အခန်း ၁၀၆
Vol. 8 Ch. 106
အပိုင်း (၁၀၆)
[လင်ဟွားယာ့ကို အစကတည်းက တစ်ခုခု လွဲနေပါတယ်လို့ ဘာလို့ခံစားမနေလဲမှတ်တယ်၊ သူ့ပတ်ဝန်းကျင်မှာ အမှောင်အရောင်အဝါတစ်ခု ရှိနေတာပဲ...]
[သူက ရွှေငါးအတု ဖြစ်နေတာကိုး]
လင်ဟွားယာ့ရဲ့ မျက်လုံးတွေက ပျာယာခတ်သွားခဲ့တယ်။ သူမ ဘာလုပ်ရမလဲ။
သူမက လင်ကျောင်း ယူလာပေတဲ့ ကံကောင်းခြင်းတွေကို အသုံးချနေတာမှန်း သူမ အဖေသိသွားရင် သူက သူမကို စွန့်ပစ်တော့မှာလား။
ရွှေငါးအတုဆိုတာ ဘာအဓိပ္ပာယ်လဲ။
လင်မိသားစု ခေါင်းဆောင်က ငေးကြောင်ကြောင်နဲ့ နေရာမှာ ရပ်နေမိပြီး သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်တစ်ခု ဖြစ်သွားတယ်။
ယာ့အယ်က လင်မိသားစုကို ဒီလောက်အများကြီး အကူအညီပေးခဲ့တာပဲ ဒါက ဘယ်လိုပြီး အမှန်ဖြစ်နိုင်မှာလဲ။
ချန်ထျန်းဂိုဏ်းသားတွေအားလုံးကလည်း နားမလည်နိုင်တဲ့ရုပ် ဖြစ်သွားကြတယ်။
ဒီအချိန်မှာတော့ အပြင်လောကကလာတဲ့အသံက ဆက်ပြီးပြောလိုက်တယ်။
[လင်ကျောင်းကမှ တကယ့်ကို ကံကောင်းခြင်းတွေပြည့်နေတဲ့ တကယ့်ရွှေငါးလေးပဲ]
[လင်သခင်မက လင်ကျောင်းကို လင်မိသားစုထဲခေါ်လာပြီး သိပ်မကြာခင်မှာပဲ လင်ဟွားယာ့က က သူမရဲ့ကံကောင်းခြင်းတွေကို လင်ကျောင်းက ပိုကောင်းအောင် လုပ်ပေးနိုင်တာကို မထင်မှတ်ဘဲ တွေ့သွားခဲ့တယ်]
[ကြိုးစားမှုတွေအများကြီး လုပ်ပြီးသွားတဲ့နောက်မှာတော့ လင်မိသားစု အာရုံစိုက်မှုကိုရဖို့ သူမက လင်ကျောင်းကို သူမရဲ့ဘေးမှာပဲ ပိတ်လှောင်ထားပြီး သူမကိုယ်သူမ ရွှေငါးလေးတစ်ကောင်လို ဟန်ဆောင်ထားခဲ့တယ်]
[ဒီတော့ လင်ကျောင်းက သူမရဲ့ထိန်းချုပ်မှုကနေ လွှတ်မြောက်သွားပြီးနောက်မှာ သူမက ဒီလို ဣန္ဒြေပျက်သွားတာပေါ့]
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းသားတွေ အားလုံးက ဝိညာဥ်စွမ်းအင်သစ်သီးကို ကိုင်ထားတဲ့ လင်ကျောင်းဘက်ကို ကြည့်လိုက်ကြတယ်။ ဒီပိန်ပိန်သေးသေး ကလေးမလေးက လင်မိသားစုရဲ့ တကယ်ကံကောင်းတဲ့ကလေးမ ဖြစ်နေတာကိုး။
သနားစရာကောင်းလိုက်တာ။ သူက လူဆိုးတွေရဲ့ အချိန်အကြာကြီး အသုံးချခံလိုက်ရတယ်။ အခုဆိုရင် သူက သူ့ခန္ဓာကိုယ်ထဲမှာ ချီဓာတ်ကိုတောင် မဆွဲထည့်နိုင်သေးဘူးတဲ့။
အားလုံးက လင်ကျောင်းအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အချိန်မှာပဲ အပြင်လောကက ထပ်ပြောလိုက်တယ်။
