← Chapters

အခန်း ၃၈

Vol. 3 Ch. 38

အခန်း ၃၈

Vol. 3 Ch. 38

အပိုင်း(၃၈)

နဉ်းလင်တောင်ထွတ်ထဲတွင် ရှိနေပြီး မပြန်ကြရသေးတဲ့ ရွှင့်ချန်ဂိုဏ်းက ယောကျာ်းလေးတပည့်တွေက ရှောင်းရှီးရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့ရဲ့ခါးတွေက အေးစိမ့်စိမ့် ခံစားချက်တစ်ခုကို ခံစားလိုက်ရတယ်။ သူတို့တွေက မနေနိုင်တော့ဘဲ သူတို့ရဲ့ ခြေထောက်တွေကို ပူးကပ်ထားလိုက်မိပြီး သူတို့ရဲစိတ်ထဲမှာလဲ ကိုယ့်ဟာကို ပြန်မေးလိုက်တော့တယ်။ သူတို့ရဲ့ဓားသိုင်းကျင့်ကြံသူတွေက ဘာဖြစ်လို့အဲ့လောက်အထိ ကြောက်စရာကောင်းနေတာလဲ။

အဲ့ဒီနောက်မှာတော့ သူတို့အားလုံးက တွန့်လိမ်နေတဲ့ကိုယ်နေဟန်ထားနဲ့ နဉ်းလင်တောင်ပေါ်ကနေပြီး အလောတကြီး ပြန်ထွက်သွားကြတော့တယ်။

စူးလီက နဉ်းလင်တောင်ထွတ်ပေါ်က လက်ရှိအခြေအနေကို ဂရုမစိုက်လေဘူး။ သူမက ရှောင်းရှီးရဲ့ မျက်နှာပေါ်က တည်ငြိမ်နဲ့အမူအရာကို ကြည့်လိုက်ပြီး သူမကပဲ ကျင့်ကြံရေးလောကရဲ့ ပြောင်းလဲတိုးတက်မှုတွေကို အမှီမလိုက်နိုင်ပဲ ခေတ်နောက်ကျနေတာလားလို့ ပထမဦးဆုံးအကြိမ် စပြီးတော့သုံးသပ်ကြည့်မိတော့တယ်။

ကိစ္စမရှိပါဘူး နှစ်ခါလေးပဲ ဖြတ်တာပဲ။ ကြီးကြီးမားမားကိစ္စမှမဟုတ်ပဲ။

ဒါပေမဲ့.... ကောင်းကင်စာအုပ်ထဲမှာ သူမ ဖတ်ခဲ့တဲ့အကြောင်းအရာကို ပြန်စဥ်းစားကြည့်လိုက်တယ်။ ဓားသိုင်းကျင့်ကြံသူတွေက သူတို့ရဲ့အသက်သွေးကြော အင်္ဂါအစိတ်အပိုင်းတွေကို အရမ်းကို အစွဲအလမ်းကြီးလွန်းကြတဲ့ အကြောင်းပေါ့။ ဒီလိုနဲ့ သူမမျက်လုံးထဲက အကြည့်တွေက တမူထူးခြားပြီး သိမ်မွေ့လာတော့တယ်။

သိပ်မဝေးလှတဲ့နေရာက ရှောင်းရှီးကို ကြည့်လိုက်ပြီး သူမက မနေနိုင်တော့ဘဲ ရှေ့ကိုနှစ်လှမ်းတိုးလိုက်ကာ စိတ်ထဲရှိတဲ့အတိုင်း မေးလိုက်တော့တယ်။

“ဝိညာဥ်ဓားကိုရယူဖို ဒီနည်းလမ်းက သိပ်ပြီးတော့ စိတ်မချရဘူးလို့ ရှင်မထင်ဘူးလား”

ဒီစကားကို ကြားလိုက်တဲ့အခါ ရှောင်းရှီးကလည်း စိတ်ထဲကအတိုင်း ခေါင်းညိတ်လိုက်တယ်။

“ဒီနည်းလမ်းက တကယ့်ကိုမယုံနိုင်စရာပဲ”

“ရှင်လဲ အဲ့ဒါကိုသိတယ်နော်”

စူးလီရဲ့မျက်လုံးတွေက သူမရဲ့အဖြေကို ကြားလိုက်ပြီးတဲ့အချိန်မှာ ခဏလောက် စိတ်အေးသွားတော့တယ်။ တော်ပါသေးရဲ့။ ဒီဓားသိုင်းကျင့်ကြံသူတွေက ငါ ထင်ထားသလောက် မတုံးအပေလို့ပဲ။

အဲ့ဒီနောက်မှာတော့ သူမက တစ်ခုခုသတိရသွားတဲ့ပုံစံနဲ့ ထူးဆန်းတဲ့ အမူအရာတစ်ခုနဲ့ သူမရှေ့က လူတွေကို ကြည့်လိုက်တော့တယ်။

“ဒါဆိုရင် ရှင်တို့တွေက အခုထက်ထိ....”

