အခန်း ၁၂
Vol. 1 Ch. 12
အပိုင်း (၁၂)
လေးစားမှုနဲ့ယုံကြည်မှုအပြည့်ပါနေတဲ့ ပိုင်ကျစ်ယွင်ရဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ အားလုံးက သူတို့တွေ လျစ်လျူရှုထားခဲ့မိတဲ့ စူးလီကို တအံတဩနဲ့ ကြည့်လိုက်ကြတယ်။
ဒါက ချီကျင့်ကြံခြင်းအဆင့် တတိယအဆင့်ပဲရှိတဲ့ သာမန်တပည့်တစ်ယောက်ပဲ။ ပိုင်ကျစ်ယွင်က ဘာလို့များ...
အားလုံးက မတူညီတဲ့အတွေးတွေ ရှိနေကြပေမဲ့ အပေါ်ယံမှာတော့ သူတို့အားလုံးက စူးလီကို မျှော်လင့်တကြီး ကြည့်လိုက်ကြပြီး သူမက ပိုင်ကျစ်ယွင်ကို ရွှင့်ချန်ဂိုဏ်းမှာ ဆက်နေဖို့ နားချပေးနိုင်မလားလို့ မျှော်လင့်နေကြတယ်။
ကောင်းကင်တာအိုဖြစ်တဲ့ စူးလီက သူတို့လက်ထဲက ဝိညာဉ်ဆေးပင်တွေနဲ့ ရှားပါးရတနာတွေကို အထင်သေးတဲ့ဟန်နဲ့ လှမ်းကြည့်လိုက်မိတယ်။ အမယ်လေး စုတ်ပျက်နေတာပဲ။
ဒါပေမဲ့ ရွှင့်ချန်ဂိုဏ်းက.... မဆိုးပါဘူး။
သူမက ပျင်းရိလေးတွဲတဲ့ပုံနဲ့ ပြောလိုက်တယ်။
"ဧည့်အကြီးအကဲ တစ်ယောက်ဖြစ်ရတာ ဆိုးတော့မဆိုးပါဘူး"
သူမရဲ့အဖြေကို ကြားလိုက်ရတဲ့အခါမှာ ပိုင်ကျစ်ယွင်က တွေဝေမနေဘဲ ကိုယ်ကိုပြန်လှည့်လာပြီး ပြောလိုက်တယ်။
"ကျွန်မအနေနဲ့ ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်"
"ကျုပ်တို့ရဲ့ တာအိုရောင်းရင်းက တကယ်ကိုအမြင်ရှိတာပဲ”
လုကျင်းဟွိုင်က အရမ်းကိုဝမ်းသာသွားပြီး မျက်ရည်များတောင် ကျလာခဲ့တယ်။ သူက နောက်ဆုံးတော့ ပါရမီရှင် ပိုင်ကျစ်ယွင်ကို ဂိုဏ်းအတွက်ခေါ်ထားနိုင်ခဲ့ပြီးလေ။
သူသာ အချိန်ဆွဲနေခဲ့ရင် တစ်ခုခုပြောင်းလဲသွားမှာကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့်မလိုပဲ သူက ပိုင်ကျစ်ယွင်ရဲ့ အဆင့်အတန်းကို ဧည့်အကြီးအကဲတစ်ယောက်အဖြစ် လုပ်ပေးလိုက်ဖို့ မြန်မြန် ဆုံးဖြတ်လိုက်တာပဲ။
"ကျစ်ယွင် ငါ ဒီနေ့ပြန်သွားပြီးရင် မင်းအတွက် အကြီးအကဲဆက်ခံဖို့ အခမ်းအနားပြင်ဆင်ပေးမယ်"
ဒီအချိန်မှာတော့ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သူကိုယ်တိုင်အတွက် အကျိုးအမြတ်တစ်ခုရဖို့ အရှက်မဲ့စွာနဲ့ စဉ်းစားလိုက်တယ်။
"ကျစ်ယွင်... မဟုတ်ဘူး။... အကြီးအကဲပိုင် မင်းက ဘယ်တောင်ထိပ်မှာ နေချင်သလဲ"
