← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အပိုင်း (၂၀)

လွီကျွမ်းကျိက မယုံမကြည်နဲ့ သူရဲ့ဆက်သွယ်ရေးပစ္စည်းကို ကြည့်လိုက်ပြီး နားကြားများ မှားလေသလားလို့ သံသယဖြစ်သွားတော့တယ်။ ပုဝမ်က သူရဲ့မောင်းမကို ဒီလိုဆက်ဆံနေတာလေ။ ဒါကို အဖေက သူတို့ကြားမှာ မရှင်းမရှင်းလုပ်နေတာမျိုး မရှိဘူးလို့ပြောသေးသတဲ့လား။

“အဖေ ကျွန်တော်ပြောတာကလေ ပုဝမ်နဲ့ ကျွန်တော်မောင်းမတွေက ချစ်မှုရေးရာကိစ္စတွေ ရှိနေတယ်လို့”

သူက ဆက်သွယ်ရေးပစ္စည်းကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး သူ့အသံကလည်း ဝမ်းနည်းမကျေမနပ်အသံအပြည့် ဖြစ်နေတော့တယ်။

“သူတို့အားလုံးက ကျွန်တော့်ကို သစ္စာဖောက်နေတာဗျ”

သူ့မှာမွေးကတည်းက ဒီလိုကြီးမားတဲ့ အရှက်ကွဲရတဲ့ကိစ္စမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူးလေ။

“အဖေ ကျွန်တော့်ကို ကူညီပြီးတော့ လက်စားချေပေးရမယ်နော်”

လွီကျွမ်းကျိက ခေါင်းမာနေသေးသည်ကို ကြားလိုက်ရတော့ အဖေဖြစ်သူက သူရဲ့ရူးမိုက်တဲ့သားကို စိတ်ရှည်မှုအားလုံး ပျောက်ဆုံးသွားတော့တယ်။

သူက သူ့အပေါ်မှာဒေါသတွေကို ပုံချပစ်လိုက်တော့တယ်။ သူက သူရဲ့ဒေါသတွေကို ပုဝမ်အပေါ်ပုံမချခဲ့ဘူးဆိုရင် သူ့အနေနဲ့ ကြိတ်ပြီးတော့ ပျော်ရွှင်လို့ရသေးတယ်။

“မင်းတို့နှစ်ယောက်က တစ်ယောက်တည်းပဲ၊ ဒီတော့ မင်းရဲ့ပိုင်ဆိုင်မှုနဲ့ ပုဝမ်ရဲ့ပိုင်ဆိုင်မှုက ဘာကွာခြားချက်ရှိလို့တုံး”

သူက သားဖြစ်သူရဲ့ အလားအလာမရှိတဲ့ကျင့်ကြံရေးနဲ့ အပျော်အပါးကိုပဲ လိုက်စားနေတဲ့ပုံစံကို စဥ်းစားမိလိုက်တော့ တုံးတိကြီး ပြောချလိုက်တော့တယ်။

“ပုဝမ်က ဘာကိုပဲကြိုက်ကြိုက် မင်းက မင်းရဲ့တတ်နိုင်သမျှအားနဲ့ သူကိုထောက်ပံ့ပေးရမယ်”

“ဒီလိုအသေးအဖွဲကိစ္စတွေနဲ့ ငါ့ကို ထပ်ပြီးတော့လာမနှောင့်ယှက်နဲ့”

ပွဲကြည့်နေကြတဲ့သူတွေက ပုဝမ်ကို စိတ်ပူပြီး သူ့ကိုကူညီရမလားလို့ စဥ်းစားနေကြပေမဲ့ လွီကျွမ်းကျိ အဖေ ပြောလိုက်တဲ့စကားကြောင့် ထိတ်လန့် အံ့ဩရသွားတော့တယ်။

အပြင်လောကအသံကလည်း ချီးမွမ်းသံအပြည့်ဖြစ်လို့ပါပဲ။

[ဒီတော့ ခင်ပွန်းနဲ့ဇနီးသည်ဆိုတာ တစ်ယောက်တည်းပဲပေါ့လေ]

