အခန်း ၃၄
Vol. 3 Ch. 34
အပိုင်း(၃၄)
ရှေ့ကနေပြီး ရောက်လာတဲ့ ချောင်မိသားစုခေါင်းဆောင်က ခလုတ်တိုက်သွားပြီး မြေကြီးပေါ်ကို လဲကျမလို ဖြစ်သွားတော့တယ်။
သူ့နောက်မှာတော့ ချောင်ယန့်စယ်က လွဲပြီး ချောင်မိသားစုဝင်အားလုံးက အထိတ်တလန့်နဲ့ ဆွံ့အတဲ့အမူအရာ ဖြစ်သွားခဲ့တယ်။ အားလုံးက အဲဒီနေရာမှာပဲ အသံမထွက်နိုင်တဲ့ ရုပ်တုကြီးတွေလို ငြိမ်ငြိမ်လေးရပ်မိသွားတော့တယ်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူတို့တွေက အရမ်းကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြလွန်းလို့ အလွန်အကျွံဖြစ်သွားပြီး ထင်ယောင်ထင်မှား ဖြစ်နေခဲ့ကြတာပဲ။ ဟုတ်တယ်။ သူတို့တွေ ထင်ယောင်ထင်မှား ဖြစ်နေကြတာပဲ ဖြစ်ရမယ်။
အဲတာက ချောင်မိသားစုကို နှစ်တစ်ထောင်ကြာအောင် ကာကွယ်ပေးလာခဲ့တဲ့ ကျောက်စိမ်းနက်ချီလင်လေ။ ဘယ်သူကများ သူ့ကို ဒီလိုမဖွယ်မရာကိစ္စတွေ လုပ်ရဲပါ့မလဲ။
ခန်းမထဲက တခြားလူတွေရဲ့တုံ့ပြန်ပုံကလဲ ချောင်မိသားစုဝင်တွေလိုပဲ တစ်ထပ်တည်း ဖြစ်နေတော့တယ်။
ဒီကိစ္စကြီးက အရမ်းကို တုန်လှုပ်ဖွယ်ရာဖြစ်တဲ့အတွက်ကြောင့် အားလုံးက အချိန်အကြာကြီး မှင်တက်အံဩနေကြတော့တယ်။
အရင်ဆုံး သတိပြန်ဝင်လာတဲ့သူကတော့ အသိပညာကြွယ်ဝတဲ့အကြီးအကဲတစ်ယောက်ပေါ့။ သူက အောင့်သက်သက်နဲ့ လက်ကို ပါးစပ်နားမှာ ကပ်လိုက်ပြီး နှစ်ခါလောက် ချောင်းဟန့်လိုက်တယ်။
သူက အဲဒီကိစ္စကို ခက်ခက်ခဲခဲ ဖုံးကွယ်ဖို့ ကြိုးစားထားခဲ့ပေမဲ့လဲ သူ့ရဲ့စိတ်ထဲက တုန်လှုပ်မှုက ချောင်းဟန့်သံထဲမှာတောင် ကြားနေရတယ်။
မဟာအကြီအကဲနဲ့ သိပ်မဝေးလှတဲ့နေရာက ထျန်းရွှမ်းမြို့သခင်က နောက်ဆုံးတော့ သူ့ရဲ့ချောင်းဟန့်သံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သတိပြန်ဝင်လာခဲ့တယ်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိတ်လန့်မှုကြောင့် အမှတ်တမဲ့ ပါးစပ်အဟောင်းသားဖြစ်သွားတဲ့ သူ့ပါးစပ်ကို ပိတ်ထားလိုက်တယ်။
သူစိတ်ထဲမှာတော့ အဆက်မပြတ်အော်ဟစ်နေမိတော့တယ်။ အဲဒါက သားရဲအတုတဲ့။ ဒါက စကားအရ အတုဆိုရင်တောင် သူ့ရဲ့စွမ်းရည်က မြင့်မြတ်သားရဲရဲ့ ငါးပုံတစ်ပုံလောက်ရှိနေတယ်။
မြင့်မြတ်အသွင်ပြောင်းခြင်းကျင့်ကြံသူတွေက သူတို့ဘဝတသက်တာမှာ ဒီအကောင်ကို ဘယ်နှစ်ခါများ တွေ့ဖူးလို့လဲ။ ဒါကိုတောင် ချောင်ယန့်စယ်က တကယ်တည်း....
