသိုင်းတဲ့။ ဒါက ဘာအဓိပ္ပာယ်လဲ။

သူက ရှန်ချန်းဟန်နဲ့ တွေ့ခဲ့ဖူးတဲ့အချိန်အနည်းငယ်ကို ပြန်စဉ်းစားလိုက်တယ်။ သူက အမြဲလိုလို အချုပ်အလုပ်တွေလုပ်ပြီး တိတ်တိတ်လေးနောက်ကွယ်မှာ အမြဲတမ်းစားသောက်နေတတ်တဲ့ပုံမှာပဲ။

ကြည့်ရတာတော့ ဝမ့်ကျန့်ဂိုဏ်းကတော့ သူ့ကိုယ်သူ သင်းကွပ်ပြီးတဲ့နောက်မှာတော့ နောက်တစ်ခါ အချုပ်အလုပ် လေ့ကျင့်မဲ့အရေးကို ရူးရူးသွပ်သွပ် စလုပ်ကြတော့မယ် ထင်ပါတယ်။

ဒီအချိန်မှာပဲ အလင်းရောင်ခန်းစီးစပေါ်က ရှန်ချန်းဟန်ရဲ့ပုံရိပ်က ပျောက်ကွယ်သွားတယ်။ ကျန့်ရွှမ်ရဲ့ အတင်းအဖျင်း ပြောကဏ္ဍထဲမှာ စာလုံးထူထူနဲ့ ရေးထားတဲ့စာတချို့ အရင်ဆုံးပေါ်လာတော့တယ်။

[အံ့သြစရာကောင်းလိုက်တာ။ ရွှေငါးဘွားဘွားလင်းကျောက်က နောက်ထပ် ဝိညာဉ်မိုင်းတွင်းတွေကို ရှာတွေ့ခဲ့တယ်တဲ့။ ဒီအခိုက်အတန့်မှာတော့ ချန်ထျန်းဂိုဏ်းက ရှာဖွေတွေ့ရှိထားခဲ့တဲ့ တတိယမြောက် ဝိညာဥ်မိုင်းတွင်းတွေကို တူးဖို့ တပည့်တွေကို ခိုင်းစေထားတယ်တဲ့]

[တကယ့်ကို ပြိုင်ဖက်ကင်းပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာပဲ။ ဟယ်ဟွမ်းဂိုဏ်းက ချီရှီက ကိုယ်ပွားတစ်ခုကို သန့်စင်ပြီးတဲ့နောက်မှာ သူက နှစ်ဝက်လောက် အဲဒီကိုယ်ပွားကို လိုက်နေခဲ့တာလေ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အခြေတည်စ ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်ပြီးသွားပြီး ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်မှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်တဲ့]

[ကြီးမြတ်သူချင်းဖုန်းက တစ်ချိန်တုန်းကတော့ သူ့ရဲ့ရှေ့ဖြစ်တွက်ချက်မှုတွေကို အမှားအယွင်းတစ်ခု ဖြစ်အောင်လုပ်ခဲ့တယ်။ အခုတော့ နစ်နာသူတွေက သူ့ဆီကို ရောက်လာခဲ့တယ်တဲ့။ တကယ်လို့ ပျော်ရွှင်စရာတွေ တွေ့ချင်တယ်ဆိုရင် မြန်မြန်လာခဲ့ကြပါ]

[နတ်ဆိုးနယ်မြေအတားအဆီးကို ထိုးဖောက်ဖို့အတွက် ၇ခုမြောက်ဂိုဏ်းက မုတ်ဆိတ်မွှေးထူထူနဲ့ အမျိုးသား ကျင့်ကြံသူတွေကို အမျိုးသမီးတွေလို ဝတ်စားခိုင်းပြီး သူ့ကိုငွေပမာဏအများကြီးနဲ့ မြှူဆွယ်ခိုင်းထားတယ်တဲ့။ မုတ်ဆိတ်မွှေးပါတဲ့ ကျင့်ကြံသူတွေ သွားပြီးတော့ စမ်းကြည့်လိုက်ကြပါဦး]

[ကြီးမြတ်သူ ရူရန်းရဲ့ခင်ပွန်းက ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်တဲ့။ ငါ့နှယ် စားသောက်ပွဲကို သွားချင်တဲ့လူများ မရှိကြဘူးလား]

[လုပ်ပါဦး...]

