← Chapters

အခန်း ၆၉

Vol. 5 Ch. 69

အခန်း ၆၉

Vol. 5 Ch. 69

အပိုင်း (၆၉)

ထန်ယာ အန္တရာယ်ရှိနေပြီဆိုတာ သူ သိလိုက်တဲ့အချိန်မှာ သူ့အဖေက တိုက်တိုက်ဆိုင်ဆိုင် သူ့မိတ်ဆွေကောင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြတာလေ။

ဒီအချိန်မှာ အခြေအနေက အရေးကြီးနေတော့ သူက ယာအာကို ကူညီပေးဖို့ သူ့အဖေကို ဆွဲခေါ်လာလိုက်တာနဲ့ သူ့အဖေရဲ့မိတ်ဆွေတွေကလည်း သိချင်လို့ နောက်က လိုက်လာခဲ့ကြတယ်။

ခေါင်းဆောင်လာတဲ့ အဖိုးကြီးက တည်တည်ငြိမ်ငြိမ် လက်ဝေ့ယမ်းပြလိုက်ပြီး “ဒါက ကိစ္စသေးသေးလေးပါ၊ ငါ့ချစ်တူလေးရယ်၊ ယဉ်ကျေးနေတာကိုပဲ ကျေးဇူးတင်ပါတယ်”

မြို့သခင်ရှန်ကို အဲဒီလူအကြောင်း ပြောတာနဲ့ ခေါင်းကိုက်အောင်လုပ်နေတဲ့ ရှန်ရွှင်ကို စိတ်ပြောင်းသွားအောင်လုပ်နိုင်တဲ့သူကို သူကလည်း‌ တွေ့ချင်နေတာ။

ရှန်ရွှင်က ကိုယ်ကို ပြန်လှည့်လိုက်ပြီး ဝိညာဉ်လှေဦးမှာ ရပ်ရင်း ဝိညာဉ်လှေအောက်က မြင်ကွင်းကို စိုးရိမ်တကြီးဆိုပေမဲ့ မျှော်လင့်နေတဲ့စိတ်နဲ့ အကြည့်နေလိုက်တယ်။ အားလုံးကို ချစ်စရာကောင်းတယ်လို့ မြင်ရစေရဲ့ အဲဒီမက်မွန်ပွင့်မျက်လုံးတွေထဲမှာ ရှားရှားပါးပါး ရှက်ရွံ့မှုတစ်ခု ရှိနေလေရဲ့။

တိမ်ငွေ့တစ်ခုကို ဖြတ်အပြီးမှာ လှေပျံအောက်မှာ လူရိပ်တွေအများကြီးက တဖြည်းဖြည်း ပေါ်လာခဲ့တယ်။

မြို့သခင်ရှန်က သူနဲ့ကျင့်ကြံခြင်းအဆင့်တူတဲ့ အောက်ကလူတွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အံ့ဩရိပ်တစ်ခု ဖြစ်သွားခဲ့တယ်။

မင်မိသားစုခေါင်းဆောင်၊ မင်မိသားစုဘိုးဘေး၊ ရှောင်မိသားစုရဲ့မဟာအကြီးအကဲ၊ ဘ၀သတ်သူသခင်ကြီး တို့လား။

သူတို့အားလုံးက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။

ဒါပေမဲ့ သူ့မြင်ကွင်းက တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူဆီမှာ ရပ်သွားခဲ့တယ်။

သူက မယုံကြည်နိုင်အောင် ဖြစ်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ နတ်သမီးလျိုကွမ်းလား။

ဘယ်လို ဖြစ်နိုင်မှာလဲ။

နတ်သမီးလျိုကွမ်းက ဆယ်ကြိမ် ပြန်ဝင်စားတယ်ဆိုရင်တာင် သူက ဒီငမိုက်သားလေး ရှန်ရွှင်ကို ငုံ့ကြည့်မှာတော့ မဟုတ်သေးဘူးလေ။ နော်။

သံသယတွေနဲ့ အတွေးနစ်နေတဲ့ မြို့သခင်လျိုကွမ်းက ဒီလူတွေရဲ့မျက်လုံးတွေ အရမ်းကို ကြောက်စရာကောင်းနေလိုက်တာ ကျင့်ကြံရေးလောကကြီးကို ဖျက်ဆီးတော့မဲ့အတိုင်း ဖြစ်နေတာကို သတိမထားမိလေဘူး။

