← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း (၅)

ချီယွီမှာ လျန်ချန်းကျုံ့ သွေးတွေအန်နေပြီး ဒေါသကြောင့် မျက်လုံးတွေ ပြူးထွက်လာတာ မြင်လိုက်တဲ့အချိန်မှာပဲ အရမ်းကို စိတ်လှုပ်သွားခဲ့တယ်။

ဆရာက သူ့ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြတတ်တဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီတော့ သူခံလိုက်ရတဲ့ကိစ္စကြောင့် ဆရာက အရမ်းဒေါသထွက်ပြီး သွေးတွေ အန်ထွက်လာတာပဲ။

သူ့ဆရာက သူ့ကို အသုံးချနေတာလို့ အစကတုန်းက သံသယဖြစ်နေခဲ့တာ။ တကယ်တော့ သူမှားသွားတာပဲ။

ဒီမိန်းမဆိုးကြီးကတော့ ရွှေသက်စောင့်အဆင့်အကြီးအကဲတစ်ယောက်ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ပြီး ကံဆိုးမိုးမှောင်ကျလို့ သေမှာပဲ။

ချီယွီက စူးလီရဲ့သေဆုံးမှုက အရမ်းကို သနားစရာကောင်းတော့မှာပဲလို စိတ်ကူးယဉ်နေတုန်းက အရမ်းကို ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအင်က သူ့တည့်တည့်ကို ပြေးဝင်လာတာ တွေ့လိုက်ရတယ်။

သူ့မျက်နှာပေါ်မှာ အထိတ်တလန့်အကြည့်တစ်ခုနဲ့ ဝိညာဉ်စွမ်းအင် ရိုက်ချတာ ခံလိုက်ရပြီး မြေကြီးပေါ်မှာ ကြီးမားတဲ့လူပုံသဏ္ဌာန်အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့တယ်။

“ဆရာ... ဆရာ..” သူ လူမှားပြီး ရိုက်မိတာလား။

စူးလီက သတိပြန်ဝင်မလာသေးတဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် မြန်မြန်ဆုတ်လိုက်ပြီး စကားပြောဖို့ လုံလောက်တဲ့အကွာအဝေးတစ်ခု ချန်ထားခဲ့တယ်။

သူမက သနားစရာကောင်းတဲ့အခြေအနေဖြစ်နေတဲ့ မြေကြီးပေါ်က ချီယွီကို ကြည့်လိုက်ပြီး စိတ်ထဲမှာ ပီတိတဖွားဖွား ဖြစ်သွားတော့တယ်။

[အခု‌လေးတင် ရန်ဖြစ်သွားတာလား]

[ဧကန္တ လျန်ချန်းကျုံ့က ချီယွီရဲ့ သိုလှောင်အိတ်ထဲက ဝိညာဉ်ရတနာတွေကို အာရုံခံမိသွားတာများလား...အဟား-- အများစုက သူ့မိန်းမ ပေးထားတဲ့ဟာတွေလေ~ ~]

[ဟုတ်တာပေါ့.. သူက လူတွေကို ခိုးတဲ့အပြင် ရတနာပစ္စည်းတွေလဲ အများကြီး ယူသွားသေးတယ်၊ လျန်ချန်းကျုံ့ ဒေါသထွက်တာလဲ မဆန်းဘူး]

[ကြည့်လိုက်ပါအုံးမယ်... နှင်းနက်မြက်၊ ကိုးလွှာဒိုင်း၊ အဆင့်-၅နဉ်ချွမ်ဆေးရည်၊ အဲဒါက ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှ လျန်ချန်းကျုံ့က သန့်စင်ဖို့ အများကြီး အားစိုက်ထုတ်ထားခဲ့တဲ့ဟာပဲ...]

[ဝိုး... ချီယွီက သူ့ဆရာထက်ကို ပိုချမ်းသာလုနီးပါးပဲ ဟုတ်ရဲ့လား]

လျန်ချန်းကျုံ့မှာ အဲဒီစကားကို ကြားပြီးတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ချီယွီကို ခပ်ကြမ်းကြမ်း ပါးထပ်ရိုက်ပစ်လိုက်တယ်။

“အရိုင်းအစိုင်းတိရိစ္ဆာန်ကောင်”

သူက ချီယွီရဲ့ခန္ဓာကိုယ်ထဲက သိုလှောင်အိတ်ကို သူ့ဝိညာဉ်စွမ်းအင်နဲ့ ဆွဲဖြံလိုက်ပြီး ဝိညာဉ်သိစိတ် အမှတ်အသားကို ဖျက်ဆီးပစ်လိုက်တယ်။ နောက်ဆုံး သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို ကြည့်လိုက်ပြီး ဒေါသကြောင့် တုန်ယင်လာတော့တယ်။

ချီယွီမှာ သိုလှောင်အိတ် ပွင့်သွားတာကို မြင်လိုက်ရတော့ တစ်ခုခုကို ရုတ်တရက် နားလည်သွားတဲ့ပုံပဲ။ သူ့ခန္ဓာကိုယ်က လေ‌အေးထဲမှာ လွင့်နေတဲ့ အဝတ်စုတ်တစ်ခုလို တုန်ခါနေပြီး သူက ကပျာကယာနဲ့ ပြောလိုက်တယ်။

“အဲဒါက... အဲဒါက...”

