← Chapters

အခန်း ၂၄

Vol. 2 Ch. 24

အခန်း ၂၄

Vol. 2 Ch. 24

အပိုင်း (၂၄)

လွီကျောင်းက အပြင်လောကက လာတဲ့အသံကိုကြားလိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ သံသယအရိပ်တစ်ခု ဖျတ်ခနဲဖြစ်သွားတော့တယ်။ ဒီချဥ်းကပ်ပုံက ရင်းနှီးတယ်ဆိုတာ ဘာသဘောလဲ။

နဥ်မိသားစုရဲ့ ဒီမျိုးဆက်က အမှားအယွင်းတစ်ခုကို လုပ်ထားပြီး မတော်တဆတပည့်တစ်ယောက်ကို သတ်မိသွားတာပဲ သူက သိထားတာ။ ပိုပြီးအသေးစိတ်ကျတဲ့ အကြောင်းအရာတွေကိုလည်း သူက သိချင်စိတ် မရှိပါဘူး။

လိုရင်းကို ပြောရမယ်ဆိုရင်တော့ သူ့မျက်လုံးထဲမှာ ဒီကိစ္စက အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်ပြီး စိတ်ထဲထည့်ဖို့ရာမတန်လေဘူး။

သူက နဥ်မိသားစုအပေါ် တစ်ခုခုအကြွေးတင်နေတယ်လို့ မခံစားခဲ့ရရင် နဥ်ယိကသာ နဥ်မိသားစုအခွဲရဲ့ ထူးချွန်တဲ့မျိုးဆက်တစ်ယောက် မဖြစ်ခဲ့ရင် သူက ဒီနေရာမှာတောင် ပေါ်လာမှာမဟုတ်ဘူး။

နဥ်ရှန့်ရဲ့ဘေးမှာ ဘယ်သူမှမရှိနေတဲ့ အခြေအနေကို စဥ်းစားမိလိုက်တော့ သူက စိတ်အေးသွားသလို သက်ပြင်းချလိုက်မိတယ်။ သူ့သမီးက လူရွေးမမှားခဲ့ဘူးပဲ။

ဒါပေမဲ့လည်း နဉ်ယိလုပ်ခဲ့တဲ့အရာတွေကို သိနေကြတဲ့သူတွေက လွီကျောင်းရဲ့ နဥ်ရှန့်အပေါ် ခင်မင်ရင်နှီးပြီး နှစ်လိုဖွယ်မျက်လုံးတွေနဲ့ ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ အပြင်လောကရဲ့ အဓိပ္ပာယ်ပါတဲ့ စကားလုံးတွေကို စဥ်းစားမိလိုက်ပြီး သူတို့ရဲ့အမူအရာက ထူးထူးခြားခြား ရှုပ်ထွေးသွားတော့တယ်။

ဒီလိုကြည့်လိုက်တော့လည်း နဥ်ယိနဲ့ နဥ်ရှန့်တို့ရဲ့ အချစ်အပေါ်ရူးသွပ်မှုက ဘက်ပေါင်းစုံက ကြည့်လိုက်ရင် တစ်ထပ်တည်းတူနေတာပဲ။

ဧကန္တ နဥ်ရှန့်ရဲ့ အရူးအမူးစွဲလမ်းတယ် ဆိုတာကလည်း ဟန်ဆောင်နေတာပဲလား။

အားလုံးက အမျိုးမျိုးစဥ်းစားနေကြတဲ့အချိန်မှာ ကောင်းကင်ကအသံက ဆက်ပြီးပြောလိုက်တယ်။

[လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက နဥ်မိသားစုက လော့ရှင်းမြို့ရဲ့ သာမန်မိသားစုလေး ဖြစ်ခဲ့တာပဲ။ နဥ်မိသားစုရဲ့ဆက်ခံသူက အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်က အခြေတည်ဆောက်ခြင်း ကျင့်ကြံခြင်းအဆင့်ပဲ ရှိခဲ့တာကိုး]

