← Chapters

အခန်း ၄၁

Vol. 3 Ch. 41

အခန်း ၄၁

Vol. 3 Ch. 41

အပိုင်း(၄၁)

ဒါပေမဲ့ ဒီနတ်ဓားခန္ဓာကိုယ်က ရှန်မိသားစုထဲမှာ ပေါ်လာတယ် ဟုတ်လား။

ရှဲ့ယိရဲ့မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးသွားခဲ့တယ်။

ရှန်မိသားစုက နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက အပေါများ အကြွယ်ဝဆုံးမိသားစုတွေထဲက တစ်ခုပဲ။ ရှန်မိသားစုရဲ့ ဘိုးဘေးက နှစ်ရာကျော်တဲ့အထိ ရှန်မိသားစုကို ကာကွယ်ပေးဖို့အတွက် အတိဒုက္ခကာလတုန်းက သူ့ကျင့်ကြံရေးကို အသုံးချခဲ့တာ။

အဲဒီတုန်းက ရှန်မိသားစုဟာ မောက်မာထောင်လွှားတဲ့မျက်နှာရှိပြီး အားလုံးကို အထင်သေးနေခဲ့တာ။

ဒီနေ့ ရှန်မိသားစုရဲ့ဘိုးဘေးက ဆုံးပါးသွားခဲ့တာ နှစ်တစ်ထောင်ကျော် ရှိပြီ။ ဒီနှစ်တစ်ထောင် ကာလအတွင်းမှာ ရှန်မိသားစုက ထူးခြားတဲ့အရည်အချင်းရှိတဲ့ မျိုးဆက်တွေကို လုံးဝ မမွေးထုတ်ပေးနိုင်ခဲ့ဘူး။ ရှန်မိသားစုက တဖြည်းဖြည်း ကျဆင်းလာပြီး ကျန့်ယို့မြို့ထဲက သာမန်မိသားစုတစ်ခု ဖြစ်လာခဲ့တယ်။

ကံဆိုးချင်တော့ ရှန်မိသားစုက ဘယ်လောက်ပဲ ကျဆင်းလာပါစေ ရှန်မိသားစုဝင်တွေရဲ့ တခြားသူတွေအပေါ် အထင်သေးတဲ့သဘောထားက ဘယ်တော့မှ ပြောင်းလဲမှ မသွားခဲ့ဘူး။

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ရှဲ့ယိက မတတ်သာဘဲ သက်ပြင်းချလိုက်တော့တယ်။ ဒီတစ်ခါ သူ ရှန်မိသားစုဆီ ရောက်သွားရင် သူတို့ရဲ့သဘောထားတွေက ဘယ်လိုဖြစ်သွားအုံးမလဲ မသိဘူး။

ရှန်မိသားစုအစည်းအဝေးခန်းမ။

ရှန်မိသားစုရဲ့သခင်ကြီးက အပေါ်မှာထိုင်နေပြီး အောက်မှာရှိနေတဲ့ ရှန်မိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူတွေနဲ့ အကြီးအကဲနှစ်တန်းကို ခံ့ညားထည်ဝါစွာနဲ့ ကြည့်လိုက်ပြီး ဒေါသရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။

“ဝမ့်ကျန့်ဂိုဏ်းက ယွိကျူးကို လာခေါ်ဖို့ တပည့်တွေနည်းနည်းပဲ လွှတ်လိုက်တယ်ဟုတ်လား”

ဘိုးဘေး အသက်ရှင်တုန်းကဆိုရင် ရှန်မိသားစုက သူတို့ရဲ့အထွတ်အထိပ် ရောက်တဲ့အချိန်ပဲ။ ဝမ့်ကျန့်ဂိုဏ်းကတောင် သူတို့ကို လေးစားရတယ်။

ဒါပေမဲ့ အခုကျတော့...

ဘိုးဘေးလည်း ဆုံးပါသွားပြီးကတည်း ဝမ့်ကျန့်ဂိုဏ်းက ရှန်မိသားစုကို ပိုပိုပြီးအလေးမထားတော့ဘူး။

သခင်ကြီးက ထရပ်လိုက်ပြီး သူ့မျက်လုံးထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

“နတ်ဓားခန္ဓာကိုယ်က အရမ်းကိုရှားပါးတာ၊ ဝမ့်ကျန့်ဂိုဏ်းက ဒါကို လျစ်လျူရှု့ရဲတယ်ပေါ့လေ”

ဒီအချိန်မှာပဲ သူက သည်းမခံနိုင်တော့ဘဲ ခေါင်းကို မော့လိုက်ပြီး အံကြိတ်ရင်း ပြောလိုက်တော့တယ်။

“မင်းတို့တွေက နတ်ဓားခန္ဓာကိုယ်ကို ဂရုမစိုက်တာလား။ ဒါမှမဟုတ် ငါတို့ရှန်မိသားစုနဲ့ ပြဿနာ ဖြစ်ချင်နေတာလား မသိတော့ဘူး”

