← Chapters

အခန်း ၂၅

Vol. 2 Ch. 25

အခန်း ၂၅

Vol. 2 Ch. 25

အပိုင်း(၂၅)

[လွီဝေက ပိုသာလွန်ပြီးတော့ သန်မာတဲ့ကိုယ်ကျင့်တရားရှိတယ်လို့ သူက ထင်ထားတာကြောင့်လား။ လွီဝေက သူ့ကို အထင်သေးတယ်လို့ ထင်နေတာကြောင့်လား]

[လွီမိသားစုက သူ့ကို ပေးခဲ့တဲ့ရတနာတွေကလည်း ပေးကမ်းစွန့်ကြဲတာလောက်ပဲဖြစ်ပြီး သူတို့တွေက သူ့ကိုအထင်သေးကြတဲ့ သက်သေတွေပဲလို့ သူက ထင်နေတာလား]

စူးလီရဲ့ မျက်နှာပေါ်မှာ မေးခွန်းတွေအပြည့် ဖြစ်သွားပြီး သူမက အားလုံးရဲ့အတွေးကို ထုတ်ဖော်လိုက်တော့တယ်။

[သိပ်ကို ခေါင်းမာနေတာကိုး၊ ဒီအတိုင်းယူလိုက်တော့ ဘာဖြစ်မှာလဲ]

[မဟုတ်သေးဘူး ဒီကိစ္စကြောင့်ပဲ မဟုတ်ဘူး။ သူက လွီဝေကို သ-တ်ချင်နေတာကလည်း... သူရဲ့ချစ်လှစွာသော လရောင်ဖြူအတွက် နေရာတစ်ခု တတ်နိုင်သလောက် မြန်မြန် လုပ်ပေးချင်လို့များလား]

[ဝိုး... နဉ်ယိက နဥ်မိသားစုရဲ့မိသားစုအခွဲလို့ အမည်တပ်ထားပေမဲ့ တကယ်တမ်းကျတော့ သူက နဉ်ရှန့်နဲ့ အဲ့ဒီလရောင်ဖြူတို့ရဲ့ကလေး ဖြစ်နေတာကိုး]

[နဉ်ယိ တစ်ခုခု လုပ်လိုက်တာနဲ့ သူက ချက်ချင်းအပြေးအလွှား ရောက်လာတာလည်း မထူးဆန်းတော့ပါဘူး]

စူးလီက စကားတစ်ခွန်းပြောလိုက်တိုင်း နဥ်မိသားစုတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ တင်းနေအောင် ချည်ထားတဲ့ ဝိညာဥ်ချည်ကြိုးတွေက တစ်လက်မချင်းစီ ပိုပြီးတော့ နက်ရှိုင်းလာခဲ့တယ်။ သူတို့တွေက နာကျင်မှုကြောင့် တုန်ယင်နေကြပေမဲ့လည်း တစ်နေရာထဲမှာပဲ ရပ်နေရပြီး မလှုပ်ရှားနိုင်ကြတော့ဘူး။ သူတို့တွေက ကိုယ့်ဟာကို ဒီလို နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခံနေရတာကိုပဲ ရပ်ကြည့်နေနိုင်တော့တယ်။

ဒီအခိုက်အတန့်မှာ နဉ်ရှန့် လုပ်ထားခဲ့တာတွေအတွက် သက်သေမရှိခဲ့ပေမဲ့လည်း နဥ်မိသားစုက အင်အားကြီးမားခဲ့ပေမဲ့လည်း သူတို့တွေမှာလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။

လွီကျောက်က ဆန္ဒရှိသရွေ့ သူက သူတို့ကိုဖျက်ဆီးပစ်နိုင်ပြီး နဥ်မိသားစုကိုလည်း အချိန်မရွေး ချေမွပြစ်နိုင်တယ်။

စူးလီက ကောင်းကင်စာအုပ်ကို ကြည့်နေရင်းမှ ခေါင်းမော့လိုက်တော့ နဥ်မိသားစုဝင်နှစ်ယောက်ရဲ့ သနားစရာအခြေအနေကို တွေ့လိုက်ရတော့တယ်။

[ဟယ် ..အခုလေးတင်ပဲ အဲ့ဒီနှစ်ယောက်က အရမ်းကိုထောင်လွှားနေခဲ့တာ မဟုတ်လား။ အခုကျတော့ ဘာလို့များ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားကြတာလဲ]