[အဲ့ဒီတုန်းက နဥ်မိသားစုက လွီမိသားစုနဲ့ ဘာမှမပတ်သက်ပါဘူး။ လွီဝေက နဥ်ရှန့်ကို ဘာဖြစ်လို့ သဘောကျသွားတာတဲ့လဲ]

လီမိသားစုအိမ်မှာ ရှိတဲ့ လွီကျောင်းရဲ့ ခန္ဓာကိုယ်က အတိတ်ကိုပြန်စဥ်းစားမိသွားပြီး သူ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။

အစတုန်းကတော့ နဥ်မိသားစုက သေးငယ်တဲ့မိသားစုထောင်ချီထဲက တစ်ခုမျှသာ ဖြစ်ပြီး သက်တမ်းထောင်ချီတဲ့လွီမိသားစုနဲ့ နှိုင်းယှဥ်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့ဒီအပြင် အဲ့ဒီတုန်းက နဥ်ရှန့်ရဲ့အရည်အချင်းကလည်း သာမန်ထက် နည်းနည်းပဲကျော်လွန်တယ်လို့ မှတ်ယူလို့ရတယ်။

အဲ့ဒီတုန်းက သမီးဖြစ်သူက လွီမိသားစုရဲ့အရည်ချင်းရှိဆုံး ဆက်ခံသူတစ်ယောက် ဖြစ်ခဲ့တယ်။ သူမက ကျင့်ကြံရေးအဆင့်မှာ ကြိုးစားရင် ကြိုးစားသလောက် သူမရဲ့အနာဂတ်ကလည်း အတိုင်းအဆမရှိအောင် ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း သူရဲ့အထူးချွန်ဆုံးသမီးဖြစ်သူက သာမန်မိသားစုနဲ့ မေတ္တာမျှသွားတာကို သိလိုက်ပြီး သူကလွဲရင် ဘယ်သူကိုမှ လက်မထပ်ဘူးလို့ ဖြစ်လာတဲ့အခါ သူက ဒေါသထွက်ပြီး လွီဝေကို နှစ်တော်တော်များများ သီးခြားချုပ်နှောင်ထားခဲ့တယ်။

ဒါပေမဲ့လည်း ချစ်ရတဲ့ဘယ်မိဘတွေက သူ့သားသမီးကို အနိုင်ရတယ်ဆိုတာရှိလို့လဲ။ အဲ့ဒီအပြင် နဥ်ရှန့်ရဲ့ကြိုးစားမှုကလည်း အဲဒီတုန်းက တော်တော်လေး ကောင်းမွန်ခဲ့တယ်။ သူက နှိမ့်ချတာမျိုးလည်း မရှိသလို ထောင်လွှားတာမျိုးလည်း မရှိဘူး။ လွီမိသားစုရဲ့အကူအညီကိုလည်း အများအပြား မှီခိုတာမျိုး မရှိခဲ့ဘူး။ သူက တစ်ချီတည်းနဲ့ ဆေးလုံးတစ်လုံးကို ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်နိုင်စွမ်း ရှိခဲ့တယ်။

နောက်ဆုံးတော့ သူက လက်ထပ်ပွဲကို သဘောတူပေးခဲ့ရတယ်။

နဥ်ရှန့်က သမီးဖြစ်သူအပေါ် အလွန်မှကောင်းမွန်ခဲ့တယ်။ သူနဲ့သူ့ဇနီးက အပြန်အလှန်နက်နက်ရှိုင်းရှိုင်း မေတ္တာရှိခဲ့ကြတယ်။ မကြာခဏဆိုသလို သူတို့တွေက ကောင်းကင်နဲ့မြေကြီးက ဝိညာဥ်ရတနာတွေကို ယူလာပြီး သူ့ကို လာကန်တော့တတ်တယ်။

အတိဆင်းရဲဒုက္ခကို ကျော်လွှားနိုင်ခဲ့တဲ့ အစွမ်းရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူက ဒီလိုပစ္စည်းတွေကို မပြတ်လပ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူတို့ရဲ့ သိတက်လိမ္မာမှုကြောင့် ရင်ထဲမှာခံစားမိခဲ့တယ်။