လျန်ချန်းကျုံ့က သူ့ကို စကားပြောခွင့် လုံးဝ မပေးတော့ဘူး။ သူ့ဝိညာဉ်စွမ်းအင်တွေကို လက်ဖဝါးဆီ ပို့လိုက်ပြီး ချီယွီကို ထပ်ခါ ထပ်ခါ ပါးချပစ်လိုက်တယ်။

“မင်းက အတင့်ရဲလှချည်လား- မင်း ဆရာကို အနိုင်ကျင့်ရဲတယ်...”

[စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ]

စူးလီက သူ့မျက်လုံးတွေကို လက်တွေနဲ့ကာထားလိုက်ပြီး လက်ချောင်းကြားထဲကနေ ဆန်ကုန်မြေလေး အသေအရိုက်ခံနေရတာကို ဝမ်းသာအားရ ကြည့်နေလိုက်တယ်။

[ချီယွီ သူ့မိန်းမဆီကို သွားတဲ့အကြိမ်တိုင်း သူတောင်မသုံးရက်တဲ့ ရတနာပစ္စည်းတွေအများကြီး ရထားမှန်းသာ လျန်ချန်းကျုံ့ သိသွားရင်တော့ ပိုပြီးတော့တောင် ဒေါသထွက်နေအုံးမှာပဲ]

[ဝိုး~ ~ သူတို့တွေ အိပ်ရာထဲရောက်တဲ့အကြိမ်တိုင်း ချီယွီက သူ့မိန်းမကို တီတီတာတာ ချစ်စကားတွေ ပြောတတ်သေးတယ်ဟဲ့]

[လျန်ချန်းကျုံ့က သူနဲ့ သူ့မိန်းမ အခုတလော စကားများရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မစဉ်းစားမိတာလား၊ သူ့တပည့်က အိပ်ရာထဲမှာ ပြဿနာရှာနေလို့ဖြစ်ရတာလေ]

[ဒီလိုတပည့်မျိူးနဲ့တော့ လင်မယားနှစ်ယောက်က ဘာဖြစ်နိုင်အုံးမှလာဲ]

အပြင်လောကရဲ့အသံ ပြောလိုက်တဲ့ စကားတိုင်းကြောင့် လျန်ချန်းကျုံ့က ချီယွီကို ပိုပိုပြီး ရိုက်တော့တာပဲ။

ချီယွီက အထက်က အသံကို မကြားနိုင်လေတော့ သူ့အတိတ်က လုပ်ရပ်တွေအားလုံး ဖော်ကောင် လုပ်ခံလိုက်ရမှန်း လုံးဝ မသိလေဘူး။

လျန်ချန်းကျုံ့က သူနဲ့ သူ့ဆရာရဲ့ မိန်းမတို့အကြောင်းကို ဘယ်လောက်အထိ သိသွားလဲဆိုတာကို မသိလေတော့ သူ့မှာ ရှင်းပြလို့ကလဲ မရဘဲ ပြုသမျှ ခံလိုက်ဖို့ပဲ တတ်နိုင်တော့တယ်။

လျန်ချန်းကျုံ့က စိတ်လျှော့လိုက်ပြီးတော့ သူက...

ဒါပေမဲ့ သူ့စွမ်းအားဗဟိုချက်ထဲမှာ ခပ်ပါးပါး အက်ကြောင်းကို ခံစားလိုက်ရပြီး အလန့်တကြား တုန်လှုပ်သွားခဲ့တယ်။

သူ ဒီလို ဆက်ဖြစ်နေရင် ကိုယ်အင်္ဂါ ချို့တဲ့ကုန်တော့မှာပဲ။

“ဆရာ၊ ကျွန်တော် မှားပါတယ်၊ ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး” သူ့မှာ အကျိုး အပြစ်ကို မချင့်ချိန်နိုင်တော့ဘဲ မျက်ရည်လည်ရွဲနဲ့ သူ့အမှားကို ဝန်ခံလိုက်တော့တယ်။ “ဆရာ တပည့်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

သူ့မှာ သူ့ခန္ဓာကိုယ်ပေါ်က ပြင်းထန်တဲ့နာကျင်မှုကို အံတုရင်း သူ့ဦးနှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်လိုက်ပြီး ပိုင်ကျစ်ယွင် စိုက်ထားပေးတဲ့ ဝိညာဉ်ဆေးပင်တွေကို ရုတ်တရက် သတိရသွားခဲ့တယ်။

