အခန်း ၇
Vol. 1 Ch. 7
အပိုင်း(၇)
အဲဒီအကြောင်းကို စဉ်းစားလိုက်တော့ စူးလီက ရုတ်တရက် ခေါင်းထောင်လိုက်ပြီး ပိုင်ကျစ်ယွင်ကို ဒေါသတကြီး မေးခွန်းထုတ်နေတဲ့ စုန့်ယုံဖျင်ကို တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
လုပ်ရပ်က စကားလုံးတွေထက် ပိုတိကျတယ်လေ။
သူမက စားပွဲပေါ်က မုန့်တွေကို သူမရဲ့သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး အချင်းချင်း အချေအတင် ဖြစ်နေကြတဲ့ လူနှစ်ယောက်ဆီ ပြေးဝင်သွားပြီး သူတို့ကို တံခါးဆီကနေ ဆွဲထုတ်သွားလိုက်တယ်။
“ပြောနေရုံနဲ့ မလုံလောက်ဘူး၊ နင့်ဆေးစိုက်ခင်းကို တစ်ချက်လောက် သွားကြည့်ရအောင်”
စုန့်ယုံဖျင်က စူးလီ ပိုင်ကျစ်ယွင်ကို သူ့ဆီဆွဲခေါ်လာတာကိုပဲ မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်ကလည်း မထိန်းနိုင်တော့ဘဲ သူမနောက်ကနေ လိုက်ပြေးသွားခဲ့တယ်။
ခဏအကြာမှာတော့ စူးလီက အေးအေးဆေးဆေး အသွင်တစ်ခုနဲ့ ရပ်လိုက်ပြီး သူ့ဘေးက် စုန့်ယုံဖျင်နဲ့ ပိုင်ကျစ်ယွင်တို့ကလည်း အသက်အောင့်ပြီး လိုက်ရပ်လိုက်ကြတယ်။
နောက်ဆုံး ကိုယ့်ဟာကို ပြန်ထိန်းချုပ်နိုင်သွားတာကို ခံစားလိုက်ရပြီးမှ စုန့်ယုံဖျင်က ပင့်သက်တစ်ချက် ရှိုက်လိုက်တယ်။ သူက ပြစ်တင်ရှုတ်ချဖို့ ပြောတော့မဲ့ဆဲဆဲမှာပဲ သူ့ရှေ့ကလူက မျက်နှာပေါ်မှာ အပြစ်ကင်းတဲ့အကြည့်တစ်ခုနဲ့ သူ့နောက်ကို လက်ညှိုးထိုးလိုက်တာကို မြင်လိုက်ရတယ်။
စုန့်ယုံဖြင့်က သူမ လက်ညိုးထိုးနေတဲ့ဘက်ကို ကြည့်လိုက်တော့ ဆေးစိုက်ခင်းထဲမှာ အရမ်းရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
သူက နေရာမှာပဲ ရုတ်တရက် အေးခဲသွားခဲ့တယ်။ - အဲဒါက ...သူ့ ညီလေးပဲ။
ဆေးစိုက်ခင်းထဲကလူက ခေါင်းငုံ့ထားပြီး သူ့လက်ထဲက မီးခိုရောင်အရည်တွေကို ဖြည်းဖြည်းချင်း လောင်းချနေတယ်။ ကျသွားတဲ့ အရည်စက်တိုင်းမှာ ဝိညာဉ်ဆေးပင်တွေ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ ရုတ်ခြည်းဆိုသလို ကျဆင်းသွားပြီး အရွက်တွေကလည်း အဝါရောင် ပြောင်းသွားခဲ့တယ်။
ဝိညာဉ်ဆေးပင်တွေက ယောင်တန်းတောင်ထွတ် အပြင်စည်းတပည့်တွေနဲ့ အခြေခံအုတ်မြစ်ပဲ။
ဝိညာဉ်ဆေးပင် စိုက်ခင်းတစ်ခုလုံး ပျက်စီးသွားခဲ့ရင် အနည်းဆုံးတော့ တာဝန်ယူထားတဲ့သူက အပြစ်ပေးခံရလိမ့်မယ်။ အဆိုးဆုံး အခြေအနေဆိုရင် သူ့ရဲ့အပြင်စည်းတပည့်ဆိုတဲ့ အဆင့်ကနေ အပြင်စည်းဂိုဏ်းအစေခံအဆင့်ကို အဆင့်ချခံရနိုင်တယ်။
စုန့်ယုံဖျင်က ဆေးစိုက်ခင်းထဲကို တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး ဆေးစိုက်ခင်းထဲက ဝိညာဉ်စွမ်းအင်တွေက ရုတ်တရက် ကျဆင်းသွားတာကို ခံစားလိုက်ရတယ်။ သူ့အသံက တုန်ယင်နေပြီး
“စုန့်ယုံလဲ့ မင်း ဘာလုပ်နေတာလဲ”
စုန့်ယုံလဲ့က အသံကို ကြားလိုက်တဲ့အချိန်မှာ အရမ်းကို လန့်ဖျပ်သွားပြီး ကိုင်ထားတဲ့လက်က လွှတ်သွားပြီး သူ့လက်ထဲက ပုလင်းက မြေကြီးပေါ် ကျသွားခဲ့တယ်။
သူက ကြောက်ကြောက်လန့်လန့်နဲ့ လှည့်ကြည့်လိုက်ပြီး သူနောက်က သိပ်မဝေးတဲ့နေရာမှာရပ်နေတဲ့ စုန့်ယုံဖျင်က သူ့ကို စိတ်ပျက်ပျက်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။