စူးလီက နတ်သမီးလျိုကွမ်းနဲ့ တခြားသူတွေက သူတို့တွေ ထန်ယရဲ့ ငွေကြေးနဲ့လိင်မှုကိစ္စ လိမ်လည်ခံလိုက်ရတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့ ပြောနေတာကို ကြားလိုက်တဲ့အချိန်မှာပဲ ကျင့်ကြံရေးလောကထဲ မရေမတွက်နိုင်တဲ့လူတွေကို သယ်ဆောင်လာတဲ့ ဝိညာဉ်လှေတစ်စီး ဒီနေရာမှာပေါ်လာတာကို မြင်လိုက်ရတယ်။

သူမက ကြိုးစားပြီး ထိန်းချုပ်လိုက်ပေမဲ့လဲ ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့ဘူး။

[ဟားဟား ဟားဟား ဒီကိစ္စကတော့ ကောင်းကင်နဲ့မြေကြီးရယ် နင်ရယ် ငါရယ် အားလုံးရယ် သိတဲ့ကိစ္စဖြစ်သွားပြီ]

[သူတို့တွေရဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းကတော့ မကြာခင်မှာ ကျင့်ကြံရေးတစ်လောကလုံးကို ပြန့်နှံ့သွားတော့မှာပဲ ဟား ဟား ဟားဟား___ __-]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှ မြို့သခင်ရှန်ရဲ့မျက်လုံးတွေက ပိုပြီး သံသယဝင်လာတော့တယ်။

ဘာဝမ်းနည်းစရာအချစ်ဇာတ်လမ်းလဲ။

ဧကန္တ နတ်သမီးလျိုကွမ်းနဲ့ သူတို့တွေ...

ဝိညာဉ်လှေက တဖြည်းဖြည်း ရပ်သွားတဲ့အချိန်မှာ နောက်ဆုံးတော့ အောက်ကလူတွေရဲ့ အမူအရာကို မြင်သွားခဲ့တယ်။ သူက ပတ်ဝန်းကျင်ကို မသင်္ကာသလို လေ့လာကြည့်လိုက်ပေမဲ့ အန္တရာယ်ရှိတာ ဘာမှမတွေ့ပါဘူး။

သူက မသိမသာမျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်လှေပေါ်ကနေ ဆင်းလာလိုက်ပြီး အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“တာအိုရောင်းရင်းတို့အားလုံး ဒီနေရာမှာ ဘာလို့ စုဝေးရောက်ရှိနေကြတာလဲ မသိဘူးနော်”

သူ့စကား ဆုံးသွားတာနဲ့ချက်ချင်း ရှန်ရွှင်က မျက်နှာပေါ်မှာ စိုးရိမ်တဲ့အမူအရာတစ်ခုနဲ့ ပျံဆင်းလာခဲ့တယ်။ သူက နတ်သမီးလျိုကွမ်းကို တစ်ချက်ပဲ ကြည့်လိုက်ပြီး သူက သူ့ရဲ့ယာအာ ဟုတ်ပါ့မလားမလို့ မသေချာနေဘူး။

ရှန်ရွှင်က အားလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ့အသံက လေးစားသမှုရှိပေမဲ့ စိုးရိမ်နေတဲ့ အရိပ်အယောင်တစ်ခု ပါနေတယ်။ “ချန်ပေ့တို့ .... ချန်ပေ့တို့များ လှပပြီး ချစ်စရာကောင်းပြီး သန်မာပြီး စေတနာကောင်းတဲ့....”

ဂုဏ်ပုဒ်တွေ တန်းစီပြီး ပြောလိုက်ပြီးတဲ့နောက်မှာမှ သူက နောက်ဆုံးတော့ “မိန်းကလေး တစ်ယောက်ကိုများ...တွေ့မိသေးလား”

သူ့ပုံက အသည်းအသန် ဖြစ်နေပုံပဲ။ “သူ အခုလောက်ဆိုရင် အန္တရာယ်ဖြစ်လောက်ပြီ၊ ကျွန်တော် သူ့ကို မြန်မြန်သွားရှာမှဖြစ်မယ်”

သူ့ကို ကြည့်နေကြတဲ့ လူလေးယောက်ရဲ့အကြည့်တွေက အင်မတန်မှရှုပ်ထွေးလို့နေတယ်။ သူတို့ရဲ့ အထင်သေးမှုတွေထဲမှာ သနားတဲ့အရိပ်အ‌ယောင်တစ်ခု ပါနေတယ်။ နောက်ပြီး သူတို့ရဲ့ အမုန်းတရားထဲမှာလဲ ကိုယ်ချင်းစာတဲ့သနားစိတ်တွေပါနေတယ်။

နောက်ဆုံးတော့ ဘ၀သတ်သူက သူ့လက်ထဲက ဓားကျိုးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး အသံကလည်း အံကြိတ်ရင်းက အတင်းညစ်ထုတ်ထားရသလို ဖြစ်နေတော့တယ်။