[လွီကျွမ်းကျိရဲ့အဖေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကျင့်ကြံရေးလောကရဲ့ ဘယ်နှခုနှစ်အထိတောင် ရှေ့ကြိုရောက်နေတာတုံး]

လွီကျွမ်းကျိ ခဗျာ ဘာအသံမှမကြားနိုင်တော့ဘူး။ သူက ပြတ်တောက်သွားတဲ့ ဆက်သွယ်ရေးပစ္စည်းကို အူကြောင်ကြောင်နဲ့ စိုက်ကြည့်နေလိုက်ပြီး အချိန်တော်တော်ကြာအောင် သတိပြန်မဝင်နိုင် ဖြစ်သွားတော့တယ်။ သူနဲ့ပုဝမ်ကြားမှာ ဘယ်သူက သူတို့အဖေရဲ့ ကလေးအရင်းတုံး။

သူက ဇနီးသည်အပေါ်မှာ လုံးဝသစ္စာမရှိဘူးဆိုရင်တောင် သူ့မရဲ့အဖေက ဘာလို့ လုံးဝ ဒေါသမထွက်တာတုံး။

စူးလီကလဲ အရမ်းကို သိချင်သွားတော့တယ်။ သူမက ကောင်းကင်စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ သူမရဲ့အသံထဲမှာ နှမြောတသတဲ့ အရောင်တစ်ခု ပါလာတော့တယ်။

[ငါထင်ထားတာက ဒါကသခင်လေးအစစ်နဲ့ သခင်လေးအတုကြားမှာ မှားပြီးတော့ ပြုစုပျိုးထောင်ပေးခဲ့တယ်ပေါ့။ ဒါပေမဲ့ လွီကျွမ်းကျိက သူ့အဖေရဲ့သားအရင်း တကယ် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး]

[ဟုတ်တာပေါ့ နောက်ဆုံးကျတော့လည်း သားအတုကို အချိန်အကြာကြီး ပြုစုပျိုးထောင်လာတဲ့ မဟာအကြီးအကဲရဲ့ကိစ္စကလည်း အသေးအဖွဲ့တစ်ခုဖြစ်သွားတာပဲ]

ပွဲကို ပျော်ပျော်ကြီးကြည့်နေတဲ့ မဟာအကြီးအကဲက ရုတ်တရက်ဆိုသလို အချွန်နဲ့ မခံလိုက်ရတော့တယ်။

အပြင်လောကရဲ့အသံကို ကြားပြီးတဲ့နောက်မှာ လွီကျွမ်းကျိရဲ့ ပြာယာခတ်နေတဲ့ စိတ်နှလုံးက ရုတ်တရက်ဆိုသလို တည်ငြိမ်သွားခဲ့တယ်။ သူက သူ့အဖေရဲ့သားအရင်းပဲလေ။

ပုဝမ်က သူ့အဖေရဲ့မျက်လုံးထဲမှာ အဆင့်အတန်းတစ်ခု ရှိနေတယ်ဆိုတာကလည်း သူ့ကြောင့်ပဲ။

ဒီလိုစဥ်းစားမိလိုက်တော့ သူက မနေနိုင်ဘဲ ခေါင်းထောင်လိုက်ပြီး ဝံ့ကြွားတဲ့အကြည့်တစ်ခုနဲ့ ပုဝမ်ကို ကြည့်လိုက်တယ်။

“ပုဝမ် အခုချက်ချင်း ငါ့ကို တောင်းပန်စမ်း...”

ပုဝမ်က ဟွားချင်ကို ဂရုတစိုက်ဆေးရည်တိုက်ကျွေးနေတာ တွေ့လိုက်ရတော့ သူ့မျက်လုံးထဲက မာနက ဒေါသအဖြစ် ပြောင်းလဲသွားတော့တယ်။

“ပြီးတော့ မင်းရဲ့ရင်ခွင်ထဲက အဲ့ဒီလူကို တွန်းထုတ်လိုက်စမ်း။ ငါ မင်းကို ဒီတစ်ကြိမ် ချမ်းသာပေးနိုင်တယ်”

“မဟုတ်ဘူးဆိုရင်တော့ ငါက....”

