အခန်း ၄၀
Vol. 3 Ch. 40
အပိုင်း (၄၀)
လှေပျံ ပေါ်မှာ-
ဝမ့်ကျန့်ဂိုဏ်းသားတွေက လှေပျံ ရဲ့ထောင့်အသီးသီးမှာ တင်ပျဉ်ခွေ ထိုင်လိုက်ကြတယ်။ တချို့တပည့်တွေက လှေပျံပေါ်က ခမ်းနားလှတဲ့ အပြင်အဆင်တွေကို ကြည့်လိုက်ပြီး လှေပျံနဲ့ တော်တော်လေးကို မလိုက်ဖက်လှတဲ့ သူတို့ရဲ့အဝတ်အစားတွေကို ဝမ်းနည်းတဲ့စိတ်နဲ့ ကြည့်နေကြတယ်။
ရွှင့်ချန်ဂိုဏ်းကို ဆေးလုံးလာတောင်းကြတဲ့တပည့်တွေထဲက လက်ချိုးရေလို့ရတဲ့ တပည့်လောက်သာ ချမ်းသာကြတယ်။
မဟုတ်ရင် သူတို့တွေက ရွှိယွင်ဆေးလုံးကို လာတောင်းဖို့အတွက် အဲလောက်ထိဆင်းရဲကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှင့်ချန်ဂိုဏ်းက ရွှိယွင်ဆေးလုံးကို သုံးပြီးသားကို ပြန်ရောင်းကြတာ မဟုတ်ဘူးလေ။ သူတို့သာ ဆုံးဖြတ်လိုက်ရင် သူတို့တွေက တတ်နိုင်ပါသေးတယ်။
သူတို့တွေက ဆင်းရဲတယ်လို့ ပြောဖို့ကလည်း တော်တော်လေး မသင့်တော်သေးဘူး။ သူတို့တွေက သူတို့ရဲ့ဝိညာဉ်ကျောက်တုံးတွေအားလုံးကို သူတို့ရဲ့မွေးချင်းဓားအတွက်ပဲ သုံးကြတာလေ။ သူတို့ကိုယ်တိုင်အတွက်ကတော့ သူတို့အားလုံးက အသက်ရှင်ရုံလေးဆို ရပြီလို့ သဘောထားကြတယ်။
ဒါပေမဲ့လည်း... လှေပျံတစ်စီးကို စီးရတာက သူတို့ရဲ့ဓားပေါ်မှာ ပျံရတာထက် အများကြီးပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်တာတော့အမှန်ပဲ။
ရှဲ့ယိက တခြားတပည့်တွေလိုပဲ အဲဒီလိုစိတ်ကူးရှိခဲ့တယ်။ သူက သူ့ရဲ့အောက်မှာ မြန်မြန်ကြီး ပျံသွားနေတဲ့ လှေပျံကို ကျေကျေနပ်နပ်နဲ့ ကြည့်လိုက်ပြီး လန်းဆန်သွားတဲ့ရုပ် ဖြစ်သွားတော့တယ်။
ဘယ်လိုဖြစ်ပြီးမပျော်ဘဲ နေနိုင်ပါ့မလဲ။
သူက ရွှင့်ချန်ဂိုဏ်းကို လာခဲ့ပြီး ဝိညာဉ်ကျောက်တစ်တုံးလေးတောင် မသုံးလိုက်ရပဲနဲ့ ရွှိယွင်ဆေးလုံးကို ရခဲ့တယ်လေ။ အဟမ်း____ သူ့အတွက် ဆယ်ကြိမ်စာ စမ်းသပ်ဖို့ လုံလောက်ပြီ။
ရွှင့်ချန်ဂိုဏ်းက အကြီးအကဲပိုင် သူ့ကိုပေးခဲ့တဲ့ဝိညာဉ်ဆေးပင်လည်း ရှိသေးတယ်။ အဆင့်ခြောက် ရှိုးယွမ်ဆေးပင်။
ကျင့်ကြံရေးလောကထဲက ဝိညာဉ်ဆေးပင်တွေအကြောင်း နည်းနည်းပဲ သိတဲ့သူတောင်မှ ရှိုးယွမ်ဆေးပင်ရဲ့ အမြင့်ဆုံးအဆင့်က အဆင့်လေးထက် မပိုဘူးဆိုတာ သိကြတယ်။
ဒါဆိုရင်တော့ ဒါက ဘာအဓိပ္ပာယ်ထင်သလဲ။ သူက ဒီဆေးပင်ကို ထုတ်ပြီး အမြင့်ဈေးနဲ့ ရောင်းလို့ရတယ်ဆိုတဲ့ သဘောပေါ့။
အကြီးအကဲပိုင် သူ့ကိုပေးလိုက်တဲ့ အဆင့်ခြောက်ဆေးလုံးလည်း ရှိသေးတယ်။ ပြောတာကတော့ ဒီဆေးလုံးကလည်း ကျင့်ကြံရေးလောကထဲမှာ မရှိတဲ့ ဝိညာဉ်ဆေးပင်တစ်မျိုးနဲ့ လုပ်ထားတာတဲ့။
ဒီအကြောင်းကို စဉ်းစားလိုက်မိပြီး ရှဲ့ယိက ရုတ်တရက်ဆိုသလို ပြန်မလာခင် ပိုင်ကျစ်ယွင် မှာလိုက်တဲ့စကားကို သတိရသွားတော့တယ်။