ရှောင်းရှီးက စူးရှတဲ့မျက်လုံးတွေနဲ့ အဝေးတစ်နေရာကို ကြည့်လိုက်တယ်။

“ကျွန်မကဓားသိုင်းကို စပြီးကျင့်ကြံလာကတည်းက လူတိုင်းက ကျွန်မကို ပြောကြတယ်လေ။ ကျွန်မရဲ့ မွေးချင်းဓားကို ဓားဝိညာဥ်လေးတစ်ခု မွေးဖွားစေချင်တယ်ဆိုရင် ကျွန်မက ထူးခြားတဲ့အရည်အချင်းတစ်ခု ရှိဖို့လိုအပ်တယ်တဲ့။ ကြိုးစားပြီးလေ့လာရမယ်။ ဓားကိုလည်း ကျွန်မရဲ့ဘဝလို ချစ်မြတ်နိုး ရမယ်တဲ့....”

သူမက စကားပြောလိုက်ပြီးတဲ့အခါ စူးလီကို လှည့်ကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာ လောကဓံကို ခံစားနေရတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ဓားသိုင်းကျင့်ကြံသူတိုင်းက ကိုယ်တိုင်ကိုက ဒါကို လိုလိုလားလား တောင်းဆိုကြတာလေ။ နှစ်ပေါင်းရာချီကြာလာတဲ့အထိ ဓားဝိညာဥ် ပိုင်ဆိုင်ကြတဲ့ကျင့်ကြံသူတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ နောက်ပြီး ဝိညာဥ်ဓားကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ”

“ဒါပေမဲ့ အခုတော့ ကျွန်မတို့တဲ့ ဂိုဏ်းတူအစ်ကိုရဲ့ မွေးချင်းဓားက ဓားဝိညာဥ်ကို မွေးဖွားခဲ့တဲ့အကြောင်းအရင်းကို ကျွန်မတို့ သေချာသိလိုက်ရပြီလေ။ နောက်ပြီး ဒါက သူ့ကိုယ်သူ သင်းကွပ်လိုက်လို့ပေါ့”

ဒီအချိန်မှာတော့ သူ့မရဲ့အသံက စွဲလမ်းမြတ်နိုးဖွယ်ဖြစ်ပြီး အပြစ်မတင်နိုင်တဲ့ လေသံတစ်ခု ဖြစ်လာတော့တယ်။

“ဒါကယုံကြည်ချင်စရာ မရှိဘူးဆိုရင်တောင် မျှော်လင့်ချက် ရေးရေးလေး ရှိနေသေးသရွေ့တော့ ကျွန်မတို့ဓားသိုင်းကျင့်ကြံသူတွေက နောက်ဆုံးအချိန်အထိ သေချာပေါက်မဆုတ်မနစ် ကြိုးစားရမှာပေါ့”

ရှောင်းရှီးရဲ့အဖြေက အရမ်းကို သဘာဝကျပြီးတော့ ရှင်းလင်းပြီး လက်တွေ့ကျတဲ့အတွက် အခိုက်တန့်အတွင်းမှာ စူးလီက ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိတော့ဘူး။

အချိန်ခဏကြာပြီးမှတော့ သူမရဲ့အသံက လုံးဝကိုမသိသာတဲ့ ကံကြမ္မာအပြောင်းအလဲအရိပ်တစ်ခု ပါနေတဲ့အသံ ဖြစ်သွားတော့တယ်။

“ဒီဝိညာဥ်ဓားကို မွေးထုတ်မှဖြစ်မှာလား”

ဒီစကားကို ကြားလိုက်ရတော့ ရှောင်းရှီးရဲ့ မျက်လုံးတွေက ရုတ်တရက် ဝိုင်းစက်သွားပြီး ‘ရှင်ကလေ ဘာလို့အဲ့လောက်တောင်မှာ ကျိုးကြောင်းဆီလျော်မှုမရှိရသလဲ’ ဆိုတဲ့အမူအရာတစ်ခု ဖြစ်သွားတော့တယ်။ ဒီမေးခွန်းကို မေးစရာလိုသေးလို့လား။

ဒါက ဝိညာဥ်ဓားလေ။

စူးလီက သူမရဲ့မျက်နှာကိုကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း နောက်ဆုံးတော့ ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်တော့တယ်။

“ရှင်တို့တွေ စိတ်ချမ်းသာသလိုနေကြပါ”