[ဒီလိုကံတရားမျိုးက ကိုယ့်ဟာကိုလည်း အကျိုးရှိအောင် လုပ်နိုင်တဲ့အပြင် အခြားလူတွေကိုလည်း အကျိုးရှိအောင် လုပ်ပေးနိုင်တယ်]
[လင်သခင်မကလည်း သူ့ကြောင့် အကျိုးရခဲ့တာပဲလေ။ သူက သူ့ဘဝတစ်ခုလုံးမှာ အုတ်မြစ်တည်ဖွဲ့စည်းမှုကိုတောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဆယ်နှစ်အတွင်းမှာပဲ အုတ်မြစ်တည်ဖွဲ့စည်းမှုကို လုပ်နိုင်ခဲ့တယ်လေ]
[လင်ကျောင်းနဲ့ နေ့ရောညပါ အတူတူနေနေတဲ့ လင်ဟွားယာ့ကတော့ သူ့ရဲ့ကျင့်ကြံရေးအဆင့်တွေက တစ်ဆင့်ပြီးတစ်ဆင့် ခုန်တက်သွားလိုက်တာ အပြင်ထွက်တဲ့ အချိန်ကျရင်လည်း ဝိညာဥ်စွမ်းအင်ရတနာတွေကို ကောက်တွေ့ဖိုတောင် မစောင့်နိုင်တော့ဘူး]
[လင်မိသားစုရဲ့ တခြားမိသားစုဝင်တွေဆိုရင်လည်း လူတိုင်းရဲ့ကျင့်ကြံရေးအဆင့်တွေက သူတို့ရဲ့ပိတ်ဆို့နေတဲ့ အရည်အချင်းကို ကျော်လွန်ပြီး တိုးတက်သွားကြတဲ့အပြင် အားလုံးက သူတို့ရဲ့ကျင့်ကြံခြင်းမှာ ပိတ်ဆို့နေတာတွေတောင် မခံစားရဘူး]
[ကျွတ်...ကျွတ်၊ တကယ်လို့ လင်ကျောင်းသာ လင်မိသားစုထဲမှာ နေခဲ့မယ်ဆိုရင် လင်မိသားစုက ကျင့်ကြံရေးလောကထဲမှာ ရပ်တည်နိုင်တဲ့မိသားစုတစ်ခု တကယ်ပဲဖြစ်လာနိုင်တယ်]
ချန်ထျန်းဂိုဏ်းသားတွေ အားလုံးက ရုတ်တရက်ဆိုသလို မျက်လုံးတွေ အဝိုင်းသား ဖြစ်သွားကြတယ်။
ဒီကလေး... သူက အရမ်းကို အံ့သြစရာကောင်းတာပဲလား။
လင်မိသားစုသခင်ကြီးက သူ့သမီးအကြောင်း လင်ဟွားယာ့ရဲ့နေရာကို တမင်ချဲ့ကားပြီး ကြွားဝါဖို့ သတင်းလွှင့်ထားတယ်လို့ပဲ အစက ထင်ထားခဲ့တာလေ။ နောက်ဆုံး ကျင့်ကြံရေးလောကထဲမှာ ပိုပြီးကောင်းမွန်တဲ့ ကံတရားတွေရှိတဲ့လူတွေရှိတာပဲ။
ဒါပေမဲ့ ဒဏ္ဍာရီလာ ကံကောင်းခြင်းရဲ့သားတော်ကို တွေ့ဆုံရဖို့တော့ အဲ့လောက်အထိ လွယ်ကူတာ မဟုတ်ဘူး။
ဒါပေမဲ့လည်း ကောင်းကင်ကလာတဲ့အသံက ရုတ်တရက်ဆိုသလို သူတို့တွေကို ဝမ်းသာအားရ ဖြစ်သွားစေတယ်။ ပတ်ဝန်းကျင်က လူတွေကို ကံကောင်းခြင်းတွေ ယူလာပေးနိုင်တဲ့ လူတွေရှိသတဲ့။
ဒါက ဘယ်လိုဖြစ်ပြီး ကံကောင်းခြင်းရဲ့သားတော် ဖြစ်မှာလဲ။ ဒါက တကယ့်ကို ကံကောင်းခြင်းရဲ့ကြယ်ပွင့်လေးပဲ။