ဒီအချိန်မှာပဲ သူက ရုတ်တရက် သတိရသွားခဲ့တယ်။ မြင့်မြတ်သားရဲအပေါက်လေးက လူသားအသွင် မပြောင်းနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက သူတို့ရဲ့အစွမ်းရှိလှတဲ့ မြင့်မြတ်အရောင်အဝါကို ခံနိုင်ရည် မရှိလို့ပေါ့။
ဒီလိုတွေးနေကြတာလဲ သူတစ်ယောက်တည်းတော့ မဟုတ်လေဘူး။
သူနဲ့ သူ့ဘေးမှာရှိတဲ့ ယွင်မိသားစုခေါင်းဆောင်က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်လုံးထဲမှာ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အရောင်တစ်ခုပါနေတော့တယ်။
အနက်ရောင်ကျောက်စိမ်းချီလင်ရဲ့ အရွယ်အစားနဲ့ မြင့်မြတ်သားရဲပေါက်လေးရဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေ....
သူတို့တွေဟာ ပါးစပ်အဟောင်းသား မဖြစ်ဘဲ မနေနိုင်ဘူး။
ထောင့်တနေရာမှာတော့ စူးလီလဲ အထိန်တလန့် ဖြစ်သွားတော့တယ်။
လူသားနဲ့ မြွေတို့ရဲ့ ချစ်ခြင်းဇာတ်လမ်းအကြောင်းကို တွေ့ကြုံရပြီးနောက်မှာ သူမကို ထပ်ပြီး အံ့ဩစရာရှိစေမှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာလေ။
အခုတော့ မှားသွားပြီပဲ။ သူမက ကျင့်ကြံရေးလောကရဲ့ အကန့်အသတ်ကို လျှော့တွက်ခဲ့မိတာ။
သတိပြန်ဝင်လာပြီးတဲ့နောက်မှာ သူမက ပင့်သက်တချက် ရှိုက်လိုက်ပြီး အသိပညာ ရှာဖွေရမယ်ဆိုတဲ့သဘောထားတစ်ခုနဲ့ ကောင်းကင်စာအုပ်ကို ပြန်ဖွင့်လိုက်တယ်။
ကောင်းကင်စာအုပ်ထဲက အရိပ်တစ်ခုကို ကြည့်လိုက်ပြီး သူမက အခိုက်တန့်နှုတ်ဆိတ်သွားတယ်။ အဲဒီနောက်မှာတော့ ချောင်ယန့်စယ်ကို လေးစားတဲ့အကြည့်နဲ့ ကြည့်မိတော့တယ်။
[အနက်ရောင်ကျောက်စိမ်းချီလင်က သူရဲ့အရွယ်အစားကို ကျုံ့လိုက်ရင်တောင် ချောင်ယန့်စယ်ရဲ့ နှစ်ဆလောက် ကြီးနေသေးတာပဲ။ အရွယ်အစားက ကွာခြားတာမှ အဖြူနဲ့ အမဲလိုပဲ ]
[အဟက်__ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းသလို အရမ်းလဲကြောက်ဖို့ကောင်းတာပဲ]
စူးလီက သက်ပြင်းချလိုက်ပြီးတော့ နှစ်ခါလောက် ထပ်ကြည့်လိုက်ပြီးတဲ့နောက်မှာ အင်တင်တင်နဲ့ နောက်တစ်မျက်နှာကို လှန်လိုက်တော့တယ်။
တစ်ချက်နှစ်ချက်လောက် အသက်ရှူပြီးလိုက်တဲ့နောက်မှာပဲ သူမက လူသားနဲ့ တိရိစ္ဆာန်တို့ ဇာတ်လမ်းကို လုံးဝလက်ခံနိုင်သွားတော့တယ်။