သူ ပိုင်ကျစ်ယွင်နဲ့ စာရင်းသွားရှင်းတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေတာလဲ။
“အစ်ကို ဆေးပင်တွေကို စိုးရိမ်နေတာ တွေ့လိုက်လို့...ဟို...” သူက ကိုယ့်ဟာကို တည်ငြိမ်အောင် အတင်းကြိုးစားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို မသိမသာ ရွေ့လျားလိုက်ပြီး ခြေတစ်ဖက်က ခုနက ပြုတ်ကျသွားတဲ့ ဆေးပုလင်းကို မတော်တဆ တက်နင်းမိသွားခဲ့တယ်။
သူ့ခန္ဓာကိုယ်က ယိုင်သွားပြီး နောက်ဆုံးတော့ ခေါင်းထောင်လိုက်ပြီး စိတ်ရင်းနဲ့ ပြောလိုက်တယ်။
“ဒါကြောင့် ငါ စိတ်ပူလို့ လာကြည့်တာ”
သူပြောလိုက်တဲ့ စကားကို ကြားလိုက်ရတော့ စုန့်ယုံဖျင်က မယုံသင်္ကာဖြစ်သွားခဲ့တယ်။ “မင်းက ဒီဆေးတွေယူလာပြီး ငါ့စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးမယ်လို့ ပြောလိုက်တာလား”
“ဒါက ကျွန်တော် ပုံမှန် ကျင့်ကြံသူတစ်ယောက်ဆီက ဝိညာဉ်ကျောက်တုံးတွေအများကြီး ပေးဝယ်လာရတဲ့ ဝိညာဉ်ဆေးပင်တွေကို အကူအညီဖြစ်စေတဲ့ ဝိညာဉ်ဆေးရည်ပါ” စုန့်ယုံလဲက မြေကြီးကို ပြုတ်ကျသွားတဲ့ ဆေးပုလင်းကို လှမ်းကြည့်လိုက်ပြီး စိတ်အေးသွားတဲ့ပုံနဲ့ သက်ပြင်းချလိုက်တယ်။ ဘာပဲဖြစ်ဖြစ်လေ အခုချိန်မှာ ဘာသက်သေမှ မှမရှိတာ။
သူက ခေါင်းထောင်လိုက်ပြီး အပြစ်ကင်းတဲ့အမူအရာတစ်ခု လုပ်နေလိုက်တယ်။
“အစ်ကို အရမ်းစိတ်ဆိုးနေမှာပဲ၊ ဒီ ဝိညာဉ်ဆေးရည်က တစ်ခုခု မူမမှန်တာ ရှိလို့လား”
ဒီအချိန်မှာတော့ သူ့အသံက ကိုယ့်ဟာကိုယ် အပြစ်တင်တဲ့လေသံအပြည့် ဖြစ်နေတော့တယ်။
“ကျွန်တော် ဒါကို အချိန်အကြာကြီး စုးဆောင်းထားခဲ့ရတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ခဲ့ရတာ၊ အစ်ကိုလဲ သိပါတယ်၊ ကျွန်တော်က အခုမှ ချီလေ့ကျင့်ရေးပထမအဆင့်ပဲ ရှိသေးတာလေ။ ဒီ ဝိညာဉ်ဆေးရည်ရဲ့ အာနိသင်ကို ခွဲခြားသိနိုင်ဖို့ ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအင်တွေက အရမ်းနိမ့်လွန်းတယ်...”
စုန့်ယုံဖျင်းက သူ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်နှာပေါ်က ဒေါသတွေက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
စုန့်ယုံလဲ့ရဲ့ ရိုးသားတဲ့အမူအရာကို ကြည့်လိုက်ပြီး နည်းနည်း စိတ်မလုံသလို ခံစားလိုက်ရတယ်။ သူ့ညီလေးက ငယ်ငယ်လေးကတည်း သူ့အကာအကွယ်အောက်မှာပဲ နေလာခဲ့ရတာ။ လူတွေက ကြောက်စရာကောင်းမှန်း သူမသိခဲ့ဘူး။ ဆေးရည်မှားပြီး ဝယ်ရလောက်အောင် အလိမ်ခံလိုက်ရတာကလည်း သူ့အတွက်တော့ ဖြစ်တတ်ပါဘူး။
ယုံလဲ့က သူ့ကို ကူညီဖို့ ကြိုးစားနေတာပဲ။
အကြောင်းအရင်းတောင် မမေးဘဲနဲ့ ဘယ်လိုဖြစ်ပြီး သူ့ညီလေးကို သံသယစဖြစ်သွားခဲ့တာလဲ။
သူက စုန့်ယုံလဲ့ဆီ နှစ်လှမ်းတိုးသွားလိုက်ပြီး တောင်းပန်တော့မဲ့ဆဲဆဲမှာ ဆေးစိုက်ခင်းထဲက ရိုးစင်းပြီး ဇဝေဇဝါဖြစ်နေတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။
“ဝိညာဉ်ဆေးပင်တွေကို အဝါရောင်ပြောင်းသွားအောင် လုပ်နိုင်တဲ့ ဝိညာဉ်ဆေးရည်က အခုတလော ကျင့်ကြံရေးလောကမှာ နာမည်ကြီးနေတာလား”
စုန့်ယုံဖျင်က ရုတ်တရက် ရပ်တန့်သွားပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်တယ်။