မိသားစုတစ်ခုလုံးက သူ့ဆီက တစ်ခုခုရဖို့ပဲ စဥ်းစားနေတဲ့အချိန်မှာ သူတို့နှစ်ယောက်ကပဲ သူ့ကို တစ်ခုခု ပြန်ပေးဖို့ စဥ်းစားမိကြတယ်။

ဒီလိုစဥ်းစားမိလိုက်တော့ အပြုံးတစ်ခုက လွီကျောင်းရဲ့နှုတ်ခမ်းပေါ်မှာ ဖြစ်တည်လာပြီး သူရဲ့မူလက လေးနက်နေတဲ့မျက်နှာက ပိုပြီးတော့ နူးညံ့လာခဲ့တယ်။

ဒါပေမဲ့လည်း နောက်ပိုင်းအဖြစ်အပျက်ကို စဥ်းစားမိလိုက်တဲ့အချိန်မှာ သူ့မျက်နှာပေါ်ကအပြုံးက ဝမ်းနည်းမှုတွေ အစားထိုးလာခဲ့တယ်။

နှစ်ပေါင်းတစ်ထောင်မှ တစ်ခါပွင့်တဲ့ ထောင်ချီအတိဒုက္ခလျိူ့ဝှက်နယ်မြေပွင့်လာတဲ့အချိန်မှာ လွီဝေက လွီမိသားစုဝင်တွေကို ဦးဆောင်ပြီး လျှို့ဝှက်နယ်မြေထဲကို ဝင်ခဲ့ကြတယ်။ နောက်ဆုံးတော့ သူတို့တွေက လျှို့ဝှက်နယ်မြေထဲမှာ တိုက်ခိုက်ခံလိုက်ရတယ်။ လွီမိသားစုဝင်ကို ကာကွယ်ပေးဖို့ရန်အတွက် လွီဝေကနောက်ဆုံးတော့ ထောင်ချီအတိဒုက္ခလျှို့ဝှက်နယ်မြေထဲမှာ သေဆုံးခဲ့ရတယ်။ သူက ဘယ်လောက်ပဲအစွမ်းရှိရှိ သူရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ ထောင်ချီအတိဆင်းရဲဒုက္ခလျှို့ဝှက်နယ်မြေထဲမှာ နည်းလမ်းမရှိပဲ သူရဲ့ချစ်လှစွာသောသမီးလေး သေဆုံးတာကို ရပ်ကြည့်နေရခဲ့တယ်။

ဒီလိုစဥ်းစားမိလိုက်တော့ ဝိညာဥ်ခွာထားတဲ့ လွီကျောင်းရဲ့ကိုယ်ပွားက နဥ်ရှန့်ရဲ့ဖြူစွတ်နေတဲ့ဆံပင်ကို ကြည့်လိုက်ရင်း သက်ပြင်းချပြီး ခေါင်းခါလိုက်တော့တယ်။ လွီဝေ သေဆုံးသွားတာကို သိလိုက်ရပြီးတဲ့နောက်မှာ နဥ်ရှန့်ရဲ့ဆံပင်တွေကလည်း ညတွင်းချင်း ဖြူဖွေးသွားတော့တယ်။ နဥ်ရှန့်က အရမ်းဝမ်းနည်းနေတာတောင် ဝမ်းနည်းခြင်းကို သည်းခံပြီး ဒီအဘိုးကြီးကို နေ့တိုင်း လာရောက်နှစ်သိမ့်ပေးခဲ့တယ်။

လွီကျောင်းက စိတ်ထဲမှာ ဘယ်လိုပဲခံစားနေရပါစေ ကောင်းကင်ရဲ့အသံကတော့ နဥ်မိသားစု တိုးတက်လာတဲ့သမိုင်းကြောင်းကို ဆက်ပြီးပြောပြနေလေတယ်။ ကောင်းကင်ကလာတဲ့အသံက ဘာမြင်သွားလဲတော့ မသိလေဘူး။ ရုတ်တရက် အသံက တိတ်ဆိတ်သွားခဲ့တယ်။

