← Chapters

အခန်း ၄၈

Vol. 4 Ch. 48

အခန်း ၄၈

Vol. 4 Ch. 48

အပိုင်း (၄၈)

ဝမ့်ကျန့်ဂိုဏ်းမှာတော့ အပြင်ကလာတဲ့အသံကို ကြားလိုက်ကြတဲ့ ဂိုဏ်းသားအားလုံး မှင်တက်အံ့ဩသွားပြီး နေရာမှာတင် ရပ်ကြတော့တယ်။

ဂိုဏ်းချုပ်ကြီးက ဒုတိယအစ်ကိုရဲ့ဝိညာဉ်စွမ်းအင်အရက်ကို ခိုးသောက်ခဲ့တာတဲ့လား။

ဂိုဏ်းချုပ်ကြီးက ပုံမှန်ဆိုရင်အတည်ငြိမ်ဆုံး၊ ဣန္ဒြေအရဆုံးနဲ့ ထိန်းချုပ်မှုရှိတဲ့ သိက္ခာအရှိဆုံး ပုဂ္ဂိုလ်မလား။

သူက သူတို့တွေကို အပြင်ကိစ္စတွေအပေါ် စွဲလမ်းမက်မောမှုမရှိဘဲ ကြိုးစားကြဖို့ အမြဲတမ်း သင်ကြားပေးခဲ့တာလေ။

တပည့်အားလုံးက အပြင်ကလာတဲ့အသံနဲ့ပတ်သက်ပြီး မနေနိုင်တော့ဘဲ သံသယအနည်းငယ် ဖြစ်သွားတော့တယ်။

ဂိုဏ်းချုပ်ကြီးက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်မှာလဲ။ နောက်ပြီးတော့ အကြီးဆုံးဂိုဏ်းတူအစ်ကိုကို အပြစ်ပုံချသတဲ့လား။

ရန်ရွှီနဲ့ ချီဟယ့် နှစ်ယောက်စလုံးက ချီမင်ရဲ့ တပည့်အရင်းတွေပဲလေ။ သူတို့တွေက သူနဲ့နှစ်တစ်ရာကျော်တောင် အတူတူရှိလာကြပြီး သူ့ရဲ့သဘောထားအမှန်ကိုလည်း သိပြီးသားပဲ။ ဒီတော့ သူတို့တွေက အပြင်လောကကလာတဲ့ အသံစကားကို သံသယမရှိလေဘူး။

ဆရာကြီးက ဒီလိုကိစ္စမျိုးကို သေချာပေါက် လုပ်နိုင်တဲ့သူလေ။

သူတို့အားလုံးက လုပ်နေကြအရာတွေကို တစ်ပြိုင်တည်း ရပ်ထားလိုက်ပြီး အခြေအနေ မကောင်းတဲ့အကြည့်တွေနဲ့ လှေပျံကို မော့ကြည်လိုက်ကြတယ်။

လှေပေါ်မှာ ရှိတဲ့ချီမင်က ဘယ်ညာကိုကြည့်လိုက်ပြီး တစ်ကြိမ်စီမှာပဲ ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့ အကြည့်ကို ရှောင်ဖယ်နေလိုက်တယ်။

သူက အဖြစ်အပျက်ကို သတိမထားမိဘဲ ရှန်ချန်းဟန်ကို လှမ်းကြည့်လိုက်ပြီး အဲဒီနောက်မှာ လှေပျံရဲ့ပိုင်ရှင်စူးလီကို ကြည့်လိုက်တယ်။ သူက ပြုံးလိုက်ပြီး

“ကျုပ်တို့တွေ ဝမ့်ကျန့်ဂိုဏ်းကို အပေါ်ကနေ သုံးလေးပတ်လောက် ပတ်ပြီးကြည့်ကြရင် ဘယ်လိုလဲ”

“မင်းတို့နှစ်ယောက်ကို ဝမ့်ကျန့်ဂိုဏ်းရဲ့ မြင့်မြတ်တောင်ထွတ်တွေအကြောင်း မိတ်ဆက်ပေးဖို့ရာက အခွင့်ကောင်းတစ်ခုပဲလေ။ နောက်ပြီးတော့ မင်းတို့ကိုလေ .... “

သူ့စကားမဆုံးခင်မှာပဲ လှေပျံက အေးအေးလူလူနဲ့ မြေကြီးပေါ်ကို ဆင်းသက်သွားတော့တယ်။ တိုက်ဆိုင်သွားတာလား။ တမင်လုပ်လိုက်တာလား မသိရပေမဲ့ လှေပျံက ရန်ဖြစ်နေရာကနေ ရပ်သွားကြတဲ့ ရန်ရွှီနဲ့ချီဟယ့်တို့ ရှေ့ တည့်တည့်ကို ဆင်းသက်သွားတယ်။

ချီမင်က ကိုယ်ကိုလှည့်လိုက်ပြီး မသက်မသာ လည်ချောင်းရှင်းကာ ဣန္ဒြေရတဲ့ရုပ်သွင်တစ်ခုကို ဆောင်ပြီး အရင်ဆုံးညည်းညူ ပြောဆိုတော့တယ်။

“ဝမ့်ကျန့်ဂိုဏ်းသားတစ်ယောက်အနေနဲ့ မင်းတို့တွေက ဂိုဏ်းထဲမှာ ဘာဖြစ်လို့ ရန်ဖြစ်နေကြတာလဲ”

