← Chapters

အခန်း ၁၄

Vol. 1 Ch. 14

အခန်း ၁၄

Vol. 1 Ch. 14

အပိုင်း (၁၄)

ကျန်းရှူးဟွာက ကျန်းကျွင်းမင်ရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့ရင်ထဲမှာ ထိန်းမရနိုင်အောင် ပျာယာခတ်သွားခဲ့တယ်။

ကျန်းရှန်းက သူ့အဖေနဲ့ အရမ်းတူနေတာ။ သူက တကယ်ပဲ သူ့အဖေရဲ့သားအရင်းလား။

မဖြစ်နိုင်ဘူး။ သူနဲ့ သူအဖေက သွေးရော ဝိညာဉ်ရောဝိညာဉ်ရော ဆက်ထားတာပဲ။ ဒီတော့ သူကမှ အဖေ့သားပဲဖြစ်ရမယ်။

တစ်ယောက်ယောက်က ငါ့အဖေကို လှည့်စားလိုက်တာ ဖြစ်မယ်... ဟုတ်တယ်... တစ်ယောက်ယောက်က ငါ့အဖေကို လှည့်စားခဲ့တာ။

ဒီလိုစဉ်းစားလိုက်တော့ ပိုပြီးယုံကြည်မှုရှိလာခဲ့တယ်။

သူက ခေါင်းမော့လိုက်ပြီး မျက်နှာပေါ်မှာ စိုးရိမ်နေတဲ့အကြည့်တစ်ခုနဲ့ ကျန်းရှန်းရှေ့မှာ ဒူးတဝက် ထောက်ထားတဲ့ ကျန်းကျွင်းမင်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မနာလိုတဲ့အရိပ်တစ်ခုက ထိန်းမရအောင် စွန်းထင်းသွားခဲ့တယ်။ သူက ရုန်းကန်လိုက်ပြီး အော်ဟစ်လိုက်တယ်။

"အဖေ ကျွန်တော်ကမှ အဖေသားပါ၊ အဖေရဲ့တစ်ဦးတည်းသောသားပါ"

"အဖေက ဘယ်လိုဖြစ်ပြီး အတုအယောင်..."

ကျန်းကျွင်းမင်က နီရဲနေတဲ့မျက်လုံးတွေနဲ့ ကျန်းရှန်းရဲ့မျက်နှာပေါ်က ဒဏ်ရာအသစ်အဟောင်းတွေကို ကြည့်နေလိုက်တယ်။

အမာရွတ်တွေ ဖုံးလွှမ်းနေတာတောင် သူ့ရဲမျက်နှာနဲ့ တော်တော်လေးကို ဆင်တူနေသေးတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူ့လက်တွေက မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ - ဒါက သူ့ရဲ့သားပဲ။

သူ့ရဲ့သားက သူ့ရဲ့အကာအကွယ်အောက်မှာ ကောင်းကောင်းစား ကောင်းကောင်းဝတ် အချစ်ခံပြီးတော့ ဝိညာဉ်ဆေးပင်တွေနဲ့ အာဟာရဖြစ်အောင် ပြုစုပျိုးထောင်လာသင့်တာ... ဒါပေမဲ့ အခု‌တော့ သူက အဲလိုမဟုတ်ရှာဘူး...

ကျန်းရှူးဟွာရဲ့အသံကို ကြားလိုက်တော့ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေနဲ့ ကျန်းရှူးဟွာကို လှည့်ကြည့်လိုက်တယ်။

" မင်းက ငါ့ကို အဖေလို့ ခေါ်ဖို့မထိုက်တန်ဘူး"

သူက လက်ကိုမြှောက်လိုက်ပြီး ဝိညာဉ်စွမ်းအင်နဲ့ ကျန်းရှူးဟွာကို ခပ်ကြမ်းကြမ်း ပါးရိုက်ပစ်လိုက်တယ်။

ကျန်းရှန်းကမှ ငါ့ရဲ့တစ်ဦးတည်း‌သောမျိုးဆက်ကွ။

"မင်းက ခိုအိမ်ထဲကို ခိုးဝင်လာတဲ့ အတုအယောင်ကောင်"

မျိုးဆက်ရဖို့အတွက် ခက်ခဲလှတဲ့အစွမ်းရှိလှတဲ့လူတွေအတွက် အရေးအကြီးအရာ အ‌မွေဆက်ခံဖို့ မျိုးဆက်တစ်ခုရှိဖို့ပဲ။