ဘေးမှာရှိနေတဲ့အကြီးအကဲက ချောင်းဟန့်လိုက်ပြီး လက်တွေ့ကျကျ ပြောလိုက်တော့တယ်။

“တကယ်လို့ ယွိကျူးမှာ တကယ်ပဲ ဓားခန္ဓာကိုယ် ရှိခဲ့တယ်ဆိုရင် ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အခုလောက်ဆို ရှန်မိသားစုမှာ တစ်ရက်နှစ်ရက်လောက်‌တော့ လာနေပြီးလောက်ပြီပေါ့”

“ဓားခန္ဓာကိုယ်အတုက တကယ်ပဲ အဲ့လောက်ကြီးရှားပါးနေတာ မဟုတ်တော့ ဝမ့်ကျန့်ဂိုဏ်းက ရှန်မိသားစုကို ခမ်းခမ်းနားနားနဲ့ လာချင်နေတာဖြစ်မှာပေါ့”

“ဒါပေမဲ့ ယွိကျူးက ကျုပ်ရဲ့ရှန်မိသားစုထဲမှာ မွေးဖွားလာတာလေ”

ဒီစကားကိုကြားလိုက်တဲ့အခါ ရှန်မိသားစုသခင်ကြီးက မျက်မှောင်ကြုတ်သွားတယ်။

“ဒီတော့ နတ်ဓားခန္ဓာကိုယ်အတုဆိုရင်ရော ဘာဖြစ်လဲ၊ အရင်းအမြစ်နဲ့ အရည်အချင်းတွေ ဆက်ပြီး ထိန်းထားနိုင်သရွေ့ သူရဲ့ကျင့်ကြံခြင်းက သေချာပေါက် အဲဒီဓားခန္ဓာကိုယ်အစစ်ကိုသာ လွန်သွားမှာပဲ”

“ရှန်ယွီကျူးက ရှန်မိသားစုအတွက် သန်းပေါင်းများစွာသော ချမ်းသာကြွယ်ဝမှုတွေကို ဒုတိယအကြိမ် ပြန်ယူလာပေးလိမ့်မယ်”

နတ်ဓားခန္ဓာကိုယ်အတုက ထိပ်တန်းအရည်အသွေးတစ်ခု မဟုတ်ဘူးဆိုတာ သိထားပေမဲ့လည်း ဒါက နှစ်တစ်ထောင်အတွင်းမှာ ရှန်မိသားစုထဲမှာ အရည်အချင်းရှိဆုံး မျိုးဆက်တစ်ခု ဖြစ်ခဲ့တယ်လေ။ ဒီတော့ သူက သူ့ရဲ့မျှော်လင့်ချက်တွေကို ရှန်ယွိကျူးအပေါ်မှာပဲ ပုံချထားတော့မှာပေါ့။

အခုအချိန်မှာတော့ သူရဲ့ရင်ထဲမှာ ရှန်ယွိကျူးရဲ့နေရာက အမြဲတမ်း အမြတ်တနိုးအလိုလိုက်လာခဲ့တဲ့ သူရဲ့မြေးဖြစ်သူ ရှန်ချိုးယန်ထက်တောင် ပိုပြီးကြီးမားနေသေးတယ်။

ရှန်ချိုးယန်အကြောင်း စဥ်းစားမိလိုက်တော့ သူက ပြီးခဲ့တဲတဲ့ရက်ပိုင်းကကိစ္စကို သတိရသွားပြီး ရုတ်တရက် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“ချိုးယန်က ရွှမ်ရွှမ်းကျောက်စိမ်းကို ခိုးသွားတဲ့ ရှန်မိသားစုအခွဲကို ဒေါသထွက်နေသေးသလား”

လွန်ခဲ့တဲ့တစ်ချိန်တုန်းက ရှန်မိသားစုရဲ့ဘိုးဘေးကြီး ချန်ထားရစ်ခဲ့တဲ့ ရွှမ်ရွှမ်းကျောက်စိမ်းက ရုတ်တရက် အခိုးခံလိုက်ရတယ်။

ရှန်မိသားစုဝင်တွေအားလုံးက ရှန်အိမ်ကို မြေလှန်ပြီး ရှာလိုက်တဲ့အခါ နောက်ဆုံးတော့ ရွှမ်ရွှမ်းကျောက်စိမ်းကို ရှန်မိသားစုရဲ့ မိသားစုခွဲတစ်ခုထဲက တပည့်တစ်ယောက်ဖြစ်တဲ့ ရှန်ဟုန်လက်ထဲမှာ ရှာတွေ့ခဲ့တယ်။