[နဥ်မိသားစုရဲ့ ဒီဆက်ခံသူကလည်း ဘယ်လိုဖြစ်ပြီးတော့ သူ့မှာ အရမ်းကို ချစ်မြတ်နိုးရတဲ့ ဇနီးတစ်ယောက် ရှိနေတာလဲ။ နောက်ပြီးဒီဇနီးကလဲ ဆုံးသွားတာ အရမ်းကြာနေပြီတဲ့လား]

[မိန်းမ ကံမကောင်းတာနဲ့ အချစ်ရေးမှာ အရူးအမူးစွဲလမ်းတာက နဥ်မိသားစုမျိုးဆက်ရဲ့ အစဥ်အလာပဲလား]

[ဟင်... နဥ်မိသားစုက အစတုန်းက သာမန်ကျင့်ကြံသူမိသားစုတစ်ခုပဲ၊ ဒီဆက်ခံသူအဖိုးကြီးရဲ့မိန်းမ သေဆုံးသွားပြီးမှ သူတို့တွေက ဒေသအတွင်းက အထက်တန်းစားမိသားစုတွေထဲက တစ်ခုဖြစ်လာခဲ့တာတဲ့]

[ဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ တော်တော်လေးဆိုးရွားတာပဲ ]

လွီကျောင်း ရဲ့မျက်နှာပေါ်က ခံစားချက်နဲ့တည်ငြိမ်နေတဲ့မျက်နှာက အေးခဲသွားတော့တယ်။

အပြင်လောကရဲ့အသံကို ကြားနိုင်ကြတဲ့ ကျန်တဲ့သူတွေကတော့ စပြီးစဥ်းစားလာကြတယ်။ ကြည့်ရတာ နဥ်မိသားစုက ယောကျာ်းတွေက မိန်းမတစ်ယောက်ကို ဆုံးရှုံးသွားတဲ့အချိန်တိုင်း အကျိုးအမြတ်တွေ အများကြီးရခဲ့တဲ့ပုံပဲ။

အစတုန်းကတော့ နဥ်ရှန့်က လွီဝေကို တကယ် မြတ်မြတ်နိုးနိုး ချစ်ဟန်ဆောင်တယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ သူက ကြည့်ရတာ နဥ်ယိနဲ့မတူဘူးပဲ။ လျှို့ဝှက်နယ်မြေထဲမှာ လွီဝေကို သေဆုံးအောင်လုပ်ခဲ့တာ သူများ ဖြစ်နေမလား။

နောက်ဆုံး ချစ်ခင်ရတဲ့သူကို ဘယ်သူကများ သတိထားလို့လဲ။

ဒါပေမဲ့ အဲ့ဒီလွီမိသားစုမှာ..... နဥ်ရှန့်က လွီဝေကို တကယ်ပဲ တိတ်တိတ်လေး တစ်ခုခုလုပ်ရဲသတဲ့လား။

လုကျင်းဟွိုင်က လွီကျောင်းရဲ့ မျက်နှာပေါ်က မှင်တက်အံ့သြနေတဲ့ အမူအရာကို ကြည့်လိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးတော့ သွေးတိုးစမ်းကာ မေးလိုက်တော့တယ်။

"လူကြီးမင်းခင်ဗျာ နဉ်ယိက ရွှင့်ချန်ဂိုဏ်းမှာ ဘာလုပ်ခဲ့တယ်ဆိုတာကို သိပါသလား"

လွီကျောင်းက မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။

"သူက အမျိုးသမီးတပည့်တစ်ယောက်ကို မတော်တဆသတ်ခဲ့မိတာ မဟုတ်ဘူးလား"