ချီဟယ့်က ဒီစကားကို အလေးမထားလေဘူး။ ဝမ့်ကျန့်ဂိုဏ်းထဲမှာ ဂိုဏ်းသားတွေအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်တယ်ဆိုတာ နေရာတိုင်းမှာတွေ့နိုင်တာပဲ။ အခု သူ့ဆရာက သူတို့ကို ဖိနှိပ်ဖို့အတွက် ဒီနည်းလမ်းကို တကယ်ပဲ အသုံးချနေတာ။ သဘောကတော့ သူက အပြစ်ရှိတယ်လို့ ခံစားမိနေရတယ်ပေါ့။

သူက ချီမင်စကားဆုံးတဲ့အထိစောင့်နေလိုက်ပြီး အံကိုကြိတ်ရင် ပြောလိုက်တော့တယ်။

“ ဆရာကြီးရဲ့စကားက အမှန်ပဲမှန်ကန်လှပါတယ်။ ဒါကြောင့်မို့လို့ ဆရာကြီး ဆရာ့ကိုယ်ပေါ်မှာ ကျွန်တော်ရဲ့ဝိညာဉ်စွမ်းအင်အရက်နံ့ ရနေတဲ့ကိစ္စ အကြောင်းရှင်းပြပေးလို့ရမလား”

သူ့ဘေးက ရန်ရွှီကလည်း မျက်နှာ‌ပေါ်မှာ မျိုသိပ်ထားတဲ့ဒေါသရိပ်တစ်ခုနဲ့ ကြည့်လိုက်တယ်။

“ဆရာကြီး ကျွန်တော်ကလည်းပဲ ကျွန်တော့်ကို တတိယညီလေး ဝိညာဉ်စွမ်းအင်အရက် မြုပ်နှံထားတဲ့နေရာ သိုင်းသွားလေ့ကျင့်ခိုင်းတဲ့ အကြောင်းအရင်းကို သိချင်ပါတယ်”

သူက ခိုးပြီးသောက်ချင်ရုံမကဘူး သူ့ကိုလည်း ချောက်ချချင်ခဲ့သေးတယ်လေ။

[အကြီးဆုံးဂိုဏ်းတူအစ်ကိုနဲ့ တတိယဂိုဏ်းတူအစ်ကိုတို့က တုံးအနေတဲ့သူ မို့လို့လား။ သူတို့တွေက သိပြီးသားလေ။ ချီမင်က တကယ့်တရားခံအစစ် ဖြစ်တယ်ဆိုတာကို တွေ့လိုက်တာနဲ့ချက်ချင်း သိလိုက်ကြတယ်]

[ဒီတော့ ခုနက သူတို့နှစ်ယောက်အသည်းအသန်ရန်ဖြစ်နေကြတာက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မိုလို့တဲ့လား]

ရန်ရွှီနဲ့ ချီဟယ့်တို့က သူတို့ရောက်နေတဲ့နေရာမှာ ရုတ်တရက် အေးခဲသွားကြပြီး အပြင်ကလာတဲ့အသံက သူတို့ တကယ်တမ်း သတိထားမိသွားမှာ စိုးရိမ်တဲ့အတွက် နောက်ထပ်တစ်ခု မပြောရဲအောင် ဖြစ်သွားကြတယ်။

အထူးသဖြင် ချီဟယ့်ပေါ့။ အဲဒီနေ့တုန်းက ဆက်သွယ်ရေးပစ္စည်းထဲမှာ သူကြားလိုက်ရတဲ့စကားကို ပြန်စဉ်းစားမိလိုက်တဲ့အချိန်မှာ သူ့မျက်နှာက ဖြူဆွတ်ရာကနေ အပြာရောင်သမ်းသွားပြီး ပြာနှမ်းနေရာကနေ ညိုမည်းသွားကာ ရောင်စုံဖြစ်သွားပြီး အထူးတလည် ကျေနပ်စရာ ကောင်းနေတော့တယ်။

သူ့ရဲ့ကျော်ကြားမှု၊ သူ့ရဲ့ပါရမီရှိမှုတွေက အားလုံးသွားပါပြီ။

ဒါပေမဲ့လည်း ရုတ်တရက်ဆိုသလို ချီမင်က တစ်ခုခုကို နားစွင့်မိသွားသ‌ယောင်ပဲ။ သူက အပြုံးတစ်ခုနဲ့ တပည့်နှစ်ယောက်ကို ကြည့်လိုက်တယ်။ သူက တစ်ခုခု ပြောတော့မဲ့အချိန်မှာပဲ သိပ်မဝေးလှတဲ့နေရာက ရန်ဖြစ်သံတစ်ခုကို ကြားလိုက်ရပြန်တယ်။

ရန်ရွှီနဲ့ချီဟယ့်တို့က စိတ်အေးသွားသလို သက်ပြင်းချလိုက်ကြပြီး စဉ်းစားမနေပဲ ပြောလိုက်ကြတော့တယ်။

“ဆရာကြီး ဟိုဘက်မှာအသံတွေ ကြားတယ်၊ တပည့်တို့ အရင်ဆုံး တချက်လောက် သွားကြည့်လိုက်ပါ့မယ်”

ချီမင်က သူ့တပည့်တွေရဲ့ လျှို့ဝှက်ချက်တွေကို မကြားလိုက်ရတဲ့အတွက် နှမြောသလိုခံစားမိတယ်။ ဒါပေမဲ့လည်း သူလည်း စိတ်အေးသွားကာ မသိမသာ သက်ပြင်းချလိုက်တော့တယ်။ ကဲ အခုတော့ ဝိညာဉ်စွမ်းအင်အရက်ကိစ္စက ပြီးသွားပြီ။

သူက လက်ကိုဝှေ့ရမ်းလိုက်ပြီး ဂိုဏ်းချုပ်ကြီးတစ်ယောက်ရဲ့သိက္ခာကို ပြန်လည် ဆောင်ကျဉ်းထားလိုက်ကာ

“ သွားကြတော့”