“မင်းတစ်ယောက်ထဲ လာပြီး ကယ်လို့မရဘူးလား။ ဘာလို့ မင်းနဲ့အတူ အဲလောက်လူအများကြီးကို ခေါ်လာခဲ့တာလဲ”

ရှန်ရွှင်က ဇဝေဇဝါဖြစ်သွားပြီး “ကျွန်တော့်ကျင့်ကြံခြင်းအဆင့်က မမြင့်လို့ပါ၊ တကယ်လို့များက ယာအာကို ကယ်ရင်း ကျွန်တော် ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။ ယာအာက သေချာပေါက် စိတ်ဆင်းရဲရလိမ့်မယ်”

ဘ၀သတ်သူ : “….”

မင်မိသားစုဘိုးဘေး: “....”

ရှောင်မိသားစုအကြီးအကဲ: “....”

နတ်သမီးလျိုကွမ်း: “....”

သောက်ကျိုးနဲ။

ငါက ဖြစ်နိုင်သမျှအားလုံးကို ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ထန်ယက ဒီလိုအရှုံးသမားတစ်ယောက်နဲ့ တွဲခုတ်လိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ နောက်ပြီးတော့ လူတွေကို မြူဆွယ်နိုင်တဲ့ အရှုံးသမားတစ်ယောက်ပဲ။

သူတို့မျက်နှာပေါ်က အမူအရာတွေက ဝမ်းနည်းမှု၊ ဒေါသနဲ့ စိတ်ပျက်မှုတွေ အပြည့်ပဲ။ သူက လူတစ်ယောက်ကို သတ်လိုက်တာက အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူက လူတစ်အုပ်လုံးကို ဘာလို့ သတ်ရမှာလဲ။

ကျင့်ကြံရေးလောကထဲမှာ နာမည်တစ်လုံးပိုင်ဆိုင်ကြတဲ့ လှေပျံပေါ်က အဲဒီရင်းနှီးနေတဲ့ လူရုပ်တွေကို ကြည့်ပြီး လူလေးယောက်ရဲ့မျက်နှာက တစ်ယောက်ထက် တစ်ယောက်ပိုပြီး ရှုံ့မဲ့သွားကြတော့တယ်။

အခုတော့ တကယ် သွားပါပြီ။

သူတို့ရဲ့ဂုဏ်သတင်းကတော့ လေထဲမှာ မကြာခင် ပျောက်ကွယ်သွားရတော့မယ်...

လှေပျံပေါ်က ဒါဇင်မကတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေနဲ့ မြို့စောင့် အကြီးအကဲတွေက တစ်ယောက်ပြီး တစ်ယောက် လှေပျံ‌‌‌ပေါ်က ဆင်းလာကြပြီး ဇဝေဇဝါနဲ့ မြင်းကွင်းကို ကြည့်နေကြတယ်။

တကတည်း ဘာတွေဖြစ်ခဲ့လို့ ကြီးမြတ်သူတွေအားလုံးက ဒီလိုရုပ်တွေ ဖြစ်နေကြတာလဲ။

ရှန်ရွှင်က လူလေးယောက်ရဲ့အကြည့်နဲ့ ရင်ဆိုင်လိုက်ရပြီး သူ့နှလုံးသားထဲမှာ ရှင်းမပြတတ်အောင် ကြောက်လန့်သွားသလို ခံစားလိုက်ရတယ်။

ဒါပေမဲ့လည်း အန္တရာယ်ထဲကို ရောက်နေနိုင်သေးတဲ့ ထန်ယာကို စဉ်းစားလိုက်ပြီး သူက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။ “ချန်ပေ့တို့ ယာအာကို တွေ့မိကြသေးလား”

စူးလီက ဒါကို မြင်တော့ သူမရဲ့မျက်နှာက ရယ်ရလွန်းလို့ တောင့်တင်းသွားတော့မလိုတောင် ဖြစ်သွားတယ်။

[ဟား ဟား ဟား...]

