← Chapters

အခန်း ၄၃

Vol. 3 Ch. 43

အခန်း ၄၃

Vol. 3 Ch. 43

အပိုင်း (၄၃)

တစ်ချိန်ထဲမှာပဲ သူက ဘာမှမဖြစ်သလို ခံစားမိလိုက်ပြီး သူကိုယ်တိုင်တောင်မှ မသိလိုက်တဲ့ သူ့နလုံးသားထဲမှာ သက်ပြင်းချသံတစ်ခု ပေါ်လာတော့တယ်။

ရှန်မိသားစုရဲ့သခင်ကြီးက ဒူးထောက်ခါ သူ့ရှေ့ကို ခြေလှမ်းအနည်းငယ် ဒူးထောက်ပြီး လာတော့တယ်။

“အဘိုး ဒါတွေအားလုံးက ကျွန်တော့်အမှားပါ အမှားအမှန်ကို မသိခဲ့ဘဲ အဘိုးကို မှားယွင်းစွပ်စွဲခဲ့မိပါတယ် ရှန်မိသားစုက တခြားလူတွေနဲ့ လုံးဝမဆိုင်ပါဘူး”

“မဆိုင်ဘူး ဟုတ်လား”

ရှန်ဟုန်က သရော်ဟန် သူ့နှုတ်ခမ်းထောင့်က မြင့်တက်သွားပြီး မှုန်တေတေနဲ့ ပြောလိုက်တော့တယ်။

“ခင်ဗျားက မဆိုင်ဘူးလို့ ပြောလိုက်ရင်လဲ မဆိုင်ဘူး ဖြစ်သွားရောပေါ့”

ရှန်မိသားစုရဲ့ တစ်ခြားမိသားစုဝင်တွေက မနေနိုင်ဘဲ ခေါင်းငုံ့ထားလိုက်ကြတော့တယ်။ ရှန်ဟုန် အပြစ်ကင်းတယ်ဆိုတာ သူတို့တွေ တကယ်တမ်း မသိတာရော ဟုတ်ရဲ့လား။

သူတို့တွေက သိကြပါတယ်။ ဒါပေမဲ့ သူတို့တွေက မိသားစုခွဲက ကလေးတွေအတွက် ရှန်မိသားစုသခင်ကြီးရဲ့ အချစ်ရဆုံးမြေးလေးကို မဆန့်ကျင်လိုကြဘူးလေ။

သူတို့တွေကလည်း အပြစ်ရှိတဲ့ သူတွေပါပဲ။

အတွင်းရေးအကြောင်းအရာကို သိထားကြတဲ့ ရှန်မိသားစုတွေက မြေပေါ်မှာ ဒူးထောက်ထားလိုက်ကြပြီး ရှန်ဟုန်ရဲ့ရှေ့မှာ အပြိုပြိုအလဲလဲ ဖြစ်သွားကြကာ သူ့ရဲ့ ခွင့်လွှတ်မှုကို တောင်းခံနေတဲ့ဟန်တွေ ဖြစ်နေကြတယ်။

“တကယ်လို့ ကျွန်တော်က ခင်ဗျားပြောတဲ့အတိုင်း တကယ်ပဲ ဘိုးဘေးဖြစ်နေခဲ့တယ်ဆိုရင်...”

ရှန်ဟုန်က မတ်မတ်ရပ်လိုက်ပြီး ရှန်မိသားစုဝင်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်တော့တယ်။

“ဆိုလိုတာက ခင်ဗျားက ကျွန်တော်ပြောတဲ့အတိုင်း လုပ်မယ်ပေါ့”

ရှန်မိသားစုဝင်အားလုံးက တပြိုင်တည်း ခေါင်းညိတ်လိုက်ကြတယ်။

“ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ဘိုးဘေး ညွှန်ကြားချက်ကို လိုက်နာပါ့မယ်”

“ကျွန်တော် ရှန်မိသားစုကနေ ထွက်သွားချင်တယ်”

ရှန်ဟုန်က သူ့ကို ဦးချနေကြတဲ့ သူတွေကို ကြည့်လိုက်ပြီး သူ့စိတ်ထဲမှာတော့ ဘာအံ့သြမှုမှ မဖြစ်နေဘူး။ အဲဒီအစား သူက သဘာဝကျတယ်လို့ပဲ ခံစားမိတော့တယ်။ ကြည့်ရတာ သူက ရှန်မိသားစုရဲ့ ဘိုးဘေးနဲ့ ဆက်စပ်မှု ရှိနေတဲ့ ပုံပါပဲ။

ဒါပေမဲ့လည်း ဒါတွေအားလုံးက အတိတ်အကြောင်းအရာတွေပဲလေ။ အခုတော့ သူက ရှန်မိသားစုထဲကနေ ထွက်သွားချင်တာပဲ ရှိတော့တယ်။

“ရှန်မိသားစုထဲက ဘယ်သူမှ ကျွန်တော့်နောက် မလိုက်လာဖို့နဲ့ ကျွန်တော် သွားတဲ့နောက်ကို ကြိုးစားပြီး နောက်ယောင်ခံမလိုက်ဖို့ မျှော်လင့်နဲ့”

“ဘိုးဘေးကြီး”

မဟာအကြီးအကဲက အူကြောင်ကြောင်နဲ့ မော့ကြည့်လိုက်ပြီး ရှန်ဟုန်ပြောတဲ့ စကားအဓိပ္ပာယ်ကို မစဥ်းစားရဲအောင် ဖြစ်နေတော့တယ်။

“ကျင့်ကြံရေးလောကကြီးက ပျက်စီးနေတဲ့အနေအထား ဖြစ်နေတာပါ၊ ဘိုးဘေးကြီးက...”