တပည့်နှစ်ယောက်နဲ့ စကားပြောလိုက်ပြီးတဲ့အခါ သူက ကိုယ်ကိုပြန်လှည့်လာပြီး ခပ်ရေးရေး မြောက်ပင့်နေတဲ့ ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။

“ ချန်းဟန် ငါ မင်းကို ဝမ့်ကျန့်ဂိုဏ်းကို အလည်ခေါ်သွားပေးရမလား”

ရှန်းချန်းဟန်က စူးလီရဲ့လှုပ်ရှားမှုကို အာရုံစိုက်နေတော့တယ်။ စူးလီက သိပ်မဝေးလှတဲ့နေရာက ရန်ဖြစ်နေတဲ့အသံဘက်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေတာကို မြင်လိုက်တဲ့အခါ သူမက ခေါင်းကို ပြန်လှည့်လိုက်ပြီး ချီမင်ကို တလေးတနက်နဲ့ကြည့်လိုက်တယ်။

“ဂိုဏ်းချုပ်ကြီး ကျွန်မလည်း ဟိုနားကို သွားပြီး တစ်ချက်ကြည့်လို့ ရမလား”

သူမ ညွှန်းပြနေတဲ့နေရာက ရန်ရွှီနဲ့ ချီဟယ့်တို့ အခုလေးတင် ထွက်သွားလိုက်တဲ့နေရာပဲ။

ချီမင်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်တယ်။

“ဒါဆိုရင်လည်း အခုသွားကြမယ်”

အသက်သုံးချက်လောက် ရှူပြီးတဲ့နောက်မှာ သူက လူကြားထဲက ပုံရိပ်ကိုကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က အခိုက်အတန့်ဆိုသလို အနည်းငယ် တောင့်တင်းသွားခဲ့တယ်။

သူက ရှန်းချန်းဟန်ဘက်လှည့်ပြီး သွေးတိုးစမ်းသလို ပြောလိုက်တယ်။

“ချန်းဟန် အဲဒီဟာက တစ်ချက်ကြည့်ရုံနဲ့ စိတ်ဝင်စားစရာ မကောင်းတာ သိသာတယ်။ ငါ မင်းကို တခြားနေရာ သွားကြည့်ရအောင် ခေါ်သွားပေးမယ်လေ”

ဒီအချိန်မှာပဲ လူအုပ်ထဲက ပုံရိပ်တစ်ခုရဲ့အသံက ရုတ်တရက်ဆိုသလို ပိုပြီးကျယ်လာခဲ့တယ်။

“မင်းတို့က ဝမ့်ကျန့်ဂိုဏ်းသားတွေ ဖြစ်ပြီးတော့ ငါလုပ်ထားတဲ့ဝိညာဉ်ဓားကို တမင်တကာ ဖျက်ဆီးပစ်လိုက်တာပဲ”

ဒါက လက်နက်သန့်စင်သူတစ်ယောက်အတွက် ဘယ်လောက်တောင် ထိခိုက်နစ်နာမှု ဖြစ်သွားတယ်ဆိုတာ မင်းတို့ သိကြရဲ့လား”

“ ဒီသတင်း ပြန့်သွားတာနဲ့ချက်ချင်း အလယ်အလတ်အဆင့် လက်နက်သန့်စင်သူတစ်‌ယောက်ဆိုတဲ့ ငါ့ရဲ့ဂုဏ်သတင်းက ပျက်စီးသွားတော့မှာပေါ့”

တုတ်တုတ်ခိုင်ခိုင် လက်နက်သန့်စင်သူတစ်ယောက်က ဝမ့်ကျန့်ဂိုဏ်းသားတွေကြားမှာ ရပ်နေပြီး သူရဲ့ မာထန်တဲ့မျက်နှာက သူရုပ်သွင်နဲ့ လုံးဝမအပ်စပ်သလို ဝမ်းနည်းသလို မကျေမချမ်းသွင်ပြင်တစ်ခု ပြသနေတော့တယ်။

သူ့ဘေးမှာတော့ ပတ်ဝန်းကျင်က ဝမ့်ကျန့်ဂိုဏ်းသားတွေကို ရှင်းပြရင်း မျက်မှောင်ကြုတ်ရင်းနဲ့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနဲ့ အဘိုးအိုကြီးတစ်ယောက်က ရပ်နေတယ်။

“မနေ့တုန်းက ဝမ့်ကျန့်ဂိုဏ်းသားတစ်ယောက်က ကျုပ်တို့ ပိုင်မိသားစုရဲ့ ဓားစမ်းသပ်ခြင်း တာဝန်ကို လက်ခံခဲ့ပြီး သူက ဓားတစ်ချောင်းနဲ့ ဆရာကြီးလီ သန့်စင်ထားတဲ့ ဝိညာဉ်ဓားကို ခုတ်ဖျက်ပစ်လိုက်တယ်”

သူက မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး သူ့ဘေးကလူကို ကြည့်လိုက်တယ်။

“ လက်နက်သန့်စင်သူ ဆရာကြီးလီလုပ်ထားတဲ့ ဝိညာဉ်ဓားပေါ့”

“ အဲဒီနောက်မှာ သူက ဒီဓားက အသုံးမဝင်ပါဘူးလို့ ပြောခဲ့ပြီး ဝိညာဉ်ကျောက်တုံးတွေကို ထားခဲ့ပြီး ထွက်သွားခဲ့တယ်လေ။ ဒီတော့ အခုတလော ဆရာကြီးလီရဲ့နာမည်ကလည်း...”