စူးလီက အရေးယူနေတဲ့ လွီကျောက်ကို လှမ်းကြည့်လိုက်ပြီး လက်တစ်ဖက်နဲ့ မေးထောက်ထားလိုက်တယ်။

[ဧကန္တ နဥ်ရှန့် လုပ်ခဲ့တဲ့အရာတွေကို သူက သိသွားပြီလား]

[ဟုတ်နေပါပြီ၊ သူရဲ့ကျင့်ကြံရေးအဆင့်က ရုပ်လွန်အတိဒုက္ခဆင်းရဲခြင်းအဆင့်ကိုတောင် ရောက်သွားပြီပဲ၊ ဒီတော့ သူ့အနေနဲ့ ဘာပြသာနာကိုမှ သတိမထားမိဘူးဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူးလေ]

ဒီလိုစဥ်းစားမိလိုက်ပြီး သူမက ကြိတ်ပြီးသက်ပြင်းချလိုက်တော့တယ်။

[သနားစရာ ကောင်းလိုက်တာ]

[လွီဝေသာ အခုအချိန်ထိ အသက်ရှင်နေအုံးမယ်ဆိုရင် လွီမိသားစုက အခုအချိန်လောက်ဆိုရင် ပိုပြီးမြင့်တဲ့အဆင့်တစ်ခုကို ရောက်နေလောက်ပြီပေါ့ ဟုတ်တယ်မလား]

[ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတော့မှာလဲ။ ဆက်ခံသူမရှိဘဲ အောက်ဆုံးကို ကျသွားတော့မှာလား]

[နောက်ဆုံး လွီဝေတို့ ယွင်ရှောင်တို့လို ပါရမီရှင်တွေက နှစ်တစ်ထောင်မှ ရှားရှားပါးပါး ပေါ်ထွက်လာတာလေ]

ကောင်းကင်ကလာတဲ့အသံပေါ် ထွက်လာတဲ့အချိန်မှပဲ လုကျင်းဟွိုင်က နဉ်ယိကို ကြောက်မက်ဖွယ်ရာအကြည့်တစ်ခုနဲ့ ကြည့်လိုက်တော့တယ်။ ရွှင့်ချန်ဂိုဏ်းရဲ့ ပါရမီရှင်တွေက ဒီလိုလူယုတ်မာတစ်ယောက်ရဲ့လက်ထဲမှာ ပျက်စီးသွားတယ်တဲ့လေ။

လွီကျောက်က နဉ်ရှန့်ရဲ့ကျင့်ကြံရေးအဆင့်တွေကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့တယ်။ သူက သူရဲ့လက်ကို မြှောက်လိုက်ပြီး ရုတ်ခြည်းဆိုသလို အများကြီးအိုမင်းသွားတဲ့ သူရဲ့မျက်လုံးကို လှစ်ပြလိုက်ပြီး အလွန်မှ ညှိုးငယ်သွားတော့တယ်။

“ဂိုဏ်းချုပ်ကြီးလု ကျုပ်နဉ်ရှန့်ကို အရင်ဆုံး ခေါ်သွားလိုက်တော့မယ်”

“သူရဲ့သားကိုတော့...”

သူက သွေးတွေရွဲနစ်နေတဲ့ နဉ်ယိကို လှမ်းကြည့်လိုက်ပြီး အေးတိအေးစက်လေသံနဲ့ ပြောလိုက်တော့တယ်။

“သူ့ကိုတော့ ရွှင်ချန်ဂိုဏ်းမှာပဲ ဆက်ထားလိုက်ပြီး ဂိုဏ်းရဲ့အပြစ်ဒဏ်ကို လက်ခံပါစေပေါ့ ။သူက အသက်ရှင်နေသေးတယ်ဆိုရင်လည်း ကျုပ် သူ့ကို ပြန်လာခေါ်ပါ့မယ်”

လုကျင်းဟွိုင်ရဲ့မျက်လုံးတွေက ရက်စက်ပြီး တင်းမာနေခဲ့တယ်။

“နဉ်ယိက ရွှင့်ချန်ဂိုဏ်းကနေ အသက်ရှင်လျက် ထွက်သွားဖို့က မဖြစ်နိုင်ပါဘူး”

လွီကျောက်က ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ကိုယ့်ကိုလှည့်ကာ ကိုယ်ဟန်ပျက်နေတဲ့ နဉ်ရှန့်ကိုခေါ်ပြီး ရွှင့်ချန်ဂိုဏ်းက ထွက်သွားလေတော့တယ်။