အပြင်လောကက လာတဲ့အသံကို ကြားမိလိုက်တဲ့အချိန်မှာပဲ တစ်ချိန်က ကျန်းရှူးဟွာ သူ့ဆီက ရခဲ့အခွင့်အရေးအားလုံးက ပျောက်ကွယ်သွားခဲ့တယ်။

သူက သွေးသားရင်းချာဆက်ဆံရေးကြောင့် မဟုတ်ဘဲ ကျန်းရှူးဟွာရဲ့အရည်အချင်းကြောင့် ကျန်ရှူးဟွာကို နှစ်ပေါင်းတစ်ရာလောက် ချစ်မြတ်နိုးလာခဲ့တဲ့တိုင်အောင် သူရဲ့ရင်ထဲကနေရာက ဟွားလျန်တောင်ထွတ်က ခွေးလောက်တောင်မှ မကောင်းခဲ့ဘူး။

ရာစုနှစ်ချီအောင် ကျန်းရှန်းနေရာမှာ အစားထိုးနေလာတဲ့ အတုအယောင်တစ်ယောက် ဖြစ်တဲ့အပြင် ကျန်းရှန်းက ဟွားလျန်တောင်ထွတ်ကို ဝင်လာပြီးနောက်မှာ သူ့ကို ဒီလိုဆက်ဆံရဲခဲ့သေးတယ်။

ကျန်းကျွင်းမင်က အေးတိအေးစက်မျက်လုံးတွေနဲ့ လူသေတစ်ကောင်ကို ကြည့်နေတဲ့ပုံစံမျိုးနဲ့ ကျန်းရှူးဟွာကို ကြည့်လိုက်တယ်။

ကျန်းကျွင်းမင်းရဲ့စကားကို ကြားလိုက်ရတော့ ကျန်းရှူးဟွာက သူ့ခန္ဓာကိုယ်ပေါ်က ပြင်းရှတဲ့ နာကျင်မှုတွေကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးထဲမှာလဲ ထိတ်လန့်မှုအပြည့်နဲ့ လေးဘက်ထောက်ပြီး ခြေနှစ်လမ်းလောက် တိုးလာလိုက်တယ်။

"အဖေ... အဖေအထင်လွဲနေတာပဲ ဖြစ်ရမယ်... ကျွန်တော်က ကျန်းရှူးဟွာလေ... ကျွန်တော်က အဖေ့ရဲ့သားပါ"

"တစ်ယောက်ယောက်က အဖေ့ကို လှည့်စားခဲ့တာပဲဖြစ်ရမယ်"

" အဖေ အဖေမေ့သွားပြီးလား... ကျွန်တော်က အဖေ့အချစ်ဆုံးသားလေ၊ ကျွန်တော့်အတွက်တောင်မှ တခြားအကြီးအကဲတွေနဲ့ တိုက်ခိုက်ပေးသေးတယ်လေ"

"တော်တော့"

ကျန်းကျွင်းမင်ရဲ့မျက်လုံးတွေက သူ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ ဒေါသပိုထွက်လာခဲ့တယ်။

“တကယ်လို့သာ တစ်ယောက်ယောက်က ငါ့ရဲ့သားအရင်းနေရာမှာ မင်းကို အစားမထိုးခဲ့ဘူးဆိုရင် ငါက ရှန်းအာနဲ့နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ပြီး ဝေးကွာမှာလဲ”

သူက မြေကြီးပေါ်မှာ ရုန်းကန်နေပြီး ယုံကြည်ဖို့ရန် မလိုလားတဲ့ ကျန်းရှူးဟွာကို အေးစက်စက်နဲ့ လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်တော့ ဂရုမစိုက်သလို လှည့်ထွက်သွားပြီး ကြင်နာမှုနဲ့ အပြစ်ရှိတဲ့မျက်လုံးတွေနဲ့ ကျန်းရှန်းကို ကြည့်လိုက်တယ်။

"ကျန်းအာ... ငါက မင်းရဲ့အဖေပါ"

သူက ကျန်းရှန်းရဲ့ ကြမ်းထော်နေတဲ့ဆံပင်တွေကို တယုတယ ပွတ်သပ်ပေးလိုက်ပြီး သူ့အသံက အရင်ကထက်ပိုပြီး ပျော့ပြောင်းလာခဲ့တယ်။

