← Chapters

အခန်း ၂၁

Vol. 2 Ch. 21

အခန်း ၂၁

Vol. 2 Ch. 21

အပိုင်း (၂၁)

မင်ဖုန်းက ပင်မခန်းမက ထွက်လာပြီးနောက်တွင် အခုတလော တောင်ထွတ်ဆီသို့ အလည်လာကြသည့် အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေအကြောင်းကို စဉ်းစားလိုက်မိပြီး သူ့မျက်နှာပေါ်မှာ ပျော်ရွှင်ဝမ်းမြောက်တဲ့ ခံစားချက်အပြည့် ဖြစ်သွားတော့တယ်။

အကြီးအကဲပိုင်သာ ရှိရင် လော့ရှူးတောင်ထွတ်က အရင်ကနဲ့ လုံးဝတူတော့မှာ မဟုတ်ဘူး။

အခုဆိုရင် သူက တာဝန်ကိစ္စ ပြီးမြောက်အောင်လုပ်ဖို့ တခြားတောင်ထွတ်ဆီကို သွားတဲ့အခါ တောင်ထွတ်ဆီက တပည့်တွေက ဖော်ဖော်ရွေရွေနဲ့ ကြင်နာတတ်လာတယ်။ သူတို့ရဲ့သဘောထားကလည်း အရင်တုန်းကနဲ့ယှဉ်ရင် လုံးဝကွာခြားသွားခဲ့တယ်။

ဒါပေမဲ့...

ပြီးခဲ့နှစ်ရက်အတွင်းမှာ လော့ရှူးတောင်ထွတ်က အရမ်းကို စည်ကားသိုက်မြိုက်ခဲ့တယ်ဆိုပေမဲ့ အဆင့်ငါးအကြီးအကဲကတော့ လွန်ခဲ့တဲ့ခုနှစ်နှစ်ကလိုပဲ ဘာမှမပြောင်းလဲဘူး။ ဒီနေရာကိုလည်း ထပ်ပြီးတော့ ခြေမချတော့ဘူး။

လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းက ယွင်ရှောင်က ရွှင့်ချန်ဂိုဏ်းထဲမှာ ပါရမီအရှိဆုံးတပည့်တွေထဲက တစ်ယောက်လေ။ သူက အုတ်မြစ်တည်အဆင့် ကျင့်ကြံခြင်း ပြီးသွားတဲ့နောက်မှာ အဆင့်လေး မန္တန်စာရွက်ကို ရေးဆွဲနိုင်ခဲ့တယ်။ ဆွဲချက်တစ်ခုတည်းနဲ့ သူက ဂိုဏ်းထဲမှာ လှုံ့ဆော်မှုတစ်ခု ဖြစ်အောင် လုပ်သွားနိုင်ခဲ့ပြီး အဆင့်ငါးအကြီးအကဲရဲ့ သဘောကျခြင်းကို ခံယူခဲ့ရတယ်။

အဲဒီအချိန်မှာပဲ ရွှင့်ချန်ဂိုဏ်းထဲက လော့ရှူးတောင်ထွတ်ရဲ့အဆင့်ကလည်း စပြီးတော့ ထိုးတက်လာခဲ့တယ်။

မျှော်လင့်မထားတဲ့ကိစ္စတွေသာ ဖြစ်မလာခဲ့ရင် ယွင်ရှောင်က နံပါတ်ငါးအကြီးအကဲရဲ့ တပည့်ရင်းတစ်ယောက် မကြာခင် ဖြစ်လာလိမ့်မှာ။

ဒါပေမဲ့... ဒါတွေအားလုံးကို ကျောက်လင်းယွမ်က ဖျက်ဆီးပစ်လိုက်တယ်လေ။

မနာလိုတဲ့စိတ်ကြောင့် သူမက ယွင်ရှောင်ရဲ့အကူအညီခေါ်သံကို တမင်သက်သက် လျစ်လျူရှုထားလိုက်ပြီး ယွင်ရှောင်ကို သားရိုင်းတိရိစ္ဆာန်တစ်ကောင်က လာရောက်တိုက်ခိုက်ပြီး အသတ်ခံရအောင်လည်း လုပ်ခဲ့တယ်။