သူက လျစ်လျူရှုထားမိခဲ့တဲ့ ပြဿနာကို ရုတ်တရက် သတိထားမိသွားတော့တယ်။
စုန့်ယုံလဲ့ကလည်း မျက်လုံးထဲမှာ မသိမသာ ရက်စက်တဲ့အကြည့်တစ်ခုနဲ့ သူမကို ကြည့်လိုက်တယ်။
စူးလီက သူတို့ရဲ့အကြည့်တွေကို လုံးဝ မသိလိုက်ဘူး။ သူမက သိချင်စိတ်ကြောင့် လက်ကို ဆန့်လိုက်တော့ စုန့်ယုံလဲ့ရဲ့ခန္ဓာကိုယ်အောက်က အပိုင်းအစက သူမရှေ့ကို ငြိမ်ငြိမ်သက်သက်လေး ရောက်လာပြီး ဖြည်းဖြည်းချင်းစီ နဂိုပုံအတိုင်း ပြန်ဖြစ်သွားခဲ့တယ်။
“ပိုင်လင်ခူ” သူမက ပုလင်းပေါ်က စာလုံးသုံးလုံးကို အသံထွက်ဖတ်လိုက်ပြီး သူမရဲ့အသံက နားမလည်သလို ဖြစ်သွားခဲ့တယ်။ “ဒီဆေးရည်ရဲ့နာမည်က ဘာလို့ အဆိပ်နာမည်နဲ့ အရမ်းတူနေတာလဲ”
ပိုင်ကျစ်ယွင်က စူးလီရဲ့လုပ်ရှားပုံတွေကို တအံ့တဩနဲ့ ကြည့်လိုက်ပြီး အမှတ်တမဲ့ ပြန်ဖြေလိုက်တယ်။
“အဲဒါက အဆိပ်ဖြစ်နေလို့လေ”
အပြင်စည်းဂိုဏ်း တပည့်တွေအားလုံးက ပိုင်လင်ခူ အဆိပ်အကြောင်းသိကြတယ်လေ။ ဆေးတစ်စက်လေးက ဝိညာဉ်ဆေးပင်ရဲ့အမြစ်ကို ဖျက်ဆီးပစ်နိုင်တယ်။
စုန့်ယုံလဲက ဘယ်လောက်ပဲ တုံးအပါစေအုံးတော့ သူ ဒါကို သိသင့်ပါတယ်။
စုန့်ယုံဖျင်ကလည်း ဒါကို သိနေတယ်။ သူက မျက်လုံးရဲ့ဆွဲဆောင်စရာ ‘ပိုင်လင်ခူ’လို့ရေးထားတဲ့ စာလုံးသုံးလုံးပါတဲ့ ပုလင်းကို စိုက်ကြည့်လိုက်တယ်။
စုန့်ယုံလဲ့က မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားတဲ့ ပုလင်းကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး သူ့ဘေးကနေ ပျောက်သွားတဲ့အပိုင်းအစတွေကို ကြည့်လိုက်ပြီးတော့ သူ့ခန္ဓာကိုယ်က အမှတ်တမဲ့ တုန်ယင်သွားခဲ့တယ်။
အပြင်စည်းတပည့်တစ်ယောက်က ဝိညာဉ်ပစ္စည်းကို ဘာလို့ ပြန်ပြင်နိုင်တာလဲ။
စုန့်ယုံဖျင်က သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ကွယ်ဝှက်နေတဲ့ စိတ်ပျက်မှုအပြည့် ဖြစ်သွားခဲ့တယ်။
“သက်သေက ဒီမှာ ရှိနေပြီးပြီ၊ မင်း ဘာပြောချင်သေးလဲ”
“ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော် မလုပ်ခဲ့....” စုန့်ယုံလဲ့က အံကြိတ်လိုက်ပြီး ဝန်ခံဖို့ ငြင်းဆန်လိုက်တယ်။
“ဟုတ်တယ်၊ လူတစ်ယောက်က ကျွန်တော့်ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ၊ ကျွန်တော် ကိုယ့်ဟာကိုယ်ဆိုရင် မလုပ်ချင်ပါဘူး”
“ဟုတ်တယ်၊ အဲဒါက အစ်ကို့ရန်သူလေ ကျွန်တော့်ကို ဖိအားပေးပြီးလုပ်ခိုင်းခဲ့တာ၊ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး”
“လူတစ်ယောက်က မင်းကို ဖိအားပေးတာဟုတ်လား” စုန့်ယုံဖျင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူရဲ့ပျော့ပြောင်းတဲ့စိတ်ကို မျိုသိပ်ထားလိုက်ပြီး တစ်လုံးချင်းစီ မေးလိုက်တော့တယ်။
“အဲဒီလူက ဘယ်သူလဲ၊ သူ ဘယ်တုန်းက မင်းကို ဖိအားခဲ့တာလဲ၊ သူ မင်းကို ဘယ်လိုဖိအားပေးတာလဲ၊ မင်း ဘာဖြစ်လို့ ငါ့ကို မပြောခဲ့တာလဲ”
“တစ်ခုချင်း မေးဖို့ မင်း ငါ့ကို ခေါ်သွားပေးပါလား”
စုန့်ယုံလဲ့ရဲ့မျက်နှာက မေးခွန်း မေးခံလိုက်ရတဲ့အချိန်မှာ ဖြူဆုတ်သွားခဲ့တယ်။ ဒီတစ်ခါတော့ စုန့်ယုံဖျင်ကို အလွယ်တကူ လှည့်စားလို့ရတော့မှာ မဟုတ်တာကို သိလိုက်တော့ သူက မြန်မြန် ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