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်မိသားစုသခင်ကြီးက သူရဲ့ချစ်လှစွာသောသမီးကို အမှတ်တမဲ့ လှည့်ကြည့်လိုက်တယ်။ လင်ဟွားယာ့ရဲ့မျက်လုံးထဲက ပျာယာခတ်နေတဲ့ပုံကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက ဆက်ပြီးသည်းမခံနိုင်တော့ဘဲ သူမကို ခပ်ကြမ်းကြမ်း ပါးချလိုက်တော့တယ်။
"တိရစ္ဆာန်မ၊ နင် လင်မိသားစုကို ဘာတွေလွဲချော်သွားအောင် လုပ်လိုက်တယ်ဆိုတာ သိရဲ့လား"
လင်ကျောင်းကသာ ရွှေငါးကံကြမ္မာပိုင်ဆိုင်တဲ့သူ အမှန်တကယ်ဖြစ်မှန်း သိခဲ့ရင် သူက သူမကို မရှိလည်းဖြစ်တဲ့ အနိုင်ကျင့်လို့ရတဲ့ သဘောထားမျိုးနဲ့ ဘယ်လိုလုပ်ပြီး ဆက်ဆံခဲ့မိမှာလဲ။
သူက လင်ကျောင်းကို သေချာပေါက် ကောင်းကောင်းလေး ဆက်ဆံပြီးတော့ သူမနဲ့ သေချာပေါက် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပြီး လင်မိသားစုအတွက် အကူအညီဖြစ်တဲ့ ပုံရိပ်လေးတစ်ခု ဖြစ်လာအောင်တောင် အကူအညီပေးလိုက်အုံးမှာ။
ကံကောင်းခြင်းအောက်မှာ လင်မိသားစုကလည်း ကြွယ်ဝချမ်းသာတဲ့မိသားစုတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်။
အင်မတန်မှ အံ့သြစရာကောင်းတဲ့ ကံတရားပဲ။
ဒါပေမဲ့ အားလုံးကို လင်ဟွားယာ့ရဲ့ အတ္တစိတ်က ဖျက်ဆီးပစ်လိုက်ပြီ။
အခုတော့ ချန်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးနဲ့ တောင်ထွတ်သခင်တွေ အားလုံးကလည်း ဒီကိုရောက်နေတယ်။ လင်ကျောင်းကလည်း လင်မိသားစုရဲ့အပြင်လူလို ဖြစ်လာပြီ။ သူတို့တွေကသူမကို ဘယ်လိုဆက်ပြီးခေါ်ထားရတော့မှာလဲ။
လင်မိသားစုသခင်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ဟာသူ့ တည်ငြိမ်အောင် လုပ်ထားလိုက်တယ်။
အခုက စာရင်းရှင်းရမဲ့အချိန် မဟုတ်သေးဘူး။ အခုအချိန်မှာ အရေးအကြီးဆုံးအရာက လင်မိသားစုထဲမှာ လင်ကျောင်း ဆက်နေအောင်လုပ်ဖို့ပဲ။
ဟုတ်တယ်။
ဒီလိုစဥ်းစားလိုက်ပြီး လင်မိသားစုသခင်ကြီးရဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို ကြင်နာတတ်လာတယ်။ သူကခေါင်းကို ပြန်လှည့်သွားပြီး ချစ်လှစွာသောမျက်လုံးတွေနဲ့ လင်ကျောင်းကို ကြည့်လိုက်တယ်။
"ကျောင်းအာ လင်ဟွားယာ့က သမီးကို ဒီလိုဆက်ဆံနေတာကို အဖေ မသိလိုက်လို့ပါ"
သူက သူရဲ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး လင်ဟွားယာ့ကို အစေခံတစ်ယောက်လို သဘောထားလိုက်တော့တယ်။