စည်းကမ်းထိန်းသိမ်းရေးခန်းမထဲမှာ ရွှင့်ချန်ဂိုဏ်းရဲ့အကြီးအကဲ ခန်းမထဲက အကြီးအကဲတွေအာလုံးက တည်ကြည်တဲ့အမူအရာတွေနဲ့ ဒီနေရာမှာ စုဝေးလာကြတယ်။ ပုံမှန်ဆိုရင် ပြုံးနေတတ်တဲ့ အဆင့်ခုနှစ်အကြီးအကဲကတောင် အင်မတန်မှလေးနက်နေပုံပေါ်တယ်။

လုကျင်းဟွိုင်က အမြင့်ဆုံးနေရာတစ်ခုမှာ ရပ်နေလိုက်ပြီး သူရဲ့မျက်နှာပေါ်မှာ ဘာကြင်နာသနားတက်တဲ့အရိပ်မှ မရှိလေတော့ဘူး။ အဲဒီအစား သူက လူတွေကိုကြောက်ရွံ့သွားအောင် ခံစားရစေမဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ဖိအားအရိပ်အဝါတစ်ခုနဲ့ ပြည့်နှက်နေတော့တယ်။ သူက စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ အလယ်မှာ အပြိုပြိုအလဲလဲဖြစ်နေပြီး လုံးဝသတိမေ့မျောနေကြတဲ့ ကျုးကျော်လာသူ ခုနှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ တည်ငြိမ်လေးနက်မှုနဲ့ တင်းမာရက်စက်မှုအပြည့် ဖြစ်နေတော့တယ်။

ရွှင့်ချန်းဂိုဏ်းက ကျင့်ကြံရေးလောကထဲက အဓိကဂိုဏ်းကြီး ခြောက်ခုထဲကတစ်ခုလေ။ သတင်းအချက်အလက်ကို စုံစမ်းချင်လို့ တာဝန်လက်ခံချင် ဟန်ဆောင်ပြီး ရွှင့်ချန်ဂိုဏ်းကို သီခြားကျင့်ကြံသူတွေ အများကြီး လာလေ့ရှိသလို တချို့ဆေးလုံးတွေနဲ့ ဝိညာဥ်ဆေးပင်တွေကို တိတ်တိတ်လေး ယူချင်လို့ လာတဲ့သူတွေလည်း ရှိတယ်။

ဒီလူခုနှစ်ယောက်က အတူတူပဲလို့ အစတုန်းက ထင်ထားခဲ့တာ။ ဒါကြောင့်မို့လို့ သူက ဒီကိစ္စအပေါ် အများကြီးတောင် မစဥ်းစားထားဘဲ ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးခန်းမဆီကိုပဲ အပြည့်အ၀ လွှဲလိုက်မယ်လို့ စဥ်စားထားတာ။

မျှော်လင့်မထားပဲ စည်းကမ်းထိန်းသိမ်းရေးခန်းမက အကြီးအကဲက သူတို့ကို စုံစမ်းစစ်ဆေးတဲ့အခါ အရမ်းကိုမှ ရင်းနှီးတဲ့ ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။

ဒါက အရမ်းကို အားနည်းပြီး စိတ်ထင်ယောင်ထင်မှားဖြစ်တာလို့ ထင်ရပေမဲ့လည်း ပထမဆုံးအခိုက်အတန့်မှာပဲ သူ့ကို သတိကပ်သွားစေတယ်။

ဒီလူတွေဆီမှာပေါ်လာတဲ့ ဝိညာဥ်စွမ်းအင်လှိုင်းက ရွှင့်ချန်ဂိုဏ်းရဲ့ တန်ဖိုးအရှိဆုံးရတနာဖြစ်တဲ့ ချင်ထျန်းနတ်သမီးရေစင်နဲ့ အရမ်းကိုဆင်တူနေတယ်။

ချင်ထျန်းနတ်သမီးရေစင်က ရွှင့်ချန်ဂိုဏ်းကို တည်ထောင်သူက ထားခဲ့တဲ့ မှော်ရတနာတစ်ခုလေ။ ဒါက ရွှင့်ချန်ဂိုဏ်းကို နှစ်ထောင်ချီအောင် ပေါများကြွယ်ဝလာစေဖို့ အခြေခံအုတ်မြစ်ပေါ့။

ဒါက အရမ်းကို အဖိုးထိုက်တန်တာကြောင့် သူ့ကို သေးငယ်တဲ့လောကတစ်ခုထဲမှာ သိမ်းဆည်းထားပြီး ဘိုးဘေးတွေကပဲ အထူးတလည်ဖွင့်ခဲ့ကြတယ်။ ဒီလောကငယ်လေးကို ဝင်ရောက်ဖို့အတွက် ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ အကြီးအကဲခန်းမထဲက အကြီးအကဲအားလုံးရဲ့ ဝိညာဥ်စွမ်းအားတွေကို လိုအပ်တယ်။