ဆရာကြီးလီရဲ့အမူအရာက ပိုပိုပြီးဒေါသထွက်လာကာ ကြားလိုက်ရတဲ့စကားကြောင့် ဝမ်းနည်းသွားတော့တယ်။

“ကျုပ်က အနည်းဆုံးအလယ်အလတ်အဆင့် ဝိညာဉ်ဓား အခုရှစ်ဆယ်ကို သန့်စင်လာပြီပြီ။ တစ်ရာမပြည့်သေးဘူးဆိုပေမဲ့ ကျုပ်က အမှားတစ်ခုမှ မလုပ်ခဲ့ဖူးဘူး”

“ ကျုပ်က ကျိုးသွားတဲ့ဓားကို သေသေချာချာစစ်ဆေးပြီးပြီ။ ကျုပ်ရဲ့ဓားပြုလုပ်တဲ့နည်းလမ်းမှာလည်း ချို့ယွင်းချက်မရှိဘူး။ စမ်းသပ်ခဲ့တဲ့ဒီလူဆီမှာပဲ ပြဿနာရှိတာသေချာတယ်”

ဒီအချိန်မှာတော့ သူက သူရဲ့ကြေးပြားရင်ဘတ်ကြီးကို ဖွင့်ထုတ်လိုက်ပြီး အော်ငေါက်လိုက်တော့တယ်။

“ ကျုပ်က အဲဒီဓားကို စမ်းသပ်ခဲ့တဲ့တပည့်နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းချင်တာ”

စူးလီက သူတို့စကားကိုကြားလိုက်တဲ့အခါ သိချင်စိတ်နဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[ဒီလက်နက်သန့်စင်သူကိုကြည့်ရတာ သူက လိမ်နေတဲ့ပုံတော့ မဟုတ်ဘူး]

[ဧကန္တ လုပ်ဖော်ကိုင်ဘက်တစ်‌‌ယောက်က သူ့ဟာသူ ဝမ့်ကျန့်ဂိုဏ်းသားတစ်ယောက်လို ရုပ်ဖျက်ပြီး ပြဿနာ လာရှာတာများလား]

[ဝမ့်ကျန့်ဂိုဏ်းသားတွေက တကယ်ပဲ ပြဿနာရှာနေတာတော့ မဖြစ်နိုင်ဘူးမလား။ ဘယ်ဓားသိုင်းကျင့်ကြံသူတွေက အဲလောက် ပျင်းရိနေလို့လဲ]

[ဘာတွေဖြစ်နေလဲ။ ကြည့်ပါအုံး]

အားလုံးက မှင်တက်အံ့ဩသွားကြတယ်။ အပြင်လောကက လာတဲ့အသံပဲ။

အပြင်လောကက လာတဲ့အသံ ပေါ်မလာတာ အရမ်းကြာသွားပြီမလား။

ဝမ့်ကျန့်ဂိုဏ်းသားတချို့က စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။ အပြင်လောကကလာတဲ့အသံပဲ။ ဒီအသံက ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့ နာမည်ကို သေချာပေါက် ရှင်းလင်းပေးလိမ်မယ်။

ဒီအချိန်မှာပဲ ချစ်လှစွာသောဂိုဏ်းချုပ်ကြီးတစ်ယောက်ကတော့ မျက်နှာပေါ်မှာ အတိုင်းအတာတစ်ခုထိ ရှုပ်ထွေးသွားတဲ့မျက်နှာတစ်ခု ဖြစ်သွားတာကို ဝမ့်ကျန့်ဂိုဏ်းသားတွေ တစ်ယောက်မှ သတိမထားမိလိုက်ကြဘူး။

ချီမင်က ရှေ့ကို အလောတကြီး ရောက်ချလာပြီး အပြင်ကလာတဲ့အသံ စကားမပြောနိုင်ခင်မှာပဲ တလေးတနက်နဲ့ ပြောလိုက်တယ်။

“ပြဿနာရှာခဲ့တဲ့သူက ဝမ့်ကျန့်ဂိုဏ်သားတွေဆိုတော့ ဝမ့်ကျန့်ဂိုဏ်းသားတွေက အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးရမှာပေါ့။ ကျုပ်ရဲ့ဂူကို သွားပြီး အသေးစိတ် တိုင်ပင်ကြမယ်လေ”

[ အဟမ်း ဒီဆိုးဝါးတဲ့ပြဿနာကို ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီး တကယ်ပဲ လုပ်ထားခဲ့သတဲ့လား]

စူးလီက သူမ အရင်တုန်းကြားခဲ့တဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ အတင်းအဖျင်းအကြောင်းကို စဉ်းစားလိုက်မိပြီး အခိုက်အတန့် နှုတ်ဆိတ်သွားခဲ့တယ်။

[အဲ့လိုပြောလို့ သူက ဒီလိုလုပ်တယ်ဆိုရင်လည်း ထူးဆန်းတဲ့ကိစ္စလုံးဝ မဟုတ်တဲ့ပုံပဲ~ ~]

နှစ်ကြိမ်မြောက် တိုက်ခိုက်ခံလိုက်ရတဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေ: ဘာတွေလဲဟ

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတို့ဂိုဏ်းချုပ်ကြီးကဖြင့် ကိစ္စအမျိုးမျိုးနဲ့ အလုပ်များနေတာ။ ဒီလက်နက်သန့်စင်သူနဲ့ ဘာရန်ငြိုးမှရှိမှာ မဟုတ်ဘူး။ ဒါနဲ့များ သူက ဘယ်လိုလုပ်ပြီး ဒီကိစ္စကို လုပ်မှာလဲ။

ဒါပေမဲ့... ဂိုဏ်ချုပိကြီးက တတိယဂိုဏ်းတူအစ်ကိုရဲ့ ဝိညာဥ်စွမ်းအင်အရက်ကို ခိုးခဲ့တဲ့အကြောင်း စဥ်းစားမိလိုက်တဲ့အခါ သူတို့တွေက စိတ်ထဲမှာ ရုတ်တရက် မသေချာမှုတစ်ခုကို ခံစားလိုက်ရတယ်။

