အခန်း ၃၀
Vol. 2 Ch. 30
အပိုင်း(၃၀)
မဖြစ်နိုင်ဘူး။
ကျန်းမြန်ကို လေးစားကြတဲ့တပည့်တွေက သူတို့ရဲ့စိတ်ထဲမှာ ကျန်းမြန်ရဲ့ အမူအရာ အပြုအမူတွေအတွက် ဆင်ခြေတစ်ခုကို ဆက်တိုက်ရှာဖွေနေ လိုက်ကြတယ်။ အဆင့်ကိုး အကြီးအကဲက သားရိုင်းကောင်းတွေကို ယဉ်ပါးအောင် လုပ်တဲ့နေရာမှာနဲ့ အင်းကွက်တွေကို ဖော်တဲ့နေရာမှာ အရမ်းကိုတော်တာလေ။ သူက အလုပ်လုပ်တဲ့အချိန်မှာ ဝိညာဉ်သားရိုင်းကောင်တွေကို အရမ်းဂရုစိုက်တာ။ ဒီတော့ သူနဲ့ မြွေမိစ္ဆာတို့ အတူတူအိပ်တယ်ဆိုတာကလဲ... ပုံမှန်ပဲပေါ့။ ဟုတ်တယ်။ ဒါက မြွေမိစ္ဆာကို ဒီအတိုင်းအလိုလိုက်ထားတဲ့သဘောပဲ။
ဒါက သူတို့ရဲ့ ရွှင့်ချန်ဂိုဏ်းမှာ အချောမောဆုံး အစင်ကြယ်ဆုံး အဆင့်ကိုးအကြီးအကဲလေ။ သူက အဲလိုလုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...
ကံဆိုးချင်တော့ ထူးဆန်းအသံရဲ့နောက်က ဆက်ပြောလိုက်တဲ့စကားတွေက သူတို့ရဲစိတ်ထဲက မျှော်လင့်ချက်အားလုံးကို ဆုတ်ဖြဲလိုက်တော့တယ်။
[အဟက်___ ကြက်သွေးရောင်ဆည်းဆာမြွေက သူ့ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်ပေးထားတာတဲ့။ အဲဒီနေရာကို ရောက်တဲ့အချိန်တိုင်း သူ့ရဲ့အရေပြားပေါ်က အနီရောင်တွေက သူ့လှုပ်ရှားမှုအတိုင်း ပျံ့နှံ့သွားတာတဲ့]
စူးလီက ကြောင်တောင်တောင် အူကြောင်ကြောင်မျက်နှာကလေးနဲ့ ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကို စိတ်ထဲကရေရွတ်လိုက်တော့တယ်။
ဒီလောက်များပြားတဲ့အတင်းအဖျင်းတွေနဲ့ ထူးဆန်းတဲ့ကိစ္စတွေ လျှိုဝှက်ချက်တွေကို အများအပြား သိခဲ့ပြီးနောက်မှာ ထပ်ပြီးတော့ ရှောခ့်ရစရာရှိတော့မှာ မဟုတ်ဘူးလို့ အစတုန်းက ထင်ထားခဲ့တာလေ။
ဒါပေမဲ့- ဒီကိစ္စကြီးနဲ့တော့ ဘယ်သူက ရှောခ့်မရဘဲ နေမှာလဲ။
ဒါကမြွေလူသားလေ။ နောက်ပြီးတော့ မြွေလူသားနဲ့ အိပ်ရာပေါ်က ဗားရှင်းပေါ့။
ကျင့်ကြံရေးလောကထဲမှာ လူ့အထက်ကလူ၊ သားရိုင်းကောင်အထက်က သားရိုင်းကောင်၊ ကောင်းကင်ကို ကျော်လွန်ပြီးတော့လဲ သူအထက်မှာ နောက်ထပ်ကောင်းကင်တစ်ခု အမြဲရှိနေတာပါပဲ။
ဒါပေမဲ့လဲ... သူမက ကောင်းကင်စာအုပ်ထဲက ဆည်းဆာမြွေရဲ့ ပုံရိပ်ကို ကြည့်လိုက်ပြီး လက်တစ်ဖက်နဲ့ မေးထောက်လိုက်ကာ ရုတ်တရက်ဆိုသလို ကျင့်ကြံရေးလောကထဲ တမူထူးခြားတဲ့ trend ကိုလက်ခံပေးလိုက်တော့တယ်။
[တကယ်တော့လဲ ဒီလိုကြည့်လိုက်တော့ ဒီမြင်ကွင်းက အရမ်းကိုလိုက်ဖက်နေတာပဲ]
လိုက်ဖက်သတဲ့လေ။
ဝိန်းရှောင်ယွိ၏ မျက်လုံးများက မှေးမှိန်းသွားတော့တယ်။ သူမက ကျန်းမြန်ရဲ့ချောမောလှတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမ သူ့ကိုလာတွေ့ရတဲ့ နဂိုကအကြောင်းအရင်းကိုတောင် လုံးဝ မေ့လျော့သွားတော့တယ်။ သူမကတော့ ဒီနေ့ ကျန်းမြန်နဲ့ မြွေမိစ္ဆာတို့အကြောင်း ကြားပြီးတော့ ရူးသွားတော့မှာပဲ...