"အဖေ သူ့ကို အမှောင်ခန်းထဲမှာ ပိတ်ထားပြီး ကျောင်းအာက သူ့ကို ဖြေရှင်းလို့ရအောင် ခွင့်ပြုပေးမယ်"
လင်ကျောင်းက ချော့မွေ့နေတဲ့သူစကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန့်ဟော်တောင်ထွတ်သခင်က သည်းမခံနိုင်တော့ဘဲ အေးစက်စက်နဲ့ ပြောလိုက်တော့တယ်။
"လင်သခင်ကြီးက တကယ့်ကို အရှက်မရှိတာပဲ၊ လင်မိသားစုက အတိတ်တုန်းက လင်ကျောင်းကို အနိုင်ကျင့်ခဲ့တဲ့အချိန်တုန်းက ခင်ဗျားက မတွေ့သလို အမြဲတမ်းဟန်ဆောင်နေခဲ့တာပဲ"
"အခုတော့ လင်ကျောင်းက သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ကံကြမ္မာကို တိုးတက်အောင် လုပ်ပေးနိုင်တယ်ဆိုတာကို သိလိုက်ရော ခင်ဗျားရဲ့အဖိုးတန်သမီးလေးကို လင်ကျောင်းက သူရဲ့ဒေါသတွေ ပုံချဖို့ ဆန္ဒရှိသွားတယ်ပေါ့"
ဒီလို လူဆိုးတစ်ယောက်နဲ့ နေနေမယ်ဆိုရင် တစ်နေ့မှာ လင်ကျောင်းက ကောင်းမွန်တဲ့ကံတရားတွေ မရှိတော့ဘူးဆိုရင် သူက သူမကို မနှိပ်စက်ဘူးလို့ ဘယ်သူက သိမှာလဲ။
လင်သခင်မက အုတ်မြစ်တည်ကျင့်ကြံရေးအဆင့်သာ ရှိသေးတဲ့အတွက် သူမက အပြင်လောကကအသံကို မကြားနိုင်ဘူး။ သူမက ဇဝေဇဝါနဲ့ ရှန့်ဟော်တောင်ထွတ်သခင်ကို ကြည့်လိုက်တယ်။
"တောင်ထွတ်သခင် ရှင် ဘာအဓိပ္ပာယ်လဲ၊ ကျောင်းအာက သူ့ဘေးက လူတွေရဲ့ ကံကောင်းခြင်းကို တိုးတက်အောင် လုပ်ပေးနိုင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ရှန့်ဟော်တောင်ထွတ်သခင်က ခုနတုန်းက လင်ကျောင်းအပေါ်ထားတဲ့ လင်သခင်မရဲ့သဘောထားကို ပြန်သတိရသွားပြီး သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး အေးစက်စက်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ခင်ဗျားထင်တဲ့အတိုင်းပဲလေ၊ လင်ဟွားယာ့က ရွှေငါးတစ်ကောင်လို့ ဟန်ဆောင်ဖို့ လင်ကျောင်းရဲ့ အရည်အချင်းကို ငှားရမ်းအသုံးပြုထားတာ။ တကယ်တမ်း ခင်ဗျားရဲ့ ကံတရားကို ပိုပြီးကံကောင်းအောင် လုပ်ပေးနိုင်တဲ့သူက ခင်ဗျားရဲ့သမီးအရင်း လင်ကျောင်းပဲ"
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
သခင်မလင်က နောက်ကို ခြေနှစ်လှမ်းဆုတ်သွားပြီး ကပျာကယာ ခေါင်းခါပြလိုက်တယ်။
"ကျောင်းအာက ဒီအတိုင်းသာမန်ကလေးတစ်ယောက်ပဲ လင်သခင်မလေးကမှ..."