သူတို့ဂိုဏ်းချုပ်ကြီးက တကယ်ပဲ ဒီလိုကိစ္စမျိုးကို မလုပ်လောက်ပါဘူးနော်။

လီထျယ်နျိုနဲ့ ပိုင်မိသားစုရဲ့အိမ်‌တော်ထိန်းတို့က ကြောင်အမ်းအမ်း ဖြစ်သွားတော့တယ်။ ဘယ်သူ လုပ်ခဲ့တာတဲ့လဲ။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးတဲ့လား။

သူတို့တွေ ထင်ယောင်ထင်မှား ဖြစ်တာပဲဖြစ်မှာပါ။

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုဖတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်တော့တယ်။

[ချီမင်ရဲ့ဘဝကလည်း မလွယ်လှပါဘူး၊ ၆.၂ သန်း ဆိုတဲ့ ဧရာမတွင်းကြီးကို ဖြည့်‌ပေးဖို့ ဝိညာဥ်ကျောက်တုံးတွေကို ရှာဖို့ရာအတွက် သူက နေ့တိုင်း သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားရပြီး ဝမ့်ကျန့်ဂိုဏ်းရဲ့ အပြင်စည်းအဖွဲ့အောက်မှာ တာဝန်တွေကို ထမ်းဆောင်ပေးနေရသတဲ့]

[ဟားဟား ဝမ့်ကျန့်ဂိုဏ်းက ဆင်းရဲလွန်းတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ငွေထွက်ရှာနေရတယ်ဆိုတဲ့အ‌ကြောင်းကို အခြားသူတွေကို အသိမပေးနိုင်ဘူးပေါ့]

[တွက်ကြည့်လိုက်တော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက‌ ပေါင်းမြက်ရှင်း‌ပေးလို့ ရှုံးသွားတဲ့ဝိညာဥ်ကျောက်တုံး အခုတစ်ထောင်ကိုတောင် ပြန်မပေးရသေးဘူး။ အခုကျတော့ နောက်ထပ် နှစ်ထောင် အကြွေးတင်သွားပြန်ပြီ]

[ဒီတိုးတက်မှုကြီးကြောင့်တော့ နောက်ထပ်နှစ်တစ်ရာနေရင် ဝမ့်ကျန့်ဂိုဏ်းရဲ့ ခြောက်ဒဿမနှစ်သန်းဆိုတဲ့ တွင်းကြီးဟာ နောက်ထပ် ဘာအားစိုက်ထုတ်မှုမှမပါဘဲ ခုနှစ်သန်းလောက် သေချာပေါက် ရောက်သွားနိုင်တယ်]

[တကယ့်ကို ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ ငါတို့မျိုးဆက်အတွက် တကယ့်ကို စံပြပုဂ္ဂိုလ်တစ်ယောက်ပါပဲ ဟားဟား]

ပိုင်မိသားစုရဲ့အိမ်‌တော်ထိန်းနဲ့ လီထျယ်နျိုတို့က ပြင်ပလောကက လာတဲ့အသံ ပြောတဲ့စကားကို ဘာမှနားမလည်ကြဘူး။ ဘာတွင်းကြီးလဲ။

ဝမ့်ကျန့်ဂိုဏ်းက အဲ့လောက်တောင် ခက်ခဲနေတာကြောင့် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် တာဝန်တွေယူရပြီး တာဝန်တစ်ခုကို ဝိညာဥ်ကျောက်တုံး တစ်ရာနှစ်ရာလောက်ပဲရတယ်လို့ ပြောချင်တာလား။

သူတို့နှစ်ယောက်က တစ်ပြိုင်ထဲ ခေါင်းကို လှည့်ကြည့်လိုက်ကြပြီး ဖုံးကွယ်ထားလို့ မရနိုင်တဲ့ရှုပ်ထွေးတဲ့အကြည့်‌တွေနဲ့ ချီမင်ကို ကြည့်လိုက်ကြတော့တယ်။

ချီမင်က လူအုပ်ကြီးဆီက လာတဲ့ထူးဆန်တဲ့အကြည့်တွေကို ခံစားမိလိုက်ပြီး ဘာမှမဖြစ်သလို သူ့ပခုံးပေါ်က မရှိတဲ့ဖုန်မှုန့်တွေကို ခါချနေတော့တယ်။

သူက ပိုင်မိသားစုရဲ့အိမ်တော်ထိန်းနဲ့ လီထျယ်နျိုတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“မနေ့တုန်းက ကျုပ်က အားနေတာနဲ့ အပြင်စည်းအဖွဲ့သားတွေရဲ့နေထိုင်ရေးကို လေ့လာခဲ့ချင်ခဲ့တာ။ ဒါကြောင့် ကျုပ်က ဝမ့်ကျန့်ဂိုဏ်းရဲ့အပြင်စည်းတပည့်တစ်ယောက်လို ရုပ်ဖျက်ပြီး တာဝန်တစ်ခု ယူခဲ့တာပါ” ဒီအချိန်မှာတော့သူက တောင်းပန်တဲ့အကြည့်နဲ့ ကြည့်လိုက်တော့တယ်။

“ခင်ဗျားကို အဲ့လောက် ဒုက္ခများသွားစေဖို့ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်က ခင်ဗျားကို ဖြေရှင်းချက်ပေးဖို့အတွက် အပြည့်အဝ တာဝန်ယူပေးမှာပါ”