သူရဲ့ချစ်လှစွာသောတပည့်ကို ဆုံးရှုံးလိုက်ရတာကြောင့်ရယ် တရားခံက အပြစ်ပေးခံရပေမဲ့လဲ လော့ရှူးတောင်ထွတ်မှာ ဆက်ပြီးရှိနေသေးတဲ့အတွက်ကြောင့်ရယ် အဆင့်ငါးအကြီးအကဲက ဒီနေရာကို ဘယ်တော့မှ ရောက်မလာတော့ဘူး။

အဲဒီကိစ္စပြီးသွားတဲ့နောက်မှာတော့ တချိန်က စည်ကားသိုက်မြိုက်ပြီး ကြွယ်ဝပေါများခဲ့တဲ့ လော့ရှူးတောင်ထွတ်ဟာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့တော့တယ်။

ဒီအကြောင်းကို စဉ်းစားလိုက်မိတော့ မင်ဖုန်းက ကျောက်လင်းယွမ်ကို မမုန်းတီးဘဲ မနေနိုင်အောင်ဖြစ်ရတော့တယ်။

ကျောင်လင်းယွမ် ဒုက္ခပေးခဲ့တဲ့သူတွေထဲမှာ လော့ရှူးတောင်ထွတ်ရဲ့ အကြီးအကဲငါးယောက်နဲ့ တပည့်တွေတင် မကဘူး လွမ်းနာကျနေတဲ့ နဉ်ယိ တစ်ယောက်လည်းပါသေးတယ်။

အဲဒီတုန်းက နဉ်ယိနဲ့ယွင်ရှောင်တို့က အချင်းချင်း မေတ္တာမျှနေကြီးပြီး ခံစားချက်တွေလည်း နက်ရှိုင်းခဲ့ကြတယ်။ ဂိုဏ်းတူအစ်မ ယွင်ရှောင် အသတ်ခံရပြီးကတည်းက ဂိုဏ်းတူအစ်ကိုနဉ်ယိကလည်း ဘယ်တော့မှ ပြုံးရယ်တာ မရှိတော့သလို သူ့ဘေးမှာလည်း ဘယ်သူမှ ထပ်ပြီး ရှိမလာတော့ဘူး။

သူက ဂိုဏ်းတူအစ်မယွင်ရှောင် အကြိုက်ဆုံးဖြစ်တဲ့ ကျောက်စိမ်းမေပယ်လ် သစ်တောတစ်ခုကို လော့ရှူးတောင်ထွတ်မှာ စိုက်ပေးခဲ့တယ်။

ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာ သူ တဲ့အချိန်တိုင်း ဂိုဏ်းတူအစ်မယွင်ရှောင်ကို တမ်းတသတိရတဲ့အနေနဲ့ ယွီဖုန်း(ကျောက်စမ်းမေပယ်လ်) သစ်တောကို လာတတ်တယ်။

မင်ဖုန်းက လွမ်းမောဖွယ်ရာ ခံစားချက်တချို့နဲ့ ခေါင်းခါလိုက်တယ်။ ဒီလိုအချစ်မျိုးက အလွန်ကို ရှားပါးတာမို့ ဒီအချစ်ကိုမြင်လိုက်ရင် သက်ပြင်းမချဘဲ မနေနိုင်အောင်ဖြစ်ကြမှာပဲ။

ဂိုဏ်းတူအစ်ကိုနဉ်ယိက ဒီကိစ္စကနေ မကြာခင် ကျော်လွှားနိုင်ပါစေလို့ပဲ ဆုတောင်းရပါတယ်။

ဒီအချိန်မှာ သူပြောနေတဲ့ နဉ်ယိကတော့ ကျောက်စိမ်းမေပယ်လ်သစ်တောရှေ့မှာ ရပ်နေပြီး ခပ်ယဲ့ယဲ့ ဝမ်းနည်းမှုတစ်ခုက သူ့ပတ်ဝန်းကျင်မှာ ရစ်ပတ်နေသယောင်။

သူက ရှေ့ကိုကြည်နေပေမဲ့လည်း သူရဲ့မျက်ထောင့်ကနေတော့ သူ့နောက်က လှုပ်ရှားမှုတိုင်းကို အမြဲတမ်း အာရုံ‌စိုက်နေခဲ့တယ်။