သူက သိပ်မဝေးလှတဲ့နေရာက ညောင်စောင်းပေါ်မှာ ပျင်းရိပျင်းတွဲမှီပြီး လဲလျောင်းနေတဲ့လူကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ သံသယရိပ်တစ်ခု ဖျတ်ခနဲလက်သွားတော့တယ်။
ဒီသာမန်ကျင့်ကြံသူက ချီအဆင့်ကျင့်ကြံရေးအဆင့်သုံးပဲရှိသေးတာ။ သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ရှိတာမျိုးလည်း မထင်ရပါဘူး။ အကြီးအကဲပိုင်က ဘာဖြစ်လို့ အဲလောက် အရေးပေးနေရတာလဲ။
အကြီးအကဲပိုင်က ရွှင့်ချန်ဂိုဏ်းတစ်ခုလုံးက အရမ်းကို အထင်ကြီးလေးစားတန်ဖိုးထားရတဲ့ ပါရမီရှင်တစ်ယောက်လေ။ သူက အရမ်းကိုမှ တန်ဖိုးရှိလွန်းတယ်။ သူမက နောက်ထပ် ခြေလှမ်းလေးတစ်လှမ်း ပိုလှမ်းလိုက်ရင်တောင် ဂိုဏ်းချုပ်ကြီးလုက သူမ ပင်ပန်းသွားမှာကို စိုးရိမ်ရတဲ့အထိပဲ။
အားလုံးရဲ့ဂရုစိုက်မှုကို ခံယူနေရတဲ့ ဒီလို ပုဂ္ဂိုလ်တစ်ယောက်က သူ့ကိုလည်း အဲလောက်ဂရုမစိုက်တဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့စကားကိုများ ဘာဖြစ်လို့နားထောင်နေရတာလဲ။
ကိစ္စတော့မရှိပါဘူး။ ဒါက သူနဲ့လုံးဝမဆိုင်ဘူးလေ။
သူက ဝိညာဉ်ဆေးပင်တွေကို လက်ခံထားပြီးပြီးဆိုတော့ ပိုင်ကျစ်ယွင် မှာထားတဲ့အတိုင်း လုပ်ပေးသင့်တာပေါ့။
ဒီလိုစဉ်းစားလိုက်ပြီး ရှဲ့ယိက လက်ကိုဆန့်လိုက်ပြီး သိုလှောင်အိတ်ထဲက ဝိညာဉ်သစ်သီးတစ်လုံးကို ထုတ်လိုက်တယ်။ သူက လက်ထဲမှာ ဝိညာဉ်စွမ်းအင်တွေကို စုစည်းလိုက်ပြီး ဝိညာဉ်သစ်သီးကို အခွံခွာလိုက်ကာ တစ်ချက်နှစ်ချက်လောက် လှစ်ခနဲ လှစ်ခနဲလှုပ်ရှားလိုက်ရင်း အစိပ်ကလေးဖြစ်အောင် စိပ်ပေးလိုက်ပြီး ဝိညာဉ်ပန်းကန်ပြားထဲမှာ သပ်သပ်ရပ်ရပ်ထည့်ပေးလိုက်တယ်။ ဒီပစ္စည်းတွေ အားလုံးက ပိုင်ကျစ်ယွင် သူ့ကိုပေးခဲ့တဲ့ဟာတွေလေ။
အဲလိုမှမဟုတ်ရင် သူ့လိုဓားသိုင်းကျင့်ကြံသူတစ်ယောက်က ဝိညာဉ်စွမ်းအင်သစ်သီးတွေကို ဘယ်လိုလုပ်ပြီး အခွံခွာပေးနိုင်မှာလဲ။
ဒါကဝိညာဉ်သစ်သီးတစ်လုံးပဲလေ။ တစ်ကိုက်လောက်နဲ့ သွားကြားတောင်မညှပ်ဘူး။
သူက စူးလီလက်ထဲကို ဝိညာဉ်သစ်သီးပန်းကန် လှမ်းထည့်ပေးမယ်လို့ ကြံလိုက်တဲ့အချိန်မှာ သိပ်မဝေးလှတဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့စကားက သူ့နားထဲကို ဝင်လာတော့တယ်။
“ဒီတစ်ခါတော့ ငါတို့တွေ ရွှင့်ချန်ဂိုဏ်းကို လာတာ အရမ်းတန်သွားပြီ။ တစ်ခုပဲ ငါတို့တွေက ဒီကာလအတွင်းမှာ ဂိုဏ်းထဲမှာ ရှိမနေကြတော့ ငါတို့တွေက လေ့ကျင့်ရေးကိုလည်း လျစ်လျူရှုမိထားရတယ်”
အခုတလော နေ့တိုင်းခြောက်နာရီတောင်မပြည့်ဘဲ ကျင့်ကြံနေရတယ်လို့ထင်တဲ့ တပည့်တစ်ယောက်က မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့တယ်။
“ငါတို့တွေ ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ဒီကာလအတွင်းမှာ လွတ်သွားတဲ့ ဒီကျင့်ကြံခြင်းတွေကို သေချာပေါက် ပြန်လုပ်ရမယ်”
အခုတစ်လော တစ်နေ့ကို လေးနာရီပဲ ကျင့်ကြံရတဲ့ ဓားသိုင်းကျင့်ကြံသူ : “.....”