အဲ့ဒီနေ့ရဲ့ နေ့လယ်ခင်းမှာပဲ၊ လွီမိသားစုက နဥ်မိသားစုကို စစ်ကြော်ညာခဲ့တဲ့သတင်း ပျံ့နှံလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ နဥ်မိသားစုရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တယ်။

မိသားစုတွေရဲ့ ဝင်စီးခြင်းခံရပြီးတဲ့နောက်မှာ နဥ်မိသားစုက ပျောက်သွားဖို့ရာ အချိန်နေ့တစ်ဝက်သာ ကြာမြင့်လိုက်တယ်။

ရွှင့်ချန်ဂိုဏ်းထဲမှာတော့ ယွင်ရှောင်ရဲ့သေဆုံးမှုကိစ္စနဲ့ ပတ်သက်ပြီး လုကျင်းဟွိုင်က အသိပေးလိုက်တဲ့အတွက် တပည့်အားလုံးက ရောက်ရှိလာတော့တယ်။

ကျောက်လင်းယွမ်က ခုနှစ်နှစ်တိုင်တိုင် အထင်လွဲခြင်းခံခဲရပေမဲ့ နောက်ဆုံးတော့ ပြစ်ဒဏ်အားလုံးကို ဖယ်ရှားခံလိုက်ရပြီး အဆင့်ငါးအကြီးအကဲရဲ့ တစ်ဦးတည်းသောတပည့် ဖြစ်လာတယ်။

လက်တလော ဖြစ်သွားတဲ့အချိန်က အဖြစ်အပျက်တွေကို ပြန်သုံးသပ်ကြည့်လိုက်ပြီး ရွှင့်ချန်ဂိုဏ်းက အစွမ်းရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးက သူတို့ရဲ့ကိုယ်ပိုင်တောင်ထွတ်အတွင်းက အရေးကိစ္စတွေကို စပြီးတော့ သေသေချာချာ စုံစမ်းလာတဲ့အခါ လူယုတ်မာတွေ ပုန်းအောင်းနေတဲ့နေရာတွေနဲ့ ဆိုးညစ်ကောက်ကျစ်တဲ့လူတွေကိုလည်း အများအပြားရှာ တွေ့ခဲ့ကြတယ်။ ဒီအချိန်မှာတော့ ဂိုဏ်းထဲက လေထုအငွေ့အသက်က ကြည်လင်ရှင်းလင်းလာပြီး ဂိုဏ်းကလဲ ပေါများကြွယ်ဝတဲ့အခြေအနေတစ်ခု ရောက်ရှိလာတော့တယ်။

လော့ရှူးတောင်ထွတ်မှာ -

စူးလီက လက်ထဲမှာ မုန့်တစ်တုံးကိုကိုင်ထားပြီး ခြံထဲကသလွန်ပေါ်မှာ လှဲလျောင်းနေလေတယ်။ သူမက မုန့်ကို တစ်ကိုက်လောက်ကိုက်လိုက်ပြီး မျက်လုံးတွေကို ဝမ်းသာအားရ ကျုံ့ထားလိုက်တယ်။

သူမနဲ့ မဝေးလှတဲ့နေရာမှာတော့ ကျန်းရှန်က မတ်မတ်ထိုင်ပြီး သူ့မျက်လုံးတွေကတော့ လေးစားပြီး ကြည်ညိုမှု ဖြစ်နေတော့တယ်။

ဒီကာလအတွင်းမှာ ကျန်းရှန်က သူရဲ့ကျန်းမာရေးကို ဂရုစိုက်တဲ့အပြင် မရေမတွက်နိုင်တဲ့ အစားအသောက် ကျင့်ကြံသူတွေကိုလည်း ရှာဖွေလာခဲ့ပြီး နေ့တိုင်းဝိညာဥ်စွမ်းအင် အစားအသောက်လုပ်တဲ့ အရည်အချင်းကို လေ့ကျင့်လာခဲ့တယ်။

ဒါပေမဲ့လည်း အစားအသောက်ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ရန်ကလည်း ပါရမီက လိုသေးတော့ သူရဲ့အစားအသောက် ကျင့်ကြံခြင်းရလဒ်က အဖေဖြစ်သူကို သုံးကြိမ်တိုင်တိုင် အဆိပ်မိခဲ့တော့တယ်။

