← Chapters

အခန်း ၈၇

Vol. 6 Ch. 87

အခန်း ၈၇

Vol. 6 Ch. 87

အပိုင်း (၈၇)

လတ်တလောမှာ ဝမ့်ကျန့်ဂိုဏ်းက ပေါများကြွယ်ဝပြီး ညီညွှတ်မျှတတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတယ်။

ဝမ့်ကျန့်ဂိုဏ်းကတပည့်တွေက သူတို့ရဲ့ကျင့်ကြံရေးကို ကြိုးကြိုးစားစား လုပ်ဆောင်နေကြရင်း သူတို့တွေက မကောင်းသူတွေကို အပြစ်ပေးပြီး ကောင်းသူတွေကို ချီးမြှောက်တဲ့အလုပ်ကိုလုပ်ရင်ဂ တစ်ချိန်ထဲမှာပဲ သူတို့တွေက ဂိုဏ်းချုပ်ကြီးရဲ့ လိုအပ်ချက်ကို တင်းတင်းကြပ်ကြပ် အကောင်အထည် ဖော်ကြတယ်။ သူတို့တွေက မြို့တစ်မြို့ကို ရောက်လာတဲ့အချိန်တိုင်း ဒေသခံမြို့သခင်တွေနဲ့အတူ အတုအယောင် ဆန့်ကျင့်ရေးသင်ခန်းစာတွေကို စတင်လုပ်ဆောင်ကြပြီး အတုအယောင်ဆန့်ကျင့်ခြင်း အလင်းရောင်ကို ကျင့်ကြံရေးလောက တစ်ခုလုံး ထွန်းလင်းသွားအောင် ကြိုးစားနေကြတယ်။

ရုတ်တရက်ဆိုသလိုပဲ အတုအယောင် ဆန့်ကျင့်ရေးသင်ခန်းစာကို ဝမ့်ကျန့်ဂိုဏ်းရဲ့စီမံမှုအောက်က မြို့တိုင်းမှာ အင်အားအပြည့်နဲ့ ဆောင်ရွက်ကြတယ်။ ၃နှစ်အရွယ်ကလေးကစပြီး အထင်ကရ မိသားစုခေါင်းဆောင်တွေအထိ အားလုံးက အတုအယောင် ဆန့်ကျင်ရေးသင်တန်းအကြောင်းကို သိကြတယ်။ အထင်ကရမိသားစုတွေကရော ဘာဖြစ်လို့ အဲ့လောက်အထိ တက်တက်ကြွကြွပါ ဝင်နေကြသလဲ။

ဝမ်ကျန့်ဂိုဏ်းကရောက်လာတဲ့ ပျောက်ကွယ်မသွားသေးတဲ့ ဓားစွမ်းအင် ကြည့်လိုက်လေ။ ဘယ်မိသားစု ပေါ်ပေါ်တင်တင် ဆန့်ကျင်ရဲမှာလဲ။

ဝမ့်ကျန်ဂိုဏ်းရဲ့ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့မျက်နှာပေါ်မှာ ဘဝင်ခိုက်နေတဲ့ အမူအရာတစ်ခုက တစ်ယောက်စီတိုင်းမှာ ရှိနေတယ်။ ဂိုဏ်းချုပ်ကြီးချီမင်ကတောင် သူ့မျက်နှာပေါ်မှာ သူ့ခံစားချက်ကို ချရေးထားတယ်။ သူက သုံးရက်ဆက်တိုက်ပြုံးနေပြီး တစ်ရက်ပြီးတစ်ရက် သူ့နှုတ်ခမ်းထောင့်က မြင့်သထက်ပိုပြီး မြင့်လာခဲ့တယ်။ သူရဲ့အရင်းနှီးဆုံး တပည့်ကြီးတွေကတောင် သူ့မျက်နှာက ပြုံးရလွန်းလို့ တောင့်တင်းသွားမှာ စိုးရိမ်နေကြတယ်။

အပျော်လွန်နေကြတဲ့ ဝမ့်ကျန့်ဂိုဏ်းက အားလုံးနဲ့ဆန့်ကျင့်ဖက်ပဲ စူးလီကတော့ သူရဲ့ပလ္လင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်နေပြီး ဝမ့်ကျန့်ဂိုဏ်းရဲ့အပေါ်က ကောင်းကင်ကို တည့်တည့်ကြီး ငေးကြည့်နေမိတယ်။

အခုတစ်လောသူမက ဝမ့်ကျန့်ဂိုဏ်းထဲမှာ စားနိုင်သမျှ အတင်းအဖျင်းတွေ အားလုံးကို စားခဲ့ပြီးပြီ။ သူမရဲ့စိတ်ဝင်စားမှုကို နည်းနည်းလေး နှိုးဆွပေးနိုင်မဲ့ တစ်ခုတည်းသော အရာကတော့ တနေ့တုန်းက ဖရဲသီးပဲ။ အချိန်အကြာကြီး ပိတ်ဆို့လာခဲ့တဲ့ သူရဲ့ကျင့်ကြံခြင်းနဲ့ ဓားသိုင်းအဆင့်တွေကို အဆင့်မြှင့်တင်ဖို့အတွက် နှင်းဓားမြို့သခင်က သူ့ရဲ့အမှန်တရားကို သက်သေပြဖို့ သူ့မိန်းမကို သတ်ဖို့ ရွေးချယ်လိုက်တယ်လေ။