ဒါပေမဲလည်း သူက ရှန်ဟုန်ရဲ့မျက်လုံးထဲမှာ သရော်ဟန်ကို မြင်လိုက်ရတော့ သူ့ရဲ့အသံက ရုတ်တရက် ရပ်သွားတော့တယ်။

ဒီမတိုင်ခင်မှာ ရှန်မိသားစုက သူတို့ရဲ့ဘိုးဘေးကို ပြသာနာတွေ သယ်လာပေးတဲ့သူ ဖြစ်နေခဲ့တာပဲ။

သူ့နောက်က ရှန်မိသားစုဝင်တွေကလဲ ရှန်ဟုန်ရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ မယုံမကြည်နဲ့ သူ့ကို လှမ်းကြည့်လိုက်ကြတော့သည်။

ရှန်မိသားစုရဲ့ မိသားစုဝင်တွေအနေနဲ့ သူတို့အားလုံးက ဘိုးဘေးကြီးဟာ ရှန်မိသားစုကို ဘယ်လောက်တောင် တန်ဖိုးထားတယ်ဆိုတာ သေချာတယ်။ သူ မဆုံးပါးသွားခင်က နှစ်တစ်ရာလောက် ရှန်မိသားစုအတွက် ကြိုတင်စီစဥ်မှုတွေ ပြုလုပ်ပေးခဲ့ပြီး မရေမတွက်နိုင်တဲ့ ရတနာတွေကို ချန်ထားပေးခဲ့တယ်။

ဘိုးဘေးကြီးက ဘယ်လိုလုပ်ပြီး ရှန်မိသားစုကနေ ထွက်သွားနိုင်ရက်တာလဲ။

သူတို့တွေက နားကြားမှားခဲ့တာပဲ ဖြစ်ရမယ်။

“ဘိုးဘေးကြီး တကယ်လို့ အပြင်ထွက်ပြီး အနားယူချင်တယ်ဆိုရင်လဲ ကိုယ့်ရဲခန္ဓာကိုယ်ကို သေချာပေါက် ဂရုစိုက်ရပါမယ်”

သခင်ကြီးက သတိပြန်ဝင်လာပြီး တောင်းပန်တိုးလျှိုးတဲ့ဟန်နဲ့ ရှေ့ကို တိုးသွားလိုက်တယ်။

“တကယ်လို့များ ဘိုးဘေးကြီးက တစ်ခုခုကိုလိုအပ်တယ်ဆိုရင် အချိန်မရွေး ကျွန်တော့်ကို အသိပေးလိုက်ပါ”

“ကျွန်တော်ပြောတာက ကျွန်တော် ရှန်မိသားစုကနေ ထွက်သွားချင်တယ်”

ရှန်ဟုန်က သူ့ကို အကောင်းဆုံး ဆက်ပြီးထိန်းသိမ်းထားဖို့ ကြိုးစားနေတဲ့ လူအားလုံးကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက မည်းမှောင်နေတဲ့ အရိပ်တစ်ခုကို ဖုံးကွယ်ဖို့ သူ့မျက်လုံးတွေကို အနည်းငယ် မျက်လွှာချထားလိုက်တယ်။

ရှန်မိသားစုက သူ့ကို ဘယ်လောက်အထိ ဆက်ပြီး နေစေချင်လဲဆိုတာကို ကြည့်ပါအုံးမယ်။

“ဘိုးဘေးကြီး “

ရှန်မိသားစုထဲက မိသားစုဝင်တွေအားလုံးက ပျာယာခတ်သွားတော့တယ်။ ဘိုးဘေးကြီးက တကယ်ပဲ ရှန်မိသားစုကို စွန့်ပစ်ခဲ့တော့မှာလား။

ရှန်ဟုန်က ပြန်လည်ဝင်စားလာတဲ့ ဘိုးဘေးကြီး တကယ်ဖြစ်ခဲ့တယ်ဆိုရင် ရှန်မိသားစုဆီကို ပြန်ခေါ်ယူလာပေးနိုင်တဲ့ အရာတွေကို သူတို့တစ်ယောက်ချင်းစီက သိထားကြတယ်လေ။

ဘိုးဘေးကြီးရဲ့ အရည်အချင်းနဲ့ဆိုရင်သူက ရှန်မိသားစုကို နောက်ထပ် နှစ်တစ်ထောင်လောက် အမွေအနှစ်တွေ ဂုဏ်ရောင်ဂုဏ်ဝါတွေနဲ့ ယူလာပေးနိုင်တယ်။ အဲဒီ့အပြင် မရေမတွက်နိုင်တဲ့ ရတနာတွေကိုလည်း ယူလာပေးနိုင်တယ်။ ရှန်မိသားစုက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကအတိုင်း ကျင့်ကြံရေးလောကထဲမှာ ထိပ်သီးမိသားစုတစ်ခု ပြန်ဖြစ်လာနိုင်တယ်။