“ကျွန်တော် မှားသွားပါတယ်” သူက စုန့်ယုံဖျင်နားကို လေးဖက်ထောက်လာပြီး သူ့ခြေသလုံးကို ဖက်ရင်း ငိုယို တောင်းပန်တော့တယ်။ “ကျွန်တော် ခဏလောက် စိတ်နောက်သွားခဲ့တာပါ၊ ဒါကြောင့် ကျွန်တော့်မှာ ဒီလိုအတွေး ဖြစ်ခဲ့ရတာ”
“လူအများကြီးက ကျွန်တော့်ကို အစ်ကိုကောင်း တစ်ယောက် ရှိတာကလွဲရင် သိတာဘာမှမရှိဘူးဆိုပြီး လှောင်ပြောင်ကြတယ်၊ ကျွန်တော် သူတို့စကားကို နားယောင်မိလို့ပါ” သူက သူ့ကိုယ်သူ ပါးပြန်ရိုက်ပြီး ခါးခါးသီးသီး ငိုပြတော့တယ်။
“သူတို့တွေက ပြောကြတယ်၊ အစ်ကိုက အပြင်စည်းဂိုဏ်းခေါင်းဆောင်ရဲ့ ချီးမွှမ်းတာခံရတော့ အတွင်းစည်းတပည့် မြန်မြန်ဖြစ်လာလိမ့်မယ်တဲ့၊ ဒါက ကျွန်တော်တို့ ခွဲနေရတော့မဲ့ အဓိပ္ပာယ်ပဲ”
“ကျွန်တော်တို့က မွေးကတည်းက တစ်ခါမှ ခွဲနေဖူးတာမဟုတ်ဘူး”
စုန့်ယုံလဲက သူ့ကိုယ်သူ ခပ်နာနာလေး ရိုက်နေတော့ သူ့မျက်နှာတစ်ခုလုံးက အချိန်တိုအတွင်းမှာပဲ ယောင်ကိုင်းလာခဲ့တယ်။ “အစ်ကိုက ကျွန်တော့်ကို အပြင်တံခါးမှာပဲ တစ်ယောက်ထဲ ချန်ခဲ့မှာ စိုးလို့၊ အစ်ကိုက ကျွန်တော်ကို အားနည်းတယ်လို့ တွေးပြီး ကျွန်တော်နဲ့ မနေချင်တော့မှာ စိုးရိမ်လို့ လမ်းမှား လိုက်ခဲ့မိတာပါ”
“ကျွန်တော်က အစ်ကို့ကို အရမ်းဂရုစိုက်ချင်တာပဲ ရှိတာပါ အစ်ကိုရဲ့”
“တော်တော့”
စုန့်ယုံဖျင်က အင်တင်တင် ဖြစ်နေပုံရပြီး စုန့်ယုံလဲ့က သူ့မျက်နှာကို ပြန်ရိုက်နေတာ တားလိုက်တော့တယ်။
စုန့်ယုံလဲက သူ့ပျော့ပြောင်းတဲ့စိတ်ကို သိထားမိသွားပြီး မြန်မြန် တိုင်ပေါ် တက်လိုက်တယ်။
“အစ်ကို ကျွန်တော်တို့ ငယ်ငယ်တုန်းက အချိန်ကို မှတ်မိသေးလား၊ အဲဒီတုန်းက အမေ အသက်ရှိနေသေးတယ်လေ”
“ကျွန်တော်တို့ အသက်သုံးနှစ်အရွယ်တုန်းက....”
စုန့်ယုံဖျင်က စုန့်ယုံလဲ့ရဲ့ကလေးဘဝကို ရုတ်တရက် ပြန်စဉ်းစားမိသွားခဲ့တယ်။ အဲဒီတုန်းက သူက သူ့ကို အမြဲတမ်း အစ်ကို လိမ်လိမ်မာမာနဲ့ ခေါ်တတ်ပြီး သူ ကြိုက်တဲ့အစားအသောက်ဆိုလဲ သူ့ကို လာပေးတတ်တယ်။
သူတို့တွေ အတူတူ ကြီးပြင်းပြီး နှစ်ငါးဆယ်လောက် အတူတူ လျှောက်လှမ်းလာခဲ့ကြတယ်။ အမြဲတမ်း အေးအတူပူအမျှ ရှိခဲ့ပြီး အချင်းချင်း ထောက်ပံ့ပေးခဲ့ကြတယ်။
ဒီအကြောင်းကို စဉ်းစားလိုက်တော့ သူ့မျက်လုံးတွေက တဖြည်းဖြည်း ပျော့ပြောင်းသွားခဲ့တယ်။ - ယုံလဲ့က ဒီတစ်ခါ လမ်းမှားလိုက်မိသွားခဲ့တာပဲလေ။
ဒီအချိန်မှာပဲ ဆေးစိုက်ခင်း အစွန်းကနေပြီးတော့ လေးစားအားကျ အံ့ဩနေရတဲ့အသံတစ်ခု ထွက်လာပြီး သူ့မှတ်ဉာဏ်ကို ရုတ်တရက် ဖြတ်ချပစ်လိုက်တယ်။
“ဆိုရိုးစကားကြီးတစ်ခုတောင် ရှိတယ်မလား၊ အချစ်လွန်ရင် ဖျက်ဆီးရာကျတယ်တဲ့၊ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ”
စူးလီက လက်ထဲက မုန့်ကို စားရင်း ပွဲကြည့်ရင်းနဲ့ စိတ်လှုပ်ရှားပြီး မှတ်ချက်ပေးလိုက်တယ်။
တခြားလူတွေရဲ့အသက်ကို ဂရုစိုက်ဟန်မပြတဲ့ စိတ်လှုပ်ရှားမှုနဲ့ပြည့်နေတဲ့ သူမရဲ့အသံက ရုတ်တရက် အားလုံးရဲ့အသံကို ဆွဲဆောင်ထားလိုက်တယ်။
ညီဖြစ်သူကို ခွင့်လွှတ်ပေးတော့မဲ့ ဆဲဆဲဖြစ်တဲ့ စုန့်ယုံဖျင်က “.....”
