← Chapters

အခန်း ၂၉

Vol. 2 Ch. 29

အခန်း ၂၉

Vol. 2 Ch. 29

အပိုင်း (၂၉)

ကျန်းယွီရင်းက ရက်စက်တဲ့အမူအရာတစ်ခုနဲ့သူ့ကိုကြည့်လိုက်တယ်။

“ကျွန်မက ရှင့်ကို ဖိအားပေးတယ်ဟုတ်လား၊ အစကတည်းက စီးရှကို မျက်စိကျခဲ့တာလည်း ရှင်ပဲ၊ သူ့ကို ထိန်းချုပ်ပြီး သူ့ရဲ့ဝိညာဥ်ရင်းမြစ်ကို ဖျက်ဆီးချင်ခဲ့တာလည်းရှင်ပဲလေ”

လူနှစ်ယောက်က ခွေးအချင်းချင်းကိုက်နေသလို ရန်ဖြစ်နေကြတော့တယ်။

ဒုတိယအကြီးအကဲက မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်။

“အရင်ဆုံး သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ပြီးမှ သ-တ်ရင်ကော...”

သိပ်မဝေးလှတဲ့နေရာက ယောက်တန်းတောင်ထွတ်သခင်က ခေါင်းညိတ်ထောက်ခံလိုက်တယ်။

စူးလီက အိပ်ရာပေါ်မှာ လဲလျောင်းနေတယ်။ အခင်းဖြစ်တဲ့နေရာက အရမ်းကို ဝေးတဲ့အတွက် သူမက လော့ရှူးတောင်ထွတ်ကို တန်းပြန်လာလိုက်ပြီး နောက်ဆက်ဖြစ်မဲ့ကိစ္စကိုကြည့်ဖို့ တိမ်လွှာကြေးမုံကို ထုတ်လိုက်တယ်။

ဒုတိယအကြီးအကဲရဲ့စကားကို ကြားလိုက်တဲ့အခါ သူမက အဓိပ္ပာယ်ပါပါနဲ့ ခေါင်းခါလိုက်တော့တယ်။

[သူတို့တွေက ဘာလို့ အဲလောက်တောင် အကြမ်းဖက်နေရတာလဲ။ သူတို့တွေက မစဥ်းမစားနဲ့ လူကို သတ်ပစ်ကြမလို့လား]

[လျန်မိသားစုက ဒီလိုလူယုတ်မာတစ်ယောက်ကို ပျိုးထောင်ရတာ လွယ်မှာ မဟုတ်ဘူး။ သူ့ကို ဒီအတိုင်းလည်း ခွင့်လွှတ်မပေးနိုင်ဘူးလေ။ ဟုတ်တယ်မလား]

[ငါ့ကိုသာ လာမေးရင်တော့ လျန်မိသားစုမှာ အရည်အချင်းနည်းပါးပြီး ဝိညာဥ်ရင်းမြစ်အားနည်းတဲ့ ကလေးတစ်ယောက် သေချာပေါက်ရှိမှာပဲ။ ဒါက အဆင့်သင့် လုပ်ပြီးသား ကောင်းမွန်တဲ့ ဝိညာဥ်ရင်းမြစ်တစ်ခု ရှိနေတာမဟုတ်လား။]

လုကျင်းဟွိုင်ရဲ့မျက်ခုံးတွေက တွန့်ချိုးသွားခဲ့တယ်။ လျန်မိသားစုရဲ့ ခေါင်းဆောင်ရဲ့မျက်လုံးထဲမှာတော့ အံ့သြတဲ့အရိပ်တစ်ခု ဖြစ်သွားခဲ့တယ်။

ကျန်းယွီရင်းနဲ့ တိုက်ခိုက်နေတဲ့ လျန်ဖုန်းက အရမ်းကိုထိတ်လန့်သွားပြီး နေရာမှာတ င်ပြိုလဲသွားကာ အင်အားတစ်စုံတစ်ရာ မကျန်လေတော့ဘူး။