သူက သူ့မိန်းမကို သတ်ဖို့ကြိုးစားတဲ့အခါ သူ့မိန်းမကလည်း ပြန်တိုက်ခိုက်ပြီး နှင်းဓားမြို့သခင်ကို အပေါက်တစ်ခု ဖြစ်သွားတဲ့အထိဓားနဲ့ ထိုးစိုက်လိုက်ပြီး သူရဲ့နှလုံးကိုလည်း မြားတစ်စင်းနဲ့ပစ်လိုက်ပြီး သူ့ကို မြန်မြန် သတ်ပစ်လိုက်တယ်။

အဓိကအချက်ကတော့ သူရဲ့ယောက်ျားဖြစ်သူကို သတ်လိုက်ခြင်းက မြို့သခင်မိန်းမရဲ့စိတ် အခြေအနေကို အချိန်အကြားကြီး တားမြစ်ထားတဲ့အရာက ပွင့်ထွက်သွားပြီး သူ့ရဲ့ကျင့်ကြံခြင်း အဆင့်ကလည်း အစွမ်းရှိတဲ့ နတ်ဘုရားတစ်ပါးအဆင့်ထိ ခုန်တက်သွားသတဲ့။

ဝမ့်ကျန့်ဂိုဏ်းက ဒီအကြောင်းပြချက်ကို ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက်မှာ မြို့သခင်မိန်းမက လုံးဝပြဿနာ မရှာခံရဘူးတဲ့။ အဲ့ဒီအစား သူက နှင်းဓားမြို့သခင်အသစ်တောင် ဖြစ်လာသေးတယ်။

ဒီလိုစဥ်းစားလိုက်ပြီး စူးလီက အထင်သေးတဲ့ အရိပ်အယောင်တစ်ခုနဲ့ ခေါင်းခါလိုက်တယ်။ လူတစ်ယောက်ရဲ့ သစ္စာရှိမှုကိုပြဖို့ ကိုယ့်မိန်းမကို သတ်ပြစ်ရမယ်လို့ ယုံကြည်နေတဲ့သူတွေက ကျင့်ကြံရေးလောကထဲမှာ ရှိသတဲ့လား။ ကောင်းကင်တာအိုတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုသက်သေပြဖို့ ဖြစ်နိုင်ပါမလဲ။

နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဖရဲသီးကလွဲရင် တခြားဖရဲသီးတွေက လုံးဝကို အရသာမရှိဘူး။

သူမက ဝမ့်ကျန့်ဂိုဏ်းအပေါ်ဘက်က ကောင်းကင်ထဲက ကြီးမားတဲ့အပေါက်ကြီးကို ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်တယ်။ ဒီနေရာမှာ ဒီအပေါက်ကြီး ရှိနေတော့ သူမက ဝမ့်ကျန့်ဂိုဏ်းထဲကနေ ဒီအတိုင်း ထွက်မသွားနိုင်ဘဲ တခြားဖရဲသီးတွေကို စားဖို့လဲ တခြားနေရာကို မသွားနိုင်ဘူးပေါ့။

အစောပိုင်းတုန်းကတော့ ဝမ့်ကျန်ဂိုဏ်းတစ်ခုလုံးမှာ အပေါက်ငယ်လေးတွေ အများကြီးပျံ့နှံနေပေမဲ့ အခုကျတော့ အပေါက်လေးတွေ အားလုံးနီးပါးကို ပြင်ဆင်ခဲ့ပြီးပြီ။ အလယ်က အပေါက်ကြီးကပဲ ထူးထူးခြားခြား သိသာပြီး ကျန်နေခဲ့တယ်။

စူးလီက ဒီစိတ်ပျက်ဖွယ်ခံစားချက်ကို မခံစားချင်တော့သလို မြင်လည်းမမြင်ချင်တော့တာကြောင့် သူမရဲ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ထားလိုက်ပါလေ။ တစ်ရေးလောက် အိပ်သင့်ပါတယ်။

ဒီအခိုက်အတန့်မှာပဲ ထိုက်ယွမ်အချုပ်အခြာနဲ့ ဓားသိုင်းလေ့ကျင့်လို့ပြီးသွားတဲ့ ရှန်ချန့်ဟန်က ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်တယ်။ သူမက သလွန်ပေါ်က ပုံရိပ်ကို မြင်လိုက်တဲ့အခါ သူမရဲ့မျက်လုံးတွေက အံ့သြပြီး အပြုံးတွေနဲ့ ရုတ်ခြည်းဆိုသလို ပြည့်နှက်သွားတယ်။