အဲဒီ‌ဆေးပင်တွေကြောင့်ပဲ သူ လျန်ချန်းကျုံ့ရဲ့ တပည့်ဖြစ်လာခဲ့တာလေ။

“ဆရာ နောက်ပိုင်းကျရင် တပည့်ကို ဘာပဲ ဖြစ်စေချင်ချင် တပည့် ဆရာ့အတွက် အကောင်းဆုံး လုပ်ပေးပါ့မယ်” ချီယွီက လျန်ချန်းကျုံ့ရဲ့ နောက်လက်သီးတစ်ချက် ရောက်မလာခင် ကမန်းကတမ်း အော်ပြောလိုက်တယ်။

လျန်ချန်းကျုံ့ရဲ့ ဝိညာဉ်စွမ်းအင်က ပိတ်ဆို့သွားပြီး နောက်ဆုံးတော့ ဆင်ခြင်ဉာဏ်နည်းနည်း ပြန်ဝင်လာခဲ့တယ်။

သူ အခု ချီယွီကို သ-တ်လို့မရသေးဘူး။ သူပေးတဲ့ ဝိညာဉ်ဆေးပင်တွေက အဆင့်နိမ့်ပြီး တခြားဝိညာဉ်ဆေးပင်တွေနဲ့ မကွာဘူးလို့ ထင်ရပေမဲ့ ဝိညာဉ်စွမ်းအင်နဲ့ အာနိသင်က အရမ်းကောင်းတယ်။

ဒီလိုဆေးရည်နဲ့ ဆေးလုံးတွေကို သန့်စင်ရင်အောင်နိုင်တဲ့နှုန်းက မြင့်တယ်။ နောက်ပြီး အာနိသင်ကလည်း အဆင့်တူဆေးလုံးတွေထက် အများကြီးပိုကောင်းတယ်။

သူအခု ဆေးလုံးအသစ်ကို စူးစမ်းနေတာ။ ချီယွီက သူ့အတွက် သုံးဝင်လောက်တယ်။

ဒီလိုစဉ်းစားလိုက်ပြီးတော့ လျန်ချန်းကျုံ့က မည်းမှောင်နေတဲ့မျက်နှာနဲ့ သူ့လက်ကို ပြန်ချထားလိုက်တော့တယ်။ _ ဒီတစ်ခါတော့ သူ့အသက်ကို ချမ်းသာထားပေးလိုက်အုံးမယ်။

စူးလီက လျန်ချန်းကျုံ့ ရပ်သွားတာကို မြင်လိုက်ရတော့ သူမ မကျေမနပ်ဖြစ်သွားခဲ့တယ်။ - ရှင်က ကလေးကို နည်းနည်းပါးပါးပဲ ရိုက်ပြီး ခြောက်နေတာလား။

သူမက အာရုံကို ကောင်းကင်စာအုပ်ထဲ ပြန်ထည့်ထားလိုက်ပြီး

[ဒါနဲ့ ဆရာ့မိန်းမက လျန်ချန်းကျုံ့ကို လုံးဝ မကြိုက်ဘူးတဲ့... သူ့မှာ လုံလောက်တဲ့ အရည်အချင်း မရှိဘဲ ကြာကြာမခံလို့များလား]

[ဟုတ်နေပါပြီ...]

စူးလီက စိတ်လှုပ်ရှားတဲ့မျက်နှာနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ဖတ်လိုက်တယ်။

[လျန်ချန်းကျုံ့က တကယ်တော့ ရေ လုံးဝ မချိုးဘူးတဲ့ဟယ်]

[နှစ်တစ်ရာတောင် ရှိပြီတဲ့၊ သူ တစ်ခါလေးတောင် ရေမချိုးတာတဲ့]

လျန်ချန်းကျုံ့က မျက်‌မှောင်ကြုတ်လိုက်ပြီး သူ့အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ပြီး သူ့မျက်နှာက လုံးဝငြင်းဆန်နေတဲ့ရုပ်နဲ့။ - သူက အညစ်အကြေး ဖယ်ရှားတဲ့နည်းကို သုံးထားတာပဲ။ ဘာလို့ ရေချိုးနေစရာ လိုသေးလဲ။

အချိန်အလကားကုန်တယ်။

အဲဒီအစား ဒီအချိန်ကို ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ သုံးလိုက်တာ ပိုမကောင်းဘူးလား။

[ပြီးခဲ့တဲ့အခေါက်တုန်းက ဖိုထိုးနေတုန်းက မီးပြင်းဖို ပေါက်ကွဲသွားလို့ နံစော်နေတာ တစ်လ ကြာတယ်တဲ့၊ အညစ်အကြေး ဖယ်ရှားတဲ့ နည်းကလည်း အနံဆိုးကြီးကို ပျောက်အောင် မလုပ်နိုင်ဘူး]