စူးလီက စိတ်လှုပ်ရှားဝမ်းသာတဲ့ဟန်နဲ့ ထောက်ပြလိုက်သေးတယ်။

[ဝိညာဥ်ရင်းမြစ် ပြန်ထည့်ပေးပြီးသွားရင် လျန်ဖုန်းကို လျန်မိသားစုမှာပဲ ပြန်ပြီးကုသခိုင်းဖို့ နေခိုင်းလိုက်ပေါ့။ ကျန်းယွီရင်းကိုတော့ သူ့ကို စောင့်ရှောက်ခိုင်းထားလိုက်၊ ဒါဆိုရင် ဆိုးတူကောင်းဖက် ချစ်ရတဲ့စုံတွဲတွေ ဖြစ်သွားမှာပေါ့]

သူတို့တွေက သေချာပေါက် တစ်ချိန်လုံး အတူတူ နေချင်ကြမှာပဲလေ။

“လျန်ဖုန်းရဲ့ဝိညာဥ်ရင်းမြစ်ကို သူ့ကိုယ်ပေါ်မှာဆက်ထားထားတာက အလကားဖြစ်ရုံပဲလို့ ငါ ထင်တယ်”

ဒုတိယအကြီးအကဲက ရန်ဖြစ်နေကြတဲ့လူနှစ်ယောက်ကို အားတက်သရော ကြည့်လိုက်ပြီး ခေါင်းညိတ် ထောက်ခံလိုက်တယ်။

“သူက တစ်စုံတစ်ယောက်ရဲ့ ဝိညာဥ်ရင်းမြစ်ကို အလဲအလှယ်လုပ်ချင်တာဆိုတော့ သူ့ကိုလည်း နောက်ဆက်တွဲအကျိုးဆက်ကို ခံစားကြည့်စေချင်တယ်”

စီးရှက လျန်ဖုန်းကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်ကို လှည့်လိုက်ကာ ပြောလိုက်တော့တယ်။

“ကောင်းပါပြီ”

ဂိုဏ်းချုပ်နဲ့ တခြားသူတွေသာ အချိန်မီ ရောက်မလာခဲ့ရင် သူမရဲ့ဝိညာဥ်ရင်းမြစ်ကို ကျန်းယွီရင်းနဲ့ အလဲအလှယ် လုပ်ပြီးသွားလောက်ပြီ။

အခုတော့ သူမက မူရင်းအခြေအနေကို ပြန်ရောက်လာနိုင်ခဲ့ပြီ။

နောက်ဆုံး လျန်ဖုန်းရဲ့ ဝိညာဥ်ရင်းမြစ်ကိုလည်း လျန်မိသားစုရဲ့ မိသားစုခွဲတစ်ခုက မျိုးဆက်တစ်ယောက်ကို ပေးလိုက်ပြီး လျန်ဖုန်းကိုယ်တိုင်ကလည်း ဒုတိယအကြီးအကဲရဲ့ တောင်းဆိုမှုကြောင့် လျန်မိသားစုမှာ နေခွင့်ရသွားပြီး ကောင်းကောင်း ပြန်လည်ကုသခွင့်ရသွားတယ်။

“အခုတော့ သူက ဝိညာဥ်ရင်းမြစ်ကိုရှာဖွေဖို့အတွက် နေရာတိုင်းကို ဟိုပြေးဒီပြေးလုပ်နေစရာ မလိုတော့တဲ့အပြင် သူ့ဘေးမှာလည်း မိန်းမလှလေးတစ်ယောက် ရှိသွားပြီလေ”

...