သိပ်မဝေးလှတဲ့‌နေရာက ပုံရိပ်တစ်ခုက တဖြည်းဖြည်း နီးကပ်လာတာကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ သူက ဘာအရိပ်အရောင်မှ မချန်ခဲ့ပဲ မတ်မတ်ရပ်လိုက်တယ်။ သူ့မျက်လုံးတွေက စိုးရိမ်တဲ့ပုံစံ ပိုဖြစ်လာပြီး သူအသံကလည်း လွမ်းဆွေးတမ်းတနေတဲ့ပုံအပြည့် ဖြစ်နေတော့တယ်။

စူးလီကတော့ ချန်းကျွမ်တောင်ထွတ်က ဖရဲသီးစားခဲ့ရတာကို အရမ်းကျေနပ်နေတာပေါ့။ သူ့မှာ တခြားလုပ်စရာ မရှိတာကို စဉ်းစားလိုက်မိတော့ လော့ရှူးတောင်ကို အပျင်းပြေ လမ်းပတ်လျှောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အမွှေးတိုင် တိုင်တဝက်စာ လမ်းလျှောက်လာပြီးတဲ့အခါမှာ သိပ်မဝေးလှတဲ့နေရာက အဖြူရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။

ဒီလူက ဒီစကားတွေကိုပဲ ဆက်တိုက်ရေးရွတ်နေခဲ့သလိုပဲ။

"မိန်းမလှလေးက ထွက်သွားပြီးတဲ့နောက်မှာ ဘာမှမရှိတော့အရာအတွက် ဝမ်းနည်းနေတဲ့လူကိုပဲ ချန်ထားခဲ့တယ်" နောက်ပြီးတော့ "နှစ်ပေါင်းများစွာ ကြာလာပြီးတဲ့နောက်မှာတော့ ကျန်ခဲ့တဲ့သူက ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်...."တဲ့။

နောက်ပြီး သူက ခေါင်းကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမမျက်လုံးထဲမှာ မိမိုက်ပြီး လွမ်းမောဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ထင်ထားတဲ့ပုံစံတစ်ခုနဲ့ သူမကို မျက်တောင်ခတ်ပြလိုက်တယ်။ စူးလီက သူမဝါးနေတဲ့ ဝိညာဉ်သစ်သီးကို ဘာမှမပြောဘဲ ဖယ်ထားလိုက်တယ်။

အကြောင်း‌ကြောင်းကြောင့်သူမက ရုတ်တရက်ဆိုသလို မူးနောက်လာတယ်လို့ ခံစားလိုက်ရ‌တော့တယ်။

နဉ်ယိက စူးလီရဲ့ထင်သာမြင်သာရှိတဲ့ ရွံ့ရှာဖွယ်ပုံစံကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်က ချစ်ခြင်း‌မေတ္တာအပြည့်နဲ့ လွမ်းဆွတ်နေပုံက အခိုက်အတန့် ရပ်တန့်သွားတော့တယ်။ ဒါပေမဲ့ သူက သူ့မျက်နှာကို ချက်ချင်း ပြင်ဆင်ထားလိုက်တယ်။ သူ့အသံက ဝမ်းနည်းမှုရစ်ပတ်နေတဲ့ အရိပ်အရောင်တစ်ခုနဲ့ နူးနူးညံညံလေး ထွက်လာခဲ့တယ်။

" ဂိုဏ်းတူညီမလေးက လော့ရှူးတောင်ထွတ်ကတပည့်လား"

စူးလီက ဘာမှဂရုမစိုက်သလို ပြောလိုက်တယ်။

" မဟုတ်ဘူး၊ ကျွန်မက ဒီတိုင်းဖြတ်သွားတာ၊ အခုပြန်တော့မှာ"

နဉ်ယိက သူမရဲ့စကားကြောင့် နင်သွားတော့တယ်။ အတင့်ရဲလိုက်ပုံများ သူ့လို ချီကျင့်ကြံခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဒီလိုလေသံနဲ့ သူ့ကို စကားပြောရဲရသလား။ သူက အသက် နှစ်သုံးရာ ပြည့်တော့မယ်၊ ကျင်းတန်းကျန်ရန် တစ်ယောက်ဖြစ်ပြီးတော့ မဟာအရည်အချင်းနဲ့ ပြည့်စုံသူပဲ။

ပိုင်ကျစ်ယွင်က သူ့ကို ကာကွယ်ပေးနိုင်ပြီး သူ ကြိုက်တာလုပ်ခွင့်ပေးမယ်လို့များ ထင်နေတာလား။