"မင်းမွေးလာတဲ့နေ့တုန်းက တစ်ယောက်ယောက်က ကျန်းရှူးဟွာနဲ့ မင်းရဲ့သရုပ်မှန်ကို လဲလိုက်ပြီး အဖေတို့ကို နှစ်တစ်ရာကျော်အောင် ခွဲထားခဲ့တာ"

"တော်သေးတာပေါ့... ဘုရားသခင်က မျက်လုံးရှိသေးလို့ပဲ၊ အဖေ့ကို အမှန်တရားကို သိ‌မြင်စေခဲ့တယ်"

ဒါက ကောင်းကင်ကလာတဲ့အသံကို အလွန်မှကျေးဇူးတင်မိတဲ့ သူ့အတွက် ပထမဆုံးအကြိမ်ပါပဲ။ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် အချိန်အကြာကြီး လှည့်စားခံနေရမှာ။ အဲဒီအချိန်ကျရင် ကျန်းရှန်းကလည်းပဲ ...

"အခုအချိန်ကစပြီး အဖေက မင်းကို နှစ်ဆပြန်ပြီးပေးဆပ်မယ်... မင်းကို ဘာမတရားမှုမှ မခံစားစေရဘူး"

ကျန်းရှန်းက ကြက်သေသေနေတဲ့ မျက်နှာထားနဲ့ သူ့ဘေးနားက ဆူညံသံတွေကို နားထောင်နေလိုက်တယ်။ သူက ကျန်းကျွင်းမင်ရဲ့သား ဖြစ်နိုင်တယ်ဆိုတာ သိထားပေမဲ့ သူ့ရဲ့မျက်လုံးထဲမှာတော့ ဒါကလုံးဝကို စိတ်လှုပ်ရှားစရာ မကောင်းခဲ့ဘူး။

သူက ကျန်းရှူးဟွာနဲ့အတူတူ အချိန်ကုန်ဆုံးခဲ့တုန်းက ထိုလူက သူ့ကို အရှက်ခွဲခံရတဲ့အပြင် သူ နာကျင်မှုတွေကိုလည်းပဲ ခံစားခဲ့ရတယ်။ သူက သူလုပ်ချင်တဲ့အရာကို မလုပ်နိုင်သေးခင်အထိ သူဟာ ဘယ်သူအတွက်မှ ခြိမ်းခြောက်စရာတစ်ခု မဟုတ်ဘူးဆိုတာကို ခံစားမိလာတဲ့အထိ စောင့်ဆိုင်းလာခဲ့ရတယ်။

ကျန်းကျွင်းမင်က သူ့ကိုပေးလာတဲ့ကတိတွေကို နားထောင်လိုက်ပြီး သူ့ရဲ့မဲနက်တဲ့မျက်လုံးအိမ်ထဲမှာ သရော်လှောင်ပြောင်တဲ့အရိပ် ဖျတ်ခနဲ ဖြတ်သွားခဲ့တယ်။

ကျန်းရှူးဟွာက ဘယ်လိုလူမျိုးဆိုတာနဲ့ သူက ငါ့ကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကို ကျန်းကျွင်းမင်က တကယ် မသိခဲ့တာလား။

အဲဒီအချိန်တုန်းက သူက သူ့ရဲအကူညီတောင်း‌နေတဲ့အကြည့်ကိုတောင် အထက်စီးဆန်ဆန်နဲ့ လျစ်လျူရှုထားပြီး သူ့ကို နှစ်ခါတောင် ပြန်မကြည့်ခဲ့ဘူးလေ။

ကျန်းကျွင်းမင်အတွက်တော့ သူက အချိန်မရွေး ဖိချေ နင်းသတ်လို့ရတဲ့ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ။

ကျန်းရှူးဟွာက တုံးအပြီးဆိုးသွမ်းလွန်းတယ်။ ဒါပေမဲ့ ကျန်းကျွင်းမင်ကလည်း သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ပါဘူး။

ဒါပေမဲ့လည်း သူက တချိန်တုန်းက ချစ်ခြင်းမေတ္တာကို ငတ်မွတ်တဲ့လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူးလေ။ ကျန်းကျွင်းမင်က ဘယ်လိုလူပဲဖြစ်နေပါစေ ကိစ္စမရှိတော့ဘူး။