လုကျင်းဟွိုင်ရဲ့ မျက်နှာက အင်မတန်မှ ညို့မှိုင်းသွားခဲ့တယ်။ သေးငယ်တဲ့လောကလေး နောက်ဆုံးပွင့်သွားတဲ့ အချိန်တုန်းက သူ့ရွှင်ချန်ဂိုဏ်းချုပ် ဖြစ်လာတဲ့အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀နီးပါး လောက်တုန်းကပေါ့။

ဧကန္တ ပြီးခဲ့တဲ့နှစ်ရာချီအတွင်းမှာ တစ်ယောက်ယောက်က ချင်ထျန်းနတ်သမီးရေစင်ကိုများ ထိခဲ့လေသလား။

“ဒီလူတွေရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပြီးပြီလား”

ကျန်းမြန်က သူ့လက်ထဲက အဆောင်စာရွက်ကို ပြန်ယူလိုက်ပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“အဖြေက ဝိညာဥ်ရှာဖွေခြင်းဆေးက ရတဲ့အဖြေနဲ့ အတူတူပဲ၊ ဒီလူတွေက ရွှင့်ချန်ဂိုဏ်းရဲ့ ကြီးကြပ်မှုအောက်က မြို့တွေထဲက မြို့သူမြို့သားတွေပဲ သူတို့တွေကမြို့ထဲမှာနေလာတာ အနည်းဆုံးနှစ်ပေါင်းတစ်ရာလောက်ရှိပြီ”

“မြို့သခင်တွေ ပြောတာကတော့ သူတို့တွေက ပုံမှန်ဆိုရင် မိသားစုအသီးသီးက သခင်လေး၊ သခင်မလေးတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်တဲ့။ စုမိသားစုရဲ့ တတိယသခင်မလေး ပြောတဲ့စကားအရတော့ ဒီနဉ်ဖုန်းက သူမကိုအသုံးချပြီး စုမိသားစုရဲ့အမွေအနှစ် ဓားသိုင်းကွက်ကို မြင်ချင်တာတဲ့”

ကျန်တဲ့လူတွေဆီက ရတဲ့အချက်အလက်တွေကလည်း တော်တော်လေးကို ဆင်တူတယ်။

ဒုတိယအကြီးအကဲက မနေနိုင်ဘဲ မျက်မှောင်ကြတ်လိုက်တော့တယ်။

“ပြီးခဲ့တဲ့နှစ်ရာချီတုန်းက သူတို့တွေက ရွှင့်ချန်ဂိုဏ်းကို ရှင်းလင်းဖို့အတွက် အစီအစဥ်ချထားတယ်ဆိုတဲ့ သက်သေပေါ့”

“နောက်ကွယ်ကကြိုးကိုင်သူကို မရှာနိုင်တာကတော့ နှမြောစရာပဲ”

အဆင့်ခုနှစ်အကြီးအကဲက သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ ပုံမှန်ဖော်ရွေတဲ့ အပြုံးတစ်ခုကိုသိမ်းဆည်း ထားလိုက်ပြီး အေးတိအေးစက် ပြောလိုက်တယ်။

“ဒီလူတွေက နောက်ကွယ်က ကြိုးကိုင်သူတွေရဲ့ လူမိုက်တွေသက်သက်ပဲ၊ သူတို့ရဲ့စိတ်ဝိညာဥ်ထဲကို ရှာဖွေရင်တောင် အဲ့ဒီလူရဲ့သဲလွန်စကို လုံးဝရှာမတွေ့နိုင်ဘူး”

အဆင့်ငါးအကြီးအကဲက သူ့လက်ထဲက အဆောင်စာရွက်ကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ပြီး အညှာအတာကင်းမဲ့စွာ အရေးအကြီးဆုံးမေးခွန်းကို ထောက်ပြလိုက်တယ်။

“အခုလောလောဆယ်တော့ ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူကို ခဏလောက်ဖယ်ထားလိုက်အုံး။ အခုအချိန်မှာ အရေးအကြီးဆုံးကိစ္စက ဂိုဏ်းရဲ့ရတနာဖြစ်တဲ့ ချင်ထျန်းနတ်သမီးရေစင်မဟုတ်လား”

“ချင်ထျန်းနတ်သမီးရေစင်ကို တွေ့ရဖို့အတွက် ငါတို့တွေတောင်မှ အရမ်းကိုခက်ခဲခဲ့တာ၊ ဘယ်လိုလုပ်ပြီး သူတို့ဆီမှာ ချင်ထျန်းနတိသမီးရေစင်ရဲ့ ဝိညာဥ်စွမ်းအင်တွေရှိနေတာလဲ”