ဒါမှမဟုတ်ရင် သူက ဒါလိုဖြစ်လာအောင် ခက်ခက်ခဲခဲ ကစားနေတာလား။

အလင်းပွင့်သွားတဲ့အသိဉာဏ်တစ်ခုက နဉ်ယိမျက်လုံးထဲမှာ ဖျတ်ခနဲ လက်သွားတော့တယ်။ ပြောရမယ်ဆိုရင် သူ့မှာ အရည်အချင်း၊ ကျင့်ကြံခြင်းအဆင့်၊ ရုပ်အသွင်၊ မိသားစုနောက်ခံကအစ ပြည့်စုံတယ်။ သူက ချီကျင့်ကြံခြင်းအမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ဘာဖြစ်လို့ သည်းခံပေးနိုင်ရမှာလဲ။ အတိတ်တုန်းက ဒီလိုအဆင့်နိမ့်တဲ့ ကျင့်ကြံရေးသူ‌တွေနဲ့တွေ့ခဲ့ရင် သူက လှည့်တောင်မကြည့်ဘဲ ထွက်လာခဲ့သေးတာ။

ဒါပေမဲ့... အခုတော့ စူးလီက သူ့အတွက် အသုံးဝင်နေတယ်။ ဒီတော့ သူက သူရဲ့သေးငယ်တဲ့စိတ်ကူးလေးတွေကို သည်းခံပေးရမှာပေါ့။

"ဂိုဏ်းတူညီမလေး မင်းကိုမြင်တော့ ကျုပ်ရဲ့မိတ်ဆွေဟောင်း တစ်ယောက်ကို သတိရသွားတယ်"

နဉ်ယိက သက်ပြင်းချလိုက်ပြီး စူးရှပြီး လွမ်းဆွတ်ဖွယ် အကြည့်တစ်ခုနဲ့ စူးလီကို ကြည့်နေလိုက်တယ်။

"ကျုပ်ကို ဒီလိုခံစားရအောင် လုပ်နိုင်တဲ့သူမရှိတာ တော်တော်လေး ကြာသွားပြီ"

" ဂိုဏ်းတူညီမလေး မင်း ဒီအကြောင်းကို နားထောင်ချင်သလား "

စူးလီက မျက်နှာပေါ်မှာ အဆီတဝင်းဝင်းနဲ့ လျှံကျတော့မဲ့ပုံ ဖြစ်နေတဲ့ နဉ်ယိကို ကြည့်လိုက်ပြီး သူမရဲ့ တစ်ကိုယ်လုံး ကြက်သီထသွားသလို ခံစားလိုက်ရတယ်။

သူမက တွေ‌‌ဝေမနေဘဲ ခေါင်းခါပြလိုက်ပြီး ပြတ်ပြတ်သားသား ပြောရင်းက ရှေ့ကို ဆက်လျှောက်သွားတော့တယ်။

"ကျွန်မ စိတ်မဝင်စားဘူး "

နဉ်ယိက သူမရဲ့ပြတ်သားလှတဲ့ ကျောပြင်ကို တအံတဩ ကြည့်နေမိရင် နောက်ဆုံးတော့ သူမက သူ့ကို တကယ်ပဲ စိတ်မဝင်စားဘူးဆိုတာကို သိသွားတော့တယ်။

ဘာဖြစ်သွားတာလဲ။ သူ့ရဲ့ဒီအကွက်က အမြဲတမ်း အောင်မြင်နေခဲ့တဲ့ဟာကို။

စူးလီရဲ့ အသုံးဝင်ပုံကို စဉ်းစားလိုက်မိတော့ သူက ပင့်သက်တချက် ရှိုက်လိုက်ပြီး ရှေ့ကို နှစ်လမ်းလောက် မြန်မြန်လျှောက်သွားလိုက်ကာ စကားပြောတဲ့ပုံစံကို ပြောင်းလဲလိုက်တယ်။

"ဂိုဏ်းတူညီမလေးက လော့ရှူးတောင်ထွတ်က တပည့် မဟုတ်ဘူးနော်၊ ဒီနေရာနဲ့ ရင်းနှီးမှာ မဟုတ်ဘူးပေါ့၊ ကျုပ်က ဂိုဏ်းတူညီမလေးကို အဖော်ပြုပေး..."