ဒါပေမဲ့ ဘိုးဘေးကြီးကသာ ရှန်မိသားစုကနေ ထွက်သွားခဲ့မယ်ဆိုရင် ဒါတွေအားလုံးက ဖြစ်လာတော့မှာ မဟုတ်ဘူး။

“အဘိုး ကျွန်တော်တို့ မှားသွားပါတယ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”

ရှန်မိသားစုဝင်ထဲက မိသားစုဝင်တစ်ယောက်က ခါးခါးသီးသီး အော်ငိုရင်း နှလုံးကွဲမတတ် အော်ဟစ်နေတော့တယ်။

“ဘိုးဘေးကြီးရဲ့ ဒေါသတွေကို ဖြေလျှော့နိုင်မယ်ဆိုရင် ကျွန်တော်တို့ကို သတ်ပစ်လို့လဲ ရပါတယ်”

“ဟုတ်ပါတယ် ဘိုးဘေးကြီး ဘိုးဘေးကြီးက အခုအချိန်မှာ အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ၊ ရောက်သေးတာ အပြင်လောကမှာ အန္တရာယ်တွေများပြားလွန်းလှပါတယ်၊ တကယ်လို့ ဘိုးဘေးကြီးက ကျွန်တော်တို့ကို တွေ့ရတာ စိတ်ပျက်တယ်ဆိုရင် ကျွန်တော်တို့က အခုချက်ချင်း ရှန်အိမ်တော်ကနေ ထွက်သွားပါ့မယ်”

“ကျွန်တော် ရှန်မိသားစုကနေ ထွက်သွားချင်တယ်”

ရှန်မိသားစုက ဘယ်လိုပဲ ငိုယိုခြိမ်းခြောက်နေပါစေ ရှန်ဟုန်ကတော့ နောက်ဆုံးမှာ ဒီစကားကိုပဲ ထပ်ပြောလိုက်တော့တယ်။

တချို့လူတွေက ရှန်ဟုန်ကို ကြည့်ပြီး ပြောလိုက်တယ်။

“ဘိုးဘေးကြီးက ထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီ ဒါပေမဲ့လည်း မတတ်သာဘဲ ခေါင်းငုံ့နေရတယ် အခုအချိန်မှာ ဘိုးဘေးကြီးက အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ သူတို့တွေက သူ့ကို ဖိအားပေးပြီး နေခိုင်း....

ခဏလောက် ငြိမ်ကျသွားပြီးတဲ့နောက်မှာ မဟာအကြီးအကဲက ရုတ်တရက်ဆိုသလို အိုမင်းသွားတဲ့ မျက်နှာတစ်ခုကို မော့လိုက်ပြီး သူ့အသံထဲမှာ လေးစားမှုအပြည့် ဖြစ်နေတော့တယ်။

မဟာအကြီးအကဲ: “ဒါက ရှန်မိသားစုရဲ့ အမှားပါ၊ ကျွန်တော်က ဘိုးဘေးကြီး အရွယ်ရောက်ဆက်ခံခြင်း အခမ်းအနားမတိုင်ခင်အထိ ဘိုးဘေးကြီး ကျန်ခဲ့တဲ့ ဝိညာဥ်ရတနာတွေ အားလုံးကို လူလွှတ်ပြီး ရှင်းလင်းခိုင်းလိုက်ပါ့မယ် ဘိုးဘေးကြီးရဲ့ ခရီးကို ဂရုစိုက်ပါ”

ဒီလို ပြောလိုက်ပြီးတဲ့နောက်မှာ သူက နောက်တကြိမ် လေးလေးနက်နက်နဲ့ ဦးညွှတ်လိုက်တယ်။

မဟာအကြီးအကဲ: ...

ရှန်မိသားစုရဲ့ မရေမတွက်နိုင်တဲ့ မိသားစုဝင်တွေကသူ့ကို မေးခွန်းထုတ်တဲ့အကြည့်နဲ့ ကြည့်လိုက်ကြတယ်။ မဟာအကြီးအကဲက ဘယ်လိုလုပ်ပြီး ဘိုးဘေးကြီးကို ဒီလိုလွှတ်ပေးလိုက်တာလဲ နောက်ပြီးတော့ ဘိုးဘေးကြီး မဆုံးပါးခင် ထားသွားခဲ့တဲ့ ဝိညာဥ်ရတနာတွေကိုလဲ ယူသွားခိုင်းတယ်တဲ့လား။

အဲဒီ ဝိညာဥ်ရတနာတွေသာ မရှိရင် ရှန်မိသားစုက မကြာခင် ကျဆင်းသွားတော့မှာပဲ သိပ်မကြာခင်မှာပဲ ရှန်မိသားစုက အထက်တန်းစား မိသားစုတစ်ခုရဲ့ နာမည်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။

“ကျုပ်က ရှန်မိသားစုရဲ့ မဟာအကြီးအကဲပဲ”