လက်ဖဝါးထဲက ပါးလွှာတဲ့ဝိညာဥ်စွမ်းအင်လှုပ်ရှားမှုကို မျက်လုံးမှိတ်ပြီး ခံစားကြည့်လိုက်တယ်။ သူကတစ်ခုခုကို အာရုံခံမိလိုက်သလို သူ့မျက်လုံးတွေကို ရုတ်တရက် ပြန်ဖွင့်လိုက်တယ်။

“ဒါက ချင်ထျန်းနတ်သမီးရေစင် မဟုတ်ဘူးလား”

အားလုံးကသူကို တအံ့တသြနဲ့ ကြည့်လိုက်ကြပြီး ဒုတိယအကြီးအကဲက မနေနိုင်တော့ပဲ မေးခွန်းထုတ်လိုက်တော့တယ်။

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ငါကချင်ထျန်းနတ်သမီးရေစင်ကို တစ်ခါပဲတွေ့ခဲ့ဖူးတယ်ဆိုပေမဲ့ ဘယ်တော့မှမမှားပါဘူး”

အကြီးအကဲက မျက်မှောင်ကျုံ့လိုက်ပြီး ခေါင်းခါလိုက်တယ်။

“ဒါက နတ်သမီးမေတ္တာရေစင်ပဲ”

ဒီနတ်သမီးရေစင်နှစ်မျိုးက သူ့ရဲ့လာရင်းနေရာက အတူတူပဲ။ သူတို့ရဲ့ဝိညာဥ်စွမ်းအင်ကလည်း အင်မတန်မှဆင်တူတယ်။ ပိုဆိုးတာက သူတို့လက်ထဲက ဝိညာဥ်စွမ်းအင်က အရမ်းကို နည်းပါးလွန်းနေတယ်။ သူသာ ချင်ထျန်းနတ်သမီးရေစင်နဲ့ အထူးတလည် ရင်းနှီးမှုမရှိဘူးဆိုရင် ဒါကိုအလွယ်တကူ သတိထားမိလိမ့်မှာတောင်မဟုတ်ဘူး။

နတ်သမီးမေတ္တာရေစင်က ညစ်ညမ်းနေတဲ့ ချင်ထျန်းနတ်သမီးရေစင်လို့ ပြောလို့ရတယ်။ သန့်ရှင်းပြီးကြည်လင်တဲ့ ချင်ထျန်းနတ်သမီးရေစင်နဲ့ မတူဘဲ သူကို့ ခံစားချက်နဲ့ထိန်းချုပ်နိုင်ပြီး ကျင့်ကြံသူတွေရဲ့အတွင်းစိတ်ထဲမှာ ချစ်ခြင်းတရားကို နိုးဆွလာအောင် ပြုလုပ်ပြီးနောက်ဆုံးမှာတော့ အချစ်စိတ်ထဲ အပြည့်အ၀ သက်ဆင်းသွားအောင် လုပ်နိုင်တယ်။ သူရဲ့သန့်စင်ခြင်းနဲ့ ကံကောင်းခြင်းတွေကလည်း နတ်သမီးမေတ္တာရေစင်အတွက် အာဟာရအဖြစ် ပြောင်းလဲသွားလိမ့်မယ်။

လုကျင်းဟွိုင်ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့တယ်။ ဒါက ဂိုဏ်းရဲ့ရတနာဆိုတာ သေချာပြီးတဲ့အတွက် သူရဲ့အမူအရာက လုံးဝကိုမအေးချမ်းတော့ဘဲ ပိုပြီးတည်ကြည်လေးနက် လာတော့တယ်။

“အကြီးအကဲ ပြီးခဲ့တဲ့ နှစ်ရာချီအတွင်းမှာ ရွှင့်ချန်ဂိုဏ်းက ကျင့်ကြံသူ အများအပြားက အချစ်ရေးမှာ စွဲလမ်းခဲ့ကြတယ်လို့ မထင်မိဘူးလား”

ယွင်ရှောင်၊ စီးရှ၊ ဆွန်းရွှီ....

“ဒီလူတွေက အင်မတန်မှ အရည်အချင်းရှိတယ်။ ဒါပေမဲ့ သူတို့တွေက အချစ်ရဲ့ ရှုပ်ထွေးမှုကို ခံစားလိုက်ရပြီး တချို့တွေက သူတို့ရဲ့အသက်ကိုတောင် ဆုံးရှုံးခဲ့ရတယ်”

မဟာအကြီးအကဲကလည်း တုံ့ပြန်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ အင်မတန်မှ ကြောက်စရာကောင်းလာတော့တယ်။

“ဂိုဏ်းချုပ်ကြီး ခင်ဗျားဆိုလိုချင်တာက...”