အပြင်လာကကလာတဲ့အသံကို ကြားလိုက်တဲ့အခါ အားလုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ဒေါသကြောင့် ညိုမည်းနေတဲ့ နတ်သမီးလျိုကွမ်းဆီမှာ ရပ်သွားတယ်။

မြို့သခင်ရှန်က နတ်သမီးလျိုကွမ်းကို လှမ်းကြည့်လိုက်ပြီးနောက်တော့ သူ့သားကို မယုံမကြည်နဲ့ ကြည့်လိုက်တယ်။

ဧကန္တ နတ်သမီးလျိုကွမ်းက တကယ် အမြင်မရှိတာလား။ သူက သူ့သားကို ချစ်သွားသတဲ့လား။

ရှန်ရွှင်က နတ်သမီးလျိုကွမ်းကိုတောင် မကြည့်ဘူး။ သူက ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်ပြီး ဇဝေဇဝါနဲ့ ပြောလိုက်တော့တယ်။

“ကျွန်တော် ယာအာကို မတွေ့ဘူး”

[မြေကြီးပေါ်ကို ကြည့်လေ၊ နင့်ယာအာက မြေကြီးပေါ်မှာ လဲနေတယ် ဟား ဟား ဟား ဟား __ __]

ရှန်ရွှင်က ကောင်းကင်ကလာတဲ့အသံကို ကြားလိုက်ပြီးတော့ မြေကြီး‌ပေါ်ကို နောက်တခါ သေချာ ရှာလိုက်တ်။ သူ့ရဲ့ဝိညာဉ်စွမ်းအင်ကိုတောင် သုံးပြီး စုံးစမ်းလိုက်သေး။ နောက်တော့ သူက အူကြောင်ကြောင်လေးနဲ့ ခေါင်းပြန်မော့လာတယ်။

“တကယ်ပဲ ယာအာက ဘယ်မှာလဲ”

နတ်သမီးလျိုကွမ်းက အေးစက်စက်မျက်နှာထားနဲ့ မြေကြီး‌‌ပေါ်မှာ လဲကျနေတဲ့ ထန်ယကို လှမ်းကြည့်လိုက်တယ်။

ဒါကို မြင်လိုက်ပြီးနောက်မှာ ရှန်ရွှင်က ထန်ယကို ကျော်ပြီး သူမ ကြည့်တဲ့ဘက်ကို မြန်မြန်ကြည့်လိုက်တယ်။ နောက်တော့ ပိုပြီး စိတ်ရှုပ်သွားတဲ့ ပုံနဲ့ ခေါင်းပြန်လှည့်လာခဲ့တယ်။

“မရှိဘူးလား”

“ယာအာ ဒီမှာ မရှိဘူးလား”

[ဟား ဟား ဟားဟား နင့်ရဲ့ ကလေးလေး ယာအာကို မြင်ခဲ့ပြီးပြီးပဲ မဟုတ်ဘူးလား]

သူက ဘယ်မှာ ယာအာကို မြင်ခဲ့လို့တုံး။

ရှန်ရွှင်က စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်လိုက်တယ်။ မြေကြီးပေါ်မှာ အရမ်းကို ရုပ်ဆိုးလွန်းလို့ သူ့မျက်လုံးတောင် နာသွားတော့မလိုဖြစ်စေတဲ့ ပုထွားထွား လူတစ်ယောက်ပဲ ရှိနေတာ ရှင်းရဲ့သား...

!!!!

မဟုတ်ဘူး... လုံးဝမဟုတ်ဘူး။

သူက တံတွေးမျိုချလိုက်ပြီး ခြောက်ကပ်ကပ်အသံနဲ့ ပြောလိုက်တယ်။ “ဟား ဟား ... ယာအာရဲ့ ပုန်းအောင်းတဲ့ အရည်အချင်းက ကောင်းလွန်းလို့ သူ့ကိုတောင် ရှာမတွေ့နိုင်တော့ဘူး”

မြို့သခင်ရှန်က အပြင်ကောကကလာတဲ့အသံနဲ့ နတ်သမီးလျိုကွမ်းတို့ သတိပေးတာ ခံလိုက်ရပြီးနောက်မှာ တစ်ခုခု လွဲနေတာကို သိသွားခဲ့တယ်။

ရှန်ရွှင်ရဲ့ ကိုယ့်ဟာကို လှည့်စားနေတဲ့ စကားတွေကို ကြားလိုက်ရပြီးနောက်မှာ သူက ရှန်ရွှင်ရဲ့နောက်စေ့ကို ဖတ်ခနဲ ရိုက်လိုက်ပြီး မြေကြီးပေါ်က ထန်ယကို လက်ညှိုးထိုးရင်း အံကြိတ်ပြီး ပြောတော့တယ်။

“ဒါက မင်း လက်ထပ်မှ ဖြစ်မယ်ဆိုတဲ့ ယာအာလား”

အခုတော့ သူ့မှာ သူ့နောက်က မိတ်ဆွေတွေရဲ့ မျက်နှာပေါ်က အမူအရာတွေကိုတောင် မကြည့်ရဲတော့ဘူး။