အပြင်လောကကလာတဲ့ သက်ပြင်းချသံကို ကြားလိုက်ပြီးရတဲ့နောက်မှာ နောက်ဆုံးတော့ သူမက သတိပြန်ဝင်လာခဲ့တယ်။ သူမရဲ့နှုတ်ခမ်းတွေက တုန်ယင်နေပြီးစကားတခွန်း ထုတ်မပြောနိုင်ရှာဘူး။
တခြားလူတွေကလဲ ငေးကြောင်ဆွံ့အ သွားကြတော့တယ်။
ကျန်းမြန်က အထိတ်တလန့်နဲ့ သူ့ကိုကြည့်နေကြတဲ့လူတွေကို ကြည့်လိုက်ပြီး ဘာမှမဖြစ်သလို ပြန်လှည့်ကြည့်လိုက်တယ်။ ဒီလျှိုဝှက်ကိစ္စက ဘယ်ကလာမှန်းမသိတဲ့အသံတစ်ခုရဲ့ ဖော်ထုတ်တာ ခံရလိုက်ရရင်တောင် သူ့မျက်လုံးထဲမှာ ရှက်ရွံ့တာတွေ ဒေါသဖြစ်တာတွေ လုံးဝမရှိနေဘူး။ အဲဒီအစား ဘာမှမတတ်နိုင်တော့သလို စိတ်အေးသွားတဲ့ အရိပ်အရောင်တစ်ခု ဖြစ်နေခဲ့တယ်။
စူးလီကတော့ အခုချိန်မှာ အားလုံးက ဘာတွေစဉ်းစားနေတယ်ဆိုတာ မသိပါဘူး။ သူမက ရင်ခုန်တာထက် ကျော်လွန်သွားတဲ့ ဒီလိုအချစ်ရေးမျိုးအကြောင်းကို တကယ်ပဲ သိချင်နေမိတော့တယ်။
[တကယ်တည်း ဒီလူက ဘာတွေတွေ့ကြုံခဲ့ရလို့ ကလေးတစ်ယောက်အနေနဲ့ ဒီလိုဖြစ်လာနိုင်ရတာလဲ...]
[ဟင်]
သူမ မြင်လိုက်ရတာကို မသိလိုက်ပေမဲ့ စိတ်ထဲမှာတော့ သက်ပြင်းချလိုက်တော့တယ်။
[ဒါကြောင့် ဖြစ်နေတာကို]
ဘေးနားမှာနားထောင်နေတဲ့ လုကျင်းဟွိုင်: ???
နေရာအနှံ ပြန့်ကျဲနေတဲ့အကြီးအကဲနဲ့တောင်ထွတ်သခင်တွေ : ???
နေရာမှာ လာပြီးစုဝေးနေကြတဲ့တပည့်တွေ: ???