ထင်ထားအတိုင်းပါပဲ... လူသားတွေကလေ... ဟင့်အင်း... အကြောင်းအရာအသစ်တွေကို လက်ခံဖို့အတွက် ကောင်းကင်တာအိုရဲ့ အရည်အချင်းက အရမ်းကို သန်မာပါသေးတယ်။
[ဟယ် အဲဒီအနက်ရောင်ကျောက်စိမ်းချီလင်ရဲ့ချိုက ထိပြီးရင် အရမ်းခံစားလို့ ကောင်းတာပဲလား။ ချောင်ယန့်စယ်က အဲဒီချိုလေးကို အရမ်းကို ညင်ညင်သာသာသာနဲ့ ခဏခဏ ထိကိုင်နေတာ ဘာလို့များပါလိမ့်]
[အိုဟဲ့... ထိနေရုံတင်မကဘူး... နမ်းလဲနမ်းသေးတယ်~ ~]
အပြင်ဘက်ကလာတဲ့အသံက အစတုန်းကလောက် ထိတ်လန့်နေသလို မဖြစ်တော့ဘူး။ ဒါပေမဲ့လဲ အဲဒီအကြောင်းကို ကြားလိုက်ကြတဲ့ ချောင်မိသားစုဝင်တွေကတော့ လုံးဝကို စိတ်မအေးနိုင် ဖြစ်ရတော့တယ်။
နောက်ဆုံးမှာတော့ သူတို့တွေက ချောင်ယန့်စယ်က မြင့်မြတ်သားရဲကို ဆွဲဆောင်ခဲ့တဲ့ကိစ္စကို လက်ခံလိုက်ရတောတယ်လေ။ ဒါပေမဲ့လဲ ချောင်ယန့်စယ်က မြင့်မြတ်သားရဲကို လုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ကြားလိုက်ရမယ်လို့တော့ သူတို့က ထင်မထားခဲ့ဘူး။
ချီလင်ရဲ့ချိုဆိုတာ အနက်ရောင်ကျောက်စိမ်းချီလင်ရဲ့ ဝိညာဉ်စွမ်းအင်စုစည်းထားတဲ့နေရာပဲ။ ဒါက ခမ်းနားကြီးကျယ်မှုရဲ့ သင်္ကေတ တစ်ခုပဲ။
ချောင်ယန့်စယ်က မြင့်မြတ်သားရဲကို ဆွဲဆောင်ခဲ့တယ်ဆိုလဲ ထားလိုက်ပါအုံး။ ဒါပေမဲ့ သူက မြင့်မြတ်သားရဲကို ဒီလိုတကယ်ပဲ ရုတ်ရင်းကြမ်းတမ်းတဲ့အပြုအမူကို လုပ်ရဲရသလား။
ချောင်မိသားစုရဲ့မျိုးနွယ်စုခေါင်းဆောင်အပါအဝင် ချောင်မိသားစုဝင်အားလုံးက ချောင်ယန့်စယ်ကို ဒေါသတကြီး ကြည့်လိုက်ကြတယ်။ အကြည့်တွေကသာ လူကို သတ်နိုင်တယ်ဆိုရင် ချောင်ယန့်စယ်ရဲ့ခန္ဓာကိုယ်က မရေမတွက်နိုင်လောက်တဲ့အပေါက်တွေ ဖြစ်သွားလောက်ပြီ။
စူးလီက ခန်းမထဲလှုပ်ရှားမှုတွေကို စိတ်မဝင်စားလေဘူး။ သူမရဲ့ စိတ်အစဉ်တစ်ခုလုံးကို ကောင်းကင်စာအုပ်ထဲက စကားလုံးတွေက ဆွဲဆောင်ထားလေတယ်။
[အယ်... ဒီလိုဖြစ်နေတာကိုး။ ချောင်မိသားစုဝင်အားလုံးက အနက်ရောင်ကျောက်စိမ်းချီလင်နဲ့ တွေ့တဲ့အခါ သူတို့အားလုံးက တလေးတစားနဲ့ အမူအရာတွေ ဖော်ပြတတ်ပြီး စကားတစ်ခွန်းမှ မပြောရဲကြဘူး။ သူတို့တွေက မြင့်မြတ်သားရဲ ကျင့်ကြံနေတာကို အနှောင့်အယှက် မဖြစ်စေချင်ဘူးလို့ပြောပြီး ဦးညွှတ်နှုတ်ဆက်ပြီး ပြန်သွားကြတာ တယ်]