“ချန်ပေ့”

စူးလီက မျက်လုံးကိုဖွင့်လိုက်ပြီး တံခါးဖက်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။

“နင်ဒီနေ့ ဘာလို့ အစောကြီး ပြန်လာတာလဲ”

ဒီအချိန်မှာတော့ သူမက ဖြည်းဖြည်းလေး မတ်မတ်ထိုင်လိုက်ပြီး မေးလိုက်တယ်။

“ဧကန္တ နင့်ရဲ့ဆရာက ထပ်ပြီး အိပ်နေပြန်ပြီလား”

ဘယ်လိုဖြစ်ပြီးတော့များ သူတို့တွေက ဝမ့်ကျန့်ဂိုဏ်းရဲ့ တည်ထောင်သူတွေ ဖြစ်နေကြတာလဲ။ ထိုက်ယွမ်အချုပ်အခြာ ဆိုတာကလည်း ငါ့ထက်တောင်မှ ပိုပြီးတော့ ပျင်းသေးတယ်။

“ချန့်ပေ့ ချန်ပေ့ အထင်လွဲနေပါပြီ”

ရှန်ချန်းဟန်က လက်ကို မြန်မြန်ခါပြလိုက်ပြီး ပြောလိုက်တယ်။

“ဆရာက ကျွန်မကို ဒီနေ့ စောစောပြန်လာခိုင်းပြီး အနားယူခိုင်းထားတာပါ”

သူမရဲ့မျက်လုံးထဲမှာ ထိန်းချုပ်လို့မရတဲ့ စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်နေတယ်။

“မနက်ဖြန်ကျရင် ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင် မွေးချင်းဓားကို ရှာဖို့ ဝမ့်ကျန့်ဂိုဏ်းဂူသင်္ချိုင်းကို သွားရမှာလေ”

စူးလီက နောက်ဆုံးတော့ ဒီကိစ္စကိုသတိရသွားပြီး နားလည်တဲ့ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပြန်လှဲချလိုက်ရင်း သူမကို လက်ဝေ့ပြလိုက်တယ်။

“ဒါဆိုလည်း သွားပြီးအနားယူတော့လေ”

ရှန်ချန်းဟန်က အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။ သူမက နောက်ဆုံးတော့ ချန်ပေ့အတွက် ဝိညာဥ်စွမ်းအင် သမင်အမွေးပွရုပ်လေးကို စိတ်အေးအေးနဲ့လုပ်ပေးပြီးသွားပြီလေ။

ဒီနေ့တော့ သူမက ဒါကိုလက်စသတ်ဖို့ အချိန် လုံလုံလောက်လောက် ရသွားပြီ။

ရှန်ချန်းဟန်ရဲ့ အနားယူတဲ့နည်းလမ်းက သူမအတွက် အမွေးပွရုပ်လေးလုပ်နေတာမှန်း စူးလီကတော့ မသိရှာဘူး။ သူမက တွေးတွေးဆဆနဲ့ ကောင်းကင်ကို ကြည့်နေမိတယ်။

ဝမ့်ကျန်ဂိုဏ်းရဲ့အုတ်မြစ်။ ဝမ့်ကျန့်ဂိုဏ်းရဲ့ဂူသင်္ချိုင်း။

အဲ့ဒီမှာ ဝိညာဥ်စွမ်းအင်ဓားတွေ အများကြီးရှိနေမှာပေါ့။ စားစရာ ဖရဲသီးကောင်းကောင်း ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီနေ့က ရှန်ချန်းဟန်အတွက် ဝိညာဥ်ဓားရွေးမဲ့နေ့ဆိုတော့ ငါကလည်း တိမ်လွှာကြေးမုံထဲကနေ အပျော်တမ်းဝင်ပါရမှာပေါ့။

ငါ့မှာလည်း ဘာမှလုပ်စရာမရှိဘဲ ဒီတိုင်းထိုင်နေရတာပဲလေ။

ဒုတိယနေ့။

ချီမင်နဲ့တခြား ကြီးမြတ်သူ တော်တော်များများက ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂူသင်္ချိုင်းရှေ့မှာ ရပ်နေကြပြီး အားလုံးရဲ့မျက်လုံးထဲမှာလည်း မကြုံစဖူး တည်ကြည်မှုအပြည့် ဖြစ်နေတယ်။

ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူတွေတိုင်းအတွက် ဝမ့်ကျန့်ဂူသင်္ချိုင်းဟာ ဂိုဏ်းရဲ့အမှတ်သေင်္ကတတစ်ခုပဲ။

အဲ့ဒီနေရာမှာရှိတဲ့ ထောင်ပေါင်းများစွာသော ဝိညာဥ်ဓားတွေက ဝမ့်ကျန့်ဂိုဏ်း ဒီနေ့အထိ ရပ်တည်လာနိုင်တဲ့ ဖြစ်တည်မှုတစ်ခုပဲ။