[ရှင်က ရှင့်အဖေကို သွားရှာအုံးမလို့လား]

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး ‌ခေါင်းမော့လိုက်ကာ သနားစဖွယ်ပုံရိပ်နဲ့ လွီကျွမ်းကျိကို ကြည့်လိုက်တယ်။

[ရှင့်အဖေက ပုဝမ်က မိန်းမတွေကို ကြိုက်တယ်ဆိုတာ သိလိုက်ရပြီးနောက်တော့ ရှင်က တကယ်ကို အသုံးမကျဘူးလို့ သူ ခံစားသွားရတယ်]

[အခုတော့ သူက ပုဝမ်နဲ့ ယှဥ်ပြိုင်နိုင်မဲ့ သင့်တော်တဲ့ သမီး ဒါမှမဟုတ်ရင် မြေးမလေးများ တစ်ယောက်လောက် ရှိလေနိုးနိုးနဲ့ လွီမိသားစုရဲ့ မျိုးရိုးစဥ်ဆက်ထဲမှာ ရှာဖွေရင်း အလုပ်များနေလေရဲ့]

[အပြင်းအထန်ဒဏ်ရာရနေတဲ့ ပုဝမ်ကို ကူညီပေးခဲ့တာ လွီမိသားစုဖြစ်နေတာကိုး။ သူက ဒီကျေးဇူးကို ပြန်ဆပ်ချင်တာမလို့ လွီမိသားစုနဲ့ လက်ထပ်ပေးခဲ့တာပဲ]

[လွီမိသားစုက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ မိသားစုဆိုပေမဲ့ လွီကျွမ်းကျိ မျိုးဆက်လက်ထက်မှာ အရည်အသွေးက ကျဆင်းလာတယ်လေ။ မိသားစုရဲ့အင်အားကို တိုးချဲ့ဖို့ အကောင်းဆုံးနည်းလမ်းက လက်ထပ်ခြင်းပဲ ရှိတော့တာပေါ့]

[ပုဝမ်က လွီကျွမ်းကျိကို လက်ထပ်ဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းကတော့လား ဟုတ်တာပေါ့ သူက အတုံးအဆုံးနဲ့ ထိန်းချုပ်ရအလွယ်ဆုံး ဖြစ်နေတာကိုး]

[ကျွတ်ကျွတ်... ပုဝမ်ရှိနေလို့ပဲ လွီကျွမ်းကျိက လွီမိသားစုဆီက အထောက်အပံ့တွေအများကြီး ရနိုင်တာပေါ့...]

လွီကျွမ်းကျိက အချိန်မီ မထိန်းသိမ်းလိုက်ရတဲ့ မျက်နှာပေါ်က ပီတိဖြာနေမှုက ဒီနေရာမှာတော့ ရယ်စရာဖြစ်သွားပြီး နေရာမှာ တင်ကြောင်အမ်းအမ်းနဲ့ လဲကျသွားတော့တယ်။ တစ်ချိန်တုန်းက သူယုံကြည်ထားခဲ့တဲ့ အရာအားလုံးကလည်း ဒီအချိန်မှာတော့ ဗြောင်းပြန်ဖြစ်သွားတော့တယ်။

ဘယ်လိုဖြစ်နိုင်မှာလဲ....။ သူကသူ့အဖေရဲ့ အချစ်ရဆုံးသားတစ်ယောက်ပဲ။ ဒါပေမဲ့လည်း အခုလေးတင် သူ့အဖေ ပြောသွားတဲ့စကားကို ပြန်စဥ်းစားကြည့်မိလိုက်တော့ ရုတ်တရက်ဆိုသလို မသေမချာ ဖြစ်သွားတော့တယ်။

ဒီနေ့အရာအားလုံးကို သူ ရထားနိုင်တယ်ဆိုတာကလည်း ပုဝမ်က သူ့ကိုရွေးချယ်ခဲ့လို့ဆိုတာ အမှန်ပဲလား။