သူ့ရဲ့တစ်ဦးတည်းသောမျိုးဆက်က တုံးအလိုက်တာမှ ယောက်ျားတစ်ယောက် လှည့်စားတာ ခံလိုက်ရသတဲ့လေ။

သူက မြေကြီးပေါ်က ထန်ယကို လှမ်းကြည့်လိုက်ပြီး သူ့ရင်ဘတ်မှာ ဒေါသကြောင့် အောင့်သွားတော့တယ်။ ရှန်ရွင်က ဒီလိုလူအတွက် သူ့အဖေနဲ့အကြိမ်ကြိမ် အခြေအတင် လုပ်ခဲ့ပြီး သူ့ဆီကနေ မရေမတွက်နိုင်တဲ့ ဝိညာဉ်ရတနာတွေကိုတောင် ယူသွားခဲ့သေးတယ်။

သူ့ရဲ့အိုဟောင်းနေပါပြီဆိုတဲ့ ဂုဏ်သိက္ခာကတော့ ဒီအကုသိုလ်ကောင်ကြောင့် လုံးဝကို သိက္ခာကျရပါပြီ။

ရှန်ရွှင်က မြေကြီးပေါ်က လူကို တစ်ချက်ပဲ လှမ်းကြည့်လိုက်ပြီး မြန်မြန် အကြည့်လွဲလိုက်တယ်။ သူ့နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်နေတော့တယ်။

“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”

“ဒီလူက ယာအာ မဖြစ်နိုင်ဘူး”

သူ့ယာအာက အင်မတန်ထူးခြားတဲ့အလှနဲ့ သိမ်မွေ့တဲ့အသံတစ်ခု ပိုင်ဆိုင်ထားတဲ့သူပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုလူဖြစ်နိုင်မှာလဲ။

ရှန်ရွှင်ရဲ့မျက်နှာပေါ်က စိတ်ပျက်သွားတဲ့ပုံကို မြင်လိုက်တော့ နတ်သမီးလျိုကွမ်းက နောက်ဆုံးတော့ နည်းနည်း တည်ငြိမ်သွားခဲ့တယ်။ သူမက အေးစက်စက်အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“နင့်ရဲ့ယာအာက သူပဲ”

“မဟုတ်ဘူး...”

ရှန်ရွှင်က အံကြိတ်ထားလိုက်ပြီး သူ့ရင်ထဲမှာ မျှော်လင့်ချက်လေးတစ်ခု ဆုပ်ကိုင်ထားတုန်းပဲ။ “သူက ယာအာ ဟုတ်တယ် မဟုတ်ဘူးဆိုတာ ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

“ခင်ဗျားက ယာအာကို မသိဘဲနဲ့”

မြို့သခင်ရှန်က ရှန်ရွှင်ကို ချက်ချင်း ရိုက်ပစ်လိုက်တယ်။ သူက ရှန်ရွှင်အတွက် တောင်းပန်မယ် ပြင်လိုက်တဲ့အခါမှာပဲ ကောင်းကင်ထဲမှာ တဟားဟား ရယ်သံတစ်ခုကို ကြားလိုက်ရတယ်။

[ဟား ဟား ဟားဟား သူတို့တွေက ထန်ယာ ဘယ်သူလဲဆိုတာ မသိဘဲ ဘယ်နေမှာလဲ]

[သူတို့လေးယောက်လုံးကလည်း နင့်လိုပဲလေ၊ သူတို့အားလုံးက ထန်ယရဲ့ ငွေနဲ့လိင်ပိုင်းဆိုင်ရာ လိမ်လည်ခံလိုက်ရတဲ့သူ ကံဆိုးကြတဲ့သူပဲ ဟား ဟား ဟား__ __]

[ထန်ယက တကယ် အံ့ဩဖို့ကောင်းတာပဲ၊ သူက တပြိုင်ထဲ လူငါးယောက်ကို လှည့်စားနိုင်တယ်၊ တစ်ယောက်ချင်းစီကလည်း သူ့ကို အရမ်းချစ်လိုက်ကြတာ၊ သူတို့အားလုံးက သူ့ကို လိုချင်ကြတယ်တဲ့လေ ဟား ဟား ဟားဟား__ __]

ရှန်ရွှင်ခမျာ သူ့ချစ်သူက ယောက်ျားတစ်ယောက် ဖြစ်နေလို့ စိတ်ပျက်ပြီး ရွံရှာနေဖို့ အချိန်မရလိုက်ခင်မှာပဲ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတယ်။

သူက အားလုံးကို အူကြောင်ကြောင်လေး ကြည့်လိုက်တယ်။

ဟင်။

ဒီလူတွေက ကျင့်ကြံရေးလောကထဲမှာ အလေးစားရဆုံး ပညာရှင်တွေလေ။

သူတို့တွေက ဘယ်လိုလုပ်ပြီး...