လီထျယ်နျိုက ဇဝေဇဝါနဲ့ခေါင်းကိုကုတ်လိုက်ပြီး

“ဂ်ိုဏ်းချုပ်ကြီးက ကျုပ်လုပ်ထားတဲ့ ဝိညာဉ်ဓားကိုဘာဖြစ်လို့များ ဒီလိုသဘောထားလဲဆိုတာ အခုထိနားမလည်နိုင်သေးဘူး”

[အ လိုက်တဲ့ကလေးရယ်၊ သူက နင့်ကို တမင်ပစ်မှတ်ထားတာ လုံးဝမဟုတ်ဘူး။ သူက ရူးရူးမိုက်မိုက်နဲ့ သူရဲ့ကျင့်ကြံရေးကိုပဲ ဖုံးကွယ်ဖို့ သတိရခဲ့တာလေ။ ဒါပေမဲ့ သူရဲ့ ဓားစွမ်းအင်ကိုတော့ ဖုံးကွယ်ဖို့ မေ့သွားခဲ့တာလေ]

[ချီမင်ကို ဓားအရည်အသွေး စမ်းသပ်ခိုင်းတဲ့အခါ ဘာမှတောင်မစဥ်းစားပဲ ဓားကို ဝေ့ယမ်းပစ်လိုက်တယ်လေ။ ဟားဟားဟား ဓားကြီးက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ရောက်နေတဲ့ မဟာဓားသိုင်းပညာရှင်ရဲ့ စွမ်းအင်တွေပါနေတဲ့ ဓားတစ်ချောင်းပဲ၊ သူရဲ့ကျင့်ကြံခြင်းအဆင့်ကို သက်စောင့်ကျင့်ကြံရေးအဆင့်ထိ ဖိနှိပ်ထားခဲ့ပေမဲ့ အဲ့ဒီအဆင့်ဓားဝိညာဥ်ကတော့ အလယ်အလတ်အဆင့် ဓားဝိညာဥ်မပြောနဲ့ အဆင့်မြင့်ဓားဝိညာဥ်တစ်ချောင်းကတောင် အသက်ဆုံးရှုံးသွားအောင် လုပ်နိုင်တယ်လေ]

[ကိစ္စက သူက တစ်ခုခုတစ်ချိန်လုံး မှားနေတယ်လို့ မခံစားခဲ့ရတာလေ၊ သူ့ဝိညာဥ်စွမ်းအင်ဓားကတောင် အရမ်းဆိုးရွားနေတယ်လို့ ထင်သေးတာ၊ သူက အချိန်အကြာကြီးသန့်စင်သူရဲ့ သန့်စင်ခြင်းအဆင့်ကိုတောင် အထင်အမြင်သေးနေခဲ့သေးတယ်လေ... ဟားဟားဟား]

[မနေ့ညက သူ တရားထိုင်တဲ့အချိန်မှာမှ ရုတ်တရက်ကြီး တစ်ခုခုလွဲနေတာကို သိသွားခဲ့တာလေ]

[တစ်ညလုံး ဟိုလှည့်ဒီလှည့် လုပ်ပြီးတဲ့အထိတောင် ဒီကိစ္စကို ဘယ်လိုပြန်ပြင်ဆင်ရမလဲဆိုတာ အဖြေရှာမထွက်နိုင်သေးဘူး။ ဒီလူနှစ်ယောက်က သူ့ဆီကို တန်းပြီးရောက်လာတော့တာပဲ]

အပြင်လောကအသံရဲ့ အထိန်းအကွပ်မရှိ ရယ်မောသံကို ကြားလိုက်ရတဲ့အခါ ချီမင်မျက်နှာက အခိုက်အတန့်ဆိုသလို ရုတ်တရက် ဖြူဆုပ်သွားတော့တယ်။

ဒါပေမဲ့လည်း မကြာခဏဆိုသလို မှန်ကန်တဲ့ခြေလှမ်းကို ပြုလုပ်ဖို့ကျရှုံးခဲ့တဲ့သူက အနည်းငယ်အလိုက်သင့် ပြုမူခဲ့ပြီးတဲ့နောက်မှာ အခြေအနေကိုလိုက်ပြီး ငွေရှာတတ်တဲ့ သိမ်မွေ့တဲ့ယောကျာ်းတစ်ယောက် ဖြစ်လာတော့တယ်။

“အဲ့ဒီတုန်းက ကျုပ်ရဲ့ဓားစွမ်းအင်ကို ထိန်းချုပ်ဖို့ မေ့သွားခဲ့ပါတယ်။ ကျုပ်က အဲဒီအသုံးမကျတဲ့ ကျုပ်ရဲ့တပည့်တွေကို သူတို့ရဲ့ဓားတွေကို ကူညီပြီး စမ်းသပ်ပေးနေတယ်လို့ ထင်ခဲ့မိတာပါ”

“သြော် ဒီလိုဖြစ်နေတာကိုး”

လီထျယ်နျိုက ဘာမှမသိတဲ့အတိုင်းခေါင်းကို ကုတ်နေလိုက်ပြီး

“ဒီတော့ ဂိုဏ်းချုပ်ကြီးက ဒါကိုမရည်ရွယ်ခဲ့မိတာပဲ”

“ ကျေးဇူးတင်ပါတယ်”

ချီမင်က လီထျယ်နျိုကို တောင်းတောင်းပန်ပန်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး သိပ်မဝေးလှတဲ့နေရာက ပြုံးဖြီးဖြီးလုပ်နေတဲ့ ဒုတိယတပည့်ကို လက်ဝှေ့ရမ်းပြလိုက်တယ်။