လွီကျွမ်းကျိက ခေါင်းမော့ပြီး ပုဝမ်ကို ကြည့်လိုက်တယ်။

ဒီလိုအချိန်မှာတောင် ပုဝမ်က သူ့ကို နည်းနည်းလေးမှ စိတ်ဝင်စားပုံ မပြလေဘူး။

သူမက လက်တစ်ဖက်နဲ့ ဟွားချင်ကို ဖက်ထားပြီး သူ့အပေါ်မှာ တစ်ခါမှမပြသခဲ့ဖူးတဲ့ နူးညံ့ပြီး မြတ်နိုးတဲ့ ချစ်ခင်ဖွယ်အကြည့်နဲ့ သူမကို ကြည့်နေတော့တယ်။

လွီကျွမ်းကျိရဲ့ မျက်လုံးတွေက ရုတ်တရက်ဆိုသလို နီရဲသွားတော့တယ်။

သူက လက်ထဲက ဆက်သွယ်ရေးပစ္စည်းကို မုန်းမုန်းတီးတီးနဲ့ကြည့်လိုက်ပြီး ပွဲကိုကြည့်နေကြတဲ့ အားလုံးရဲ့အကြည့်အောက်မှာ နောက်ဆုံးတော့ သူရဲ့ ဆက်သွယ်ရေးပစ္စည်းကို သိုလှောင်အိတ်ထဲကို ပြန်ထည့်ထားလိုက်တော့တယ်။

ယောကျာ်းတစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်နဲ့ အငြင်းအခုံလုပ်နိုင်မှာလဲ။

ပုဝမ်က ဘာပဲဖြစ်ဖြစ် သူ့ရဲ့မိန်းမလေ သူတို့တွေက ကံကြမ္မာတစ်ခုထဲကို ဝေမျှနေရတာပဲ။

ဒီတစ်ခါတော့ သူက....သူက ပုဝမ်ကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်။

တကယ်လို့ နောက်တစ်ခါရှိလာရင်တော့ လွီကျွမ်းကျိက အံ့ကြိတ်ထားလိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးမှ နောက်ဆုံးတော့ ဒေါသထွက်ထွက်နဲ့ ခေါင်းခါလိုက်တော့တယ်။ နောက်တစ်ချိန် လာမဲ့ကိစ္စကိုတော့ အဲ့ဒီအခါမှပဲပြောကြတာပေါ့...

လွီကျွမ်းကျိက ထရပ်လိုက်ပြီး ချန်းကျွမ်တောင်ထွတ်မှာ ပွဲလာကြည့်ကြတဲ့ သိပ်သည်းနေတဲ့ လူအုပ်ကြီးကို လှမ်းကြည့်လိုက်တော့တယ်။ အခုလေးတင် ဖြစ်ပျက်သွားခဲ့တဲ့ အရာအားလုံးကို ဒီလူအုပ်ကြီးက မြင်လိုက်တယ်ဆိုတဲ့အကြောင်း စဥ်းစားမိလိုက်တဲ့အချိန်မှာ သူက ဒေါသထွက်ပြီး ရှက်ရွံ့သလို ခံစားလိုက်ရတော့တယ်။ သူ့မျက်နှာက နီရဲသွားပြန်တယ်။

“ခင်ဗျားတို့အားလုံးက အကြောင်းမရှိဘဲနဲ့ ဘာဖြစ်လို့ ချန်းကျွမ်တောင်ထွတ်ကို ရောက်လာတာလဲ”

သူက အံ့ကြိတ်ထားလိုက်ပြီး သူ့အသံကလည်းလည်ချောင်းထဲက ညှစ်ထုတ်လာရသလိုဖြစ်နေတယ်။

“ဖိတ်ခေါ်မထားဘဲနဲ့ ဒီကိုလာတာက တကယ်ရိုင်းစိုင်းတဲ့ အပြုအမူပဲ”