[တောင်ရဲ့အနောက်ဘက်ကိုလဲ ချိပ်ပိတ်ထားတာလေ။ သူ့ကို ဘယ်သူကမှ သွားနှောင့်ယှက်ခွင့်မပေးထားဘူး]
[နင်တို့တွေကလဲလေ... လေးစားသမှုရှိတာတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့လဲ အဲဒီတစ်ကောင်တည်းနေရတဲ့ သားရဲရဲ့ စိတ်အခြေအနေကို ဘာလို့ထည့်မစဉ်းစားပေးတာလဲ]
ချောင်မိသားစုဝင်တွေရဲ့ ဒေါသထွက်နေတဲ့အမူအရာက နေရာမှာတင် အေးခဲသွားပြီး သူတို့ရဲ့စိတ်တွေကလဲ ဗလာအတိဖြစ်သွားတော့တယ်။ မြင့်မြတ်သားရဲတွေက နှောင့်ယှက်ခံရတာကို အမုန်းဆုံး မဟုတ်ဘူးလား။
မြင့်မြတ်သားရဲကို မနှောင့်ယှက်ဖို့ တားမြစ်ထားတာကလဲ အကြောင်းအရင်းမရှိတာမှ မဟုတ်တာ။ ဒီစည်းကမ်းကို ချောင်မိသားစုက နှစ်တစ်ထောင်ကြာအောင် လက်ဆင့်ကမ်းလာတာလေ။
အပြင်လောကက အသံကဆက်ပြီးတော့ ပြောလိုက်တယ်။
[အော် မဆန်းပါဘူး။ ချောင်မိသားစုရဲ့လျစ်လျူရူ့ခံထားရပြီး ညံ့ဖျင်းလွန်းတဲ့အရည်အချင်းကြောင့် မိဘတွေရဲ့ ချစ်ခြင်းကို မခံခဲ့ရတဲ့ ချောင်ယန့်စယ်က အနောက်ဘက်တောင်ကို မတော်တဆ ဝင်သွားခဲ့မိပြီး အနက်ရောင် ကျောက်စိမ်းချီလင်ကို ခဏလောက် အဖော်ပြုပေးခဲ့တယ်လေ။ ဒါပေမဲ့ သူက သားရဲရဲ့ စိတ်အခြေအနေကို ချက်ချင်းစိတ်လှုပ်ရှားအောင် လုပ်နိုင်ခဲ့တာပေါ့]
[နှစ်တစ်ထောင်လောက် တစ်နေရာတည်းမှာ တစ်ယောက်တည်း နေလာရတဲ့ ဘယ်သူမဆို ရုတ်တရက်ကြီး သူ့ဘေးနားမှာ ပြေးလွှားခုန်ပေါက် စကားပြောပြီး သူ့ကို ပျော်အောင် လုပ်ပေးနိုင်တဲ့လူသားတစ်ယောက် ရှိလာတဲ့အခါ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ]
[ပိုအရေးကြီးတာက ဒီလူသားက ဘာအကျိုးအမြတ်မှမရရင် ထွက်ပြေးသွားခဲ့တာချည်းပဲ]
[ချောင်ယန့်စယ်က ချောင်မိသားစုရဲ့သခင်လေး ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ သူက သူ့ရဲ့ပန်းတိုင်ကို ရသွားပြီး ဖြစ်တဲ့အတွက် သူ့ဆီကို လာတော့မှာ မဟုတ်ဘူးလို့ အနက်ရောင်ကျောက်စိမ်းချီလင်က ထင်ထားခဲ့တာပေါ့။ သူက ချောင်ယန့်စယ်ကို အနောက်ဘက်တောင်ကနေ အချိန်မရွေး ထွက်သွားနိုင်ပြီး ဘယ်တော့မှ ပြန်မလာလဲရတယ်လို့တောင် အရိပ်အမြွက်ပြောခဲ့သေးတယ်...]