“အစ်ကိုရာ တစ်ခါတလေလေး ခဏလောက်အနားယူတာကလည်း ဆိုးဝါးတဲ့ကိစ္စမဟုတ်ပါဘူး”
“ သူက ဒီလိုပြောလိုက်ပေမဲ့လည်း တစ်နေ့ကို ရှစ်နာရီလောက်လေ့ကျင့်ဖို့အတွက် ခေါင်းထဲမှာ အချိန်ပိုပြီး တိုးလိုက်သေးတယ်။ ဒီကာလာအတွင်းမှာ သူက တကယ်ပဲ ကျင့်ကြံတဲ့အချိန်နည်းခဲ့တယ်လေ။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျင့်ကြံတယ်ဆိုတာ ရေစီးကြောင်းကို ဆန့်ကျက်ပြီး ရွက်လွှင့်နေရသလိုပဲ။ မင်းက မတိုးတက်လာဘူးဆိုရင် ဆုတ်ယုတ်နေတဲ့သဘောပဲပေါ့”
ပထမဆုံးစကားပြောလိုက်တဲ့တပည့်က စကားပြောလိုက်ပြီးတဲ့အချိန်မှာပဲ တစ်ခုခုကို သတိရသွားတဲ့ဟန်နဲ့ သူ့မျက်လုံးထဲမှာ အားကျရိပ်တစ်ခု ဖြစ်သွားတော့တယ်။
“ ဟုတ်တာပေါ။ မိစ္ဆာကောင်ကြီးတွေနဲ့ တူတဲ့ တတိယဂိုဏ်းတူအစ်ကိုက လွဲရင်လေ”
သူ့ဘေးနားက တပည့်တွေကလည်းခေါင်းညိတ် သဘောတူကြတယ်။
“ အမှန်ပဲ”
နံပါတ်သုံးဂိုဏ်းတူအစ်ကိုဆိုတာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ တတိယမြောက်တပည့်လေ။ သူက နေ့တိုင်း ကြိုးကြိုးစားစား လေ့ကျင့်တာ မရှိပေမဲ့ အင်မတန်မှ အရည်အချင်းရှိတဲ့သူဖြစ်တယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာပြီး သူ့ရဲ့ဓားသိုင်းကျင့်ကြံခြင်းကလည်း အင်မတန်မှတိုးတက်လာခဲ့တယ်။
ဂိုဏ်းထဲကတပည့်တွေ ယှဉ်ပြိုင်ကြတဲ့အချိန်တိုင်း တတိယအစ်ကိုက မကြာခဏ အကြီးဆုံးဂိုဏ်းတူအစ်ကိုရဲ့ အနိုင်ယူခံရတာလွဲရင် ဂိုဏ်းထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြသလောက်ပဲ။
သူ့ရဲ့ဂိုဏ်းတူညီအစ်ကိုတွေကြားက ပြောစကားကို ကြားလိုက်ပြီးရတဲ့နောက်မှာ ရှဲ့ယိက မတတ်သာတော့ဘဲ အားကျစိတ်နဲ့ သက်ပြင်းချလိုက်တော့တယ်။
သူက သူ့ရဲ့နံပါတ်သုံးဂိုဏ်းတူညီလေးကို တွေ့လိုက်တဲ့အချိန်တိုင်း သူက လေ့ကျင့်နေတယ်ဆိုတာ ရှားရှားပါးပါးပဲ။ သူ့ကို့တွေ့လိုက်တဲ့အချိန်တိုင်း သူက ဝမ့်ကျန့်ဂိုဏ်းရဲ့အလုပ်များနေတဲ့နေရာနဲ့ ဆန့်ကျင့်ပြီး ပန်းတွေကိုကြည့်လိုက် စစ်တုကစားလိုက်နဲ့ပဲ ဖြစ်နေတယ်။
သူက ကျင့်ကြံရေးမှာ လုံးဝဂရုမစိုက်ပေမဲ့လည်း သူရဲ့ဓားသိုင်းနဲ့ ကျင့်ကြံခြင်းကတော့ နေ့တိုင်းကြိုးကြိုးစားစားလေ့ကျင့်ကြသူတွေထက် လုံးဝမနိမ့်လေဘူး။ နည်းနည်းလေးတောင် ပိုပြီးသာနေသေးတယ်။