“ဘာတွေပြောနေတာလဲ အဆင့်လေး အကြီးအကဲရဲ့” ပိုင်ရှို့တောင်ထွတ်သခင်က ရှေ့ကို နှစ်လှမ်းလောက် ဖြည်းဖြည်းချင်း လှမ်းလာလိုက်ပြီး သူက အဆင့်လေးအကြီးအကဲနဲ့ အလွန်မှ ဆက်ဆံရေးကောင်းနေတဲ့ပုံ ပေါက်နေတော့တယ်။

“ကျုပ်က ခင်ဗျားသတိရလို့ပါ။ ဒါကြောင့် ခင်ဗျားကိုလာတွေ့တာ”

“ကျုပ်တို့အားလုံးက ရွှင့်ချန်ဂိုဏ်းသားတွေပဲ ဒီတော့ အဆင့်လေးအကြီးအကဲက အချင်းချင်း စကားပြောကြတဲ့အခါ ဒီလောက် သူစိမ်းဆန်မနေသင့်ပါဘူး”

“ဒီနေ့အဆင့်လေးအကြီးအကဲက ရုတ်တရက်ကြီး ပျံထွက်သွားတယ်လို့ ကျုပ်တပည့်ဆီက ကြားလိုက်လို့လေ။ ဒါကြောင့်မလို့ ကျုပ်က ခင်ဗျားဆီ အလည်လာခဲ့တာပါ”

နေရာမှာရှိနေတဲ့ မဟာအကြီးအကဲကလည်း သူ့လည်ချောင်းကို ရှင်းလိုက်ပြီး စိုးရိမ်တဲ့အကြည့်နဲ့ ပြောလိုက်တော့တယ်။

“အဆင့်လေးအကြီးအကဲက ကျုပ်တို့ကို မကြိုဆိုဘူးလားဗျ”

လွီကျွမ်းကျိက တကယ်ကိုကျေကျေနပ်နပ်နဲ့ သူ့ကို ဟာသလုပ်ပြီး ရယ်မောနေကြတဲ့လူအုပ်ကြီးကို ကြည့်လိုက်တယ်။ ဒါပေမဲ့ သူတို့အားလုံးက သူ့ကို ဂရုစိုက်နေသယောင်ယောင် ဟန်ဆောင်ထားကြတာပဲ။ သူက အံ့ကြိတ်ပြီး ပြောလိုက်တော့တယ်။

“အခုခင်ဗျားတို့ အလည်လာပြီးသွားပြီမလား ပြန်ဖို့အချိန်တန်ပြီ”

“ကြည့်ရတာအဆင့်လေးအကြီးအကဲက အလုပ်များနေသေးတဲ့ပုံပဲ... ဒါဆိုရင်လည်း ကျုပ်က ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး”

ပိုင်ရှို့တောင်ထွတ်သခင်က ပွဲတစ်ခုလုံးကို ကြည့်ပြီးသွားတဲ့အခါမှာ အထူးတလည် စိတ်ကြည်လင်နေတော့တယ် ။ဒါကြောင့် သူက လွီကျွမ်းကျိရဲ့လေသံကို လုံးဝ ဂရုမစိုက်တော့ဘူးပေါ့။

သူထွက်သွားပြီးတဲ့နောက်မှာပဲ တခြားသူတွေကလဲ နှုတ်ဆက်စကား ပြောလိုက်ကြတယ်။ နောက်ဆုံးတော့ ခမ်းခမ်းနားနား ဝတ်စားထားတဲ့ အဆင့်ခုနှစ်အကြီးအကဲတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ သူက သူရဲ့မောင်းမနဲ့ ထွက်သွားနှင့်ပြီဖြစ်တဲ့ ပုဝမ်ကို လှမ်းကြည့်လိုက်ပြီး လွီကျွမ်းကျိရဲ့ပခုံးကို ကိုယ်ချင်းစာသလိုပုတ်ပေးလိုက်တယ်။

“အကောင်းဘက်က စဥ်းစားလိုက်ပါလေ။ ခင်ဗျား နောက်ထပ် မောင်းမအသစ်တွေလည်း ယူလို့ရသေးတာပဲ”