ဂိုဏ်းရဲ့တန်ဖိုးအရှိဆုံး ရတနာဖြစ်တဲ့ ချင်ထျန်းနတ်သမီးရေစင်ကလည်းပဲ အဆိပ်အတောက် ဖြစ်လာပြီလား။

လုကျင်းဟွိုင်က သူ့ကို ပြန်မဖြေလိုက်ဘူး။ ဒါပေမဲ့ အကြီးအကဲအားလုံးကို တည်ကြည်တဲ့အမူအရာနဲ့ ကြည့်လိုက်တော့တယ်။

“အားလုံးပဲ ကျုပ်တို့တွေ လောကငယ်လေးဆီကို သွားမှဖြစ်တော့မယ်”

အကြီးအကဲတွေက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်စက္ကန့်မှာတော့ အားလုံးရဲ့ ပုံရိပ်တွေက လောကငယ်လေးရဲ့ ကွာဟတဲ့နေရာနားမှာ လာပေါ်တော့တယ်။

လုကျင်းဟွိုင်က ဂိုဏ်းချုပ်တံဆိပ်ကို ထုတ်လိုက်ပြီး အလယ်က ဟနေတဲ့နေရာလေးက ဝိညာဥ်အမှတ်ကို ဖိချလိုက်တယ်။ အကြီးအကဲအားလုံးရဲ့ ဝိညာဥ်စွမ်းအင်တွေကို ပတ်ဝန်းကျင်နေရာနဲ့ ဂိုဏ်းချုပ်တံဆိပ်ပေါ်ကို ဖြည်းဖြည်းချင်းထည့်သွင်းလိုက်တယ်။

မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တစ်ခုက လင်းလက်လာပြီး နောက်တစ်စက္ကန့်မှာ အားလုံးကလောကငယ်လေးထဲမှာ ပေါ်လာတော့တယ်။ သူတို့က ဒီနေရာကို ဝင်ရောက်လာတာနဲ့ ချက်ချင်း ပြည့်လျှံနေတဲ့ ဝိညာဥ်စွမ်းအင်တွေရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရတယ်။ ဝိညာဥ်စွမ်းအင်တွေက အရမ်းကိုပေါများနေတဲ့အတွက်ကြောင့် လောကငယ်လေးထဲမှာ ဝိညာဥ်နှင်းမှုန့်လေးအဖြစ် စုစည်းသွားတော့တယ်။

လုကျင်းဟွိုင်က ပတ်ဝန်းကျင်ကို မကြည့်တော့ဘဲ လောကငယ်လေးရဲ့ အလယ်ဗဟိုဆီကို လျှောက်သွားလိုက်ပြီး ဝိညာဥ်စွမ်းအင်တွေရဲ့ သက်ရောက်မှုကို သည်းခံထားလိုက်ရင်း လေထဲမှာမျောနေတဲ့ ချင်ထျန်းနတ်သမီးရေစင်ကို အာရုံစိုက်ပြီးကြည့်လိုက်တယ်။

သူက ချင်ထျန်းနတ်သမီးရေစင်ထဲက ဝိညာဥ်စွမ်းအင်ကို ခံစားကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ နည်းနည်းလေး လေးလံသွားတော့တယ်။

အင်မတန်မှ အားနည်းချိနဲ့တယ်ဆိုပေမဲ့ ခမ်းနာထည်ဝါလွန်းတဲ့ ဝိညာဥ်စွမ်းအင်ထဲက ထူးခြားတဲ့ဝိညာဥ်စွမ်းအင် လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်သေးတယ်။ နည်းနည်းလေး ထိလိုက်တာနဲ့ မသက်မသာခံစားရစေတယ်။

မဟာအကြီးအကဲကလည်း အဲ့ဒီလိုပဲခံစားလိုက်ရတယ်။ သူ့မျက်နှာက ဖြူဆုတ်သွားပြီး သူ့မျက်လုံးတွေကလည်း မယုံကြည်နိုင်စရာအပြည့် ဖြစ်သွားတယ်။

ချင်ထျန်းနတ်သမီးရေစင်က တကယ်ပဲ ညစ်ညမ်းသွားပြီလား။

သူက သူ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်ပြီး သူရဲ့ဝိညာဥ်စွမ်းအင် အားလုံးကို သုံးလိုက်ကာ ချင်ထျန်းနတ်သမီးရေစင်ရဲ့ ညစ်ညမ်းနေတဲ့အပိုင်းကို ခွဲထုတ်ဖို့ ကြိုးစားလိုက်တယ်။

အသက်သုံးချက်ရှူလိုက်တဲ့အတွင်းမှာ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေ အားလုံးက လျော့ပါးသွားပေမဲ့ ညစ်ညမ်းနေတဲ့ ချင်ထျန်းနတ်သမီးရေစင်ကတော့ လုံးဝမပြောင်းလဲသွားဘူး။