မဟာအကြီးအကဲက ခေါင်းကိုလှည့်လိုက်ပြီး အေးစက်တဲ့ မျက်နှာထားတစ်ခုနဲ့ အားလုံးကို ကြည့်လိုက်တယ်”

“ကျုပ်က ရှန်မိသားစုထဲမှာ အတွေ့အကြုံ အရင့်ဆုံး လူတစ်ယောက်ပဲ”

“ဒီနေ့ ကျုပ်က နောက်ဆုံးစကားကို ပြောရမယ်”

သူ စကားဆုံးသွားပြီးတဲ့နောက်မှာ သက်ပြင်းချပြီး ထပ်ပြောလိုက်တယ်။

.”ရှန်မိသားစုရဲ့ ဝိညာဥ်ရတနာတွေအားလုံးက ဘိုးဘေးကြီး ချန်ထားပေးခဲ့တဲ့ဟာတွေ အခု ဘိုးဘေးကြီးက ရှန်မိသားစုကနေ ထွက်သွားတော့မယ်၊ ဒီဝိညာဥ်ရတနာတွေက သူတို့ရဲ့ပိုင်ရှင်နဲ့ အလိုလို ထွက်သွားရမှာ သဘာဝပဲ”

“ဘိုးဘေးကြီးကို အရှက်ရအောင်လုပ်ခဲ့တာ ရှန်မိသားစုပဲ”

အကြီးအကဲက သူ့ခေါင်းကိုလှည့်ပြီး ပြောလိုက်တယ်။

“ဘိုးဘေးကြီးက နှစ်တစ်ထောင်ကျော်တဲ့အထိ ရှန်မိသားစုကို ကာကွယ်ပေးလာခဲ့တယ်၊ အခုအချိန်မှာတော့ ကျုပ်က ဘိုးဘေးကြီးအနေနဲ့ သူလုပ်ချင်တာကိုလုပ်ပြီး လောကကြီးထဲ ထွက်သွားချင်တယ်ဆိုရင်လဲ သူ့သဘောအတိုင်း ဖြစ်စေချင်တယ်”

ရှန်မိသားစုဝင်တွေကလဲ တည်ငြိမ်သွားတော့တယ်။ သူတို့အားလုံးမှာ ကိုယ်ပိုင်အတ္တနဲ့ ရည်ရွယ်ချက်တွေ ရှိကြပေမဲ့လဲ ဘိုးဘေးကြီးအပေါ်ထားတဲ့ သူတို့ရဲ့ လေးစားမှုကတော့ စစ်မှန်ကြပေတယ်။

“ကျွန်တော်က ရွှမ်ရွှမ်းကျောက်စိမ်းကိုပဲ လိုချင်ပါတယ်”

ရှန်ဟုန်က သူတို့ရဲ့အကြည့်ကို ရှောင်ရှားဖို့ ခေါင်းကိုအနည်းငယ် မျက်နှာလွှဲထားလိုက်တယ်။

“ဝိညာဥ်ရတနာတွေ အနေနဲ့ကတော့ ကျွန်တော့်ရဲ့အရင်ဘဝမှာ ခင်ဗျားတို့ကိုထားပေးခဲ့တဲ့ အရာတွေဖြစ်တဲ့အတွက် ဒါတွေက ခင်ဗျားတို့ဟာတွေပါပဲ”

ရှန်ဟုန်က စိတ်မပြောင်းလဲသွားတာကို တွေ့လိုက်ရတဲ့အခါ ရှန်မိသားစုဝင်တွေက ငိုယိုကြပြီး ရှန်ဟုန်ထွက်သွားဖို့အတွက် သိုလှောင်အိတ်ကို ပြင်ဆင်ပေးကြတော့တယ်။

အံ့ဖွယ်ဆေးလုံး၊ ဆေးရည်၊ မှော်ရတနာ၊ မှော်တူရိယာ....

ရှန်ဟုန်က ရှန်မိသားစု သူ့ကိုပေးလိုက်တဲ့ ဆေးလုံးကို သောက်လိုက်ပြီးနောက်မှာ သူ့ဒဏ်ရာတွေအာလုံးက ပျောက်ကင်းသွားတယ်။

သူက သိုလှောင်အိတ်ကို ယူလိုက်ပြီး ထွက်မသွားခင် ရှန်မိသားစုကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်တယ်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီးမှ နောက်ဆုံးတစ်ခွန်းကို ပြောလိုက်တော့တယ်။

“ကောင်းတာတွေ စုဝေးနေတဲ့ မိသားစုတစ်ခုက သေချာပေါက် ကောင်းမွန်တဲ့ အနာဂတ်ကို ရရှိလိမ့်မယ်၊ မကောင်းတာတွေ စုဝေးနေတဲ့ မိသားစုတစ်ခုကတော့ သေချာပေါက် ဘေးအန္တရာယ်တွေပဲ ဖြစ်လာလိမ့်မယ်၊ ခင်ဗျားတို့တွေ ကိုယ့်ဟာကိုယ် ဂရုစိုက်သင့်တယ်”

