← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

အပိုင်း (၃၁)

ဝိန်းရှောင်ယွိက တလေးတစား ပြောလိုက်တယ်။

“ဟုတ်ကဲ့”

ဝိန်းမိသားစု

ဝိန်းရှောင်ရှူးက သူမရဲ့လက်ထဲက ယွိလင်ရှန်းကိုကြည့်ရင် သူမရဲ့မျက်လုံးတွေထဲမှာလဲ လိုချင်တပ်မက်မှုအပြည် ဖြစ်နေတော့တယ်။

ဒါပေမဲ့ သူမက ဘယ်နှစ်ကြိမ် ကြိုးစားနေပါစေ သူ့ရဲ့ဝိညာဉ်စွမ်းအားကို နိုးထအောင် မလုပ်နိုင်ခဲ့ဘူး။ သူမက ဝိန်းမိသားစုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်နေပေမဲ့လဲ ရတနာရဲ့ အသိအမှတ်ပြုခြင်း မခံရဘူး။

ဝိန်းရှောင်ရှူးက လက်ထဲကယွိလင်ရှန်းကို ဒေါသတကြီးနဲ့ ပစ်ထုတ်လိုက်တော့တယ်။

ယွိလင်ရှန်းဟာ မြေကြီးပေါ်ကိုကျတော့မဲ့ဆဲဆဲမှာပဲ လက်တစ်ဖက်က အသာအယာ သူ့ကို လှမ်းဖမ်းလိုက်တယ်။

“ဒါက ဝိန်းမိသားစုရဲ့ရတနာပဲ၊ မင်းက တကယ်ပဲ ဒါကို ပေးပစ်တော့မှာလား”

စုန့်ရန်ကျစ်က လက်တစ်ဖက်က ယွိလင်ရှန်းကိုကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်ဖြင့် ဝိန်းရှောင်ရှူးရဲ့ မျက်နှာကို အသာအယာ ပွတ်သပ်လိုက်တယ်။ သူ့အသံကလဲ အနည်းငယ် မရေမရာ ဖြစ်နေတော့တယ်။

“ဝိန်းရှောင်ယွိက အပြစ်တွေကို ဝန်ချတောင်းပန်ပြီးရင် မင်းက ယွိလင်ရှန်းကို ဝိန်းမိသားစုရဲ့ ခေါင်းဆောင်ဆီ ပြန်ပေးလိုက်မှာလား”

“မင်းက ဒါကို ပြန်ပေးချင်တယ်ဆိုရင် မင်းပိုင်ဆိုင်ရမဲ့ဝိညာဉ်စွမ်းအားတွေကို ဒီအခွင့်အရေးကို အသုံးချပြီး ဖယ်ရှားလိုက်တာပိုကောင်းတယ် “

ဝိန်းရှောင်ရှူးရဲ့ မျက်နှာက တောင့်တင်းသွားပြီး သူ့လှုပ်ရှားမှုကို ရှောင်ရှားလိုက်တယ်။

“ဒါကိုပြန်ပေးရမယ် ဟုတ်လား “

သူမက အံကြိတ်ထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလဲ ရက်စက်တဲ့အရိပ်အရောင်တစ်ခု ဖျပ်ခနဲလက်သွားတော့တယ်။

“ဒါကို ပြန်ပေးပြီးရင် မိသားစုခေါင်းဆောင်ဆီက ချီးမွမ်းစကားအနည်းငယ်အပြင် ကျွန်မက ဘာကိုရအုံးမှာမလို့လဲ”

“နောက်ပြီးတော့ ရှင်ပြောတဲ့အတိုင်း ဒီအချိန်မှာမှ ယွိလင်ရှန်းကို ပြန်ပေးလိုက်ရင် အားလုံးရဲသံသယစိတ်ကို နှိုးဆွသလိုဖြစိသွားမှာပေါ့”

“မင်းဖြစ်ချင်တာက....” စုန့်ရန်ကျစ်က မပြုံးတပြုံးနဲ့ သူမကို ကြည့်လိုက်တယ်။ “ဒီရတနာကို ဘယ်တော့မှ ပြန်မပေါ်လာအောင် လုပ်မလို့လား”

“မင်းက ဝိန်းမိသားစုဝင်တစ်ယောက်လေ”

“ဝိန်းမိသားစုရဲ့ရတနာကို ပျောက်ဆုံးအောင်လုပ်ခဲ့တာ ဝိန်းရှောင်ယွိပဲ၊ မင်းနဲ့ဘာဆိုင်လို့လဲ”

ဝိန်းရှောင်ရှူးက ပြန်ကြည့်လိုက်ပြီး မူလက သူမရဲ့သိမ်မွေ့လှပတဲ့မျက်နှာက အခုတော့အနည်းငယ်ပိုပြီး ရက်စက်တဲ့ပုံ ဖြစ်လာတော့တယ်။

“ဝိန်းရှောင်ယွိက ဝိန်းမိသားစုရဲ့အပြစ်သားပဲ”