စူးလီက သူမရဲ့လမ်းကို ပိတ်ထားပြီး သူမထွက်သွားမှာကို တားမြစ်နေတဲ့ အဆီတဝင်းဝင်း မျက်နှာပိုင်ရှင် သူ့ကို ကြည့်လိုက်ပြီး လက်တွေယားလာ‌တော့တယ်။

ဒီအချိန်မှာပဲ တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ထဲမှာ ပုန်းကွယ်နေတဲ့ ပစ္စည်းတစ်ခုက ဖျတ်ခနဲ လက်လာပေမဲ့ ဘယ်သူ့ရဲ့အာရုံစိုက်ခြင်းကိုမှ မခံလိုက်ရဘူး။

မိုးကြိုးက နေရာမှန်ကို တွေ့သွားပြီး ပစ်ချတော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သိပ်မဝေးလှတဲ့နေရာက အံသြနေတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

" ချန်ပေ့ ရှင်က ဒီကို ရောက်နေတာကိုး"

ပိုင်ကျစ်ယွင်က အသက်တောင်မရူနိုင်ပဲ စူးလီဆီကို အပြေးအလွှား ရောက်လာပြီး သူမရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတို့က သူမကို တွေ့ရလိုက်အချိန်မှာပဲ ပျောက်ကွယ်သွားတော့တယ်။

သူမက ပင့်သက်တချက်ရှိုက်လိုက်ပြီး နောက်ဆုံးမှာတော့ စိတ်အေးသွာတော့တယ် ။

“တော်ပါ‌သေးရဲ့... ချန်ပေ့က ထွက်သွားခဲ့တာ မဟုတ်လို့”

စူးလီက ပျောက်ကွယ်မသွားသေးတဲ့ သူမရဲ့မျက်လုံးထဲက မျက်ရည်တွေကို ကြည့်လိုက်ပြီး ရင်ထဲမှာ အနည်းငယ် ခံစားလိုက်ရတယ်။ သူမက လက်ထဲက မိုးကြိုးပစ်တော့မဲ့ အနေအထားကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမရဲ့ပခုံးကို ပုတ်ပေးလိုက်တယ်။

"ငါထွက်သွားမယ်ဆိုရင် နင့်ကို အသိပေးမှာပေါ့"

ပိုင်ကျစ်ယွင်က အခိုက်အတန့် မှင်တက်အံဩသွားခဲ့တယ်။ တကယ်တော့ သူမရဲ့ချန်ပေ့က ရွှင့်ချန်းဂိုဏ်မှာ အချိန်အကြာကြီး နေချင်တဲ့ပုံ မပေါ်ဘူးဆိုတာ သူမ အမြဲတမ်းခံစားမိနေတယ်။ ချန်ပေ့က အချိန်မရွေး တိတ်တိတ်လေး ထွက်သွားနိုင်တယ်။

မျှော်လင့်မထားပဲ ဒီနေ့ကျတော့ ချန်ပေ့က သူမကို ကတိပေးလိုက်တယ်။

ချန်ပေ့က အရမ်းကိုသဘောကောင်းတာပဲ။

သူမက သတိပြန်ဝင်လာပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။

" ဟုတ်ကဲ့"

သူမရဲ့နောက်မှာတော့ လုကျင်းဟွိုင်က ဖြစ်စဉ်တစ်ခုလုံးကို မနာလိုစွာနဲ့ ကြည့်နေပြီး နောက်ဆုံးတော့ စိတ်ထဲမှာ သက်ပြင်းချလိုက်‌တော့တယ်။ အကြီအကဲပိုင်နဲ့ ဒီတာအိုရောင်ရင်းစူးတို့က တကယ်ကို ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတာပဲ။

"တာအိုရောင်ရင်းစူးကို တွေ့လိုက်ရတော့ အဆင်ပြေသွားပါပြီ” သူက လည်ချောင်းကို ရှင်းလိုက်ပြီး သိမ့်မွေ့တဲ့အသံတစ်ခုနဲ့‌ပြောလိုက်တယ်။

"အခုတော့ အကြီးအကဲပိုင်က စိတ်ချထားလို့ ရပါပြီ"