အခုလေးတင်ပဲ အစ်ကိုဖြစ်သူကို အရူးလုပ်နိုင်ခဲ့ပြီး ထင်လိုက်မိတဲ့ စုန့်ယုံလဲ့: “....”
ပွဲကို တိတ်တိတ်လေး စောင့်ကြည့်နေတဲ့ ပိုင်ကျစ်ယွင် : “.....”
စူးလီက ဆေးစိုက်ခင်းထဲမှာ ရုတ်တရက် အဆုံးသတ်သွားတဲ့ ပွဲကို ကြည့်လိုက်ပြီး ကြောင်အမ်းအမ်းနဲ့ မေးလိုက်တော့တယ်။
“နင်တို့တွေ ဘာလို့ ရပ်ပစ်လိုက်တာလဲ”
စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းရောက်မှ ဘာလို့ ကြော်ငြာက ဝင်ရသေးတာလဲ။
စုန့်ယုံဖျင်က ခဏလောက် တိတ်ဆိတ်သွားပြီး သနားကမားရုပ်လေး ဖြစ်နေသေးတဲ့ ညီဖြစ်သူကို လှည့်ကြည့်လိုက်ပြီး ပါးစပ်ဟလိုက်ပေမဲ့ ရုတ်တရက်ဆိုသလို သူ့ကို ခွင့်လွှတ်ပေးမဲ့ စကား မပြောနိုင်တော့ဘူး။
လေထုက ရင်တထိတ်ထိတ်နဲ့ ငြိမ်သက်သွားခဲ့တယ်။
စူးလီ စကားပြောလိုက်ကတည်းက ပိုင်ကျစ်ယွင်က အနေခက်သွားပြီး စုန့်ယုံဖျင်နဲ့ သူ့ညီလေးရဲ့ အမူအရာကို မကြည့်ရဲတော့လို့ မျက်နှာလွှဲလိုက်ထားတယ်။
သူမဘေးက လူအားလုံးက စိတ်အနှောင့်အယှက်မဖြစ်ဘဲ စိတ်အင်အား မြင့်မားနေကြသေးတာကို တွေ့လိုက်ရတော့ သူမက ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့နေတဲ့စိတ်ကို ဖြေလျော့ဖို့ တစ်ယောက်ထဲ ရေရွတ်နေလိုက်တယ်။
“ဆေးစိုက်ခင်းက ဂိုဏ်းတူအစ်ကိုစုန့်ရဲ့ညီဖြစ်သူ ဖျက်ဆီးတာ ခံလိုက်ရတာကိုး”
“အဲဒါထက်...”
စူးလီက တိတ်ဆိတ်သွားတဲ့ ဒီအချိန်လေးကို အခွင့်ကောင်းယူလိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲမှာ စာရွက်ကို တရွက်ချင်း လှန်နေလိုက်ပြီး အလန့်တကြားနဲ့ ထပြောတော့တယ်။
“ဒီလို ချစ်မေတ္တာနက်ရှိုင်းတဲ့ ညီအစ်ကိုမျိုးကို တခါမှ မတွေ့ဖူးဘူး”
“ဒီတစ်ခါက ဆေးစိုက်ခင်းကိုပဲ ဖျက်ဆီးခဲ့တာ၊ သူ့ညီက သူ့အစ်ကို အချိန်ပေါင်းများစွာ ရိုက်နှက်တာလောက်နဲ့တင် မျက်နှာပေးရာကျနေပြီ”
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ညီက ဆိုးဆိုးရွားရွား ကိစ္စတစ်ခုလုပ်ခဲ့တာလေ၊ စုန့်ယုံဖျင်ခမျာ သူ့ကျင့်ကြံရေးတိုးတက်မှုကို ဆုံးရှုံးလိုက်ရပါလေရော၊ သူက အမွှေးတိုင် တစ်တိုင်စာတောင် မပြည့်ပါဘူး၊ ငိုယိုနေလိုက်ပြီး နောက်တော့လဲ ညီဖြစ်သူကို ခွင့်လွှတ်ပေးလိုက်တာပဲ”
စုန့်ယုံဖျင်းက စူးလီက တထိတ်တလန့်နဲ့ ကြည့်လိုက်တယ်။ - သူက ဘာလို့ ဒီအကြောင်းတွေကို သိနေတာလဲ။ အဲဒီအချိန်တုန်းက တစ်ယောက်ယောက်များ ရှိနေလို့လား။
ဒါပေမဲ့လည်း သူက စုန့်ယုံလဲ့အတွက် မသိစိတ်ကနေပြီး ကာကွယ်ပေးလိုက်သေးတယ်။
“အဲဒီအချိန်တုန်းက ယုံလဲ့က အရမ်းကြောက်နေခဲ့တာ၊ သူ အဲလို လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး”