[ကောင်းလိုက်လေ... သူက သူ့မိန်းမကို တစ်လလုံး မှိုင်းတိုက်ထားခဲ့တာလေ]

[လျန်ကတော်ရယ်... ရှင်က တကတည်း ဘာကို ကြည့်ပြီး ယူခဲ့တာလဲ]

[သူက အသက်ကြီးလို့လား၊ သူ့က ရေမချိုးလို့လား]

လျန်ချန်းကျုံ့မှာ နင်သွားတော့တယ်။

[ဘုရားရေ လျန်ချန်းကျုံ့က တကယ်တော့ ကပ်စေးနဲတဲ့အပြင် သူက တကယ်တော့ ]

ကောင်းကင်ကလာတဲ့အသံက သူ့ပိုက်ဆံတွေကို ခိုးဖို့ အားတက်သရော ကြိုးစားနေတာကို ကြားလိုက်ရတော့ လျန်ချန်းကျုံ့မှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ အပြင်းအထန် ဒဏ်ရာရနေတဲ့ ချီယွီကို ကောက်မပြီး သူ့နေရာကို ပျံထွက်သွားခဲ့တယ်။

သူ တခြား ဘာမှ မလုပ်နိုင်တော့ဘူးလေ။ သူ ဆူဆူညံညံလုပ်ပြီး အပြင်လောကကအသံကို ကြားနိုင်တဲ့ လူတစ်ယောက်ယောက်ကို ဆွဲဆောင်မိမှဖြင့် ပြစရာမျက်နှာ မရှိဘဲ နေတော့မယ်။

[သွားပြီလားဟ..]

စူးလီက လျန်ချန်းကျုံ့ရဲ့ ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး နှမြောစိတ်နဲ့ပဲ သူမရဲ့စိတ်ပင်လယ်ထဲက ကောင်ကင်စာအုပ်ကို ပိတ်လိုက်ပြီး သူမဘေးက လူဆီကို အာရုံပြောင်းလိုက်တော့တယ်။

ပိုင်ကျစ်ယွင်ကတော့ လျန်ချန်းကျုံ့ရဲ့ ရွှေအမြုတေ ကျင့်ကြံရေးအဆင့်ကြောင့် အထိတ်တလန့် ဖြစ်သွားပြီး ဘာဖြစ်သွားမှန်းတောင် သေချာမသိလိုက်ဘူး။ ချီယွီက သူ့ဆရာရဲ့ အကြိမ်ကြိမ် ထိုးကြိတ်ခံရတာကိုပဲ ခပ်ရေးရေးလေး မှတ်မိတော့တယ်။

သူမက ချီယွီထွက်သွားတဲ့နေရာကို ကြောင်တောင်တောင်နဲ့ ငေးကြည့်နေပြီး သူမရဲ့ မျက်ရည်တွေ ဝဲနေတဲ့မျက်ဝန်းတွေထဲမှာလဲ ရင်နာခြင်းအပြည့်နဲ့ သူ့ကို စိုးရိမ်နေလေရဲ့။

သူမဘေးက စူးစမ်းနေတဲ့အကြည့်ကို ခံစားမိလိုက်မှ နောက်ဆုံးတော့ သတိပြန်ဝင်လာတဲ့ပုံနဲ့ အလန့်တကြားနဲ့ ခေါင်းကို လှည့်ကြည့်ပြီး သူမရဲ့အသံက ဒေါသရိပ်လေးတောင် ပြည့်နေသေးတယ်။

“တောင်ထွတ်သခင်က ဂိုဏ်းတူအစ်ကိုကို ဒီလို ဆက်ဆံရတာလဲ၊ ဂိုဏ်းတူအစ်ကို တစ်ဦးတည်းသောတပည့် မဟုတ်ဘူးလား”

သူမက စူးလီအဖြေကို မမျှော်လင့်ထားပါဘူး။ သူ့ဟာသူ နှစ်သိမ့်လိုက်တယ်။ “ဂိုဏ်းတူအစ်ကိုချီက အရမ်းသန်မာတာ၊ သူ အဆင်ပြေမှာပါ”

စူးလီက ပိုင်ကျစ်ယွင်ရဲ့ နူးညံ့ပြီး နောင်တမရှိတဲ့ပုံကို ကြည့်လိုက်ပြီး ချီယွီက သူမကို ဝိညာဉ်ချည်နှောင်သံချောင်းနဲ့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်းကို စဉ်းစားမိလိုက်တယ်။ သူမက ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး သူမရဲ့အသံက အရမ်းကို ဖြူစင်တဲ့လေသံနဲ့ ပြောလိုက်တော့တယ်။

“နင် အဲဒီ ဆန်ကုန်မြေလေးကို ချစ်ရဖို့ ပြီးအောင်လုပ်မဲ့ တာဝန်တစ်ခုခုများ ရှိနေလို့လား”