အဲဒီနောက်ပိုင်းမှာ ပြဿနာတွေ အများကြီးရှိနေခဲ့မှန်း သူလဲသိလိုက်တယ်။ ရှန်ဟုန်ရဲ့အ‌နေအထားနဲ့ဆိုရင် ရွှမ်ရွှမ်းကျောက်စိမ်းရဲ့ တည်နေရာကို သူသိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ရွှမ်ရွှမ်းကျောက်စိမ်းကို ထားတဲ့လျှို့ဝှက်ခန်းထဲကို ဝင်လို့ရတဲ့ တစ်ဦးတည်းသောသူက သူရဲ့မြေးရှန်ချိုးယန်ပဲ။

ဒီကိစ္စထဲမှာ တစ်ခုခု မူမမှန်ဘူးဆိုတာကို သူသိထားပေမဲ့လဲ ရွှမ်ရွှမ်းကျောက်စိမ်းက ရှန်ဟုန်ရဲ့လက်ထဲမှာ ရောက်နှင့်နေပြီးသား ဖြစ်နေတယ်။ ဒီတော့ သူကလည်း ရှန်ဟုန်ကို ဖမ်းဖို့ တိုက်ရိုက်အမိန့်ချလိုက်ပြီး အမှောင်ခန်းထဲမှာ လှောင်ပိတ်ထားခိုင်းလိုက်တယ်။

သံသယရှိသူ ရှန်ချိုးယန်ကိုတော့ သူ့အိမ်မှာ လတော်တော်များများကြာအောင် အကျဥ်းချုပ်ထားဖို့ အမိန့်ထုတ်လိုက်တယ်။ ရှန်ချိုးယန်က သူ့ရဲ့အမြဲတမ်း မျက်နှာသာပေးခံထားရတဲ့သူ။ သူက နေအိမ်အကျယ်ချုပ် ခံထားရမယ်လို့ သိလိုက်ရပြီးတဲ့နောက်မှာ သူ့ဒေါသတွေကို ရှန်ဟုန်အပေါ်ပုံချတော့တာပေါ့။

သခင်ကြီးက သူအစည်းအဝေးခန်းမကို လာခဲ့တဲ့အချိန်မှာ မြင်ခဲ့တဲ့မြင်ကွင်းကို စဥ်းစားမိလိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ထားတော့တယ်။

“သခင်လေးက အမြဲတမ်း သူလုပ်ချင်တာပဲသူလုပ်ခဲ့တာ”

“သူ့ကို သောင်းကျန်ခွင့်ပေးထားလိုက်စမ်းပါ”

ရှန်မိသားစုရဲ့သခင်ကြီးက သူ့ကိုမျက်နှာသာ ပိုပေးမဲ့ အရိပ်အယောင်မရှိတော့ဘဲ ဘာမှမဖြစ်သလို ပြောလိုက်တော့တယ်။

“ဝမ့်ကျန့်ဂိုဏ်းသားတွေရောက်လာရင် ငါတို့တွေရှန်ဟုန့်ကိစ္စကို ဖြေရှင်းမယ်၊ ဝမ့်ကျန်ဂိုဏ်းသားတွေကို မိသားစုရဲ့စည်းမျဉ်းစည်းကမ်းနဲ့ ငါတို့ရှန်မိသားစုရဲ့ဂုဏ်သိက္ခာက ဘာလဲဆိုတာကို ကောင်းကောင်းလေး ပြပေးလိုက်မယ်”

“ဟုတ်ပါတယ်”

အားလုံးကို ရှင်းပြပြီးသွားတဲ့နောက်မှာ ရှန်သခင်ကြီးက ကိုယ်ကိုပြန်လှည့်လာပြီး သူ့ဘေးမှာ ထိုင်နေတဲ့ စုံတွဲတစ်တွဲကို ကြင်နာသနားဟန်နဲ့ ကြည့်လိုက်တယ်။

“ဖုန်းကဲ”

“သခင်ကြီး”

ရှန်ဖုန်းကဲက ထရပ်လိုက်ပြီး သခင်ကြီးရှန်ကို တလေးတစား ဦးညွှတ်လိုက်တယ်။

”ဖုန်းကဲရှိပါတယ်”

ရှန်မိသားစုရဲ့သခင်ကြီးက ပြုံးကာလက်ဝှေ့ရမ်းပြလိုက်ပြီး

“ငါတို့တွေက မိသားစုတစ်ခုပဲ မင်းက ဘာလို့အဲ့လောက်အထိ ယဥ်ကျေးပြနေတာလဲ”

“ယွိကျူးက ကျန်းမာရေးမကောင်းဘူး။ ငါ ဂိုဒေါင်ကို ပြောပြီး ဆေးလုံးတွေယူသွားပေးဖို့ ပြောထားတယ်။ ဒါမှ ယွိကျူးလည်း သူ့ဟာသူဂရုစိုက်နိုင်မှာ”

ရှန်ဖုန်းကဲက ဦးညွှတ်ပြီး ပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ် သခင်ကြီး”