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက စိတ်ဝင်တစားနဲ့ ကျန့်ရွှမ်ပေါ်က အတင်းအဖျင်းကဏ္ဍကို ဖတ်နေတုန်းမှာပဲ တပည့်တစ်ယောက်က အပြေးအလွှား ရောက်လာခဲ့တယ်။

"ဂိုဏ်းချုပ်ကြီး မုန့်ယွီစန်းလန်က ဂိုဏ်းချုပ်ကြီးကို တွေ့ချင်နေပါတယ်"

"ကျန်းမုန့်လန်လား" ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အလင်းရောင် ခန်းစီးစလေးကို သိမ်းထားလိုက်ပြီး မျက်လုံးထဲမှာလည်း မသင်္ကာတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။ "သူက ကျင့်ကြံရေးလောကထဲမှာ ခရီးသွားနေတာ မဟုတ်လား။ ရွှင့်ချန်ဂိုဏ်းကို ဘာဖြစ်လို့ ရောက်လာတာတဲ့လဲ"

"မုန့်ယွီစန်းလန်းပြောတာကတော့ သူက မီဟွားတောထဲမှာ ထျန်းရှန်းဆေးပင်ကို ရှာတွေ့ခဲ့တယ်တဲ့။ အကြီးအကဲပိုင်ကို အကူအညီတောင်းချင်လို့ပါတဲ့..."

ပိုင်ကျစ်ယွင်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်လုံးထဲမှာလည်း အံ့သြမှုအပြည့် ဖြစ်သွားခဲ့တယ်။

"ထျန်းရှန်းဆေးပင်ဟုတ်လား။ ဒဏ္ဍာရီထဲမှာ ပြောထားတာကတော့ ထျန်းရှန်းဆေးပင်က ကောင်းကင်အစွမ်းကို တိုးတက်အောင်လုပ်ပေးနိုင်တယ်တဲ့"

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀တုန်းက ကျင့်ကြံရေးလောကထဲက ကံကောင်းခြင်းတွေက ကျဆင်းသွားခဲ့ပြီး အဆင့်တစ် ထျန်းရှန်းဆေးပင်တောင်မှ တစ်ပင်မှ မတွေ့ခဲ့ရဘူးလေ။

သူမက အချိန်အကြာကြီးလေ့လာခဲ့ပြီးတာတောင် တစ်ပင်မှ မတွေ့ခဲ့ရဘူးလေ။

အခုတော့...

ပိုင်ကျစ်ယွင်က တခြားသူတွေကနေတစ်ဆင့် သူမရဲ့ချန်ပေ့အကြီးအကဲရဲ့ သရုပ်မှန်ကို ခပ်ရေးရေးလေး သိခဲ့ပြီးပြီ။ သူမ အတွက်တော့ ဒီချန်ပေ့က ဘယ်သူပဲဖြစ်နေပါစေ သူက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူက သူမရဲ့ချန်ပေ့ဖြစ်နေတုန်းပဲ။

အခုတော့ သူမရဲ့ချန်ပေ့အတွက် အကျိုးကျေးဇူး အများကြီးရနိုင်တဲ့ ဝိညာဉ်စွမ်းအင် ဆေးပင်တစ်ခုရှိလာပြီ။ သူမဒါကို သေချာပေါက် လက်လွှတ်လို့မဖြစ်ဘူး။