ပိုင်ကျစ်ယွင်က ငေးကြောင်ကြောင်လေး ကြည့်လိုက်ပြီး ခပ်တိုးတိုး သက်ပြင်းချလိုက်တယ်။
“ရှင် ဒီစကားကို ယုံနိုင်ရဲ့လားဟင်၊ ဂိုဏ်းတူအစ်ကိုစုန့် အရူးလုပ်ဖို့ အရမ်းလွယ်တာပဲ”
စုန့်ယုံဖျင်ရဲ့မျက်နှာပေါ်က ခိုင်မာတဲ့ယုံကြည်ချက်အပြည့် ဖြစ်နေတဲ့ အမူအရာက ရုတ်တရက် အေးခဲသွားခဲ့တယ်။
စူးလီက ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ ခေါင်းကို လှည့်လိုက်တယ်။ - ဘယ်လို ဖြစ်လို့.... ဆန်ကုန်မြေလေး တစ်ယောက်ဆီမှာ နှလုံးသားကို လိုလိုလားလား ပေးအပ်ထားတဲ့ နင့်လို အချစ်ရူးတစ်ယောက် ဒီလိုမေးခွန်းမျိုးကို မေးရဲရတာတုံး။
သူမရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာပေါ်မှာ ‘လေးစားပါတယ်’ဆိုတဲ့ ပိုအားရှိလာတဲ့ အမူအရာတစ်ခုနဲ့ သူမက ကောင်းကင်စာအုပ်ကို ပြန်ကြည့်လိုက်တယ်။
“တစ်ခါကလဲ စုန့်ယုံဖျင်က သူ့ညီချောက်ချတာ ခံရပြီး ဝိညာဉ်သားရိုင်းကောင်တွေ ဝိုင်းချတာ ခံခဲ့ရတယ်၊ နောက်ဆုံး အဝိုင်းခံထားရနေ လွတ်မြောက်ပြီးနောက်တော့ သူ့ပထမဆုံးအလုပ်က သူညီကောင်းလေးကို နှစ်သိမ့်ပေးတာတဲ့”
စုန့်ယုံဖျင်းက ဒေါသတကြီးနဲ့ ပြန်ချေပလိုက်တယ်။
“ဒါက မတော်တဆဖြစ်တာ၊ မင်း ဘာလို့ နာမည်ဖျက်နေ______”
”ဒီစုန့်ယုံလဲကလည်း တကယ့်ကို မဟာရဲစွမ်းသတ္တိနဲ့ ယောက်ျားပဲ၊ ဝိညာဉ်သားရိုင်းကောင်တွေကို ဆွဲဆောင်တဲ့ ဆေးမှုန့်ကိုတောင် အခုထိ သူ့သိုလှောင်အိတ်ထဲမှာ ထည့်ထားသေးတယ်” စူးလီက သက်ပြင်းချလိုက်ပြီး နောက်မှ ခေါင်းမော့ကြည့်လိုက်တယ်။
“ရှင် ခုနက ဘာပြောလိုက်တာလဲ”
စုန့်ယုံဖျင်ရဲ့ ခုခံပေးနေတဲ့ စကားလုံးက ရုတ်တရက် အဆုံးသတ်သွားခဲ့တယ်။ သူက သူ့ခေါင်းကို တောင့်တောင့်တင်းတင်းနဲ့ လှည့်ကြည့်လိုက်ပြီး မြေကြီးပေါ်မှာ ဒူးထောက်နေဆဲ ဖြစ်တဲ့ စုန့်ယုံလဲ့ကို ကြည့်လိုက်တယ်။
စုန့်ယုံလဲ့က သူ့ဘေးက သိုလှောင်အိတ်ကို အမှတ်တမဲ့ တင်းနေအောင် ဆုပ်ကိုင်ထားလိုက်တယ်။
“အစ်ကို ကျွန်တော် မလုပ်ခဲ့ဘူး၊ ကျွန်တော် ဘာလို့ အစ်ကိုကို ထိခိုက်အောင် လုပ်ရမှာလဲ”
“ကျွန်တော်က အစ်ကိုရဲ့သွေးသားရင်းချာပါ၊ အစ်ကိုက ကျွန်တော် မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ဘာလို့ ယုံနိုင်ရတာလဲ”
“အစ်ကို မေ့သွားပြီလား၊ အစ်ကို ဝိညာဉ်သားကောင်တွေ တိုက်ခိုက်တာ ခံရပြီး ဒဏ်ရာရခဲ့တုန်းက ကျွန်တော်က အတွင်းစည်း ဂိုဏ်းတူအစ်ကိုတွေဆီမှာ အရဲစွန့်ပြီး အစ်ကို့အတွက် အသနားခံပေးခဲ့တာလေ” သူက ရင်နာပြီး သံသယဖြစ်နေတဲ့ပုံနဲ့ မျက်ရည်လည်ရွဲဖြစ်ပြီး ရှင်းပြလိုက်သေးတယ်။
“ကျွန်တော့်ကြောင့်သာ မဟုတ်ရင်...”