ရှန်မိသားစုရဲ့သခင်ကြီးမျက်နှာက ကြင်နာသနားတတ်တဲ့ပုံ ဖြစ်နေသေးတယ်။

“ငါ့ကို အဲ့လောက်အထိလည်း ကျေးဇူးမတင်ပါနဲ့၊ ငါသာ ယွိကျူးရဲ့အရည်းအချင်းကို စောစောတည်းက သိခဲ့ရင် မင်းတို့ကို မိသားစုခွဲမှာ အကြာကြီးနေခိုင်းပြီး ဒီလောက်ဒုက္ခခံခိုင်းခဲ့မိမှာ မဟုတ်ဘူး”

ဒီအချိန်မှာတော့ သူက မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့တယ်။

“ယွိကျူးရဲ့ ခန္ဓာကိုယ်အတွက်တော့ သနားပါတယ်။ သူသာ ရှန်မိသားစုထဲမှာ ပြန်ကောင်းမွန်လာအောင် အားမွေးနိုင်ရင်သေချာပေါက် ကျန်းမာရေး ပြန်ကောင်းလာလိမ့်မယ်။ သူရဲ့ကျင့်ကြံခြင်းတွေကလည်း အခုလောက်ဆို အုတ်မြစ်တည်အဆင့် ရောက်ပြီးလောက်ပြီ”

ရှန်ဖုန်းကဲက မြန်မြန်ပြောလိုက်တယ်။

“ယွိကျူးက အခုမှ အသက်သုံးဆယ်ပဲ ရှိပါသေးတယ်။ သူက ကြိုးကြိုးစားစား လေ့ကျင့်သရွေ့မကြာခင်မှာ အုတ်မြစ်တည်အဆင့်ကို ရောက်နိုင်ပါလိမ့်မယ်”

“ဟုတ်တယ်”

ရှန်မိသားစုရဲ့သခင်ကြီးက သူရဲ့မုတ်ဆိတ်မွေးကို ပြုံးရင်းသပ်လိုက်တယ်။

“ဒီလောက်ကောင်းတဲ့အရည်အချင်းနဲ့ဆိုရင် အုတ်မြစ်တည်အဆင့် ရောက်ဖို့က လွယ်လွယ်လေးပဲ”

အစည်းအဝေးခန်းမထဲက ထွက်လာပြီးနောက်မှာ ရှန်ဖုန်းကဲက သူ့မျက်နှာပေါ်က တည်ငြိမ်တဲ့အမူအရာကို ဆက်မထိန်းထားနိုင်တော့ဘဲ သူရဲ့မျက်ခုံးတွေက တင်းနေအောင် တွန့်ချိုးသွားတော့တယ်။

သူက သူ့ဘေးက မိန်းမဖြစ်သူကို ကြည့်လိုက်ပြီး မျက်လုံးထဲမှာ ပျာယာခတ်နေတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

“ယွိကျူးက နှစ်ရက်အတွင်း ဝမ့်ကျန့်ဂိုဏ်းကိုသွားရလိမ့်မှာ၊ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်....”

“ယောကျာ်း”

စွန်းယွိယောင်က သူမရဲ့မျက်လုံးထဲမှာ သတိပေးနေတဲ့ အရိပ်အယောင်နဲ့ သူမရဲ့လေသံက ရုတ်တရက် လေးနက်သွားခဲ့တယ်။

“ယွိကျူးက နဂိုကတည်းက နတ်ဓားခန္ဓာကိုယ်အတုနဲ့ မွေးဖွားလာတာလေ။ ဒီတော့ တခြားလူတွေက ဘာလို့ မသိနိုင်ရမှာလဲ”

အနှစ်သုံးဆယ်ရှိလာခဲ့ပြီ။ ဒီခန္ဓာကိုယ်ကလည်း ရှန်ယွိကျူးထဲမှာ ပေါ်ထွက်လာတာကြာနေပြီ။ သူမရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု တောင်ဖြစ်လာပြီ။

ရှန်မိသားစုက စမ်းသပ်မှုတွေ လုပ်နေတဲ့အချိန် ဘယ်သူကမှ တစ်ခုခု မှားယွင်းနေတာကို သတိမထားမိခဲ့ကြဘူး။

ရှန်မိသားစုက ကြွယ်ဝချမ်းသာတယ်။ သူတို့ရဲ့ဘိုးဘေးတွေထားခဲ့တဲ့ ရတနာတွေကလည်း မရေမတွက်နိုင်အောင်ပဲ။ ရှန်မိသားစုက ဘာပြဿနာမှ ရှာမတွေ့နိုင်ဘူးဆိုတော့ ဝမ့်ကျန့်ဂိုဏ်းကလည်း ဒါကိုသေချာပေါက် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

စွန်းယွိယောင်က ရှန်ဖုန်းကဲရဲ့မျက်နှာပေါ်က တွန့်ဆုတ်မှုနဲ့ကြောက်ရွံ့တဲ့ အရိပ်အယောင်ကို ကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ကာ ပြောလိုက်တော့တယ်။