ဒုတိယအကြီးအကဲက ဝိညာဥ်စွမ်းအင်နည်းပါးသွားတဲ့ ပထမအကြီးအကဲကို ထောက်ပံ့ပေးလိုက်ပြီး သူ့မျက်လုံးတွေကလည်း တည်ငြိမ်မှုအပြည့် ဖြစ်သွားတော့တယ်။

ဒါက ရွှင့်ချန်ဂိုဏ်းရဲ့ အုတ်မြစ်လေ။ ဒီအုတ်မြစ်က ညစ်ညမ်းသွားပြီဆိုတာနဲ့ နှစ်ထောင်ချီနေတဲ့အမွေအနှစ်တွေက အချိန်မရွေး ပျက်စီးသွားလိမ့်မယ်။

မရေမတွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ တပည့်တွေရဲ့သေဆုံးမှုက ဒီအချက်ကို သက်သေပြဖို့ လုံလောက်တယ်။

ပိုအရေးကြီးတာက နတ်သမီးမေတ္တာရေစင်က ကံကောင်းခြင်းအပြည့်ရှိတဲ့ တပည့်တွေရဲ့အချစ်စိတ်ကို ဆက်တိုက်နိုးဆွနေပြီး သူတို့ရဲ့ကံကောင်းခြင်းတွေကို ယူသွားတယ်။ တကယ်လို့ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ချင်ထျန်းနတ်သမီးရေစင်က လုံးဝကို ညစ်ညမ်းသွားတော့မယ်။

ဒါပေမဲ့ ဒီချင်ထျန်းနတ်သမီးရေစင်က မြင့်မြတ်ရတနာတစ်ခုလေ။ ပြီးတော့ သူက နတ်သမီးမေတ္တာရေစင်နဲ့လည်း အခိုင်အမာချိတ်ဆက်ထားတယ်။ တကယ်လို့ ဒီနှစ်ခုကို ခွဲထုတ်ချင်တယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားနဲ့တောင် ဖြစ်နိုင်မှာမဟုတ်ဘူး။

နောက်ပြီးတော့ ဒီကိစ္စကလက်ရှိမှာ အရမ်းကို အရေးကြီးနေတယ်။ ဒီအကြောင်းကို တခြားသူတွေကို အသိပေးလို့ မဖြစ်သလို ဂိုဏ်းကိုလည်း ကြောက်လန့်တကြားဖြစ်အောင် လုပ်လိုက်လို့မရဘူး။

ဒီအခိုက်မှာ အားလုံးက ဒီပစ္စည်းနှစ်ခုကို ခွဲထုတ်ဖို့နည်းလမ်းများ ရှိနေမလားလို့ အသည်းအသန် စဥ်းစားကြတယ်။ ဒါပေမဲ့လည်း နည်းလမ်းက လုံးဝထွက်မလာဘူး။

ဒါကမြင့်မြတ်ရတနာတစ်ခုလေ။ တစ်ယောက်ယောက်က ဒါကို လက်ဆော့ချင်တယ်ဆိုရင်တောင် တက်လှမ်းပြီးသွားတဲ့ အမတတစ်ယောက် ပြန်လာတာပဲဖြစ်ဖြစ်၊ ဒီရတနာနဲ့ နှိုင်းယှဥ်နိုင်တဲ့ ဝိညာဥ်စွမ်းအင်ပစ္စည်းတစ်ခုကို ထုတ်လုပ်နိုင်တာပဲဖြစ်ဖြစ် သူရဲ့ဝိသေသလက္ခာတွေကလည်း နတ်သမီးမေတ္တာရေစင်ကို ထိန်းချုပ်နိုင်ဖို့လိုသေးတယ်။ ဒါကဒီအတိုင်းကို ရိုးရိုးလေးကို မဖြစ်နိုင်တာပဲ။

ပထမအကြီးအကဲက သူ့ကိုထောက်ခံပေးထားတဲ့ ဒုတိယအကြီးအကဲရဲ့ လက်ထဲက ထွက်လာလိုက်ပြီး ရှေ့ကိုခြေနှစ်လှမ်းလှမ်းလိုက်ကာ လုကျင်းဟွိုင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး အခုလောလောဆယ် ကျုပ်ရဲ့သားကို စောင့်ရှောက်ပေးဖို့ ဂိုဏ်းချုပ်ကြီးကို ဒုက္ခပေးရပါလိမ့်မယ်”