"ငါ့အထင်တော့ ရွှင့်ယောင်တောင်ထွတ်က တော်တော်လေး လှတယ်လို့ထင်တယ်။ အဲဒီတောင်မှာ ဝိညာဉ်စွမ်းအင်တွေ အများအပြားရှိပြီး ဝိညာဉ်သစ်ပင်တွေလည်း ပေါများတယ်”
ရွှင့်ယောင်တောင်ထွတ်က သူနေတဲ့နေရာလေ။
"မင်းသဘောကျမယ်ဆိုရင် ငါက တောင်ရဲ့တဝက်ကို မင်းကိုပေးနိုင်ပါတယ်"
ယောက်တန်းတောင်ထွတ်သခင်ကလဲ ရုတ်တရက် သတိဝင်လာခဲ့တယ်။ သူရဲ့ကျင့်ကြံရေးအဆင့်က အကြီးအကဲတွေထက် ပိုပြီးတော့ နိမ့်နေပေမဲ့လည်း သူက ပိုင်ကျစ်ယွင်နဲ့ ဆက်ဆံရေးတစ်ခုတော့ တည်ဆောက်လို့ရပါသေးတယ်။
"အကြီးအကဲပိုင် မင်းက ယောက်တန်းတောင်ထွတ်ကို ရောက်နေတာ ကြာပြီဆိုတော့ ဒီနေရာနဲ့ နေသားကျနေလောက်ပြီပေါ့ မဟုတ်ရင်လည်းဘဲ... "
"ယောက်တန်းတောင်ထွတ်မှာ တပည့်တွေအများကြီးပဲ လူတွေအရမ်းများတယ်” မဟာအကြီးအကဲက သူ့ကို မသိမသာ ဘေးကိုတွန်းထုတ်လိုက်ပြီး ပြုံးလိုက်ကာ တောင်တစ်ခုကို သူက ညွှန်းပေးလိုက်တယ်။
"ငါ့သဘောအရဆိုရင်တော့ ဟွားလျန်တောင်ထွတ်က အသင့်တော်ဆုံးပဲ"
"ငါ့အထင်ကတော့"
ပိုင်ကျစ်ယွင်က ဒီလူတွေကြားထဲက အငြင်းအခုံဖြစ်နေတာကို ဂရုမစိုက်ဘဲ သူ့ရဲ့ခေါင်းကို ဘေးကိုလှည့်လိုက်ပြီး စူးလီကို ကြည့်လိုက်ကာ သူမရဲ့အသံထဲမှာ မျှော်လင့်နေတဲ့ အရိပ်အရောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဂိုဏ်းတူအစ်မ ရှင် ဘယ်နေရာမှာ နေချင်လဲ"
ဂိုဏ်းတူအစ်မကသာ ရွှင့်ချန်ဂိုဏ်းမှာ သူနေချင်တဲ့နေရာတစ်ခု ရှိခဲ့တယ်ဆိုရင် သူက သူမနဲ့ အချိန်တော်တော်ကြာအောင် နေလိမ့်မယ်မဟုတ်လား။
"နေချင်တဲ့နေရာတစ်ခု ဟုတ်လား...” စူးလီက ဟိုအရင်တုန်းက ကောင်းကင်စာအုပ်ထဲက သူမ တွေ့ခဲ့ဖူးတဲ့ နေရာတစ်ခုကို ရုတ်တရက် စဉ်းစားသွားမိခဲ့တယ်။
"ရွှင့်ချန်ဂိုဏ်းမှာ လော့ရှူးတောင်ထွတ်ဆိုတာ ရှိတယ်မလား၊ ငါကတော့ ဒီနေရာက ကောင်းတယ်လို့ထင်တယ်"
"ဒါဆိုရင် ကျွန်မ လော့ရှူးတောင်ထွတ်ကို ရွေးလိုက်မယ်” ပိုင်ကျစ်ယွင်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်တယ်။ ထောင့်တနေရာမှာ ပွဲလာကြည့်ကြတဲ့ လော့ရှူးတောင်ထွတ်က တပည့်တချို့က ကောင်းကင်ပေါ်က ကျလာတဲ့ ပေါင်မုန့်တစ်ခု ထိရိုက်ခံလိုက်ရပြီး မူးနောက်သွားခဲ့ရတယ်။