ကျန်းကျွင်းမင်က ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်မှာ အစွမ်းရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အစားအသောက် ကျင့်ကြံခြင်းကို သင်ကြားပေးနေတဲ့ဆရာကတောင် ဒီလမ်းကြောင်းကို လက်လျှော့လိုက်ဖို့ သူ့ကို ပညာသားပါပါနဲ့ အကြံပေးရတော့တယ်။ ဝိညာဥ်စွမ်းအင် အစားအသောက်လုပ်တာကလည်း အဆိပ်လုပ်နည်းနဲ့ မခြားနားတဲ့အကြောင်း ပြောပြရတယ်။

နောက်ဆုံးမှာတော့ ကျန်းရှန်က စူးလီအတွက် ဝိညာဥ်စွမ်းအင် အစားအသောက်လုပ်ပေးမဲ့ စိတ်ကူးကို လက်လျှော့ခဲ့ရတော့တယ်။

ကျန်းရှန်က အချိုပွဲကို အေးအေးလူလူစားသောက်နေတဲ့ စူးလီကိုကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သိပ်မကြာသေးခင်က သူလေ့လာထားခဲ့တဲ့ သူမရဲ့အကြိုက်တွေကို ပြန်စဥ်းစားမိလိုက်ပြီး သွေးတိုးစမ်းသလို ပြောလိုက်တော့တယ်။

“ချန်ပေ့၊ ဟွားလန်တောင်ထွတ်မှာ ပြီးခဲ့တဲ့နှစ်ရက်တုန်းက စစ်ဆေးခြင်းစာမေးပွဲ ဆောင်ရွက်နေပြီးတော့ အများကြီး....”

သူ့စကားမဆုံးခင်မှာပဲ စူးလီက ခေါင်းကိုလှည့်လာပြီး သူ့မရဲ့အသံထဲမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ငါ မှတ်မိတာ မမှားဘူးဆိုရင် နင့်အဖေရဲ့အကြီးဆုံးတပည့်က သူရဲ့မွေးစားအမေနဲ့ အတူတူနေသလိုပဲ”

ကျန်းရှန်က စူးလီရဲ့မျက်လုံးထဲက စိတ်ဝင်စားမှုကို တွေ့မြင်လိုက်ရပြီး သူစိတ်ထဲမှာ ကံကောင်းသွားပြီလို့ ခံစားလိုက်ရတယ်။ တော်သေးတာပေါ့၊ သူမလာခင်က အသေးစိတ်အချက်အလက်နဲ့ အကြောင်းအရင်းအားလုံးကို လူတစ်ယောက်ဆီမှာ မေးလာခဲ့လို့ပေပဲ။

“ဟုတ်ပါတယ်”

သူက တည်ကြည်လေးနက်တဲ့ပုံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူ့အသံကလဲ ဂိုဏ်းရဲ့အရေးကြီးကိစ္စကို တင်ပြနေသလို ဖြစ်နေတော့တယ်။

“ဂိုဏ်းတူအစ်ကို ရော့ရှိုးရဲ့ အဖေက သူရဲ့မောင်းမကို မျက်နှာသာပေးပြီး ရော့ရှိုး ငယ်ငယ်လေးကတည်းက သူ့မိန်းမကို လျစ်လျူရှုထားခဲ့ပြီး သူ့အမေအပေါ်လည်း အရမ်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာတဲ့”

စူးလီက အသေးစိတ်အကြောင်းအရာကို နားထောင်ရင်း လက်တစ်ဖက်နဲ့မေးကို ထောက်ထားလိုက်ပြီး မကြာခဏဆိုသလို စကားထောက်ပေးလိုက်တယ်။

သူက အဖေဖြစ်သူရဲ့မောင်းမ အမေဖြစ်သူရဲ့အချစ်ပြိုင်ဘက်ကို သူ့ရဲ့ချစ်သူ ဖြစ်လာအောင်လုပ်ခဲ့တာပဲ။ သူမကို သူ့အမေကိုတောင် စောင့်ရှောက်ခိုင်းပြီး ကိုယ်ဝန်ရအောင်လုပ်ခဲ့တာတဲ့လား။

လူတစ်ယောက်ရဲ့သားအရင်းက အဲ့ဒီလူရဲ့ညီ ဖြစ်လာတာပဲ။ ကျင့်ကြံရေးလောကက ဘယ်လို ပျော်စရာကောင်းအောင် လုပ်ရမယ်ဆိုတာ တကယ်သိတာပဲ။