“နင့်ကြောင့်သာ မဟုတ်ရင် နင့်အစ်ကိုက အဲဒီအတွင်းစည်းဂိုဏ်းသား အပြစ်ပေးတာကို အစောကြီးကတည်းက ခံနေရပြီးပြီ” စူးလီက ‘ပြောရခက်တယ်ဟဲ့’ဆိုတဲ့ မျက်နှာထားနဲ့ ကောင်းကင်စာအုပ်ကို ကြည့်လိုက်ပြီး စကားရဲ့ဒုတိယအပိုင်းကို သူ့ကိုယ်စား ဆက်ပြောပေးလိုက်တယ်။
“ကောင်းလိုက်လေ... နင်အဲလိုသွားလိုက်လို့ တစ်လစာလျော်ကြေးကနေ တစ်လ အကျဉ်းကျခံရတဲ့အပြစ်ကို ပြောင်းသွားခဲ့တယ်လေ”
“သူ လျှောက်ပြောနေတာ” စုန့်ယုံလဲက စူးလီ ဒီအကြောင်း သိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ကျောပြင်ပေါ်မှာ ချွေးတွေ ရွှဲသွားတော့တယ်။
“အစ်ကို ဒီပေါက်ကရစကားတွေကို မယုံပါဘူးနော် ဟုတ်တယ်မလား”
စုန့်းယုံဖျင်က သိုလှောင်အိတ်ကို ကာကွယ်ထားတဲ့ စုန့်ယုံလဲ့ရဲ့လက်တွေကို ကြည့်လိုက်ပြီး ဂိုဏ်းတူအစ်ကိုယွီ ရုတ်တရက် သူ့အပေါ် သဘောထား ပြောင်းလဲသွားတာကို စဉ်းစားမိလိုက်တယ်။ သူက စူးလီရဲ့စကားတွေကို နည်းနည်းပိုပြီး ယုံကြည်လာမိခဲ့တယ်။
သူ ဘာမှမပြောရသေးခင်မှာပဲ စူးလီရဲ့ ကြောက်လန့်စရာကောင်းတဲ့အသံက တစ်ဖန် ဟိန်းထွက်လာခဲ့တယ်။
“အံ့ဩစရာကောင်းလိုက်တဲ့ ညီတစ်ယောက်ပဲဟဲ့”
“တကယ်တော့ သူက အစ်ကိုဖြစ်သူရဲ့ အားနည်းချက်ကို သူ့အစ်ကိုရဲ့ရန်သူဆီမှာတောင် ပြောပြလိုက်သေးတယ်၊ အစ်ကိုဖြစ်သူလဲ သနားစရာကောင်းလောက်အောင် ရှုံးနိမ့်သွားတာပေါ့”
“ဝိုး~ သူက သူလုပ်ထားတဲ့ မကောင်းမှုတွေကို သူ့အစ်ကိုကို ချောက်ချတဲ့နေရာမှာ တမင်သက်သက် အသုံးချလိုက်ပြီး အစ်ကိုဖြစ်သူနဲ့ တခြားဂိုဏ်းသားကြားက ဆက်ဆံရေးကို ဖျက်ဆီးခဲ့တာတဲ့”
“ဒါတောင် သူက...”
ပိုင်ကျစ်ယွင်ရဲ့အမူအရာက နဂိုက အထိတ်တလန့်ဖြစ်ရာကနေ ထုံထိုင်သွားတော့တယ်။ - ဒါကြီးက ဘယ်လောက်တောင် နှိုင်းယှဉ်လို့မရနိုင်ရန်သူမျိုး မလို့လဲ။
စုန့်ယုံဖျင်ရဲ့မျက်နှာက ပိုပို ညိုမည်းသွားတော့တယ်။ သူက စူးလီပြောလိုက်တဲ့အချက်တွေက အပြင်စည်းတပည့်အဖြစ်လုပ်နေတဲ့ သူနဲ့ ဖြစ်နေတာချင်း တထပ်ထဲကျနေတာကို တွေ့လိုက်ရတယ်။
အဲဒီအပြင်စည်းဂိုဏ်းသား ပြိုင်ပွဲမှာ သူ့ထက် အရည်အချင်းနိမ့်တဲ့ ပြိုင်ဘက်တစ်ယောက်ဆီမှာ ရှုံးခဲ့ရတယ်လေ။ ပြိုင်ဘက်က သူ့အားနည်းချက် နေရာကိုပဲ ပစ်မှတ်ထားပြီး လှုပ်ရှားခဲ့တာ။
အစောပိုင်းက သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိကြတဲ့ သူ့ဂိုဏ်းတူညီနောင်တွေကလည်း ရုတ်တရက် သူ့ကို တတ်နိုင်သလောက် ရှောင်ဖယ်ခဲ့ကြတယ်။
နောက်ပြီး....
စုန့်ယုံလဲက တဖြည်းဖြည်းပိုဆိုးလာတဲ့ စုန့်ယုံဖျင်ရဲ့ အမူအရာကို ကြည့်ရင်း ပျာယာခတ်သွားပြီး ဘယ်လို ရှင်းပြရမယ်မှန်းမသိအောင် ဖြစ်သွားခဲ့တယ်။ သူက သူရဲ့ယောက်ယက်ခတ်နေတဲ့စိတ်ကို မျိုသိပ်ထားလိုက်ပြီး ခပ်ပျော့ပျော့ ပြန်ချေပြလိုက်တယ်။
“အစ်ကို ကျွန်တော် မလုပ်ဘူး... မင်း ငါ့ကို သံသယဖြစ်လို့ မရဘူးနော်၊ ငါက မင်းရဲ့ညီအစ်ရင်း”
“အဲဒီမိန်းမက ငါတို့ကြားမှာ သွေးကွဲအောင် လုပ်ဖို့ကြိုးစားနေတာ၊ ဟုတ်တယ်၊ သူ ပြောတဲ့ စကားအားလုံးက အမှားတွေချည်းပဲ”
စုန့်ယုံဖျင်က သူ့ကို လေးနက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူက သူ့ညီဖြစ်သူကို တခါမှ သေသေချာချာ နားမလည်ခဲ့သလိုပဲ...