သူ့နောက်မှာလည်း အားလုံးက အရမ်းကို အထိတ်တလန့်ဖြစ်သွားပြိး သူတို့ရဲ့မျက်လုံးတွေက ခေါင်းလောင်းတွေလောက် ပြူးကျယ်သွား‌တော့တယ်။ သူတို့က မြေကြီးပေါ်က ထန်ယကို ကြည့်လိုက်ပြီး အဲဒီနေရာမှာ ရပ်နေကြတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ပြန်ကြည့်လိုက်ပြီး အခိုက်တန့်အတွင်းမှာ လုံးဝကို မတုံ့ပြန်နိုင်အောင် ဖြစ်သွားကြတော့တယ်။

မြို့သခင်ရှန်ရဲ့ ပါးစပ်က ဖွင့်လိုက် ပိတ်လိုက်နဲ့ ထပ်ပြီး ဖွင့်လိုက် ပိတ်လိုက်ဖြစ်သွားတယ်။

သူက ကြီးမြတ်သူတွေရဲ့ ညိုမဲနေတဲ့မျက်နှာတွေကို ကြည့်လိုက်ပြီး ပင့်သက်ရှည်ကြီးတစ်ချက် ရှိုက်လိုက်မိတယ်။ သူကိုယ်တိုင်က ကြီးမြတ်သူတစ်ယောက်ဆိုတော့ သူတို့တွေ ဘာစဉ်းစားနေကြပြီး ဘာကို စိုးရိမ်နေကြမယ်ဆိုတာ သေချာပေါက် သိနေတယ်လေ။

သူက မြန်မြန် စကားလမ်းကြောင်းလွဲလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို နတ်သမီးလျိုကွမ်းကို ပြောလိုက်တယ်။

“နတ်သမီးကလည်း ဒီကို ဘာလို့ရောက်လာတာလဲ၊ အရေးကြီး ကိစ္စတစ်ခုခုများ ရှိလို့လား”

[ဟား ဟား ဟားဟား ဒါပေါ့၊ သူက သူ့ရဲ့အဖိုးတန်ညီမလေး ရှောင်ယာအတွက် ဒီနေရာကို ရောက်လာတာလေ]

???

မြို့သခင်ရှန်ရဲ့မျက်နှာပေါ်က ရှုပ်ထွေးသွားတဲ့အမူအရာက သူ့သားနဲ့ တစ်ပုံစံထဲပဲ။

သူက ဒီနေရာမှာ ရှိနေတဲ့လူကို ထပ်ရေတွက်လိုက်ပြီး သူ့မျက်လုံးတွေက မင်မိသားစုခေါင်း‌ဆောင်ဆီကို ရောက်သွားတဲ့အခါ မင်မိသားစုခေါင်းဆောင်က တိတ်တိတ်လေး နောက်ကို တစ်လှမ်းဆုတ်သွားလေရဲ့။

သူက တစ်ခုခုကို ရုတ်တရက် နားလည်လိုက်ပြီး အထိတ်တလန့်နဲ့ နတ်သမီးလျိုကွမ်းကို ကြည့်လိုက်မိတယ်။

သူကလည်း လှည့်စားခံလိုက်ရတဲ့ သူတို့ငါးယောက်ထဲက တစ်ယောက် ဖြစ်နေတာလား။

ဒီလူက ယောက်ျားလေး ကျင့်ကြံသူတွေကို လိမ်စားတာက ထားပါတော့။ ဒါပေမဲ့ သူက တကယ်ပဲ မိန်းကလေး ကျင့်ကြံသူတွေကိုလဲ လှည့်စားသတဲ့လား။

စူးလီက တိမ်လွှာကြေးမှုံထဲမှာ နေရာတကျ ရပ်နေကြတဲ့ လူငါးယောက်ကို ကြည့်လိုက်ပြီး ရယ်ရလွန်းလို နာကျင်နေတဲ့ ပါးကို ပွတ်သပ်ရင်း သုံးသပ်လိုက်တယ်။

[ထန်ယကို ဧည့်အကြီးအကဲတံဆိပ်ပေးဖို့ နောက်ကနေလိုက်လာတဲ့ လှည့်စားခံလိုက်ရတဲ့ မင်မိသားစုဘိုးဘေး]

[ထန်ယရဲ့လှည့်စားခံလိုက်ရတဲ့ ရှောင်မိသားစုရဲ့ အထက်ဆင့်အကြီးအကဲ၊ သူက တာအိုမင်္ဂလာပွဲကိုတောင် စပြီးပြင်ဆင်နေပြီ]