“ ဂိုဒေါင်ဆီသွားပြီး သူတို့နှစ်ယောက်လျော်ကြေးပေးဖို့ ပစ္စည်းတွေကို ထုတ်လာပေးလိုက် ပတ်ဝန်းကျင်ကမြို့သားတွေကို အကြောင်းအရာတစ်ခုလုံး ပြန်ရှင်းပြလိုက်ပြီး လက်နက်သန့်စင်သူ ဆရာကြီးလီရဲ့နာမည်ကို ဖယ်ရှားပေးလိုက်ကြ”

သူက မသိမသာမျက်ခုံးပင့်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက်ဆိုသလို ဒေါသထွက်တဲ့ဟန်မပါဘဲ ထည်ဝါတဲ့ အရောင်အဝါတစ်ခုကို ထုတ်လွှတ်လိုက်တော့တယ်။

ရှဲ့ယိက ပြုံးနေတာကိုမြန်မြန်ရပ်လိုက်ပြီး ဦးညွှတ်ကာ ပြန်ဖြေလိုက်တော့တယ်။

“ ဟုတ်ကဲ့ပါ ဆရာ”

ရှဲ့ယိက ပိုင်မိသားစုရဲ့အိမ်တော်ထိန်းနဲ့ လီထျယ်နျိုတို့နဲ့အတူ ထွက်သွားပြီးတဲ့နောက်မှာ ချီမင်က ပတ်ဝန်းကျင်မှာရှိနေတဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေကို ထွက်သွားခိုင်းလိုက်တယ်။ နောက်ဆုံးတော့ သူက သတ္တိကိုစုစည်းလိုက်ပြီး ဘေးကနေပြီးဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့တဲ့ရှန်ချန်းဟန်ကို ကြည့်လိုက်တယ်။

ရှန်းချန်းဟန်က စကားပြောဖို့ ခြေတုံချတုံဖြစ်နေပြီး နောက်ဆုံးတော့ စကားတစ်ခွန်းတည်းကိုပဲ ပြောလိုက်တော့တယ်။

“ ဟုတ်နေပါပြီ။ ချန်းပေ့ပြောတဲ့စကားက မှန်နေပါပြီ”

ဝမ့်ကျန့်ဂိုဏ်းက လူတွေ ဂိုဏ်းချုပ်ကြီးကိုယ်တိုင်တောင်မှ နည်းနည်းလေး ပုံမှန်မဟုတ်တာပဲ။

ချီမင်က သူ့နှာ‌ခေါင်းကို အောင့်သက်သက်နဲ့ ထိကိုင်လိုက်ပြီး သူ့အသံကလည်း အနည်းငယ် ရှက်ရွံ့တဲ့အသံ စွပ်သွားတော့တယ်။

“ ဒီနေ့ မမျှော်လင့်ထားတဲ့ကိစ္စတွေ အများကြီးဖြစ်သွားခဲ့တယ်။ တကယ်တော့ ဝမ့်ကျန့်ဂိုဏ်းက ပုံမှန်နေ့တွေမှာဆို ဒီလိုမဟုတ်ပါဘူး”

သူ့စကားမဆုံးသေးခင်မှာပဲ ဓားရိပ်တစ်ခုက ဖျတ်ခနဲပေါ်လာပြီး ကျောချမ်းဖွယ်အသံတစ်ခုက ခပ်ရေးရေး ထွက်လာတော့တယ်။

“ ဂိုဏ်းချုပ်ကြီး ကျွန်တော်က ယွင်မိသားစုခေါင်းဆောင်ကို သိမ်းထားဖို့ ပေးထားတဲ့ပစ္စည်းက ဘာလဲဆိုတာသိလား”

“ ကျွန်တော့်ရဲ့မွေးချင်းဓားထဲမှာထည့်ဖို့ ကျွန်တော်ပြင်ဆင်ထားခဲ့တဲ့ ဟောက်ထျန်းကျောက်တုံးကို ထားထားတာလေ”

ဒီအချိန်မှာပဲ ပုံရိပ်တစ်ခုက တိတ်တိတ်လေး ချဉ်းကပ်လာတယ်။

“ ဂိုဏ်းချုပ်ကြီး ကြည့်ရတာ ခင်ဗျားက အေးအေးလူလူ ခရီးတစ်ခုထွက်ခဲ့ပုံပဲနော်”

သိပ်မကြာခင်မှာပဲ ပုံရိပ်တော်တော်များများက ဒီနေရာမှာ စုဝေးလာပြီး အားလုံးက ရှုတ်ချတဲ့ဟန်နဲ့ ချီမင်ကို ကြည့်လိုက်ကြတယ်။

သူက ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ဂိုဏ်းချုပ်ကြီးအမိန့်ကို တကယ်ပဲ အသုံးချခဲ့ပြီး သူတို့တွေကို နတ်ဓားခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူကို တပည့်အဖြစ်ခေါ်ယူချင်တဲ့ အဓိကမိသားစုနဲ့ ဂိုဏ်းတွေကို တားမြစ်ခိုင်းခဲ့တယ်လေ။

နတ်ဓားခန္ဓာကိုယ်။

ဒီလိုအရည်အချင်းရှိတဲ့တပည့်မျိုး ဘယ်သူကမလိုချင်ပဲရှိမှာလဲ။

ထိုက်ဟွာတောင်ထွတ်သခင်က သူ့ဘေးမှာ ဓားဝိညာဉ်ကို ခန့်ခန့်ညားညား ချထားလိုက်တယ်။ ဖြည်းဖြည်းချင်းလက်ကို တင်းအောင် ဆုတ်ထားလိုက်ကာ သူရဲ့အသံထဲမှာ ဓားစွမ်းအင်အရိပ်‌တွေ ပါနေသယောင် အေးစက်နေတော့တယ်။