ဘာလဲ။ ပြောပြစမ်းပါ။
ဖြစ်ပျက်နေတာကို သိချင်နေကြလို့ အားလုံးက ခေါင်းကုတ်နေကြတဲ့အချိန်မှာပဲ ကောင်းကင်က လာတဲ့အသံက ဖြည်းဖြည်းချင်း ပြောလိုက်တော့တယ်။
[ကျန်းမြန်ကလဲ သနားစဖွယ်လူတစ်ယောက်ပဲ။ အဲဒီချိန်တုန်း ကျန်းမိသားစုက မထင်မှတ်ထားဘဲနဲ့ အဆင့်ခြောက်ဝိညာဉ်စွမ်းအင်ရတနာကို ရရှိခဲ့တယ်လေ။ အဲဒီပစ္စည်းက သီးခြားကျင့်ကြံသူတွေရဲ့ တပ်မက်စိတ်ကို ဆွဲဆောင်မိသွားခဲ့တယ်။ ရတနာကို ခိုးယူနေတဲ့အချိန်မှာပဲ သူတို့တွေက ကျန်းမိသားစုဝင် ဆယ့်သုံးယောက်ကို သတ်ပစ်ခဲ့ကြတယ်]
[အဲဒီတုန်းက ကျန်းမြန်က ခုနှစ်နှစ်ပဲ ရှိသေးတာ။ သူက အခင်းဖြစ်တဲ့အချိန်တုန်းက အပြင်ဘက်မှာ ထွက်ကစားနေခဲ့တာ။ သာမန်ကျင့်ကြံသူတွေက သူ့ကိုနှုတ်ပိတ်ဖို့ သတ်ပစ်ချင်တဲ့အခါ မမျှော်လင့်ဘဲ သူ့ကို ကယ်တင်ပေးခဲ့တဲ့သူ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို လက်လျော့ပြီး အနစ်နာခံပေးခဲ့တဲ့သူ။ ကျန်းမြန်အသက်ရှင်ဖို့အတွက် နည်းလမ်းတစ်ခုကို ခက်ခက်ခဲခဲ ဖွင့်ပေးခဲ့တဲ့သူက လော့ရှာမြွေ ဖြစ်နေတာကိုး]
[လူနဲ့ မြွေတို့ ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့အခါ လှည့်ပတ်သွားလာနေကြတဲ့ ကျင့်ကြံသူတွေက သူတို့နောက်ကို လိုက်ဖမ်းနေသေးတာပေါ့။ အဲဒီကာလတုန်းက လော့ရှာမြွေက သူ့ကိုကယ်ဖို့အတွက် မရေမတွက်နိုင်တဲ့ အတွင်းဒဏ်ရာတွေ ရရှိခဲ့တယ်]
[ကျန်းမြန်က မရေမတွက်နိုင်တဲ့ သဘာဝရတနာပစ္စည်းတွေကို သုံပေးခဲ့တာတောင် သူက မြွေကို အပြည့်အဝ ပြန်လည်ကောင်းမွန်လာအောင် မလုပ်ပေးနိုင်သေးဘူး။ အဆင့်တက်ဖို့အတွက်ကတော့ ဒီဘဝမှာ မျှော်လင့်ချက် မရှိတော့ဘူးပေါ့။ ကျန်းမြန်ရဲ့ကြီးမားတဲ့ ကြိုးစားအားထုတ်မှု ရလဒ်အတွက်ကြောင့်ပဲ သူက နှစ်တစ်ရာနီးပါး ခက်ခက်ခဲခဲ အသက်ရှင်နိုင်ခဲ့ရတာ]
စူးလီက သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။
[ရွှင့်ချန်ဂိုဏ်းက အဆင့်ကိုးအကြီးအကဲက ဝိညာဉ်သားကောင် အဆင့်တိုးတက်ဖို့အတွက် ဝိညာဉ်စွမ်းအင် ရတနာတွေကို ရှာဖွေနေတာကို... ကျင့်ကြံခြင်းလောကကလူတွေ သိကြတာလဲ မဆန်းတော့ပါဘူး။ သူက မြွေကို သူနဲ့အတူ ဒီထက်ကြာကြာနေစေချင်တာကိုး]
[နောက်ဆုံးတော့လဲ လော့ရှာမြွေက အခုတော့ အချိန်အကြာကြီးဆက်ပြီး ထိန်းထားလို့ မရတော့ပါဘူး]
ဒီအကြောင်းကို စဉ်းစားလိုက်မိတော့ စူးလီက ရုတ်တရက်ဆိုသလို ပြောလက်စ စကားကို ရပ်လိုက်တော့တယ်။ ငါက ဘာကိုနှမြောနေတာလဲ။
ငါ့ရဲ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်သားကောင်တွေကို အဆင့်တက်ရာမှာ အကူအညီ ပေးနိုင်တဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ်ရတနာတွေ တစ်ထုတ်ကြီးများတောင်ရှိတာပဲ။
ဒီကိစ္စက လက်လေးတစ်ဖက်ဆန့်လိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူးလား။
ဒီလိုစဉ်းစားလိုက်မိပြီး သူမရဲ့အသံက ပေါ့ပါးလာကာ အပြုံးတစ်ခုနဲ့ ပြောလိုက်တော့တယ်။