“ကျင့်ကြံရေးလောကမှာ ဒီမိန်းမတွေပဲ ရှိတာမှ မဟုတ်တာ”

လွီကျွမ်းကျိရဲ့မျက်နှာက ကြောင်အမ်းအမ်းနဲ့ထုံအအ ဖြစ်သွားတော့တယ်။ မောင်းမအသစ် ယူရမယ်ပေါ့... ပြီးရင် သူတို့တွေက ပုဝမ်ကို ချစ်ကြိုက်သွားတာကို စောင့်ကြည့်နေရမယ်ပေါ့ဟုတ်လား။

သူက ပုဝမ်ရဲ့အောင်သွယ်တော်မှ မဟုတ်ဘဲနဲ့။

အဆင့်ခုနှစ်အကြီးအကဲက ဇဝေဇဝါနဲ့ လွီကျွမ်းကျိရဲ့ ကျောပြင်ကို ကြည့်လိုက်ပြီး သူ လျှောက်ထွက်သွားတာကို ကြည့်လိုက်တော့တယ်။

“ခင်ဗျားဘယ်သွားမလို့လဲ”

လွီကျွမ်းကျိ: “လေ့ကျင့်မလို့”

ဒီနေ့ဒီအချိန်ကစပြီး သူက အချစ်တွေမေတ္တာတွေ ခံစားချက်တွေအားလုံးကို ဖြတ်တောက်ပစ်ပြီး ကျင့်ကြံရေးကိုပဲ ကြိုးစားလုပ်မယ်။ သူ့အဖေနဲ့ ရန်ပုဝမ်က သူ့ကို အမြင်သစ်နဲ့ ကြည့်လာအောင် လုပ်ရလိမ့်မယ်။

ထောင့်တစ်နေရာမှာတော့ နဉ်ယိက အဖြစ်အပျက်တစ်ခုလုံးကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

လွီကျွမ်းကျိရဲ့ တပည့်အရင်းတစ်ယောက်အနေနဲ့ သူက သူ့ရဲ့ဒေါသကို ကောင်းကောင်း သိထားတယ်လေ။ ဒီတော့ လွီကျွမ်းကျိက ပြန်ထွက်လာတဲ့အချိန်မှာပဲ ပိုင်ကျစ်ယွင်အကြောင်းကို သာမန်ကာလျှံကာအကြောင်းအရာ ပြောသလောက်ပဲ ဟန်ဆောင်နေလိုက်တယ်။

သေချာတာပေါ့။ ဒီစကားကိုကြားရပြီးတဲ့နောက်မှာ လွီကျွမ်းကျိက လော့ရျူးတောင်ထွတ်ဆီကို ဟိတ်နဲ့ဟန်နဲ့ ထွက်သွားလေတော့တယ်။

ကောင်းကင်ဘုံက လာတဲ့အသံက ပိုင်ကျစ်ယွင်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် ပါဝင်ပတ်သက်နေတယ်ဆိုတာကိုလည်း နဉ်ယိက သိထားတယ်။

ပိုင်ကျစ်ယွင်က တကယ့်ကို အဖိုးတန်တဲ့ကံကကြမ္မာပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူမက ဂိုဏ်းတစ်ခုလုံးကို မွှေနှောက်ပစ်နိုင်ရုံသာမကဘူး ဘယ်အချိန် ပေါ်လာမယ်မှန်းမသိတဲ့ ကောင်းကင်က အသံကိုလည်း ထိန်းသိမ်းထားနိုင်သေးတယ်။

ဒီအကြောင်းကို စဥ်းစားလိုက်တော့ သူ့မျက်ခုံးတွေက ပိုပြီးတော့ တွန့်ချိုးသွားတော့တယ်။

သူက ပိုင်ကျစ်ယွင်ကို သူ့ကို ချစ်လာအောင်လုပ်နိုင်သရွေ့သူမရဲ့ ကြီးမားများပြားလှတဲ့ ကံကောင်းခြင်းတွေကို သူ့ဆီ လွှဲပြောင်းပေးနိုင်မှာပဲ။