အစတုန်းကတော့ သူက ရှားပါးတဲ့ပါရမီရှင်တစ်ယောက်မလို့ သူ့ဆရာလက်အောက်မှာ သင်ယူနိုင်တာလို့ ထင်ထားခဲ့တာလေ။ ဒါပေမဲ့ သူရဲ့တတိယဂိုဏ်းတူညီလေးက အမြဲတမ်း ကိုယ့်ထက်သာတဲ့သူဆိုတာ ရှိတဲ့အကြောင်း နားလည်အောင် လုပ်ပေးခဲ့တယ်။
ဒီလိုစဉ်းစားကြည့်လိုက်ပြီး ရှဲ့ယိက ဘာမှမတတ်သာတော့သလို ခေါင်းခါလိုက်တယ်။ ငါက သူနဲ့မယှဉ်နိုင်ပါဘူးလေ။
စူးလီက ညောင်စောင်းပေါ်မှာ ပျင်းပျင်းနဲ့ လဲလျောင်းနေပြီး နေပူစာလှုံနေလိုက်တယ်။
ရွှင့်ချန်ဂိုဏ်းက ထွက်လာပြီးတဲ့နောက်ပိုင်းမှာ သူမက ကောင်းကင်စာအုပ်ထဲကနေ ဝမ့်ကျန့်ဂိုဏ်းအကြောင်း ကောလာဟလသတင်းအသစ်တွေ ဝမ်းသာအားရနဲ့ ရှာဖွေမယ်လို့ စဉ်းစားထားတယ်။
ဒါပေမဲ့လည်း သူမက အရမ်းကိုပျင်းရိပြီး ဘာအားအင်းမှ မထုတ်ချင်ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားမိဘူး။
သူမက စိတ်ထဲမှာ ခွဲခွာရတဲ့ ဝမ်းနည်းမှုကို မသိမသာ ခံစားလိုက်မိပြီး မျက်လုံးကို အသာအယာ မျက်တောင်ခတ်မိလိုက်တယ်။ ဒီခံစားချက်က အရမ်းကို ထူးဆန်းတာပဲ။
ဒါပေမဲ့လည်း သည်းမခံနိုင်တာမျိုးတော့ ဟုတ်ဟန်မတူဘူး။
ဒီအခိုက်အတန့်မှာပဲ သိပ်မဝေးလှတဲ့နေရာက ဝမ့်ကျန့်ဂိုဏ်းသားတွေ ပြောနေတဲ့စကားကို ကြားလိုက်တယ်။
ဝမ့်ကျန့်ဂိုဏ်းက အဲလောက်တောင် ဝင့်ကြွားထောင်လွှားတာတဲ့လား။
နေ့တိုင်းခြောက်နာရီလောက် လေ့ကျင့်တာကိုပဲ နမော်နမဲ့လျစ်လျူရှူ့ပြီး လေ့ကျင့်တယ်လို့ ထင်သလား။
ခေတ်သစ်မှာဆိုရင် တနေ့လုံး ဆယ့်နှစ်နာရီဆက်တိုက် အလုပ်လုပ်ရရင် အလုပ်သမားရုံးကိုတောင် တိုက်ရိုက်သွားလို့ရတယ်။
ဒီတော့ တက်ကြွနေတဲ့ ငါးဘုရင်တွေရဲ့ကြားမှာ ငါးဆားနယ်တစ်ကောင်အကြောင်း ကြားလိုက်ရတော့ သူမက စိတ်မဝင်စားပဲ ဘယ်နေနိုင်တော့ပါ့မလဲ။
စူးလီက အကြောဆန့်လိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ပဲ ဖွင့်လိုက်တယ်။ အဲဒီနောက်မှာတော့ သူမက ထူးထူးဆန်းဆန်း ငြိမ်ကျသွားတော့တယ်။
[ ချီဟယ့်ငါးဆားနယ်က မလေ့ကျင့်ဘူး ဟုတ်လား]
လှေပျံပေါ်က တပည့်တွေက အလန့်တကြား ဖြစ်သွားပြီး သူတို့ရဲ့မျက်လုံးထဲမှာလည်း ကြောက်ရွံ့တဲ့ အရိပ်အရောင်တွေ ဖြစ်သွားတော့တယ်။