အခုအချိန်မှာ အရေးအကြီးဆုံးကိစ္စက ဒီသရုပ်သကန်ကနေ သူ ဘာကိုရနိုင်မလဲဆိုတာပဲ။

ကျန်းကျွင်းမင်က ဘာအမူအရာမှ မပြဘဲ ခေါင်းကိုငုံ့ထားတဲ့ကျန်းရှန်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ သနားစိတ်အပြည့် ဝင်လာခဲ့တယ်။ သူက သူ့ဘေးမှာ ငိုယိုနေတဲ့ ကျန်းရှူးဟွာကို ကြည့်လိုက်ပြီး သိမ့်မွေ့ပေမဲ့လည်း ရက်စက်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ကျန်းအာ... ကျန်းရှုးဟွာက မင်းကို ဒီလိုဆက်ဆံခဲ့တယ်၊ အခု မင်း သူရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးပစ်ချင်လား၊ ဒါမှမဟုတ် မင်း သူ့ရဲ့အသက်ကို ချက်ချင်းနုတ်ယူပစ်ချင်လား"

သူ့မျက်လုံးထဲမှာတော့ ကျန်းရှူးဟွာက လူသေတစ်ယောက်နဲ့ မခြားနားတော့ပါဘူး။ သူ့ရဲတစ်ခုတည်းသောနေရာက ကျန်းရှန်းရဲ့ဒေါသတွေကို ပုံချရာနေရာပဲ ဖြစ်လာတော့တယ်။

ကျန်းရှူးဟွာတစ်ယောက်ကတော့ ကျန်းကျွင်းမင်ရဲ့စကားကို ကြားလိုက်ရတဲ့အချိန်မှာ သူက ကျန်းကျွင်းမင်ရဲ့သား မဟုတ်ဘူးဆိုတဲ့အချက်ကို လက်မခံနိုင် ဖြစ်နေ‌သေးတယ်။

သူက ကြောက်လန့်တကြားနဲ့ ခေါင်းမော့ကြည့်လိုက်ပြီး အဆီအငေါ်မတည့် ပြောလိုက်တယ်။

"အဖေ... အဖေ ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူး၊ အဖေ"

ဒီအချိန်မှာပဲ ကျန်းရှန်းက နောက်ဆုံးတော့ ခေါင်းမော့လာပြီး သူရဲ့မည်းနက်နေတဲ့ မျက်လုံးအိမ်က ကျန်းရှူးဟွာကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတော့ သူက ကျန်းကျွင်းမင်ကို တားလိုက်တယ်။

သူ့အသံက တိမ်ဝင်နေတယ်။

"ကျွန်တော်က တကယ်ပဲ ခင်ဗျားရဲ့သားဆိုတာ သေချာလို့လား"

"သေချာတယ်"

ကျန်းကျွင်းမင်က နောက်ဆုံးတော့ ကျန်းရှန်းက သူ့ကို ပြန်ဖြေလာတာကို ကြားလိုက်ရတဲ့အချိန်မှာ အံအားသင့်သွားပြီ စဉ်းစားမနေတော့ပဲ ပြန်ဖြေလိုက်တယ်။

"ကျွန်တော့်မှာ တောင်းဆိုစရာ သုံးခုရှိတယ်"

ဒီအချိန်က ကျန်းကျွင်းမင်အတွက် သူ့အပေါ်မှာ အပြစ်အရှိဆုံး ခံစားချက် ဖြစ်နေတယ်ဆိုတာကို ကျန်းရှန်းက သိနေတယ်။ အခုအချိန်မှာ သူက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ဖို့အရေး အရမ်းကို အားနည်းချည့်နဲ့နေတော့ သူကိုယ်တိုင် အကျိုးအမြတ်ရဖို့အတွက် ဒီနည်းလမ်းကိုပဲ သုံးဖို့ရှိတော့တာပဲ။

"မင်းပြောလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် အဖေက မင်းကို ကတိပေးတယ်"

"ကျွန်တော့်ရဲ့မွေးစားအ‌မေကို ကယ်တင်ဖို့ အဆင့်လေး ဟွားရှောင်ဆေးလုံးကို လိုချင်တယ်"

"ဝိညာဉ်ဆေးပင်အဆင့် ဘယ်‌လောက်ပဲဖြစ်ဖြစ် မင်းလိုချင်တယ်ဆိုရင် ကြိုက်တာ အကုန်ယူသွားလို့ရတယ်"

"ကျန်းရှူးဟွာကို ကျွန်တော့်လက်ထဲမှာ ထားခဲ့ရမယ်"

"ပြဿာနာမရှိဘူး၊ မင်း သူ့ကို ဘာပဲလုပ်ချင်ချင် အဖေက ထောက်ခံပေးမယ်"