စုန့်ရန်ကျစ်က သူ့မျက်ခုံးတွေကို မသိမသာပင့်လိုက်တယ်။ ဒါပေမဲ့ သူမျက်လုံးထဲမှာတော့ အံဩတဲ့အရိပ် အများအပြား ဖြစ်မနေဘူး။ အစ်မဖြစ်သူကို ဆွဲဆောင်နိုင်ပြီး သူ့ဆီက ဝိညာဉ်စွမ်းအင်ရတနာကို ခိုးယူပြီး တစ်ခုခုလုပ်ဖို့ ကြံစည်နေတဲ့ သူ့အတွက်တော့ ပုံမှန်ပါပဲ။

သူက လက်ထဲက ယွိလင်ရှန်းကို လှုပ်ခါလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

“ဒီတော့ မင်းက ဒါကိုဘာလုပ်ချင်တာလဲ”

ဝိန်းရှောင်ရှူးက အပြုံးတစ်ခုနဲ့ သူ့ကို လှမ်းကြည့်လိုက်ပြီး ပြုစားတော့မဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ဒါကဝိန်းမိသားစုရဲ့ အဖိုးအတန်ဆုံးရတနာလေ။ လူအများကြီးက ပိုင်ဆိုင်ချင်နေကြတဲ့ မှော်ရတနာတစ်ခုပေါ့။ ရှင်ရော မလိုချင်ဘူးလား”

စုန့်ရန်ကျစ်ရဲ့ စိတ်က အနည်းငယ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူ့မျက်နှာကတော့ ဘာမှမဖြစ်သလို ရှိနေဆဲပဲ။

“ဒီတော့ ငါက စိတ်လှုပ်ရှားတယ်ဆိုရင်ကော... ဒါဆိုရင်တော့ ပြဿနာကြီးပေါ့”

“ငါက အကျိုးအမြတ်ပဲ လိုချင်တာ။ ပြဿနာ မလိုချင်ဘူး။ ဒီလောက်ကောင်းတဲ့ကိစ္စတစ်ခုက ကျင့်ကြံရေးလောကထဲမှာ ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ”

ဝိန်းရှောင်ရှူးက လေသံပျော့ပျော့နဲ့ ပြောလိုက်တယ်။

“ရှင်က ဝိန်းမိသားစုမှာ ဘယ်တော့မှ ပေါ်မလာဘူး။ ကျွန်မတို့ရဲ့ဆက်ဆံရေးကိုလဲ ဖုံးကွယ်ထားမယ်လို့ ကတိပေးတယ်ဆိုရင် ဝိန်းမိသားစုရဲ့ဒီရတနာက ရှင့်ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်”

သူမနဲ့ စုန့်ရန်ကျစ်တို့က မဟာမိတ်ဖွဲ့ထားတယ်ဆိုပေမဲ့ စုန့်ရန်ကျစ်က ယုံကြည်ချင်စရာ မကောင်းဘူးဆိုတာလဲ သူမက သိနေတယ်။ တစ်နေ့နေ့ သူသာ တစ်ခုခုကို ထုတ်ပြောလိုက်ရင် သူမတော့ ပွဲသိမ်းသွားလိမ့်မယ်။

သူမ သုံးလို့မရတဲ့ ယွိလင်ရှန်းကို သူ့ဆီပေးလိုက်ပြီး ဒီနှစ်ခုကို လှေတစ်ခုတည်းမှာ အပြီးတိုင် ပိတ်ဆို့ထားလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီလိုဆိုရင် သူမလဲပဲ စိတ်အေးရလိမ့်မယ်။

“မိန်းကလေးဝိန်းက ဒီလိုပြောလာတယ်ဆိုမှတော့” စုန့်ရန်ကျစ်က ပြုံးလိုက်ပြီး “ဒါဆိုရင်တော့ ကျွန်တော်က ဒါကိုမငြင်းတော့ပါဘူး”

သူ့စကား မဆုံး‌သေးခင်မှာပဲ တံခါးဆီကလာတဲ့ အလွန်မှပြင်းထန်တဲ့ အရောင်အဝါတစ်ခုကို ခံစားလိုက်ရတယ်။ နောက် တစ်စက္ကန့်မှာတော့ အိပ်ခန်းတံခါးက အရောင်အဝါကြောင့် ပွင့်ထွက်သွားပြီး အပြင်ကလူတွေ ပေါ်လာခဲ့တယ်။

ဝိန်းရှောင်ရှူးက သိပ်မဝေးတဲ့နေရာက တွေ့လိုက်ရပြီး ဝိန်းမိသားစုရဲ့တပည့်တွေနဲ့ ဝိန်းမိသားစုခေါင်းဆောင်ကို သူမရဲ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။ သူတို့တွေ ဘယ်တုန်းက ရောက်နေတာလဲ။ ဘာကြောင့် ဒီနေရာမှာ ပေါ်လာခဲ့တာလဲ။