အဲဒီအချိန်ကျရင်တော့ ဒီကံကောင်းခြင်းတွေကို အားကိုးပြီး သူ့မိသားစုရဲ့ကြွယ်ဝချမ်းသာခြင်းတွေကို စိတ်ပူစရာမလိုပဲ နှစ်ပေါင်းရာချီအောင် ထိန်းသိမ်းပေးနိုင်မှာ သေချာတယ်။

ဂိုဏ်းက ပိုင်ကျစ်ယွင်ရဲ့ အတိတ်အကြောင်းအရာကို ပယ်ဖျက်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့လည်း သူကတော့ အတွင်းသတင်းတချို့ကို မတော်တဆ သိလိုက်ပါသေးတယ်။

ပိုင်ကျစ်ယွင်က ဘယ်လောက်ပဲအရည်အချင်းရှိရှိ သူမက နှစ်တစ်ရာတောင် မပြည့်သေးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကျင့်ကြံရေးအဆင့်ကလည်း နိမ့်သေးတယ်။ သူ့နည်းလမ်းနဲ့ဆိုရင် သူသာ ဖြစ်ချင်ရင် သူမရဲ့နှလုံးသားကိုရရှိဖို့ သူ့အတွက်က ရိုးရှင်းတဲ့ကိစ္စတစ်ခုပဲ ဖြစ်လိမ့်မယ်။

ပြသာနာက ပိုင်ကျစ်ယွင် မဟုတ်ဘူး။ အဲ့ဒီ ဘယ်ကမှန်းမသိတဲ့ အသံပဲ။ တကယ်လို့များ သူသာ အပြင်လောကအသံရဲ့ ပစ်မှတ်ထားခံရရင်တော့ သူ လုပ်ထားခဲ့တဲ့အရာတွေအားလုံးက....

“ဂိုဏ်းတူအစ်ကိုကြီး”

သူက အသည်းအသန်စဥ်းစားရင် တောင်ထွတ်ကဆင်းလာတဲ့ အချိန်မှာပဲ လေးစားအားကျတဲ့ အရိပ်အယောင်တစ်ခုနဲ့ ကျွတ်ဆတ်ဆတ် အသံတစ်ခုက ထွက်လာခဲ့တယ်။

နဉ်ယိက သူ့ရဲ့မျက်နှာအမူအရာကို ချက်ချင်းပြင်ဆင်လိုက်ပြီး လျှောက်လာတဲ့သူကို ခေါင်းညိတ်နှုတ်ဆက်လိုက်တယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက ကျော့ရှင်းနေပြီး သူ့ရဲအသံက မသိမသာနူးညံ့ သိမ်မွေ့တဲ့အရိပ်အယောင်တစ်ခု ပါရှိနေတယ်။

“ဂိုဏ်းတူညီမလေး လျိုချင်း”

လျိုချင်းရဲ့ပါးတွေက အနည်းငယ် နီမြန်းသွားခဲ့တယ်။ သူမက သတ္တိကို စုပြီးမေးလိုက်တယ်။

“အစ်ကိုနဉ် အစ်ကို့မှာ လုပ်စရာကိစ္စများရှိနေသလား”

နဉ်ယိက မျက်လုံးတွေကို အနည်းငယ် အသာချထားလိုက်ပြီး ခေါင်းကို အနည်းငယ်ခါပြလိုက်တယ်။

“အစ်ကိုက လော့ရျူးတောင်ထွတ်ကို တစ်ချက်လောက်သွားကြည့်ချင်လို့”

လျိုချင်းက အနည်းငယ်မှင်တက် အံ့သြသွားပြီး တစ်ခုခုကို စဥ်းစားမိသွားတဲ့ပုံနဲ့ စကားကို သေသေချာချာလေး ပြောလိုက်တယ်။

“ကျွန်မက ဂိုဏ်းတူအစ်မယွမ်ကို သွားတွေ့မလို့လေ”

“ဂိုဏ်းတူညီမလေး လျိုချင်း ကို့ မှာတခြားလုပ်စရာလေးတွေရှိနေလို့ပါ”