[ထန်ယရဲ့လှည့်စားခံခဲ့ရတဲ့ ဘ၀သတ်သူ၊ နေ့တိုင်း ဆက်သွယ်ရေးကျောက်စိမ်းကို ကိုင်ပြီး ထန်ယနဲ့ စကားပြောရင် ချိုသာပြီး သူ့ကို ‘ကို့အချစ်ရဆုံးလေး’လို့ခေါ်တတ်တယ်]

[ထန်ယအတွက် ယောက်ျားလေးတောင် ပြောင်းလဲပစ်ချင်သွားတဲ့ နတ်သမီး]

[ထန်ယအတွက် အဖေဖြစ်သူနဲ့ မရေမတွက်နိုင်အောင် စကားများရန်ဖြစ်ခဲ့တဲ့ မြို့သခင်လေး၊ သူ့ကို ကယ်ပေးဖို့ သူ့အဖေနဲ့ လူတစ်ဖွဲ့လုံးကိုတောင် ဆွဲခေါ်လာခဲ့သေးတယ်]

[ဟား ဟား ဟား ရှင်တို့တွေနဲ့ တွေ့ရတာ ထန်ယရဲ့ကောင်းချီးမင်္ဂလပဲ]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတဲ့လူအားလုံးက သူတို့ရောက်နေတဲ့နေရာမှာတင် မှင်တက်အံ့ဩသွားကြတော့တယ်။

ဒီကြီးမြတ်သူတွေတွေက ရူးများသွားတာလား။

သူတို့ အစတုန်းက ထင်ထားတာက ဒီကြီးမြတ်သူတွေက အပေါ်ယံလောက်ပဲ အလိမ်ခံရပြီး အရမ်းကြီး ပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူးလေ။

သူတို့တွေ ဒီလူနဲ့ အဲလောက်နက်ရှိုင်းတဲ့ ချစ်မေတ္တာထဲ ကျဆင်းသွားမယ်လို့ မထင်ထားခဲ့မိဘူး။

သူတို့တွေက မြေကြီးပေါ်မှာ လဲကျပြီး သတိလစ်နေတဲ့လူကို ကြည့်လိုက်ပြီး သူ့ကို မကြည့်ရက်နိုင်တာကြောင့် အကြည့်လွဲထားလိုက်ကြတော့တယ်။

အမှန်ပဲ....ကျင့်ကြံရေးလောကက အရမ်းကို ကျယ်ပြောတာပဲ။ ထူးဆန်းတဲ့ကိစ္စ မျိုးစုံရှိမှာပဲလေ။

မင်ဟွိုင်ရှင်းနဲ့ တခြားသူတွေရဲ့ မျက်နှာပေါ်က စိတ်ပျက်မှုတွေက လုံးဝကို ပျောက်ကွယ်သွားပြီး တဖန် ‌ပေါ်ထွက်လာတဲ့အရာကတော့ ဉာဏ်အလင်းပွင့်သွားသလို လုံးဝတိတ်ဆိတ်မှုတစ်ခုပဲ။

အခု ကိစ္စက ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်လေ။

ဘ၀သတ်သူ က မြေကြီးပေါ်မှာ လဲကျနေတဲ့ ထန်ယကို တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ “သူ့ကို ဒီအတိုင်း သတ်လိုက်ရင် သူ့အတွက် အရမ်းသက်ညှာရာကျသွားလိမ့်မယ်”

“သူက တစ်ခုခုကို အလကားရတာ ကြိုက်တယ်၊ ဒီတော့ သူ့ကို ဝိညာဉ်ကျောက်တုံးတွေ တူးခိုင်းလိုက်ကြမယ်”

“ကျုပ်တော့ ဂူပိတ်ကျင့်ကြံရေးလုပ်တော့မယ်၊ သေခန်းပြတ် ဂူပိတ်ကျင့်ကြံရေးပဲ” သူက တည်တည်ငြိမ်ငြိမ် ပြောလိုကပြီး လျှောက်ကာထွက်သွားတော့တယ်။ “ဘယ်သူမှ ကျုပ်ကို လာမတွေ့နဲ့”

မင်ဟွိုင်ရှင်းက လက်ကို ဝေ့ယမ်းလိုက်ပြီး ထန်ယကိုယ်ပေါ်က သိုလှောင်အိတ်က ပြာဖြစ်သွားတော့တယ်။ သူက အေးတိအေးစက်နဲ့ ပြောလိုက်တယ်။ “ဘ၀သတ်သူပြောတဲ့အတိုင်းပဲ”