စီးရှက လက်ထဲမှာ မုန့်တစ်တုံး ကိုင်ထားတဲ့စူးလီရဲ့ ဘေးမှာ ထိုင်ချလိုက်ပြီး သရော်သလို ပြောလိုက်တော့တယ်။

“ဒါက သူ ကျွန်မကို ကတိပေးထားတဲ့ ကောင်းမွန်တဲ့ဘဝပေါ့။ သူ အခုတော့ အရမ်းကို ပျော်ရွှင်နေတော့မှာပါ”

ဒီသုံးရက်အတွင်းမှာ အကြီးအကဲတွေနဲ့ဂိုဏ်းက ဂိုဏ်းတူအစ်ကိုအစ်မတွေက သူမကို နှစ်သိမ့်ပေးကြပြီး သူမကလည်း လျန်ဖုန်းအပေါ် ခံစားချက် လုံးဝလျော့ပါးသွားခဲ့တယ်။

တကယ်တော့ သူမကလည်း လျန်ဖုန်းကို သိခဲ့တာ သုံးလတောင်မပြည့်ပါဘူး။ သူတို့ရဲ့ခံစားချက်တွေက ဘယ်လိုလုပ်ပြီး နက်ရှိုင်းပါ့မလဲ။

“အဲ့လောက်လည်း ပျော်စရာမကောင်းတော့ဘူး”

စူးလီက ဒီနှစ်ရက်အတွင်းမှာ ကောင်းကင်စာအုပ်ထဲက အကြောင်းအရာတွေကို ဖတ်ရင်း စဥ်းစားလိုက်ပြီး ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်တယ်။

“နေ့တိုင်း လျန်မိသားစုရဲ့ ရိုက်နှက်တာခံရလိုက်၊ နေ့တိုင်းသန့်ရှင်းရေးလုပ်လိုက်၊ ပြီးရင် ကျန်ယွီရင်းနဲ့ ရန်ဖြစ်လိုက် ဒါပဲ”

သူမက အကြောင်းအရာကို အတိုချုပ်ပြောလိုက်တော့တယ်။

“ပျော်စရာမကောင်းဘူးဆိုပေမဲ့လည်း သေချာပေါက်တော့ စိတ်ကျေနပ်ရပါတယ်လေ”

“ဒါဆိုရင်ကောင်းတာပေါ့” စီးရှက ခေါင်းညိတ်သဘောတူလိုက်တယ်။ ”အခုဆိုရင် သူက တခြားသူတွေရဲ့ ဝိညာဥ်ရင်းမြစ်ကိုဆွဲထုတ်ဖို့ အန္တရာယ်ပေးမှာကို စိတ်ပူနေစရာမလိုတော့ဘူးပေါ့”

သူမက အကြောင်းအရင်းကိုတော့ မသိပါဘူး။ ဒါပေမဲ့ စူးလီကို တွေ့လိုက်တဲ့အခိုက်အတန့်မှာပဲ သူမနဲ့ အလွန်ရင်းနှီးသလို ခံစားလိုက်ရပြီး သူမရဲ့အသံကို ကြားရရင် အထူးတလည် ဝမ်းသာတယ်လို့ ခံစားမိလိုက်တယ်။

စီးရှက သူမကိုယုံကြည်တာမှ လုံးဝမစဥ်းစားတော့တာကို တွေ့လိုက်ရတဲ့အခါ စူးလီက သူမရဲ့ စားလက်စမုန့်ကို ဖြည်းဖြည်းချင်း ချထားလိုက်တယ်။

“လော့ယွမ်တောင်ထွတ်က ရေခဲပန်းတွေနဲ့ အပြည့်ဖြစ်နေတာဆို....”