သူမက ကပျာကယာနဲ့ နောက်ကို ခြေနှစ်လှမ်း ဆုတ်မိသွားတော့တယ်။ မိသားစုခေါင်းဆောင်ကြီးက ဝိန်းရှောင်ရှူးကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးအိမ်တွေက ရုတ်တရက်ကျုံ့သွားတော့တယ်။

ဝိန်းရှောင်ယွိက ကျန်းမြန်နဲ့စာရင်းရှင်းဖို့ ရွှင့်ချန်းဂိုဏ်းမှာ ရှိနေသင့်တာမလား။ သူကရော ဘာလို့ဒီကိုရောက်နေတာလဲ။

သူမကစိတ်အတွင်းက ဂယောင်ချောက်ချား ဖြစ်နေတာကို ဖိနှိပ်ထားလိုက်ပြီး လူအုပ်ကြီးရဲ့ အထင်သေးရွံရှာတဲ့အကြည့်ကို ရင်ဆိုင်လိုက်ရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်‌တော့တယ်။

“မိသားစုခေါင်းဆောင်က ဘာလို့များရုတ်တရက်...”

“ဒါပေါ့၊ ငါ ဒီကို‌ရောက်လာတာ မင်းကို လာတွေ့တာလေ။ ကိုယ့်အစ်မအရင်းကို ချောက်ချတဲ့တိရိစ္ဆာန်၊ ဝိန်းမိသားစုရဲ့ရတနာကို ခိုးဖို့ကြိုးစားခဲ့တယ်။ နောက်ပြီး ဝိန်းမိသားစုရဲ့ရတနာကို တခြားသူဆီ လိုလိုလားလားပေးခဲ့တယ်”

ဝိန်းမိသားစုခေါင်းဆောင်ရဲ့အသံက ထိန်းချုပ်မရတဲ့ဒေါသ အပြည့်ပါနေတော့တယ်။

ဝိန်းမိသားစုက ဒီလိုသစ္စာမဲ့တဲ့ ရက်စက်တဲ့သမီးတစ်ယောက်ကို ဘယ်လိုဖြစ်ပြီးမွေးထားမိပါလိမ့်။

ဝိန်းရှောင်ယွိမျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆွတ်သွားတော့တယ်။

“သခင်ကြီး သခင်ကြီးဘာအကြောင်း ပြောနေတာလဲ။ ကျွန်မ ဘာဖြစ်လို့ နားမလည်တာလဲ”

ဝိန်းမိသားစုခေါင်းဆောင်ရဲ့လက်က ဝှေ့ရမ်းသွားပြီး တိတ်တိတ်လေး ထွက်‌ပြေးဖို့ ကြိုးစားနေတဲ့ စုန့်ရန်ကျစ်ကို ခြေတစ်လှမ်း မလှမ်းနိုင်ခင်မှာပဲ ရိုက်ချလိုက်တော့တယ်။ သူက မီတာအနည်းငယ် လွင့်ထွက်သွားပြီး သစ်ပင်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့တယ်။

သူ့လက်ထဲက ယွိလင်ရှန်းကလဲ ရုတ်ခြည်းဆိုသလို ဝိန်းမိသားစုရဲ့သခင်ကြီးဘေးမှာ ပေါ်လာခဲ့တယ်။ သူက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်တယ်။

“မင်းက နားမလည်ဘူး ဟုတ်လား”

“သက်သေက ဒီမှာရှိနေပြီးပြီ။ မင်းနားလည်တာဖြစ်ဖြစ် နားမလည်တာဖြစ်ဖြစ် ကိစ္စမရှိဘူး”

ဝိန်းမိသားစုရဲ့ခေါင်းဆောင်က အေးတိအေးစက် မျက်နှာထားတစ်ခု ဖြစ်သွားပြီး သိက္ခာရှိတဲ့အကြည့်တစ်ခုနဲ့ အားလုံးကို ကြည့်လိုက်တယ်။

“ဝိန်းရှောင်ရှူး မင်းက အပြင်လူနဲ့ပူးပေါင်းပြီး မင်းရဲ့အစ်ကိုနဲ့ အစ်မကို ချောက်ချဖို့ကြိုးစားတယ်။ ဝိန်းမိသားစုရဲ့ရတနာကိုလဲ ခိုးခဲ့တယ်။ နောက်ပြီးတော့လဲ ဒီပစ္စည်းကို တခြားသူကိုလဲ လိုလိုလားလားနဲ့ ပေးခဲ့တယ်။ မင်းရဲ့ အပြစ်က ခွင့်လွှတ်နိုင်စရာ မရှိဘူး”

“ဒီနေ့ကစပြီး မင်းရဲ့ကျင့်ကြံခြင်းတွေကို ဖယ်ရှားပစ်ရလိမ့်မယ်။ မင်းကိုလဲ ဝိန်းမိသားစုကနေ ထုတ်ပယ်ပစ်ရလိမ့်မယ်”