"ကျွန်တော်"

ကျန်းရှန်းက ခဏလောက်တုံ့ဆိုင်းသွားလိုက်ပြီး တုန်ယင်နေ‌တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ကျွန်တော် ဆက်ပြီးတော့ ကျင့်ကြံချင်သေးတယ်”

သူရဲ့ဗလာဖြစ်နေတဲ့ ဝိညာဉ်ဗဟိုချက်နဲ့ ခမ်းခြောက်နေတဲ့ သိစိတ်ပင်လယ်ကို ခံစားမိလိုက်တယ်။ သူက သူ့ရဲ့မျှော်လင့်ချက်တွေကို ဖိနှိပ်ထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ မေးလိုက်တယ်။

"ကျွန်တော် ကျွန်တော့်ရဲဝိညာဉ်ရင်းမြစ်ကို ပြန်ပြင်လို့ရနိုင်မလား"

ကျန်းကျွင်းမင်ရဲ့နှလုံးသားက ရုတ်တရက်ဆိုသလို နာကျင်သွားခဲ့တယ်။ သူ့သားက အင်မတန်ပါရမီရှိပြီး တောက်ပတဲ့အနာဂတ်တစ်ခု ရှိရမဲ့ဟာကို အခုတော့ ကျန်းရှူးဟွာရဲ့ ဒုက္ခပေးတာခံလိုက်ရပြီး ဒီလိုဖြစ်လာခဲ့တယ်။

သူက သူရဲ့ဝိညာဉ်အာရုံခံကို သေသေချာချာ အသုံးချလိုက်ပြီး ကျန်ူရှန်းရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးပေးလိုက်တယ်။ သူ့မျက်နှာက တည်ငြိမ်နေမေပဲ့လည်း သူ့နှလုံးသားကတော့ ‌တဖြည်းဖြည်းနဲ့ လေးလံလာခဲ့တော့တယ်။

သူ့ရဲ့ဝိညာဉ်ရင်းမြစ်ပဲ ဖျက်ဆီးခံခဲ့ရတယ်ဆိုရင်တော့ သူကဝိညာဉ်စွမ်းအင်နဲ့ ဆေးလုံးတွေကိုသုံးပြီး သူရဲ့ဝိညာဉ်ရင်းမြစ်ကို ပြန်လည်တည်ဆောက်ပေးလို့ရသေးတယ်။

ဒါပေမဲ့ ကျန်းရှန်းရဲ့ ဝိညာဉ်သွေးကြောတွေက မွေးကတည်းက အစားထိုးခံလိုက်ရပြီးတော့ ဝိညာဉ်သွေးကြော မရှိတဲ့ သူရဲ့ဝိညာဉ်ရင်းမြစ်တွေကို ခက်ခက်ခဲခဲနဲ့ အသက်သွင်းခဲ့ရတာ။ သူ့ရဲ့အုတ်မြစ်ဖွဲ့တည် တည်ဆောက်ခြင်းအဆင့်ကို အောင်မြင်ပြီးခဲ့ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က အန္တရာယ်ထဲမှာ ကျရောက်ခဲ့ပြီးတော့ သူ့ရဲ့ဝိညာဉ်ရင်းမြစ်က တစ်ဖန်ဖျက်ဆီးခံလိုက်ရပြန်တယ်။

သူက မျက်လုံးတွေကို မသိမသာ နိမ့်ချထားလိုက်ပြီး သူ့မျက်လုံးထဲမှာ နက်ရှိုင်းတဲ့ အမှန်တရားတစ်ခုကို ကွယ်ဝှက်ထားလိုက်တယ်။

ကျန်းအာကို အစားထိုးသွားတဲ့သူကို ရှာတွေ့လို့ကတော့ အဲဒီလူကို အသေသတ်ပစ်လိုက်မယ်။

"နည်းလမ်းမရှိတော့ဘူးလား"

"ဟုတ်တယ်” ကျန်းကျွင်းမင်က အံကြိတ်လိုက်ပြီး ကတိပေးလိုက်တယ်။

"အဖေ့မှာ အဆင့်ရှစ်ဟွားရှောင်ပန်း ရှိတယ်၊ အဖေက အဆင့်အမြင့်ဆုံး ချွေ့ယွမ်ဆေးလုံးကို သန့်စင်နိုင်တယ်၊ အဖေ့မှာ ချွေ့ယွမ်ဆေးလုံးရှိနေသရွေ့ မင်းရဲ့ခန္ဓာကိုယ်ပေါ်က ကွယ်ဝှက်နေတဲ့ ဒဏ်ရာအားလုံးကို ကုသပေးနိုင်တယ်”

ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ကပ်ဘေးကြောင့် အဆင့်ရှစ် ဟွားရှောင်ပန်းက ပျောက်ဆုံးနေပြီး အဆင့်အမြင့်ဆုံး ဟွားရှောင်ပန်းက အဆင့်ခြောက်ပဲ ရှိတယ်ဆိုတာကို ကျန်းကျွင်းမင် သိထားတယ်။

ကျင့်ကြံရေးလောကတစ်ခုလုံးမှာ အဆင့်ရှစ်ဟွားရှောင်ပန်းတစ်ပွင့်တောင် မရှိလေဘူး။

တကယ်လို့များ....

ဟုတ်တယ်။ ပိုင်ကျစ်ယွင်ပဲ။

သူက အဆင့်နှစ် ရေခဲမြက်ပင်ကို အဆင့်ခြောက်အထိ မြှင့်တင်ပေးနိုင်တယ်ဆိုမှတော့ အဆင့်ခြောက်ဟွားရှောင်ပန်းကို အဆင့်ရှစ်အထိ မြှင့်တင်ပေးနိုင်တာ ဒါသဘာဝပဲ။

ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ကျန်းကျွင်းမင်က ရုတ်တရက် ထရပ်လိုက်တယ်။

" အဖေ အခုပဲ ဆေးတချို့သွားရှာလိုက်မယ်"

စူးလီက ကောင်းကင်စာအုပ်ထဲကတဆင့် မဟာအကြီးအကဲရဲ့ တကယ်မျက်နှာအစစ် နောက်ဆက်တွဲလုပ်ရပ်နဲ့ သားအတုကို ကြည့်နေရင်းက သက်ပြင်းချလိုက်တယ်။

[ဒီမဟာအကြီးအကဲက တကယ်ရက်စက်တာပဲ]

[ကြည့်ရတာတော့ ကျန်းရှူးဟွာက နောက်ပိုင်းကျရင် တော်တော်လေး ခက်ခဲတော့မှာပဲ]

အားလုံးကလည်း အကြောင်းအရာတစ်ခုလုံးကို သိလိုက်ပြီး သူတို့ရဲ့ခေါင်းထဲမှာ လေးနက်တဲ့စိတ်တွေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

[ဒါပေမဲ့ ရွှင့်ချန်းဂိုဏ်းက တကယ်ပဲ အသုံးချဖို့ လွယ်ကူတယ်ပေါ့၊ ဒီနေရာမှာ ကလေးတစ်ယောက်ကိုတောင် အလွယ်တကူနဲ့ အစားထိုးလို့ရသတဲ့လား]

ဒီအချိန်မှာပဲ လူအများစုက သတိပြန်ဝင်လာပြီး သူတို့ရဲ့မျက်နှာပေါ်မှာ သူတို့ရဲ့မျက်နှာက လေးလံထိုင်းမှိုင်းသွားတော့တယ်။

မဟာအကြီးအကဲက ရွှင့်ချန်းဂိုဏ်းမှာ ထူးခြားတဲ့ရာထူးအဆင့်တစ်ခုကို ကိုင်ဆောင်ထားတာလေ။ တကယ်လို့ သူရဲ့သားကို အဲလောက်အလွယ်တကူ အစားထိုးလို့ရတယ်ဆိုရင် ဂိုဏ်းထဲမှာ ဒီထက်ပိုများတဲ့ ပြဿနာတွေ သေချာပေါက်ပိုရှိနေမှာပဲ။

လူအများစုက သူတို့ရဲ့စီမံပိုင်ခွင့်အတွင်းကနေ တောင်ထွတ်ရဲ့ပြဿနာကို သေသေချာချာစုံးစမ်းဖို့ စတင်ပြီးစဉ်းစားလိုက်ကြတော့တယ်။

အားလုံးက သုန်မှုန်နေတဲ့မျက်နှာတစ်ခု ဖြစ်သွားပြီး အခြေအနေကလည်း ထိုင်မှိုင်းတဲ့အခြေအနေတစ်ခု ဖြစ်သွားတဲ့အချိန်မှာပဲ အပြင်လောကကအသံက မဟာအကြီးအကဲရဲ့ကိစ္စကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားသလို သူ့ရဲ့အာရုံကို တခြားလူဆီ ပြောင်းသွားလိုက်တယ်။