ဒါပေမဲ့လည်း လင်မိသားစုသခင်ကြီးက ခုနတုန်းက လင်ဟွားယာ့အပေါ် သဘောထားကို ရုတ်တရက် ပြန်စဥ်းစားမိလိုက်တဲ့အခါ သူမက ရုတ်တရက်ဆိုသလို နေရာမှာတင် အေးခဲသွားတော့တယ်။
သူမက ခေါင်းကိုလှည့်လိုက်ပြီး လင်သခင်ကြီးကို ကြည့်လိုက်တယ် လင်သခင်ကြီးရဲ့ မျက်လုံးတွေကလည်း ရူးသွပ်တော့မတတ်ပဲ။ လင်သခင်မရဲ့ စူးရှတဲ့အကြည့်ကို အာရုံခံမိလိုက်တဲ့နောက်မှာ သူက ခေါင်းကိုပြန်လှည့်လိုက်ပြီး သူမကို ပြင်းပြတဲ့စိတ်နဲ့ စိုက်ကြည့်လိုက်တယ်။
"ငါတို့တွေ ကျောင်းအာကို လင်မိသားစုထဲမှာပဲ နေအောင်လုပ်ရမယ်"
လင်ကျောင်းက သူတို့တွေပြောတာကို နားထောင်လိုက်ပြီး တွေးတွေးဆဆနဲ့ မျက်တောင်ခတ်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူမက သူမဘေးကလူရဲ့ အင်္ကျီလက်လေးကို ဂရုတစိုက်ဆွဲလိုက်ပြီး လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
"အစ်မ သမီးက လူတွေရဲ့ ကံတရားတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ်"
"ပြီးတော့ သမီးက အစ်မကို ကျင့်ကြံရေးလောကထဲမှာ ကံအကောင်းဆုံးလူ ဖြစ်လာအောင် လုပ်ပေးမယ်"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဒီလူတွေရဲ့အမြင်စူးရှပုံကို သက်ပြင်းချမိနေတဲ့စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။
"ငါက ကျင့်ကြံရေးလောကထဲမှာ ကံအကောင်းဆုံးလူ ဖြစ်နေပြီးသားပဲ"
သူမက လင်ကျောင်းရဲ့ နုနယ်တဲ့ရုပ်အသွင်လေးကို ကြည့်လိုက်ပြီး သူမရဲ့သိုလှောင်အိတ်ထဲက ဝိညာဥ်စွမ်းအင်သစ်သီးတစ်လုံးကို ထုတ်ယူလာပြီး သူ့လက်ထဲကို ထိုးထည့်ပေးလိုက်တယ်။
"နင်လည်း နည်းနည်းလေးဝအောင် လုပ်သင့်တယ်"
"ကျောင်းအာ ကျောင်းအာ"
လင်သခင်မက လင်ကျောင်းနဲ့ စူးလီတို့က အချင်းချင်း သင့်မြတ်နေတာကို တွေ့လိုက်ရတဲ့အခါ သူမရဲ့စိတ်ထဲမှာ ရှင်းမပြတတ်တဲ့ မကြုံစဖူးကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရတယ်။ လင်ကျောင်းက သူမဆီ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။