“တာအိုရောင်းရင်း ရှင် အထင်လွဲနေတာပဲ ဖြစ်ရမယ်” ပိုင်ကျစ်ယွင်က မျက်နှာထားတစ်ခုနဲ့ ပြောလိုက်တယ်။

“ရှင်က ဘယ်လိုဖြစ်ပြီး ဂိုဏ်းတူအစ်ကိုရဲ့အကြောင်းကို ပြောနေရတာလဲ” သူမက အရမ်းကို လေးလေးနက်နက်နဲ့ ရှင်းပြနေပြန်တယ်။

“ဒီနေ့ ဖြစ်သွားတာကလဲ အသေးအဖွဲမတော်တဆ ကိစ္စလေးပါ”

“ရှင်ကတော့ သိမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုက ကျွန်မအပေါ် တကယ် အရမ်းကြင်နာပေးတာပါ”

“ဥပမာ ပြောကြည့်လေ” စူးလီက အရံသင့်မေးလိုက်တယ်။

ပိုင်ကျစ်ယွင်ရဲ့ ကော့ညွှတ်နေတဲ့မျက်တောင်ရှည်တွေက မသိမသာ တုန်လှုပ်သွားပြီး သူမရဲ့အသံက နည်းနည်းလေး ရှက်နေတဲ့ပုံနဲ့ “ဂိုဏ်းတူအစ်ကိုက ကျွန်မအပေါ်ကို အရမ်းဂရုစိုက်တာပါ၊ ကျွန်မ နေမကောင်းရင် အမြဲတမ်း သတင်းမေးတတ်တယ်”

“မေးရုံပဲ...လား”

သူမရဲ့မေးခွန်းကို ကြားလိုက်တော့ ပိုင်ကျစ်ယွင်က လက်သီးကို နည်းနည်းလေး တင်းအောင် ဆုပ်လိုက်ပြီး အသံကို နည်းနည်းမြင့်လိုက်တယ်။

“ကျွန်မ နေမကောင်းတာ သူ သိသွားရင် သူက ကျွန်မ ကောင်းကောင်းနားဖို့၊ ရေနွေး ပိုသောက်ဖို့ပြောတယ်”

“ပြောရုံပဲ...လား”

ပိုင်ကျစ်ယွင်ရဲ့အသံကို ပိုကျယ်လာပြီး အလောတကြီးနဲ့ ပြောပြန်တယ်။

“ဂိုဏ်းတူအစ်ကိုက အရမ်းအလုပ်များနေရင်တောင် သူက အချိန်ပေးပြီး ကျွန်မကို လာတွေ့တယ်”

“လာတွေ့ရုံ...ပဲလား”

ပိုင်ကျစ်ယွင်က လက်သီးကို ကျစ်နေအောင် ဆုပ်ထားလိုက်ပြီး “ဂိုဏ်းတူအစ်ကို.. သူက... သူက ကျွန်မနာမည် ထွင်းထားတဲ့ ကျောက်ပြားတစ်ခုလဲ ပေးသေးတယ်”

“ဟင်းနော်... နင် ပြောချင်တာက ဝိညာဉ်စွမ်းအင် လုံးဝမရှိတဲ့ နင်ကိုယ်တိုင်တောင် အခန်းအပြည့် ကျောက်တွေ ထွင်းနိုင်တယ်လို့ ပြောနေတာမလား”

ပိုင်ကျစ်ယွင်ရဲ့မျက်နှာက နီရဲသွားပြီး စူးလီကို ဘယ်လိုပြန်ငြင်းရမလဲလို့ ခက်ခက်ခဲခဲ စဉ်းစားနေရတော့တယ်။

စူးလီက သူမရဲ့အတွေးတွေကို ဂရုမစိုက်ပါဘူး။ သူမက ဖြည်းဖြည်းချင်း ရှေ့ကို လျှောက်လာပြီး သက်ပြင်းချရင်း ပြောလိုက်တယ်။

“ကျင့်ကြံရေးလောကက လူတွေက အရမ်းကို ရိုးရှင်းပြီး ရိုးသားလိုက်ကြတာ (နောက်ပြီး လှည့်စားဖို့ လွယ်တယ်)”

“တစ်နေ့ သုံးခါလောက် နှုတ်ဆက်၊ တစ်လတစ်ခါလောက် အချင်းချင်း တွေ့ကြပြီး ခြောက်လတစ်ခါလောက်မှ အလကားရတဲ့ လက်ဆောင်သေးသေးလေး ပေးတာကို...”