ဂိုဏ်းချုပ်ကြီးကလွဲရင် ကြီးမြတ်သူတွေနဲ့ ဝိညာဥ်ဓားကိုရွေးချယ်ဖို့ အရည်အချင်းရှိတဲ့ တပည့်တွေကလွဲရင် ဝမ့်ကျန့်ဂူသင်္ချိုင်းကို တွေ့မြင်ရဖို့ အခွင့်အရေးဆိုတာ တခြားဘယ်သူဆီမှာ မှမရှိဘူး။

ဒီအကြောင်းပြချက်ကြောင့်ပဲ ချန်မိသားစုက ဝမ့်ကျန့်ဂိုဏ်းရဲ့ဂူသင်္ချိုင်းကို တွေ့မြင်ချင်တယ်လို့ ပြောတဲ့အခါ ချီမင်က အရမ်းစိတ်ဆိုးရတာပေါ့။ ချီမင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူရဲ့မွေးချင်းဓားကို ထုတ်လိုက်ကာ သူရဲ့ဝိညာဥ်စွမ်းအင်တွေ အားလုံးကို ဓားထဲ ပြောင်းထည့်လိုက်တယ်။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ လျှို့ဝှက်တံဆိပ်ကို သယ်ဆောင်ထားတဲ့ ဝိညာဥ်ဓား စွမ်းအင်စီးကြောင်းတစ်ခုက ဝမ့်ကျန့်ဂိုဏ်းရဲ့လောကလေးထဲမှာ တဖြည်းဖြည်း ပေါင်းစပ်သွားတယ်။

တစ်ဆက်တည်းမှာပဲ ကြီးမြတ်သူတွေက တံဆိပ်ပြားတွေကို ထုတ်လာပြီး ဝိညာဥ်စွမ်းအင်တွေကို ဆက်တိုက်ထည့်သွင်းလိုက်တယ်။ နောက်ဆုံးမှာတော့ သူတို့တွေက အားလုံးဝင်နိုင်တဲ့ အပေါက်လေးတစ်ခုကို ဖွင့်လိုက်တယ်။

ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက်မှာတော့ အဖွဲ့က ရှိနေတဲ့နေရာကနေ ရုတ်တရက် ပျောက်သွားပြီး ဝမ့်ကျန့်ဂူသင်္ချိုင်းထဲကို ရောက်သွားကြတယ်။

နှစ်ထောင်ချီတဲ့ တောင်ပေါ်တစ်ခုမှာ မရေမတွက်နိုင်တဲ့ဝိညာဥ်ဓားတွေက အများကြီးစိုက်ထူထားတယ်။ ဓားတစ်ချောင်းစီတိုင်းက တမူထူးခြားတဲ့ အရောင်အဝါတစ်ခုကို ဆောင်ထားတယ်။ တချို့တွေက မီးလိုရဲရဲတောက်နေပြီး တချို့တွေက ရေခဲတမျှအေးစက်နေကာ တချို့တွေကတော့ ရေလိုပဲတည်ငြိမ်လို့နေတယ်။ ဒီဓားတွေက အဲ့ဒီနေရာမှာ ငြိမ်ငြိမ်လေး စိုက်နေပြီး သူတို့ အသိအမှတ်ပြုနိုင်မဲ့ သခင်တစ်ယောက်ကို စောင့်ဆိုင်းနေကြတယ်။

တောင်ရဲ့အမြင့်ဆုံးတစ်နေရာမှာတော့ ထိုက်ချင်းဓားလို့ခေါ်တဲ့ မြင့်မြတ်ဓားတစ်ချောင်း ရှိတယ်။

ဒါက ဘိုးဘေးတစ်ယောက် ချန်ထားခဲ့တဲ့ မှော်ဓားတစ်ချောင်းပဲ။ ထိုက်ချင်းဓား တည်ရှိနေတဲ့အတွက်ကြောင့်ပဲ ဝမ့်ကျန့်ဂူသင်္ချိုင်းက ဒီနေ့အထိ ဆက်ပြီးတည်ရှိနေနိုင်တာ။ ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက ဝိညာဥ်ဓားတွေက သူတို့ရဲ့ပိုင်ရှင် စောင့်ရှောက်ပေးစရာမလိုဘဲ နှစ်ထောင်ချီကြာအောင် သက်တမ်းရှိနိုင်ပြီး သူတို့နဲ့ ရေစက်ပါတဲ့သူတွေကို စောင့်ဆိုင်းနေနိုင်တယ်။

ရှန်ချန်းဟန်က ဝမ့်ကျန့်ဂူသင်္ချိုင်းထဲကို ဝင်လိုက်တာနဲ့ ချက်ချင်း အသံတစ်ခုက သူမကို ပြင်းပြင်းပြပြ ခေါ်နေတာကို ခံစားလိုက်ရတယ်။ သူမက ရုတ်တရက် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ဝိညာဥ်စွမ်းအားကို အသုံးချရင်း သူမရဲ့ပတ်ဝန်းကျင်က ဓားစွမ်းအင်တွေကို ခံစားလိုက်တယ်။