သူမက တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ မျက်နှာပေါ်မှာလည်း ဝမ်းနည်းတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ကျောင်းအာ အမေ့အမှားပါ၊ အမေ သမီးကို နောက်ကျရင် သေချာပေါက် ကောင်းကောင်း စောင့်ရှောက်မှာပါ။ အမေ သမီးဖြစ်ချင်တာမှန်သမျှ သဘောတူပေးပါမယ်"
"သမီး အမေ့ဆီ ပြန်လာလို့ရမလား"
လင်ကျောင်းက ခေါင်းကိုမော့လိုက်ပြီး လင်သခင်မကို လေးလေးနက်နက်နဲ့ ကြည့်လိုက်တယ်။ သူမရဲ့အသံက ကလေးဆန်နေပေမဲ့လည်း ပြတ်သားနေတယ်။
"မကောင်းဘူး"
"သမီးကို အရင်ဆုံးစွန့်လွှတ်ခဲ့တာက အမေပဲ"
သူမ စကားဆုံးသွားပြီးတဲ့နောက်မှာ ရုတ်တရက် ခေါင်းကို ပြန်လှည့်သွားပြီး သူမမျက်လုံးထဲက မျက်ရည်တွေကို ဘယ်သူမှ မမြင်စေချင်ခဲ့တာကြောင့် သူမက အိပ်ငိုက်ချင်ဟန်ဆောင်ပြီး သူမရဲ့မျက်လုံးကို ပွတ်သပ်လိုက်ကာ သူမရဲ့အသံကလည်း နည်းနည်းလေးတိမ်ဝင်လို့နေတယ်။
"အစ်မ သမီးတို့တွေ ဒီကနေဘယ်တော့ သွားနိုင်မှာလဲ"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဖရဲသီးစားလို့ ပြီးသွားပြီဖြစ်တဲ့ စူးလီက ပျင်းပျင်းရိရိနဲ့ လက်ကို အကြောဆန့်လိုက်ပြီး ခမ်းနားလှပတဲ့လှေပျံတစ်ခုက လေထဲမှာပေါ်လာခဲ့တယ်။
ဒီနေရာက အပေါက်တွေကိုလည်း ပြင်ဆင်ပေးပြီးသွားပြီ။ ဖရဲသီးစားလို့ကလည်း ပြီးသလောက်ရှိပြီ။ ဒီတော့ ဘာမှမကျန်တော့ဘူး။
သူမက ကိုယ်ကိုလှည့်ပြီး ချန်ထျန်းဂိုဏ်းက လူတွေကိုကြည့်ကာ သမ်းဝေလိုက်တယ်။
"ရှင်တို့တွေ မပြန်ကြသေးဘူးလား"
ခဏကြာတော့ လင်သခင်ကြီးက အဝေးကိုပျံထွက်သွားတဲ့ လှေပျံကိုကြည့်ရင်း မြေကြီးပေါ်မှာ လဲကျသွားတော့တယ်။ လင်းကျောင်းရဲ့ ကံတရားသာ မရှိဘူးဆိုရင် လင်မိသားစုက ဘာဖြစ်လာမှာလဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူက လင်ဟွားယာ့ကို တစ်ဖန်ရိုက်နှက်ရင်း တစ်ဖန်ပါးချလိုက်ရင်း သူမကို ရက်ရက်စက်စက် ရိုက်နှက်လေတော့တယ်။
"ဒါတွေအားလုံး နင့်အမှားပဲ တိရစ္ဆာန်မ"
လင်ဟွားယာ့က အရင်ကတည်းက ဒီလိုမတရားတဲ့အမှုကို တစ်ခါမှ မခံစားခဲ့ဖူးဘူး။ သူမက အမှတ်တမဲ့ လှုပ်ရှားမိလိုက်တဲ့ အခိုက်အတန့်အတွင်းမှာပဲ လင်မိသားစုတစ်ခုလုံးက ဖရိုဖရဲဖြစ်သွားတော့တယ်။