ကြည့်ရတာ ချီယွီက အခြေအနေ သိတဲ့သူပဲ။ သူ့ခြေထောက်ကို လှေ၈စင်းပေါ်တောင် တင်ထားနိုင်တယ်။ ငါသာဆိုရင်လဲ ငါ့ခြေထောက်ကို လှေ၈စင်းပေါ် တင်နိုင်မှာပဲ။

ပိုင်ကျစ်ယွင်က သူမရှေ့က စူးလီရဲ့သက်ပြင်းချသံကို ကြားလိုက်ရတော့ သူမရဲ့အမူအရာက ထပ်ခါထပ်ခါ ပြောင်းလဲသွားခဲ့တယ်။နောက်ဆုံးတော့လည်း နောင်တမဲ့တဲ့ ယုံကြည်မှုကိုပဲ စွဲကိုင်ထားတုန်းပဲ။

“အဲဒီ ကျောက်ပြားလေးက ဂိုဏ်းတူအစ်ကို သူကိုယ်တိုင် ထွင်းထားပေးတာပါ” သူမက ရှေ့ကို ပြေးလာပြီး ချီယွီအတွက် အသံကျယ်ကျယ်နဲ့ ခုခံပေးရှာတယ်။

“ဆွဲချက်တိုင်းက ကျွန်မအတွက် သူ့ရဲ့အနက်ရှိုင်းဆုံးအချစ်ကို ကိုယ်စားပြုပေးတယ်”

“သူ ကျွန်မက ကျောက်ပြားလေးပဲ ပေးခဲ့ပေမဲ့ ရှင့်မျက်လုံးထဲမှာ ဒီကျောက်ပြားလေက တန်ဖိုးမရှိပေမဲ့”

သူမက မျက်နှာပေါ်မှာ ခံစားအချက်အပြည့်နဲ့ ရင်ဘတ်ကို ကိုင်ထားပြီး “သူ့အကြင်နာတရားကတော့ အဖိုးမဖြတ်နိုင်ပါဘူး”

စူးလီက ဒီကျင့်ကြံရေးလောကမှာ ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ရတာ ဘယ်လောက်တောင် လွယ်ကူပြီး အမျိုးသမီးကျင့်ကြံသူတွေကို အလွယ်တကူ လှည့်စားနေတာကို တစိမ့်စိမ့်နဲ့ စဉ်းစားနေတဲ့အချိန်မှာပဲ သူမဘေးကို ရွေ့လျားလာတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

“သူက နင့်ကို ဘာလို့ ကျောက်ပြားတစ်ခုပဲ ပေးခဲ့တာ ဘယ်ဟုတ်မလဲ” သူမက စဉ်းစားမနေဘဲ ထပ်ပြောလိုက်သေးတယ်။

“သူ နင့်ကို ဝိညာဉ်ချည်နှောင်သံချောင်းလဲ ပေးခဲ့သေးတယ်မလား”

“အရမ်းတန်ဖိုးရှိတာဆို၊ ဝိညာဉ်ကျောက်တုံး အခု၅၀၀ ကျော်တန်တယ်တဲ့”

လူတစ်ယောက်ကို သ-တ်ပြီး သူ့နှလုံးသားကို ဖျက်ဆီးနေတာလေ။

ပိုင်ကျစ်ယွင်ရဲ့ စကားလုံးတွေအားလုံးက သူ့ဝမ်းဗိုက်ထဲမှာ တစ်ဆို့သွားပြီး သူ့ပါးစပ်က အကြိမ်ကြိမ် ပွင့်လိုက် ပိတ်လိုက် ဖြစ်သွားခဲ့တယ်။

ခဏကြာတော့ သူမက ကိုယ့်ဟာကိုယ် အယုံသွင်းလိုက်တဲ့ ပုံပါပဲ။ သူမရဲ့အသံက ပြတ်သားမှုအပြည့် ဖြစ်သွားခဲ့တယ်။

“ဟုတ်တယ်လေ၊ ဂိုဏ်းတူအစ်ကိုက ကျွန်မအတွက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုလိုလားလား သုံးပေးထားတာ၊ သူ ကျွန်မကို သေချာပေါက် ချစ်တယ်”

“ဝိညာဉ်ကျောက်တုံး ၅၀၀ကျော်တောင်လေ၊ ဒါက အပြင်စည်းတပည့်တစ်ယောက်အတွက် နှစ်ပေါင်းများစွာ လစာနဲ့အတူတူပဲ”

စူးလီ : “....ဟင်း”

“သူက နင့်ကိုယ်မှာ ဝိညာဉ်ချည်နှောင်သံချောင်း စိုက်တာကို နင့်ကောင်းကျိုးအတွက်လို့ ထင်နေသေးတာလား” သူမက ရပ်လိုက်ပြီး ပိုင်ကျစ်ယွင်ကို အရူးတစ်ယောက်လို ကြည့်လိုက်တော့တယ်။

ပိုင်ကျစ်ယွင်က စဉ်းစားနေပဲ ပြန်ဖြေလိုက်တော့တယ်။ “ဟုတ်တယ်လေ”

“ရောင်းရင်းရယ် ကျေးဇူးပြုပြီး သေချာစဉ်းစားကြည့်ပါအုံး”