တောင်ထွတ်ပေါ်မှာ မရေမတွက်နိုင်တဲ့ဝိညာဥ်ဓားတွေက စပြီးတုန်ယင်လာတယ်။ နောက်ဆုံးတော့ တောင်ထွတ်ရဲ့ အနီးဆုံးနေရာတစ်ခုမှာ အစိမ်းရောင်ဖျတ်ခနဲ လက်လာပြီး တရွှီရွှီမြည်နေတဲ့ ဓားစွမ်းအင်က ရှန်ချန်းဟန်ဆီကို အရှိန်နဲ့ တည့်တည့်ဝင်သွားတယ်။

နောက်တစ်စက္ကန့်မှာပဲ ဓားဖျားက ရှန့်ချန်ဟန်ရဲ့မျက်ခုံးကို လာထောက်ထားတယ်။

ရှန်ချန်းဟန်က မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သူမရဲ့စိတ်ထဲမှာ ဖိနှိပ်ထားလို့မရနိုင်တဲ့ နှလုံးခုန်သံတွေနဲ့ သူမရှေ့က ဝိညာဥ်ဓားကို ကြည့်လိုက်တယ်။ ဒီအခိုက်အတန့်မှာပဲ ဓားက သူမ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တဲ့ မွေးချင်းဓားဖြစ်ပြီး သူမနဲ့ အသင့်တော်ဆုံးဆိုတာကို သေချာသိလိုက်တယ်။

သူမက စဥ်းစားမနေဘဲ ရှေ့ကိုတစ်လှမ်းတိုးသွားလိုက်တော့ ဝိညာဥ်ဓားရဲ့ဓားဖျားက သူမရဲ့နဖူးကို ထိုးဖောက်ဝင်ရောက်သွားတယ်။ သွေးတစ်စက်က ဓားထဲကို စိမ့်ဝင်သွားတယ်။ ဒီအခိုက်အတန့်မှာပဲ အစိမ်းရောင် အလင်းတန်းက ပိုပြီးတောက်ပလာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားလိုက်တယ်။

အလင်းရောင် မှိန်သွားတဲ့အချိန်မှာ ဝိညာဥ်ဓားက ရှန်ချန်းဟန်ရဲ့လက်ထဲကို အလိုလို ဝင်ရောက်သွားခဲ့တယ်။

ချီမင်က ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေက အံ့သြပြီး လေးစားအားကျမှု အပြည့်ဖြစ်သွားတယ်။

“ဂုဏ်ယူပါတယ် ဆရာတူဦးလေး၊ ချင်းရွှန်းဓားနဲ့ စာချုပ်ချုပ်နိုင်သွားပြီ”

ချင်းရွှန်းဓားက မသေမျိုးအဆင့်ရှိတဲ့ ဝိညာဥ်စွမ်းအင် ဓားတစ်လက်ဖြစ်ပြီး ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက အကောင်းဆုံးဓားတွေထဲက တစ်လက်ပဲ။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်က ဒီဓားဆီကနေ အသိအမှတ်ပြုမခံရတာ တော်တော်လေးကို ကြာပြီး နှစ်ပေါင်းထောင်ချီသွားပြီ။ အခုတော့ ဘိုးဘေးကြီးက သူမကို ချင်းရွှန်းဓား အသိအမှတ်ပြုပေးအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဝမ့်ကျန့်ဂိုဏ်းက စောင့်ရှောက်ခြင်း ခံနေရတာပဲ။

သူ့ဘေးက ကြီးမြတ်သူတွေက စိတ်အေးသွားတဲ့ပုံ ဖြစ်သွားတယ်။ ဝမ့်ကျန့်ဂိုဏ်းက အခုဆိုရင် ဆက်ခံသူတစ်ယောက် ရသွားပြီးပဲ။

ချီမင်က ပြုံးပြီး ရှန်ချန်းဟန်ကို ချီးမွမ်းစကားပြောဖို့ ကြိုးစားတော့မဲ့ဆဲဆဲမှာပဲ ကောင်းကင်ကအသံက ခပ်တိုးတိုးလေး ပေါ်လာတယ်။

[ဒါက ဝမ့်ကျန့်ဂူသင်္ချိုင်းပေါ့]

စူးလီက တိမ်လွှာကြေးမုံကနေ ဝမ့်ကျန့်ဂူသင်္ချိုင်းကိုကြည့်ပြီး မသိမသာ မျက်မှောင်ကြုတ်ထားလိုက်တယ်။

[ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက ဒီဝိညာဥ်ဓားတွေရဲ့အရောင်အဝါက ဘာဖြစ်လို့ အရမ်းကို တော်တော်လေး မူမမှန်ဘူးလို့ ထင်နေရတာလဲ]