ဝိန်းရှောင်ရှူးရဲ့မျက်နှာက လုံးဝဖြူဆုတ်သွားပြီး သူမရဲ့ခန္ဓာကိုယ်ကလဲ တုန်ရင်သွားခဲ့တယ်။

“သခင်ကြီး ကျွန်မမှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ”

“ယွိလင်ရှန်းက ဒီမှာရှိနေပါ‌သေးတယ်။ ယူမသွားရသေးပါဘူး။ ဒီတစ်ခါတော့ ကျွန်မကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ အမှားအကြီးကြီးလုပ်ခဲ့တာ မဟုတ်ပါဘူး”

သူမက သူ့ရှေ့ကို လေးဘက်ထောက်ပြီးသွားလိုက်တယ်။

“ကျွန်မ မိသားစုအရေးကို သေချာပေါက်ဦးစား‌ပေးပြီး မိသားစုရဲ့အကျိုးစီးပွားကို ထိခိုက်မဲ့ကိစ္စ ဘာတစ်ခုမှ မလုပ်တော့ပါဘူး”

ဒါပေမဲ့လဲ သူမက ဘယ်လိုပဲပြောနေပါစေ မိသားစုခေါင်းဆောင်ကတော့ မတုန်မလှုပ်အမူအရာတစ်ခု ဖြစ်နေခဲ့တယ်။ သူမက ကယောင်ချောက်ချားနဲ့ လူအုပ်ထဲက သူမရဲ့မိဘတွေကို ကြည့်လိုက်တယ်။

“အဖေ အမေ သမီးမှားမှန်းသိပါပြီး ကျေးဇူးပြုပြီး သမီးကိုကယ်ပေးပါ။ သမီးကို ကယ်ပေးပါ”

ဝိန်းရှောင်ရှူးရဲ့မိဘတွေက ဝန်လေးလေးနဲ့ သူတို့ခေါင်းတွေကို တစ်ဖက်လှည့်ထားလိုက်ပြီး ဘာမှမပြောကြဘူး။

နောက်ဆုံးတော့ ဝိန်းရှောင်ရှူးက ဘယ်သူမှ သူမကို ကယ်ပေးနိုင်မှာ မဟုတ်မှန်း သဘောပေါက်သွားခဲ့တယ်။

သူမက အမြဲတမ်းလိုလို မောက်မာထောင်လွှားနေတတ်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သူမအပေါ် အပြစ်တင်နေတဲ့ ဝိန်းရှောင်ယွိကို ကြည့်လိုက်တယ်။

သူမသာ သူမရဲ့အရည်အချင်းတွေကို မကြွားခဲ့ရင် သူမရဲ့ရှေ့မှာ တချိန်လုံး လက်ထဲမှာ ရှိတဲ့မှော်ပစ္စည်းတွေကို မကြွားခဲ့ရင် သူမက သူ့ကြောင့် ဘယ်လိုလုပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ။ ဘယ်လိုလုပ်ပြီး မှားယွင်းတဲ့ကိစ္စကိုလုပ်ခဲ့မိမှာလဲ။

ဝိန်းရှောင်ရှူးက ထိတ်ထိတ်ပျာပျာနဲ့ ပြောလိုက်တယ်။

“ ဝိန်းရှောင်ယွိ ငါကတော့ အပြစ်ပေးခံရတော့မယ်။ နင်ကလဲ ဒီထကိပိုပြီး မကောင်းမလာနိုင်ပါဘူး”

“နင်ကမှ ဝိန်းမိသားစုရဲ့ရတနာကို ပျောက်ဆုံးအောင်လုပ်ခဲ့တဲ့ တကယ့်တရားခံအစစ်ပဲ။ နင်သာ နမော့်နမဲ့နဲ့ တခြားသူတွေကို မယုံခဲ့ဘူးဆိုရင် ဒီရတနာကို စုန့်ရန်ကျစ်က ဘယ်လိုလုပ်ပြီး ခိုးသွားနိုင်မှာလဲ”

“နင်က အပြစ်ရှိတဲ့သူပဲ၊ နင်က ဝိန်းမိသားစုရဲ့ဆက်ခံသူတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး နင်က....”

ဝိန်းရှောင်ယွိက သူမရဲ့မျက်လုံးထဲက နာကျင်မှုကို ဖုံးကွယ်ထားလိုက်ပြီး ဆွဲ‌ခေါ်ခံသွားလိုက်ရတဲ့ ဝိန်းရှောင်ရှူးကို အေးတိအေးစက်နဲ့ ကြည့်နေလိုက်တော့တယ်။

အဲဒီနောက်တော့ သူမက ကိုယ့်ကို ပြန်လှည့်လာပြီး ဝိန်းမိသားစုခေါင်ဆောင်ရှေ့မှာ ဒူးထောက်ချလိုက်တော့တယ်။