“တကယ်လား”

စီးရှက ရုတ်ခြည်းဆိုသလို တက်ကြွသွားပြီး စူးလီကို လှမ်းဆွဲကာ သွားကြည့်ဖို့ပြင်လိုက်တယ်။

“ရေခဲပန်းကို အရမ်းကိုအေးတဲ့နေရာမှာပဲ စိုက်လို့ရတာလေ၊ တစ်နှစ်ပတ်လုံး နွေဦးရာသီလို ဖြစ်နေတဲ့ လော့ယွင်တောင်ထွတ်မှာ ရေခဲပန်းကို စိုက်နိုင်မယ်လို့ ကျွန်မတော့ မထင်ဘူး”

“ဒါကို လျှို့ဝှက်ဆန်းကြယ်တယ်လို့ ခေါ်တယ်”

စူးလီက ကူကယ်ရာမဲ့သွားသလို သူမရဲ့နဖူးကို ကိုင်လိုက်တော့တယ်။ စီးရှက ဒါဟာ လျှို့ဝှက်ဆန်းကြယ်မှုဆိုတာလည်း ယုံနေတာပဲ။ ငါ လိမ်နေတာကိုတောင် သူက သံသယ မဖြစ်ဘူးလား။

စီးရှက လပိုင်းအနည်းငယ်လောက်သာ သိရတဲ့ လျန်ဖုန်း လိမ်တာ ခံရပြီး သူမရဲ့ဝိညာဥ်ရင်းမြစ် ဆုံးရှုံးခါနီး ဖြစ်ရတဲ့ အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားခဲ့တယ်။

စီးရှက စူးလီရဲ့ ကူကယ်ရာမဲ့နေတဲ့အမူအရာကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။ သူမက တစ်ခုခု ပြောတော့မဲ့အချိန်မှာပဲ ရွှင့်ချန်ဂိုဏ်းရဲ့ ပင်မတောင်ထွတ်ဆီက ကြောက်လန့်ဖွယ်ရာ စွပ်စွဲသံတစ်ခုကို ကြားလိုက်ရတော့တယ်။

“ကျန်းမြန် သတ္တိနည်းတဲ့ကောင်၊ နင်က ငါ့ရဲ့လူတွေကို လှည့်စားရုံတင် မကဘူး၊ ငါ့ရဲ့ ယွိလင်ရှန်းကိုလည်း ခိုးသွားခဲ့သေးတယ်”

“ကျန်းမြန် ဒီကိုထွက်လာခဲ့စမ်း ငါရဲ့ ယွိလင်ရှန်းကိုလည်း ပြန်လာပေး”

“ဒါက အဆင့်ကိုးအကြီးအကဲ မဟုတ်လား”

စီးရှက တအံ့တသြနဲ့ ပင်မတောင်ထွတ်ရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်။ အဆင့်ကိုးအကြီးအကဲက တောက်ပပြီး အထက်တန်းဆန်တဲ့သူ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုလုပ်မှာလဲ....

ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာကို စဥ်းစားမိလိုက်ပြီး သူမက ဇဝေဇဝါနဲ့ ပြောလိုက်တော့တယ်။

“မဖြစ်နိုင်ပါဘူး အဆင့်ကိုးအကြီးအကဲက ငွေနဲ့ ကာမကိစ္စကို လှည့်စားဖို့.... ဒီလိုကိစ္စမျိုး လုပ်လိမ့်မှာ မဟုတ်ဘူး ဟုတ်တယ်မလား”

စူးလီက ပင်မတောင်ထွတ်ဆီက ရောက်လာတဲ့ စွပ်စွဲသံတွေကို နားထောင်လိုက်ပြီး သူမရဲ့ဖရဲသီးစားချင်တဲ့စိတ်ဝိညာဥ်ကလည်း ရုတ်တရက် နိုးထလာခဲ့တယ်။ သူမက စီးရှကိုဆွဲလာပြီး သူတို့တွေ ပင်မတောင်ထွတ်ဆီ ရောက်လာတော့တယ်။

ဒီအချိန်မှာတော့ ပင်မတောင်ထွတ်မှာ ပွဲလာကြည့်ကြတဲ့ တပည့်တွေ အကြီးအကဲတွေနဲ့ ပြည့်လို့ပါပဲ။