နဉ်ယိက လေသံပျော့ပျော့နဲ့ သူ့စကားကို ဖြတ်ပြောလိုက်တယ်။

“ကိုယ် အရင်သွားနှင့်မယ်နော်”

လျိုချင်းက သူ့ရဲ့ကျောရှင်းလှတဲ့ ကျောပြင်ကို ကြည့်လိုက်ရင်း သူမရဲ့မျက်လုံးထဲမှာ ကိုယ်ချင်းစာတရားနဲ့ သတိမထားမိလိုက်တဲ့ အားကျတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။

လွန်ခဲ့တဲ့ခုနှစ်နှစ်က ဂိုဏ်းတူအစ်မယွမ် ဆုံးသွားပြီးကတည်းက အစ်ကိုမင်က ဒီကိစ္စကို မကျော်လွှားနိုင်သေးတဲ့ပုံပဲ။ ဂိုဏ်းတူအစ်မယွမ်က လွဲရင် သူ့နှလုံးသားထဲမှာ တခြားဘယ်သူမှမရှိခဲ့ဘူး။

ဒီလိုဆက်ဆံရေးမျိုးက တကယ်ပဲ အားကျဖို့ကောင်းပါတယ်။

နဉ်ယိက လှည့်ထွက်သွားပြီး သူ့မျက်လုံးထဲမှာတော့ စိတ်ရှုပ်တဲ့ဟန်အပြည့် ဖြစ်သွားတော့တယ်။

ကောင်းကင်ကလာတဲ့အသံက ပိုင်ကျစ်ယွင်ကို ဘယ်အချိန်မှ စိတ်ဝင်စားမှုလျော့နည်းသွားမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါကြောင့်မို့လို့လဲ တစ်ယောက်ယောက်က အဲ့ဒီနေရာကို အရင်ဆုံး ရောက်သွားမှာကို စိုးရိမ်နေကြတယ်။

နဉ်ယိက ရုတ်တရက် ရပ်တန့်သွားပြီး သူ ဘာစဥ်းစားနေမိလဲဆိုတာ မသိဖြစ်သွားတော့တယ်။

သူ အမှတ်မမှားဘူးဆိုရင် ပိုင်ကျစ်ယွင်က ချီလေ့ကျင့်ရေးအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိတဲ့ပုံပဲ။

အဲဒီအမျိုးသမီးကျင့်ကြံသူက ပိုင်ကျစ်ယွင်ရဲ့ဆုံးဖြတ်ချက်တွေကိုတောင် လွှမ်းမိုးနိုင်တဲ့ဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်။

ဒီလိုစဥ်းစားမိလိုက်တော့ သူ့ရဲ့တွန့်ချိုးနေတဲ့ မျက်ခုံးတွေက ပြေလျော့သွားခဲ့တယ်။ ကောင်းကင်ကလာတဲ့အသံက ပိုင်ကျစ်ယွင်ကို အရမ်းစိတ်ဝင်စားနေတယ်ဆိုတော့ သူက ပိုင်ကျစ်ယွင်ကို ခဏလောက်ထားထားလိုက်ပြီး သူမဘေးကလူတွေနဲ့ အရင်စလိုက်တာပေါ့။

ကောင်းကင်ကလာတဲ့အသံက ပိုင်ကျစ်ယွင်ကိုပဲ အာရုံစိုက်နေတာဆိုတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ သူက သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုရော အာရုံစိုက်နိုင်မှာ မို့လို့လား။

နောက်ဆုံး သူမက ချီကျင့်ကြံခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ပဲလေ။ သူက အားစိုက်ထုတ်မှုအများကြီး မလုပ်ရဘဲနဲ့ သူ့လက်ချောင်းလေးတစ်ချက်လောက် လှုပ်ရှားလိုက်တာနဲ့ သူမကို စိတ်ဝင်စားလာအောင် လုပ်နိုင်တယ်လေ။

အဲဒီအမျိုးသမီးကျင့်ကြံသူကို စူးလီလို့ခေါ်သလိုပဲ။

...

All Chapters