အကြီးအကဲရှောင်က ဘာမှမပြောတော့ဘဲ နေရာကနေ တိတ်တိတ်လေး ထွက်သွားခဲ့တယ်။

နတ်သမီးလျိုကွမ်းက လက်ထဲမှာ ဓားကို ကိုင်ထားပြီး သူမက တကယ်လို့များ ကိုယ့်ဟာကို သေကြောင်းကြံခဲ့ရင် နောက်ဘဝတစ်ခုများ ရလေမလားလို့ စပြီး စဉ်းစားလိုက်တယ်။

နောက်တော့ သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အဲဒီစိတ်ကူးကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်ဝေ့ယမ်းလိုက်ပြီး ထန်ယရဲ့ပါးစပ်ထဲကို ဆေးလုံးတစ်ခု ပစ်ထည့်လိုက်တယ်။

“သူက မိန်းမလို ဟန်ဆောင်ရတာ ကြိုက်တယ်မလား၊ ဒါဆိုရင်လည်း သူ့ကို ဖြည့်ဆည်းပေးရမှာပေါ့”

သူမက စကားဆုံးသွားပြီးနောက်မှာ ပတ်ဝန်းကျင်က လူအားလုံးကို ကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာ ဘယ်သူမှ သတိမထားမိလိုက်တဲ့ စိတ်ပျက်မှုတစ်ခု ပါနေလေရဲ့။ “ကျွန်မ ဂူပိတ်လေ့ကျင့်တော့မယ်၊ ဘယ်သူမှ ကျွန်မဆီကို လာခွင့်မပြုဘူး”

ခဏအကြာမှာတော့ ကြီးမြတ်သူ တော်တော်များက ဘာအရိပ်အယောင်မှမကျန်ဘဲ ထွက်သွားလိုက်ကြတယ်။

ဒီနေရာမှာ ကျန်ခဲ့တဲ့ အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး ဘယ်သူကမှ သူတို့ရဲ့မျက်လုံးထဲမှာ အတင်းတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ဘယ်သူမှ ထိန်းချုပ်မထားနိုင်တော့ဘူး။

ဒီနေ့ခရီးက တကယ်တန်သွားတာပဲ။

...

သုံးရက်ကြာပြီးနောက်

ရှန်ယွင်က မြို့သခင်အိမ်တော်ဝင်းထဲက ထွက်လာပြီး ချန်ဖုန်းမျှော်စင်မှာ သွားပျော်ပါးဖို့ လုပ်နေတုန်းမှာ သူ့ပတ်ဝန်းကျင်မှာ တီးတိုးသံတစ်ခု ထွက်လာခဲ့တယ်။

“အို ဘုရားရေ... မြို့သခင်လေးက တကယ်တော့ ယောက်ျားတစ်ယောက်ရဲ့ ငွေနဲ့လိင်ကိစ္စ လှည့်စားခံလိုက်ရတာတဲ့”

“အဲဒါတင် ဘယ်ကမလဲ၊ အဲဒီလူက ၈ပေမြင့်ပြီး မုတ်ဆိတ်မွှေးအပြည့်နဲ့တဲ့၊ တစ်နှစ်လုံး ရေလဲမချိုးဘူးတဲ့”

“အို ဘုရားရေ မြို့သခင်ငယ်လေးမှာ ဒီလိုဝါသနာရှိနေမယ်လို့ လုံးဝ မထင်ထားဘူး”

“ဟုတ်ပါ့၊ ဒီလူကို လက်ထပ်ဖို့အတွက် မြို့သခင်ငယ်လေးက မြို့သခင်ကို အစာငတ်ခံပြီး ဆန္ဒပြခဲ့တယ်လို့လဲ ပြောကြတယ်”

“မြို့သခင်ငယ်လေးက အဲဒီလူကို အိမ်လှလှလေးတစ်လုံးထဲမှာ ဝှက်ထားပြီး နေ့တိုင်း သူနဲ့ ချစ်မှုရေးရာတွေလုပ်ပြီး အလုပ်များနေတာဆို...”

“တကယ်လား၊ ငါ့ကို သေချာပြောပြပါအုံး”

“မနေ့တုန်းကပေါ့...”

ရှန်ရွှင်မှာ လမ်းပေါ်က ဆွေးနွေးသံတွေကို နားထောင်ရင်း သူ့ညာဖက်ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်တော့တယ်။

နောက်တော့ သူက တံခါးစောင့်ကို အေးစက်စက် မျက်နှာထားတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ငါ ဂူပိတ်ကျင့်ဖို့ သွားလိုက်ပြီလို့ အဖေ့ကို ပြောလိုက်”

“ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ တံခါးပိတ်ကျင့်တာလို့”

...

All Chapters