“သခင်ကြီး လူတွေအကြောင်း သေချာမသိဘဲနဲ့ ယွိလင်ရှန်းကို သူခိုးလက်ထဲရောက်အောင် လုပ်ခဲ့သူဟာ ရှောင်ယီပါ။ သခင်ကြီး အပြစ်ပေးတာကို ကျွန်မက လိုလိုလားလားလက်ခံပါ့မယ် “

ဝိန်းမိသားစုခေါင်းဆောင်က ဝိန်းရှောင်ယွိရဲ့ ကိုယ့်ဟာကို အပြစ်တင်နေတဲ့အမူအရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မလိုလားတဲ့အရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့တယ်။ သူမက ထူးခြားတဲ့အရည်အချင်းတစ်ခုနဲ့ ဖြောင့်မတ်တဲ့အကျင့်စရိုက် ပိုင်ဆိုင်ထားပြီး သူ နှစ်ရာချီအောင် ပင်ပင်ပန်းပန်းနဲ့ ကျင့်ကြံ ပျိုးထောင်ပေးခဲ့တဲ့ကလေးလေ။ ဒါပေမဲ့ သူက အရမ်းချစ်မြတ်နိုးခဲ့လို့ ဝိန်းရှောင်ရှူးရဲ့ မျက်နှာအစစ်ကို သေချာမသိဘဲ သူမဘေးမှာ ဆက်ပြီးတော့ ထားထားပေးခဲ့တယ်။ သူမက ချစ်ခြင်းအပေါ်စွဲလန်းမိခဲ့လို့ ယွိလင်ရှန်းကို ပျောက်ဆုံးအောင် လုပ်ခဲ့မိတယ်။

သူက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အကြင်နာမဲ့စွာ ပြောလိုက်တော့တယ်။

“ဝိန်းရှောင်ယွိ မင်းကို ဆက်ခံသူအဆင့်ကနေ ဖြုတ်ချပြီး အမှောင်ခန်းတစ်ခုထဲမှာ ဆယ်နှစ်အထိ ကိုယ့်အမှားကို ပြန်သုံးသပ်ရလိမ့်မယ်”

ဝိန်းရှောင်ယွိက လေးလေးနက်နက်ဦးညွှတ်ကာ ပြောလိုက်တယ်။

“အကြီးအကဲရဲ့အမိန့်ကို နာခံပါ့မယ်”

“ဂိုဏ်းချုပ်ကြီးလုကို အရှက်ရအောင် လုပ်ခဲ့မိတဲ့အတွက် ကျုပ်က တောင်းပန်ပါတယ်”

ဝိန်းမိသားစုရဲ့ခေါင်းဆောင်က ခေါင်းကိုလှည့်လိုက်ပြီး သူ့မျက်နှာက ရုပ်ကြီးဆိုးသလို အနည်းငယ် အိုမင်းသွားသယောင် ဖြစ်သွား‌တော့တယ်။

သူက သိပ်မဝေးလှတဲ့နေရာ လုကျင်းဟွိုင်ကို ကြည့်လိုက်ပြီး သူ့အသံကလဲ အနည်းငယ် ပင်ပန်းနေတော့တယ် ။

“ဝိန်းမိသားစုက ပေါများကြွယ်ဝတဲ့ မိသားစုတစ်ခုပါ။ ဒီကိစ္စကလဲ အဆိုးထဲကအကောင်း ဖြစ်သွားတာပါ။ မိသားစုထဲက လူဆိုးတစ်ယောက်ရဲ့ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ ဘယ်လောက်တောင် သဘောကျဖို့ကောင်းလိုက်သလဲ”

လုကျင်းဟွိုင်က သဘောထားပြည့်ဝတဲ့မျက်နှာနဲ့ ရှေ့ကိုနှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုနကဖြစ်ခဲ့ကိစ္စကို မမြင်သလို ထားလိုက်တော့တယ်။

ဒီစကားကိုကြားလိုက်ရတဲ့အခါ ဝိန်းမိသားစုရဲ့ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီးရဲ့သတိပေးချက်ကြောင့် ကျေးဇူးတင်ရပါတယ်။ မဟုတ်ရင် ဝိန်းမိသားစုက ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုကို ခံစားရပါလိမ့်မယ်”

ဒီအချိန်မှာပဲ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သတိလစ်ချင်ဟန်ဆောင်နေတဲ့ စုန့်ရန်ကျစ်ကို လှမ်းကြည့်လိုက်ကာ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ပြောလိုက်တော့တယ်။

“ဒီလူက ရွှင့်ချန်ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်လို ဟန်ဆောင်ခဲ့တယ်။ ဒါကြောင့်မို့လို ဒီလူကို ရှင်းလင်းပစ်ဖို့ ဂိုဏ်းချုပ်ကြီးလုကိုပဲ လွှဲပေးလိုက်ပါ့မယ်”