[ကျန်းမြန်က လော့ရှာမြွေအပေါ် နက်ရှိုင်းတဲ့ခံစားချက်ရှိတာလဲ ဘယ်ဆန်းပါ့မလဲ။ နောက်ဆုံး သူမက သူ့အသက်ကို ကယ်တင်ပေးခဲ့တာပဲ။ ဒီတော့ သူက သူမကို သူ့ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်သင့်တာပေါ့]
အပြင်လောကကလာတဲ့စကားတွေကို နားထောင်လိုက်ပြီး ကျန်းမြန်က ခေါင်းကိုငုံ့ထားလိုက်ကာ သူ့ဘေးက လင်းဖေ့ကို သိမ်သိမ်မွေ့မွေ့ ကြည့်လိုက်တော့တယ်။
ဒါကကျင့်ကြံရေးတစ်လာကလုံးမှာ ပတ်ပြီးရှာလာပြီးမှ တွေ့ခဲ့တဲ့ ဝိညာဉ်ကျောက်စိမ်းဆွဲပြားလေ။ အဲဒီအထဲမှာ နေကြတဲ့ဝိညာဉ်သားရိုင်းကောင်က သူတို့ရဲ့အတွင်းဒဏ်ရာတွေကို ကုသပေးနိုင်ပြီး ပြန်လည်နလန်ထူနိုင်တာပေါ့။
ကျစ်ရိုးက အဲဒီတုန်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီး အခုဆိုရင် သူမက တနေ့ကို တစ်နာရီလောက်ပဲ နိုးထနိုင်တော့တာ။ ဒီတော့ သူနိုးလာတဲ့အချိန်တိုင်း သူက သူမဆန္ဒရှိရာကို လုပ်ခွင့် အကုန် ပေးထားတာပေါ့။
အဲဒီအချိန်ကာလအတွင်းမှာတော့ ငါက နည်းနည်းလေး လွှတ်ထားပေးခဲ့တာအမှန်ပဲ။ ဒါပေမဲ့လဲ သူမရဲ့ခန္ဓာကိုယ်ပေါ်က အတွင်းဒဏ်ရာတွေကို စဉ်းစားမိလိုက်တဲ့အချိန်တိုင်း သူက သူမရဲ့ ဘယ်တောင်းဆိုချက်ကိုမှ... ငြင်းဆန်နိုင်စွမ်းမရှိတော့ဘူးပေါ့။
သူမသာ သူ့ကို မကယ်ခဲ့ဘူးဆိုရင် သူမရဲ့အရည်အချင်းနဲ့ ဟိုအရင်ကတည်းက ကြက်သွေးရောင်အဆင့် တိမ်လွှာမြွေတစ်ကောင် ဖြစ်နေပြီလေ။ လူအသွင်ကိုတောင် ပြောင်းနိုင်နေလောက်ပြီ။ အခုတော့ သူမက ဒီလိုပဲ ဖြစ်နေတော့တယ်။ ဝိညာဉ်စွမ်းအင် ကျောက်စိမ်းဆွဲပြားထဲမှာ နေထိုင်ပြီး ပြန်လည်အားဖြည့်နိုင်ဖို့ ကြိုးစားနေရတော့တယ်။
“ဒီအချိန်အတွင်းမှာ တကယ်ပဲ ရှင် မဟုတ်ဘူးပေါ့”
ဝိန်းရှောင်ယွိက သူ့ရဲ့မျက်လုံးထဲက နူးညံ့တဲ့အကြည့်ကို သတိထားလိုက်မိပြီး နီရဲနေတဲ့ သူမရဲ့ မျက်လုံးတွေကို အကြည့်လွှဲထားလိုက်ကာ သူ့ကို ဆက်မကြည့်တော့ဘူး။
“ယွိလင်ရှန်းကို ယူသွားတာ ရှင် မဟုတ်ဘူးလား”
ကျန်းမြန်က နောက်ဆုံးတော့ ကျောက်စိမ်းဆွဲပြားဆီက အကြည့်လွှဲလိုက်ပြီး ခပ်တန်းတန်း နေတတ်တဲ့သူရဲ့ အသံအောက်မှာ သက်ပြင်းချသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ယွိလင်ရှန်းက ဝိညာဉ်သားကောင်တွေရဲ့အဆင့်ကို တိုးတက်ပေးနိုင်စွမ်းရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ အဆင့်တိုးတက်ဖို့ အတင်းလုပ်ယူတာက ဝိညာဉ်သားကောင်တွေကို အတိုင်းအတာတစ်ခုထိ ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်လေ”
သူက ခေါင်းကို မသိမသာ စောင်းထားလိုက်ပြီး မဝေးလှတဲ့နေရာတစ်ခုကို ကြည့်လိုက်တော့တယ်။
“ငါ ဒီအကြောင်းကို သိလိုက်ပြီးကတည်းက ကျစ်ရိုးဆီမှာ ယွိလင်ရှန်းကို ဘယ်တော့မှ သုံးဖို့စိတ်ကူးမရှိတော့ဘူး”
ဝိန်းရှောင်ယွိက သူ့အဖြေကို ကြားလိုက်ရတဲ့အချိန်မှာ သူမရဲ့လက်တွေကို ဆုပ်ထားလိုက်ပြီး သူမကိုယ်တိုင် နားမလည်နိုင်တဲ့ မျက်လုံးထဲက ခံစားချက်တစ်ခုနဲ့ ဖြည်းဖြည်းချင်း ပြောလိုက်တော့တယ်။