[ထင်မထားခဲ့တာက... ချောင်မိသားစုရဲ့သခင်လေး ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာလဲ ချောင်ယန့်စယ်က သူ့ဆီမှာ ပိုပြီးတော့တောင် တွယ်တာနေလာသေးတယ်။ မကြာခဏဆိုသလို ချောင်မိသားစုက သူ့ကိုပေးတဲ့ မှော်ရတနာတွေကို ကိုင်လာတတ်ပြီး အနက်ရောင်ကျောက်စီမ်းချီလင်ကို အားတက်သရောနဲ့ လာပေးတတ်တယ်]
[ဒါကြောင့်ပဲ မနေ့ညက မော့ယွီချီလင်က သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ... ]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုဖတ်လိုက်ပြီး မျက်နှာပေါ်မှာ လျှို့ဝှက်တဲ့အပြုံးတစ်ခုဖြစ်သွားပြီး သူမရဲအသံကလဲ မြှင့်တက်လာကာ လှိုင်းတစ်ခုလို ဖြစ်သွားတော့တယ်။
[ဒီတော့ မြင့်မြန်သားရဲနဲ့သူ့ရဲ့ဇနီးငယ်လေးပေ့ါလေ~ ~]
[ချောင်ယန့်စယ်က ချောင်မိသားစုရဲ့သခင်လေး ဖြစ်လာတာကလဲ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ]
[မော့ယွီချီလင်က ချောင်မိသားစုကို နှစ်တစ်ထောင်ကြာအောင် ကာကွယ်လာပေးခဲ့တယ်။ သူ ရှိနေတဲ့အတွက်ကြောင့် ဘာကိစ္စဖြစ်နေနေ ချောင်မိသားစုရဲ့ နှစ်တစ်ထောင် ချမ်းသာကြွယ်၀မှုကို ထိခိုက်တာမျိုး မရှိခဲ့ဘူး]
[ဒါက ချောင်မိသားစုရဲ့ သခင်လေးရာထူးပဲမလား။ သူ့ရဲချစ်လှစွာသော ဇနီးလေးအတွက် အကျိုးအမြတ် နည်းနည်းပါးပါး ရှာပေးတာ ဘာမှားလို့လဲ]
ဘယ်ကလာမှန်းမသိတဲ့ အသံရဲ့ လေသံက အရမ်းကို လက်တွေ့ကျလွန်းတာကြောင့် အားလုံးရဲ့ မျက်လုံးတွေက အမှတ်တမဲ့ ချောင်ယန့်စယ်ဘက်ကို လှည့်မိသွားတော့တယ်။ ချောင်ယန့်စယ်က အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာကြောင့် ကောင်းကင်ကလာတဲ့အသံကို မကြားနိုင်ဘူးပေါ့။ သူက သူ့ထိုင်ခုံမှာ ဖြည်းဖြည်းခြင်း ထိုင်ချလိုက်ပြီး လူအများကြီးက သူ့ကို ခိုးကြည့်နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူကလဲ နားမလည်တဲ့အမူအရာတစ်ခုနဲ့ ပြန်ကြည့်လိုက်တော့တယ်။
ဒီလူတွေက ရူးနေကြတာလား။ ဘာဖြစ်လို့ သူ့ကို ဒီလိုစိုက်ကြည့်နေကြတာလဲ။
အားလုံးက သိက္ခာရှိတဲ့အမူအရာတစ်ခုနဲ့ ကြည့်နေကြတယ်။ သူ့ခေါင်းကို အနည်းငယ် ဝင့်ဝင့်ကြွားကြွား မော့ထားပြီး သူ့တို့ကို အစေခံလို ကြည့်နေတာ မြင်လိုက်ရတော့ သူတို့တွေ အံကြိတ်လိုက်ကြပြီး အကြည့်လွှဲလိုက်ကြတယ်။
သူတို့တွေက ချောင်ယန့်စယ်ရဲ့အမူအရာကို စိတ်ထဲမှာ အထင်သေးနေကြပေမဲ့ သူတို့ကိုယ်တိုင် သတိမထားမိတဲ့ အားကျစိတ်တွေက မျက်လုံးထဲမှာ ပေါ်နေသေးတယ်။