ကောင်းကင်ကလာတဲ့အသံက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်ထွက်လာတာလဲ။ သူမက သူတို့ရဲ့ဝမ့်ကျန့်ဂိုဏ်းကို တကယ်ပဲ ပစ်မှတ်ထားနေပြီလား။
စူးလီက လှေပျံပေါ်က လူတွေကို အာရုံစိုက်မနေဘူး။ သူမက တစ်နေ့လုံး ချီဟယ့်ကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ လေးစားမှုအရိပ်အရောင်တစ်ခု ထိုးထွက်လာတော့တယ်။
[ချီဟယ့်ကို သူရဲ့ကျင့်ကြံခြင်းကို ဂရုမစိုက်ဘူးလို့ သတ်မှတ်ကြတယ်ဆိုရင် ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးမှာ ဇွဲလုံလရှိသူတွေတောင်ရှိမှာ မဟုတ်တော့ဘူး]
အပြင်လောကက လာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ တပည့်တွေအားလုံးက မတုံ့ပြန်နိုင် ဖြစ်သွားပြီး ဇဝေဇဝါကြည့်လိုက်မိတယ်။
အပြင်လောကက လာတဲ့အသံက ထေ့ငေါ့ပြီးပြောနေတာလား။
နံပါတ်သုံးအစ်ကိုကို ဇွဲလုံလရှိတယ်လို့များ ဘယ်လိုလုပ်ပြီး သတ်မှတ်နိုင်ရက်တာလဲ။ သူက နေ့တိုင်းပန်းတွေကို သွားကြည့်ဖို့ နာရီဝက်လောက် သုံးနိုင်တယ်လေ။
သူက လက်ဖက်ရည်သောက်လိုက်၊ စစ်တုရင်ကစားလိုက်၊ ကဗျာတွေဘာတွေစပ်ပြီး မိတ်ဆွေတွေဖွဲ့လိုက်တောင်လုပ်နိုင်သေးတယ်။ အမယ်လေး။ သူက အိပ်လည်းအိပ်တတ်သေးတယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူကတကယ်ပဲ အိပ်သတဲ့။
သူက ကျင့်ကြံရေးနဲ့ ဘာမှမဆိုင်တာတွေ အကုန်လုပ်တတ်ပြီး အချိန်တွေကို ဖြုန်းနေတတ်တာလေ။
သူတို့တွေ ဝမ့်ကျန့်ဂိုဏ်းထဲ ဝင်လာပြီးကတည်းက ဂိုဏ်းတူအစ်ကိုက သူ့ဓားကို တိတ်တိတ်လေး ခိုးထုတ်တာတောင်မှ မမြင်ခဲ့ရဘူး။
ဒါကိုများ လုံလရှိတယ်လို့တွေးရင် သူတို့တွေ တစ်နေ့ကို ရှစ်နာရီလောက်လေ့ကျင့်နေတာက ဘာဖြစ်သွားမှာလဲ။
တပည့်တွေအားလုံးက သူတို့စိတ်ထဲမှာ ချီဟယ့်ရဲ့ပျင်းရိမှုတွေကို ဝေဖန်နေတုန်းပါပဲ။ ကောင်းကင်က လာတဲ့အသံက ဆက်ပြောတယ်။
[ကျွတ်ကျွတ် ဒီချီဟယ့်က အရမ်းအံဩဖို့ကောင်းတာပဲ။ တစ်ရက်မှာ ဆယ်နှစ်နာရီရှိတာ။ သူက နေ့တိုင်း ဆယ့်တစ်နာရီလောက်လေ့ကျင့်တယ်။ ကျန်တဲ့နာရီကိုတော့__ __]
[ ဟားဟား တခြားသူတွေရှေ့မှာ ဟန်ဆောင်ပြနေတာပဲ။ ပန်းတွေကို ရှုစားလိုက်၊ စစ်တုရင်တွေ ကစားလိုက်၊ ကဗျာတွေရွတ်ပြလိုက်၊ နှစ်ကြောင်းစပ်ကဗျာတွေ ဖွဲ့ပြလိုက်နဲ့တဲ့...]