ရှန်မိသားစုဝင်အားလုံးက တုံ့ပြန်တဲ့အနေနဲ့ ဒူးထောက်ထားလိုက်တယ်။

“ကျွန်တော်တို့အားလုံးက ကျွန်တော်တို့ဘိုးဘေး သင်ကြားပြသမှုကို လိုက်နာပါ့မယ်”

တဖြည်းဖြည်း အဝေးကို လျှောက်ထွက်သွားတဲ့ ရှန်ဟုန်ရဲ့ ကျောပြင်ကို ကြည့်လိုက်ပြီး ရှန်မိသားစုဝင်အားလုံးက တိတ်တိတ်လေး မျက်ရည်တွေကို သုတ်လိုက်ကြတယ်။

စူးလီကတော့ အားလုံးရဲ့မျက်ရည်တွေ ကြားထဲမှာပဲ ဖရဲသီးကို ဝမ်းသာအားရ စားလို့ပြီးသွားတော့တယ်။

နေရာအသစ်ကို သွားလိုက်တာ တကယ်ပိုကောင်းသွားတာပဲ။ ဖရဲသီးက ပိုပြီးလတ်ဆတ်ပြီး ပိုပြီးအရသာရှိတယ်။ စိတ်ကျေနပ်စရာကောင်းတဲ့ သတင်းတစ်ခုနဲ့ စိတ်ကိုလန်းဆန်းစေတဲ့ ဖရဲသီးတစ်ခုနဲ့ သူက ခေါင်းကိုမော့လိုက်ပြီး ရှန်မိသားစုတွေရဲ့ ဝမ်းနည်းနေတဲ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ သူမက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး တိတ်တိတ်လေး ကောက်ချက်ချလိုက်တော့တယ်။

[ကျွတ် ကျွတ် ဘိုးဘေးကြီးကတော့ သွားရှာပြီ]

ငိုသံတွေက ရုတ်တရက် ပိုပြီးတော့ ကျယ်လောင်လာခဲ့တယ်။

[ကျွတ် ကျွတ် သူတို့တွေက သူတို့ရဲ့ လက်တွေနဲ့သူ့ကို ထွက်သွားအောင် ဖိအားပေးခဲ့ပြီးတော့]

ငိုယိုသံတွေက အရင်ကထက်ပိုပြီး ကျယ်လာပြန်တယ်။

[ကျွတ် ကျွတ် ဂုဏ်အရှိန်အဝါ ချမ်းသာမှုနဲ့ ကြွယ်ဝမှုတွေ နှစ်ပေါင်းထောင်ချီအောင် ရှိလာခဲ့တာ အားလုံးက သွားပါပြီ]

ငိုယိုသံတွေက ရုတ်တရက်ဆိုသလို အရမ်းကို ကျယ်လောင်သွားပြီး ကောင်းကင်ကြီးအထိ ရောက်သွားသလို ခံစားရတော့တယ်။

စူးလီက ကောင်းကင်စာအုပ်ကို ဝုန်းခနဲ စောင့်ပိတ်လိုက်ပြီး ရွံရှာတဲ့ဟန်နဲ့ သူမရဲ့နားကို ပိတ်လိုက်တော့တယ်။

ရှန်မိသားစုဝင်တွေအားလုံးက ရှန်သခင်ကြီး သူ့မြေးကို ကာကွယ်ပေးနေတဲ့ကိစ္စကို ဖြေရှင်းဖို့ အလုပ်များနေကြပြီး တစ်ခြားသူတွေကလဲ ဒီကိစ္စကိုသိသိရက် သတင်းမပို့ခဲ့ဘူး။ သူတို့တွေက အရမ်းကိုအလုပ်များပြီး ဖရိုဖရဲ ဖြစ်နေကြတဲ့အတွက် ဝမ့်ကျန့်ဂိုဏ်းသားတွေကို ဧည့်ဝတ်ပြုပေးဖို့ ဘယ်သူ့ဆီမှာမှ အချိန်မရနေဘူး။

ရှန်ယွိကျူးရဲ့အဖေက သူ့ရဲ့ခြံဝန်းထဲကို စောစောပြန်လာခဲ့လိုက်တယ်။

ရှန်ဖုန်းကဲက ခြံဝန်းထဲမှ မျှော်လင့်တကြီး သူ့ကိုကြည့်နေတဲ့ ရှန်ယွိကျူးကို ကြည့်လိုက်ပြီး ဒီနေ့ ရှန်မိသားစုသခင်ကြီး လုပ်လိုက်တဲ့ကိစ္စအတွက် အနည်းငယ် မကျေမနပ် ဖြစ်နေမိတော့တယ်။

ဒီနေ့က သူ့သမီးယွိကျူး ဝမ့်ကျန့်ဂိုဏ်းသား တစ်ယောက် ဖြစ်လာရမဲ့နေ့လေ။ သူမရဲ့ အရည်အချင်းတွေကိုလဲ ချီးမွမ်းခန်းဖွင့်ပေးရမှာ။ ဒါပေမဲ့လည်း ဘိုးဘေကြီးပေါ်လာတဲ့ ကိစ္စနောက်ပိုင်းမှာ ဘယ်သူကမှ ယွိကျူးရဲ့အရေးပါတာကို သတိမရတော့ဘူး။

“အဖေ”