သူမက စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။ "ကျန်းမုန့်လန် ဘယ်မှာလဲ။ ကျွန်မ အခု သူ့ကို အခုပဲ သွားတွေ့မယ်"

ဒီလောကငယ်လေးထဲမှာ ရှဲ့ချီယွမ်က ကျန်းမုန့်လန်ဆိုတဲ့ စကား၃လုံးကို ကြားလိုက်တဲ့အခါ မသိမသာ မျက်မှောင်ကြုတ်သွားတော့တယ်။ သူက သိပ်မဝေးလှတဲ့နေရာမှာ သူ စိုက်ပျိုးထားတဲ့မသေမျိုးဆေးပင် အခင်းတွေကို လှမ်းကြည့်လိုက်ပြီး သူ့လက်ချောင်းဖျားတွေကလည်း မသိမသာ လှုပ်ရှားသွားခဲ့တယ်။

အဲဒီနောက်မှာတော့ သူကခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ပြီး သူ့ပေါင်ပေါ်မှာ ပျင်းရိလေးတွဲစွာ လဲလျောင်းနေတဲ့ စူးလီကို ကြည့်လိုက်တယ်။ သူက သူ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီးတဲ့နောက် လက်တစ်ဖက်ကို ဆန့်လိုက်ကာ သူမရဲ့မျက်လုံးကို အသာအယာလေး ဖုံးကွယ်ထားလိုက်တော့တယ်။

"စူးစူး ဒါကို ကြည့်နေတာ အရမ်းကြာနေပြီဆိုတော့ သေချာပေါက် ပင်ပန်းနေတော့မှာပဲ"

"ခဏလောက် အနားမယူချင်ဘူးလား"

စူးလီကလည်း နည်းနည်းလေး အိပ်ချင်နေပြီဖြစ်နေတာနဲ့ သူမရဲ့မျက်လုံးတွေရှေ့မှာ နေရောင်ကိုကာ ကွယ်ပေးထားတာကို ခံစားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်တော့တယ်။ တိမ်လွှာကြေးမုံထဲက အသံကလည်း ရပ်တန့်သွားခဲ့တယ်။

နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ သူမက အိပ်ချင်မူးတူးနဲ့ ပြောလိုက်သေးတယ်။

"ကျွန်မတို့တွေ ဒီလောကငယ်လေးထဲမှာ နေလာတာ တော်တော်လေး ကြာသွားခဲ့ပြီ။ ကျင့်ကြံခြင်းလောကထဲကို ခဏလောက် သွားလည်ရအောင်ပါ"

"ရှောင်ပိုင် အသစ်လုပ်ထားတဲ့ လက်ဖက်ရည်အသစ်ကိုလည်း မြည်းကြည့်ရမယ်။ ချန်းဟန် ဖော်ထုတ်ထားတဲ့ ဓားသိုင်းကွက်ကိုလည်း လေ့လာကြည့်ရမယ်။ ပြီးတော့..."

သူမရဲ့အသံက တဖြည်းဖြည်းနဲ့ တိုးညင်းသွားပြီး နောက်ဆုံးတော့ လုံးဝမသိသာတဲ့ မသဲမကွဲအသံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ရှဲ့ချီယွမ်ရဲ့လက်တွေက နေရောင်ကို ကာကွယ်ပေးထားရင်း သူမရဲ့မျက်လုံးတွေရှေ့မှာ ရှိနေတုန်းပဲ။ သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်ကတော့ သူမရဲ့နားဘေးမှာတင်နေတဲ့ ပွင့်ဖတ်လေးတွေကို အသာအယာ ဖယ်ထုတ်ပေးလိုက်ပြီး သူ့အသံကလည်း ညင်သာသိမ်မွေ့ပြီး ချစ်ခင်မြတ်နိုးမှုအပြည့် ဖြစ်နေခဲ့တယ်။

"ဟုတ်ပါပြီ"

...

-ပြီးပါပြီ-

All Chapters