[ဓားဝိညာဥ်တစ်ခုချင်းစီထဲက ဝိညာဥ်စွမ်းအင်တွေက အရမ်းကိုပြင်းထန်ပြီး ကြမ်းတမ်းတဲ့ လမ်းကြောင်းတစ်ခုကို ရောက်သွားတော့မလို ဖြစ်နေတာပဲ ဟုတ်တယ်မလား]

[ဒီလိုဝိညာဥ်စွမ်းအင်မျိုးက ဓားဝိညာဥ်ထဲမှာ နဂိုက ရှိနေတဲ့ဟာနဲ့ မတူဘူး။ တစ်ခုခုက သူတို့ကို စီးနင်းထားတဲ့ပုံပဲ]

[ဒီလိုစွမ်းအင်မျိုးနဲ့ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဝမ်ကျန့်ဂိုဏ်းရဲ့ ဓားအနည်းငယ်ကပဲ ဝိညာဥ်ဓားတွေကို ထုတ်ပေးနိုင်တာ မဆန်းတော့ဘူး]

[မိသားစုကောင်းတစ်ခုက ဘယ်ဝိညာဥ်က ဒီလိုဓားတစ်ချောင်းထဲမှာ နေထိုင်ဖို့ လိုလားပါ့မလဲ]

ချီမင်ရဲ့မျက်နှာပေါ်က အပြုံးက ရုတ်ခြည်းဆိုသလို နေရာမှာတင် အေးခဲသွားတယ်။ နည်းနည်းပါးပါး အသက်ရှူလိုက်ပြီးမှ သူက သတိပြန်ဝင်လာတယ်။ သူမျက်နှာက ဖြူဆုတ်နေပြီး သူ့မျက်လုံးထဲမှာ မကြုံစဖူး ကြောက်ရွံ့မှုတွေ ဖြစ်သွားတယ်။

ဝမ့်ကျန်ဂူသင်္ချိုင်းက ဝမ့်ကျန့်ဂိုဏ်းရဲ့အုတ်မြစ်ပဲ။ တကယ်လို့ ဝမ့်ကျန့်ဂူသင်္ချိုင်းက တစ်ခုခုဖြစ်သွားမယ်ဆိုရင် ဝမ့်ကျန်ဂိုဏ်းက ပျက်စီးသွားလိမ့်မယ်။

ချီမင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ရတယ်။

အခုအချိန်မှာ အရေးကြီးဆုံးကိစ္စက ဝမ့်ကျန့်ဂူသင်္ချိုင်းက ဘာဖြစ်နေတယ်ဆိုတာကို အဖြေထုတ်ဖို့ပဲ။

သူကမျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူ့ရဲ့ဝိညာဥ်စွမ်းအင် အားလုံးကို သုံးလိုက်ကာ ဝိညာဥ်ဓားတွေကို ခံစားကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူက မူမမှန်ဖြစ်နေတာကို ဘာတစ်ခုမှ မခံစားမိဘူး ။

သူက သူ့ရဲ့မွေးချင်းဓားထဲက ဝိညာဥ်စွမ်းအင်ကို အသုံးပြုလိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ တခြားဝိညာဥ်စွမ်းအင်ဓားတွေကို လှုံဆော်မိသွားပြီး ပြင်းထန်ပြီး ထိန်းချုပ်လို့မရတဲ့ ရက်စက်မှုတွေ ထွက်လာခဲ့တယ်။

ရေလိုသိမ်မွေ့တဲ့ ချင်းရွှေဓားကတောင် သမုဒ္ဒရာလိုပြင်းထန်တဲ့ စွမ်းအင်အရိပ်အယောင်တစ်ခု သယ်ဆောင်ထားတဲ့ ဝိညာဥ်ဓားတစ်ခု ဖြစ်လာတယ်။ ဒါက အရမ်းကို ပါးလျတဲ့ ခံစားချက်တစ်ခုဆိုပေမဲ့လည်း ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့အချက်နဲ့ ပေါင်းကြည့်လိုက်ရင်တော့...

သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး သူ့မျက်နှာကလည်း ဝိညာဥ်စွမ်းအင်တွေ အလွန်အကျွံ သုံးမိတဲ့အတွက် ဖြူဆုတ်နေတော့တယ်။ သူကဘေးမှာရှိနေတဲ့ ကြီးမြတ်သူတွေကို တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက ဝိညာဥ်ဓားတွေရဲ့ ဝိညာဥ်စွမ်းအင်တွေမှာ ပြဿနာတစ်ခု ရှိနေတယ်”

ဝမ့်ကျန့်ဂူသင်္ချိုင်းထဲက ဝိညာဥ်ဓားတွေရဲ့ ဝိညာဥ်စွမ်းအင်တွေက အားနည်းချိနဲ့နေတယ်ဆိုရင် သူက ဒါကို အရင်ဆုံး သတိထားမိမှာ သေချာတယ်။