“ယောကျာ်း အခုကျွန်မတို့မှာ တခြားနည်းလမ်း မရှိတော့ဘူး”

“ယွိကျူးက ကျွန်မတို့ လိုချင်တာအားလုံးကို ယူလာပေးနိုင်တယ်ဆိုတာ မမေ့လိုက်နဲ့”

ရှန်ဖုန်းကဲက ရုတ်တရက် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ့မျက်လုံးထဲမှာ ပြတ်သားမှုအပြည့် ဖြစ်သွားတော့တယ်။

“မင်း ပြောတာမှန်တယ်”

“မိသားစုရဲ့သခင်ကြီးက ယွိကျူးဆီကို ဆေးလုံးတွေအများကြီး ပို့ပေးလိုက်တယ်။ ငါ အခုချက်ချင်း သူ့ဆီကို ဆေးလုံးတွေပို့ပေးရမယ်”

စွန်းယွိယောင်က အသာအယာပြုံးလိုက်ပြီး

“ယွိကျူးက မကြာခင် ဝမ့်ကျန်ဂိုဏ်းကို သွားရတော့မယ်။ ဒီတော့ ဒီကာလအတွင်း သူ့ကို ကောင်းကောင်းလေး အနားယူခိုင်းရမယ်။ လေ့ကျင့်နေတာနဲ့ပဲ အလုပ်များခိုင်းလို့ မဖြစ်ဘူး”

“ယွိကျူးမှာက အရည်အချင်းရှိပြီးသားလေ။ သူက ဝမ့်ကျန်ဂိုဏ်းကို ရောက်သွားတာနဲ့ အရည်အချင်းတွေက သေချာပေါက်ထိုးတက်သွားမှာ”

“ရှင်မ ပြောတာ မှန်တယ်”

သမီးဖြစ်သူအကြောင်းကို ပြောနေတဲ့အချိန်မှာ ရှန်ဖုန်းကဲရဲ့ မျက်လုံးတွေက ဝင့်ကြွားမှုတစ်ခုကို ပြနေတယ်။

တစ်ရက်ကြာပီးနောက်မှာ-

ရှဲ့ယိက လှေပျံပေါ်က ဆင်းလိုက်ပြီး ရှန်မိသားစုခေါင်းဆောင်ကို ကြည့်လိုက်ကာ ရှန်အိမ်တော်တံခါးရှေ့မှာ ရပ်နေကြတဲ့ ရှန်မိသားစုရဲ့ သူစိမ်းဆန်ဆန်မျက်နှာကို ကြည့်လိုက်တယ်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အငယ်တစ်ယောက်လို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“ရှန်မိသားစုသခင်ကြီး”

“ဒီတော့ ငါ့တူတော်ရှဲ့ယိပေါ့”

ရှန်သခင်ကြီးက သူ့ကို ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး မတ်တတ်ရပ်ဖို့ မပြောလိုက်ဘူး။ အဲဒီအစား သူက ဆက်ပြောလိုက်တယ်။

“ဝမ့်ကျန်ဂိုဏ်းရဲ့ဂိုဏ်သားတွေ အများစုက ရှာရခက်တာပဲ။ မင်းကို တွေ့ဖို့အရေး တော်တော်လေးကို ခက်ခဲလှပါတယ်”

ရှဲ့ယိက သူ့ရဲ့သဘောထားတွေအပေါ် လုံးဝမအံ့သြနေဘူး။ သူက ကြိတ်ပြီးသက်ပြင်းချလိုက်ကာ မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်တယ်။

“ရှန်သခင်ကြီးက ရယ်စရာပြောနေပြန်ပါပြီ။ ရှန်မိသားစုက နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ မိသားစုတစ်ခုပါ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က သခင်ကြီးနဲ့ တွေ့ရတာ ဂုဏ်ယူစရာတစ်ခုဖြစ်နေပါပြီ”

သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက လာရင်းကိစ္စကို တိုက်ရိုက်ပြောလိုက်တော့တယ်။

“နတ်ဓားခန္ဓာကိုယ်အတုနဲ့ ရှန်မိသားစုဝင်က အခု ဘယ်မှာလဲမသိဘူး”

ရှန်မိသားစုရဲ့သခင်ကြီးက ရှန်ယွိကျူးရဲ့အရည်အချင်းကို စဥ်းစားလိုက်ပြီး သူ့အသံထဲမှာ သက်ပြင်းချသံနဲ့အတူ ဝင့်ကြွားမှုတစ်ခုပါနေတယ်။

“ယွိကျူးက ငယ်ငယ်လေးကတည်းက ပြင်းထန်တဲ့ရောဂါတစ်ခုရခဲ့တာပဲ။ အဲ့ဒီတုန်းက သူက ရှန်မိသားစုထဲမှာ မရှိခဲ့ဘူး။ ကောင်းကောင်း ဂရုမစိုက်ခံခဲ့ရဘူး။ အခုတော့ သူက နည်းနည်း အားနည်းနေတယ်”