လုကျင်းဟွိုင်က ခေါင်းညိတ်လိုက်တယ်။ သူအမှတ် မမှားဘူးဆိုရင် စုန့်ရန်ကျစ်က မင်းမျိုးမင်းနွယ်မိသားစုတွေဆီက သခင်လေးတွေနဲ့ သခင်မလေးတွေရဲ့ ခံစားချက်ကို လှည့်စားခဲ့ပြီး ဝိညာဉ်ရတနာတွေ အများကြီးကိုလဲ ခိုးယူခဲ့တာကြောင့် အထင်ကရမိသားစုကြီးတွေက သူ့ကိုဖမ်းဖို့ လျှို့ဝှက်အမိန့် ထုတ်ပြန်ထားခဲ့တယ်။

စုန့်ရန်ကျစ်ကတော့ ဒီနေ့ပြီးရင် အသက်ရှင်လျက် ရှိနိုင်တော့မှာ မဟုတ်ဘူး။

သူက လက်ကိုဝှေ့ရမ်းလိုက်ပြီး ဝိညာဉ်ကြာပွတ်တစ်ခုနဲ့ စုန့်ရန်ကျစ်ကို တင်းနေအောင် ရစ်ပတ်ထားလိုက်တော့တယ်။

“ဒါဆိုရင် ကျုပ်က အရင်ဆုံး ပြန်နဲ့ပါမယ်”

ရွှင့်ချန်ဂိုဏ်းရဲ ပင်မတောင်ထွတ်မှာတော့ စိတ်လှုပ်ရှားစရာ မရှိတော့ဘူးဆိုတာကို တွေ့လိုက်ရပြီးတဲ့နောက်မှာ စောင့်ကြည့်နေကြတဲ့သူတွေက စိတ်ထဲမှာ အတင်းစကားအများအပြားနဲ့ ပြန်သွားကြတော့တယ်။

စူးလီက ထွက်သွားတဲ့ကျန်းမြန်ကို ကြည့်လိုက်ရင်း လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ကာ တွေးတွေးဆဆနဲ့ ပြောလိုက်တော့တယ်။

“လော့ရှာမြွေလို အတွင်းဒဏ်ရာတစ်ခုကို ကုသဖို့ဆိုရင် အဆင့်ရှစ်ဝိညာဉ်ဆေးပင် လိုအပ်လိမ့်မယ်မလား”

သူမက သူမရဲ့ပြည့်နှက်နေတဲ့သိုလှောင်အိတ်ကို ပြန်စဉ်းစားလိုက်ပြီး

“ အဆင့်ရှစ်ဝိညာဉ်စုစည်းခြင်းပန်းပွင့်က အဆင့်ရှစ်ပဲရှိ...”

သူ့စကား မဆုံးသေးခင်မှပဲ အခုလေးတင်ထွက်သွားပြီး အရိပ်လေးတောင်မှ မမြင်ရတဲ့ ကျန်းမြန်က ရုတ်တရက်ဆိုသလို မျက်လုံးထဲမှာ စိတ်လှုပ်ရှားတဲ့အကြည့်နဲ့သူမရှေ့မှာ ပြန်ပေါ်လာခဲ့တယ်။

“ဝိညာဉ်စုစည်းခြင်းပန်းပွင့် မင်းမှာ ဝိညာဉ်စုစည်းခြင်းပန်းပွင့်နဲ့ ပတ်သက်ပြီး သဲလွန်စတွေများ ရှိသလား”

အဆင့်ရှစ်ဝိညာဉ်စုစည်းခြင်း ပန်းပွင့်တစ်ပွင့်က နှစ်တစ်ထောင်မှ ရှားရှားပါးပါးတွေ့ရတဲ့ပန်းမျိုးပဲ။ နှစ်အကြာကြီးနီးပါးကို သူက ပေါ်လာနိုးနိုး နေရာတိုင်းမှာ ရှာဖွေခဲ့ပေမဲ့လဲ ဘာသတင်းမှ မကြားခဲ့ရဘူး။ သဲလွန်စ ‌ရှာတွေ့ဖို့နေနေသာသာပေါ့။

ကျန်းမြန်က ချီကျင့်ကြံခြင်းအဆင့်ပဲရှိသေးတဲ့စူးလီကို ကြည့်လိုက်ပြီး သူမမှာ ဝိညာဉ်စုစည်းခြင်းပန်းပွင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာရှိဖို့

ဖြစ်နိုင်ခြေနည်းနည်းလေးပဲ ရှိတယ်လို့ သိလိုက်တယ်။ ဒါပေမဲ့ သူကတော့ သူမကို တောင်းပန်တိုးလျှိုတဲ့ဟန်နဲ့ ကြည့်နေတုန်းပဲ။ တကယ်လို့များပေါ့။

ကျစ်ရိုးက အချိန်အကြာကြီး မထိန်းထားနိုင်တော့ဘူး။မျှော် လင့်ချက် ရေးရေးလေးတစ်ခုတောင် ရှိနေတယ်ဆိုရင် သူက အကောင်းဆုံး ကြိုးစားကြည့်ရလိမ့်မယ်။

သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ပြန်မဖြေလိုက်ဘဲ ဘေးက သူမရဲ့သိုလှောင်အိတ်ကို ဖွင့်လိုက်တယ်။ ကျန်းမြန်က သူမရဲ့လှုပ်ရှားမှုကို မြင်လိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးထဲက အံဩဟန်တွေကို ဖုံးကွယ်မထားနိုင်တော့ဘူး။ ဒီလူက တကယ်ပဲ ဝိညာဉ်စုစည်းခြင်းပန်းပွင့်အကြောင်း သိနေသလား။

အဆင့်ခြောက်ဝိညာဉ်စုစည်းခြင်းပန်းဆိုရင်တောင် ကျစ်ရိုးရဲ့ ဖုံးကွယ်နေတဲ့ဒဏ်ရာတွေကို အတိုင်းအတာတစ်ခုအထိ ကုသပေးနိုင်သေးတယ်လေ။

“မင်းမှာ ဝိညာဉ်စုစည်းခြင်းပန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာကို သိတယ်ဆိုရင် မှန်တာပဲဖြစ်ဖြစ် မှားနေတာပဲဖြစ်ဖြစ်... ငါ မင်းကို ရက်ရက်ရောရော ချီးမြှင့်ပါမယ်”

ကျန်းမြန်ရဲ့စကားမဆုံးသေးခင်မှာပဲ သူက နေရာမှာတင် အေးခဲသွားတော့တယ်။

မယုံမကြည်နဲ့ သူရဲ့ဝိညာဉ်စွမ်းအင်တွေကို သုံးလိုက်ပြီး သူ့လက်တွေကို ပြတ်ရှရာတစ်ခု ဖြစ်အောင် လုပ်လိုက်တယ်။ နာကျင်မှုကို ခံစားလိုက်ရပြီးနောက်မှာ အိပ်မက်ထဲက နိုးလာသူတစ်ယောက်လို ခေါင်းကိုမော့ပြီး လျှိုဝှက်ဆန်းကြယ်တဲ့အရာတစ်ခုကို မြင်လိုက်သလို စူးလီကို ကြည့်နေလိုက်တော့တယ်။

သူရဲ့လက်ထဲမှာ ကိုင်ထားတဲ့ဟာက အဆင့်ရှစ် ဝိညာဉ်စုစည်းခြင်းပန်းပဲ။ ဝိညာဉ်စုစည်းခြင်းပန်းက အဆင့်ရှစ်ကို ရောက်သွားပြီဆိုရင် သူရဲ့ပုံစံကို ဝ်ညာဉ်သားကောင်ရဲ့သွေးကြော၊ အူမလိုပုံစံတွေ ပြောင်းလဲနိုင်ပြီး သူရဲ့ထိရောက်မှုကလဲ ပြန်လည်ရှင်သန်ခြင်းနဲ့ ညီမျှတယ်။

ကျစ်ရိုး မင်းကို ကယ်လို့ရပြီ။

စူးလီက သူမရဲ့လက်ထဲက ဝိညာဉ်စုစည်းပန်းကို လှုပ်ခါပြလိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။

“ရှင် ဒါကို လိုချင်သေးလား”

ကျန်းမြန်ရဲ့အကြည့်က သူမရဲ့လှုပ်ရှားမှုနောက် ဆက်တိုက် လိုက်ဝေ့ဝဲနေပြီး သူ့လက်တွေက အောက်ကနေ ဂရုတစိုက်ခံထားကာ ဝိညာဉ်စုစည်းခြင်းပန်း ပျက်စီးသွားမှာကို စိုးရိမ်နေတော့တယ်။

စူးလီရဲ့မေးခွန်းကို ကြားလိုက်ရပြီးနောက် သူကစဉ်းစားမ‌တော့နေဘဲ ခေါင်းညိတ်လိုက်တယ်။

“လိုချင်ပါတယ်”

သူ့စကားဆုံးသွားတဲ့နောက်မှာ နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့အသံက တုန်ယင်နေတော့တယ်။

“တာအိုရောင်ရင်း မင်းက ဒီအဆင့်ရှစ်ဝိညာဉ်စုစည်းခြင်းပန်းကို ကျွန်တော့်ကို တကယ်ပေးမှာလား”

“မဟုတ်ဘူးဆိုရင်ကော” စူးလီက သူမရဲ့လက်ထဲကဆေးပင်ကို တဖန်လှုပ်ရမ်းလိုက်ပြီး

“ ကျွန်မက ဒါကိုထုတ်လာပြီး ရှင့်ကိုပြရုံသက်သက်ပဲ လုပ်ရမှာလား”

“ ကျွန်မက အဲလောက်တောင် ပျင်းစရာကောင်းနေလို့လား”

သူမစကား ဆုံးပြီးသွားတဲ့နောက်မှာ လက်ထဲဝိညာဉ်စုစည်းခြင်းပန်းကို ပစ်ပေးလိုက်တယ်။

“ဘာပဲဖြစ်ဖြစ်ပါ ဒါက ကျွန်မအတွင် အသုံးမဝင်ဘူးလေ။ ဒီတော့ ကျွန်မ ရှင့်ကို ပေးလိုက်မယ်”