လုကျင်းဟွိုင်က ခေါင်းခါပြလိုက်ပြီး

"သူက သူအချစ်ရဆုံး အမျိုးသမီးကျင့်ကြံသူကို တမင်တကာ သတ်ခဲ့ပြီးတော့ ခုနှစ်နှစ်လုံးလုံး စွဲလမ်းမြတ်နိုးခဲ့ပါတယ်ဆိုတဲ့ ကောင်းသတင်းကို ရခဲ့တယ်။ ပြီးတော့ ဒီအမျိုးသမီးကျင့်ကြံသူရဲ့ ဆရာဆီကလည်းပဲ မရေမတွက်နိုင်တဲ့ အကူအညီတွေရယူခဲ့တယ်"

လွီကျောင်းက သူ့စကားကို နားထောင်နေရင်းမှ သူ့မျက်နှာက တဖြည်းဖြည်း ညိုးငယ်လာတော့တယ်။ နဥ်ရှန့်က သူတို့စကားဝိုင်းကို နားထောင်လာပြီး အပြင်လောကရဲ့ ဆက်တိုက်ထုတ်ဖော်တဲ့စကားတွေကို ကြားရတဲ့အချိန်မှာ အခိုက်တန့် ကြောက်စိတ်မွှန်သွားတော့တယ်။

ဒါပေမဲ့ ချက်ချင်းပဲ တည်ငြိမ်အောင်လုပ်လိုက်ပြီ သူ့စိတ်ထဲမှာ ကိုယ့်ဟာကို နှစ်သိမ့်နေလိုက်တယ်။ သူက ဖြစ်ခဲ့တဲ့ကိစ္စတွေထဲမှာ မပါဝင် မပတ်သက်ခဲ့ဘူး။ မဟုတ်ရင်သူက လွီကျောင်းရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း သည်းခံနိုင်ခဲ့လိမ့်မှာ မဟုတ်ဘူး။

အပြင်လောကရဲ့အသံက အရာအားလုံးကို သိရှိနေတယ်ဆိုရင်တောင် သူ့ရဲ့အမှားကို ရှာတွေ့နိုင်လိမ့်မှာ မဟုတ်ဘူး။

ဒီအပြင် သူက နှစ်ပေါင်းရာချီအောင် ဟန်ဆောင်လာခဲ့တာပဲ။ လွီကျောင်းက အပြင်လောကကအသံရဲ့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်တွေကိုနားထောင်ပြီး သူ့ကိုတကယ်ပဲ အပြစ်ပေးနိုင်လို့လား။

လွီကျောင်းက နဥ်ရှန့်ကို စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်က တည်ငြိမ်နေတဲ့အပြုအမူကို မြင်လိုက်ရတော့ သူက ဘာမှမဖြစ်သလို အကြည့်ကို ရုပ်သိမ်းလိုက်တယ်။ ဒါပေမဲ့ သူရဲ့ ဝိညာဥ်စွမ်းအင် အာရုံခံကတော့ သူ့အပေါ်မှာ သေသေချာချာ ကျန်ရစ်နေခဲ့တယ်။ နဥ်ရှန့်ရဲ့ ခန့်မှန်းချက်က မှန်သွားတယ်။ လွီကျောင်းက အပြင်လောကရဲ့ စကားတစ်ခွန်းနှစ်ခွန်းအပေါ်အခြေခံပြီး သူ့ကို အပြစ်ပေးနိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့ သူ မသိလိုက်တာက လွီဝေ မရှိတော့တဲ့အခါ လွီကျောင်းရဲ့မျက်လုံးထဲမှာ သူက ဘာမှ အရေးမပါတော့ဘူးဆိုတာကိုပဲ။ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိသွားပြီဖြစ်တဲ့ သူ့လို အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်အတွက် အမှားလုပ်ထားတဲ့လူတစ်ယောက်ကို သတ်ဖို့ရာက ကြီးမားတဲ့ကိစ္စ မဟုတ်လေဘူး။

နဥ်ရှန့်က လွီဝေကိုတကယ်ပဲ သတ်ခဲ့သလားဆိုတာ အားလုံးက သိချင်နေကြတဲ့အချိန်မှာပဲ အပြင်လောကရဲ့အသံက တခြားနေရာကို အာရုံပြောင်းသွားတော့တယ်။