[ချီဟယ့်က သူတို့တွေ မြင်အောင် အချိန်တိုင်း ဒီကိစ္စတွေလုပ်ပြနေတာ ဘာလို့များလဲလို့ ဒီလူတွေက တစ်ခါမှတောင် မစဉ်းစားမိကြဘူးလား]
[ဘာဖြစ်လို့လဲဆိုတော့ သူက နင်တို့တွေအတွက်ပဲ သီးသန့်ဟန်ဆောင်ပြနေတာလေ]
စူးလီကခေါင်းကို မော့လိုက်ပြီး နှစ်နှစ်ရာကျော်တိုင်တိုင် ချီဟယ့်ရဲ့ လှည့်စားခံထားရတဲ့ လေပေါ်က ဂိုဏ်းသားတွေကို လှမ်းကြည့်လိုက်ပြီး သနားတဲ့အရိပ်အရောင်နဲ့ ပြောလိုက်တော့တယ်။
[ဝမ့်ကျန့်ဂိုဏ်းသားက ဒီတုံးအတဲ့ကလေးတွေကတော့ ချီဟယ့် အရူးလုပ်တာခံခဲ့ရတာပဲ ဟုတ်တယ်ဟုတ်]
လှေပျံပေါ်မှာ အားလုံးက မှင်တက်အံ့ဩသွားကြပြီး ရှဲ့ယိကတောင် အထိတ်တလန့် ဖြစ်သွားတော့တယ်။
ဟင်။
နံပါတ်သုံးဂိုဏ်းတူအစ်ကိုက တကယ်တော့ နေ့တိုင်းဆယ့်တစ်နာရီလောက် လေ့ကျင့်တယ် ဟုတ်လား။
ဒါပေမဲ့ သူတို့တွေက ဒါကို တခါမှမတွေ့ခဲ့မိပါဘူး။
ကောင်းကင်ကလာတဲ့အသံက အဖြေကိုပေးလိုက်တယ်။
[ကျွတ် ကျွတ် သူရဲ့ဉာဏ်ကောင်းလွန်းတဲ့အကျင့်စရိုက်ကြောင့် ချီဟယ့်က နေ့တိုင်းလေ့ကျင့်နေတာကို တခြားသူတွေ မမြင်အောင် ဂရုတစိုက်ဖုံးကွယ်ထားနိုင်ခဲ့တယ်]
[တကယ်တော့ သူအတွက်လည်း မလွယ်ကူပါဘူး။ သူက လူသူနည်းပါးတဲ့နေရာတွေကို သွားရတဲ့အပြင် သူ့ရဲ့ဘဝတစ်လျှောက်မှာ အချိန်တိုင်း သူ့ရဲ့ဓားစွမ်းအားကို ချုပ်တီးဖို့အတွက်လည်း ကိုယ့်ဟာကို လေ့ကျင့်နေရသေးတယ်]
[သူက ကျင့်ကြံရေးအတွက် ကျောက်စိမ်းဆွဲပြားကို ဝယ်ဖို့အတွက် ငွေပမာဏအများကြီးလည်း သုံးလိုက်ရသေးတယ်။ သူက နေ့တိုင်း အထဲမှာ ခုနှစ်နာရီလောက်ပဲ နေနိုင်တာလေ။ ကျန်တဲ့အချိန်တွေကိုတော့ သူက လေ့ကျင့်ဖို့အတွက် ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတဲ့ နေရာတစ်ခုကို ရှာရသေးတယ်]
[ နင်တို့တွေ ဝမ့်ကျန့်ဂိုဏ်းထဲမှာ စစ်ရှီးကို မြင်ဖူးသလား။ သူကတော့ နေ့တိုင်းမြင်ဖူးတယ်လေ]
ချီဟယ့်ကို အထူးတည် လေးစားအားကျရတဲ့ တပည့်တစ်ယောက်ရှိလေတယ်။ အပြင်လောကက လာတဲ့အသံကို ကြားလိုက်ရပြီးနောက်မှာ သူက တဟွတ်ဟွတ် ချောင်းဆိုးလိုက်ပြီး သူ့အတွက် ကြိုးစားဖာထေးပြီး ပြောလိုက်တယ်။
“ နံပါတ်သုံးဂိုဏ်းတူအစ်ကိုက ကျွန်တော်တို့နဲ့ တကယ်ပဲ ကွာခြားလှပါတယ်။ သူက ဓားဝိညာဉ်ရဖို့ ငါတို့တွေလို နည်းလမ်းမျိုးစုံသုံးတာ တစ်ခါမှမမြင်ခဲ့ဖူးဘူး”
“ ကြည့်ရတာ နံပါတ်သုံးဂိုဏ်းတူအစ်ကိုက ကျင့်ကြံရေးနဲ့ပတ်သက်ပြီး တော်တော်လေး သာမန်ဖြစ်တဲ့ပုံပါပဲ။ အဟမ်း”
စူးလီက အဲဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးထဲမှာ သနားတဲ့အရိပ်အရောင်တစ်ခု ပေါ်လာတော့တယ်။
[သနားစရာကောင်းလိုက်တဲ့ ကလေး]
[ နင်ကဖြင့် နင်ရဲ့ဂိုဏ်းတူအစ်ကို တိတ်တိတ်လေး ခိုးပြီးကျင့်ကြံနေတာတောင် မမြင်ဖူးပဲနဲ့များ။ သူက သူ့ဟာသူ တိတ်တိတ်လေး လေ့ကျင့်နေတာကို နင်ကဘယ်လိုလုပ်ပြီး မြင်နိုင်မှာလဲ]
သူမက ကောင်းကင်စာအုပ်ထဲမှာ အသေးစိတ်ဖတ်လိုက်ပြီး သူမရဲ့လေသံထဲမှာ မလေးစားဘဲ မနေနိုင်တဲ့အရိပ်တစ်ခု ပါသွားတော့တယ်။