ဒါပေမဲ့ ဝိညာဥ်ဓားထဲက ဝိညာဥ်စွမ်းအင်တွေက အားကောင်းနေပြီး ဝမ့်ကျန့်ဂူသင်္ချိုင်းရဲ့ သက်ရောက်မှု ဖြစ်ရလိမ့်မယ်လို့ ယုံကြည်ထားတဲ့အတွက် သူက ဒီကိစ္စကို ဝမ်းသာနေမိပြီး ပြဿနာရှိနေတယ်လို့ လုံးဝ မစဥ်းစားခဲ့မိဘူး။

တကယ်လို့များ အပြင်လောကကလာတဲ့ သတိပေးချက်ကို မကြားရင် ဒီနေ့ဝိညာဥ်ဓားကိုသုံးပြီး စုံစမ်း စစ်ဆေးကြည့်မိမှာတောင် မဟုတ်ဘူး။

ကြီးမြတ်သူ ရူရွှင့်ရဲ့မျက်နှာကလည်း အရမ်းကို ဖြူဆုတ်သွားပြီး လူတွေမှာ ကြောက်လန့်တကြား ဖြစ်သွားတော့တယ်။ သူက ကိုယ်ဟာကိုတည်ငြိမ်အောင် ကြိုးစားအားထုတ်လိုက်ရပြီး တစ်လုံးချင်း ပြောလိုက်တယ်။

“ဝမ့်ကျန့်ဂူသင်္ချိုင်းကို ထိုက်ချင်းမြင့်မြတ်ဓားနဲ့ အကာအကွယ် လုပ်ထားပေးတာ အခု ဝိညာဥ်ဓားတွေ အားလုံးရဲ့ ဝိညာဥ်တွေမှာ ပြဿနာတွေ ရှိနေကြတယ်။ ဒါဆိုရင် အကြောင်းအရင်းက တစ်ခုပဲရှိတယ်”

ကြီးမြတ်သူလင်းဖုန်းက မျက်လုံးကိုဖွင့်လိုက်ပြီး သူ့စကားရဲ့ ကျန်တဲ့တစ်ဝက်ကို တုန်ယင်နေတဲ့အသံနဲ့ ဆက်ပြောလိုက်တယ်။

“ထိုက်ချင်းဓားမှာ တစ်ခုခုဖြစ်နေတယ်”

အားလုံးရဲ့မျက်လုံးတွေက တောင်ရဲ့ အမြင့်ဆုံးနေရာကို လှည့်ကြည့်လိုက်ပြီး အဲဒီနေရာမှာ ရိုးရှင်းပေမဲ့လည်း ခြိမ်းခြောက်နေဟန်ဖြစ်တဲ့ ဓားတစ်လက်ကို တွေ့လိုက်ရတယ်။

ကြီးမြတ်သူဟွားချီက ပင့်သက်တစ်ချက် ရှိူက်လိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။

“အခုက ဝိညာဥ်ဓားရဲ့ ဝိညာဥ်စွမ်းအင်တွေက ပိုပြီးတော့ သန်မာလာတာပဲ ရှိသေးတယ်။ ငါတို့ထင်ထားသလိုတော့ မဖြစ်လောက်ပါဘူး”

သူမရဲ့စကားမဆုံးခင်မှာပဲ ကောင်းကင်ကလာတဲ့အသံက ထက်ပြီးထွက်လာပြီး အားလုံးရဲ့ရင်ထဲက ကံကောင်းခြင်းတွေကို ဖယ်ရှားပစ်လိုက်တော့တယ်။

[ကြည့်ရတာ ဝမ့်ကျန့်ဂိုဏ်းကလူတွေက အရမ်းကို အာရုံခံတတ်တဲ့ပုံပဲ]

[ထိုက်ချင်းဓားက တကယ်ပဲတစ်ခုခု ပုံမှန်မဟုတ်ဘူး]

စူးလီက မျက်လုံးထဲမှာ အံ့သြတဲ့အရိပ်အယောင်တစ်ခုနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ဖတ်လိုက်တယ်။ သူမက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဓားဆရာကြီး အကြောင်း အတင်းစကားကို စားသောက်ပြီးတဲ့အချိန်မှာ သူမရဲ့အာရုံက ကုချန်းကျဲ့ အပေါ်မှာပဲ ရောက်နေပြီး သူမက ချင်းယွမ်ဓားဆရာကြီးရဲ့ သိစိတ်ပေါ်ကဒဏ်ရာကိုပဲ လှမ်းကြည့်လိုက်မိတာ။

သူမရဲ့အသံထဲမှာ သက်ပြင်းချသံတစ်ခုပါလာတယ်။

[ချင်းယွမ်ဓားဆရာကြီးရဲ့သိစိတ်က ထိုက်ချင်းဓားရဲ့ကြမ်းတမ်းတဲ့ ဝိညာဥ်စွမ်းအင်ကို ဖိနှိပ်ရာကနေ ဒဏ်ရာရခဲ့တာ ဖြစ်နေတာကိုး]