“ဂိုဏ်းတူအစ်ကိုက ဝိညာဉ်ချည်နှောင်သံချောင်းကို တခြားသူဆီမှာ မဟုတ်ဘဲ ကျွန်မဆီမှ စိုက်ချင်ခဲ့တာလဲ”

ပိုင်ကျစ်ယွင်က ဆက်ပြောတယ်။ “ကျွန်မက သူ့အတွက် အရေးအကြီးဆုံးမလို့ပဲပေါ့”

“သူ ကျွန်မကို အရမ်းချစ်မြတ်နိုးတာပဲ ဖြစ်ရမယ်”

စူးလီ : “ငါတော့ နားမလည်ပါဘူး၊ ဒါပေမဲ့ ငါ တကယ့်ကို လန့်သွားပြီ” လန့်သွားတဲ့ရုပ်လုပ်ပြလိုက်တယ်။

သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ စပ်စုပြီး မေးလိုက်သေးတယ်။

“ရှင့်ဂိုဏ်းတူအစ်ကိုက တခြားမိန်းမတွေနဲ့ရော မြာပွေနေပြီးတော့ လူတကာနဲ့ သောင်းပြောင်း-င်ဆက်ဆံပြီး မိန်းမရှုပ်တဲ့သူ ဖြစ်နေခဲ့ရင်ကော”

“မဖြစ်နိုင်ဘူး”

“ရှင်က ဘာလို့ ဂိုဏ်းတူအစ်ကိုချီကို ဒီလိုနာမည်ဖျက်နေတာလဲ” ပိုင်ကျစ်ယွင်ရဲ့မျက်လုံးတွေက ဒေါသကြောင့် ပြူကျယ်သွားခဲ့တယ်။

“ဂိုဏ်းတူအစ်ကိုချီက ကြင်နာတတ်တယ်၊ စိတ်ရင်းကောင်းတယ်၊ သတ္တိလဲရှိတယ်၊ သူက အောက်ကတပည့်တွေကို ဂရုစိုက်တတ်ပြီး သူ့ဆရာကိုလည်း လေးစားတယ်၊ သစ္စာရှိတယ်...”

ဂုဏ်ရည်တွေကို တသီတတန်းကြီး ပြောလိုက်ပြီးတော့ သူမက ပြတ်သားသား အဆုံးသတ်လိုက်တယ်။

“ဂိုဏ်းတူအစ်ကိုက လူတွေအပေါ် အရမ်းကြင်နာတတ်တာ၊ ရှင် ပြောနေတဲ့စကားတွေက အထင်လွဲနေတာပဲ ဖြစ်ရမယ်”

“မဟုတ်ရင်တော့ ရှင် ကျွန်မကို တမင်တကာ လုပ်ကြံပြီးပြောနေတာပဲ”

စူးလီက ပိုင်ကျစ်ယွင်ရဲ့ပင်လယ်ပင်လို ပြတ်သားနေမှုကြီးကို ကြည့်လိုက်ပြီး ဆရာဖြစ်သူရဲ့ ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်သွားခံရလိုက်တဲ့ ချီယွီရဲ့ ကောင်းကင်စာအုပ်ထဲက မြင်ကွင်းကို လှမ်းကြည့်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်စွမ်းအင် ရုတ်တရက် ထွက်လာခဲ့တယ်။

သူမက ပိုင်ကျစ်ယွင်ကို လက်ယမ်းခေါ်လိုက်ပြီး စိတ်လှုပ်ရှားပြည့်နေတဲ့အသံနဲ့ ပြောလိုက်တယ်။

“လာခဲ့၊ လာခဲ့”

“ကြားတာကို ယုံမှာလား၊ မြင်ရမှာ ယုံမှာလား၊ ငါနင့်ကို ရှင့်ရဲ့ကြင်နာပြီး သစ္စာရှိလှပါတယ်ဆိုတဲ့ နင့်ရဲ့ဂိုဏ်းတူအစ်ကိုချီကို တွေ့ရအောင် ခေါ်သွားပေးမယ်”

အဲဒီစကားကို ကြားလိုက်တော့ ပိုင်ကျစ်ယွင် မျက်လုံးအဝိုင်းသားနဲ့ တအံ့တဩ ဖြစ်သွားတော့တယ်။ - ဂိုဏ်းတူအစ်ကိုချီကို သွားတွေ့မလို့တဲ့လား။

အဲဒါက အတွင်းစည်းလေ။ သူတို့က ဘယ်လို ဝင်လို့ရမှာလဲ....