“ကြည့်ရတာ တကယ်ပဲ ဒီကိစ္စက ရှင်နဲ့မဆိုင်ဘူးထင်ပါတယ်”
“ဒါဆိုရင် ဘယ်သူလဲ”
သုမက ပင့်သက်တချက်ရှိုက်လိုက်ပြီး စိတ်တည်တည်ငြိမ်ငြိမ် ထားလိုက်ပြီး ပြန်လည်ဆန်းစစ်လိုက်တယ်။
“တစ်ယောက်ယောက်က ကိုယ့်ဟာကို ရှင့်လို ရုပ်ဖျက်ပြီး ကျွန်မကို လှည့်စားခဲ့တာများလား”
ကျန်းမြန်အတုနဲ့အတူ ကုန်ဆုံးခဲ့တဲ့အချိန်ကို ပြန်စဉ်းစားလိုက်ပြီး သူမက မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်ကာ တစ်ခွန်းချင်း ပြောလိုက်တော့တယ်။
“ရှင်က ကျွန်မရဲ့အကြိုက်တွေကို ကောင်းကောင်းသိနေတာပဲ။ ကျွန်မ ပြောလိုက်တဲ့စကားလေး တစ်ခွန်း၊ နှစ်ခွန်းကနေ ယွိလင်ရှန်းရဲ့ တည်နေရာကိုရှာနိုင်တယ်”
“ဒီလူက ကျွန်မနဲ့ အရမ်းကို ရင်းနှီးခဲ့သူဖြစ်ရမယ်၊ သူက ကျွန်မနဲ့ အချိန်တစ်ခုအထိ အတူတူ နေခဲ့ဖူးရမယ်”
“ဒီလူက...”
[ဒီလူက နင့်ရဲ့ညီမ အလိမ္မာလေးလေ]
ဝိန်းရှောင်ယွိက ရုတ်တရက် မျက်လုံးဖွင်လိုက်ပြီး အံဩမှုတွေက မျက်လုံးထဲမှာ အပြည့် ဖြစ်သွားတော့တယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမနဲ့ အတူတူကြီးပြင်းလာတဲ့ ညီအစ်မအရင်း ဝိန်းရှောင်ရှူး။ သူက အကျင့်စာရိတ္တကောင်းမွန်ပြီး ကြင်နာတတ်တဲ့သူပဲ။ ဒီကိစ္စက သူနဲ့တစ်ခုခု ပတ်သက်နေလိမ့်မယ်လို့ သူမကလုံးဝထင်မထားခဲ့တာပါ။
နောက်ပြီးတော့ သူမက ဝိန်းရှောင်ရှူးကို အရမ်းကောင်းခဲ့တာပဲ။ ဘာကိစ္စပဲရှိရှိ သူမအတွက် စဉ်းစားပေးတယ်။ သူမရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်အောင်လဲ ကြိုးစားပြီးတော့ ကူညီပေးတယ်။ ဒါကိုများ သူက ဘယ်လိုဖြစ်လို့...
သူတို့အတူတူ ကြီးပြင်းခဲ့တဲ့ အချိန်တိုင်းကို ပြန်စဉ်းစားမိတော့ သူမက နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး ဘယ်ကလာမှန်းမသိတဲ့အသံရဲ့ စကားတစ်လုံးကို သေသေချာချာ နားထောင်ဖို့ ကိုယ့်ဟာကို ဖိအားပေးလိုက်တော့တယ်။
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုဖတ်ရင်း သူမ ရွှင့်ချန်ဂိုဏ်းကို ပထမဦးဆုံး ရောက်လာတုန်းက ကိုယ့်ရဲ့အစ်ကိုအရင်းကို သတ်ဖို့ ကြိုးစားခဲ့တဲ့ စုန့်ယုံလဲ့ကို စဉ်းစားမိသွားတော့တယ်။ သူမက ဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့ ခေါင်းခါလိုက်တော့တယ်။
[ဟုတ်တာပေါ့။ အပြစ်တင်ရမယ်ဆိုရင်လဲ မနာလိုတဲ့စိတ်ကိုပဲ အပြစ်တင်ရမှာပေါ့]
[ဝိန်းရှောင်ယွိက မိသားစုထဲမှာ အရည်အချင်းရှိဆုံးတပည့်တွေထဲက တစ်ယောက်လေ။ သူ့ကို ငယ်ငယ်ကလေးတည်းက ဆရာတစ်ယောက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့ပြီး မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေလဲ ပိုင်ဆိုင်ထားခဲ့ရတယ်။ ဒါပေမဲ့ ဝိန်းရှောင်ရှူးရဲ့အရည်အချင်းကတော့ သာမန်ထက် နည်းနည်းလေးပဲ ပိုတာကို။ ဒါကြောင့် သူကတော့ မိသားစုထဲက တခြားကလေးတွေလိုပဲ တူညီတဲ့ပညာရေးကို သင်ကြားနိုင်ခဲ့တယ်]