ရှန်ယွိကျူးက သူ့ကို မြင်လိုက်ပြီးတဲ့နောက်မှာ ဝမ်းသာအားရနဲ့ ရှန်ဖုန်းကဲဆီကို ပြေးလာခဲ့တယ်။

“ဝမ့်ကျန့်ဂိုဏ်းကလူတွေက သမီးရဲ့အရည်အချင်းကို အားကျနေပြီတဲ့လား၊ သူတို့တွေက သမီးကို ဝမ့်ကျန့်ဂိုဏ်းဆီ တတ်နိုင်သလောက် မြန်မြန်ဝင်ဖို့ တောင်းဆိုနေကြပြီလား”

ရှန်ဖုန်းကဲက သူမကို အမြတ်တနိုး ကြည့်လိုက်ပြီး

“ဒါပေါ့၊ အဖေရဲ့ယွိကျူးက ဓားခန္ဓာကိုယ်နဲ့မွေးဖွားလာတဲ့သူပဲ၊ သမီးကို အားမကျတဲ့သူ ဘယ်သူကရှိမှာလဲ”

သူ့အဖြေကို ကြားလိုက်ရပြီးနောက်မှ ရှန်ယွိကျူးက ဝင့်ကြွားကာ ခေါင်းမော့လိုက်ပြီး မျှော်လင့်တကြီးအမူအရာတစ်ခု ဖြစ်သွားတော့တယ်။

“ဒါဆိုရင် သမီးက သူတို့ကို ဘယ်တော့တွေ့ရမှာလဲ”

ရှန်ဖုန်းကဲက ခဏလောက် တုံ့ဆိုင်းသွားပြီး ပြုံးလိုက်ခါ ချော့မော့ပြောဆိုလိုက်သည်။

“အဖေတို့ရဲ့ ယွိကျူးကို တွေ့ဖို့ဆိုတာ ထင်သလောက် ဘယ်လွယ်ပါ့မလဲ”

“မိသားစုရဲ့သခင်ကြီးက မနက်ဖြန် စီစဥ်ပေးပါလိမ့်မယ်”

ရှန်ယွိကျူးက ပြုံးကာ ခေါင်းညိတ်လိုက်တယ်။ သူမက တစ်ခုခုကို သတိရသွားတဲ့ဟန်နဲ့ မျက်လုံးကိုပင့်ထားလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းပေါ်က အပြုံးကလဲ တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။

“ဒီနေ့ သမီးလေ မသုံးရသေးတဲ့ ဆေးလုံးတချို့ကို တွေ့လိုက်တယ်၊ ဒါကြောင့် ဆေးလုံးတွေကို အစ်မကို ပေးလိုက်ချင်တာ”

“အစ်မကလေ အဲဒီဟာကို မလိုချင်တဲ့အပြင် သမီးကိုလဲ ဆေးလုံးနဲ့ ဝေးဝေးနေဖို့ ပြောလိုက်မယ်လို့တောင် မထင်ထားဘူး”

သူမက ဆေးလုံးတွေကို ရှန်ချန်းဟန်ဆီ ပစ်ပေးလိုက်ပြီး ဆိုးဝါးတဲ့သဘောထား ထုတ်ပြခဲ့ကြောင်းကိုတော့ မပြောပြလိုက်ဘူး။ သူမက ကျွန်းကျွမ်းကျင်ကျင်နဲ့ ညည်းညူလိုက်သေးတယ်။

“သမီးက အစ်မကောင်းဖို့အတွက် လုပ်ပေးခဲ့တဲ့ဟာကို”

သူမက မကြာခင် ဝမ့်ကျန့်ဂိုဏ်းကို သွားရတော့မှာလေ။ သူမရဲ့အစ်မဖြစ်သူကတော့ မိဘတွေနဲ့ တစ်ယောက်ထဲ နေခဲ့ရတော့မှာ။ သူမရဲ့မိဘတွေက အစ်မဖြစ်သူကို စပြီးသဘောကျသွားရင် ဘယ်လိုလုပ်မှာလဲ။

သူမက သူမရဲ့မိဘတွေကို တခြားသူတွေနဲ့ဝေမျှ ပေးရမှာ မကြိုက်ပါဘူး။ အထူးသဖြင့် ရှန်ချန်းဟန်ကိုပေါ့။

သူမက စောစောစီးစီး ပြင်ဆင်ထားပြီး မိဘတွေက အစ်မဖြစ်သူကို လုံးဝမကြိုက်အောင် လုပ်ထားရမယ်။

ရှန်ဖုန်းကဲက သူမရဲ့လေသံထဲက စိတ်သဘောထားကို ကြားနိုင်လေတယ်။ ဒါပေမဲ့လည်း သူ့မျက်လုံးထဲက ကြင်နာသနားတဲ့အရိပ်ကတော့ တစ်စက်ကလေးမှ ပျောက်ကွယ်မသွားဘူး။

“အဖေက ယွိကျူးရဲ့ပစ္စည်းတွေကို ဆက်ပြီး မယူတော့ဘူးဆိုင်ရင်တောင် အဖေတို့က အဲဒီ့ပစ္စည်းကို တခြားသူကို မပေးနိုင်ပါဘူး”