[အခုရော... ဘယ်သူက ထူးထူးခြားခြားရှိနေလဲ ကြည့်လိုက်အုံးမယ်]

[ယောက်တန်းတောင်ထွတ်သခင် ဟုတ်လား]

[ဟားဟား]

ကောင်းကင်ကလာတဲ့ရယ်သံ မဆုံးသေးခင်မှာပဲ ယောက်တန်းတောင်ထွတ်သခင်က ဖြူဖတ်ဖြူရော် မျက်နှာနဲ့ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့တယ်။

"ယောက်တန်းတောင်ထွတ်မှာ လုပ်စရာရှိတာ ခုမှသတိရလို့ အရင်ဆုံးပြန်လိုက်ပါအုံးမယ်"

[ယောက်တန်းတောင်ထွတ်သခင်ရဲ့ဝါသနာက ဟိုညစ်ညမ်းပန်းချီကားချပ်တွေကို ကြည့်တာတဲ့၊ ဝါသနာဖြစ်နေမယ်လို့ ငါထင်တောင် ထင်မထားခဲ့ဘူး~]

[ဟားဟား တစ်ကိုယ်တည်း နှစ်ပေါင်းရာချီ‌အောင်နေလာပြီးတော့ အခုချိန်ထိ အပျိုစင်ဖြစ်နေသေးတဲ့ အခြေတည်စဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့အကြီးဆုံးဝါသနာက ဟိုပန်းချီကားချပ်တွေကို ကြည့်တာတဲ့လေ]

အဝေးကိုပြန်ထွက်သွားတဲ့ ယောက်တန်းတောင်ထွတ်သခင်က ယိမ်းယိုင်သွားပြီး ကောင်းကင်ကနေ ပြုတ်ကျတော့မလို ဖြစ်သွားတယ်။

အားလုံးရဲ့မျက်နှာပေါ်က လေးလံထိုင်းမှိုင်းတဲ့ အမူအရာက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားတော့တယ်။

[ကျင့်ကြံလောကကြီးထဲမှာ ထူးဆန်းတဲ့လူတွေ တကယ်ကို အများကြီးပဲ ...မဟုတ်ဘူး ထူးဆန်းတဲ့ဝါသနာရှိတဲ့သူတွေ အများကြီးဖြစ်နေတာ၊ ကြည့်လိုက်ပါအုံးမယ်___]

အားလုံးရဲ့မျက်နှာပေါ်က အပြုံးတွေက ရုတ်တရက်ဆိုသလို ပျာယာခတ်သွားတဲ့အမူအရာ အစားထိုး ဝင်ရောက်လာတော့တယ်။

"ကျုပ် အခုမှသတိရတယ်၊ ကျုပ်ရဲ့ဆေးလုံးဖော်တဲ့မီးဖိုကြီးက ဆေးတွေက သန့်စင်ထားတုန်း ရှိသေးတယ်၊ ဒီတော့ ကျုပ်အရင်သွားနှင့်အုံးမယ်"

"ကျုပ်ရဲ့အိမ်မွေးအကောင်လေးကလည်း ရုတ်တရက်ဗိုက်ဆာလာတယ်တဲ့၊ ကျုပ်လည်း အခုပဲ သူ့ကို အစာသွားကျွေးလိုက်အုံးမယ်"

“ကျုပ်မိန်းမက ကျုပ်ကို ရှာနေသတဲ့... ကျုပ်လည်း ခင်ဗျားကို အဖော်မလုပ်ပေးတော့နော်”

"ကျုပ်လည်း ကျုပ်ရဲ့တောင်ထွတ်မှာ အရေးတကြီးကိစ္စပေါ်လာလို့"

ခဏအကြာမှာတော့ ပတ်ဝန်းကျင်မှာရှိ လူအားလုံးက ထွက်သွားကြပြီး ပိုင်ကျစ်ယွင်နဲ့ စူးလီတို့ရဲ့ အရှေ့မှာ လုကျင်းဟွိုင်တစ်ယောက်ပဲ ရပ်ပြီးကျန်ခဲ့တယ်။