[အစ်မဖြစ်သူက အရမ်းကို ပါရမီရှိတော့ မှော်ပစ္စည်းတွေ ရလာတဲ့အချိန်တိုင်း သူမက ဝေစုတစ်ခုကို ပေးတတ်တယ်။ သူမအနေနဲ့ အရမ်းကို ကျေးဇူးတင်မိပြီး နာကြည်းစိတ်တွေ ဖြစ်လာတာနဲ့အမျှ မနာလိုဖြစ်လာတော့တာပေါ့ ]
[ကျွတ်..ကျွတ်.. လူတစ်ယောက်ကို ရတနာတွေ လက်ဆောင်ပေးတာကိုမှ ကြွားဝါတယ်လို့ ထင်တဲ့နောက်တစ်ယောက်ပေါ့]
စိတ်ဝင်တစားနဲ့ နားထောင်နေကြတဲ့ဘေးကလူတွေက စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ အထင်အမြင်သေးတဲ့ဟန်နဲ့ ခေါင်းခါလိုက်ကြတော့တယ်။
ဒါက ဘယ်လိုရူးသွပ်မှုမျိုးလဲ။ တစ်ယောက်ယောက်က သူတို့ကို ဝိညာဉ်စွမ်းအင်ရတနာတွေ အများကြီး ပေးနိုင်မယ်ဆိုရင် သူတို့က သူမကိုလေးစားကြည်ညိုရမှာပေါ့။
တပည့်တစ်ယောက်က ဝိန်းရှောင်ယွိကို ကိုယ်ချင်းစာတဲ့အကြည့်နဲ့ ကြည့်လိုက်တော့တယ်။ ဒီလိုကျေးဇူးကန်းတဲ့ညီမမျိုးနဲ့ တွေ့ရတာ အရမ်းကို ဝမ်းနည်းစရာကောင်းတာပဲ။ ဝိန်းရှောင်ယွိက ခေါင်းကိုငုံ့ထားတဲ့အတွက် သူမရဲ့မျက်နှာပေါ်က စိတ်ခံစားချက်တွေကို ဘယ်သူမှ မမြင်နိုင်ခဲ့ကြဘူး။ သူတို့မြင်လိုက်တာက သူမရဲ့ဆုပ်ထားတဲ့လက်သီးနဲ့ အနည်းငယ် တုန်ယင်နေတဲ့ခန္ဓာကိုယ်ကိုပါပဲ။
[ဒီဝိန်းရှောင်ရှူးက တကယ်ကို တွက်ချက်တတ်တာပဲ။ သူမက ဝိန်းရှောင်ယွိကို မြှူဆွယ်ဖို့အတွက် လူတစ်ယောက်ကို ရှာပြီး ကျန်းမြန်လို ဟန်ဆောင်ခိုင်းပြီးတော့ ဝိန်းမိသားစုရဲ့ရတနာ ယွိလင်ရှန်းကို ခိုးခိုင်းခဲ့တယ်]
[ဒီလိုဖြစ်သွားရင် ဝိန်းရှောင်ယွိက ဝိန်းမိသားစုရဲ့ရတနာကို ပျောက်ရှအောင် လုပ်ခဲ့တဲ့အတွက် မိသားစုရဲ့ အပြစ်ပေးတာကို သေချာပေါက်ခံလိုက်ရမယ်]
[နောက်ပြီးတော့ လှည့်စားခံလိုက်ရပြီးရင် ဝိန်းရှောင်ယွိက ရွှင့်ချန်းဂိုဏ်းကို သေချာပေါက် ရောက်လာပြီး ကျန်းမြန်ဆီမှာ ဖြေရှင်းချက်တစ်ခု သေချာပေါက် လာတောင်းလိမ့်မယ်။ ဒီလိုဆိုရင် ဝိန်းရှောင်ယွိက ရွှင့်ချန်းဂိုဏ်းကို ပြစ်မှားမိပြီးသား ဖြစ်သွားလိမ့်မယ်]
[ဝိန်းမိသားစုရဲ့မိသားစုခေါင်းဆောင်က ဝိန်းရှောင်ယွိရဲ့ အရည်အချင်းကို လက်မလွှတ်ချင်ဘူးဆိုရင်တောင်မှ သူက ဆက်ခံသူအဖြစ် သူမရဲ့ဆက်ခံခွင့်ရာထူးကို ဖြုတ်ချဖို့ ဖြစ်သွားနိုင်တယ်]
[ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်တာပဲ။ တကယ်ကောင်းတဲ့ အစီအစဉ်ပဲ]
အချိန်အကြာကြီး နားထောင်လာခဲ့တဲ့ လုကျင်းဟွိုင်က မသိမသာ မျက်မှောင်ကြုတ်သွားတော့တယ်။ တကယ်လို့များ အဆင့်ကိုးအကြီးအကဲက သူ့ရဲ့ဖြူစင်မှုကို သက်သေမပြနိုင်ခဲ့ဘူးဆိုရင် ရွှင့်ချန်းဂိုဏ်းနဲ့ ဝိန်းမိသားစုကြားမှာ ဆွေးနွေးညှိနှိုင်းစရာတွေ သေချာပေါက်ဖြစ်လာလိမ့်မယ်။
သူတို့တွေက ရန်သူတွေ ဖြစ်မလာဘူးဆိုရင်တောင် သူတို့ရဲ့ဆက်ဆံရေးတွေကို သေချာပေါက် ထိခိုက်မှာပဲ။
သူက စဉ်းစားနေတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောလိုက်တယ်။
[ ဒါက...]