“အစ်မဆီကိုလဲ မပေးနိုင်ဘူးလား”

ရှန်ယွိကျူးက သူ့ရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ ပြုံးလိုက်တယ်။ ဒါပေမဲ့ ရက်ရောတဲ့ အမူအရာတစ်ခုနဲ့ မေးလိုက်သေးတယ်။

“ဒါပေါ့”

ရှန်ဖုန်းကဲရဲ့အသံက တွန့်ဆုတ်မှု လုံးဝမရှိဘူး ရှန်ယွိကျူးပြောလိုက်တဲ့ ရှန်ချန်းဟန်က သူရဲ့သမီး မဟုတ်တဲ့အတိုင်း။

သူ့အဖြေကို ကြားလိုက်ရပြီးတဲ့အခါ ရှန်ယွိကျူးက သိပ်မဝေးလှတဲ့နေရာမှာ ကျန်နေတဲ့ ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ရန်စတဲ့ဟန်နဲ့ ကြည့်လိုက်တော့တယ်။

ရှန်ဖုန်းကဲရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့် ရောက်နေပြီဖြစ်တဲ့အတွက် ရှန်ချန်းဟန် ရှိနေတာကို သတိထားမိပြီးသားပဲ။ ဒါပေမဲ့ သူရဲ့ စကားလုံးတွေက အရမ်းကိုမှ အေးစက်နေဆဲဖြစ်ပြီး ရှန်ချန်းဟန်အတွက် နွေးထွေးမှု တစ်စုံတစ်ရာ မရှိလေဘူး။

သူ့အတွက်ကတော့ ရှန်ချန်းဟန်ဆိုတဲ့ သမီးက ရှန်ယွိကျူးလောက်တောင် ရင်နှီးတဲ့သူ မဟုတ်ဘူး။

ရှန်ချန်းဟန်က သူတို့ရဲ့စကားတွေကို နားထောင်လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ ခံစားချက်တစ်စုံတစ်ရာ မရှိဘဲ တည်ငြိမ်နေတယ်။ သူမက ဒီစကားလုံးတွေကို နှစ်ပေါင်းများစွာ ကြားလာရတော့ ကျင့်သားရနေပြီလေ။ တစ်ယောက်ကတော့ ကျောက်စိမ်းလို ပုလဲလို လှပချောမောပြီး ကျန်တဲ့တစ်ယောက်ကတော့ အမြဲတမ်း အေးတိအေးစက်နဲ့ ညှိုးငယ်နေတတ်တယ်။ သူတို့ရဲ့နာမည်တွေကလဲ သူတို့ရဲ့သဘောထားကို ရောင်ပြန်ဟပ်နေတယ်။

သူတို့ကို ဂရုစိုက်ရင်း အချိန်ဖြုန်းနေမဲ့အစား သူမကတော့ သူမရဲ့အားနည်းတဲ့ခန္ဓာကိုယ်ကို ကုသဖို့အတွက် အလုပ်ပိုလုပ်ပြီး ဆေးဝါးကို လဲလှယ်ဖို့ပဲ ရှိတယ်။

သူမက အားနည်းချိနဲ့ပြီး မွေးဖွားလာခဲ့တာ သူမရဲ့ဝိညာဥ်သွေးကြောတွေက အရမ်းကိုပါးလွှာတဲ့အတွက် ဝိညာဥ်စွမ်းအင်တွေ စီးဆင်းဖို့ ခက်ခဲတယ်။ သူမကသူမရဲ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် ဆေးဝါးတွေ အများကြီးရအောင် ကြုးစားခဲ့ရတယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီးတဲ့နောက်မှ သူမက ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ ဆွဲယူနိုင်စပဲ ရှိသေးတယ်။

ရှန်ယွိကျူးရဲ့ ကျန်းမာရေးကလဲ မကောင်းပါဘူး။ ဒါပေမဲ့ သူမကတော့ အရည်အချင်းရှိတယ်။ အရည်အချင်း အရမ်းရှိတဲ့အတွက်ကြောင့်လဲ သူမရဲ့ မိဘတွေက သူမအပေါ် အားစိုက်ထုတ်မှုအကုန်လုံး သုံးဖို့ လိုလိုလားလား ရှိကြတယ်။

သူမက ဒီအကြောင်းကို စဥ်းစားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့ အရိပ်အရောင် တစ်ခုက ပေါ်လာတော့တယ်။

သူမက အသားမာတက်နေတဲ့ လက်တွေကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းဆီ ဆုပ်ထားလိုက်တော့တယ်။

သူမက ဓားသိုင်းကို တကယ်ပဲ ကျင့်ကြံချင်တာ။

ကြည့်ရတာ ဝမ့်ကျန့်ဂိုဏ်းကတပည့်တွေက ဘေးကခြံဝန်းထဲမှာ နေတဲ့ပုံပဲ။

ဒါပေမဲ့ သူမကတော့ ဝိညာဥ်ဓားတစ်ချောင်းတောင် မရှိတဲ့ ကျင့်ကြံသူတစ်ယောက်။ သူမရဲ့ခန္ဓာကိုယ်ထဲကိုလဲ အခုမှ ချီစွမ်းအင်ကို ဆွဲယူနိုင်စပဲ ရှိသေးတယ်။ သူမက ဝမ့်ကျန့်ဂိုဏ်းကတပည့်တွေနဲ့ တွေဆုံဖို့ တကယ်ကော အရည်အချင်းရှိရဲ့လား။

ဝမ့်ကျန့်ဂိုဏ်းကို ဝင်နိုင်ကြတဲ့တပည့်တိုင်းက ငယ်ငယ်လေးကတည်းက ထူးချွန်တဲ့ အရည်အချင်းတွေ ပါလာကြတဲ့သူတွေတဲ့။ ဒါပေမဲ့ သူမကတော့...