ဒီစကားကို ကြားလိုက်ပြီးတဲ့အခါ လုကျင်းဟွိုင်က သူ့ကို တအံ့တသြနဲ့ ကြည့်လိုက်တယ်။

မဟာအကြီးအကဲက ညစ်ညမ်းနေတဲ့ ချင်ထျန်းနတ်သမီးရေစင်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ဒီနေရာက ရှိနေကြတဲ့ အားလုံးထဲမှာမှ ကျုပ်တစ်ယောက်ကပဲ ချင်ထျန်းနတ်သမီးရေစင်အကြောင်းကို အသိဆုံး၊ ဒါနဲ့ပတ်သက်ပြီး အနက်နဲဆုံးလေ့လာမှုတွေကိုလည်း လုပ်ခဲ့တယ်”

“ကျုပ်က နတ်သမီးမေတ္တာရေစင်နဲ့ နတ်သမီးရေစင်ကို မခွဲထုတ်နိုင်ဘူးဆိုပေမဲ့ ကျုပ်ရဲ့ကျင့်ကြံဆင့်ကို ဖြန့်ကျက်ပြီးတော့ ဒါကို ဖိနှိပ်ထားနိုင်သေးတယ်”

သူက ကိုယ်ကို လှည့်လိုက်ပြီး အားလုံးကိုပြုံးပြလိုက်ကာ သိမ့်မွေ့တဲ့လေသံတစ်ခုနဲ့ပြောလိုက်တယ်။

“ရှန်းအာက ခေါင်းမာတက်တဲ့ အကျင့်တစ်ခုရှိတယ်။ဒီတော့ ကျွန်တော့်ကိုယ်စား သည်းခံပေးဖို့ တောင်းဆိုပါတယ်”

နှမြောစရာကောင်းတာက သူကအခုမှ ရှန်းအာနဲ့ အသိအမှတ်ပြုပြီးစပဲ ရှိသေးတယ်။ သူနဲ့ အချိန်ပိုနေပေးဖို့တောင်မှ အချိန်မရလိုက်ဘူး။

ဒီနေရာမှာနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီးပြီဆိုတော့ သူက သူ့ရဲ့ အားထုတ်မှုတွေနဲ့ ကျင့်ကြံမှုအားလုံးကို အကုန်အသုံးပြုဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပြီးသားပဲ။

သူက မြင့်မြတ်ရတနာအပေါ်မှာ သက်ရောက်မှုတစ်ခု ရှိချင်တယ်ဆိုရင် သူရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ သူက ဒါကို ဖိနှိပ်ထားဖို့ သူရဲ့သက်တမ်းတစ်ခုလုံးကို အသုံးပြုဖို့ပဲရှိတယ်။

“တခြားနည်းလမ်းတွေ သေချာပေါက်ရှိမှာပါ”

အဆင့်ငါးအကြီးအကဲက လက်သီးကို ဆုပ်လိုက်ပြီး ရေရွတ်လိုက်တယ်။

ဒါပေမဲ့လည်း ဒါက တစ်ခုတည်းသောနည်းလမ်း ဖြစ်နေတာကို အားလုံးက သိကြတယ်။ ရေဆာလို့ အဆိပ်ကို သောက်လိုက်ရတဲ့ နည်းလမ်းတစ်ခုလိုမျိုး။

တတိယအကြီးအကဲက ပထမအကြီးအကဲဆီလျှောက်သွားလိုက်ပြီး ပြုံးကာသူ့ပခုံးကို ပုတ်လိုက်တယ်။

“ဒါဆိုရင်လည်း မင်းက နှစ်အနည်းငယ်လောက် ကြိုးစားပြီး ထိန်းထားပေး ငါက နောက်ထပ်နှစ်အနည်းငယ်လောက် ချင်ထျန်းရေစင်ကို ကိုယ်ဟာကိုစိတ်နှစ်ပြီး လေ့လာထားလိုက်မယ်။ ကျုပ်က မင်းလောက်နီးပါး ဒီအကြောင်းကို ရင်းနှီးလာတဲ့အခါကျရင် ခင်ဗျားနေရာကို ယူပေးမယ်”

“ကျုပ်လို အဆောင်စာရွက်ကို လေ့လာကျင့်ကြံတဲ့သူတစ်ယောက်က ခင်ဗျားတို့တွေလို ချင်ထျန်းနတ်သမီးရေစင်ကို စပြီးလေ့လာရလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးထားခဲ့ဘူးဘူး”

အဆင့်ငါးအကြီးအကဲက သက်ပြင်းချပြီး ခေါင်းခါလိုက်တယ်။

“ဒါပေမဲ့ ကျုပ်က နဂိုကတည်းက ဉာဏ်ကောင်းပါတယ်။ ဒီတော့ ခင်ဗျားထက်အချိန်ယူရတာ ပိုပြီးနည်းပါလိမ့်မယ်”

...

All Chapters