စူးလီရဲ့အမူအရာက စိတ်ရှုပ်ထွေးတဲ့ဟန်အပြည့် ဖြစ်သွားတော့တယ်။
[ဝိန်းရှောင်ရှူးအတွက် အကျိုးအမြတ်ရစရာ ရှိလို့လား]
[အစ်မဖြစ်သူက ဆက်ခံသူရာထူးကို ဆုံးရှုံးသွားမယ်။ ဒီလိုဆိုရင်တောင် သူ့အလှည့် မရောက်လာသေးဘူးလေ။ ဟုတ်တယ်မလား]
[ဝိန်းရှောင်ယွိက ဝိန်းမိသားစုရဲ့ ရင်းမြစ်တွေကို ဆုံးရှုံးလိုက်ရပြီးရင် ဝိန်းရှောင်ရှူးကလဲ သူ့မကို ရတနာပေးမဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရမှာပဲ မဟုတ်ဘူးလား]
[ဒါက တခြားသူတွေကို ဒုက္ခပေးပြီးတော့ ကိုယ်ကိုယ်တိုင်လဲ အကျိုးအမြတ် မရတဲ့အဖြစ်ပဲ]
ခိုးပြီးနားထောင်နေကြတဲ့သူအားလုံးက တစ်ပြိုင်နက် ခေါင်းညိတ်လိုက်တော့တယ်။ မဟုတ်ဘူးလို့ ဘယ်သူကပြောမှာလဲ။
ဝိန်းရှောင်ယွိက အပြင်ကလာခဲ့တဲ့အသံကို နားထောင်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ခေါင်းမော့လိုက်တယ်။
ဝိန်းမိသားစုရဲ့ ဆက်ခံသူတွေထဲက တစ်ယောက်အနေနဲ့ သူမက ကိုယ့်ဟာကို ဣန္ဒြေမြန်မြန်ပြန်ဆည်လိုက်တယ်။
သူမက တခြားသူတွေကို မှားယွင်းယုံကြည့်မိခဲ့တဲ့သူပဲ။ ဒီတော့ မိသားစုခေါင်းဆောင်ရဲ့ အပြစ်ပေးခံရတာကလဲပဲ မှန်ကန်တဲ့ကိစ္စပဲ။ ဒါပေမဲ့အခုအချိန်မှာ အရေးအကြီးဆုံးက ယွိလင်ရှန်းရဲ့ တည်နေရာကို ရှာဖို့ပဲ။
ဒီလို စဉ်းစားပြီးတဲ့နောက်မှာ သူမရဲ့ကြုတ်နေတဲ့မျက်ခုံးတွေက တဖြည်းဖြည်းပြေလျော့သွားပြီး သူမကိုယ်သူမ ပြန်ပြောနေတဲ့အတိုင်း စကား ပြောလိုက်တယ်။
“တကယ်လို့များ ဒါက ငါနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်က တကယ်ပဲ ကြံစည်ထားခဲ့တာဆိုရင် ယွိလင်ရှန်းက အဲဒီလူရဲ့လက်ထဲမှာ ရှိနေမှာပေါ့။
အပြင်လောကရဲ့အသံက မျှော်လင့်ထားတဲ့အဖြေကို ပေးလိုက်ပေးလိုက်တယ်။
[အမှန်ပဲ]
[ဝိန်းရှောင်ရှူးက အရင်တုန်းက ဒီလောက်ကောင်းတဲ့ရတနာပစ္စည်းကို တpfခါမှမတွေ့ဖူးဘူးလေ။ နောက်ဆုံးတော့ သူက အဲဒီပစ္စည်းကို ရသွားပြီး သူမကအဲဒီပစ္စည်းကို သူမရဲ့လက်ထဲမှာပဲ သေချာပေါက်အသုံးချလိမ့်မယ်]
[ဒါပေမဲ့ ကြည့်ရတာ ဝိညာဉ်ရတနာက သူ့ကို အသိအမှတ် မပြုတဲ့ပုံပဲ။ ငါ့အထင်တော့ သူက ဒီရတနာကို မကြာခင်မှာပဲ တခြားတစ်ယောက်ကို ပေးလိုက်တော့မယ်ထင်တယ်]