သူ့ရဲ့နောက်မှာတော့ လော့ရှူးတောင်ထွတ်ကို လာပြီး အဆင့်ငါး ရေခဲမြက်ကို လာလေ့လာကြတဲ့ ယောက်တန်းတောင်ထွတ်သခင်နဲ့ အကြီးအကဲ ‌တပည့်တွေ ပါလာတယ်။ ဒီကိစ္စ မတိုင်ခင်က ကျင့်ကြံရေးလောကထဲမှာ ရေခဲမြက်ဆိုတာ အဆင့်လေးက အမြင့်ဆုံးပဲ။ အခုတော့ သူ့ကို အဆင့်တစ်ခု တိုးတက်အောင် လုပ်နိုင်ခဲ့ပြီး အာနိသင်က ဘယ်လောက်ထိ တိုးတက်သွားမလဲမသိဘူး။ ဒီဟာက ဆေးရည်ကို ဆေးလုံးအဆင့်သန့်စင်တဲ့နေရာမှာလည်း စစ်ဆေးအတည်ပြုပေးဖို့ လိုသေးလား မသိဘူး။ ဒါကြောင့်မို့လို့ ရေခဲမြက်ကို သုံးတဲ့နေရာမှာ အထူးကျွမ်းကျင်ကြတဲ့ အစွမ်းရှိတဲ့ ပုဂ္ဂိုလ်တော်တော်များများက အချိန်အတော်ကြာအောင် ကြိတ်ပြီးတော့ တိုက်ခိုက်နေကြတော့တယ်။

နောက်ဆုံးတော့ ပိုင်ကျစ်ယွင်က သူမရဲ့နောက်ကလူတွေကို အာရုံစိုက်လာနိုင်တော့တယ်။ အခုလေးတင် လူတစ်ယောက်ကို ရှာပေးဖို့ သူမကို အဖော်ပြုပေးခဲ့တဲ့ မြင်ကွင်းကို ပြန်စဉ်းစားလိုက်ချိန်မှာ သူမက အနည်းငယ်ရှက်ရွံ့သွားပြီး သူမအရင်းနှီးဆုံးဟန်ပန်နဲ့ ကျေးဇူးတင်စကား ပြောလိုက်တယ်။

"ကျွန်မ မနက်ဖြန်ကျရင် နောက်ထပ်ရေခဲမြက်တွေကို ဖော်စပ်ပေးမယ်နော်"

ယောက်တန်းတောင်ထွတ်သခင်က ဝမ်းသာသွားတော့တယ်။

" ဒါဆိုရင်တော့ ဝမ်းသာစရာပဲ"

သူစကားမဆုံးခင်မှာပဲ လုကျင်းဟွိုင်ရဲ့ စကားလုံးတွေနဲ့ ခြောက်လန့်ခြင်းကို ခံလိုက်ရပြီး ပြောလိုက်တဲ့စကားကို ပြန်ပြင်ပြီး ပြောလိုက်ရတော့တယ်။

" ကျုပ်ပြောချင်တာကလည်း ရေခဲမြက် လုပ်ရတာ မပင်ပန်းဘူးဆိုမှပါ"

"ရပါတယ် မနက်ဖြန်ကျရင် ရှင့်ဆီကို ရေခဲမြက်တွေ လူတစ်ယောက်နဲ့ ပို့ခိုင်းလိုက်မယ်"

ဘေးမှာရပ်နေတဲ့ နဉ်ယိက အားလုံးရဲ့ သဘောထားကို မြင်ရတဲ့အချိန်မှာ သူ့လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်တယ်။

သူက ခေါင်းကို ငုံ့ထားလိုက်ပြီး မျက်လုံးတွေထဲမှာလည်း ရည်မှန်းချက်တွေ အပြည့်ဖြစ်နေတော့တယ်။ တကယ်လို့များ သူသာ ဒီလိုအရည်အချင်းမျိုး ပိုင်ဆိုင်နိုင်ခဲ့ရင် ကျင့်ကြံရေးလောကမှာ သူ့ကို ဘယ်သူက နှိုင်းယှဉ်နိုင်‌တော့မှာလဲ။

ဒီလိုစဉ်းစားမိတော့ သူက ပင့်သက်တချက်ရှိုက်လိုက်ပြီး ခေါင်းကို ငုံ့ကာ အကြီးအကဲတွေကို နှုတ်ဆက်လိုက်တော့တယ်။

" ဂိုဏ်ချုပ်ကြီး ၊ ဒုတိယအကြီးအကဲ"