[ထူးဆန်းလိုက်တာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဘာမှမမြင်နိုင်ဘူးဆိုတာ နားလည်ပေးနိုင်ပေမဲ့ နဥ်မိသားစုက ဘာမှမမြင်နိုင်တဲ့ အမျိုးသမီးကျင့်ကြံသူတွေနဲ့ပဲ ဘာလို့တွေ့နေရတာလဲ]

[ပိုဆိုးတာက အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းမှာ အရမ်းကိုကောင်းမွန်တဲ့ အရည်အချင်းနဲ့ ကောင်းမွန်တဲ့မိသားစု နောက်ခံတစ်ခု ပိုင်ဆိုင်ထားကြတယ်။ ပိုပြီးတော့ တိုက်ဆိုင်မှုရှိနေတာက အမျိူးသမီးကျင့်ကြံသူတစ်ယောက် သေဆုံးသွားတိုင်း နဥ်မိသားစုက နောက်ထပ်ပိုမြင့်တဲ့အဆင့်တစ်ခု တက်သွားတာပဲ]

အားလုံးရဲ့မျက်လုံးတွေက လေးနက်သွားတော့တယ်။

ကောင်းကင်ကလာတဲ့စကားသံကို ဆန်းစစ်ကြည့်လိုက်တော့ နဥ်မိသားစုက ပြသာနာတွေအများကြီး ရှိနေတာပဲ။

[ကြည့်လိုက်အုံးမယ် နဥ်မိသားစုရဲ့အရည်အချင်းတွေကလည်း အဲ့လောက်ကြီးကောင်းနေတာ မဟုတ်ပါဘူး။]

[ရိုးရိုးလေးစဥ်းစားကြည့်လိုက်ရင် နဥ်မိသားစုရဲ့အရည်အချင်းက အမြင့်ဆုံး အခြေတည်ဆောက်ခြင်းအဆင့်ပဲ ရောက်နိုင်တာ။ ဒါပေမဲ့ အခုတော့ သူက တကယ်ပဲ ပေါင်းစပ်ကျင့်ကြံရေးအဆင့်ကို ရောက်သွားပြီတဲ့လား]

[လွီမိသားစုမှာ ဒီအရည်အချင်းမျိုးမရှိပါဘူး။ လွီကျွမ်းကျိကို နှစ်ရာချီတဲ့ အရင်းအမြစ်တွေသာ မကျွေးထားဘူးဆိုရင် သူက ဝိညာဥ်ပြောင်းလဲခြင်းအဆင့်ကိုပဲ ရောက်နိုင်မှာ ]

လူအများစုက အမှတ်တမဲ့ ဘေးမှာရပ်နေတဲ့အဆင့်လေးအကြီးအကဲကို ကြည့်လိုက့်ကြတယ်။

ကောင်းကင်က လာတဲ့အသံကို အာရုံစိုက်ပြီးနာထောင်နေတဲ့ လွီကျွမ်းကျိက ပြောလိုက်တယ်။

"ဘာလဲဟ"

နောက်ဆုံးတော့ နဥ်ရှန့်က မနေနိုင်တော့ဘဲ ရှေ့ကိုတစ်လှမ်း တိုးလာလိုက်တယ်။ သူက အားလုံးရဲ့အာရုံကို ဆွဲဆောင်ဖို့ တစ်ခုခုပြောတော့မယ် ပြင်လိုက်တဲ့အချိန်မှာပဲ လွီကျောင်း တားမြစ်တာ ခံလိုက်ရပြီး နောက်ထပ်စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။

လွီကျောင်းက သူ့ကို အေးတိအေးစက်ကြည့်လိုက်ပြီး သူမျက်လုံးထဲမှာ ကြင်နာသနားတတ်တဲ့ အရိပ်အယောင်တွေ မပါရှိလေတော့ဘူး။ အဲ့ဒီအစားလူသတ်လိုတဲ့ ပြင်းပြစိတ်တစ်ခုနဲ့ ပြည့်နှက်နေတော့တယ်။