ပြီးခဲ့တဲနှစ်အနည်းငယ်တုန်းက ပြဿနာတွေ ဖြစ်ခဲ့ပြီး လော့ရှူးတောင်ထွတ်ဟာဆိုရင် အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့ အထင်သေးစရာနေရာတစ်ခု ဖြစ်လာခဲ့တယ်။
ဘယ်အကြီးအကဲကမှ ဒီနေမှာဆက်ပြီး မနေချင်ကြတော့ဘူး။ ဆရာတစ်ယောက်ရဲ့ လက်ခံခြင်း မခံရသေးတဲ့တပည့်တွေကပဲ ဒီနေရာမှာ နေခဲ့ပြီးတော့ သူတို့ထွက်သွားချင်ရင်တောင် ထွက်မသွားနိုင်ဘဲ ဖြစ်နေတယ်။
အခုတော့ သူတို့ရဲကံကောင်းခြင်းတွေက နောက်ဆုံးတော့ ရောက်လာခဲ့ပြီးလေ။
ခေါင်းဆောင်တပည့်က မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ ပိုင်ကျစ်ယွင်ဆီ အပြေးရောက်လာပြီး တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်တယ်။ နောက်ပြီးတော့ ထိန်းမနိုင်တဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ သူက ပြောလိုက်တယ်။
"စိတ်မပူပါနဲ့ အကြီးအကဲပိုင်... ကျွန်တော်တို့တတွေ လော့ရှူးတောင်ထွတ်ကို သေသေချာချာ သန့်ရှင်းရေးလုပ်ပြီးတော့ မြူတစ်မှုန်မှ မကျန်အောင် သန့်ရှင်းရေးလုပ်ထားလိုက်ပါမယ်"
"ဟုတ်ပါတယ်” သူ့နောက်က တပည့်တွေကလဲ မြန်မြန်ဆန်ဆန်ပဲ ထောက်ခံလိုက်ကြတယ်။
"အကြီးအကဲပိုင်... အကြီးအကဲမှာ ပြောစရာတစ်ခုခုရှိရင် ကျွန်တော်တို့ကို ပြောလိုက်လို့ရပါတယ်"
ပိုင်ကျစ်ယွင်က ချီတုံချတုံနဲ့ လော့ရှူးတောင်ထွတ်က တပည့်တွေကို ကြည့်လိုက်တယ်။
ဒီအချိန်မှာ ငါ သူတို့ကို လက်ဆောင်လေးနည်းနည်းလောက် ပေးလိုက်ရင်ကောင်းမလား...
ဒီလိုစဉ်းစားလိုက်ပြီး သူမက ခေါင်းငုံ့လိုက်တယ်။ သူမကရဲ့ ရိုးရိုးရှင်းရှင်း သိုလှောင်အိတ်လေးကို ဟိုမွှေဒီမွှေ လုပ်လိုက်ပြီး အဆင့်တစ် ဝိညာဉ်စွမ်းအင်အပင်ကို ဆွဲထုတ်လိုက်တယ်။
လော့ရှူးတောင်ထွတ်က တပည့်တွေက သူမရဲ့လှုပ်ရှားမှုကို အူကြောင်ကြောင်နဲ့ ကြည့်နေကြပြီး တွေ့လိုက်ရတာက ဒီဝိညာဉ်ဆေးပင်လေးက အဆင့်တစ်ကနေအဆင့်နှစ်... အဆင့်သုံး... နောက်ဆုံးတော့ အဆင့်လေးဆီမှာ ရပ်သွားတော့တယ်။
ပိုင်ကျစ်ယွင်က သူမရဲ့လက်ထဲက အဆင့်လေးဝိညာဉ်ဆေးပင်ကို တပည့်တွေကို လှမ်းပေးလိုက်တယ်။ ဘာပြောရမယ်မှန်းမသိတဲ့အတွက် သူမက ရိုးရိုးလေးပဲ ပြောလိုက်တယ်။
"ပထမဆုံးတွေ့ရတဲ့အတွက် လက်ဆောင်တစ်ခုပေးတာပါ"