သိပ်မဝေးလှတဲ့အနာဂတ်မှာ လင်မိသားစုက ချင်းထျန်းမြို့မှာ ဘယ်တော့မှ တည်ရှိလာတော့မှာ မဟုတ်ဘူး။
လှေပေါ်မှာတော့ လင်ကျောင်းက စူးလီနောက်ကိုပဲ အမြဲတမ်းလိုက်နေတယ်။
သူမက ဝိညာဥ်သစ်သီးတွေကို အခွံ့ခွာပေးပြီး စူးလီက စားတယ်။ စူးလီသောက်ဖို့အတွက် ဝိညာဥ်စွမ်းအင်လက်ဖက်ရည်ကို ထည့်ပေးတယ်။ စူးလီသွားတဲ့နေရာတိုင်း သူမက လိုက်သွားတယ်။ ချန်ထျန်းဂိုဏ်းက တခြားလူတွေအားလုံးကို လျစ်လျူရှုထားလေတယ်။
ဒါက ချန်ထျန်းဂိုဏ်းထဲမှာ အကြောင်းအရာတစ်ခု ဖြစ်နေသေးတယ်။
ချန်ထျန်းဂိုဏ်းက တခြားလူတွေက လင်ကျောင်းကို စကားလေးတစ်ခွန်း ပြောဖို့အရေး ခက်ခဲလှတယ်။ သူမရဲ့ကံတရားကို အသုံးချဖို့ဆိုတာကတော့ မဖြစ်နိုင်လေဘူး။
လင်ကျောင်းရဲ့ကံကောင်းခြင်းက အင်မတန်မှ ကောင်းမွန်တယ်လို့ ပြောလို့ရတဲ့အတွက် စူးလီက တစ်ခါလေ မနေနိုင်ဘဲ သက်ပြင်းချမိတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမကို မရေမတွက်နိုင်တဲ့လူတွေက ခေါ်ထုတ်သွားနိုင်တယ်လေ။
ပိုင်ကျစ်ယွင်နဲ့ ရှန်ချန်းဟန်တို့နဲ့အတူ အချိန်တော်တော်ကြာ နေလာခဲ့ပြီးတဲ့နောက်မှာ သူမဘေးမှာ တစ်ယောက်ယောက် ရှိနေတာကလည်း ကောင်းတဲ့ကိစ္စပဲဆိုပြီး ရုတ်တရက် ခံစားမိလာတယ်။
ချန်ထျန်းဂိုဏ်း ယွင်ချီတောင်ထွတ်။
စူးလီက ချန်ထျန်းဂိုဏ်းကို ရောက်လာတာ သုံးရက်ရှိသွားပြီ။ သူမက ဒီရက်ပိုင်းတွေတုန်းက ဖရဲသီးစားရတာ ဗိုက်အရမ်းပြည့်နေပြီလေ။ ဒါကြောင့် သူမက ယွင်ချီတောင်ထွတ်မှာ နေလာခဲ့တာပေါ့။
သူမက နောက်ဆုံးတော့ သတိဝင်လာပြီး ဖရဲသီးကို ဆက်စားဖို့ ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်တစ်ခုခုကို သတိထားမိလိုက်တယ်။ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိ လှန်လှောကြည့်လိုက်တယ်။
အယ်။
ငါးရက်တောင် မပြည့်သေးဘူးလေ။ ဆေးရည်နဲ့ ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်ကို ခြောက်ကြိမ်ကျရှုံးခဲ့တဲ့ အကြီးအကဲတန်ယန်းရဲ့သမီးက နောက်ဆုံးတော့ ရွှေအမြုတေ ဖွဲ့စည်းနိုင်ခဲ့ပြီတဲ့လား။ ချမ်းသာကြွယ်ဝတဲ့မိန်းမတစ်ယောက် ရထားတဲ့ကံတရားကလည်း ဒီလောက်ချက်ချင်းကြီး အာနိသင်ပြတာ ဖြစ်နိုင်လို့လား။