သူမမှာ စဉ်းစားဖို့ အချိန်အများကြီးမရလိုက်ခင်မှာပဲ မူးနောက်သွားသလို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်ကျတော့ လုံးဝကို မရင်းနှီးတဲ့ခန်းမတစ်ခုထဲ ရောက်လာခဲ့တယ်။

ခန်းမရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ဆေးဖော်စပ်တဲ့ အိုးကြီးနှစ်လုံး ရှိနေပြီး ခန်းမတစ်ခုလုံး ပြည့်နေတဲ့ ဆေးနံ့တစ်ခုက လှိုက်တက်လာခဲ့တယ်။

‘”ဒါက....” သူမက ဇဝေဇဝါနဲ့ ကိုယ်ကို လှည့်လိုက်ပြီး သူမဘေးက စိတ်လှုပ်ရှားနေတဲ့ပုံဖြစ်နေတဲ့လူကို အူကြောင်ကြောင်လေး ကြည့်လိုက်တယ်။

နောက်တော့ သူမရဲ့ရင်ကို ခွဲခဲ့တဲ့ ရင်းနှီးနေတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။

“ဆရာ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော် တကယ်မှားသွားပါတယ်” ချီယွီက ရှက်ရှက်နဲ့ မြေကြီးပေါ်မှာ ဒူးထောက်နေပြီး ခန်းမရဲ့ ထိုင်ခုံကြီးပေါ်မှာ ထိုင်နေတဲ့ လူကို ဦးချနေလေသည်။

“ကျွန်တော် ဆရာ့ဇနီးကို မဖျားယောင်းခဲ့သင့်ပါဘူး၊ သူနဲ့ မရှုပ်ခဲ့သင့်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ပိုင်ကျစ်ယွင်မှာ တဒင်္ဂအတွင်း မှင်တက်အံ့ဩသွားခဲ့တယ်။ ခန်းမထဲက လူနှစ်ယောက်က သူတို့ကို ဘာလို့မမြင်ကြလဲဆိုတာကိုတောင် စဉ်းစားချိန်မရလိုက်ဘူး။ သူမရဲ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။

ငါ ရူးနေတာပဲ ဖြစ်ရမယ် လို့လေ။

မဟုတ်ရင် သူမရဲ့ဉာဏ်ပညာရှိပြီး သတ္တိရှိလွန်းတဲ့ ဂိုဏ်းတူအစ်ကိုချီက အရမ်းကို ဦးနှောက်မဲ့လွန်းလို့ သူ့ဆရာရဲ့မိန်းမကို သိက္ခာချရဲတဲ့စကားကို ကြားနေမှာလဲ။

စူးလီက ချီယွီရဲ့ နောင်တအပြည့်နဲ့ ကိုယ့်ကိုယ်အပြစ်တင်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး စိတ်ဝင်တစားနဲ့ မှတ်ချက်ပေးလိုက်တယ်။

“နင်က သေချာလဲ ကိုယ်ကို ဝပ်မထားဘူး၊ နင့်အသံကလဲ စိတ်ရင်းအပြည့်ပါဘူး၊ နင့်ငိုသံကလည်း တော်တော်လေး မမှန်ဘူး...”

သူမက ခေါင်းခါလိုက်ပြီး အားတက်သရော ပြောတော့တယ်။ “သူ့သရုပ်ဆောင်စွမ်းရည်က လိုသေးတာပဲ”

ငေးကြောင်ကြောင် ဖြစ်နေတဲ့ ပိုင်ကျစ်ယွင်က သူမရဲ့အသံကြောင့် သတိပြန်ဝင်လာခဲ့တယ်။ သူမက သူမကိုယ်တိုင်တောင် လက်မခံနိုင်တဲ့ မျက်လုံးထဲက မျှော်လင့်ချက်နဲ့ တွေတွေကြီး လှည့်ကြည့်လိုက်တယ်။

“အစ်ကိုချီ... သူတကယ်ပဲ သူ့ဆရာရဲ့မိန်းမနဲ့ ပွေရှုပ်ခဲ့တာလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

စူးလီက စဉ်းတောင်မစဉ်းစားဘဲ ပြန်ပြောလိုက်တယ်။

ပိုင်ကျစ်ယွင်က စိတ်အေးသွားပြီး သက်ပြင်းချလို့ မပြီးသေးခင်မှာပဲ စူးလီ ထပ်ပြောလိုက်တဲ့စကားကို ကြားလိုက်တယ်။

“ဆရာ့မိန်းမတစ်ယောက်ထဲ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူ့မှာ တွဲခုတ်နေတာ လူ၁၀ယောက်နီးပါးတောင် ရှိတယ်”

စူးလီက ဖြူဆုတ်သွားတဲ့ ပိုင်ကျစ်ယွင်ကို လှမ်းကြည့်လိုက်ပြီး မလုံမလဲနဲ့ ပြောလိုက်သေးတယ်။

“စိတ်မပူပါနဲ့လေ၊ သူ မိန်းကလေးတွေ အများကြီးနဲ့ တွဲချိတ်နေတယ်ဆိုရင်တောင် နင့်က အရေးအကြီးဆုံးလူ ဖြစ်နေတုန်းပဲ”

“အရမ်းသနားဖို့ကောင်းတာပဲ”

...

All Chapters