အလယ်မှာတော့ ခရမ်းရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်က လက်ထဲမှာ ဝိညာဥ်ကြာပွတ်ကို ကိုင်ထားပြီး သိပ်မဝေးလှတဲ့နေရာက လူတွေကို ဒေါသတကြီး ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူမက ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ့မရဲ့မျက်လုံးထဲက ဖော်ရွေတဲ့အရိပ်အယောင်ကိုတော့ ဖိနှိပ်မထားနိုင်ခဲ့ဘူး။

“ကျန်းမြန်၊ ဘာဖြစ်လို့ ယွိလင်ရှန်းကိုပဲ ယူသွားပြီး ငါ့ကို ချန်ထားခဲ့တာလဲ”

“နင် ငါ့ကို ချဉ်းကပ်လာကတည်းက ငါတို့ရဲ့ ဝိန်းမိသားစုရဲ့ရတနာကို ရဖို့ပဲလား”

ဝိန်းရှောင်ယွိရဲ့ မျက်လုံးတွေက နီရဲလို့နေတယ်။

“နင် ငါ့ကို လုံးဝ မချစ်ခဲ့ဘူးပေါ့”

သူမက ဝိန်းမိသားစုရဲ့ အရည်အချင်းရှိဆုံး ဆက်ခံသူတွေထဲက တစ်ယောက်လေ။ သူမ လက်ထဲက ယွိလင်ရှန်းကလဲ ဝိန်းမိသားစုရဲ့ သင်္ကေတဖြစ်ပြီး ပျောက်ဆုံးလို့မရတဲ့ အရမ်းကို အဖိုးတန်တဲ့ပစ္စည်းပေါ့။

ဒါပေမဲ့ သူမက ကျန်းမြန်ကို အလွန်မှယုံကြည်တာကြောင့် ယွိလင်ရှန်းအကြောင်းကို ပြောပြလိုက်တယ်။

သူမကို ဝိန်းမိသားစုရဲ့ မကောင်းတဲ့သူဖြစ်အောင် လုပ်ခဲ့တာ ကျန်းမြန်ပဲပေါ့။

ကျန်းမြန်က သူမရှေ့မှာရပ်နေပြီး သူရဲ့ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာက အစိမ်းရောင်ဝတ်ရုံထဲမှာ ကောက်ကြောင်း ပေါ်နေတယ်။ သူက ဖြောင့်မတ်တဲ့ကိုယ်နေဟန်ထား၊ ချောမောတဲ့ရုပ်သွင်ပြင်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာတစ်ခု ပိုင်ဆိုင်ထားတယ်။

ဝိန်းရှောင်ယွိရဲ့စွပ်စွဲသံကို ကြားလိုက်တဲ့အခါ သူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

“ငါ မင်းကိုအရင်က တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ငါက မင်းတို့ရဲ့ရတနာကို လုယူတာဘယ်လို ဖြစ်နိုင်မှာလဲ”

“ကျန်းမြန် နင်က နင်လုပ်ခဲ့တဲ့အရာတွေအတွက် တကယ်ပဲ တာဝန်မယူရဲဘူးပေါ့လေ”

ဝိန်းရှောင်ယွိရဲ့မျက်နှာက ဝမ်းနည်းမှုနဲ့မကျေမနပ်မှု အပြည့် ဖြစ်သွားတော့တယ်။

“နင်က ဝိညာဥ်သားရိုင်းကောင်တွေရဲ့ အဆင့်ကို မြှင့်တင်ပေးချင်လို့ ဝိညာဥ်ရတနာတွေကို ရှာနေတာ ကျင့်ကြံရေးလောက တစ်ခုလုံး သိပြီးသား၊ ယွိလင်ရှန်းရဲ့ အရည်အသွေးကိုလဲ တစ်လောကလုံးက သိတယ်၊ နင်က လွဲရင် ငါ့ကို တမင်သက်သက် ချဉ်းကပ်မဲ့သူ ဘယ်သူကရှိအုံးမှာလဲ”

“ပြီးတော့ နင့်ရဲ့မျက်နှာ... ငါသေသွားရင်တောင် ဘယ်တော့မှမေ့မှာ မဟုတ်ဘူး”