ခွန်အားဆိုတာက ကျင့်ကြံရေးလောကထဲမှာ အမြဲတမ်း လေးစားရတဲ့အရာတစ်ခုလေ။ သူတို့ရဲ့ ကျင့်ကြဲခြင်းကို မြှင့်တင်ဖို့အတွက် ကျင့်ကြံသူအများစုက ထုတ်ပြောလို့မရနိုင်တဲ့ ရွံ့စရာကောင်းပြီး ညစ်ပတ်တဲ့ကိစ္စတွေတောင် လုပ်ခဲ့ရသေးတယ်။ ချောင်ယန့်စယ်ရဲ့ကိစ္စကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ချောင်းဟန့်သံတချက်ထက် မပိုပါဘူး။ ကျင့်ကြံသူတွေနဲ့ ဒဏ္ဍာရီလာသားရဲတွေကြားက စိတ်ဝင်စားမှုပဲ ဆိုပါတော့။
ဒီလိုစဉ်းစားလိုက်မိပြီး လူတချို့က သူတို့ရဲ့စိတ်ထဲမှာ ကြိတ်ပြီး စဉ်းစားနေမိတော့တယ်။ ဒါက စွန့်လွှတ်မှုတစ်ခုပဲလေ။
လက်တွေကို တင်းနေအောင် ကြိတ်ပြီးဆုပ်ထားကြတဲ့ ချောင်မိသားစုတချို့တောင်ရှိနေပြီး သူတို့တွေက စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီးသားပုံစံ ဖြစ်နေတော့တယ်။
ချောင်မိသားစုဝင်အားလုံးက နေရာယူပြီးလိုက်တဲ့နောက်မှာ အတိုင်းအတာတစ်ခုထိ အောင့်သက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်အခြေအနေကို ခံစားလိုက်မိပြီး မဟာအကြီးအကဲက ချောင်းနှစ်ချက် ဟန့်လိုက်တယ်။ ရွှင့်ချန်ဂိုဏ်း အကြီးအကဲတစ်ယောက်အနေနဲ့ အားလုံးကို နှုတ်ဆက်စကား ပြောလိုက်တယ်။ အားလုံးက သူတို့ရဲမျက်နှာပေါ်မှာ မသင့်လျော်အမူအရာတွေကို ဖယ်ရှားထားလိုက်ပြီး အပြုံးတစ်ခုနဲ့ ပြန်နှုတ်ဆက်လိုက်ကြတယ်။
ခန်းမထဲက လေထုအခြေအနေက အေးချမ်းလာတော့တယ်။
အထင်ကရမိသားစုထဲက မြို့သခင်တွေအားလုံး ရောက်လာတော့မဲ့အချိန်မှာပဲ မင်စုန်းခန်းမထဲကို ဝင်လိုက်ထွက်လိုက် သုံးလေးခါလောက် လုပ်နေတဲ့ပုံရိပ်တစ်ခုက စူးလီရဲ့အာရုံကို ဆွဲဆောင်ထားလိုက်တော့တယ်။
မျိုးနွယ်စုခေါင်းဆောင်ဆွန်းက သူရဲ့ဆန်ကုန်မြေလေးသားကို တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းကို ဒေါသထွက်သွားပြီး သူ့အသံကိုနှိမ့်ကာ သားဖြစ်သူကို ဆူပူကြိမ်မောင်းတော့တယ်။
“ဒါက ဘာအခမ်းအနားလဲဆိုတာ မင်းမသိဘူးလား။ မင်း ခန်းမတံခါးက ခြေတစ်လှမ်းလောက် ထွက်ကြည့်စမ်း ငါ မင်းရဲ့ခြေထောက်တွေကို ချိုးပစ်မယ်”
ဆွန်းရွှီက ဘာမှဂရုမစိုက်သလိုနဲ့ ခေါင်းကိုညိတ်ပြလိုက်ပြီး သူ့စကားကို စိတ်ထဲထည့်မနေဘူး။
“ကျွန်တော်သိပါပြီ အဖေ”
သူ့ရဲဂရုမစိုက်တဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ မျိုးနွယ်စုခေါင်းဆောင်ဆွန်း ပင့်သက်တချက် ရှိုက်လိုက်ပြီး ဒေါသနဲ့ပြောလိုက်တော့တယ်။
“ထိုင်စမ်း၊ အကြီးအကဲပိုင်ရဲ့ ဆက်ခံခြင်းအခမ်းအနားက စတော့မယ်”