“ဒီနေ့ သူက သိပ်ပြီးနေမကောင်းလို့ အခန်းထဲမှာပဲအားမွေးနေတယ်”

သူက မုတ်ဆိတ်ကိုသပ်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းသားတွေကို သူရဲ့ရှန်မိသားစုရဲ့ပါရမီရှင်ကိုတွေ့ခွင့်ပေးဖို့ အဆင်သင့်မဖြစ်တဲ့ဟန် ပြောလိုက်တယ်။

ပါရမီရှင်တစ်ယောက်ဆိုတာကလည်း ပါရမီရှင်တွေ ပိုင်ဆိုင်ထားတဲ့မာနတစ်ခု ရှိတာ သာဘာဝပဲပေါ့။

“မင်းတို့အားလုံးက ရှန်မိသားစုကို အခုမှရောက်ဖူးကြတာ၊ ကျုပ်က မင်းတို့ကို အရင်ဆုံးရှန်မိသားစုကို ခေါ်ပြပေးမယ်”

ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ ရှန်သခင်ကြီးက ရှဲ့ယိနောက်က ဝမ့်ကျန့်ဂိုဏ်းသားကို လှမ်းကြည့်လိုက်တယ်။ ချီကျင့်ကြံရေးသာ ရှိတဲ့ စူးလီကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူ့စိတ်ထဲမှာ ဖျတ်ခနဲ အထင်သေးတဲ့အရိပ်တစ်ခု ပေါ်လာခဲ့တယ်။

ဝမ့်ကျန့်ဂိုဏ်းက ဒီလိုတပည့်မျိုးကိုလည်း မွေးထုတ်နိုင်သေးသတဲ့လား။

စူးလီကတော့ သူရဲ့အမူအရာကို လုံးဝဂရုမစိုက်‌လေဘူး။ သူမက သိစိတ်ပင်လယ်ထဲမှာ ရှန်မိသားစုအပေါ်က လေထုထဲမှာ အပေါက်ကြီးနှစ်ပေါက်ကိုကြည့်ရင်း ကြောင်တောင်တောင်နဲ့ မျက်တောင်ခတ်လိုက်တော့တယ်။

ရှန်မိသားစုက ကျဆင်းသွားတာ နှစ်ပေါင်းတစ်ထောင်လောက် ရှိပြီမလား။ ဘာဖြစ်လို့ ဒီလောက်ကြီးတဲ့ အပေါက်ကြီးနှစ်ပေါက် ရှိနေတာလဲ။ အကြီးတစ်ခုက ရွှင့်ချန်ဂိုဏ်းက ‌အပေါက်နီးပါးလောက်တောင် ကြီးတယ်။

ဒီအခိုက်မှာ ရှန်မိသားစုသခင်ကြီးက ဝမ့်ကျန့်ဂိုဏ်းသားတွေနဲ့အတူ အိမ်တော်အတွင်းထဲ လျှောက်သွားနေနှင့်ပြီး ဖြစ်တယ်။

စူးလီက ရှောင်းရှီး ကမ်းပေးလာတဲ့ ဝိညာဉ်သစ်သီးကို ယူလိုက်ပြီး ကိုယ့်ဟာကိုစားရင် စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး တခြားတပည့်တွေနဲ့အတူ ဝင်သွားတော့တယ်။

နာရီဝက်လောက် ကြာပြီးတဲ့နောက်မှာ ရှဲ့ယိက ရှန်မိသားစုသခင်ကြီးက ရှန်မိသားစုရဲ့ ဘိုးဘေးတွေအကြောင်း ချီမွှမ်းခန်းဖွင့်နေတာကို နားထောင်ရင် မသမ်းဝေမိအောင် သည်းခံနေရတော့တယ်။

နောက်ဆုံးတော့ ရှန်မိသားစုဝင်အားလုံးက ရှန်မိသားစုရဲ့ဘိုးဘေးတွေကို အရူးအမူး လေးစားနေကြတာမှန်း သိလိုက်ရ‌တော့တယ်။ တစ်ယောက်ချင်းစီက ရှန်မိသားစုဘိုးဘေးအကြောင်း အားလုံးသိကြတယ်။

ရှန်မိသားစု ဘိုးဘေးထိုင်ခဲ့တဲ့ ကျောက်တုံးထိုင်ခုံကအစ ရှန်မိသားစုဘိုးဘေးအနားယူတဲ့ ဝိညာဉ်လေသာဆောင်အထိ။ ရှန်မိသားစု ဘိုးဘေးရေးခဲ့တဲ့ စာလုံးတစ်လုံးနှစ်လုံးအထိကို မှတ်မိနေတယ်။