လုကျင်းဟွိုင်က သူတို့ရဲ့သစ္စာမဲ့မှုကို စိတ်ထဲကနေ ကျိန်ဆဲလိုက်ပေမဲ့ စူးလီနှင့် ပိုင်ကျစ်ယွင်တို့နှစ်‌ယောက်ပဲ ကျန်ခဲ့တာကို တွေ့လိုက်ရတော့ သူလည်း နည်းနည်းစိတ်အေးသွားခဲ့တယ်။

ဘာပဲဖြစ်ဖြစ်လေ သူတို့ရဲ့ကျင့်ကြံအဆင့်က အဲဒီလောက်မမြင့်ဘူးဆိုတော့ သူတို့တွေက အပြင်ကလာတဲ့အသံကို ကြားမှာ မဟုတ်ဘူး။

ဒီလိုစဉ်းစားလိုက်ပြီး သူရဲ့အဝတ်အစားကို ပြင်ဆင်လိုက်ပြီး ပိုင်ကျစ်ယွင်ကို စေတနာနဲ့ မေးလိုက်တော့တယ်။

"အကြီးအကဲပိုင်၊ မင်း ဘယ်လိုဝိညာဉ်ဆေးပင်မျိုးကို စိုက်ချင်သလဲ ကျုပ်သွားပြီးတော့ ပြင်ဆင်ပေးထားမယ်"

လုကျင်းဟွိုင်ရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ပိုင်ကျစ်ယွင်က စဉ်းစားမနေတော့ဘဲ ခေါင်းကိုလှည့်လိုက်ပြီး တောက်ပနေတဲ့ မျက်လုံးတွေနဲ့ စူးလီကို ကြည့်လိုက်တယ်။

"ဂိုဏ်းတူအစ်မ ဘယ်လိုအပင်မျိုးကို စိုက်ချင်သလဲ"

စူးလီက ဒီစကားကို ကြားလိုက်ရတော့ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီး ခဏလောက်စဉ်းစားလိုက်ပြီးမှ ခပ်တိုတိုပဲ ပြန်ဖြေလိုက်တယ်။

"အရသာရှိတဲ့ဟာ"

သူမရဲ့အဖြေကို ကြားလိုက်ပြီးတဲ့‌နောက် ပိုင်ကျစ်ယွင်က လုကျင်းဟွိုင်ဘက်ကို ပြန်လှည့်လိုက်ပြီး လေးနက်တဲ့စကားကို ပြောလိုက်တယ်။

“ကျွန်မ ယွင်ကောနဲ့ မန့်ယွီချောင်တို့ကို လိုချင်တယ်”

သူမက အမွှေးတိုင်တဝက်စာ စကားပြောလိုက်ပြီးတဲ့နောက်မှာတော့ နောက်ဆုံးစကားကို ရပ်လိုက်ပြီး လုကျင်းဟွိုင်ကို ခြေတုံချတုံနဲ့ ကြည်လိုက်တယ်။

"ဒီကျင့်ကြံရေးလောကမှာ အရသာရှိတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ သစ်သီးတွေများ ရှိသလား"

လုကျင်းဟွိုင်က ဂိုဏ်းရဲ့ဂိုဒေါင်ကို စဉ်းစားလိုက်ပြီး အင်တင်တင်နဲ့ ပြန်ဖြေလိုက်တယ်။

"ကုန်သွားလောက်ပြီ ထင်တယ်"

သူက ပင့်သက်တစ်ချက် ရှိုက့်လိုက်ပြီး မျက်နှာပေါ်မှာ ကြင်နာတတ်တဲ့ အမူအရာတစ်ခုကို ဆက်ထိန်းထားလိုက်တယ်။

"အကြီးအကဲပိုင်က အထူးတလည်သဘောကျတဲ့ အပြင်အဆင်နဲ့ ဝိညာဉ်ရတနာတွေများ ရှိသလား"

ပိုင်ကျစ်ယွင်က ခေါင်းကိုထပ်လှည့်လိုက်ပြီး စူးလီကို ကြည့်လိုက်ပြန်တယ်။

"ဂိုဏ်းတူအစ်မ... ဂိုဏ်းတူအစ်မက ဘယ်လိုအပြင်အဆင်မျိုးနဲ့ ဝိညာဉ်ရတနာတွေကို ကြိုက်သလဲ"

လုကျင်းဟွိုင် : “....”

ဒီတာအိုရောင်းရင်းက ပိုင်ကျစ်ယွင်ဆီမှာ ဘယ်လိုအဆိပ်မျိုး ခပ်ထားခဲ့တာပါလိမ့်။

...

All Chapters