“ ဂိုဏ်းချုပ်ကြီး ခင်ဗျား.. ခင်ဗျားရဲ့ဆန္ဒပြည့်ဝသွားပြီး တပည့်‌ကောင်းတစ်ယောက် ရှာတွေ့ခဲ့ပြီးပေါ့ ဟုတ်လား”

ချီမင်က သူ့ရဲလှုပ်ရှားမှုတွေကို ဘာစိုးစဉ်းမျှပူပန်စိတ်မရှိပဲ ကြည့်နေလိုက်တယ်။ အဲဒီအစား သူက စိတ်နဲ့ကိုယ် မကပ်တဲ့အာရုံတစ်ခုနဲ့ လေထဲကို မော့ကြည့်နေလိုက်တယ်။ အဲဒီနောက်မှာတော့ သူက အပြုံးတစ်ခုကို အတင်းလုပ်ယူထားလိုက်တော့တယ်။ သူက တပည့်တွေ လက်ခံနေသေးသတဲ့လား။

ငါ့အထင်ကတော့ ရှန်းချန်းဟန်က ငါနဲ့ခပ်ဝေးဝေးနေဖို့ပဲ စဉ်းစားနေပုံပါပဲ။

တစ်သက်တာနာမည်ကောင်းကတော့... မဟုတ်ဘူး။ ရှန်းချန်းဟန်ရှေ့က သူ့တစ်သက်တာနာမည်ကောင်းကတော့ သွားပါပြီ။

အပြင်ကလာတဲ့အသံကိုပဲ အပြစ်တင်ရတော့မယ်။

ပြန်ရောက်သွားရင်တော့ ဂူဝင်ပေါက်မှာ ခွေးနဲ့ အပြင်လူတွေ ဝင်ခွင့်မရှိဆိုတဲ့စာလုံးတွေ ကပ်ထားရမယ်။

ဒီလိုစဉ်းစားလိုက်ပြီး နောက်ဆုံးတော့ စိတ်ထဲမှာ အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရတယ်။ သူ့ကို အငမ်းမရကြည့်နေကြတဲ့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေအားလုံးကို ကြည့်လိုက်ပြီး သူက ဂိုဏ်းနဲ့လူတွေကို စောင့်ရှောက်ပေးနေတဲ့ မသေမျိုးကျင့်ကြံသူတစ်ယောက်ရဲ့ အတ္တကင်းတဲ့ ကိုယ်နေဟန်ထားတစ်ခုကို ဆောင်ထားလိုက်ပြီး

“ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့၊ ချန်းဟန်က အခု ဝမ့်ကျန်းဂိုဏ်းကို ရောက်လာတာ။ သူက ဆရာတစ်ယောက်ကို မရွေးခင် ကျုပ်နဲ့သူက ရင်းနှီးလာတဲ့ထိစောင့်ရအုံးမှာပေါ့”

“ကျုပ်က ကျုပ်ရဲ့ရာထူးကိုအသုံးချပြီး သူ့ကို ကျုပ်တပည့်ဖြစ်လာအောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်ပါ့မလဲ”

ဒါပေမဲ့ ဓားခန္ဓာကိုယ်တစ်ယောက်က ဆရာမလိုဘူးလေ။

ဝမ့်ကျန့်ဂိုဏ်းရဲ့ အကြီးအကဲနဲ့တောင်ထွတ်သခင်တွေအားလုံးက ဒီစကားတစ်ခုကိုပဲ ကြားလိုက်ကြတယ်။

သူတို့တွေက ချီမင်ရဲ့တည်ရှိမှုကို လုံးဝလျစ်လျူရှု့ထားပေးခဲ့တာပဲ။ သူတို့တွေအားလုံးက ခေါင်းကိုလှည့်ကြည့်လိုက်ပြီး တောက်ပတဲ့မျက်လုံးတွေနဲ့ ချန်းဟန်ကို ကြည့်လိုက်ကြတယ်။

ထိုက်ဟွာတောင်ထွတ်သခင်က လူတွေကို နွေဦးလေပြေလို့ ခံစားရစေတဲ့ သိမ်မွေ့တဲ့အမူအရာတစ်ခု ရှိတယ်။ သူမျက်နှာပေါ်မှာ အေးစက်တဲ့အရိပ်အရောင် လုံးဝမရှိဘူး။

“ ဒါက ချန်းဟန်ပဲဖြစ်ရမယ်။ ဟုတ်လား သူက တကယ်ကို ဓားခန္ဓာကိုယ်အစစ်ပဲ။ ဒီနေရာမှာ ရပ်နေတာတောင် သူက ဓားသိုင်းကျင့်ကြံဖို့အတွက် ကောင်းမွန်တဲ့တပည့်တစ်ယောက် ဆိုတာတောင် မြင်နေရတယ်”

သူ့ဘေးက တတိယအကြီးအကဲက သူ့ကို အထင်သေးတဲ့ဟန်နဲ့ ကြည့်လိုက်‌တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့လောက် မပြောတတ်ဘူးလေ။ အဲဒီနောက်မှာ သူက ကိုယ်ကိုလှည့်လိုက်ပြီး ရှန်းချန်းဟန်ကို မြှောက်ပင့်စကားစပြောတော့တယ်။

“ကူးခတ်သွားလာနေတဲ့နဂါးတစ်ကောင်လို လျင်မြန်ဖျတ်လတ်ပြီး အံ့ဩဖွယ်ကောင်းတဲ့ ဘဲ‌ငန်းတစ်ကောင်လို ကျက်သရေရှိလှတယ်။ ပြိုင်ဘက်ကင်းလှတဲ့ ဓားဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားပြီး ထူးခြားဆန်းကြယ်တဲ့ အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားတယ်”

...

All Chapters