ခေါင်းဆောင်တပည့်က သူ့မျက်လုံးကို မယုံမကြည်နဲ့ပွတ်လိုက်ပြီး နောက်ဆုံးတော့ တုန်ယင်တဲ့လက်တွေနဲ့ ဝိညာဉ်ဆေးပင်ကို လက်ခံလိုက်တယ်။
အဲဒီနောက်မှာတော့ ပိုင်ကျစ်ယွင်က ဆက်ပြီးတော့ တပည့်တစ်ယောက်စီကို အဆင့်လေးဝိညာဉ်ဆေးပင် တစ်ပင်စီ ပေးလိုက်တယ်။
“ဘာဖြစ်လို့ လော့ရှူးတောင်ထွတ်လဲ.. ဟွားလျန်တောင်ထွတ် ဘာလို့မဖြစ်ရတာလဲ”
မဟာအကြီးအကဲက အရမ်းကို မနာလိုဖြစ်သွားပြီးတော့ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ အသံထွက်ကာ မေးခွန်းထုတ်လိုက်တော့တယ်။
ပိုင်ကျစ်ယွင်ထုတ်လာတဲ့ ပစ္စည်းက အဆင့်လေးဝိညာဉ်ဆေးပင် တစ်ခုတည်း မဟုတ်ဘူးလေ။ သူမရဲ့ဘေးနားမှာရှိတဲ့ ရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေက သေချာပေါက်ရမှာပဲ။
ဒီတစ်ကြိမ်မှာ အဆင့်လေးဝိညာဉ်ဆေးပင်ဆိုပေမဲ့ နောက်တစ်ကြိမ်ကျရင် အဆင့်ရှစ် ဝိညာဉ်ဆေးပင်တွေ ဖြစ်လာနိုင်တယ်။ ဒါမှမဟုတ်လဲ ဒဏ္ဍာရီထဲက အဆင့်ကိုးဝိညာဉ်ဆေးပင်တောင် ဖြစ်သွားနိုင်သေးတယ်။
"တခြားတောင်ထွတ်ကလူတွေက ယောက်တန်းတောင်ထွတ်မှာ နေသလိုမျိုး ဘယ်တော့မှ အကျင့် မရှိကြဘူး” မဟာအကြီးအကဲတစ်ယောက်ပဲ မနာလိုဖြစ်သွားတာ မဟုတ်ဘဲ ယောက်တန်းတောင်ထွတ်ရဲ့ သခင်ကလည်း မြန်မြန်ထရပ်လိုက်ပြီး ပြောလိုက်တယ်။
" အကြီးအကဲပိုင် မင်း..."
အားလုံးက ပိုင်ကျစ်ယွင်ရဲ့ရွေးချယ်မှုကို ငြင်းခုံတော့မယ် လုပ်နေတဲ့အချိန်မှာပဲ ရင်းနှီးလှတဲ့ အသံတစ်ခုက ခပ်ရေးရေး ပေါ်လာတော့တယ်။
[ဝိုး ဟွားလျန်တောင်ထွတ်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်တွေနဲ့ပဲ၊ ဒါတောင်မှ ဒီအကြီးအကဲက ထွက်လာရဲသေးတယ်]
စူးလီက ဟွားလျန်တောင်ထွတ်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ သူမက ရင်းနှီးသလို ခံစားလိုက်ရတယ်။ ဒီတော့ ကောင်းကင်စာအုပ်ထဲက ဖရဲသီးကိုကြည့်လိုက်ပြီး သူမက သက်ပြင်းမချဘဲ မနေနိုင်အောင်ဖြစ်သွားတယ်။
[ကျင့်ကြံရေးအဆင့်ပိုပြီးမြင့်လေလေ မျက်နှာက ပိုပြီတော့ပြောင်လေလေပါလား]
ဘာဖြစ်လို့အပြင်လောကက အသံက အခုချိန်မှ ရောက်လာတာလဲ။
မဟာအကြီးအကဲက ဒီရင်းနှီးလှတဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆွတ်သွားခဲ့တယ်။