ဆွန်းရွှီက ခုနတုန်းက ဆက်သွယ်ရေးပစ္စည်းကနေတဆင့် ရော့ချင်းနဲ့ ပြောတဲ့စကားတွေကို ပြန်စဉ်းစားနေလိုက်တယ်။ သူက ခန်းမဘက်ကို အထင်သေးမှု အတိုင်းသားနဲ့ လှမ်းကြည့်လိုက်တယ်။ သူက နှုတ်ခမ်းတွေကို ကွေးထားလိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်တယ်။
“ဒါက ငါ့ရဲ့ဆက်ခံခြင်းအခမ်းအနားမှ မဟုတ်တာ။ ငါနဲ့ဘာမှကိုမဆိုင်ဘူး။ ဒီတော့ ငါက ဒီနေရာမှာ နေ့တစ်ဝက်လောက် အချိန်ဖြုန်းနေတာပဲ”
ဒီအချိန်မှာပဲ သူက သူ့ရှေ့က အဖေဖြစ်သူကို လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“အဖေရယ်... ရူးလိုက်တာ ဒီလိုကိစ္စနဲ့များ အစ်ကိုအကြီးဆုံးကိုပဲ အဖော်လုပ်ခိုင်းပါတော့လား၊ ဘာလို့များ ကျွန်တော့်ကို အတင်းလာခိုင်းနေရသေးလဲ”
“ကျွန်တော်က ဒီနေ့ရော့ချင်းနဲ့ အပျော်လှေစီးပြီး လသွားကြည့်မယ်လို့ ချိန်းထားပြီးသား”
မျိုးနွယ်စုခေါင်းဆောင်ဆွန်းက သူပြောလိုက်တဲ့နာမည်ကို ကြားလိုက်တဲ့အချိန်မှာပဲ သူ့မျက်နှာက ဒေါသကြောင့် ပြာနှမ်းသွားတော့တယ်။
“တိတ်စမ်း”
နောက်ဆုံး မျိုးနွယ်စုအကြီးအကဲဆွန်းက အထင်ကရမိသားစုတစ်ခုရဲ့ခေါင်းဆောင် ဖြစ်နေတယ်လေ။ ဒီတော့ သူ့မှာ ဘယ်အရာကိုမှ ကြမ်းကြမ်းတမ်းတမ်း ပြောလို့မရဘူးပေါ့။ သူက အေးတိအေးစက် မျက်နှာတစ်ခုနဲ့ပဲ ပြောနိုင်တော့တယ်။
“မင်းပြောနေတဲ့ ရော့ချင်းက နောက်ကွယ်မှာ ချစ်မှုရေးရာတွေနဲ့ရမ္မက်စိတ်တွေ ပြည့်လျှံနေတဲ့ မိန်းမတယောက်ပဲ။ သူ့မှာ ချစ်သူတွေကလဲ ပေါများလိုက်တာဆိုတာ၊ ကျင့်ကြံသူအများအပြားကလဲ သူ့လှည့်စားတာခံရပြီး သူ့တိုရဲ့ကံကောင်းခြင်းတွေ၊ ချမ်းသာခြင်းတွေ ဆုံးရှုံးခဲ့ရတယ်”
“ သူက မင်းကိုကြိုက်တယ်လို့များ ထင်နေသလား။ သူ မင်းကိုချဉ်းကပ်တယ်ဆိုတာကလဲ မင်းရဲ့အရင်းအမြစ်ကြောင့်ပဲ။ မင်းသာ ငါ့သား မဟုတ်ဘူးဆိုရင် သူက မင်းကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး”
ဆွန်းရွှီက အဖေဖြစ်သူက သူ့ချစ်သူကို ဒီလိုပြောတာ ကြားလိုက်ရတဲ့အခါ သူ့မျက်နှာက ဒေါသနှင့်ပြည့်နှက်သွားတော့တယ်။
“အဖေ၊ အဖေက ရော့ချင်းကို လုံးဝနားမလည်ပါဘူး”
“သူ ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာ အဖေသိမှာ မဟုတ်ဘူး။ သူက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကိုလဲ အဖေမသိဘူး”
သူက ရော့ချင်းနဲ့ ကုန်ဆုံးခဲ့တဲ့အခိုက်အတန့်တိုင်းကို ပြန်စဉ်းစားလိုက်မိပြီး သူ့အသံတွေက ပိုပြီးသိမ်မွေ့လာပြန်တယ်။
“အဖေနဲ့အမေတို့က မိသားစုအရေး ကိုင်တွယ်နေကြတာနဲ့ပဲ အလုပ်များနေကြတာလေ။ အဖေတို့က ကျွန်တော့်ကို တွေ့လိုက်တဲ့အချိန်တိုင်း ပြောတဲ့စကားတိုင်းက ကျင့်ကြံခြင်းလုပ်ဖို့ပဲ”