သူမက အဲလို စဥ်းစားလိုက်တယ် ဆိုပေမဲ့လဲ ဘေးကခြံဝန်းဆီကို တစ်စတစ်စ ရွေ့လျားလာ သေးတယ်။ ဝမ့်ကျန့်ဂိုဏ်းသားတွေက ဘယ်လိုမျိုးလဲဆိုတာကို သူမက တစ်ခါလောက်ပဲ မြင်ဖူးချင်ရုံပါ။

နောက်ဆုံး ဒီတကြိမ်ပြီးသွားရင် သူမက သူမလေးစားအားကျရတဲ့ ဝမ့်ကျန့်ဂိုဏ်းတပည့်တွေနဲ့ ထပ်ပြိးတွေ့ဆုံဖို့ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်လောက်ဘူး။

စူးလီက ရှန်မိသားစု သူမအတွက် စီစဥ်ပေးထားတဲ့ ရိုးရှင်းတဲ့ခြံဝန်းလေးကို ကြည့်လိုက်ပြီး စိတ်ထဲမှာ ကြိတ်ပြီး သက်ပြင်းချလိုက်တော့တယ်။

ချွေချွေတာတာနေရာကနေ ချမ်းသာတဲ့ဘဝကို သွားရတာ တကယ်ပဲ လွယ်ကူပေမဲ့ ချမ်းသာပြီး ချွေတာတဲ့ဘဝကို နေရမှာကတော့ ခက်ခဲပေတယ်။

အရင်ကအချိန်တွေကို ပြန်စဥ်းစားကြည့်မိလိုက်တယ်။ သူမက သူ့မရဲ့ကမ္ဘာငယ်လေးထဲက ယိုယွင်းနေတဲ့ နေရာလေးထဲမှာ တစ်လခွဲလောက် နေလာခဲ့တာပဲ။ အခုတော့ ဒီခြံဝန်းလေးက သူမရဲ့ကမ္ဘာငယ်လေးထက် အများကြီး ပိုကောင်းပါသေးတယ်။ ဒါပေမဲ့ သူမက ကြေးများနေပြီး သူမနဲ့ ကိုက်ညီမှု မရှိဘူးလို့တောင် ခံစားနေမိသေးတယ်။

ဒီလိုစဥ်းစားမိလိုက်ပြီး သူမက ရွှင့်ချန်ဂိုဏ်းက သူမရဲ့မိတ်ဆွေဟောင်းကြီးကို သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။

သူမမှာ တဖြည်းဖြည်းချင်း တိုးလာတဲ့ ဒီမကောင်းတဲ့အကျင့်တွေ ရှိနေပုံပဲ။

စူးလီက မျက်လုံးထဲမှာ ခပ်ရေးရေး အပြုံးတစ်ခုပေါ်လာပြီး သူမရဲ့လက်ကို အသာအယာ ဝေ့ရမ်းလိုက်တယ်။ အဲဒီနောက်မှာတော့ ပေါင်းမိုးလေးနဲ့ အဆောင်တစ်ခု ပေါ်လာပြီး အရမ်းကို လက်ရာမြောက်လွန်းတဲ့အတွက် ခြံဝန်းထဲမှာပေါ်လာတဲ့ အနုပညာ အလုပ်ရုံတစ်ခုလို့တောင် ခေါ်လို့ရတယ်။

သူမက အထဲကို ဝင်နားတော့မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ ခြံဝန်းတံခါးနားမှာ ယောင်လည်လည် ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတော့တယ်။

သူမက ဒီနေ့ သူမ စားခဲ့တဲ့ဖရဲသီးကို အရမ်းကျေနပ်နေမိတာ။ အိပ်ယာထဲဝင်ပြီး ကောင်းကောင်းလေး အိပ်လိုက်ချင်တော့တာပဲ ရှိတယ်။

သူမက အဆောင်ထဲကို လှမ်းဝင်သွားတော့မယ်လို့ပြင်ဆင်လိုက်တဲ့အခါမှာပဲ ရုတ်တရက် တံခါးနားကလူရဲ့ မျက်လုံးနဲ့ အကြည့်ချင်း ဆုံသွားတော့တယ်။ တွန့်ဆုတ်ပေမဲ့ ဇွဲကြီးပြီး သတ္တိရှိတဲ့အပြင် တလေးတစား ရှိတဲ့ပုံ။

မိတ်ဆွေဟောင်းလေးတစ်ယောက်နဲ့ တကယ်တူတာပဲ။

...

All Chapters