[တခြားအတွင်းစည်းဂိုဏ်းသားတွေက သူ့ဂိုဏ်းသားကို အနိုင်ကျင့်နေတာကို ဒီအတိုင်း ကြည့်နေတာလေ။ သူ့ပြိုင်ဘက်တွေရဲ့ ဝိညာဉ်ဆေးပင်တွေကိုလည်း ရေနွေးနဲ့ တိတ်တိတ်လေး သွားလောင်းလိုက်သေးတယ်]
[နောက်ပြီးတော့ မဟာအကြီးအကဲရဲ့သားကလည်း... ]
[သူ့ရာထူးကို အားကိုးပြီးတော့ အကြီးအကဲရဲ့သားကလည်း ယောကျာ်းနဲ့ မိန်းမတွေကို အနိုင်ကျင့်တယ်။ မကောင်းမှုမှန်သမျှကို ကျူးလွန်တယ်။ အရည်အချင်းရှိတဲ့တပည့်တွေကိုတောင်မှ ကျေးကျွန်အဖြစ် အကျဉ်းချထားတယ်]
[ဟင်... ဒီတော့ မဟာအကြီးအကဲက ဒီကိစ္စအားလုံးကို သိပြီးသားပဲလား]
[တော်တော်လေး မျှတပါပေတယ်။ တရားတယ်။ စည်းကမ်းရှိတယ်]
အပြင်လောကရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ လုကျင်းဟွိုင်က အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အကြီးအကဲကို စေ့စေ့ကြည့်လိုက်တယ်။
အပြင်လောကလာတဲ့ အသံကသာ အမှန်ဆိုရင်တော့ မဟာအကြီးအကဲကို အပြစ်ဖွဲ့ရမယ်ဆိုရင်တောင်မှ ငါတို့တွေက ဟွားလျန်တောင်ထွတ်ကို သေသေချာချာ စစ်ဆေးဖို့တော့ လိုနေပြီ။
မဟာအကြီးအကဲက မျက်နှာပေါ်မှာ မနှစ်မြို့တဲ့ရုပ်တစ်ခု ဖြစ်သွားခဲ့တယ်။
သူက အဲဒီတပည့်လေးကို တော်တော်သဘောကျတယ်။ သူရဲ့မျက်နှာပေါ်မှာ အမာရွတ်တွေကလဲ ရှိတယ်။ ကျင့်ကြံရေးအဆင့်က နိမ့်ပေမဲ့လည်း သူက ရိုးသားတဲ့ သူတစ်ယောက်ဖြစ်တယ်။ ရှူးဟွာရဲ့ဘေးမှာ နေဖို့ရန်အတွက် ထိုက်တန်တဲ့သူတစ်ယောက်ပဲ။
ဒီကျင့်ကြံရေးလောကမှာ အားကြီးတဲ့သူတွေက လေးစားခံရပြီး အားကြီးတဲ့သူတွေကို မှီခိုအားထားတာလည်း အသက်ရှင်ခြင်းနည်းလမ်း တစ်ခုပါပဲ။
သူပြန်သွားတဲ့အချိန်ကျရင်တော့ သူ့ကို အပြစ်ကောင်းကောင်းပေးပြီးတော့ ပါးစပ်ပိတ်သွားအောင် လုပ်ရလိမ့်မယ်။ စူးလီက သက်ပြင်းချပြီ စာမျက်နှာကို နောက်တစ်ရွက် လှန်လိုက်တယ်။ သူမက စာမျက်နှာပေါ်မှာ ရေးထားတဲ့စာလုံးတွေကို မြင်လိုက်တဲ့အချိန်မှာ ရုတ်ခြည်းဆိုသလို စိတ်လှုပ်ရှားလာခဲ့တယ်။
[အလို... အကြီးဆုံးအကြီးအကဲရဲ့သားက တကယ်တော့ ဖခင်ချစ်ခြင်းကို ရူးသွပ်နေတဲ့သူတစ်ယောက်ပဲ]
[အဟမ်း ကျင့်ကြံရေးလောကကြီးကတော့ အကောင်းဆုံး ဟာသရှိနေတဲ့ နေရာတစ်ခုပဲဟဲ့]
...