ကျန်းမြန်က အေးစက်စက်မျက်နှာတစ်ခုနဲ့ တစ်လုံးချင်းစီပြောလိုက်တယ်။

“ငါ လုံးဝမလိမ်ဘူး။ တကယ်လို့ ငါယူခဲ့တယ်ဆိုရင် သေချာပေါက် ဝန်ခံမှာပေါ့”

“နင် မဟုတ်ဘူးဟုတ်လား”

ဝိန်းရှောင်ယွိက အံ့ကြိတ်လိုက်ပြီး သူမရဲ့အရှက်ရဖွယ်ကိစ္စကို မျိုသိပ်ထားရင်း ပြောလိုက်တော့တယ်။

“ဒါဆိုရင် နင် မနေ့ညက ဘာလုပ်နေလဲပြောစမ်း”

မနေ့ညက သူတို့တွေ ချစ်ကြည်နူးကြတဲ့အချိန်တုန်းက သူရဲ့ဘယ်လောက်တောင် နူးညံ့သိမ်မွေ့ခဲ့လဲ ဆိုတာကို စဥ်းစားမိလိုက်တော့ သူမရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေက ဝေ့တက်လာတော့တယ်။

အားလုံးက ကျန်းမြန်ကို သိလိုစိတ်နဲ့ ကြည့်လိုက်ကြပြီး သူ့အဖြေကို စောင့်စားနေကြတယ်။

ဒါပေမဲ့ ကျန်းမြန်ကတော့ သူ့နှုတ်ခမ်းကိုတင်းနေအောင် စေ့ထားပြီး နောက်ဆုံးတော့ဘာမှမပြောခဲ့ဘူး။

ပွဲကြည့်နေကြတဲ့တပည့်တွေက မေးခွန်းပေါင်းများစွာ ဖြစ်သွားတော့တယ်။ မဟုတ်တာ ... သူတို့ရဲ့ အဆင့်ကိုးအကြီးအကဲက တကယ်ပဲအဲ့လိုမလုပ်....။

ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါက အဆင့်ကိုးအကြီးအကဲလေ။ မိန်းမတွေနဲ့ ဘယ်တော့မှ အနီးကပ်မနေခဲ့တဲ့ အဆင့်ကိုးအကြီးအကဲ။

စူးလီကလည်း သိလိုစိတ်နဲ့ ကောင်းကင်စာအုပ်ကိုဖွင့်တော့တယ်။

[ကျန်းမြန်က ဘယ်မှာ____]

[သူက ရွှင့်ချန်ဂိုဏ်းထဲမှာပဲ။ သူက မင်ရှန့်တောင်ထွတ်ပေါ်မှာ သူရဲ့ချစ်လှစွာသောမြွေမိစ္ဆာလေးနဲ့ တီးတိုးစကားပြောရင်း သူနဲ့တစ်အိပ်ရာထဲမှာ အတူတူအိပ်နေတာတဲ့]

ကြည့်ရှုနေကြတဲ့ တပည့်တွေအားလုံးက စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့တယ်။ ပြောပါတယ်။ အဆင့်ကိုးအကြီးအကဲက သန့်ရှင်းပြီးတော့ ကိုယ့်ဟာကို စည်းကမ်းတင်းကြပ်တဲ့သူဆိုတာ နာမည်ကြီးပဲ။ သူကဘယ်လိုလုပ်ပြီး ငွေအတွက် တခြားသူကို လှည့်စား...

မဟုတ်သေးပါဘူး။

ကောင်းကင်ကလာတဲ့အသံက ဘာပြောလိုက်တာ။

ဘယ်သူနဲ့ ပါးတွေနားတွေပွတ်သပ်ပြီး တစ်အိပ်ရာထဲမှာ အတူတူအိပ်ခဲ့တာ။

မြွေ ဟုတ်လား။

...

All Chapters