နဥ်ရှန့်ဟာ ရုတ်တရက်ဆိုသလို ချွေးအေးတွေ ထွက်လာတော့တယ်။ သူ့ဦးနှောက်ကို ကပျာကယာ အလုပ်ပေးနေရင်းက ဘယ်လို ထွက်ပြေးရမလဲဆိုတာကို စဥ်းစားလိုက်တဲ့အချိန်မှာပဲ ကောင်းကင်က လာတဲ့အသံက နဥ်မိသားစုရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို အညှာအတာကင်းစွာ ဖော်ထုတ်လိုက်တော့တယ်။

[အဟက်_ ချစ်ခြင်းတရားလက်စွပ် ဖြစ်နေတာကိုး]

ချစ်ခြင်းတရားလက်စွပ် ဘာတဲ့လဲ။ လူအများအပြားက ဇဝေဇဝါ ဖြစ်သွားကြတော့တယ်။ ဒါပေမဲ့ အမှန်တရားကို သိကြတဲ့လူတွေကတော့ ချက်ချင်းဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားတော့တယ်။

[ချစ်မေတ္တာချိပ်ပိတ်ထားတဲ့ လက်စွပ်ကို ကျင်ကြံရေးလောကထဲမှာ နှစ်ပေါင်းထောင်ချီအောင် တားမြစ်ပြီး ပိတ်ဆို့ထားခဲ့တဲ့ မှော်ပစ္စည်းတစ်ခုပဲ။ ဒီမှော်ပစ္စည်းက လူတွေကို ဘာမှမဆိုင်တဲ့လူတစ်ယောက်အပေါ်မှာ အရူးအမူး ချစ်မိသွားစေပြီး ကိုယ်တိုင် အသက် ဆုံးရှုံးသွားအောင် ပြုလုပ်နိုင်တယ်တဲ့]

[အဲ့ဒီတုန်းက ကျင့်ကြံရေးလောကထဲမှာ ကြောက်စရာအကောင်းဆုံး ဖြစ်သွားစေတာက ချစ်ခြင်းတရားပိတ်ဆို့ခြင်းလက်စွပ်က ထိန်းချုပ်ခံထားရတဲ့လူရဲ့ ကံကောင်းခြင်းအားလုံးကို ဘယ်သူမှ မသိစေဘဲ လက်စွပ်ပိုင်ရှင်ဆီကို လွှဲပြောင်းပေးနိုင်တယ်တဲ့]

[ဒါကြောင့်ပေါ့... အစက အရမ်းကံကောင်းခဲ့တဲ့ ယွင်ရှောင်က လျှို့ဝှက်နယ်မြေထဲမှာ ဒီလိုရက်စက်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပေါ့။ ထူးခြားတဲ့ အရည်အချင်းပိုင်ဆိုင်ထားတဲ့ လွီဝေကလည်း အချိန်အကြာကြီး ဝိညာဥ်ပြောင်းလဲခြင်းအဆင့်မှာ ပိတ်ဆို့နေရတဲ့အကြေအရင်းနဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားပြီးနောက်ပိုင်း ဝိညာဥ်သားကောင်တွေနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဒါကြောင့်ပဲ]

[ဒီတော့ လွီမိသားစုက ဘယ်လောက်ပဲစုံစမ်းနေပါစေ လွီဝေရဲ့သေဆုံးမှုက မတော်တဆဖြစ်ခဲ့ပြီး သူက ကံမကောင်းလို့ပဲလို့ စဥ်းစားမိကြမှာပဲပေါ့]

[ဒါပေမဲ့ ပါရမီရှင်တစ်ယောက်လို့တောင် ခေါ်ရလောက်တဲ့ လွီဝေက ကံဆိုးတာလောက်နဲ့ သူ့အသက်ကို ဘယ်လိုလုပ်ပြီး ဆုံးရှုံးခဲ့တာလဲ]