“ ကျွန်တော်က အနိမ့်ဆုံးနေရာမှာရှိနေတုန်းကလဲ ဝိညာဉ်စွမ်းအင်ဆန်ပြုတ်တစ်ပန်ကန်းကို ကိုယ်တိုင်တိုက်ကျွေးခဲ့တာလဲ ရော့ချင်းပဲ”
သူက ဒီအကြောင်းကို ပြောလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေထဲမှာ ခံစားချက်အပြည့်ပါနေတော့တယ်။
“ အဲဒါက ကျွန်တော်စားဖူးသမျှ ဝိညာဉ်စွမ်းအင်ဆန်ပြုတ်ထဲမှာ အရသာအရှိဆုံးပဲ။ နွေးထွေးမှုနဲ့ အချစ်ဆိုတဲ့အကြောင်းအရာကို ကျွန်တော်ကိုနားလည်အောင် လုပ်ပေးခဲ့တာက ရော့ချင်းပဲ”
သူ့စကားတွေကို ကြားလိုက်ရတဲ့အခါ ဆွန်းမိသားစုခေါင်းဆောင်က ဒေါသအရမ်းထွက်လာလို့ အသက်တောင်မရှူနိုင်လောက်အောင် ဖြစ်သွားတော့တယ်။ သူ့အသံက အနည်းငယ် တုန်ယင်လို့နေတယ်။
“ဆွန်းမိသားစုက မင်ကို မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေနဲ့ ရာထူးကြီးတစ်ခုပေးထားခဲ့တယ်။ မင်းကတော့ ဝိညာဉ်စွမ်းအင် ဆန်ပြုတ်လေးတစ်ခွက်အတွက်နဲ့များ...”
စူးလီက ဆွန်းမိသားစုခေါင်းဆောင်က ရော့ချင်းအကြောင်းကို ပြောလိုက်တာ ကြားလိုက်ရပြီးနောက်ပိုင်းမှာ သူမက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်ပြီး ရော့ချင်းရဲ့ အချစ်အကြောင်းအတ္ထုပ္ပတိကို စိတ်ဝင်တစားနဲ့ဖတ်လိုက်တော့တယ်။ သူမက စာမျက်နှာသုံးရွက် လှန်ပြီးသွားတာတောင် ဇာတ်လမ်းက မဆုံးသေးဘူးတဲ့။
သူမက ရော့ချင်းရဲ့ အရည်အချင်းတွေကို အံ့သြလို့မဆုံးနိုင်သေးခင်မှာပဲ ဆွန်းရွှီရဲ့ နားကွဲလုမတတ် စကားသံကို ကြားလိုက်ရတယ်။ သူမက တစ်ဖန် ထိတ်လန့်မိပြန်တယ်။
[တကယ်တည်း ဒါက ဘယ်လို ထိပ်တန်းအချစ်ရူးမျိုးလဲ]
[ဝိညာဥ်စွမ်းအင် ဆန်ပြုတ်တစ်ခွက်အတွက်နဲ့တဲ့၊ အဆိပ်ပါတဲ့ဆန်ပြုတ်ကတောင် ဒီလိုအစွမ်းရှိမယ်မထင်ဘူး ဟုတ်တယ်မလား]
[အဲဒီလိုပြောတော့... ဆွန်းရွှီက ဒီအကြောင်းကိုရော သိရဲ့လား။ ရော့ချင်းက သူနဲ့အတူတူ ရှိနေတဲ့အချိန်မှာပဲ သူက အထင်ကရမိသားစုက ကလေးတွေတော်တော်များများနဲ့လဲ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတာကိုလေ]
[ဟမ် ဒီလူတွေထဲမှာ တကယ်တော့ ဆွန်းရွှီရဲ့တူလေးတောင် ပါနေတယ်တာလား]
အပြင်လောက ကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဆွန်းမိသားစုခေါင်းဆောင်က ဆွန်းရွှီကို မျှော်လင့်တကြီး ကြည့်လိုက်တော့တယ်။ အပြင်ကလာတဲ့အသံက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူးလေ။
အခုတော့ ဆွန်းရွှီက ရော့ချင်းရဲ့ လုပ်ရပ်တွေကို သူ့နားနဲ့ ကြားလိုက်ရပြီဆိုတော့ ထပ်ပြီးတော့သေချာပေါက် လှည့်စားခံရတော့မှာ မဟုတ်လော့တော့ပါဘူး...
...