“မင်း တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလို့ ပြောနေမှတော့ ကောင်းကင်တာအိုကို တိုင်တည်ပြီး ကျိန်ပြလေ”
ကောင်းကင်စာအုပ်ကို ဝမ်းသာအားရဖတ်နေတဲ့ စူးလီက ကြောင်အမ်းအမ်းနဲ့ မော့ကြည့်လိုက်တယ်။ ဟမ် ငါ့ကို ဘယ်သူ ခေါ်နေတာလဲ။
နောက်တော့ စုန့်ယုံလဲ့က မြေကြီးပေါ်မှာ ဒူးထောက်ပြီး ချီတုံချတုံနဲ့ စကားမပြောရဲ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒီတစ်ခါတော့ စုန့်ယုံဖျင်ကို အရူးလုပ်လို့ မရတော့မှန်း သိလိုက်တော့ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ စုန့်ယုံဖျင်ကို ကြည့်လိုက်ပြီး သူ့အသံက အပြစ်ရှိပြီး လွမ်းဆွတ်မှုအပြည့်နဲ့ ပြောလိုက်တယ်။
“အစ်ကို ကျွန်တော် အမှားလုပ်မိချင် လုပ်မိပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အမေတစ်ယောက်ထဲက မွေးလာတဲ့ ညီအစ်ကိုတွေပါ”
“ညီအစ်ကိုတွေဆိုတာ အငြိုးအာဃာတတရားတွေကို တညလုံး သိမ်းမထားကြပါဘူး”
“အမေ မသေခင် ပြောသွားတဲ့ စကားကို မှတ်မိသေးလား၊ ကျွန်တော်တို့နှစ်ယောက် အချင်းချင်း ရိုင်းပင်းကြပြီး ကျွန်တော့်ကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ အစ်ကို မှာသွားခဲ့တယ်လေ...”
စုန့်ယုံဖျင်က သူ့ရင်ထဲက ဒေါသကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်တယ်။ ညီဖြစ်သူကို ကောင်းကောင်း မသင်ကြားပေးခဲ့တာ သူပါပဲလေ။
အခုချိန်ကစပြီး သူ့ကို သေချာ စည်းကမ်းကြပ်မတ်ပေးရမယ်။ သူ့ကျင့်ကြံရေးအဆင့်က ဘာပဲဖြစ်နေနေ သူ့အကျင့်ကိုတော့ မှန်ကန်အောင် ပြင်ပေးရလိမ့်မယ်။
တော်သေးတာပေါ့။ စုန့်ယုံလဲ့ အစအဆုံး ဒုက္ခပေးခဲ့တာ သူတစ်ယောက်ထဲ ဖြစ်နေလို့။ ဒီတော့ သူ့ကို ခွင့်လွှတ်ပေးရမယ် မပေးရဘူးဆိုတာ သူ့ကိစ္စပဲ ဖြစ်သွားပြီ။
သူသာ တခြားတစ်ယောက်ကို ဒုက္ခပေးခဲ့အုံးမယ်ဆိုရင်__
စုန့်ယုံဖျင်က ရုတ်တရက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တိမ်ဝင်နေတဲ့လေသံနဲ့ မေးလိုက်တယ်။
“မင်း တခြားလုပ်ထားတဲ့ အမှားတွေရော ရှိသေးလား”
စုန့်ယုံလဲ့က ပျာယာခပ်နေသေးပေမဲ့ စူးလီက ဘာမပြောတော့တာကို တွေ့လိုက်ရတော့ သူ နည်းနည်း စိတ်အေးသွားခဲ့တယ်။
ဟုတ်တယ်။ သူက တခြားကိစ္စတွေကို အရမ်းကို လျို့လျှို့ဝှက်ဝှက်နဲ့ လုပ်ခဲ့တာလေ။ သူက ဘယ်လိုလုပ်ပြီး သိမှာလဲ။
သူက ခေါင်းမော့လိုက်ပြီး အခိုင်အမာ ပြောလိုက်တော့တယ်။
“မရှိတော့ပါဘူး”
စုန့်ယုံဖျင်က စိတ်အေးသွားပြီး သက်ပြင်းချတော့မဲ့ဆဲဆဲ သူ့ကို ပျာယာခတ်သွားစေတဲ့ စိုက်ခင်းအစွန်းနားက ရင်းနှီးပြီးသားအသံကို ကြားလိုက်ရတယ်။
“မရှိတော့ဘူး ဟုတ်လား”
“နင့်အစ်ကိုရဲ့နာမည်ကို သုံးပြီး တခြားအပြင်စည်းတပည့်တွေနဲ့ အစေခံတွေကို အနိုင်ကျင့် ခြိမ်းခြောက်ခဲ့သေးတယ်မလား”
စုန့်ယုံဖျင်က အလန့်တကြားနဲ့ စုန့်ယုံလဲ့ကို ကြည့်လိုက်ပြီး သူ့အသံက ဒေါသအပြည့်ဖြစ်သွားခဲ့တယ်။
“မင်း တကယ်ပဲ တခြားသူတွေကို အနိုင်ကျင့်နေတာလား”
စုန့်ယုံလဲက သူ့ကိုယ်သူအတွက် ရှင်းမပြနိုင်ခင်မှာပဲ စူးလီက နောက်တစ်ခွန်းထပ်ပြောလိုက်တာကို ကြားလိုက်ရတယ်။
“အမယ် အဲဒါတင် ဘယ်ကအုံးမလဲ”
“သူ့ကြောင့် ထိခိုက်ခဲ့ရတဲ အပြင်စည်းတပည့်တွေမှ အများကြီးပဲ၊ နောက်ပြီး သူတို့ရဲ့ကျင့်ကြံရေးအဆင့် ဆက်ပြီး မတက်နိုင်ကြတော့ဘူးလေ”
...