[ဘုရားရေ ဒီချီဟယ့်ကတော့ တကယ်ပါပဲ.... စိတ်ဝိညာဉ်လေ့လာခြင်းကိုတောင် တကယ်လုပ်ခဲ့သတဲ့]
[တကယ်တော့ သူက သူ့ရဲ့ဂိုဏ်းတူအစ်ကိုကို တိတ်တိတ်လေး မူးအောင် တိုက်လိုက်ပြီး သူ့ရဲဂိုဏ်းတူအစ်ကိုက မွေးချင်းဓားကနေ ဓားဝိညာဉ်ကို ဘယ်မွေးဖွားသလဲဆိုတာကိုလည်း အသေးစိတ်ဆွဲထုတ်ခဲ့သေးသတဲ့]
[ ဒီဓားက ကိုယ့်ဟာကို ဘယ်နှစ်ကြိမ်လောက်များ နှိပ်စက်ခံခဲ့ရပြီပြီးလဲ။ လားရာနဲ့အရှိန်နဲ့ကောလား။ အဓိကဟာကို ဖြတ်တဲ့နေရာမှာ ရှုထောင့်နဲ့ အင်အားကိုရော...]
စူးလီ တော်တော်လေး တိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချလိုက်တော့တယ်။
[တကယ်ကို အံဩစရာကောင်းပါပေတယ်]
ဝမ့်ကျန့်ဂိုဏ်သားအားလုံး: “...”
လှေပျံပေါ်က ပတ်ဝန်းကျင်အနေအထားက ကသိကအောက်နဲ့ ငြိမ်ကျသွားတော့တယ်။
အားလုံးက အပြင်ကလာတဲ့အသံစကားကို နားလည်အောင် ကြိုးစားနေရင် သူတို့ရဲမျက်လုံးတွေက အထိတ်တလန့်ဖြစ်ပြီး မှေးမှိန်သွားတော့တယ်။
တချို့လူတွေ သတိပြန်ဝင်လာပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ခေါင်းတွေကို မသိမသာ ငုံ့ထားလိုက်ကြတယ်။ သူတို့တွေက တစ်ခုခုကို စဉ်းစားနေကြတဲ့ပုံပါပဲ။
ဒီကာလအတောအတွင်းမှာ သူတို့တွေက ကောလာဟလနောက်လိုက်ပြီး ဓားဝိညာဉ်လုပ်ဖို့ သူတို့ဟာသူတို့ သင်းကွပ်တဲ့နည်းလမ်းကို အားကိုးခဲ့ရတာ။
ဒါပေမဲ့ အခုတော့ ကြည့်ရတာ နောက်ခံအကြောင်းတရားကလည်း အရမ်းကို အရေးကြီးနေတဲ့ပုံပဲ။
နံပါတ်သုံးဂိုဏ်းတူအစ်ကိုရဲ့နည်းလမ်းက တကယ်ကို ပိုပြီးတော့ ပြင်းထန်ပါသေးတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် သူတို့လည်းပဲ.... အကြီးဆုံးဂိုဏ်းတူအစ်ကိုကို မူးအောင်တိုက်ပြီး ကြိုးစားကြည့်ရင်ကောင်းမလား။
ဒီအခိုက်မှာပဲ ရှဲ့ယိရဲ့ခန္ဓာကိုယ်ပေါ်က ဆက်သွယ်ရေးပစ္စည်းက ရုတ်တရက် တဖျပ်ဖျပ် လက်လာခဲ့တယ်။ သူက ဆက်သွယ်ရေးပစ္စည်းကို ကောက်ကိုင်လိုက်ပြီး အဲဒီအပေါ်က ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်တယ်။ သူက ခဏလောက် နှုတ်ဆိတ်သွားပြီး ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ ဆက်သွယ်ရေးပစ္စည်းကို ကောက်ကိုင်လိုက်တော့တယ်။
“ နံပါတ်သုံးဂိုဏ်းတူညီလေး”
“ဂိုဏ်းတူအစ်ကို(၂) အစ်ကိုရဲ့အသံ ကဘာဖြစ်လို့ နည်းနည်းလေး ထူးဆန်းနေတာလဲ။ လေ့ကျင့်ရတာ အရမ်းများသွားလို့ ပင်ပန်းနေတာလား”
ချီဟယ့်ရဲ့အသံကို လှေပျံပေါ်ကလူတိုင်းက ရှင်းလင်းနေအောင် ကြားလိုက်ရတယ်။
“ကျွန်တော့်အထင်တော့ အစ်ကိုက နားနားပြီးမှ လေ့ကျင့်သင့်တယ်။ အလုပ်နဲ့အနားယူခြင်း ပေါင်းစပ်ပြီးလုပ်တာက မှန်ကန်တဲ့အလုပ်တစ်ခုပဲ”
ရှစ်ရီရဲ့ မျက်နှာပေါ်က အမူအရာကပိုပိုပြီး ထူးဆန်းလှတယ်။ သူက ချောင်းဟန့်လိုက်ပြီး ဘာမှမဖြစ်သလို ပြန်မေးလိုက်တယ်။
“ဒီတော့ဂိုဏ်းတူညီလေးက အခုဘာလုပ်နေတာလဲ”
“ကျွန်တော်ကအခု...”