သူမက အတင်းစကားကို အားရပါးရနားထောင်နေတုန်း ပိုင်ကျစ်ယွင်က ဧည့်အကြီးအကဲ ဆက်ခံခြင်းအခမ်းအနား နောက်ဆုံးတော့ ပြီးစီးသွားပြီး ဝမ်းသာအားရနဲ့ စူးလီဆီကို လာရှာဖို့အတွက် အနောက်ဘက်ခြံကို ရောက်လာတော့တယ်။

ကျန်းရှန်က စူးလီကို အလွန်မှ အာရုံတစိုက်ရှိနေတာကို မြင်လိုက်ရတော့ သူမမှာ အလိုအလျောက် မျက်မှောင်ကျုံ့နေတော့တယ်။ ကျန်းရှန်မှာ တခြားအလုပ် မရှိတော့ဘူးလား။ သူက လော့ရှူးတောင်ထွတ်ကို နေ့တိုင်းလာပြီး ဘာဖြစ်လို့များ သူမနဲ့ အကြီးနေရာကို ပြိုင်လုချင်နေတာလဲ။

သူက သူရဲ့မချန်ပေ့ကို သူမ ခေါ်သလိုတောင် လိုက်ခေါ်နေလိုက်သေးတယ်။

သူမက ကျန်းရှန်ကို သူမရဲ့ချန်ပေ့နဲ့ ခပ်ခွာခွာနေအောင် ဘယ်လိုလုပ်ရမလဲလို့ စဥ်းစားနေတဲ့အချိန်မှာပဲ စူးလီက ပိုင်ကျစ်ယွင်ရောက်လာတာကို သတိထားမိပြီး ပျင်းပျင်းရိရိနဲ့ လှမ်းမေးလိုက်တယ်။

“ဒီနေ့ နင့်ရဲ့အလုပ်တွေ ပြီးသွားပြီလား”

ပိုင်ကျစ်ယွင်က ချက်ချင်း သတိပြန်ဝင်လာခဲ့တယ်။ သူမက စူးလီဆီကို ခပ်သွက်သွက်လျှောက်လာပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။

“ပြီးသွားပါပြီ”

“ဆက်ခံခြင်းပွဲနဲ့ ပတ်သက်နဲ့ကိစ္စတွေကို အတည်ပြုပြီးသွားပြီ” သူမက ပြောရင်းဆိုရင်း ကျန်းရှန်ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့တယ်။ သူမကမှ ချန်ပေ့ရဲ့အချစ်ရဆုံးသူပဲ။

ကျန်းရှန်က သူမကို ဂရုမစိုက်သလို ပြန်ကြည့်လိုက်တယ်။ သူ့မျက်နှာက အေးစက်ပြီး လေးနက်နေဆဲဖြစ်ပေမဲ့ သူ့အကြောင်းသိတဲ့သူကသာ ဒီအချိန်မှာ သူက အရင်ကထက်ပိုပြီး စိတ်အေးလက်အေး ရှိနေမှန်း သိကြလိမ့်မယ်။

ပိုင်ကျစ်ယွင်က တစ်နေ့တာ လုပ်ဆောင်ခဲ့တဲ့အရာတွေကို စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောပြလိုက်တယ်။ နောက်ဆုံးမှာတော့ လုကျင်းဟွိုင်ရဲ့စကားကို စဥ်းစားမိလိုက်ပြီး သူမရဲ့အသံက ရုတ်တရက်ဆိုသလို ခဏလောက် တုံ့ဆိုင်းသွားခဲ့တယ်။

“ဂိုဏ်းချုပ်ကြီးက ပြောတယ်၊ ကျွန်မရဲ့ဧည့်အကြီးအကဲဆက်ခံပွဲကို တက်ရောက်ဖို့အတွက် ဧည့်အကြီးအကဲအားလုံးက နှစ်ရက်အတွင်း ဂိုဏ်းကို ပြန်လာရမယ်တဲ့”

သူမကလွဲရင် ရွှင့်ချန်ဂိုဏ်းမှာရှိတဲ့ ဧည့်အကြီးအကဲတိုင်းမှာ နက်နဲတဲ့ကျင့်ကြံရေးအဆင့် ထူးခြားတဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားကြပြီး တချို့နယ်ပယ်တွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆောင်ရွက်ခဲ့ကြတယ်။

သူမတစ်ယောက်ကပဲ အုတ်မြစ်ဖွဲ့တည်ကျင့်ကြံခြင်းအဆင့် တောင်မရောက်သေးတာ။ ဒီလိုစဥ်းစားမိလိုက်တော့ သူမရဲ့အသံက အနည်းတိမ်ဝင်သွားခဲ့တယ်။