ကျန်းမြန်က အမှတ်တမဲ့ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး

“တာအိုရောင်ရင်းက ဘာကိုပဲလိုအပ်လိုအပ်ပါစေ ကျုပ်က အကောင်းဆုံးလုပ်ပေးပါ့မယ်”

“ရှင့်မှာ အချိန်ရှိရင်ပေါ့”

စူးလီက ဖရဲသီး စားလို့ဝသွားတော့ ပျင်းရိပြီး စိတ်မပါသလို ကြည့်လိုက်ကာ

“ ကျင့်ကြံခြင်းလောကထဲမှာ ငြိမ်းချမ်းရေးကို သွားပြီးတော့ ထိန်းသိမ်းပေးပေါ့”

ကျန်းမြန်က အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးဖြစ်သွားပြီး စူးလီကတော့ ပင်မတောင်ထွတ်ကနေ ထွက်သွားနှင့်ပြီး ဖြစ်တော့တယ်။

လော့ရှူးတောင်ထွတ်မှာ စူးလီက ဝမ်းသာအားရနဲ့ သူမဆီပြေးလာတဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်သွားခဲ့တယ်။

“ ဘာဖြစ်တာလဲ”

“ချန်ပေ့ ကျွန်မလုပ်နိုင်သွားပြီ”

ပိုင်ကျစ်ယွင်ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေတော့တယ်။

သူမက သိပ်မကြာ‌သေးခင်က လော့ယွင်တောင်ထပ်မှာ ချန်ပေ့ ညည်းညူခဲ့တဲ့စကားကို အမြဲတမ်းစိတ်ထဲမှာ မှတ်ထားတယ်လေ။ ချန်ပေ့က ချစ်ခြင်းနဲ့ပတ်သက်ပြီး သဘောမကျလေဘူးတဲ့။ ချန်းပေ့က ကျင့်ကြံခြင်းလောကထဲက လူတွေအများကြီးက အချစ်ကို စွဲလမ်းနေတာမျိုး မလိုချင်ဘူး။ အချစ်ကြောင့် လွှမ်းမိုးခံရပြီး သူတို့ရဲကျင့်ကြံခြင်းကို လျစ်လျူရှုထားတာကိုလဲ မလိုချင်ဘူးလေ။

ဒီအတောအတွင်းမှာ သူမရဲ့ချန်ပေ့အတွက် ဝိညာဉ်စွမ်းအင် အစားအသောက် လုပ်ပေးတာအပြင် သူမက ဆေးနည်းတစ်ခုကိုလေ့လာဖို့ အာရုံစိုက်လာပြီးလေ။

ချီဟွမ်ဆီကနေ အသစ်အဆန်းဖြစ်တဲ့ဆေးရည်နဲ့ ပတ်သက်ပြီး သတိထားစရာအကြောင်းတွေကို လေ့လာပြီးတဲ့နောက်မှာ သူမက လူတွေကို အချစ်အပေါ်စွဲလမ်းမှု ရပ်တန့်စေတဲ့ ဆေးလုံးတစ်ခုကို ခက်ခက်ခဲခဲကြိုးစားပြီးလုပ်ခဲ့တယ်။

သူမက ကျင့်ကြံခြင်းလောကထဲက ဆေးလုံးတွေအားလုံးရဲ့ အသုံးပြုပုံနဲ့ အကျိုးသက်ရောက်မှုကို နားလည်ထားတယ်။ ဒါတွေကိုလဲ အဆင့်မြင့်အောင်လဲ လုပ်ပေးနိုင်တယ်။ ဒီနှစ်ချက်နဲ့ တချို့မသိသေးတဲ့ အကြောင်းအရာတွေရဲ့အထောက်အပံ့နဲ့ သူမရဲ့ လေ့လာခြင်းနဲ့ ဆေးလုံးဖော်ထုတ်မှုက အမှားအယွင်း လုံးဝမရှိသလောက် အင်မတန်ကို ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့တယ်။

ဒီလိုနဲ့ ရက်ပိုင်းအတွင်မှာပဲ သူမက ဒီဆေးပုလင်းကို လုပ်ခဲ့တာပေါ့။

“နင် ဘာလုပ်ထားတာလဲ” စူးလီက ဇဝေဇဝါနဲ့ကြည့်လိုက်တယ်။

ပိုင်ကျစ်ယွင်က သူမရဲ့လက်ဖဝါးပေါ်မှာ ဆေးပုလင်းကိုတင်လိုက်ပြီး စူးလီကို လှမ်းပေးလိုက်ကာ ပြတ်သားတဲ့ပုံစံနဲ့ပြောလိုက်တယ်။

“စိတ်နှလုံးသန့်စင်ခြင်းဆေးလုံး (ချင်းရှင်းကွာယွိ)တွေလေ”

...

All Chapters