[သူက ရွှိယွင်ဆေးလုံးကို အခုလေးတင် သောက်ပြီးတော့ နာကျင်မှုကို သည်းခံရင်း အိပ်ရာပေါ်မှာ လဲလျောင်းနေတာလေ]
ချီဟယ့်ရဲ့ ဆက်သွယ်ရေးပစ္စည်းကို ကိုင်ထားတဲ့လက်တွေက ရုတ်တရက် အေးခဲ့သွားပြီး သူ့ဦးနှောက်ကလည်း အခိုက်အတန့် ဗလာအတိ ဖြစ်သွားတော့တယ်။ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ကျန်ခဲ့တော့တယ်။ သူရဲ့တစ်သက်လုံးရထားတဲ့ နာမည်ကတော့ ပျက်စီးပါပြီ။
သူက မျက်နှာပေါ်မှာ အူကြောင်ကြောင်အမူအရာတစ်ခုနဲ့ သတိပြန်ဝင်လာပြီး မြန်မြန်လေး ရှင်းပြလိုက်တယ်။
“အစ်ကို ဆရာက အစ်ကို့ကို ကျန့်ယို့မြို့ကိုသွားခိုင်းနေတယ်။ ကျန့်ယို့မြို့က ရှန်မိသားစုမှာ နတ်ဓားခန္ဓာကိုယ်အတုနဲ့ မျိုးဆက်တစ်ခု ပေါ်လာလို့တဲ့၊ ဆရာက သူ့ကို ဝမ့်ကျန့်ဂိုဏ်းဆီခေါ်လာဖို့ အစ်ကို့ကို ပြောလိုက်တယ်”
ဒီလိုပြောလိုက်ပြီးတော့ သူက ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုတောင် မစောင့်တော့ပဲ ဆက်သွယ်ရေးပစ္စည်းကို မြန်မြန်ချလိုက်တော့တယ်။
ရှဲ့ယိက မည်းနက်သွားတဲ့ ဆက်သွယ်ရေးပစ္စည်းကို ကြည့်လိုက်ပြီးမျက်လုံးထဲမှာ အံ့သြသွားတဲ့အရိပ်တစ်ခု ဖြစ်သွားတော့တယ်။
နတ်ဓားခန္ဓာကိုယ်အတုတဲ့လား။
နတ်ဓားခန္ဓာကိုယ်က ဓားသိုင်းကျင့်ကြံသူတွေအတွက် အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်လေ။ ဒီလိုအရည်အချင်းမျိုးရှိတဲ့ ကျင့်ကြံသူတွေက လမ်းတစ်ဝက်မှာ မသေဆုံးသွားသရွေ့ သူတို့တွေအားလုံးက အစွမ်းထက်လာနိုင်တယ်။
ဒါပေမဲ့လည်း ဒီလိုကိုယ်ခန္ဓာမျိုးက အရမ်းကိုရှားပါးပြီး ပြီးခဲ့တဲ့နှစ်တစ်ထောင်ထဲမှာ ပေါ်လာတဲ့သူတွေက လက်ချိုးရေလို့တောင်ရတယ်။
နတ်ဓားခန္ဓာကိုယ်အတုက နတ်ဓားခန္ဓာကိုယ်အစစ်ထက် နည်းနည်းလေးနိမ့်ကျပေမဲ့ သူ့မှာလည်းပဲ ဓားသိုင်းကျင့်စဥ်ကို လေ့လာဖို့ရှားပါးတဲ့ အခွင့်အရေးတစ်ခုရှိတယ်။
ဒါကသူတို့အတွက် လောလောဆယ်မှာ တကယ်ကို အဖိုးတန်တာပေါ့။
...