စူးလီရဲ့စကားမဆုံးခင်မှာပဲ ဝိန်းရှောင်ယွိက ကျန်းမြန်ကို မြန်မြန်ဦးညွှတ်လိုက်ပြီးပြောလိုက်တော့တယ်။
“အဆင့်ကိုးအကြီးအကဲ ကျွန်မ လုပ်စရာ အရေးကြီးကိစ္စလေး ရှိနေလို့ပါ။ မနက်ဖြန်ကျမှပဲ လာပြီးတော့ တောင်းပန်ပါမယ်”
ကျန်းမြန်က တည်တည်ငြိမ်ငြိမ်နဲ့ကိုယ့်ကိုလှည့်လိုက်ပြီး နှုတ်ဆက်တာကို ရှောင်ရှားလိုက်တယ်။
“ဒီလိုဖြစ်လာမဲ့ အကြောင်းအရင်း ရှိနေတာပဲ။ နောက်ပြီးတော့ ဝိန်းမိန်းကလေးကလည်း နစ်နာသူတစ်ယောက်ပါ”
ရွှင့်ချန်ဂိုဏ်းချုပ် လုကျင်းဟွိုင်ကလည်း ဒီအချိန်မှာ ထရပ်လိုက်တယ်။ ဝိန်းမိသာစုနဲ့ ရွှင့်ချန်းဂိုဏ်းတို့က တတ်နိုင်သလောက် မိတ်ဆွေ ဖြစ်ထားသင့်တယ်လေ။
ဝိန်းမိသာစုက ရွှင့်ချန်းဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က အကြီးမားဆုံးမိသားစုတွေထဲကတစ်ခုပဲ။ ဒီကိစ္စက သေချာပေါက် ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုတယ်။
အဆင့်ကိုးအကြီးအကဲလို ဟန်ဆောင်ခဲ့တဲ့သူခိုးကို ဖြေရှင်းဖို့ရန်ကတော့ ရွှင့်ချန်ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်က အလိုလို လိုအပ်တယ်။
အဲလိုမှမဟုတ်ဘူးဆိုရင် လူတိုင်းက ရွှင့်ချန်းဂိုဏ်းရဲ့ နာမည်အောက်မှာ တခြားလူတွေကို လိမ်ညာလှည့်ပတ်ပြီး ဒါက ဆိုးဝါးတဲ့ကိစ္စတွေ ဖြစ်လာလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး သူက ဝိန်းရှောင်ယွိကို အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။
“ဝိန်းမိသာစုရဲ့လူငယ်လေး ဒီအဖိုးကြီးက မင်းနဲ့အတူ လိုက်ခဲ့မယ်”
“ရွှင့်ချန်းဂိုဏ်းရဲ့အကြီးအကဲလို့ ဟန်ဆောင်ရဲတဲ့သူကို ကျုပ်က ကြည့်ချင်သေးတယ်”
သူ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ဝိန်းရှောင်ယွိက ကိုယ့်ကို ပြန်လှည့်လိုက်ပြီး သူ့ကို ဦးညွှတ်လိုက်တယ်။
“ဂိုဏ်းချုပ်ကြီး ကျွန်မက သတိမမူမိတဲ့အတွက်ကြောင့် မသိလိုက်...”
လုကျင်းဟွိုင်က သူရဲ့လက်ကို အသာအယာဝှေ့ရမ်းလိုက်ပြီး သူမရဲ့စကားကို ဖြတ်လိုက်ကာ လေထဲမှာ မှော်လက်နက်ပျံတစ်ခု ပေါ်လာပြီး တဖြည်းဖြည်းနဲ့ ပိုပြီးတော့ကြီးမားလာပြီး သူက လှေပျံပေါ် ခုန်တက်လိုက်ပြီး သိက္ခာရှိတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“သွားကြစို့”
...