လွီကျောင်းက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ဒါပေမဲ့ ဝိညာဥ်ချည်ကြိုးတွေကတော့ နေရာမှာရှိနေတဲ့ နဥ်မိသားစုဝင်တွေကို တစ်လက်မချင်းဆီ ချည်နှောင်ထားလိုက်တယ်။ အကောင်းစား ဝိညာဥ်ချည်ကြိုးတွေက နဥ်ရှန့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးရောင်အမှတ်အသားတွေ အများအပြား ချန်ရစ်ခဲ့တော့တယ်။

နဉ်ယိက သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်ပြီး နောက်တစ်စက္ကန့်နေတဲ့အခါမှာတော့ သူရဲ့လျှာက ဖြတ်တောက်ခံလိုက်ရပြီး ဆက်ပြီးမအော်ဟစ်နိုင်အောင် ဖြစ်သွားတော့တယ်။

ရွှင့်ချန်ဂိုဏ်းကလူတွေက နဥ်မိသားစုဝင်နှစ်ယောက်ရဲ့ သနားစရာအခြေအနေကို ကြည့်လိုက်တဲ့အချိန်မှာ သူတို့စိတ်ထဲမှာ နားလည်သွားကြတယ်။ ဒီအချိန်ကစပြီး နဥ်မိသားစုကတော့ ဘယ်တော့မှ ပြန်ပြီး ခေါင်းထောင်လာနိုင်တော့မှာ မဟုတ်ဘူး။

သူတို့တွေက ဒီလောက်ယုတ်ညံတဲ့ကိစ္စကို လုပ်ရဲမှတော့ တူညီတဲ့အကျိုးဆက်ကို သေချာပေါက်ခံစားရမှာပေါ့။

အားလုံးရဲ့စိတ်ကူးနဲ့ဆန့်ကျင်သွားပြီး လွီကျောင်းက ဒီလူနှစ်ယောက်ကို နေရာမှာပဲ မသတ်ပစ်ခဲ့ဘူး။ အဲ့ဒီအစား သူကမျက်လုံးတွေကို ဆက်မှိတ်ထားလိုက်ပြီး အပြင်လောကကလာတဲ့အသံကို ဆက်ပြီး ကြိတ်မှိတ် နားထောင်နေလိုက်တယ်။

စူးလီက ကောင်းကင်စာအုပ်ထဲက အကြောင်းအရာအတိအကျကို ပိုပြီးဖတ်ကြည့်လေလေ သူမရဲ့အသံက နဥ်ရှန့်အပေါ် အထင်သေးစိတ် အပြည့် ဖြစ်သွားတော့တယ်။

[နဥ်ရှန့်က လွီဝေ ထောင်ချီအတိဒုက္ခလျှို့ဝှက်နယ်မြေထဲကို သွားမယ်ဆိုတာ သိလိုက်ကတည်းက သူက သူ့မရဲ့ကံကောင်းခြင်းတွေကို မြန်မြန်စုပ်ယူထားခဲ့တာပဲ]

[ထောင်ချီအတိဒုက္ခလျှို့ဝှက်နယ်မြေက နဥ်ရှန့် သူ့မိန်းမအတွက် ပြင်ဆင်ထားပေးတဲ့ သင်္ချိုင်း ဖြစ်နေတာပဲ။ ဘယ်သူက စုံစမ်းနေပါစေ လွီဝေကို သေဆုံးစေခဲ့တဲ့သူက နဥ်ရှန့်ဖြစ်နေတယ်ဆိုတာ သူတို့တွေရှာတွေ့လိမ့်မှာ မဟုတ်ဘူး]

[နဥ်ရှန့်က လွီဝေကို ဘာလို့ အဲ့လောက်တောင် မုန်းနေတာလဲ။ လွီမိသားစုက နဥ်မိသားစုကို အကူအညီတွေ အများကြီးပေးခဲ့တာ မဟုတ်လား]

...

All Chapters