ဟယ်။
ဖူမင်ထျန်းကလည်း ယွမ်ယန်အလယ်အဆင့် ရောက်သွားပြီတဲ့လား။
အလိုလေး။ ဖူမိသားစုတစ်ခုလုံးက ဒီလိုနဲ့ပဲသူမရဲ့ နှိပ်စက်တာကို ခံနေရတာပဲလား။
သူမက နှုတ်အားဖြင့် အနိုင်ကျင့်ခံရလိုက် ဖူမိသားစုကို အင်အားသုံးပြီး ပြန်လက်စားချေလိုက်နဲ့တဲ့လား။ ဒါကြီးကတကယ့်ကို ... ထိတ်လန့်စရာကောင်းတဲ့ ဖြတ်လမ်းနည်းတစ်ခုပဲ။
အဟမ်း။ ဆယ်ရက်အတွင်း ဒါမှမဟုတ် လဝက်အတွင်းမှာ ဖူမင်ထျန်းက နတ်တစ်ပါး ဖြစ်လာတော့မယ်လို့ ဘာလို့များ ခံစားမိနေပါလိမ့်။
တခြားရော ဘာတွေ ဆက်ဖြစ်သေးလဲ။
စူးလီက တစ်ခုခုကို စဥ်းစားမိသွားတဲ့ပုံပဲ တွေးတွေးဆဆနဲ့ မျက်တောင်လေး ခတ်လိုက်တယ်။ သူမရဲ့လက်ကို တစ်ချက်လောက် ဝေ့ယမ်းလိုက်တဲ့အခါ တိမ်လွှာကြေးမုံက သူမရဲ့ရှေ့မှာပေါ်လာခဲ့တယ်။
အင်း ... ရှဲ့ချီယွမ်ရဲ့ဒဏ်ရာ ဘယ်လိုနေသေးလဲ ကြည့်ရအောင်။
စကားမစပ် ငါ အာရုံမစိုက်နေတုန်း သူ ကျင့်ကြံရေးလောကကြီးကို တိတ်တိတ်လေး ဖျက်ဆီးလိုက်ပြီလား။
တိမ်လွှာကြေးမုံထဲမှာ ပုံရိပ်တစ်ခုက ငြိမ်ငြိမ်သက်သက်လေး ရပ်နေတယ်။ သူ့ပတ်ဝန်းကျင်မှာတော့ မရေမတွက်နိုင်တဲ့ ရှဲ့မိသားစုဝင်တွေက သူ့ဘေးမှာဒူးထောက်နေကြပြီး သနားစရာ ကောင်းလောက်အောင် ငိုကြွေးနေကြတယ်။
ဒါပေမဲ့လည်း သူ့မျက်လုံးထဲမှာ ဘာခံစားချက် အတက်အကျမှ မရှိဘူး။ ဝမ်းနည်းမနေသလို ဝမ်းသာလည်းမနေဘူး။
ကြည့်ရတာ ရှဲ့မိသားစုဝင်တွေအားလုံးကို သတ်ရတာ သူ့အတွက်တော့ အသေးအဖွဲကိစ္စတစ်ခုလိုပဲ။ သူ့ကို လက်စားချေရတဲ့အရသာ ဘာတစ်ခုမှ ယူမလာပေးနိုင်ခဲ့ဘူး။
သွေးအိုင်ထဲမှာ နှစ်နှစ်ထောင်လုံးလုံး နေလာခဲ့ရတာက သူ့မှာရှိတဲ့ ဝမ်းနည်းမှုတွေနဲ့ ပျော်ရွှင်မှုတွေအားလုံးကို အဲဒီကတည်းက ဖျက်ဆီးပစ်လိုက်တာပဲ။
သူက ပျင်းပျင်းရိရိနဲ့ လက်ကိုဆန့်ထုတ်ပြီး ရှဲ့မိသားစုဝင်တွေရဲ့ စိတ်ဝိညာဥ်ကိုဖျက်ဆီးဖို့ ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ ထူးဆန်းပေမဲ့ ထိတ်လန့်စရာကောင်းတဲ့အသံတစ်ခုက ရုတ်တရက်ဆိုသလို ပေါ်လာတော့တယ်။
[အယ်... ငါးရက်ပဲ ရှိသေးတာလေ၊ ရှဲ့ချီယွမ်ရဲ့ဒဏ်ရာတွေက ပျောက်သွားပြီတဲ့လား]
...