[ချင်းယွမ်ဓားဆရာကြီးရဲ့ ဝိညာဥ်စွမ်းအင်သိစိတ်က အင်မတန်မှ စွမ်းအားကြီးတယ်။ သူက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ထဲက ဝမ့်ကျန့်ဓားဂူထဲမှာ တစ်ခုခု မူမမှန်ဖြစ်နေတာကို သတိထားမိလိုက်ပြီး သူ့ဝိညာဥ်စွမ်းအင် သိစိတ်ကို သုံးပြီး ထိုက်ချင်းဓားကို ဆယ်စုနှစ်အထိ ဖိနှိပ်ထားခဲ့တာ]

[ကံဆိုးချင်တော့ ဒီဆယ်နှစ်တာကာလအတွင်းမှာ သူရဲ့သိစိတ်တွေက ထိုက်ချင်းဓားရဲ့ထိခိုက်မှုကို တော်တော်လေး ခံစားခဲ့ရတယ်။ နေ့တိုင်းထိုက်ချင်းဓားကို ဖိနှိပ်ရင်းက သူရဲ့သိစိတ်ကိုလည်း တည်ငြိမ်အောင် ကြိုးစားရတယ်။ သူက သူ့စိတ်ရဲ့ တစ်စိတ်တစ်ဒေသလေးကိုတောင်မှ အလွတ်မပေးခဲ့ဘူး။ နောက်ပြီးတော့လည်း ဝမ့်ကျန့်သင်္ချိုင်းအကြောင်းကို ဝမ့်ကျန့်ဂိုဏ်းသားတွေကိုလည်း ပြောပြဖို့ မဖြစ်နိုင်တာကလည်း သဘာဝပဲလေ]

[ဆယ်နှစ်ကြာပြီးတဲ့အခါမှာ နောက်ဆုံးတော့ သူက ထိန်းမနိုင်တော့ဘဲ နောက်ဆုံးတော့ ဝင်စီးခံလိုက်ရပြီး ကိုယ့်ဟာကို ဖျက်ဆီးဖို့ပဲ ရွေးချယ်လိုက်ရတော့တယ်]

[ကိုယ့်ဟာကို ဖျက်ဆီးတာကနေ ဝိညာဥ်စွမ်းအင်တွေက ဝမ့်ကျန်ဂူသင်္ချိုင်းကို နောက်ထပ်ဆယ်နှစ်အထိ ငြိမ်းအေးအောင် ပြလုပ်ပေးနိုင်ခဲ့တယ်]

စူးလီက နောက်ကျမှပဲ သဘောပေါက်သွားတော့တယ်။ ဝမ့်ကျန့်ဂိုဏ်းက ရွှင့်ချန်ဂိုဏ်းထက် အခြေအနေ အများကြီး ပိုကောင်းနေတာ မဆန်းတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချင်းယွမ်ဓားဆရာကြီး ရှိနေလို့ပဲ။

ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ချီမင်နဲ့ တခြားလူတွေရဲ့မျက်လုံးတွေက နီရဲသွားတော့တယ်။ တကယ်လို့များ ဓားဆရာကြီးရဲ့အကာအကွယ်သာ မရှိခဲ့ဘူးဆိုရင် ဝမ့်ကျန့်ဂိုဏ်းက အခုအချိန်ထိတောင် ရှင်သန်နိုင်လိမ့်မှာ မဟုတ်ဘူး။

ချီမင်က လက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်တယ်။ ဒီအချိန်မှာတော့ သူတို့အတွက် ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားဖို့ အချိန် မရနေဘူ။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့အသံကပြတ်သားပြီး ထည့်ဝါမှု ပြန်ဖြစ်လာတော့တယ်။

“အခု ငါတို့ အဖြေထုတ်ဖို့လိုအပ်တာက ထိုက်ချင်းဓားမှာ ဘာတွေဖြစ်ခဲ့ပြီးတော့ ဝိညာဥ်စွမ်းအင်က ဘာဖြစ်လို့ ရုန်းရင်းဆန်ခတ် ဖြစ်နေရသလဲဆိုတာပဲ”

ဒါက ကြီးမြတ်သူက သူရဲ့ခွန်အားတွေ အားလုံးသုံးပြီး ဆယ်နှစ်ကျော်လောက် ဖိနှိပ်လာခဲ့ရတာ။ သူတို့တွေက ဝမ့်ကျန့်ဂူသင်္ချိုင်းအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ပြင်ဆင်ထားရလိမ့်မယ်။

ဝမ့်ကျန်ဂိုဏ်းအတွက် သူတို့တွေက သူတို့ရဲ့ဝိညာဥ် ဖျက်ဆီးခံလိုက်ရရင်တောင် တွေဝေနေလို့မရဘူး။

ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံတစ်ခုက အဖြေတစ်ခုကို ပေးလိုက်တော့တယ်။

...

All Chapters