ဒီအချိန်မှာပဲ လုကျင်းဟွိုင်နဲ့ တခြားအကြီးအကဲတွေက နဉ်ယိကို သတိပြုမိသွားတယ်။

နဉ်ယိရဲ့အရည်အချင်းက ရွှင့်ချန်ဂိုဏ်းမှာ သာမန်ထက်မြင့်မားပြီး အဆင့်လေးအကြီးအကဲရဲ့ တပည့်အရင်းလည်း ဖြစ်နေတော့ လုကျင်းဟွိုင်က သူ့ကို နည်းနည်းတော့အထင်ကြီးတယ်။

"နဉ်ယိ ဟုတ်တယ်မလား " သူက သူ့ရဲ့မုတ်ဆိတ်မွှေးတွေကို သပ်လိုက်ပြီး "မင်းက ချန်းကျွမ်တောင်ထွတ်မှာ ရှိနေရမှာမလား၊ ဒီနေ့ကျမှ ဘာဖြစ်လို့ လော့ရှူးတောင်ထွတ်ကို ရောက်လာတာလဲ"

နဉ်ယိက ခေါင်းကိုငုံ့ထားလိုက်ပြီး သူ့ရဲ့အသံက လေးစားသမှုအပြည့် ဖြစ်နေပေမဲ့ ဝမ်းနည်းနေဟန် ပေါ်နေတယ်။

"တပည့်က လော့ရှူးတောင်ထွတ်ကို ခဏလောက်လာကြည့်ချင်လို့ပါ"

လုကျင်းဟွိုင်က လွန်ခဲ့တဲ့ခုနှစ်နှစ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ပြန်သတိရသွားတော့တယ်။ ယွင်ရှောင်ရဲ့အရည်အချင်းက အရမ်းကို အံဩစရာကောင်းပြီး သူ့အတွက် အထင်ကြီးစရာတစ်ခုအဖြစ် ကျန်ခဲ့တယ်။ အဲဒီတုန်းက ယွင်ရှောင်နဲ့နဉ်ယိတို့က ကလေးနှစ်‌ယောက်သာသာ ပဲရှိသေးတယ်။

အခုတော့ သူရဲ့တပည့်အရင်းတွေကတောင် နဉ်ယိက ယွင်ရှောင်အပေါ်ထားတဲ့ နက်ရှိုင်းတဲ့ ချစ်မေတ္တာအကြောင်းကို သူ့ကို မကြာခဏ လာပြောပြနေတတ်တယ်။

သူက သက်ပြင်းချပြီး ပြောလိုက်တယ်။

" အချစ်နာကျနေတဲ့ ကလေးတစ်ယောက်ပဲ"

သူ့နောက်က အကြီးအကဲတွေနဲ့တပည့်တွေကလည်း မျက်လုံးတွေထဲမှာ ထောက်ခံမှုအပြည့် ဖြစ်နေတော့တယ်။

[အရူးအမူး စွဲလမ်းနေတာတဲ့လား၊ သူတိုရဲ့မျက်လုံးတွေကလည်း ဆိုးရွားလွန်းလိုက်တာ၊ ဟုတ်တယ်မလား]

[ဟိုကိစ္စမှာ အလွန်အကျွံ လိုက်စားပါနေတယ်လို့ သက်သေပြနေတဲ့ ဒီမျက်နှာကြီးက တကယ်တည်း အရူးအမူး စွဲလမ်းဆိုတဲ့စကားက ဘယ်လိုများ သက်ဆိုင်သွားတာလဲ]

စူးလီက သံသယမျက်လုံးတစ်ခုနဲ့ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ဖတ်ပြီးတဲ့နောက်မှာတော့ သူမက အထိတ်တလန့်‌လေသံနဲ့ ပြောလိုက်‌တော့တယ်။

[တစ်စုံတစ်ယောက်နဲ့ ဟိုဒင်းဟိုဟာ ပြုလုပ်ပြီးတာတောင်မှ သေသွားတဲ့သူအတွက် အချစ်တွေကို မမေ့နိုင်သေးဘူးတဲ့လား]

[ကြည့်ပါအုံးမယ်...တကယ်တမ်းတော့ သူက အရူးအမူးစွဲလမ်းနေတယ်လို့ ဟန်ဆောင်ပြီး လူတစ်ဆယ့်နှစ်ယောက်မကကိုတောင် ဒုက္ခပေးပြီပြီးတဲ့လား]

[သူ့ရုပ်က ကျောက်ကပ်မကောင်း‌တော့တဲ့ရုပ် ပေါက်နေတာလည်း မဆန်းတော့ပါဘူး]

...

All Chapters