သူက ကျောက်ပြားပေါ်က ဖတ်ရရုံသာရေးထားတဲ့လက်ရေးကို ကြည့်လိုက်ပြီး ရှန်မိသားစုဝင်တွေ ချီးမွှမ်းခန်းဖွင့်နေတဲ့စကားလုံးတွေကို နားထောင်နေလိုက်တယ်။ သူက ရုတ်တရက်ဆိုသလို သူရဲ့အနုပညာရသခံစားမှုအပေါ် သံသယဝင်သွားတော့တယ်။

သူကပဲ အရမ်းကို အမြင်ကျဉ်းနေလို့ ဒီစာလုံးတွေကို ချီးမွှမ်းရကောင်းမှန်း မသိတာလား။

သူ့အပေါ် ရှန်မိသားစုရဲ့‌နှိပ်စက်မှုက အဆုံးအထိ မရောက်သေးပါဘူး။ သိပ်မဝေးလှတဲ့နေရာ သန်မာတဲ့ ထင်းရှူးပင်ကြီးကို ကြည့်ပြီး ရှန်သခင်ကြီးက လေးစားမှုအပြည့် လွမ်းတသသနဲ့ ပြောလိုက်တယ်။

“အဲဒီကျောက်စိမ်းထင်ရှူးပင်ကြီးကို ဘိုးဘေးကိုယ်တိုင် စိုက်ထားခဲ့တာလေ။ သူက ရှန်မိသားစုရဲ့ ကလေးတွေကို ဒီထင်းရှူးပင်ကြီးလို ဖြောင့်မတ်မာကျောစေချင်တဲ့ ဆန္ဒနဲ့ပေါ့”

ရှဲ့ယိက သူ့မျက်နှာပေါ်မှာ ဆွံ့အသွားတဲ့ အကြည့်တစ်ခု ဖြစ်သွားတယ်။ ဒါပေမဲ့လည်း သူက စိတ်ဝင်စားချင် ဟန်ဆောင်နေလိုက်ရသေးတယ်။ သူက ပြောသမျှ အရာအားလုံးကို အကြိမ်တိုင်း ခေါင်းညိတ်ပေးလိုက်တယ်။

ဘေးမှာရှိနေတဲ့စူးလီက နောက်ဆုံးတော့ အပေါက်ကြီးနှစ်ခုကို လေ့လာလို့ ပြီးသွားခဲ့တယ်။ ကြည့်ရတာ ရှန်မိသားစုက အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ခဲ့ပုံပါပဲ။ ပြဿနာကို လုံးဝရှာဖွေနိုင်ပုံတောင် မရဘူး။ ဒီတော့ ငါကလည်း အရင်ဆုံး ဖရဲသီးစားဖို့ပဲ ဆုံးဖြတ်လိုက်တော့မယ်။

သူမက ကောင်းကင်စာအုပ်ကိုဖွင့်ပြီး ရှန်မိသားစုမှာ ဘာဖရဲသီး‌တွေရှိလဲလို့ ကြည့်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူမရဲ့မျက်လုံးတွေက သိပ်မဝေးလှတဲ့ ကျောက်တိုင်ပေါ်မှာ ကပ်ထားတဲ့ ပုံရိပ်တစ်ခုရဲ့ဆွဲ‌ဆောင်ခြင်းကို ခံလိုက်ရ‌တော့တယ်။

ကျောက်တိုင်တစ်ခုပေါ်မှာ လက်တွေကိုဖြန့်ပြီး ကပ်ထားခဲ့ရတဲ့ ကျင့်ကြံသူတစ်ယောက်။ သူက ခေါင်းကိုငုံ့ထားတယ်။ သူ့ဆံပင်‌တွေက မျက်နှာကို ဖုံးကွယ်ထားတယ်။ သူ့ခန္ဓာကိုယ်မှာလည်း သွေးအလိမ်းလိမ်းနဲ့ ဖုံးကွယ်နေတယ်။

သူမက ဇဝေဇဝါနဲ့ကြည့်လိုက်ပြီး မေးလိုက်တော့တယ်။

“ အဲဒါဘယ်သူလဲ”

သူမရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှန်မိသားစုသခင်ကြီးက မောက်မာတဲ့အကြည့်တစ်ခုနဲ့ သူမကို ကြည့်လိုက်ပြီး အထင်သေးတဲ့ဟန့်နဲ့ ပြောလိုက်တော့တယ်။

“အဲတာက ဘိုးဘေးရဲ့ ဝိညာဉ်စွမ်းအင်ရတနာကို ခိုးသွားတဲ့သူခိုးလေ။ သူက ရှန်မိသားစုရဲ့ မိသားစုအခွဲကလူဖြစ်ပေမဲ့ သု့ရဲ့အကျင့်စရိုက်ကတော့ အင်မတန်မှဆိုးဝါးတယ်။ သူက တကယ်ပဲ ဘိုးဘေးရဲ့ အနက်ရောင်‌ရေခဲကျောက်စိမ်းကို မက်မောရဲတယ်လေ”