“မကြာခင်မှာ အကြီးအကဲချီဟွမ်က ဂိုဏ်းကိုပြန်လာလိမ့်မယ်တဲ့”

သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အားတင်းပြုံးပြ လိုက်တယ်။ သူမက ချန်ပေ့ကို သူမအတွက် စိုးရိမ်မနေစေချင်ဘူးလေ။

“ပြောကြတာကတော့ အကြီးအကဲချီဟွမ်က အရမ်းကိုအစွမ်းထက်တာတဲ့။ သူက ငယ်ငယ်ကတည်းက အလားအလာရှိတဲ့သူ ဖြစ်ခဲ့တယ်တဲ့။ သူက အသက်ငါးရာနှစ်မှာပဲ စိတ်ဝိညာဥ်အဆင့်ကို ရောက်ရှိခဲ့တာတဲ့။ အဲဒါထက် သူက ဖိုထိုးတဲ့နေရာမှာ အင်မတန်မှ အရည်အချင်းရှိတယ်တဲ့။ သူက အဆင့်ခုနှစ်ဆေးလုံးတွေကို သန့်စင်နိုင်တဲ့အပြင် သူ့ကိုယ်ပိုင် ဆေးညွန်းတွေကိုလည်း ဖန်တီးနိုင်ပြီးတော့ ကျင့်ကြံရေးလောကမှာ တစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ဆေးလုံးတွေအများကြီး သန့်စင်ခဲ့တယ်တဲ့”

စူးလီက ပိုင်ကျစ်ယွင်ရဲ့စကားကို နားထောင်လိုက်ပြီး ရုတ်တရက်တစ်ခုခု သတိရသွားခဲ့တယ်။

“ငါအမှတ်မမှားဘူးဆိုရင် ပြင်းပြင်းထန်ထန်ကျိုးပဲ့သွားတဲ့ ခြေလက်အင်္ဂါတွေကို ပြန်ဆက်ပေးနိုင်တဲ့ဆေးလုံးကို သူက ဖော်စပ်ခဲ့တာတဲ့။ ဟုတ်တယ်မလား”

ငါက ရွှင့်ချန်ဂိုဏ်းကို လာဖို့ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကလည်း ဒီဆေးလုံးက စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ထားတာကြောင့် မဟုတ်လား။ လုံးဝဖြတ်တောက်ခံလိုက်ရတဲ့ အစိတ်အပိုင်းကိုတောင် လုံးဝနဂိုအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဆေးလုံးတစ်ခုတဲ့။

စူးလီက စိတ်ဝင်စားတဲ့အကြောင်း ကြားလိုက်ရပြီးတဲ့အခါ ပိုင်ကျစ်ယွင်က သူမရဲ့မျက်လုံးထဲက သိမ်ငယ်မှုများကို ဖုံးကွယ်ထားလိုက်ပြီး တလေးတစား ပြောလိုက်တော့တယ်။

“ဟုတ်ပါတယ် ရွှိယွမ်ဆေးလုံးက အကြီးအကဲချီဟွမ် အထူးတလည် ဖော်စပ်ထားတဲ့ဆေးလုံးလေ ။ သူက ပျက်စီးသွားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်ဆက်ပေးနိုင်တဲ့ သာမန်ဆေးလုံးတွေနဲ့ မတူဘူး ။ ရွှိယွမ်ဆေးလုံးက ပျက်စီးသွားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်ဆက်ပေးနိုင်တဲ့အပြင် ပျက်စီးသွားတဲ့ အင်္ဂါအစိတ်အပိုင်းထဲက ဝိညာဥ်စွမ်းအင်သွေးကြောတွေကိုလည်း နဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ပေးနိုင်တယ်။ ဒါကြောင့်မလို့ ပျက်စီးသွားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်ပြီး လေ့ကျင့်ပေးနေစရာ မလိုတော့ဘူးပေါ့”

စူးလီက တွေးတွေးဆဆနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်က သူရဲ့ ‘အဓိက’ဟာကို ဖြတ်တောက်ခံလိုက်ရတာနဲ့ ချက်ချင်း ဆေးလာတောင်းတာလည်း မထူးဆန်းတော့ပါဘူး။

ဒီဆေးကို သောက်ပြီးသွားရင် ဖြတ်ထုတ်ခံရတဲ့နေရာက ဘာမှထူးခြားချက် မရှိတော့ဘူးလေ။ အဟွတ်..အဟွတ်.. လုံးဝကိုမသိသာတော့တာ။

...

All Chapters