ဒီအချိန်မှာပဲ သူက ရှန်မိသားစုအကြောင်းကို မနေနိုင်ဘဲ ထပ်ပြောပြန်တော့တယ်။

“ အဲဒါက ဘိုးဘေးကြီးမသေခင်က သူသဘောအကျဆုံးကျောက်စိမ်းဆွဲပြားလေ။ သူခန္ဓာကိုယ်ပေါ်မှာ မကြာခဏဆိုသလို ဝတ်ဆင်ထားတတ်တယ်”

ကျောက်တိုင်ပေါ်က ရှန်ဟုန်က ရှန်မိသားစုသခင်ကြီးရဲ့ သူ့အပေါ် အကဲဖြတ်နေတဲ့စကားကို နားထောင်လိုက်ပြီး သူ့ရဲ့ကွဲအက်နေတဲ့နှုတ်ခမ်းထောင်ပေါ်မှာ သရော်ဟန်အပြုံးတစ်ခု ဖြစ်သွားခဲ့တယ်။

ဟ ဟ။ ဒီရှန်မိသားစုကတော့။

ရွံစရာကောင်းပြီး အကျင့်ပျက်ချစားမှုတွေအပြည့် ဖြစ်နေတဲ့နေရာမှာ သူက နေပြီး ဘာလုပ်ရမှာလဲ။ ဆွေမျိုးကောင်းစားရေးကိုကျင့်ကြံပြီး အမှန်နဲ့အမှားကိုတောင် မဝေခွဲနိုင်ဘဲနဲ့များ။

ဒီအခိုက်တန့်မှာပဲ သူ့နှလုံးသားထဲမှာကျန်ရှိနေတဲ့ ရှန်မိသားစုအပေါ်ထားတဲ့ စွဲလမ်းချစ်မေတ္တာတွေက ရုတ်တရက်ဆိုသလို လုံးဝကို ပျောက်ကွယ်သွားတော့တယ်။

စူးလီက အထင်အမြင်သေးတဲ့ဟန်နဲ့ ရှန်မိသားစုသခင်ကြီး မဆုံးနိုင်အောင် ပြောနေတဲ့စကားကို နားထောင်ရင်း သူမရဲ့သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[ကြည့်ပါအုံးမယ်။ ရေခဲနက်ကျောက်စိမ်းကို ခိုးသွားတဲ့သူခိုးတဲ့လား]

[မဟုတ်ပါဘူး။ ရွှမ်ရွှမ်းကျောက်စိမ်းကို သူ့မြေး ရှန်ချိုးယန်က ခိုးသွားတာ ရှင်းနေတာပဲ]

[ ကျွတ်ကျွတ် ရှန်ချိုးယန်က ရွှမ်ရွှမ်းကျောက်စိမ်းကို ဘယ်လိုသုံးရမလဲဆိုတာ မသိတော့လို့ သူက ဒါကို ချက်ချင်း ရောင်းထုတ်ပစ်လိုက်တယ်တဲ့။ သူက ပြီးခဲ့တဲနှစ်ရက်က ကုန်အောင် သောက်ပစ်လိုက်တဲ့ ဝိညာဉ်ဝိုင်အရက်နဲ့ အလဲအလှယ်လုပ်ခဲ့တာတဲ့]

ရှန်မိသားစုသခင်ကြီးက နေရာမှာတင် ရုတ်တရက် အေးခဲသွားတော့တယ်။

ဘာတဲ့။

ရှန်ချိုးယန်က ရွှမ်ရွှမ်းကျောက်စိမ်းကို ရောင်းပစ်လိုက်တယ်။ ဟုတ်လား။

ဒီတော့ ရှန်ဟုန်ပေါ်မှာ တွေ့လိုက်တဲ့ဟာက ဘာလဲ။ ကောင်းကင်ကလာတဲ့အသံက သူ့မေးခွန်းကို ဖြေပေးလိုက်တဲ့ပုံစံဖြစ်သွားတယ်။

[ရွှမ်ရွှမ်းကျောက်စိမ်းက ရှန်ဟုန်ကို မွေးလာကတည်းက သူဝတ်လာတဲ့ ကျောက်စိမ်းဆွဲပြား ဖြစ်နေတာပဲ]

[သူ့မှာ ဒီကျောက်စိမ်းဆွဲပြား ရှိနေတဲ့ အကြောင်းအရင်းကတော့လား__ _]

[ဘာဖြစ်လို့လဲဆိုတော့ သူက__]

[ဝိုး__ ရှန်ဟုန်က တကယ်တော့ ရှန်မိသားစုရဲ့အဘိုးတွေ ပြန်ဝင်စားတဲ့သူဖြစ်နေတာကိုး]

ရှန်မိသားစုရဲ့ သခင်ကြီးရဲ့ ခြေထောက်တွေက အားအင်ချိနဲ့သွားပြီး ဖုတ်ခနဲ ဒူးထောက်ကျသွားတော့တယ်။

...

All Chapters